7887 Healthcare

7887 Healthcare

Share

7887 Healthcare Media Channel

This page is owned and operated by Trust Oo Co., Ltd., a social enterprise which has been implementing mHealth (healthcare service delivery through mobile devices) platforms including 7887 Healthcare Call Center under the approval of the Ministry of Health of the Union of Myanmar since 2015. The contents featured in this page are based on the internationally-recognized references and data

11/05/2026

သင်သိပါသလား
++++++++++
ရေကျောက်ပေါက်လူနာသည် အနာများပြားချပ်ခြောက်သွေ့ကာ ကွာကျသည့်အချိန်အထိ (အနည်းဆုံး ၇ရက်မှ ၁၀ရက်အထိ) အိမ်တွင်အနားယူရန်လိုအပ်ပါသည်။
Dr. Hazel

10/05/2026

Steroid ပါတဲ့အသားဖြူလိမ်းဆေးတွေက အရေပြားပေါ်ကို ဘယ်လိုမျိုးသက်ရောက်မှုတွေရှိလဲ? ဆိုတာ ဆရာမမှဒီ Video လေးမှာ တင်ဆက်ပေးလိုက်ပါတယ်။
ကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ 7887 သို့ ATOM SIM Card ဖြင့်အခမဲ့ခေါ်ဆိုဆွေးနွေးနိုင်ပါတယ်။

08/05/2026

အချိုရည်နှင့် ဆိုဒါတွေကြောင့် အရိုးပွတာနှင့် သွားကြွေလွှာတိုက်စားခံရတဲ့ဆိုးကျိုးတွေအကြောင်း ဆရာမမှဒီ Video လေးမှာ တင်ဆက်ပေးလိုက်ပါတယ်။
ကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ 7887 သို့ ATOM SIM Card ဖြင့်အခမဲ့ခေါ်ဆိုဆွေးနွေးနိုင်ပါတယ်။

08/05/2026

ဝမ်းလျှောနေစဥ်ရှောင်ကြဥ်ရမည့် အစားအသောက်များ
+++++++++++++++++++++++++++++++++
နွေရာသီမှာဝမ်းပျက်ဝမ်းလျှောတွေသိပ်အဖြစ်များပါတယ်။ ရေနဲ့ဓါတ်ဆားပြန်လည်ဖြည့်တင်းဖို့ကလဲ
အရေးကြီးသလို ဝမ်းလျှောနေစဥ်မှာ ဆင်ခြင်ရမယ့်အစားအသောက်လေးတွေလဲရှိပါတယ်။ ဒါကြောင့်
ဘာတွေရှောင်ရမယ်ဆိုတာပြောပြပေးပါမယ်။
၁။ အမျှင်ဓာတ်များသောအစားအစာများ၊ လေပွစေသောအစားအစာများ
- ဆန်လုံးညို၊ ပေါင်မုန့်ညို
- ဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း စသဖြင့်
- ပဲအမျိုးမျိုး

၂။ နို နှင့်နိုထွက်ပစ္စည်းများ
(ခြွင်းချက်။ ။ Plain Yogurt, အချိုမပါသောဒိန်ချဥ်က အူလမ်းကြောင်းကျန်းမာရေးအတွက်သင့်တော်ပါတယ်)

၃။ သကြား နှင့် အချိုဓာတ်များ
- Ready made အချိုရည်များ
- သကြားတုများ

၄။ အဆီများသောအစားအစာများ၊ ဆီကြော်စာ များ

၅။ အူလှုပ်ရှားမှုကို လှုံ့ဆော်သောအရာများ
- ကဖင်းဓာတ်(ကော်ဖီ၊ လက်ဖက်ရည်)
- ငရုတ်သီး နှင့် အစပ်လွန်ကဲသောအစားအစာများ
- အရက်၊ ဘီယာ စတာတွေဖြစ်ပါတယ်။
ဝမ်းပျက်နေတဲ့အခါမျိုးမှာဘာတွေမစားသောက်သင့်ဘူးဆိုတာ သိရှိပြီးရှောင်နိုင်ကြပါစေ။

Dr.SSH

08/05/2026

Hantavirus (ဟန်တာဗိုင်းရပ်စ်) ရောဂါအကြောင်း သိကောင်းစရာ
ဖြစ်ပွားရသည့် အကြောင်းအရင်း
+++++++++++++++++++++++++++

Hantavirus သည် Orthohantavirus မျိုးနွယ်စုဝင် ဗိုင်းရပ်စ်များကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ ၎င်းဗိုင်းရပ်စ်သည် တောကြွက်၊ အိမ်ကြွက်နှင့် ရှဉ့်ကဲ့သို့သော ကိုက်ဖြတ်သတ္တဝါများ (Rodents) တွင် အောင်းနေတတ်ပြီး အဆိုပါသတ္တဝါများတွင် ရောဂါလက္ခဏာ မပြသော်လည်း လူသားများကို ကူးစက်ပါက ပြင်းထန်သော ရောဂါဝေဒနာကို ဖြစ်စေပါသည်။

ကူးစက်ပြန့်ပွားပုံ
Hantavirus သည် အဓိကအားဖြင့် တိရစ္ဆာန်မှ လူသို့ ကူးစက်ခြင်းဖြစ်သော်လည်း အချို့သော မျိုးကွဲများတွင် လူအချင်းချင်း ကူးစက်နိုင်မှုကိုပါ တွေ့ရှိရပါသည် -

• တိရစ္ဆာန်မှ လူသို့ ကူးစက်ခြင်း (Primary Route)
• လေထုထဲမှတစ်ဆင့် ရှူမိခြင်း (Inhalation)
•ကြွက်၏ ကျင်ငယ်ရေ၊ မစင် သိုမဟုတ် တံထွေးများ ခြောက်သွေ့ပြီး ဖုန်မှုန့်အဖြစ် လေထဲတွင် ပျံ့နှံနေသည်ကို ရှူမိခြင်း
•တိုက်ရိုက်ထိတွေ့ခြင်း (Direct Contact): ဗိုင်းရပ်စ်ရှိနေသော အရာဝတ္ထုများကို ကိုင်မိပြီးနောက် မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တိုကို ပြန်လည်ပွတ်သပ်မိခြင်း။
•အကိုက်ခံရခြင်း (Rodent Bites): ရောဂါပိုးရှိသော ကြွက်ကိုက်ခံရခြင်း။
အစားအသောက် (Contaminated Food): ကြွက်အညစ်အကြေးများဖြင့် မသန့်ရှင်းသော အစားအစာများကို စားမိခြင်း။
• လူအချင်းချင်း ကူးစက်ခြင်း (Human-to-Human Transmission)
ယေဘုယျအားဖြင့် Hantavirus သည် လူအချင်းချင်း ကူးစက်လေ့မရှိသော်လည်း တောင်အမေရိကတိုက် (အထူးသဖြင့် အာဂျင်တီးနားနှင့် ချီလီနိုင်ငံ) တိုတွင် တွေ့ရသည့် Andes virus မျိုးကွဲတွင်မူ လူအချင်းချင်း ကူးစက်နိုင်ကြောင်း အထောက်အထားများ ရှိပါသည်။

အဆိုပါ Andes virus သည် လူနာနှင့် အလွန်နီးကပ်စွာ (သိုမဟုတ်) အချိန်ကြာမြင့်စွာ အတူတကွ ထိတွေ့နေထိုင်သူများ (Close and prolonged contacts) ကြားတွင်သာ အကန့်အသတ်ဖြင့် ကူးစက်ခြင်းမျိုး ဖြစ်တတ်ပါသည်။

ရောဂါလက္ခဏာများ (Symptoms)
ကူးစက်ခံရပြီး ၁ ပတ်မှ ၈ ပတ်အတွင်း လက္ခဏာများ စတင်ပြနိုင်ပါသည်။
• အစောပိုင်းလက္ခဏာများ (Early Symptoms): တုပ်ကွေးကဲ့သိုပင် ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ပြင်းထန်စွာ ကြွက်သားနာကျင်ခြင်း (ခါး၊ ပေါင်၊ ပခုံး)၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းနှင့် အစာအိမ်နာခြင်း။
• နောက်ပိုင်းလက္ခဏာများ (Late Symptoms): အဆုတ်ထဲတွင် ရေဝင်လာခြင်းကြောင့် ပြင်းထန်စွာ အသက်ရှူကျပ်ခြင်း၊ ချောင်းဆိုးခြင်းနှင့် သွေးပေါင်ချိန်ကျခြင်းတို ဖြစ်လာတတ်သည်။ (Hantavirus Pulmonary Syndrome - HPS )။
နောက်ဆက်တွဲ ဆိုးကျိုးများ (Complications)
Hantavirus သည် ခန္ဓာကိုယ်၏ အရေးကြီး အစိတ်အပိုင်းများကို ထိခိုက်စေနိုင်သည် -
• အသက်ရှူလမ်းကြောင်း ပျက်စီးခြင်း (Respiratory Failure)
• ကျောက်ကပ် ပျက်စီးခြင်း (Kidney Failure)
• နှလုံးနှင့် သွေးလှည့်ပတ်မှုစနစ် ပျက်စီးခြင်း (Cardiovascular Shock)
ကုသမှု
လက်ရှိအချိန်အထိ Hantavirus ကို တိုက်ရိုက်သတ်နိုင်သည့် ဆေး (Antiviral drug) သို့မဟုတ် ကာကွယ်ဆေး (Vaccine) အတိအကျ မရှိသေးပါ။
• အထူးကြပ်မတ်ကုသခြင်း (Supportive Care): လူနာကို ဆေးရုံတွင် အမြန်ဆုံး တက်ရောက်စေပြီး ICU တွင် အောက်ဆီဂျင် ပေးခြင်း၊ အသက်ရှူစက် (Ventilator) တပ်ဆင်ခြင်းဖြင့် အသက်ရှူလမ်းကြောင်းကို ကူညီပေးရပါသည်။
• စောစီးစွာ သိရှိခြင်း: ရောဂါကို စောစောစီးစီး ရှာဖွေတွေ့ရှိပြီး ကုသမှုခံယူပါက အသက်ရှင်နှုန်း ပိုမိုမြင့်မားပါသည်။

ကာကွယ်ခြင်း
ကြွက်များနှင့် ထိတွေ့မှုကို ရှောင်ကြဉ်ခြင်းသည် အကောင်းဆုံး ကာကွယ်နည်းဖြစ်သည်။
• ကြွက်ခိုအောင်းမှု ကာကွယ်ခြင်း: အိမ်ထဲသို ကြွက်မဝင်နိုင်ရန် အပေါက်များ ပိတ်ခြင်း၊ အစာများကို လေလုံအောင် သိမ်းခြင်း။
• သန့်ရှင်းရေး သတိပြုခြင်း: ကြွက်ချေးများကို သန့်ရှင်းရေးလုပ်သည့်အခါ တံမြက်စည်း မလှည်းပါနှင့်။ ပိုးသတ်ဆေး/Bleach ရေဖျန်းပြီးမှ စွတ်စိုသော အဝတ်ဖြင့် သေချာစွာ ထုပ်ပိုး စွန့်ပစ်ပါ။
• တစ်ကိုယ်ရေသန့်ရှင်းရေး: ကြွက်ရှိနိုင်သည့် နေရာများတွင် သန့်ရှင်းရေးလုပ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စနစ်တကျ ဆေးပါ။

Dr. Hazel
Ref: WHO, CDC

07/05/2026

နေရာတိုင်းအတွက် မရှိမဖြစ် Healthcare First Aid Kit
+++++++++++++++++++++++++++++++
7887 ရဲ့ အရေးပေါ် ကျန်းမာရေးဆေးအိတ်တွေနဲ့ ထပ်မံ 🥰မိတ်ဆက်ပေးပါရစေ . . .
👉Workplace First Aid Kit - 262,000 ကျပ်(အလုပ်ရုံသုံး ကျန်းမာရေးဆေးအိတ်)
အလုပ်ရုံမှာဖြစ်စေ၊ ကုမ္ပဏီမှာဖြစ်စေ၊ အဖွဲ့အစည်းတွေမှာဖြစ်စေ အရေးပေါ်ကျန်းမာရေးကိစ္စဖြစ်ခဲ့ရင် မရှိမဖြစ်ဆောင်ထားသင့်တဲ့ ဆေးအိတ်ကြီးပဲဖြစ်ပါတယ်။
👉Household - 69,500 ကျပ် (အိတ်သုံး ကျန်းမာရေးဆေးအိတ်)
အိမ်တိုင်းမှာ မရှိမဖြစ် ဆောင်ထားသင့်တဲ့ မိသားစုသုံးကျန်းမာရေးဆေးအိတ်ပဲဖြစ်ပါတယ်။
👉Mini - 31,500 ကျပ် (အိတ်ဆောင် ကျန်းမာရေးဆေးအိတ်)
ခရီးသွားရင်ဖြစ်ဖြစ်၊ ကားထဲမှာဖြစ်ဖြစ် အိတ်ထဲမှာ တစ်ပိုင်တစ်နိုင်သယ်သွားနိုင်တဲ့ ကျစ်လစ်ပြီး အသုံးဝင်တဲ့ ဆေးအိတ်လေးပဲဖြစ်ပါတယ်။
7887 messenger ကို 🤙လာရောက်ဆက်သွယ် ဝယ်ယူနိုင်ပါတယ်🥰

Photos from Yangon Heritage Night Run 2026's post 07/05/2026

𝗬𝗮𝗻𝗴𝗼𝗻 𝗛𝗲𝗿𝗶𝘁𝗮𝗴𝗲 𝗡𝗶𝗴𝗵𝘁 𝗥𝘂𝗻 𝟮𝟬𝟮𝟲 မှာ 𝗧𝗿𝘂𝘀𝘁 𝗢𝗼 𝗖𝗼𝗺𝗽𝗮𝗻𝘆 𝗟𝗶𝗺𝗶𝘁𝗲𝗱 မှ 𝗜𝗻-𝗞𝗶𝗻𝗱 𝗦𝗽𝗼𝗻𝘀𝗼𝗿 အဖြစ်ပါဝင်ထားပါတယ်။

✅Yangon Heritage Night Run ပါဝင်မည့် runners များအတွက် အထူးအစီအစဉ်တွေကတော့
Healthcare FIRST AID KIT မှ 12% Discount အထူးလျှော့ဈေး ပေးထားပါတယ်။
Healthcare FIRST AID KIT သည် အရေးပေါ်အချိန်တွင် အကူအညီပေးနိုင်သော အထောက်အကူကောင်းတစ်ခု ဖြစ်ပါသည်။
📌Healthcare ၏ အားသာချက်များ
➡️ရှေးဦးပြုစုရန် လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများ စုံလင်စွာပါဝင်ခြင်း
➡️ပေါ့ပါးပြီး သယ်ဆောင်ရ လွယ်ကူခြင်း
➡️အပြေးသမားများ • အားကစားသမားများ • ခရီးသွားများ အတွက် အထူးသင့်လျော်ခြင်း
📞 09967855844
🌐 healthcare.com.mm

Photos from 7887 Healthcare's post 07/05/2026

🎁🎂"Happy 7th Birthday ပါ သမီးလေးမေသဇင်ချစ်ရေ😍𝗟𝘂𝗰𝗸𝘆 𝗬𝗲𝗮𝗿 𝟳!ကံကောင်းခြင်းတွေ ပြည့်နှက်နေတဲ့ ၇ နှစ်မြောက် မွေးနေ့လေး ဖြစ်ပါစေ။
မိဘအပေါ်သိတက်လိမ္မာပြီး ပညာတက်ကြီးဖြစ်ပါစေ" လို့ 7887 အဖွဲ့သားများက🤗ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။🎉🎊

06/05/2026

Yangon Heritage Night Run ပါဝင်မည့် runners များအတွက် အထူးအစီအစဉ်

Healthcare FIRST AID KIT မှ 12% Discount အထူးလျှော့ဈေး ပေးထားပါတယ်

Healthcare FIRST AID KIT သည် အရေးပေါ်အချိန်တွင် အကူအညီပေးနိုင်သော အထောက်အကူကောင်းတစ်ခု ဖြစ်ပါသည်။

Healthcare ၏ အားသာချက်များ
ရှေးဦးပြုစုရန် လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများ စုံလင်စွာပါဝင်ခြင်း
ပေါ့ပါးပြီး သယ်ဆောင်ရ လွယ်ကူခြင်း
အပြေးသမားများ • အားကစားသမားများ • ခရီးသွားများ အတွက် အထူးသင့်လျော်ခြင်း

Yangon Heritage Night Run ပါဝင်မည့် runners များအတွက် အထူးသတိထားသင့်သော First Aid Tips များ—

(၁) ခြေချင်းဝတ်လိမ်ခြင်း / ကြွက်သားထိခိုက်မှု (Sprains & Strains)
👉 R.I.C.E နည်းလမ်း အသုံးပြုပါ
• Rest – နာကျင်ပါက ချက်ချင်း အနားယူပါ
• Ice – ၁၅ မိနစ်ခန့် ရေခဲကပ်ပါ (အဝတ်ပါးခံပါ)
• Compression – Elastic bandage ဖြင့် ပတ်ပါ
• Elevation – ဒဏ်ရာကို နှလုံးအထက် မြှင့်ထားပါ

(၂) အရည်ကြည်ဖု (Blisters)
• မဖောက်ပါနဲ့ (ပိုးဝင်နိုင်သည်)
• သန့်ရှင်းပြီး plaster / blister patch ကပ်ပါ
• စုတ်ပြဲပါက ပိုးသတ်ဆေး လိမ်းပြီး ပတ်တီးအုပ်ပါ

(၃) ကြွက်တက်ခြင်း (Muscle Cramps)
• ကြွက်သားကို ဖြည်းဖြည်း ဆန့်ပြီး နှိပ်ပေးပါ
• ရေနှင့် Electrolyte ချက်ချင်း ပြန်ဖြည့်ပါ

(၄) အပူဒဏ် (Heat Exhaustion)
• လက္ခဏာ – မူးဝေ၊ ခေါင်းကိုက်၊ ချွေးထွက်များ
• အရိပ်နေရာသို့ ရွှေ့ပြီး ရေအေးတိုက်ပါ
• ရေစိုဝတ်ဖြင့် ကိုယ်ခန္ဓာ အပူချိန် လျှော့ပါ

(၅) ပွန်းပဲ့ဒဏ်ရာ (Abrasions)
• ဒဏ်ရာကို ရေနဲ့ သန့်ရှင်းပါ
• ပိုးသတ်ဆေး လိမ်းပြီး ပတ်တီးအုပ်ပါ

ပြေးမယ်ဆိုရင် ပြင်ဆင်ပြီးမှ ပြေးပါ (or) First Aid Kit တစ်ခု ယူဆောင်ထားခြင်းက သင့်ကို ပိုမိုလုံခြုံစေပါသည်။

📞 09967855844
🌐 healthcare.com.mm

06/05/2026

ပန်းနာရင်ကျပ်ရောဂါ ဆိုသည်မှာ ချွဲထွက်ခြင်း၊ အသက်ရှူလမ်းကြောင်း ကျဉ်းမြောင်းသွားခြင်းတို့ကြောင့် အသက်ရှူရကျပ်သောရောဂါ ဖြစ်သည်။

လက္ခဏာများ

- အသက်ရှူမြန်ခြင်း

- ရင်ဘတ်အောင့်ခြင်း

- အသက်ရှူရကျပ်ခြင်းကြောင့် အိပ်မရခြင်း

- တရွှီရွှီ အသံမြည်ခြင်း

- ချောင်းဆိုးခြင်း

- ချွဲကျပ်ခြင်း

အမျိုးအစားများ
Exercise induced asthma - ပြင်းထန်စွာ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပြီးသောအခါ ကျပ်ခြင်း၊
Occupational asthma - လုပ်ငန်းခွင်တွင်း ဓါတ်မတည့်မှုကြောင့် ကျပ်ခြင်း၊
Allergy induced asthma - ဓာတ်မတည့်သောအရာများ ရှူမိ၊ စားမိ၊ ထိတွေ့မိသောအခါ ကျပ်ခြင်း၊

ဖြစ်ပွားရသော အကြောင်းရင်းများ

အကြောင်းရင်း အတိအကျ မရှိပါ။ မွေးရာပါမျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင် အခြေအနေ အမျိုးမျိုးတို့ပေါ် မူတည်၍ ခုခံအား ပြောင်းလဲမှုများကြောင့် ဖြစ်ပွားနိုင်သည်။

မိမိနှင့် ဓာတ်မတည့်သည့် အရာများနှင့် ထိတေ့ွပါက ပန်းနာရင်ကျပ်ရောဂါ လက္ခဏာများ ဖြစ်ပေါ်နိုင်သည်။

ဥပမာ - ပန်းဝတ်မှုံ၊ တိရိစ္ဆာန်အမွေးများ၊ မှိုမှုန့် ၊ ဖုန်မ့ှုန်များ၊ ဆေးလိပ်ငွေ့၊ ခြင်ဆေးခွေအငွေ့များနှင့် ထိတွေ့ခြင်း

- အအေးမိ ဖျားနာခြင်း

- လေအေးနှင့် ထိတွေ့ခြင်း

- ပြင်းထန်စွာ လှုပ်ရှားမှု ပြုလုပ်ခြင်း၊

- စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဖြစ်လျှင် ဥပမာ - စိတ်ဆိုးဒေါသဖြစ်ခြင်း။

ဖြစ်နိုင်ချေများသူများ
မိဘ၊ သို့မဟုတ် ဆွေမျိုးသားချင်းထဲတွင် ပန်းနာရင်ကျပ်ရောဂါ ရှိလျှင်။
ဓာတ်မတည့် နှာစေးခြင်း၊ ဓာတ်မတည့် အရေပြား ယားယံခြင်းများ ရှိလျှင်။
ကိုယ်အလေးချိန် များလျှင်။
မိမိကိုယ်တိုင် ဆေးလိပ်သောက်သူဖြစ်လျှင် သို့မဟုတ် ဆေးလိပ်ငွေ့များနှင့် အမြဲထိတွေ့နေရလျှင်။
မည်သည့်အရာနှင့် ဓာတ်မတည့် ဆိုသည့် အချက်များသည် လူတစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။

နောက်ဆက်တွဲ ပြဿနာများ

ပန်းနာရင်ကျပ် လက္ခဏာများ ခံစားရသည့်အတွက် အလုပ်ပျက်၊ ကျောင်းပျက်ခြင်း၊ ရောဂါအတွက် ဆေးများ စွဲသောက်ရခြင်းကြောင့် ဆေး၏ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

စစ်ဆေးမှုများ

ဆရာဝန်မှ စမ်းသပ်ခြင်းများ အပြင်

- Spirometry - မိမိ၏အဆုတ် လုပ်ငန်းဆောင်တာ ကောင်းမကောင်း စစ်ဆေးခြင်း

- Peak expiratory flow rate- PEFR ဖြင့် စစ်ဆေးခြင်း

- CXR (chest X-ray) - ရင်ဘတ်ဓာတ်မှန် ရိုက်ခြင်း

- သွေးစစ်ခြင်း

- Allergy test - ဓာတ်တည့်မတည့် စစ်ဆေးခြင်းတို့ပြုလုပ်နိုင်ပါသည်။

ပန်းနာရင်ကျပ်ရောဂါ အဆင့်ဆင့်
Mild intermittent - မပြင်းထန်သော ပန်းနာရင်ကျပ် လက္ခဏာ တစ်ပတ်လျှင် ၂ ရက်နှင့် ၁ လလျှင် တစ်ရက် ခံစားရခြင်း။
Mild persistent - တစ်ပတ်လျှင် ၂ ကြိမ်၊ သို့သော် တစ်ရက်လျှင် တစ်ကြိမ်ထက် မပိုရပါ။
Moderate persistent - တစ်နေ့လျှင်တစ်ကြိမ် နှင့် တစ်ပတ်လျှင်တစ်ညထက် ပိုပြီးခံစားရခြင်း။
Severe persistent - နေ့တိုင်းနီးပါး ရောဂါလက္ခဏာ ခံစားရခြင်း။

ကုသခြင်း

ကုသခြင်းတွင် မိမိနှင့် မတည့်သောအရာအား သိအောင်ပြုလုပ်၍ ရှောင်ကြဉ်ရမည်။ မတည့်သောအရာနှင့် ပြန်လည်ထိတွေ့ပါကလည်း ပြန်ဖြစ်တတ်သည်။ ဖြစ်ပေါ်ပါက ဆေးသောက်၊ ဆေးရှူခြင်း ပြန်လည်ပြုလုပ်ရမည်။ ကုသခြင်းနည်းလမ်းတွင် လူနာ၏ ဖြစ်စဉ်၊ ရောဂါပြင်းထန်မှုအပေါ် မူတည်၍ ကုသရသည်။ လူတစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။

အိမ်တွင်းကုထုံးနှင့် လူနေမှုပုံစံပြောင်းလဲခြင်း
ပန်းနာရင်ကျပ်ခြင်းအတွက် ဆေးဝါးဖြင့် ကုသနေရုံ သာမက လူနေမှုပုံစံကိုပါ ပြောင်းလဲသင့်ပါသည်။
လေအေးပေးစက် အဲကွန်းဖြင့် နေထိုင်ခြင်း - ထိုသို့ နေထိုင်ခြင်းအားဖြင့် သန့်စင်နေသည့်အတွက် ဖုန်၊ အမှုန်များကို ရှူရှိုက်မိခြင်းမှ သက်သာစေသည်။
မိမိ၏အိပ်ယာခင်းများ၊ ခေါင်းအုံးစွပ်များနှင့် အိပ်ယာပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားရမည်။
တိရိစ္ဆာန် အမွေးများနှင့် မတည့်ပါက မထိတွေ့အောင်ရှောင်ပါ။
လေအေးသို့မဟုတ် ခြောက်သွေ့သောလေနှင့် ထိတွေ့ပါက ရင်ကျပ်တတ်လျှင် နှာခေါင်းစည်း ဝတ်ထားပါ။

Ref : Mayo clinic

05/05/2026

သွေးထဲမှာ သကြားဓာတ်တက်ခြင်းကို လျှော့ချဖို ဘယ်အရာက ပိုထိရောက်သလဲ?

ကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်လိုပါက 7887 ကို ATOM SIM Card ဖြင့်အခမဲ့ခေါ်ဆို ဆွေးနွေးနိုင်ပါတယ်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Address


Tsp, 6, Mya Thiri Lane, A1 St, Myanmar (Burma)
Yangon
11062