V5 Hair design & Beauty salon
ရန်ကုန်မြို့ ရဲ့ မြေနီကုန်းစမ်းချောင်း V5 ဆိုင်ခွဲ မှနွေးထွေးစွာ ကြိုဆိုပါတယ်(အာရှတော်ဝင် ဆေးရုံးအနီးနား capital supermarket အတွင်း မြေညီထပ် )
In admiration of the innovative genius hairstylist, Vidal Sassoon, we established our own shop in the name of him since 2010, where we’ve been delivering creative cutting, perfect color placements and high standard salon services. With over 10 years of experience as a professional hairstylist, Vidal Sassoon Ko Phyo educates salon owners, beginner hairdressers not only to become qualified stylists
🥰မိုးရာသီ ပရိုမိုးရှင်းကြီ (40% off discount ချပေးနေပြီရှင်။
☎️booking 09651946656
လိပ်စာ။ မြေနီကုန်း စမ်းချောင်းမြို့နယ် ဗဟိုလမ်းမပေါ် (အမှတ်၃၃) အာရှနော်ဝင်ဆေးရုံးအနီးနား capital supermarket အတွင်း မြေညီထပ်(V5 Hair Salon ရှိနေပါပြီရှင့်။
#စမ်းချောင်း #အာရှတော်ဝင်ဆေးရုံးအနီးနား
#စမ်းချောင်း #
🥰
16/05/2026
အလုပ်တွေပိပြီး စိတ်ပင်ပန်းနေပြီဆို V5 မှာ ပင်ပန်းသမျှ လာဖြေဖျောက်လိုက်ပါ 💆♀️✨
တစ်ပတ်လုံး အလုပ်တွေ များလွန်းလို့ စိတ်တွေဖိစီးနေပြီလား? စိတ်ပူပင်ရခြင်းနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ခေတ္တမေ့လျော့ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်အလိုလိုက်ဖို့ အချိန်တန်ပါပြီ။ 🌿
V5 Sanchaung ဆိုင်ခွဲရဲ့ Relaxing Shampoo & Head Massage ဝန်ဆောင်မှုက သာမန် ခေါင်းလျှော်တာမျိုး သက်သက် မဟုတ်ဘဲ…
✨ သွေးလည်ပတ်မှု ကောင်းစေပြီး ခေါင်းကိုက်ခေါင်းခဲ သက်သာစေမယ့် သီးသန့် Head Massage နည်းစနစ်
✨ စိတ်အေးချမ်းစေမယ့် သာယာတဲ့ အနံ့အသက်နဲ့ ငြိမ်သက်တဲ့ Atmosphere
✨ ပခုံးနဲ့ ဇက်ကြော တင်းမာမှုတွေကိုပါ ညင်ညင်သာသာ ဖြေလျှော့ပေးမယ့် Relaxing Vibe
ခေါင်းတစ်ခါ လျှော်ပြီးသွားတာနဲ့ အညောင်းအညာပြေပြီး လူရောစိတ်ပါ ပေါ့ပါးလန်းဆန်းသွားစေဖို့ V5 က ရဲရဲကြီး အာမခံပါတယ်နော်။ 💆♀️
ကိုယ့်အတွက် အကောင်းဆုံး "Me Time" လေးကို V5 မှာ ဖန်တီးလိုက်ပါ။ 🥰
📲 Booking တင်ရန် - 09 452 58 4411, 09 651 946 656
ဆိုင်လိပ်စာ 📌 အမှတ် (၃၃)၊ ဗဟိုလမ်းမပေါ်၊ Capital Supermarket အတွင်း (အာရှတော်ဝင် ဆေးရုံနား)၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
#စမ်းချောင်း
14/05/2026
ကိုယ့်ဆံပင်က ဘယ်အမျိုးအစားထဲမှာ ပါလဲ? 💁
အခုလို ပူတစ်လှည့် အေးတစ်လှည့် ရာသီမှာ ဆံပင်တွေကလည်း တစ်မျိုးပြီးတစ်မျိုး ဂျီကျနေတယ်မလား? 🫠
ယူတို့ရဲ့ အခုလက်ရှိ ဆံပင်အခြေအနေက ဘယ် Type ထဲ ပါနေလဲဆိုတာ Comment မှာ ရွေးပေးခဲ့ဦးနော်။ 👇
A. အဆီပြန်ပြီး ပြားကပ်နေတဲ့ Type? 💦
(ချွေးထွက်များပြီး ဦးရေပြား အဆီပြန်လို့ ဆံပင်တွေ ကပ်နေတာမျိုး)
B. ခြောက်သွေ့ပြီး ဖွာလန်ကြဲနေတဲ့ Type? 🦁
(နေလောင်ဒဏ်ကြောင့် ဆံပင်တွေ ခြောက်ပြီး ခြင်္သေ့လို ဖွာနေတာမျိုး)
C. နှစ်မျိုးလုံး ဒုက္ခပေးနေတဲ့ Type ?? 🤯🌪️
(ဦးရေပြားက အဆီပြန်၊ ဆံသားအဖျားတွေက ခြောက်သွေ့ ဖွာလန်နေတာမျိုး)
💡 ဘယ် Type ဖြစ်ဖြစ် V5 မှာ Solution ရှိပါတယ်နော်!
👉 Type A သမားတွေအတွက်
ဦးရေပြားက အဆီတွေကို သန့်စင်ပေးမယ့် Deep Cleansing လုပ်ပေးပြီး ပေါ့ပါးတဲ့ Hair Tonic လေးတွေနဲ့ အားဖြည့်ပေးမယ်ဆိုရင် အဆီပြန်တာ သက်သာပြီး ဆံသားလေးတွေ ပြန်လည်ကောင်းမွန်နေမှာပါ။
👉 Type B သမားတွေအတွက်
ရေဓာတ်အပြည့်အဝ ပြန်ဖြည့်ပေးမယ့် Hydration Treatment လေး လုပ်ပြီး Hair Vitamin လေး ပုံမှန်လိမ်းပေးရုံပဲနော်။
👉 Type C သမားတွေအတွက်
ဦးရေပြားကို သန့်စင်ပြီး ဆံသားကို အာဟာရဖြည့်ပေးမယ့် V5 ရဲ့ Customized Treatment တွေနဲ့ အမြန်ဆုံး လာရောက် ပြုပြင်လိုက်ပါ။
ကိုယ့်ဆံသား Type နဲ့ အကိုက်ညီဆုံး Treatment ကို ရွေးချယ်ပြီး ယုံကြည်မှုအပြည့်နဲ့ ပြန်လည် Glow Up ဖို့...
V5 Hair Design (စမ်းချောင်းဆိုင်ခွဲ) က Professional Stylist တွေဆီ အခုပဲ Booking လှမ်းလုပ်လိုက်တော့နော်! 💆♀️✨💖
📲 Booking တင်ရန် - 09 452 58 4411, 09 651 946 656
ဆိုင်လိပ်စာ 📌 အမှတ် (၃၃)၊ ဗဟိုလမ်းမပေါ်၊ Capital Supermarket အတွင်း (အာရှတော်ဝင် ဆေးရုံနား)၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
#ဆံပင်ပြဿနာ
13/05/2026
နေပူပူ မိုးရွာရွာ... အမြဲတမ်း အထာကျနေတာ ကေတိုလေးတွေပဲနော် 😜✂️✨
အခုတလော ရာသီဥတုက ပူချင်ရင်လည်း အိုက်စပ်နေတဲ့အထိ ပူ၊ မိုးရွာရင်လည်း ရုတ်တရက်ဆိုတော့ ရှည်လျားရှုပ်ယှက်ခတ်နေတဲ့ ဆံပင်တွေကြောင့် စိတ်အိုက်နေရပြီမလား? 🥵🌧️
ဒီလို ရာသီအကူးအပြောင်း ကာလမှာ အမိုက်ဆုံးနဲ့ အသင့်တော်ဆုံးကတော့ ပေါ့ပေါ့ပါးပါးနဲ့ အထာကျတဲ့ "Short Hair" စတိုင်တွေပါပဲ။ 💁
Short Hair လေးတွေ ထားခြင်းအားဖြင့် …
✨ ချွေးထွက်လို့ ဆံပင်တွေ ပြားကပ်သွားတာမျိုး မရှိတော့ဘူး။
✨ မိုးမိလို့ စိုသွားရင်လည်း ခဏလေးနဲ့ အလွယ်တကူ ပြန်ခြောက်တယ်။
✨ ဘာဖက်ရှင်ပဲဝတ်ဝတ် Smart ကျပြီး ရုပ်ထွက်ကို ပိုလင်းသွားစေတယ်။
Pixie Cut အမိုက်စားလေးပဲ ညှပ်မလား? 🌸
မျက်နှာကျ သွယ်သွားစေမယ့် Short Bob လေးပဲ သွားမလား? 💘
မျက်နှာ Shape နဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် ကေကို V5 (စမ်းချောင်းဆိုင်ခွဲ) မှ ကျွမ်းကျင် Stylist များက အသေအချာ ပုံသွင်းဖန်တီးပေးဖို့ အသင့်ရှိနေပါတယ်နော်။ 💁♀️✂️
ရာသီဥတုကို ဂရုစိုက်နေစရာမလိုဘဲ လွတ်လွတ်လပ်လပ် လှချင်ရင်တော့ အခုပဲ Booking လှမ်းတင်လိုက်တော့! 🥳
📲 Booking တင်ရန် - 09 452 58 4411, 09 651 946 656
ဆိုင်လိပ်စာ 📌 အမှတ် (၃၃)၊ ဗဟိုလမ်းမပေါ်၊ Capital Supermarket အတွင်း (အာရှတော်ဝင် ဆေးရုံနား)၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
#နေပူပူမိုးရွာရွာအထာကျမယ် #ဆံပင်အတို
11/05/2026
သူငယ်ချင်းတွေနဲ့ လျှောက်လည်ဖို့ဖြစ်ဖြစ် 🧑🤝🧑
ချစ်သူလေးနဲ့ ဒိတ်ဖို့ပဲဖြစ်ဖြစ် 💑
မိသားစုနဲ့ အပြင်ထွက်တာပဲဖြစ်ဖြစ် 👫👶
ခေါင်းလျှော်ဖို့ လိုလာပြီဆိုရင် …
စမ်းချောင်း၊ ဗဟိုလမ်းမပေါ်၊ Capital Supermarket ထဲက V5 Hair Design & Beauty Salon ကို သတိရလိုက်နော် ✨
Shopping Center ရဲ့ Ground Floor မှာပဲ ရှိတာဖြစ်လို့ ….
✅ ကားပါကင် လုံလုံလောက်လောက် ရှိတယ်
✅ မီးပျက်လို့ ပူမှာ စိတ်မပူရဘူး
✅ ဆံပင်လုပ်ပြီး ဗိုက်ဆာရင်စားဖို့ မုန့်ဆိုင်တွေလည်း ရှိတယ်
ဒါ့အပြင် လူလည်း မများတာမို့ စိတ်အေးလက်အေး ကိုယ်လုပ်ချင်တဲ့ Hair Service ကို အေးဆေး လုပ်လို့ ရတယ်နော် 🥰
ဒီတော့ စမ်းချောင်းအနီးတဝိုက်ရောက်လို့ Hair Salon ကောင်းကောင်း လိုက်ရှာနေပြီ ဆိုရင်တော့
အခုပဲ V5 Hair Salon စမ်းချောင်းဆိုင်ခွဲကို လှမ်းလာခဲ့လိုက်တော့ကွာ 💘
📲 Booking တင်ရန် - 09 452 58 4411, 09 651 946 656
ဆိုင်လိပ်စာ 📌 အမှတ် (၃၃)၊ ဗဟိုလမ်းမပေါ်၊ Capital Supermarket အတွင်း (အာရှတော်ဝင် ဆေးရုံနား)၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
09/05/2026
သူများညှပ်ရင် လှပြီး ကိုယ်ညှပ်မှ အဆင်မပြေဖြစ်နေတာ ဘာကြောင့်များလဲ? 🤔✨
အင်တာနက်ပေါ်က ဆံပင်ပုံလှလှလေးတွေကို ကြည့်ပြီး သွားညှပ်ပေမယ့် ကိုယ်နဲ့ကျမှ ကွက်တိမဖြစ်ဘူးဆိုရင် စိတ်မညစ်ပါနဲ့ ပျိုမေတို့ရေ။ လူတစ်ယောက်နဲ့တစ်ယောက် မျက်နှာကျပုံစံတွေ မတူညီတဲ့အတွက် ကိုယ့်မျက်နှာ (Face Shape) နဲ့ အလိုက်ဖက်ဆုံး ဆံပင်ပုံစံကို ရွေးချယ်တတ်ဖို့က အရေးကြီးဆုံးပါပဲ။ 💯
💁♀️ ဥပမာပြောရရင်
⚪️ မျက်နှာဝိုင်းဝိုင်း ကောင်မလေးတွေက မျက်နှာသွယ်သွားအောင် ဆံပင်ဘေးချထားတာက ပိုလိုက်ဖက်ပါတယ်။
🔳 Square Shape (မျက်နှာထောင့်ကျကျလေးတွေ) ဆိုရင် မေးရိုးလေးတွေ သွယ်လျသွားအောင် အကောက် (သို့) အလိပ်လေးတွေ ပါတဲ့ ဆံပင်ပုံစံမျိုးက အသင့်တော်ဆုံးပါပဲ။
ကိုယ့်မျက်နှာက ဘယ်လို Shape လေးလဲ ဆိုတာကို ပုံထဲမှာ အသေးစိတ်ကြည့်ပြီး 👇 ကိုယ့်မျက်နှာကျကို ရှာတွေ့ပြီဆို Comment မှာ ရေးပေးခဲ့ဦးနော်!
🥰💬
ကိုယ့်မျက်နှာနဲ့ အလိုက်ဖက်ဆုံး ဆံပင်ပုံစံအသစ်ကို ပြောင်းလဲချင်တယ်ဆိုရင်တော့ V5 Hair Design (မြေနီကုန်းဆိုင်ခွဲ) က Professional Stylist တွေဆီ ယုံကြည်စိတ်ချစွာ လာရောက်အပ်နှံလို့ ရပါတယ်ရှင် 💇♀️💖
📲 Booking တင်ရန် - 09 452 58 4411, 09 651 946 656
ဆိုင်လိပ်စာ 📌 အမှတ် (၃၃)၊ ဗဟိုလမ်းမပေါ်၊ Capital Supermarket အတွင်း (အာရှတော်ဝင် ဆေးရုံနား)၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
08/05/2026
ဆံပင်အရောင် တာရှည်ခံအောင် 🩵
ကြိုက်လွန်းလို့ ဆိုးထားတဲ့ ဆံပင်အရောင်လှလှလေးက ခဏလေးနဲ့ အရောင်ကျွတ်ပြီး ဝါကြန့်ကြန့်ကြီး ဖြစ်သွားလို့ စိတ်ညစ်ဖူးကြလား? 🥺🎨
ဒီနေ့မှာတော့ V5 Hair Design ကနေ ကိုယ်သဘောကျတဲ့ ဆံပင်အရောင်လေးကို တာရှည်ခံစေမယ့် လျှို့ဝှက်ချက်လေးတွေကို မျှဝေပေးလိုက်ချင်ပါတယ် 🤫✨
၁။ ရေပူနဲ့ ခေါင်းလျှော်ခြင်းကို ရှောင်ကြဉ်ပါ 🚿
ရေပူက ဆံသားရဲ့ အပြင်ဘက်ဆုံးအလွှာ (Cuticles) တွေကို ပွင့်သွားစေပြီး အရောင်တွေကို အလွယ်တကူ ကျွတ်ထွက်သွားစေပါတယ်။ ဒါကြောင့် ခေါင်းလျှော်တဲ့အခါ ရေအေး (သို့မဟုတ်) ရေနွေးနွေးလေးကိုပဲ အသုံးပြုပေးပါ။
၂။ အရောင်ထိန်း ခေါင်းလျှော်ရည် (Color Protect Shampoo) သုံးပါ 🧴
သာမန် ခေါင်းလျှော်ရည်တွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေက ဆံသားအရောင်ကို မြန်မြန်ကျွတ်စေလို့၊ ဆေးဆိုးထားတဲ့ ဆံပင်တွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Sulfate-free Color Protect Shampoo နဲ့ Conditioner တွေကိုသာ ရွေးချယ်အသုံးပြုသင့်ပါတယ်။
၃။ နေ့တိုင်း ခေါင်းလျှော်တာကို ရှောင်ပါ 🚫
ခေါင်းခဏခဏ လျှော်လေ အရောင်ကျွတ်မြန်လေပါပဲ။ ဒါကြောင့် တစ်ပတ်ကို (၂) ကြိမ် သို့မဟုတ် (၃) ကြိမ်လောက်သာ လျှော်ပေးပြီး ကြားရက်တွေမှာ ဆံပင်အရမ်းမွဲနေရင် Dry Shampoo လေး သုံးပေးလို့ ရပါတယ်။
၄။ အပူဒဏ်ကို ကာကွယ်ပါ 🛡
နေရောင်ခြည်ဒဏ်နဲ့ Hair Dryer, ကောက်စက်၊ ဖြောင့်စက်တွေရဲ့ အပူဒဏ်က ဆံပင်အရောင်ကို အမြန်ဆုံး လွင့်ပြယ်စေပါတယ်။ ဒါကြောင့် အပြင်ထွက်ရင်ဖြစ်ဖြစ်၊ အပူပေးစက်တွေ မသုံးခင်ဖြစ်ဖြစ် Heat Protectant Spray သို့မဟုတ် Hair Vitamin လေးတွေ မဖြစ်မနေ လိမ်းပေးဖို့ လိုပါတယ်နော်။
💡 အရေးကြီးဆုံး အချက်ကတော့ ဆံပင်အရောင် တာရှည်ခံဖို့ဆိုတာ အစကတည်းက "အရည်အသွေးကောင်းတဲ့ ဆေး" နဲ့ "မှန်ကန်တဲ့ ဆိုးနည်းစနစ်" ကို အသုံးပြုဖို့က အရေးအကြီးဆုံးပါပဲ။
မင်မင်တို့ရဲ့ V5 Hair Design & Beauty Salon မှာ ဆံသားမပျက်စီးစေတဲ့ Premium Quality ဆေးတွေကိုသာ အသုံးပြုပေးပြီး၊ ဆံသားအတွင်းပိုင်းအထိ အရောင်စွဲမြဲစေမယ့် နည်းစနစ်တွေနဲ့ Professional Stylist တွေကိုယ်တိုင် ဖန်တီးပေးတာမို့ စိတ်ချလက်ချ ယုံကြည်စွာ လာရောက်အပ်နှံလို့ ရပါတယ်ရှင် 💖
ဒီတော့ ကိုယ့်မျက်နှာလေးနဲ့ လိုက်ဖက်ပြီး ရေရှည်ခံမယ့် ဆံပင်အရောင် လှလှလေးတွေ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုပဲ V5 ကို Booking လှမ်းလုပ်လိုက်တော့နော်! 💌
📲 Booking ရယူရန် ☎️ 09 651 946 656
ဆိုင်လိပ်စာ 📌 အမှတ် (၃၃)၊ ဗဟိုလမ်းမပေါ်၊ Capital Supermarket အတွင်း (အာရှတော်ဝင် ဆေးရုံနား)၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
01/05/2026
အလုပ်သမားများနေ့ 🇲🇲
ယနေ့မှာ ကျရောက်တဲ့ အလုပ်သမားနေ့ အားလပ်ရက်လေးမှာ လေးစား တန်ဖိုးထားရပါသော လုပ်သားပြည်သူများအားလုံး ကျန်းမာရွှင်လန်းစွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း V5 Hair Design & Beauty Salon မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။ ✨
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No. 33, Baho Road, Capital Supermarket, Near Asia Taw Win Hospital, Sanchaung Township
Yangon
