Mahn Aung Health products selling shop
Health Knowledge And Health Products
မဂ်လာ ညချမ်းပါ
page လေးကို ပြန်လည်အသက်သွင်းပါတော့မယ်ရှင့်
နေ့စဉ် ကျန်းမာရေး ဗဟုသုတတွေကိုမျှဝေပေးသွားပါမယ်ရှင့်❣
Mahn Aung Health products selling shop Send a message to learn more
27/01/2021
ကျန်းမာရေး အတွက် သိသင့်တဲ့ အချိန်လေးတွေ☺️☺️
27/01/2021
24/01/2021
Image for
24/01/2021
မဂ်လာပါရှင် 🙏
USA made well series ထဲကထုတ်ကုန်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။သူလေးကတော့ နှလုံးအားဖြည့်ဆေး
Cardiomax လေးပါ 💕💕💕💕
သူ့ရဲ့ပါဝင် ပစ္စည်းတွေက
No.1 Vitamin E
No.2. Vitamin B6
No.3. Vitamin B12
No.4. Omega 3
👉သူ့ကိုဘာကြောင့်သောက်သင့်လဲဆိုရင် ?
Vitamin E ဖြည့်စွက်စာသည် နှလုံးရောဂါ ကိုကာကွယ်ပေးပြီး မျက်စိကျန်းမာရေးကို မြှင့်တင်ခြင်းနှင့် ကင်ဆာရောဖြစ်နိုင်ချေလျော့ချ ပေးနိုင်သည်။
Vitamin B6သည် ဟီမိုဂလိုဘင် ထုတ်လုပ်မှုကို ကူညီ ပြီး သွေးအားနည်း ခြင်းကိုကာကွယ်ကုသနိုင်ပြီး နှလုံးဖြစ်နိုင်ချေကိုလျော့နည်း
Vitamin B12 အာဟာရဓာတ်သည် ခနွာကိုယ်၏ အာရုံကြောနှင့်သွေးဆဲလ်များကိုကျန်းမာစေသည်။မောပန်းခြင်းကိုသက်သာစေ ပြီး နှလုံးသွေးကြော ဆိုင်ရာ ကျန်းမာရေးကိုတိုးတက်စေသည်။
Omega 3 သည်ကျန်းမာရေးအတွက်မရှိမ ဖြစ်လိုအပ်ပြီး နှလုံးခုန်မမှန် ခြင်း နှလုံးရောဂါနှင့်လေ ဖြတ်နိုင်ချေကိုတားဆီး၍ နှလုံးကျန်းမာရေးကို မြှင့်တင်ပေးသည်။
ဒါကြောင့် နှလုံးသားလေး🫀🫀🫀ကျန်းမာမို့ Cardiomaxကိုဆောင်ကြစို့💕💕
for image
ဆက်သွယ်မှာယူလိုပါက☎ 09 421164972
09 427524304 ကိုဆက်သွယ်နိုင်ပါတယ် ။ရန်ကုန် မြို့တွင်း
ဆိုရင်တော့ အိမ်ရောက်မှငွေချေရမှာပါနော် နယ်မှဝယ်ယူ
လိုသူများကတော့ orderမှာပြီး 3ရက် အတွင်းပို့ပေးပါမယ်ရှင်။
24/01/2021
Heart disease (1) နှလုံးရောဂါ (၁)
Heart disease နှလုံးရောဂါလို့ တခွန်းထဲပြောကြပေမဲ့ နှလုံးမှာ ရောဂါရတာတွေက တလှေကြီးရှိတယ်။ Heart Blood vessels နှလုံးရဲ့ သွေးကြောတွေမှာဖြစ်တာ၊ Heart rhythm နှလုံးခုန်မမှန်တာ၊ Heart infections နှလုံးကိုပိုးဝင်တာ၊ စတာတွေကို ခြုံပြီးခေါ်တာဖြစ်တယ်။
လူကြီးတွေကို သေစေတဲ့အထိဒုက္ခပေးတဲ့ နှလုံးသွေးကြောကျဉ်းရောဂါကို လူသိပိုများတယ်။ Heart attack နှလုံး (အတက်ခ်) ရခြင်း၊ Chest pain ရင်ပတ်နာခြင်း၊ Stroke (ဆထုပ်ခ်) ဆိုတဲ့ အခေါ်မျိုးတွေနဲ့ ဆိုင်တယ်။ ငယ်ရွယ်သူတွေအတွက် နှလုံး-အဆို့ရှင်ရောဂါနဲ့ မွေးစကလေးတွေအတွက် Congenital heart မွေးရာပါနှလုံးရောဂါတွေ ဆိုင်တယ်။
နှလုံးရောဂါရဲ့ လက္ခဏာတွေကို ခြုံပြောလို့မရနိုင်သလောက်ဖြစ်တယ်။ ဖြစ်နေတာမတူရင် ဖြစ်လာတာ ခံစားရမှာတွေ မတူလို့ဘဲ။
(၁) Cardiovascular disease ခေါ်တဲ့ နှလုံး-သွေးကြောကျဉ်းရောဂါဆိုရင်
- Chest pain (angina) ရင်ပတ်နာ၊
- Shortness of breath အသက်ရှူမဝ၊
- ခြေ-လက်တွေမှာ ထုံ-အေးစက်-အားနည်းတာဖြစ်မယ်။ ဒါတောင် ဘာမှမဖြစ်သလိုနေရာကနေ ဆေးစစ်တော့မှ သိလာရတာလဲရှိသေးတယ်။ Heart attack (အတက်ခ်) ရမှ Angina ရင်ပတ် တအားနာမှ Stroke လေဖြတ်မှ Heart failure နှလုံးအလုပ်မနိုင်တော့မှ သာရသူတွေလဲ မနည်းလှဘူး။
(၂) Abnormal heartbeats (heart arrhythmias) နှလုံးခုန်မမှန်တာဖြစ်နေရင်
- A fluttering in your chest ရင်ထဲလှပ်လှပ်နေမယ်၊
- A racing heartbeat (tachycardia) ရင်တုံမယ်၊ နှလုံးခုန်မြန်လွန်းမယ်၊
- A slow heartbeat (bradycardia) နှလုံးခုန်နှေးလွန်းမယ်၊
- Chest pain ရင်ပတ် တအားနာမယ်
- Shortness of breath အသက်ရှူမဝဖြစ်မယ်၊
- Lightheadedness ခေါင်းထဲပေါ့နေမယ်၊
- Dizziness ခေါင်းမူးဝေနေမယ်၊
- Fainting (syncope) or near fainting သတိမကောင်းရာကနေ သတိလစ်မယ် ဆိုတာတွေဖြစ်နိုင်တယ်။
(၃) Serious congenital heart defects မွေးရာပါ နှလုံးရောဂါ ဆိုးတာဖြစ်နေရင်
- Pale gray or blue skin color (Cyanosis) မျက်နှာ-အသားအရေ ဖြူရော်နေမယ်၊
- Swelling in the legs, abdomen or areas around the eyes မျက်နှာ-ခြေ-လက် ဖေါင်းရောင်မယ်၊
- Shortness of breath during feedings, leading to poor weight gain အစာကြွေးချိန် အသက်ရှူမမှန်ဖြစ်မယ်၊ ကလေး အလေးချိန် တက်သင့်သလောက် တက်မလာတာတွေဖြစ်မယ်။
မွေးရာပါ နှလုံးရောဂါ သိပ်မဆိုးတာဖြစ်နေရင် -
- Easily becoming short of breath during exercise or activity လှုတ်ရှား-ဆော့ကစားရင် အသက်ကောင်းကောင်းမရှူနိုင်၊
- Easily tiring during exercise or activity မောပန်းလွယ်၊
- Built-up fluid in the heart or lungs အဆုပ်ထဲ၊ နှလုံးထဲ ရေအောင်းမယ်၊
- Swelling in the hands, ankles or feet ခြေ-လက်တွေ ဖေါရောင်တာတွေ ခံစားရမယ်။
(၄) Cardiomyopathy နှလုံးကြွေက်သားထူလာတဲ့ရောဂါဆိုရင်
- Breathlessness with exertion or even at rest အသက်ရှူမဝ၊
- Swelling of the legs, ankles and feet ခြေထောက်ရောင်၊
- Bloating (distention) of the abdomen with fluid ဗိုက်ကယ်၊ (ရေဖျင်း)
- Fatigue အားယုတ်၊
- Irregular heartbeats that feel rapid, pounding or fluttering နှလုံးခုန်မမှန်၊
- Dizziness, lightheadedness and fainting ခေါင်းမူး၊ ခေါင်းထဲပေါ့နေ၊ သတိလစ်တာတွေ ခံစားရမယ်။
(၅) Heart infections နှလုံးကို ပိုးဝင်တာမှာ ၃ စားခွဲရသေးတယ်။ (၁) Pericarditis နှလုံးအပေါ်ဖုံးလွှာရောင်ခြင်း၊ (၂) Myocarditis နှလုံးကြွက်သားရောင်ခြင်း၊ (၃) Endocarditis နှလုံးအတွင်းဆုံးလွှာရောင်ခြင်း၊ ခံစားရမှာတွေက -
- Fever ဖျား၊
- Shortness of breath အသက်ရှူမဝ၊
- Weakness or fatigue အားယုတ်၊
- Swelling in your legs or abdomen ခြေ-ဗိုက်ရောင်၊
- Changes in your heart rhythm နှလုံးခုန်မမှန်၊
- Dry or persistent cough ချောင်းခြောက်ဆိုး၊
- Skin rashes or unusual spots အရေပြားမှာ အနီစဉ်း-ပျောက်တွေပေါ်တာတွေ ဖြစ်မယ်။
(၆) Valvular heart disease နှလုံးအဆို့ရှင်မကောင်းတာမှာလဲ (၃) စားရှိတယ်။ ဖြစ်နေရင် (၁) Stenosis ကျဉ်း၊ (၂) Regurgitation ကျယ်၊ (၃) Prolapse ကျွံ။ ခံစားရမှာတွေက -
- Fatigue အားယုတ်၊
- Shortness of breath အသက်ရှူမဝ၊
- Irregular heartbeat or heart murmur နှလုံးကို နားထောင်ရင် အသံမူမမှန်၊
- Swollen feet or ankles ခြေထောက်ရောင်၊
- Chest pain ရင်ပတ်နာ၊
- Fainting (syncope) သတိလစ်တာတွေ ခံစားရမယ်။
နှလုံးရောဂါ အတော်များများကို မဖြစ်အောင် ကာကွယ်လို့ရပါတယ်။ နှလုံးရောဂါတွေဟာ စောစောသိရင် ကုလို့အဆင်ပြေတယ်။ နှလုံးရောဂါ ကာကွယ်ရေးအတွက် လူနေမှုပုံစံ မမှန်တာ မှန်သမျှ ပြင်ရပါမယ်။ ဆေးပုံမှန်စစ်နေပါ။
- ဆေးလိပ်မသောက်ပါနဲ့၊
- သွေးတိုးရှိရင် အမြဲမပြတ်ဆေးကုသနေပါ။
- (ကိုလက်စထော) များနေရင် အမြဲမပြတ်ဆေးကုသနေပါ။
- ဆီးချို ရှိရင် အမြဲမပြတ်ဆေးကုသနေပါ။
- ကိုယ်လက်လေ့ကျင့်ခန်း တနေ့ မိနစ် ၃ဝ၊ တပါတ် ၅ ရက် မှန်မှန်လုပ်ပါ။
- ဆား-အဆီ-အချို လျှော့စားပါ။
- ကိုယ်အလေးချိန်ထိန်းပါ။
- စိတ်ဖိအား၊ ရုပ်ဖိအား မများပါစေနဲ့။
- သန့်ရှင်းရေး ဂရုစိုက်ပါ။
- အမျိုးထဲက တယောက်မှာ နှလုံးရောဂါ ရှိဘူးသူတွေ ပုံမှန် ဆေးစစ်သင့်တယ်။
Dr. တင့်ဆွေ
21/01/2021
အားလုံးဘဲ good morning ပါနော်။💖💖
လာဘ်လာဘများပေါများကြပါစေ။💝💝
for image
20/01/2021
💕💕💕ကျန်းမာရေး ဗဟုသုတအဖြာဖြာ💕💕💕
Photo credit #
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
