にこにこPyae Japanese Vlogs
にこにこPyae Japanese Vlogsမှ Jpanနဲ့ပတ်သတ်တဲ့ဗဟုသုတ တွေကို သိသမျှ sharingလုပ်ကြမယ်
27/04/2023
ဒီကိစ္စကတော့နက်နဲသွားပြီ🤌
ဂျပန်စာမရဘူးလိုဆိုတာ လုပ်ပုံလုပ်နည်းမမမှန်သေးလို့ပါ| ¥ |
Pyae တုန်းကဆိုရင် ဂျပန်စကားကလွဲရင် တရုတ်၊ကုလား၊ကိုရီးယား၊ထိုင်း၊ဖိလစ်ပိုင်၊စပိန် အကုန်သိပင်မယ့် ကိုယ်နဲ့ ဂျပန်နဲ့ကလုံးဝအထိအတွေ့မရှိသလောက်ပဲ ဂျပန်စာကိုသင်တော့ ဘာမှမသိတဲ့ဘဝကနေ အခုလို(အခုလည်းဘာမှမသိပါဘူး) နည်းနည်းတီးမိခေါက်မိအဆင့်လောက်ရောက်ဖို့ကိုကြိုးစားရတယ်
သူများတွေက တစ်ခန်းစာတစ်ခန်းလိုက်မှီနေတဲ့အချိန်မှာ ကိုယ်က あ い う え おတောင်မနည်းလိုက်ကတယ် ကိုယ့်ကိုယ်ကိုအောင်နိုင်မယ်တောင်မထင်ခဲ့ဘူး အဲ့တော့ဂျပန်စာကိုစိတ်ဝင်စားအောင် လုပ်ကတယ် ဂျပန်စာလုပ်ရတာကိုပျော်အောင်လုပ်ကတယ် Pyae က ဇာတ်ကားကြည့်ရတာနဲ့ သီချင်းနားထောင်ရတာကြိုက်တော့ ဇာတ်ကားကြည့်တယ် သီချင်းတွေနားထောင်တယ်
Kotoba ကျက်ပြီးလို့ သီချင်းနားထောင်ရင်း ကိုယ်သိတဲ့စကားလုံးပါလာရင် သိပ်ပျော်တာ ငါနားလည်ပါပြီပေါ့(ခေါင်းကျယ်တာ)🤌
အဲ့တော့ ပြောချင်တာက ဂျပန်စာလုပ်ရတာကိုပျော်နေအောင် ကိုယ်ကိုယ်ကိုအရင်ဆုံးကြိုးစားပါလို့ စိတ်ဓာတ်မကျပါနဲ့ အောင်မြင်မှာပါ
#にこにこ(●´ϖ`●)
ကဲစားပွဲခုံနဲ့စာအုပ်တွေရှေ့တော့ရောက်ပြီ🤭
စာတကယ်ပဲလုပ်ပြီလား?
24/03/2023
Kanji တွေရေးကျင့်ရတာများလို့
လက်တောင် six packနဲ့ 🤭
သွားရှုတ်လို့မရဘူး🤌
ဂျပန်ရယ်ငွေကြေးရယ်ပြသနာရယ်
အခုကပိုက်ဆံမရှိလို့ ဂျပန်သွားချင်တယ် ဂျပန်သွားဖို့အတွက်ကပိုက်ဆံကမရှိဘူးဆိုသလိုမျိုးပတ်ချာလည်ရိုက်နေကြရတယ်
အကုန်လုံးနီးပါးကတော့ ပိုက်ဆံလိုချင်လို့ဂသူများနိုင်ငံမှာသွားပြီးအလုပ်လုပ်ကြတယ်မှတ်လား အဲ့ထဲမှာ နိုင်ငံကွဲသွားတာပဲကွာတယ် အားလုံးရဲ့အခက်အခဲကတော့အတူတူပါပဲ
အဓိကပြသနာကဘာလဲဆိုတော့ သင်တန်းစတက်တာကစတာပဲ သူများတွေအတွက်ကတော့ အလုပ်လုပ်ရင်းနဲ့ဘာသာစကားသင်ကြတာဆိုပင်မယ့် ကိုယ့်အတွက်ကတော့ အလုပ်ကိုလုံးဝထွက်ပြီး သင်တန်းကို camp လုံးဝဝင်ဖို့ရွေးချယ်ခဲ့တယ်
ကောင်းတဲ့အချက်နဲ့ဆိုးတဲ့အချက်ဆိုတာလည်းအမြဲတမ်းဒွန့်တွဲနေတာမို့လို့ ကောင်းတာရောဆိုးတာရော ကိုယ့်မှာကြုံခဲ့ရတယ် အဓိကရင်ဆိုင်ရတဲ့ပြသနာက ငွေကြေး သင်တန်းကြေးကိုပဲဆယ်နဲ့ချီပြီးစတင်ကုန်ခဲ့ရတယ် စုဆောင်းထားတာမရှိတဲ့ သူတွေအတွက်တော့အခက်အခဲအများကြီးရင်ဆိုင်နိုင်တယ် ကိုယ်ကတော့ကံကောင်းတဲ့သူထဲပါသွားတယ်
နောက်ဘာဆက်ဖြစ်လဲဆိုတော့ သင်တန်းပြီးလို့ အင်တာဗျူးစောင့်ရတဲ့အဆင့် စယသင်ကာလခြောက်လပြီးတော့ အင်တာဗျူးဖြေချင်တဲ့ဆန္ဒကြီးကစလာပြီ တဖြေးဖြေးနဲ့ 7လ 8လဖြစ်ပြီး တဖြေးဖြေး 9လ 10လနောက်ဆုံး 11လကြာတော့ သူများထက်ပိုကံကောင်းလို့ အင်တာဗျူးဝင်ခွင့်ရခဲ့တယ် အင်တာဗျူးအောင်ပြီးတော့လည်း ရပ်သွားသလားဆိုတော့မရပ်ခဲ့ပါဘူး ဘယ်အရာမှပြီးဆုံးပြီဆိုတာမရှိတဲ့အတွက်ကြောင့် ဂျပန်စာပိုသ်စအရရော လိုအပ်တဲ့အရာတွေကြောင့်ရော ဂျပန်နိုင်ငံမရောက်ခင်အထိကိုကိုယ့်ကိုယ်ရည်ကိုယ်သွေးကိုမြှင့်တင်နေရတယ် အခုကလေးတွေကဘာဖြစ်နေလဲဆိုတော့ သူများဂျပန်လို့သာဂျပန်ရတာ သူတို့မှာကရည်ရွယ်ချက်သိပ်မရှိဘူး နည်းနည်းသင်ကြည့်တယ် အား ခက်တယ် ငါနဲ့အဆင်မပြေဘူးဆိုပြီး အဓိက စိတ်အားထက်သန်မှူမရှိပဲ လက်လျော့ဖို့ကိုတွေးကြတာပဲ ပြောချင်တာက ဘယ်အရာမဆို ကြိုးစားပါ စိတ်အားထက်သန်မှူပြင်းပြပါ ဖြစ်ချင်တဲ့စိတ်ကိုသာမွေးပါ ဖြစ်အောင်လုပ်ရမယ်ဆိုတာကိုပဲတွေးပါ မဖြစ်နိုင်ဘူးဆိုတာကမရှိပါဘူး မကြိုးစားရသေးတာပဲရှိတာပါ ကြိုးစားမှာဖြစ်ကိုဖြစ်မှာပါ
#にこにこ
#ဂျပန်မှာဆုံကြမယ်
22/03/2023
အိုးဘာတဲ့ ပရိတ်သတ်🥲🤌
မေး: : ဂျပန်နိုင်ငံကိုစာမကျက်ပဲရောက်နိုင်မယ့်နည်းလမ်း🥲
ဖြေ: 🙄
22/03/2023
စိတ်ကူးပေါက်သမျှ ဂျပန်နဲ့ပတ်သတ်တာsharing လုပ်မယ်☺️
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
032316
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
