YURI Vegetarian Food

YURI Vegetarian Food

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YURI Vegetarian Food, Upper BoAungKyaw Street, Yangon.

13/05/2026

ပဲပြားလေးရယ်၊အသားတုရယ်နဲ့ချက်ထားတဲ့ သက်သတ်လွတ် အုန်းနို့ခေါက်ဆွဲပါရှင်။

ိုသက်သတ်လွတ် #သက်သတ်လွတ်ဆိုyuri #ကျောက်တံတားမြို့နယ် #ရန်ကုန်

Photos from YURI Vegetarian Food's post 10/05/2026

ဂျုံ အူတု နည်းနည်းပြန်ဝင်တယ်။
သူကအေးခဲထားရတာမို့ နယ်အဝေး
အဆင်မပြေပါ။
စျေးကတော့ တစ်သောင်းကျော်မယ်ရှင်
Cb မှာ လာမေးပေးပါနော်။ viber ကနေလည်း ဆက်သွယ်လို့ရပါတယ်။

09264666607 (viber)

ဆိုင်ကိုလာဝယ်ချင်းသူများ
ဗိုလ်အောင်ကျော်လမ်း ကျောက်တံတားမြို့နယ်မှာ လာရောက်ဝယ်ယူနိုင်ပါတယ်။

#သက်သတ်လွတ်ဆိုyuri
ိုသက်သတ်လွတ်
#ရန်ကုန် #ကျောက်တံတားမြို့နယ်။

07/05/2026

ဒီနေ့ ဗိုလ်ချုပ်လမ်းပေါ်က ကားဂိတ်
နားမှာ ရေသန့်ဗူးလှုပေးထားတာတွေ့တယ်၊ ဗူးကြီးထဲက ရေက ကုန်ခါနီးပြီ
ကားစောင့်သူတွေနဲ့
အဲ့အနားကစျေးရောင်းသူတွေက မကြာခဏ ရေလာခပ်ကြတာ မြင်လို့
အနီးဆုံးဆိုင်က ရေသန့် 5 ဗူးဝယ်ပြီး
အဲ့ရေသန့်ဗူးအကြီးထဲပြောင်းထည့်ပေးခဲ့တယ်။ ရေအလှု ဖြစ်သွားတာပေါ့လေ...
ပြုသမျှကုသိုလ် မျှဝေပါ၏
ယူတော်မူကြပါကုန်သော်......

#ကုသိုလ်စုဗူး

29/04/2026

ကုသိုလ်တွေလုပ်ပြီးနောက်
ဆုတောင်းသင့်လား? ဆိုရင် တောင်း
သင့်တယ် ဖြေရမယ်။ ဆုမတောင်းထားရင် ကုသိုလ်အကျိုး​ပေးက
ဦးတည်ချက်မရှိဘဲ သူပေးချင်ရာကို ပေးပါတယ်။
ဥပမာအနေနဲ့ လှံတချောင်းမိုးပေါ်
ပစ်တင်လိုက်တဲ့အခါ မြေကြီးပေါ်ကို
ကျချင်သလိုကျတဲ့ပုံစံပေါ့။ နောက်တခုက အကျိုးပေးခွင့်မရတဲ့ ကုသိုလ်ကံတွေလည်းဖြစ်သွားတတ်ပါတယ်။

ကိုယ်ဖြစ်ချင်တာကိုတိတိကျကျဆုတောင်းထားတဲ့အခါ အကျိုးပေးရင်တိတိကျကျပေးပါတယ်နော်။
မြတ်သောတရားလမ်းကိုလျှောက်ပြီး
နိဗ္ဗာန်ကိုရှာကြမယ့်သူတွေလည်း
လွယ်ကူလျင်မြန်စွာ ထိုးထွင်းသိမြင်နိုင်ပါစေလို့ဆုတောင်းတဲ့အခါ စိတ်ညွတ်တဲ့အတိုင်း တရားအသိဥာဏ်အမြန်ဆုံးရကြတာပေါ့လေ။ မပင်ပန်းဘဲ မျက်မှောက်ပြုနိုင်ကြပါလိမ့်မယ်။

နာကြားဖူးတဲ့တရားတော်များထဲမှ
ထုတ်နှုတ်ရေးသားပါသည်။

17/04/2026

မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း
အေးချမ်းသာယာရှိကြပါစေရှင်။

12/04/2026

နှစ်သစ်မှာဘေးဘယာတွေဝေးကွာကြပါစေ။ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့
Yuri မှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။

21/03/2026

မနက်ကတည်းကစမိုင်နဲ့ကျောက်ကျောတွေရတာ လက်မလည်ဘူး ။
ကျေးဇူးတင်ပါတယ်နော်။
အစ္စလာမ်ဘာသာဝင်မိတ်ဆွေများ
စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ။

Photos from YURI Vegetarian Food's post 17/03/2026

100% သက်လွတ်အသားတုတွေရပါအုံးမယ်။

ိုသက်သတ်လွတ် #သက်သတ်လွတ်ဆိုyuri

Photos from YURI Vegetarian Food's post 13/03/2026

Chris The Vegan ကအစ်ကိုစားပြတဲ့
သက်သတ်လွတ်သုံးထပ်သားတုက
တံဆိပ်မတူသော်လည်း အလားတူတော့ယူရီ ဆီမှာရှိပါမယ်နော်။

တထုပ်ကို 15000 ပါရှင်။

စားချင်တယ်ဆိုလက်သွက်မှရပါမယ်
ပစ္စည်းတွေရှားတော့ဒါကုန်ရက်ထပ်ဝင်ဖို့မသေချာပါ။

အိမ်ရောက်ငွေချေလည်းပို့ဆောင်ပေးနေပါပြီ။

Page Cb or 09264666607 viber ကိုဆက်သွယ်မှာယူနိုင်ပါပြီ။

ိုသက်သတ်လွတ် #သက်သတ်လွတ်ဆိုyuri #သုံးထပ်သားတု

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Upper BoAungKyaw Street
Yangon