Sony Natural Handmade Soap
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sony Natural Handmade Soap, Health/Beauty, Mingalar, Yangon.
20/09/2021
အကြောင်း အသေးစိတ်ရေးပေးပါဆိုတဲ့ တောင်းဆိုမှုတွက်...
#ဗဟုသုတ၁၂
Glycerin ဆိုတဲ့ မြန်မာ အခေါ် အလှဆီက လူတိုင်းနဲ့ ရင်းနှီးပြီးသားပါ
Glycerin ဆိုတာ သကြားရဲ့အရက်ပါ .. sugar alcohol
သူ့ကို တိရိစ္ဆာန်ထုတ်ကုန်တွေ , အပင်တွေကနဲ့ ရေနံထွက်ကုန်ပစ္စည်းတွေကနေ ထုတ်လုပ်လို့ရပါတယ်
Glycerin ကို soap maker world မှာ Glycerol လို့ခေါ်ပါတယ် ..soaping making ရဲ့ by pass product တခုအဖြစ် လူသိများပြီးသားပါ ..
ဒီနေရာမှာ နားလည်လွယ်အောင်ပြောရရင် ဆပ်ပြာချက်ခြင်းအားဖြင့် glycerinရတယ်ဆိုတာက ဒီလိုပါ ... ကျမတို့လို အိုးလေးတွေနဲ့ ချက်တယ်လို့ မမြင်ဘဲ စက်ကြီးတွေနဲ့ စိတ်မှန်းချက်ကြည့်ပါ
ဆပ်ပြာတွေရဘို့ တိရိစ္ဆာန် အဆီတွေ , အပင်က အဆီတွေကို ကော့စတစ်နဲ့ ပေါင်းပါတယ် ( saponification plant ဆိုတဲ့နေရာမှာ) -အဲ့တော့ ခပ်ပျော့ပျော့ ခပ်ပူပူ cream soap လိုမျိုး စပြီးရပါတယ် .. အဲ့ဒီအနေအထားမှာ .. နည်းပညာနဲ့ glycerin ကို စစ်ထုတ်ယူထားပါတယ် ... အဲ့ဒီထွက်လာတဲ့ glycerin ထဲမှာ lye နည်းနည်းပါနေပါသေးလို့ ...glycerin plant ခေါ် glycerin chamber ထဲထည့်ပြီး purification, concentration, distillation ဆိုပြီး အဆင့်၃ဆင့်နဲ့ ပြန်ခွဲထုတ်လိုက်မှ pharmaceutical grade , Food grade ဆိုပြီး အဆင့်မြင့် glycerin ရပါတယ် ..
အဲ့လို ထုတ်ပြီးသွားမှ အဲ့ဒီ ခပ်ပြသ်ပြသ် ဆပ်ပြာ creamလိုဟာတွေကို
Soap Dryer ဆိုတဲ့ အခန်းထဲကို ( စက်ထဲကို) ထည့်ပါတယ် ..အဲ့ဒီကနေ soap noodle ဆိုတာမျိုးတွေ ထွက်လာပါတယ် .. စားအုန်းစိုက်တဲ့ မလေးရှာဟာ palm soap noodle ထုတ်လုပ်မှူမှာ ကမ္ဘာမှာ နံပါတ်၁ ပါ , သူပြီးရင် တရုတ်ပေါ့နော် .. အဲ့ဒီ soap noodle တွေကို အရောင် အနံ့ရောပြီး စက်ကြီးတွေနဲ့ ပုံရိုက်လိုက်ရင် ဆပ်ပြာခဲဖြစ်ပါပြီ ..
(မှတ်ချက် -ဒီဆပ်ပြာတွေက ဈေးမြင့်ပါတယ် ..တချို့ပေါတဲ့ အခဲတွေက surfactantတွေနဲ့လုပ်တာပါ )
ဟိုတယ်သုံး ဆပ်ပြာခဲ အဖြူရောင်တွေဟာ .. soap noodle ရဲ့ original color တွေပါ .. ( ဟိုတယ်သုံး အဖြူတိုင်းကတော့ original color မဟုတ်... ဒီနေရာမှာ အင်တွေ..ပညာတွေ အများကြီးရှိပါသေးတယ်)
အဲ့ဒီတော့ ..glycerin ဘက်ပြန်လှည့်ကြစို့ ... ကမ္ဘာပေါ်မှာ ဆပ်ပြာကို အမဲဆီနဲ့လည်း အထုတ်များပါတယ် ..အဲ့ဒီတော့ ထွက်လာတဲ့ glycerin ဟာ animal based ပေါ့.. နောက်ပြီး စားအုန်းဆီနဲ့လည်း အများဆုံးချက်ပါတယ် .. အဲ့ဒီကထွက်ရင် vegetable glycerin ပေါ့... ဆပ်ပြာကို နောက်ထပ် အများဆုံးလုပ်တဲ့ဆီတွေဟာ soy bean, coconut, canola, corn, palm kernel.. စသဖြင့် လုပ်လိုက်ရာမှာ ထွက်လာတဲ့ glycerin တွေဟာ vegetable glycerin တွေပါဘဲ ... အဲ့တော့ ဘယ်အပင်ကထွက်ထွက် vegetable glycerin ပါ
တိရိစ္ဆာန်အဆီက ထွက်တဲ့ glycerin က animal base glycerin
. petroleum base ဆိုတာကကျတော့ ..ရေနံထွက်ကုန်ကြမ်းကနေ biodiesel လုပ်တဲ့ အခါမှာ by-product အနေနဲ့လည်း glycerin ရပါတယ် ..
အဲ့တော့ .. ပြောင်းဆီကရရ, အုန်းဆီကရရ, စားအုန်းဆီကရရ .. ဘယ်အပင်ကရရ .. အပင်ကရသမျှဟာ vegetable glycerinပါ .. palm glycerin ဆိုတာ vegetable glycerin ပါ
ကျမတို့သုံးတဲ့ glycerin ဟာ ၈၀%လောက်က vegetable glycerin ပါ .. ဘာလို့လဲဆိုရင် .. petroleum based glycerin တွေကို print ထုတ်တဲ့ မှင်လုပ်ရာမှာ သုံးကြပါတယ် .. animal based တွေကိုတော့ စက်ရုံထုတ်ကုန်တွေမှာ ပြန်သုံးကြတာများလို့ပါ ( eg-toothpaste, lotion Base, သစ်သီးတွေကို ထိန်းသိမ်းတဲ့နေရာတွေ ..)
ခွင့်တောင်းစရာ မလိုဘဲ လွတ်လပ်စွာရှယ်ပါနော် ..
#ဗဟုသုတ၁၂
ဒီနေ့တော့ ရေမွှေးရဲ့ အဓိက အသက်ဖြစ်တဲ့ အမွှေးရနံ့ အကြောင်းပြောပြမယ်နော် ...✍️✍️
ဒီရနံ့တွေကို ဘယ်က ရတာလဲဆိုရင်
- သဘာဝ ကနေရတာပါ။ ပန်းတွေ 🌸🌼🌻🌺၊ အပင်တွေ🌲🌵🌳🌴🍀🌿အသီးတွေ ၊ အခေါက်တွေ 🪵🪵စတဲ့ သဘာဝ ကနေ ရတဲ့ ရနံ့ အဆီအနှစ် ။ အဲလို သဘာဝ ကနေရတဲ့ ရနံ့ အဆီကို Essential Oil ( EO) လို့ ခေါ်ပါတယ် ။ ဒီအဆီအနှစ်တွေကို ခက်ခက်ခဲခဲ ထုပ်ရလို့ အတော် စျေးကြီးပါတယ် ။ ဥပမာ 🌹🌷🌹နှင်းဆီပန်းတွေကို 💐💐ပေါင်းခံနည်းနဲ့ ရနံ့ဆီထုပ်တယ်ဆိုရင် အပွင့် ၅၀၀ လောက် ကို တစ်ရက်လောက် ပေါင်းအိုးထဲ မီးအေးအေးနဲ့ ပေါင်းမှ ၁၀ စက် ၁၅ စက်လောက် ရတာပါ။
- ဒုတိယနည်းက ဓါတ်ခွဲခန်းထဲကနေရတာပါ 🌡🧪💉 ပညာရှင်တွေက ဓါဒုဗေဓ ပစ္စည်းတွေနဲ့ ရနံ့တွေကို ထုပ်ယူပါတယ် ။ ဓါတ်ခွဲခန်းထဲကနေရလာတဲ့ ရနံ့အဆီကို Fragrance Oil (FO) လို့ခေါ်ပါတယ်။ ဒီရနံ့တွေကိုကျတော့ ဓါတ်ခွဲခန်းတွေထဲက အလွယ်တကူမဟုတ်ပေမယ့် ခပ်များများ ထုပ်နိုင်လို့ စျေးကတော့ မကြီးပါဘူး။ သို့သော် သတိထားရမှာက ဒီရနံ့တွေမှာ grade ရှိပါတယ် 😅😅။ ရေမွှေးအတွက် ထုပ်တဲ့ grade ကတော့ နည်းနည်း စျေးပိုပေးရပါတယ်။ ရန်ကုန်မှာဆိုရင် ၂၇ လမ်း ပတ်ဝန်းကျင်မှာ အလွယ်တကူ ရှာဝယ်နိုင်ပါတယ် ။ သို့သော် 😅😅ဂျင်း မမိဖို့ကတော့ ရနံ့နဲ့ ပတ်သက်ပြီး ကြွမ်းကျင်ဖို့လိုတာပေါ့နော့်
- တတိယ ရနံ့တွေကိုတော့ တိရိစ္ဆာန်တွေဆီကနေရပါတယ် 🦨🐆🦭🦈🦝ဒီနည်းကတော့ ခုနောက်ပိုင်း မသုံးကြတော့တာများပါတယ် ။ ဥပမာ 🦌🦌ကတိုးဆီကို ကတိုးကောင်တွေ မိတ်လိုက်တဲ့ရာသီမှာ ကတိုး အထီးတွေက အမတွေကိုဆွဲဆောင်ဖို့ အဆီ တမျိုးထုတ်ကြပါတယ် ၊ အဲဒီအနံ့ ပြင်းတဲ့ အဆီကို အပင်တွေမှာ သွားပွတ်တိုက်ကြတဲ့အခါ အဲဒီအပင်ရဲ့ ပင်စည်အခေါက်မှာ 🪵အဲဒီအနံ့က ကျန်နေပြီး ကတိုးဆီအနံ့ကို အဲသည်အပင်ရဲ့အခေါက်ကနေ ရကြပါတယ်။ ဒါပေမယ့် အလွန်အင်မတန်ရှာဖို့ ရဖို့ ခက်တာကြောင့် လူတွေဟာ လောဘနဲ့ ကတိုးဆီရဖို့ 🦌🦌ကတိုးကောင်တွေကိုသတ်ပြီး သူတို့ရဲ့ ( အရွယ်ရောက်ပြီးအထီး ရဲ့ဆီးအိမ်) အဆီအနံ့ ကိုယူကြတာကြောင့် ခုဆို ရှားပါးတိရိစ္ဆာန် စာရင်းဝင်နေပါပြီ။ အဲလိုဘဲ 🦙🐆🦭🦈🦝🦨အခြားတိရိစ္ဆာန်တွေဆီကနေလဲ သူတို့ရဲ့ ရနံ့အတွက် အသတ်ခံနေကြရတာမို့ ... ဒီလို ရနံ့ အသုံးပြုဖို့တော့ အားမပေးလိုပါဘူးခင်ဗျာ ။
နောက်ကြုံရင်လဲ ရေမွှေးနဲ့ပတ်သက်တဲ့ဗဟုသုတလေးတွေကို ဝေမျှပေးပါအုံးမယ်နော် ။ ဒီနေ့တော့ ဒီလောက်ပါဘဲ ခင်ဗျာ ။
Credit = Yuki
04/10/2020
21/09/2020
မင်္ဂလာပါ
အနံ့အကြောင်း အပိုင်း (၂) လေးကို ဆက်ဖတ်ကြည့်ရအောင်လေ ....
Frangrance oil. နှင့် Essential oil အကြောင်းလေ့လာချင်သူများအတွက်ပါ 😊
အနံ့အကြောင်းအပိုင်း (၂)
ဒီအပိုင်းကတော့ Fragrance Oil အကြောင်းပါ။ ဒါကလည်း တကယ်တမ်းတော့ လေ့လာမယ်ဆို အများကြီးပါ။ ကြားဖူးတာတဲ့ စကားတခုရှိတယ်။ ကားအဟောင်းအရောင်းအ၀ယ်လုပ်ဖို့အတွက် ကားထုတ်လုပ်မှုလုပ်ငန်းကြီးတခုလုံးကို လေ့လာနေစရာမလိုဘူးတဲ့။ ခုလည်းဒီလိုပါပဲ။ သိဖို့လိုတဲ့အပိုင်းလောက်ပဲ လေ့လာရင်ရပီလို့ယူဆပီး ခပ်ကျဉ်းကျဉ်းရေးပါမယ်။
Fragrance Oils တွေဆိုတာ တကယ်ကတော့ Essential Oil တွေ၊ Blend Essential Oil တွေကို စက်မှုလုပ်ငန်းမှာ ကျယ်ကျယ် ပြန့်ပြန့်အသုံးပြုနိုင်ဖို့အတွက် တုပထုတ်လုပ်ထားတာဖြစ်ပါတယ်။ Fragrance Oils ကိုဖန်တီးသူတွေနဲ့ပတ်သက်တဲ့ အခြေခံအချက်ကို သိထားမယ်ဆိုရင် အနံ့တွေရဲ့ပြင်း၊ ပျော့ခြင်းတွေကို ခြုံငုံမိနိုင်ပါတယ်။ ဥပမာ- သဘာ၀အနံ့တွေဖြစ်တဲ့ Lavender, Strawberry စတာတွေကို ဖန်တီးသလို အများနှစ်သက်နိုင်မယ့် သီးခြားဖန်တီးထားတဲ့အနံ့မျိုးတွေလည်းရှိပါတယ်။ ဥပမာ- Love Spell, Herbs, Oriental Wood စတာမျိုးတွေပါ။ တချို့ Fragrance Oil တွေဖန်တီးရာမှာ Essential Oils တွေပါ၀င်လေ့ရှိပါတယ်။ အနံ့အများအပြားကို ရောနှော ပေါင်းစပ်ဖန်တီးဖို့အတွက် အချို့အနံ့တွေကို ပြင်းအားလျော့စေဖို့ diluent ဆိုတဲ့အရာတွေနဲ့ လျှော့ပစ်ရတက်တာမျိုး၊ နောက်ဆုံးလိုချင်တဲ့ရနံ့က ပျော့နေမှကောင်းတာကြောင့် ရနံ့ကိုဖျော့ပစ်ရတာမျိုးတွေလည်း ရှိတက်ပါတယ်။
Fragrance oils ရဲ့ နောက်အားသာချက်တခုက တွက်ခြေကိုက်ပီး အနံ့ကြာကြာစွဲတာပါ။ နှစ်နဲ့ချီပီး ရနံ့စွဲနေစေနိုင်ပါတယ်။ စျေးကလည်း Essential Oils တွေထက် သက်သာလေ့ရှိပါတယ်။ ဒါပေမဲ့လဲ တချို့ Fragrance Oils တွေဟာလဲ အချိန်ကြာလာရင် အနံ့ဖျော့သွားတာမျိုးဖြစ်တက်ပါတယ်။ တချို့ စျေးကြီးတဲ့ Essential Oils တွေဖြစ်တဲ့ Sandalwood, Jasmine, Rose လိုအနံ့မျိုးတွေနဲ့ လုပ်ချင်တာမျိုး။ Essential Oil မှာမရှိတဲ့ သခွားသီးနံ့၊ ငှက်ပျောသီးနံ့လိုမျိုးနဲ့လုပ်ချင်တာမျိုး၊ လူကြိုက်များတဲ့ ရေမွှေးနံ့နဲ့ လုပ်ချင်တာမျိုး တွေဆိုရင် Fragrance Oil တွေနဲ့ လုပ်နိုင်ပါလိမ့်မယ်။ Essential Oil တွေကတော့ Fragrance Oil နဲ့ယှဉ်ရင် အနံ့မြန်မြန် ပျော့သွားလေ့ ရှိပါတယ်။ အထူးသဖြင့် Citrus အုပ်စုပါအဆီတွေက ပိုအနံ့ဖျော့လွယ်ပါတယ်။ ခြောက်လလောက်အထိတော့ အနံ့စွဲပါတယ်။ Essential Oil Soap တွေ အနံ့ကြာကြာစွဲဖို့ Cure လုပ်ပီးသားဆပ်ပြာတွေကို ပလပ်စတစ်ပါးလေးနဲ့ပတ်ထုတ်ပီး သိမ်းဆည်းထားတာဟာလဲ အနံ့ကြာကြာခံစေတယ်လို့ ဆိုကြပါတယ်။
သဘာ၀အနံ့တွေနဲ့ တုပပြုလုပ်ထားတဲ့အနံ့တွေမှာလည်း အရေပြားအတွက် ကောင်းတာတွေရှိသလို မကောင်းတာတွေလည်း ရှိကြပါတယ်။ သဘာ၀ essential oil တွေမှာလည်း အရေပြားအတွက် သတိထားသုံးရမဲ့ အဆီတွေရှိသလို Fragrance oil တွေမှာပါ၀င်တဲ့ phthalates ဟာလဲ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ phthalates-free fragrance oil တွေကို ထုတ်လုပ်နေကြပါပီ။
ကုန်ပစ္စည်း အထူးသဖြင့် Soap, Bath & Body product တွေထုတ်တဲ့အခါမှာ အနံ့ကအရေးကြီးပါတယ်။ အနံ့ကိုရှူမိချိန်၊ ဒါမှမဟုတ် အနံ့တွေစမ်းသပ်ပေါင်းစပ်ကြည့်ချိန်မှာ ဒီအနံ့နဲ့ဆို ဘယ်လိုအရောင်၊ ဘယ်လိုပါ၀င်ပစ္စည်းတွေ၊ ဘယ်လိုဒီဇိုင်းမျိုးနဲ့ဆို လိုက်ဖက်နိုင်မယ်၊ ဘယ်သူတွေဆိုကြိုက်မှာ စသည်ဖြင့် အတွေးပေါ်မှာဖြစ်ပါတယ်။ ဆိုလိုတာက အနံ့ကနေစပီး ကိုယ်လုပ်မဲ့ထုတ်ကုန်ကို စဉ်းစားလို့ရသွားနိုင်တယ်လို့ ပြောချင်တာပါ။ အနံ့နဲ့လူတွေရဲ့နှစ်သက်မှု ဆက်နွယ်ချက်ကို သိပ္ပံပညာကတော့ ရှင်းပြကောင်းရှင်းပြနိုင်ပါ လိမ့်မယ်။ လူသာမာန်တွေဖြစ်တဲ့ ကိုယ်တွေကတော့ အဲ့လောက်တိတိကျကျ လိုက်လုပ်ပေးဖို့မှာ အကန့်အသက်တွေရှိပါတယ်။ အများကြိုက်မဲ့အနံ့တွေလည်း ရှိပါတယ်။ တချို့လုံး၀မကြိုက်ပေမဲ့ အဲ့ဒီအနံ့ကိုပဲ အခြားသူတွေက နှစ်ခြိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆပ်ပြာပြုလုပ်ရာမှာ လှေနံဓါးထစ် မမှတ်ထားပါနဲ့။ အနံ့တွေနဲ့ယဉ်ပါးနေပါစေ၊ စမ်းသပ်ဖို့ လက်မတွန့်ပါနဲ့။ Essential Oils, Fragrance Oil နှစ်မျိုးစလုံးကို ဘယ်ဟာမှလို့ အစွဲမထားပါနဲ့။
Fragrance oils က Essential Oil နဲ့ယှဉ်ရင် Flash point မြင့်ပါတယ်။ ထုတ်ကုန်အတွက် တွက်ခြေကိုက်ပီး အနံ့စွဲနိုင်မှု ပိုများပါတယ်။ ရှိနိုင်တဲ့ပြသနာကတော့ saponification ဖြစ်စဉ် တနည်းအားဖြင့် ဆီနဲ့ lye ပေါင်းစပ်နေတဲ့ဖြစ်စဉ်ကို တိုးပီးမြန်မြန်ဖြစ်စေနိုင်တာပါ။ ဒါကြောင့် ဆပ်ပြာ trace လို့ခေါ်တဲ့ ဆပ်ပြာနှစ်သား ရုတ်တရက် မြန်မြန်ကြီးပစ်ခဲလာတာမျိုး တချို့ Fragrance Oil ထည့်ပီးချိန်မှာ ဖြစ်တက်ပါတယ်။ ဒီလိုဖြစ်ရင် Mold ထဲကို လောင်းထည့်ဖို့တို့၊ swirling လုပ်ဖို့တို့ ခက်ခဲသွားတက်ပါတယ်။ အကောင်းဆုံးကတော့ အနံ့ထည့်ပီး တမိနစ်လောက်အတွင်းမှာ မြန်မြန်လေးလောင်းထည့်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ဒါကလဲ Fragrance Oil တိုင်းမှာ ဖြစ်တာမျိုးတော့မဟုတ်ပါဘူး။ သုံးမယ့်အဆီတွေနဲ့ Fragrance Oil အရင်ရောထားတာမျိုး၊ ဆပ်ပြာထဲထည့်တဲ့ အခြား Additive တွေမှာ Fragrance ပါ၀င်နေတာမျိုး စတာတွေကြောင့်လည်း trace ရုတ်တရက်ပစ်ခဲလာတက်ပါတယ်။ ဒီလိုဖြစ်လာရင် စိုးရိမ်မသွားပဲ ဆက်ပီးမွှေကြည့်ပေးပါ။ များသောအားဖြင့် ပုံမှန်ပြန်ဖြစ်သွားတက်ပါတယ်။ တချို့တော့လဲ မဖြစ်တာရှိပါတယ်။
Fragrance Oil ထည့်သင့်သည့် ခန့်မှန်းနှုန်းများ
Fragrance Oil တွေကို ဘယ်လောက်ထည့်ရမလဲဆိုတာကလဲ Essential Oil တုန်းကလိုပါပဲ။ သက်မှတ်ထားတဲ့နှုန်းတချို့ရှိ ပေမယ့် ကိုယ်ရနိုင်တဲ့အနံ့ Supply, quality နဲ့ ကိုယ်လိုချင်တဲ့အနံ့အပြင်းအပျော့တွေက ထုတ်ကုန်တမျိုးချင်း၊ လုပ်ကိုင်သူတဦးချင်းစီအလိုက် ကွဲပြားနိုင်တာမို့ ကိုယ်လိုချင်တဲ့အဆင့်ရဖို့ စမ်းသပ်လုပ်ကိုင်ရပါမယ်။ အနံ့တွေရောစပ်တာတွေကိုလည်း ပိုလုပ်ကိုင်ကြည့်ဖို့လိုပါတယ်။ ရောစပ်ဖို့အတွက် သိဖို့လိုအပ်တာတွေကိုလည်း နောက်ပိုင်းမှာ ဒီလိုပဲ စုဆောင်းရေးသားသွားပါမယ်။
Essential Oil လိုပဲ Fragrance Oil တွေမှာလည်း Citrus အုပ်စုဖြစ်တဲ့ Orange, Lemon, Lime အခြေခံတဲ့အနံ့တွေ၊ အုန်းနို့နံ့လိုတွေက အနံ့ဖျော့သွားနိုင်တဲ့အနံ့တွေမို့ ပိုထည့်ဖို့လိုပါတယ်။ အနံ့စွဲစေဖို့ Anchor လို့ခေါ်တဲ့ အောက်ခံ base note အနံ့တမျိုး သို့ နှစ်မျိုးနဲ့တွဲဖက်ပေးဖို့လိုပါတယ်။ ဥပမာ- Lemongrass, Patchouli, Sandalwood စတဲ့အနံ့လိုမျိုးတွေပါ။ Essential Oil နဲ့ Fragrance Oil တွဲသုံးရင်လည်း အရမ်းကောင်းတဲ့အနံ့လေးတွေဖြစ်လာတက်ပါတယ်။ အပူချိန်ကြောင့်လည်း အနံ့ဖျော့သွားတက်ပါတယ်။ အနံ့ပျော့တဲ့ Fragrance ကိုသုံးမယ်ဆိုရင် Gel phase ကိုရှောင်နိုင်ဖို့လိုပါတယ်။ အပူချိန်က 180 F လောက်ဖြစ်နေလို့ပါ။ HP soap ရဲ့အပူချိန်ကလဲ အဲ့လောက်နီးနီး 160 F လောက်ရှိပါတယ်။
အနံ့တွေကိုထည့်ဖို့အတွက် ချိန်တွယ်ရာမှာ တိကျသေချာမှုရှိတဲ့ ဒီဂျစ်တယ်ချိန်တွယ်စက်လေးတွေကိုသုံးဖို့တိုက်တွန်းပါတယ်။ မီးဖို ချောင်သုံး ရိုးရိးအချိန်အတွယ်တွေက ပမာဏနည်းနည်းကိုချိန်တွယ်ရင် လိုမှု၊ပိုမှု များသွားလေ့ရှိတာကြောင့်ပါ။
1) CP Soap အတွက် ပြုလုပ်မဲ့ အဆီပမာဏတပေါင်မှာ Fragrance Oil .5 oz - .8 oz / 14.8 ml – 23.7 ml (3-5 %) လောက် ထည့်နိုင်ပါတယ်။ အနံ့အပြင်းအပျော့အမျိုးအစားပေါ်မူတည်ပီး နည်းနည်းညှိယူပါ။
2) HP / Re-batch soap တွေအတွက် ဆပ်ပြာတပေါင်မှာ Fragrance Oil .2 oz - .3 oz / 6 ml – 8.9 ml (1-2 %) လောက် ထည့်နိုင်ပါတယ်။ အနံ့အပြင်းအပျော့အမျိုးအစားပေါ်မူတည်ပီး နည်းနည်းညှိယူပါ။
3) MP soap တွေအတွက် ဆပ်ပြာတပေါင်မှာ Fragrance Oil လက်ဘက်ရည်ဇွန်း ¼ - ½ လောက် သုံးနိုင်ပါတယ်။ ရာခိုင်နှုန်းနဲ့ ကတော့ 1-2% ပါ။ ကိုယ်လိုချင်တဲ့အနံ့ပိုလိုချင်ရင် Drop တစက်ချင်းထည့်တိုးသွားကြည့်ပါ။
4) Lotion & Body Wash bases တွေကို ရောမယ်ဆိုရင် ရာခိုင်နှုန်းအရ 1% ထက်မပိုပါစေနဲ့။ လုပ်ပီးသား Lotion, body wash base 1 ဂါလံ (128 oz / 3.8 Liter) ထဲကို 1 – 1.25 oz / 30 – 37 ml နှုန်းလောက်ထည့်နိုင်ပါတယ်။ တခုသတိထားရမှာက ဂါလံထဲကို တန်းမထည့်ပဲ နည်းနည်းခွဲထုတ်ပီး အရင်စမ်းရောကြည့်ပီး စိတ်တိုင်းကျမှ အများကိုရောပါ။ တချို့ Fragrance Oil တွေထည့်ပီးမှ အောက်ခံ base က ပိုပစ်သွားတာ၊ ပိုကျဲသွားတာမျိုးဖြစ်တက်ပါတယ်။
5) Candle (soy, paraffin, parasoy) တွေမှာဆိုရင် wax တပေါင်မှာ Fragrance Oil 1 oz / 30 ml (6%) လောက်ထည့်နိုင်ပါတယ်။ Fragrance Oil တမျိုးချင်းစီအလိုက် စမ်းသပ်ပီးမှ အများကိုလုပ်ဖို့မမေ့ပါနဲ့။
6) Salts, Bath Bomb (Toiletries) တွေအတွက် base (Salts, Scrubs, Bath Bomb mixture) တပေါင်မှာ 1/8 oz – ¼ oz (.5 – 1 %) တပေါင်ရဲ့ 1% က 4.5 g နဲ့ညီပါတယ်။
Herbal extraction ထုတ်တဲ့နည်းတွေကအမျိုးမျိုးရှိပါတယ်။
၁) Water based extraction
- Teas, infusions, decoctions, compresses
၂) Oil based extraction
- Infused oils
၃) Solvent Based
- Alcohol tinctures, Glycerites, infused vinegar, infused honey.
အသေးစိတ်ဆိုရင်အရမ်းရှည်နေလို့မပြောတော့ပါဘူး။
အဲ့ဒီအထဲကအောက်ကဝေမျှတဲ့အကြောင်းတွေကတော့ The institute of Personal Care Science က တင်ထားတဲ့ extract ထုတ်နည်းဖြစ်ပြီး၊ အလှကုန်တွေမှာသုံးတဲ့ tea extract လုပ်နည်းဖြစ်ပါတယ်။
ပထမနည်းက- Cold process နည်းပါ။
သူကတော့ အရက်၊ Vodka နဲ့မထုတ်ဘဲ။ Ethanol နဲ့သာသုံးခိုင်းပါတယ်။
နမူနာအနေနဲ့ လဘက်ခြောက် ၁၀- gram ထဲကို ethanol၂၀ -ဂရမ်ထည့်၊ အကုန်လုံးနှံ့စပ်အောင်သေချာလုပ်ပြီး၊အဖုံးကိုလုံနေအောင်Tapeနဲ့ပိတ်ရပါမယ်။ ၁-ပါတ်လောက်ထားရပါမယ်။ အဲ့ဒီအတွင်းထက်အောက်နှံစပ်အောငိမကြာမကြာလှုပ်ပေးရပါမယ်။
၁-ပါတ်ပြည့်ရင် ဆီစစ်စက္ကူနဲ့အရည်တွေကိုစစ်ယူပါတယ်။
ရလာအရည်တွေကို ရေ၆၀% (သို့) ၄၀% (Distilled water)နဲ့ရောပြီးရင်ရပါပြီ။
ဒုတိယနည်းက Hot process နည်းပါ။
နမူနာအနေနဲ့လဘက်ခြောက် ၁၀-ဂရမ်ကိုရေမြုပ်အောင်ထည့်ပြီး၊ အပေါ်ကနေ Cling film (ပလပ်စတစ်အပါး)နဲ့ပိတ်ပြီးမီးငွေ့ငွေ့နဲ့(ဆူအောင်တည်တာမဟုတ်ပါ)နာရီဝက်ခန်ု့နှပ်ပါတယ်။ ကိုယ်ထုတ်မဲ့ပမဏများရင်၂-၃ နာရီမီးငွေ့ငွေ့နဲ့နှပ်ရပါမယ်။ နာရီပြည့်ရင်အရည်ကိုစစ်ယူပြီး ရေ ၂၀% နဲ့ အလှဆီ၄၀၀ % နဲ့ရောရင်ရပါပြီ။
ရလာတဲ့ extract ၂-မျိုးစလုံးဟာကြာရှည်ခံဆေးထည့်စရာမလိုပါဘူး။
အထက်ကဖေါ်ပြတဲ့နည်းနဲ့ရတာဟာတပိုင်တနိုင်နဲ့မိမိအတွက်၊ မိမိထုတ်ကုန်အတွက်ထုတ်ဖို့ဖြစ်ပါတယ်။သူကနမူနာထုတ်ပြတာဖြစ်ပြီး၊ တကယ်ကိုယ့်အတွက်သုံးရင်၁-ကီလို(၆၀သား) လောက်နဲ့စကြည့်ပါ
ဈေးကွက်မှာရောင်းနေတဲ့ဟာကပိုပြီးခေတ်မှီတဲ့နည်းစနစ်နဲ့ထုတ်ပြီး efficacy data တွေပါပါလို့ပိုကောင်းပေမဲ့၊ ကိုယ့်အတွက်ထုတ်တဲ့အခါမှာသုံးတဲ့ကုန်ကြမ်းအလေးချိန်၊ ရလာတဲ့အရည်၊ ရောလိုက်တဲ့ရေရဲ့အလေးချိန်၊ နောက်ဆုံးရလာတဲ့extract ရဲ့pH တွေကိုသေချာမှတ်ထားရင်၊ တူညီတဲ့အရည်အသွေးရမှာပါ။
စာကြွင်း- Teaဟာ antioxidant ကြွယ်ဝပြီး၊ခန္ဓာကိုယ်အတွက်သာမကအသားအရေကြည်လင်စေတာလူတိုင်းလက်ခံပါတယ်။ အနောက်နိုင်ငံတွေမှာဆိုမျက်လုံးတဝိုက်ကဖောင်းဖောင်းကြီးဖြစ်နေရင်၊ သုံးပြီးသားtea bag ကိုအအေးခံပြီး၊ မျက်ခွံပေါ်တင်ထားလိုက်ရင်ကောင်းသွားပါတယ်။ ဒါဟာလူတိုင်းသိတဲ့ဆေးမှီတိုပါ။
အခုရလာတဲ့ Tea extract ကိုလည်း face mask ထုတ်တဲ့အခါ၊ မျက်နှာလိမ်း cream၊ hair serums တွေလုပ်ရင်ထည့်သုံးလို့ရပါတယ်။
လဘက်တွေလှိုင်လှိုင်ထွက်တဲ့မြန်မာပြည်မှာလည်းစမ်းထုတ်ကြည့်ကြပါ။ လဘက်စို၊ လဘက်ခြောက်၊ လဘက်ရွက်စိမ်းတွေကလည်းပေါပါတယ်။ ပစ္စည်းသန့်သန့်ကိုသာရွေးပါ။
တခြားပန်းတို့၊အရွက်တွေနဲ့လည်းလုပ်လို့ရပါတယ်။
ကိုယ်ကတော့ ရှောက်သီးခွံတွေနဲ့ lemon extract လုပ်ထားပါတယ်။ Cold process နဲ့ Hot process ကြား ရေသန့်၁-ဆနဲ့ အလှဆီ၃-ဆအချိုးကျထည့်ပြီးစိမ်ထားပါတယ်။ ၆-ပါတ်လောက်စိမ်ပြီး၊ ခေါင်းလျှော်ရည်ထဲထည့်ဖို့ပါ။
Surfactants တွေများစွာရှိတဲ့ထဲကမှ SLS ,SLES & SLSaအကြောင်းလေးတွေshareလုပ်ချင်ပါတယ် ။
SLS,SLSaတွေက တူသလိုလိုရှိပေမယ့် မတူပါဘူး။ SLES ကတော့ paste or liquid type ဆိုတော့ appearance ကွဲထွက်နေတော့သိပ်မမှား/မရော ကြပါဘူး။
အကုန်လုံးကတော့ surfactants တွေဖြစ်ပါတယ်။ ချေးချွတ်အားကောင်းတယ် အမြှုပ်ထအားကောင်းတယ်။mixtureတွေကိုတသားထဲဖြစ်စေတယ်။
ဆီနဲ့ရေဒီတိုင်းထည့်လိုက်ရင်မရောပေမယ့်Surfactants တွေရောနှောထည့်လိုက်တဲ့အခါ homogeneous mixture အနေနဲ့ဖြစ်လာပါတယ်။ Surface tensions တွေလျော့ချပေးပြီး layer (example:oil&water)တွေကိုပေါင်းစပ်စေတာကြောင့် emulsifier လို့လဲခေါ်ကြပါသေးတယ်။
Chemicals name;
SLS:Sodium Laureth Sulfate(SLS)
Color အနေနဲ့ အဖြူ ရောင် ကနေအဝါရောင်နုနုထိ ရှိတတ်ပါတယ်။ အမှုန့် သို့အချောင်းအနေနဲ့တွေရတတ်ပါတယ်။
SLES:Sodium lauryl sulfate(SLES)
Color အနေနဲ့ အဖြူ ရောင် ကနေအဝါရောင်နုနုထိ ရှိတတ်ပါတယ်။ paste or liquid type နဲ့ တွေ့ရတတ်ပါတယ်။
SLSa:Sodium lauryl sulfoacetate(SLSa)
တွေ့မိသလောက် SLSaအားလုံးက powder type နဲ့လာပါတယ် ။
❇️SLS:ပန်းကန်ဆေးဆပ်ပြာ/အဝတ်လျော်ဆပ်ပြာ/သံချေးချွတ်ဖို့အတွက်ပြုလုပ်တဲ့ Spray တွေမှာသုံးကြပါတယ်။
SLS ကမကောင်းတာမဟုတ်ပါဘူး ။
သူ့လုပ်ဆောင်ချက်ကကောင်းမွန်ပါတယ်။
Skin အတွက်safe မဖြစ် တာပါ။ သူကလူတွေရဲ့ အပေါ်ယံအရေပြားလွှာတစ်ခုလုံး တိုက်စားပစ်လောက်တဲ့ ထိcleansing လုပ်ပေးတဲ့အတွက် နောက်ဆက်တွဲအနေနဲ့ အသားခြောက်ခြင်း/အသားယားယံ/နီမြန်း/နောက်ဆုံး အရေပြားကင်ဆာထိပါဖြစ်လာစေပါတယ်။
အဲ့တာကြောင့်မို့SLS ကို shampoo,Body wash ,Facial Foam (လူ့အသားရေနှင့်တိုက်ရိုက်ထိတွေ့မည့်ပစ္စည်း)တွေမှာ ထည့်သွင်းအသုံးမပြုရပါဘူး။
❇️SLES : SLS ထက်ပြင်းအားနည်းနည်းပဲလျော့ပါတယ်။ skin အတွက်safe မဖြစ်ပါဘူး။ကာဆီနိုဂျင် ပါဘဲ ။(ကင်ဆာဖြစ်စေတဲ့အရာ) ။အသည်းခြောက်တာတွေထိပါဖြစ်စေနိုင်ပါတယ်။
သူလဲပဲ SLS အလားတူ hair &body (လူ့အသားရေနှင့်တိုက်ရိုက်ထိတွေ့မည့်ပစ္စည်း)
အတွက်ထုတ်တဲ့product တွေမှာ အသုံးမပြုသင့်ပါဘူး။
❇️SLSa:သူကတော့ coconut oils တို့ palm oils တို့ကနေ ရရှိလာတဲ့ပစ္စည်းတစ်မျိုးပါ။
SLSa ကSkin အတွက်safe ဖြစ်ပါတယ် ။
ခေါင်းလျော်ရည်/ရေချိုးဆပ်ပြာ/မျက်နှာသစ်/သွားတိုက်ဆေး bath boom/bubble bar... စတာတွေမှာ ကိုယ့်စိတ်ကြိုက်လိုချင် တဲ့ အမြုပ်ပမာဏအတိုင်းချိန်ဆထည့်နိုင်ပါတယ်။
မှတ်ချက်။သူလည်းပဲအသားခြောက်တဲ့သူတွေဆို မသုံးရင်အကောင်းဆုံးပါ ။skinနီမြန်း/ယားယံခြင်းတွေဖြစ်ပေါ်စေနိုင်တာကိုတော့မေ့ထားလို့မရပါဘူး။
SLS,SLSa,SLESတွေရဲ့ effect ကိုသိသွားတဲ့အတွက် ဘယ်နေရာတွေမှာဘယ် surfactant (SLS,SLSa,SLES) ကိုရွေးချယ်သုံးရမယ်ဆို တာတိတိကျကျသိသွားပီမို့ ဝယ်ယူတဲ့အခါမှာလဲ အမှားယွင်းမဖြစ်စေနိုင်တော့ပါဘူး။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mingalar
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |
