I'Aura By Thandar
Beauty For Skin
06/01/2024
စိုပြေတဲ့ မျက်နှာ ရဖို့ ကိုယ့်တွက်တော့ သူလေးရှိရင်ပြည့်စုံပီ🙀
Gel 12900
01/01/2024
🔥
15/12/2023
HELLO💗
မင်မင့် Page ထဲက သဇင်ပန်း ချစ်တဲ့ ထား၀ယ်သူကာကာတို့ရေ 🙀
မင်မင့်အိမ်မှာ သဇင်ပန်းရှိတယ်နော်🤩 အများကြီးတော့ မရှိပါဘူး😁
သဇင်ပန်းလေးနဲ့ လှချင်တယ်ဆို အမြန်ဦးထားနော် 🏃
စရံချထားတဲ့သူက ရှိပီးသားမို့ပါ😘
Organic အိမ်မှာ စိုက်ထားတဲ့ပန်းမို့ တော်တော်ခံတယ်🔥
၁ခက်မှ ၅၀၀၀ကျပ်ပါရှင့် (ထား၀ယ်သဇင်လေးပါနော်)
#ထား၀ယ်သဇင်
27/11/2023
မင်္ဂလာနံနက်ခင်းလေးပါရှင့်
တန်ဆောင်မုန်းလပြည့်နေ့
သာမညဖလ အခါတော်နေ့ "
🙏🙏🙏🙏
ယနေ့ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်နေ့အခါသမယမှာ
-မြန်မာပြည်သူ ပြည်သားများအားလုံး
-ခုနှစ်ရက် - သားသမီးများအားလုံး
စိတ်နှလုံးအေးချမ်းပြီး
"အန္တရာယ်ကင်းပါစေ , ဘေးရန်ကင်းပါစေ
သွားလမ်းသာလို့ , လာလမ်းဖြောင့်ကြပါစေ
ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့်
လိုအင်ဆန္ဒများ ပြည့်စုံကြပါစေ" လို့
ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်ရှင့် 🙏🙏🙏
#တန်ဆောင်မုန်းလပြည့်နေ့
#သာမညဖလအခါတော်နေ့
29/10/2023
═════════════════════
❝ အဘိဓမ္မာ အခါတော်နေ့ ❞
═════════════════════
••
••
သီတင်းကျွတ်လပြည့် အမှတ်တရများ
မြန်မာပြက္ခဒိန်အရ ဒီကနေ့ဟာ ဗုဒ္ဓသာသနာတော်မှာ ထူးခြားတဲ့ လပြည့်နေ့တစ်နေ့ ဖြစ်တယ်။ ဒီလပြည့်နေ့မှာ ထူးခြားတဲ့ အကြောင်းများစွာ ဖြစ်ခဲ့မည် ဖြစ်သော်လည်း မှတ်တမ်းတင်ထားတာလေးကို ဘုန်းကြီးတို့ မှတ်သားကြရမယ်။ အားလုံးသိတဲ့အတိုင်း ဒီကနေ့က အဘိဓမ္မာတရားပွဲကြီး ပြီးဆုံးတဲ့နေ့ဖြစ်တယ်။ ဒါကြောင့် “အဘိဓမ္မာအခါတော်နေ့” လို့ သတ်မှတ်ကြတယ်။ အဘိဓမ္မာစဟောတဲ့နေ့ မဟုတ်ဘူး၊ ဝါတွင်းသုံးလ ဟောကြားတော်မူခဲ့တဲ့ အဘိဓမ္မာတရားတော်ကြီးဟာ ဒီကနေ့မှာဘဲ ပြီးဆုံး၍ နိဂုံးအုပ်နိုင်ခဲ့တယ်။
ဗုဒ္ဓမြတ်စွာက တာဝတိံသာနတ်ပြည်တက်ပြီး အင်မတန်လေးနက်တဲ့ ဓမ္မသဘာဝတွေကို အသေးစိတ် ဟောခဲ့တယ်။ အဘိဓမ္မာ (၇) ကျမ်းကို ချဲ့ဖွင့်ပြီး နတ်တွေနဲ့ ထိုက်တန်အောင် လေးနက်မှုရှိတဲ့ အဘိဓမ္မာတရားတော်ကြီးကို သုံးလပတ်လုံး ဟောကြားခဲ့တယ်ဆိုတာ ဗုဒ္ဓဘာသာသူတော်စင်တွေအားလုံး သိကြတယ်။ ဒီကနေ့ မြတ်စွာဘုရား ဟောကြားတော်မှုခဲ့တဲ့ အဘိဓမ္မာတရားတော်ကြီးဟာ တာဝတိံသာနတ်ပြည်မှာ ပြီးဆုံးလို့ နိဂုံးချုပ်တဲ့နေ့လို့ ပြောရမှာဖြစ်တယ်။ ဒါလည်း ထူးခြားချက်တစ်ခုလို့ ဆိုရမယ်။
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ ဝါတွင်းသုံးလ ဆွမ်းစားချိန်ကျတိုင်း လူ့ပြည်သို့ ကြွရောက်ပြီး ဆွမ်းဘုန်းပေးတယ်။ နေ့စဉ်လာရောက်တွေ့ဆုံတဲ့ ရှင်သာရိပုတ္တရာမထေရ်မြတ်အား အဘိဓမ္မာရဲ့ အနှစ်ချုပ်တွေကို ဟောကြားပေးခဲ့တယ်။ ရှင်သာရိပုတ္တရာ အရှင်မြတ်ကလည်း ဉာဏ်ပညာ အလွန်ကြီးမားတယ်။ မြတ်စွာဘုရား အကျဉ်းချုပ်ဟောကြားခဲ့တဲ့ အဘိဓမ္မာတရားကို မိမိရဲ့ဉာဏ်ဖြင့် စီစဉ်ပြီး တပည့် ရဟန်းငါးရာကို ထပ်ဆင့်ဟောကြားခဲ့တာ။ အဲဒီ အဘိဓမ္မာတရားတွေရဲ့ အဆုံးသတ်နေ့ကလည်း ဒီနေ့ပဲ။ ဆိုလိုတာက အဘိဓမ္မာတရားတော်သည် နတ်ပြည်မှာဟောတဲ့ အဘိဓမ္မာတရား။ လူ့ပြည်မှာ ရှင်သာရိပုတ္တရာဟောကြားတဲ့ အဘိဓမ္မာတရားလို့ နှစ်မျိုးရှိတယ်၊ အဲဒီ အဘိဓမ္မာ ဒေသနာ နှစ်ရပ်စလုံးဟာ ဒီကနေ့ တစ်ပြိုက်နက် နိဂုံးချုပ်နိုင်ခဲ့တယ်။
စတင်ပြီးဟောတဲ့နေ့ကို “အဘိဓမ္မာအခါတော်နေ့” လို့ မသတ်မှတ်ဘဲ ပြီးဆုံးတဲ့နေ့ကို အဘိဓမ္မာအခါတော်နေ့ လို့ ဘာလို့ သတ်မှတ်ရသလဲဆိုရင် စဟောတဲ့နေ့က အဘိဓမ္မာတရား ပြည့်ပြည့်စုံစုံ ဟောခဲ့သေးတာ မဟုတ်သေးဘူး။ အခုလို နောက်ဆုံး အဘိဓမ္မာ (၇)ကျမ်းဟောလို့ နိဂုံးအုပ်နိုင်တဲ့နေ့ကို အဘိဓမ္မာအခါတော်နေ့ လို့ သတ်မှတ်တာက ပိုပြီးသဘာဝကျတယ်။ များသောအားဖြင့် မှတ်တမ်းတွေထဲမှာ မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာတရား ဟောတဲ့အခါမှာ ရပ်ဆိုင်းခြင်းမရှိဘဲနဲ့ ဟောတယ်၊ အသံမစဲ ဟောတယ်ပေါ့လေ။ အဘိဓမ္မာတရားတော်ကိုပဲ ဟောတယ်လို့ အများက သိနေကြသော်လည်း ရံခါရံခါ တရားနာတဲ့ နတ်တွေအတွက် လိုအပ်တဲ့အချက်တွေကို ထည့်သွင်းဟောသွားတာတွေလည်း ရှိတယ်ဆိုတာ ပိဋကတ်စာပေ သဲလွန်စအရ သိရှိရတယ်။
အဘိဓမ္မာဟောရင်း ဟောပြောသွားတဲ့ တရားတွေရှိတယ်ဆိုတာ လောမသကင်္ဂိယ ဘဒ္ဒေကရတ္တ သုတ္တန် ဆိုတာ ရှိတယ်။ အဲဒီ ဘဒ္ဒေကရတ္တသုတ်အရ အဘိဒမ္မာတရား ဟောတုန်းက ကိုယ်တိုင်နာခဲ့တဲ့ စန္ဒနနတ်သားက ရှင်လောမသကင်္ဂိယနဲ့ တွေ့တဲ့အခါမှာ ဘဒ္ဒေကရတ္တသုတ် အနှစ်ချုပ်ဂါထာကို နာခဲ့ရတဲ့အကြောင်းကို လျှောက်ထားဖူးတယ်။
အဲဒီသဲလွန်စ စကားအရ သုံးလပတ်လုံး အဘိဓမ္မာတရားဟောတယ်လို့ ယေဘုယျအားဖြင့် ဆိုနိုင်သော်လည်း နတ်တွေရဲ့ စရိုက်ဝါသနာတွေကိုကြည့်ပြီး တရားထူးတရားမြတ် ရစေဖို့အတွက် သုတ္တန်တရားများကိုလည်း ထည့်သွင်းဟောကြားတယ်လို့ ဒီလိုမှတ်သားသင့်တယ်။
အဘိဓမ္မာဒေသနာတော်ဆိုတာဟာ ပရမတ္ထတရားလေးပါးကို အခြေပြုတယ်။ သို့သော် အခြေပြုတဲ့ ပရမတ္ထတရားလေးပါးကိုပဲ ရှုထောင့်ပေါင်း မြောက်များစွာကနေ ချဲ့ထွင်ပြီးတော့ ဟောတာ။ အားလုံးသိကြတဲ့အတိုင်း အဘိဓမ္မာ (၇) ကျမ်းမှာ အကျယ်ဆုံးကျမ်းဟာ “အနန္တနယသမန္တ ပဋ္ဌာန” လို့ခေါ်တဲ့ ပဋ္ဌာန်းကျမ်းကြီးပေါ့။ မြန်မာပြည်မှာ ပဋ္ဌာန်းစာအုပ်ကို ပေယျာလမြှုပ်ပြီး ပုံနှိပ်ထားတာဖြစ်လို့ (၅) အုပ်ပဲရှိတာ။ တကယ်တော့ ပေယျာလမမြှုပ်ဘဲ မေးခွန်းနဲ့ အဖြေတွေအားလုံး ထုပ်ဖော်ပြီး စာအုပ်အဖြစ် ပုံနှိပ်မယ်ဆိုရင် အခု ရတနဃရဗိမာန်ကြီးပင် စာအုပ်တွေနဲ့ ပြည့်လျှံသွားနိုင်တယ်။ အဲဒီလောက်ထိ ထုထည်ကြီးမားတယ်လို့ မှတ်သားကြရတယ်။
လောကမှာ ရှိသမျှအကြောင်းတရားတွေကို ပြည့်ပြည့်စုံစုံ ဟောကြားခဲ့တာ ဒီအဘိဓမ္မာပဲ။ အဘိဓမ္မာဆိုတာ အဘိဝိသိဋ္ဌဓမ္မ ထူးခြားတဲ့ဓမ္မတွေပါဝင်တဲ့ ဒေသနာ၊ သို့မဟုတ် အတိရေကဓမ္မ ပိုပြီး ပြည့်ပြည့်စုံစုံဟောထားတဲ့ ဒေသနာဖြစ်တယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် “အဘိ” ဆိုတာ အလွန်လေးနက်တဲ့။ “ဓမ္မ” ဆိုတာ သဘာဝတရားဓမ္မများကို ဆိုလိုတယ်။ သာမန်ပုဂ္ဂိုလ်တွေက “ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ” ဆိုတဲ့ လောကဝေါဟာရအရသာ သိနေကြသော်လည်း မြတ်စွာဘုရားက အဘိဓမ္မာတရားတော်ကို သမ္မုတိသစ္စာပိုင်းက စကားလုံးတွေ များများမသုံးဘဲနဲ့ ပရမတ္တဆိုက်ထိတဲ့ စကားလုံးတွေ သုံးနှုန်းဟောပြသွားတာ ဖြစ်တယ်။ အဘိဓမ္မာတရားတော်ဟာ သုတ္တန်တွေထက် ပိုပြီးလေးနက်တယ်၊ ပိုပြီးပြည့်စုံတယ်။
သုတ္တန်ပါဋ္ဌိဆိုတာ လူတွေရဲ့ စရိုက် ဝါသနာ အခြေအနေကိုကြည့်ပြီး ဆုံးမသွန်သင်ခဲ့တဲ့ တရားဒေသနာတော်များ ဖြစ်တယ်။ အဘိဓမ္မာကတော့ စရိုက်ဝါသနာများကို ရှုငဲ့ခြင်းမပြုဘဲ “ဘယ်လို သဘာဝတရားတွေ အချင်းချင်း အမှီပြုဆက်သွယ်ပြီး ဖြစ်ကြသလဲ” ဆိုတာကို ရှင်းပြတယ်။ သဘာဝတရားသက်သက် အကျယ်ချဲ့ ဟောထားတာဖြစ်လို့ အင်မတန်မှ ထူးခြားတဲ့ ဒေသနာတော်တစ်ရပ်လို့ ဗုဒ္ဓဘာသာဝင်တွေအားလုံး တစ်ညီတည်း လက်ခံထားကြတယ်။
အဲဒီ အဘိဓမ္မာဒေသနာတော်ကို အကျယ်ချဲ့ပြီး တာဝတိံသာနတ်ပြည်မှာ မြတ်စွာဘုရားဟောတာက တစ်ပွဲ၊ လူ့ပြည်မှာ မြတ်စွာဘုရားဆီက နည်းခံပြီးတော့ ရှင်သာရိပုတ္တရာ ဟောတာက တစ်ပွဲလို့ အဘိဓမ္မာတရားပွဲကြီး နှစ်ပွဲဟာ တစ်ပြိုက်နက် ပြီးဆုံးတယ်လို့ ပြောရမယ်။ ဒီကနေ့ လူ့ပြည်ရောက်လာတဲ့ အဘိဓမ္မာတရားတော်ဟာ ရှင်သာရိပုတ္တရာဟောတဲ့ အဘိဓမ္မာတရားလို့ မှတ်ယူရမှာ ဖြစ်တယ်။ “အဘိဓမ္မော ပါစနာမဂ္ဂေါ နာမ သာရိပုတ္တထေရပ္ပဘဝေါ” အဘိဓမ္မာမှာ အခုလို အစီအစဉ်တကျ “ဝါစနာမဂ္ဂ” ပို့ချတဲ့အစဉ်၊ (သို့မဟုတ်) အဘိဓမ္မာ လက်ချာဟာ ရှင်သာရိပုတ္တရာ ပေးသွားတဲ့အတိုင်း မှတ်တမ်းတင်ထားတာ ဖြစ်တယ်။ လူသားတွေနဲ့ သင့်လျော်ရုံ မကျဉ်းမကျယ် စီစဉ်ထားတဲ့ အဘိဓမ္မာတရား ဖြစ်တယ်။ နတ်ပြည်မှာဟောတဲ့ အဘိဓမ္မာတရားကတော့ ဒီထက်ပိုပြီး ကျယ်ဝန်းတယ်။
အဲဒီ အဘိဓမ္မာကို မြတ်စွာဘုရား ပြည့်ပြည့်စုံစုံဟောကြားပြီး ဒီကနေ့ပဲ နိဂုံးချုပ်နိုင်ခဲ့တာပါ။ အဲဒီလို နိဂုံးချုပ်နိုင်တဲ့အခါမှာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးကို လူ့ပြည်ပြန်ကြွဖို့ လာရောက်ပင့်တဲ့ ပုဂ္ဂိုလ်က ဘယ်သူလဲဆိုရင် ရှင်မဟာမောဂ္ဂလာန် ဖြစ်တယ်။ ရှင်လူပရိသတ်ဟာ ဝါတွင်းသုံးလပတ်လုံး မြတ်စွာဘုရားကို စောင့်မျှော်ပြီး နေကြတယ်။ မြတ်စွာဘုရား အပြန်ခရီးဟာ ဘယ်ကလာမယ်ဆိုတာကို သိချင်ကြတယ်။ ရှင်သာရိပုတ္တရာက တန်ခိုးအရာ ထူးချွန်သူ မဟုတ်သည့်အတွက် ရှင်သာရိပုတ္တရာဆီ ချဉ်းကပ်ပြီး မမေးကြဘူး။ တန်ခိုးအရာ ဧတဒဂ်ရတဲ့ ရှင်မောဂ္ဂလာန်ထံ ချဉ်းကပ်ပြီး မေးကြတယ်။ မြတ်စွာဘုရားကို လူ့ပြည်ပြန်ကြွဖို့ သွားရောက်ပင့်တာကတော့ ရှင်မောဂ္ဂလာန်ပဲ ဖြစ်တယ်။
မြတ်စွာဘုရား မိန့်ကြားချက်အရ နတ်ပြည်က အပြန်ခရီးမှာ သင်္ကဿမြို့မှာ ဆင်းသက်မယ်။ အဲဒီ နေရာဌာနကိုပဲ ပရိသတ်တွေက ပြောင်းရွေ့ပြီး မြတ်စွာဘုရား ပြန်ကြွလာမယ့်အချိန်ကို စောင့်မျှော်နေကြတာ ဖြစ်တယ်။ မြတ်စွာဘုရား လူ့ပြည်ပြန်ကြွလာတဲ့နေ့ဟာ ဒီကနေ့ဆိုတော့ ထူးခြားချက်တစ်ခုပဲလို့ သတ်မှတ်ရမယ်။ သီတင်းကျွတ်လပြည့်နေ့ဟာ အင်မတန်မှ ထူးခြားတယ်။
မြတ်စွာဘုရား စောင်းတန်းသုံးသွယ်ဖြင့် နတ်ပြည်မှ ကြွဆင်းတယ်ဆိုတာ ထားလိုက်တော့။ မြတ်စွာဘုရား ကြွလာတယ်။ နတ်တွေလိုက်ပြီး ပို့ဆောင်ကြတယ်။ သင်္ကဿမြို့မှာ ပြန်ပြီးဆင်းသက် ကြွရောက်လာတယ်။ အဲဒီလို မြတ်စွာဘုရား လူ့လောက ပြန်လည်ခြေချတဲ့အချိန်မှာ ဘုရားကို ပထမဆုံး ရှိခိုးနှုတ်ဆက်ခွင့်ရတဲ့ ပုဂ္ဂိုလ်က ဘယ်သူလဲဆိုရင် ရှင်သာရိပုတ္တရာမထေရ်မြတ် ဖြစ်တယ်။ ရှင်သာရိပတ္တရာဟာ ဝါတွင်းသုံးလ မြတ်စွာဘုရားထံက အဘိဓမ္မာတရားတွေကို သင်ယူခဲ့တာ ဖြစ်တယ်။ နေ့စဉ်နဲ့အမျှ မြတ်စွာဘုရားနဲ့ ရှင်သာရိပုတ္တရာတို့ ဆက်သွယ်မှု ရှိနေကြတယ်။ လူ့ပြည်ကို ပြန်ရောက်တဲ့ အချိန်မှာ ပထမဆုံး ခြေတော်အစုံကို ဦးတိုက်ပြီး ရှိခိုးခွင့်ရတာလည်း ရှင်သာရိပုတ္တရာမထေရ်မြတ်ပဲ။
ဒုတိယ ဦးခိုက်ခွင့်ရသူကတော့ အမျိုးသမီး ဘိက္ခုနီတစ်ဦးပဲ။ ဥပ္ပလဝဏာထေရီလို့ ခေါ်တယ်။ မြတ်စွာဘုရားကို ဒုတိယမြောက် ရှိခိုးကန်တော့ခွင့် ရသူဖြစ်တယ်။ အင်မတန်များပြားတဲ့ ပရိသတ်ကြီးထဲမှာ ဒီအခွင့်အရေးရတယ်ဆိုတာ နည်းတာမဟုတ်ဘူးလေ၊ ကြီးမားတဲ့ အခွင့်အရေးကြီးပဲ။ အမျိုးသားထဲက ရှင်သာရိပုတ္တရာ၊ အမျိုးသမီးဘိက္ခုနီတွေထဲက ဥပ္ပလဝဏာထေရီမတို့ဟာ အင်မတန်ထူးခြားတဲ့ အခွင့်အရေးကြီးတွေကို ရရှိကြတယ်။ ဒီနေရာမှာ အရှင်အာနန္ဒာတို့ အရှင်မောဂ္ဂလာန်တို့ ဒီအခွင့်အရေးရတယ်ဆိုတာ စာထဲမှာ မှတ်တမ်းမရှိဘူး။ ဒါကလည်း ဒီမြတ်စွာဘုရား သာသနာတော်နဲ့ ပတ်သက်ပြီး ဒီကနေ့ ထူးခြားချက်ပဲလို့ ဒီလိုကြည့်ရမယ်။
အဲဒီမှာ ပထမဆုံးဦးတိုက်ခွင့်ရတဲ့ ရှင်သာရိပုတ္တရာမထေရ်မြတ်က ခမ်းခမ်းနားနားနဲ့ လူ့ပြည်ပြန်လည်ရောက်ရှိလာတဲ့ မြတ်စွာဘုရားကို ကြိုဆိုရင်း နှုတ်ဆက်တယ်။
“နမေ ဒိဋ္ဌော ဣတော ပုဗ္ဗေ၊ န သုတော ဥဒ ကဿစိ” ယခင်က သူတစ်ခါမှ ဒီလိုခမ်းနားကြီးကျယ်တဲ့ မြတ်စွာဘုရားရဲ့ ကျက်သရေတွေကို မတွေ့ရဘူးပါဘူး။ ဘယ်သူဆီကမှလည်း ဒီလို ကျက်သရေရှိတဲ့ မြတ်စွာဘုရား နတ်ပြည်က လူ့ပြည်ပြန်ရောက်လာတယ်ဆိုတဲ့ သတင်းကိုလည်း မကြားရဘူးပါဘူး။ အင်မတန်မှ ခမ်းနားကြီးကျယ်စွာ မြတ်စွာဘုရားကို တစ်လောကလုံးက ဦးညွှတ်ပြီးတော့ လူတွေသာမက နတ်တွေ ဗြဟ္မာတွေ စကြာဝဠာပေါင်း မြောက်များစွာက ကောင်းကင်ယံကြီးတစ်ခုလုံး ပြည့်နေအောင် ဦးတိုက်ရှိခိုးကြတယ်။ ဗုဒ္ဓရဲ့ အသရေတော်ဟာ အင်မတန်မှ ထူးခြားလှပါတယ်လို့ ရှင်သာရိပုတ္တရာမထေရ်မြတ်က လျှောက်ခဲ့တာပါ။
ရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ ပညာအရာ အင်မတန်ကြီးတယ်။ “နမေ ဒိဋ္ဌော ဣတော ပုဗ္ဗေ” ဒီအရင်တုန်းက မြတ်စွာဘုရား အခုလို ခမ်းခမ်းနာနားကြီးကျယ်စွာ ကြွရောက်လာတာ သူမမြင်ဖူးဘူး၊ “န သုတော ဥဒကဿစိ” ဘယ်သူ့ထံမှလည်း မကြားဖူးဘူး၊ အင်မတန်မှ ထူးခြားတယ်လို့ မြတ်စွာဘုရားကို ဦးစွာ နှုတ်ဆက်စကား ပြောကြားခဲ့တာ ဖြစ်တယ်။
လူထုကြားမှာ အလွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ ရှိသေးတယ်။ အဲဒါ ဘယ်သူတွေတုန်းဆိုရင် နတ်ပြည်ရောက် မြတ်စွာဘုရားရဲ့ သတင်းတွေကို ပြန်ကြားပေးနေတဲ့ ရှင်မောဂ္ဂလာန်နဲ့ ရှင်အနုရုဒ္ဓါတို့ပဲ ဖြစ်တယ်။ အရှင်မောဂ္ဂလာန်နဲ့ ရှင်အနုရုဒ္ဓါတို့ဟာ ပရိသတ်ကြားမှာ အတော့်ကို popular ဖြစ်ကြတယ်။ ဘာဖြစ်လို့တုန်းဆို တန်ခိုးရှင်တွေ ဖြစ်လို့ပဲ။ တန်ခိုးရှင်တွေဟာ အလွန် popular ဖြစ်တယ်။
ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန်တို့ ၂-ပါးဟာ အင်မတန်မှလည်း ရင်နှီးကြတာ။ သို့သော် တန်ခိုးအရာမှာ ထူးခြားပြောင်မြောက်တာက ရှင်မောဂ္ဂလာန် ဖြစ်တယ်။ ရှင်မောဂ္ဂလာန်ဟာ လူ့လောကအလယ်မှာ အလွန်ထင်ရှားတယ်။ ရှင်မောဂ္ဂလာန်ကြောင့် ဗုဒ္ဓသာသနာတော်ကို သူသိများပြီး ကြီးပွားတိုးတက်တယ်လို့ ယူဆကြတယ်။ ဒါကြောင့်မို့ ရှင်မောဂ္ဂလာန်ကို အပြတ်ရှင်းတယ်ဆိုတာ ဒီကိစ္စလည်းပါတယ်။ အတိတ်က ဝဋ်ကြွေး ဆိုတာထားလိုက်၊ ပစ္စုပ္ပန်လုပ်ရပ်က အဲဒီဘက်ကို ဦးလှည့်နေတယ်။
ဒါတင်မကဘူး၊ ရှင်မောဂ္ဂလာန်ရဲ့ စွမ်းဆောင်မှုတွေက ဘာတွေတုန်းဆိုရင် ရှင်မောဂ္ဂလာန်ဟာ ဒေသစာရီ ကြွချီလေ့ရှိတယ်။ နတ်ပြည်ရောက်လိုက်၊ ဒုဂ္ဂတိဘုံတွေရောက်လိုက်နဲ့ လှည့်လည် သွားလာပြီး နတ်ပြည်က နတ်သားနတ်သမီးတွေ ဘာကုသိုလ်တွေလုပ်လို့ ဒီလိုစည်းစိမ်တွေ ရတာတုန်းဆိုတာ မေးတယ်။ မေးပြီး လူ့ပြည် ပြန်ဟောတယ်၊ တစ်ခါ ဆင်းရဲဒုက္ခ ရောက်နေကြတဲ့ ဒုဂ္ဂတိဘုံတွေဆီ သွားတယ်။ သွားပြီး ဘာကြောင့် ဒီလိုဒုက္ခခံရသလဲ၊ ဘာကြောင့် ဒီဘဝရလာတာလဲ၊ ဘယ်ဘဝက လာတာလဲလို့ ဆိုတာတွေ မေးမြန်းပြီး လူ့ပြည် ပြန်ဟောတယ်။ ဝိမာနဝတ္တု တို့ ပေတဝတ္တု တို့ဟာ အများအားဖြင့် ရှင်မောဂ္ဂလာန်မထေရ်မြတ်ရဲ့ ”ခရီးသွားမှတ်တမ်း” တွေလို့ ပြောရမှာပဲ။ သူကိုယ်တိုင် သွားရောက်စုံစမ်းပြီး ကံ,ကံ၏အကျိုးကို ဖော်ညွှန်းတဲ့ ဒီဒေသနာတော်တွေနဲ့ လူ့လောကမှာ သာသနာပြုတာ။ အလွန်အောင်မြင်ခဲ့တယ်လို့ ဒီလိုပြောရမှာဘဲ။
အဲဒီတော့ ရှင်မောဂ္ဂလာန်တို့က ပရိသတ်ထဲမှာ အလွန်လူသိများ၍ ထင်ပေါ်ကျော်ကြားမှုကို ရရှိနေကြတယ်။ အဘိဓမ္မာတရားတော်ကို မြတ်စွာဘုရားဆီက သင်ယူပြီး သူ့ရဲ့ တပည့်သာဝက ငါးရာကို သင်ကြားပို့ချနေတဲ့ ရှင်သာရိပုတ္တရာကတော့ လူသိနည်းတယ်။ ဒီပရိသတ်ကြီးက ရှင်သာရိပုတ္တရာရဲ့ ပညာစွမ်းကို မသိကြဘူးတဲ့။
ပညာဆိုတာ အင်မတန်မှ နက်နဲတယ်၊ ခက်ခဲတယ်၊ ရှင်မောဂ္ဂလာန်လို တန်ခိုးရှင်တွေဟာ တောင်ကြီးလို ထင်ပေါ်ကျော်ကြားနေပေမယ့် ရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ ပညာအရည်အချင်းကိုတော့ လူတွေက သိပ်မသိကြဘူး။ အဲဒီမသိတာကို သိစေလိုတဲ့ဆန္ဒ မြတ်စွာဘုရားမှာ ရှိတယ်။ ဒီလောက် များပြားလှတဲ့ သံဃာ့ပရိသတ်ထဲမှာ ဗုဒ္ဓဝိသယ ဘုရားအရာ ဘုရားမှသာ ဖြေနိုင်တဲ့ မေးခွန်းမျိုးကို မေးလိုက်တဲ့အခါ ဖြေနိုင်သူ မရှိကြဘူး၊ ရှင်သာရိပုတ္တရာတစ်ပါးသာ ဖြေဆိုနိုင်တယ်။ အဲဒီအချိန်ကျမှ ပရိသတ်ကြီးက ရှင်သာရိပုတ္တရာဟာ ဘုရားပြီးရင် ပညာအကြီးဆုံးပဲလို့ သိပြီး ရှိခိုးဦးညွှတ်လာကြတယ်။
ဆိုလိုတာက “အဘိဓမ္မာအခါတော်နေ့မှာ မြတ်စွာဘုရားက ပညာရှင်တွေရဲ့ ဂုဏ်ကျေးဇူးကို ထုတ်ဖော်တယ်” လို့ ဒီလိုပြောလို့ရတယ်။ ပညာရှင်ဆိုတာမျိုးက ဘာနဲ့တူတုန်းဆိုလို့ရှိရင် စည်ကြီးနဲ့ တူတယ်။ စည်ဟာ တီးမှ အသံထွက်တယ်။ ပညာရှိကလည်း မေးမှပြောတယ်။ အဲဒါကြောင့်မို့ popular မဖြစ်ဘူး။
ပညာရှိဆိုတာ ဆားအိုး
အရှင်မောဂ္ဂလာန်နဲ့ ရှင်သာရိပုတ္တရာတို့ တစ်ခါတုန်းက ပြောကြဆိုကြတာရှိတယ်။ ရှင်သာရိပုတ္တရာက ပထမဆုံး ဥပမာပေးပြီးတော့ ရှင်မောဂ္ဂလာန်ကို ပြောတယ်။ “အင်မတန်မြင့်မားတဲ့ တောင်ကြီး” လိုပါပဲ။ တပည့်တော်တို့ကတော့ အဲဒီ တောင်ထဲမှာရှိတဲ့ ကျောက်တုံးလေး တစ်တုံးလောက်ပါပဲလို့ ရှင်မောဂ္ဂလာန်ကို ဂုဏ်တင်ပြီး ပြောခဲ့တယ်။ ရှင်မောဂ္ဂလာန်က တောင်ကြီးလို ကြီးမားကျော်ကြားပြီး တပည့်တော်ကတော့ အဲဒီတောင်ကြီးအနီးက ကျောက်တုံးကလေးပါပဲလို့ ပြောတယ်။
ရှင်မောဂ္ဂလာန်က ဘာပြန်လျှောက်တုန်းဆိုရင် “အရှင်ဘုရားတဲ့၊ အရှင်ဘုရားက တကယ်ပညာအရာ ထူးချွန်တဲ့ ပုဂ္ဂိုလ်ဆိုတော့ “ဆားအိုးကြီး” လိုပါပဲတဲ့။ တပည့်တော်က အဲဒီဆားအိုးကြီးထဲက “ဆားပွင့်ကလေး” ပါလို့ ပြောတယ်။
ဒီနှိုင်းယှဉ်ချက်နှစ်ခုကို သာမန်ကြည့်မယ်ဆိုလို့ရှိရင် ဆားအိုးဆိုတာ ဘာလုပ်မှာလဲ။ သေးသိမ်တဲ့ ဥပမာလို့ ဒီလိုထင်ကောင်း ထင်လိမ့်မယ်။ အဲဒီမှာ ပညာရှိကို ဆားနဲ့နှိုင်းတယ်ဆိုတာ အလွန် အဓိပ္ပါယ်ရှိတယ်။ လူတွေစားကြတဲ့ အစာအဟာရထဲမှာ ဘယ်အရာပဲဖြစ်ဖြစ် ဆားဆိုတာ မမြင်ရဘူး။ ဆားကိုလည်း တိုက်ရိုက်မစားကြဘူး။ သို့သော် ဟင်းခွက်တိုင်း ဆားမပါရင် အရသာ ပေါ့ပျက်ပျက် ဖြစ်တယ်။ နောက်ဆုံး သရေစာတောင် ဆားလေးပါမှ ကောင်းတယ်ဆိုတာ ဖြစ်တယ်။ ဆားဆိုတာ ဟင်းထဲမှာ ပျော်ဝင်နေတာဆိုတော့ မသိဘူး၊ မထင်ရှားဘူး၊ ကြက်သားဟင်းမှာလည်း ခပ်မှာဘဲ။ ဒါပေမယ့် ကြက်သားဟင်း ဆားမပါဘဲနဲ့ ချက်ကြည့် ပေါ့ရွှတ်ရွှတ် ဖြစ်မှာဘဲ။
ရှင်မောဂ္ဂလာန်ပေးလိုက်တဲ့ ဥပမာမှာ ဆားဆိုတာ လူတွေစားသုံးတဲ့ အရသာအားလုံးထဲမှာ သူမပါရင် လုံးဝ အရသာမရှိဘူး။ “ပညာရှိမပါရင် ဘာမှမဖြစ်ဘူး” ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြောတာ၊ ဥပမာစကားဟာ တွေးလေ လေးနက်လေပဲ။ တန်ခိုးကြီးလို့ popular ဖြစ်တဲ့ ပုဂ္ဂိုလ်က တောင်ကြီးလို ကြီးမားတယ်။ ပညာရှိ ပုဂ္ဂိုလ်ကတော့ သူရဲ့ အရည်အချင်း သိပ်ပြီး မသိရဘူး။ သို့သော် သူမပါရင် ပေ့ါပျက်ပျက်ကြီးဘဲ။ အရသာမထွက်ဘူးဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြောတာ။
လူ့ဘဝတုန်းကလည်း သူငယ်ချင်း၊ ရဟန်း ဖြစ်လာတော့လည်း အတူတကွ နေကြတဲ့ လက်ဝဲရံ လက်ယာရံ ဒီမထေရ်မြတ်ကြီးနှစ်ပါး အပြန်အလှန် အခုလို စကားပြောပုံ မှတ်တမ်းတင်တဲ့ သုတ္တန်ကို ဃဋသုတ္တန် လို့ ခေါ်တယ်။ သံယုတ်ပါဠိတော်မှာ ပါရှိတယ်။
ရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ ပညာကြီးတော့ နေရာတကာမှာ သူပါရတယ်။ အဘိဓမ္မာတရား ဟောတာလည်း သူပါရတယ်။ သို့သော် သူပါတာကို မသိကြဘူး။ မသိကြလို့ မြတ်စွာဘုရားက မေးခွန်းထုတ်ပြီး ရှင်သာရိပုတ္တရာရဲ့ ဉာဏ်စွမ်း ဉာဏ်စတွေကို ထုတ်ဖော်ပေးခဲ့တာ။ အဲဒါလည်း ဒီကနေ့ဘဲပေါ့။
ဗုဒ္ဓသာသနာမှာ သီတင်းကျွတ်လပြည့်နေ့ရဲ့ ထူးခြားချက်တွေက အဘိဓမ္မာအခါတော်နေ့ တစ်ခုတင် မဟုတ်ဘူး။ နတ်ပြည်ကနေ လူ့ပြည်သို့ ကြွလာပြီး ရှေးဦးစွာ ခြေချတဲ့နေ့ဟာလည်း ဒီသီတင်းကျွတ်လပြည့်နေ့ပဲလို့ ဒီလိုမှတ်ကြရတယ်။ ပညာဂုဏ်ကို ထုတ်ဖော်ပြီး ပညာရှိကို ရှေ့တန်းတင်ပေးတဲ့ နေ့ဟာလည်း ဒီကနေ့ပဲလို့ ဒီလိုမှတ်ရမယ်။
နောက်တစ်ခုက ဘာတုန်းဆိုရင် ဒီသီတင်ကျွတ်လပြည့်နေ့မှာ ယနေ့ မြန်မာပြည်မှာရှိကြတဲ့ သံဃာ ၅ သိန်းခန့် ရှိတဲ့ထဲမယ် ရဟန်းတော် အရှင်မြတ်တွေက မိမိတို့ ဝါဆိုရာ ဒေသအလိုက် ပဝါရဏာ ပြုကြတယ်။ စည်းလုံးမှုအတွက် အရေးပါတဲ့ ပဝါရဏာပွဲကို ဆင်နွှဲကြတာဖြစ်တယ်။ ပဝါရဏာဆိုတာ ဖိတ်ကြားခြင်းပဲ။ အင်မတန်မှ မှတ်သားစရာကောင်းတဲ့ လုပ်ငန်းတစ်ခု၊ စည်းရုံးရေးမှာ အလွန်အရေးကြီးတဲ့ ထိရောက်တဲ့လုပ်ငန်းတစ်ခု ဖြစ်တယ်။ “ကိုယ်တိုင်မြင်လို့ပဲဖြစ်စေ၊ သူများဆီက တစ်ဆင့်ကြားလို့ပဲဖြစ်စေ၊ သို့မဟုတ် သံသယဖြစ်စရာတွေ့ပြီး သံသယဖြစ်လို့ပဲဖြစ်စေ ကောင်းကျိုးကို လိုလားတဲ့ မွန်မြတ်တဲ့ စိတ်ထားနဲ့ ပြောဆိုသတိပေးပါ။ အပြစ်ကို တွေ့မြင်တဲ့အခါ ပြုပြင်ပါ့မယ်” လို့ ခုလို ပွင့်လင်းတဲ့ စကားလုံးနဲ့ ပွင့်လင်းမြင်သာ အချင်းချင်း ဝေဖန်စရာရှိရင် ဝေဖန်ပါ။ ထောက်ပြပါ။ အားလုံး လက်ခံပါမယ်ဆိုတဲ့ အပြောမျိုးနဲ့ အချင်းချင်း အပြန်အလှန် ဖိတ်ကြားတာ ဖြစ်တယ်။ စည်းလုံးညီညွှတ်မှုအတွက် ပဝါရဏာပြုတာဟာလည်းဘဲ ဒီသီတင်းကျွတ်လပြည့်နေ့ပဲ။
တစ်နေရာမှာ စုနေတဲ့ပုဂ္ဂိုလ်တွေ မကြာခင်ပဲ သာသနာပြုခရီး ထွက်ကြတော့မှာ၊ ထွက်တဲ့အခါမှာ အတူနေလာတဲ့ အချိန်ပိုင်းမှာ တစ်ဦးနဲ့တစ်ဦး အဆင်မပြေတာရှိရင် လျော့ပါးသွားဖို့ အခုလို ဖိတ်ကြားခြင်းပဲ ဖြစ်တယ်။ အင်မတန်မှ ယဉ်ကျေးတဲ့ လူ့ယဉ်ကျေးတို့ရဲ့ အစဉ်အလာတစ်ခုပဲ။ အဲဒီ ယဉ်ကျေးမှု အစဉ်အလာတစ်ခုဟာ ဗုဒ္ဓသာသနာတော်မှာ ထင်ထင်ရှားရှား ရှိနေတယ်ဆိုတာကို မီးမောင်း ထိုးပြလိုက်သလိုပဲ။ အင်မတန်မှ ကောင်းမြတ်တဲ့ အစဉ်အလာတစ်ခုပါ။
အဲဒီတော့ ဒီလိုထူးခြားပြီး မှတ်သားစရာလေးတွေနဲ့ ပြည့်နှက်နေတဲ့ သီတင်းကျွတ်လပြည့်နေ့မှာ တို့တစ်တွေ ဗုဒ္ဓဘာသာဝင် သူတော်စဉ်တွေဖြစ်သည့်အားလျော်စွာ ဒီကနေ့ရဲ့ ထူးခြားချက်တွေ ဘာတွေရှိတယ်ဆိုတာကို သိရှိနားလည်ပြီး မိမိတို့ရဲ့ အခြေခံစိတ်ဓာတ်တွေ သဘောတရားတွေ တစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံတဲ့အခါမှာ မည်သို့ ပေါင်းသင်းဆက်ဆံကြမယ်။ ဘယ်လို သဘောထားရမယ်ဆိုတာ သိရှိနားလည်နိုင်ကြတယ်။
လောကမှာ အယဉ်ကျေးဆုံးလို့ ဆိုနိုင်တဲ့ လူ့အသိုင်းအဝိုင်းဟာ ဗုဒ္ဓဘာသာဝင် အသိုင်းအဝိုင်းပဲ ဖြစ်တယ်။ သို့သော် ရိုင်းစိုင်းတာ မရှိဘူးလားဆိုရင် ရှိတယ်၊ ဒါ ကာယကံရှင်နဲ့ပဲ ဆိုင်တယ်။ မြတ်စွာဘုရားရဲ့ အဆုံးအမသြဝါဒက ရိုင်းစိုင်းစေတာ တစ်ခုမှမရှိဘူး။ ယဉ်ကျေးစေတယ်။ အင်မတန်မှ ယဉ်ကျေးစေတဲ့ အဆုံးအမ ဖြစ်တယ်။ ဘိက္ခု၊ ဘိက္ခုနီ၊ အမျိုးသား ဥပါသကာ၊ အမျိုးသမီး ဥပါသိကာမလို့ဆိုတဲ့ ဗုဒ္ဓသာဝက အဖွဲ့အစည်း (Buddhist society) ဆိုတာ ဒီလေးခုပဲ။ ဒီလေးခုဟာ တစ်ညီတည်း တာဝန်ရှိပြီး တစ်ညီတည်း လိုက်နာကျင့်သုံးကြရတဲ့ ဗုဒ္ဓရဲ့ အဆုံးအမပဲ ဖြစ်တယ်။
အဲဒီတော့ ဒီနေ့ရဲ့ ထူးခြားချက်ကလေးတွေကို ကြည့်ပြီး ဒီစနစ်ဟာ အင်မတန်မှ ကောင်းမြတ်တယ်။ အချင်းချင်း လိုက်လျောညီထွေရှိအောင် အချင်းချင်း ဖိတ်ကြားမှုဆိုတာ လူတွေမှာလည်း လုပ်သင့်တယ်။ အတူတကွနေကြတဲ့အခါ “အပြစ်ရှိရင် ပြောပါနော်။ သတိပေးပါ။ လိုက်နာပါ့မယ်” ဆိုတဲ့ အပြောလေးတွေဟာ လူ့လောကမှာ အယဉ်ကျေးဆုံး အပြုအမှုပဲ။ ဘာဖြစ်လို့တုန်းဆိုရင် “လူဆိုသည်မှာ အသိဉာဏ်မထိရောက်တဲ့ အခါမျိုး၊ သတိလက်လွတ်ဖြစ်သွားတဲ့ အခါမျိုး” မှာ အမှားအယွင်းလေးတွေ ဆိုတာ လုပ်မိတတ်တယ်။ တစ်ဦးနဲ့တစ်ဦးအကြား စိတ်ခုစရာလေးတွေ ရှိတတ်တယ်။ စိတ်ခုစရာတွေမရှိပဲ တစ်ဦးနဲ့တစ်ဦး မေတ္တာသက်ရောက်မှုဆိုတာ အင်မတန်မှ အရေးကြီးတာပါ။
အဘိဓမ္မာပြန့်ပွားရေး အသင်ကြီးဆိုပြီး ဖွဲ့ထားတဲ့ အသင်းသူ အသင်းသားတွေမှာ အချင်းချင်း စိတ်ခုစရာတွေ မရှိစေရဘူး။ အပြန်အလှန် နားလည်မှုတွေပေးပြီး လိမ္မာယဉ်ကျေးတဲ့ ဗုဒ္ဓဘာသာ အသင်းကြီး ဖြစ်သင့်တယ်။ စိတ်ထဲ နှလုံးသားထဲမှာ ဒီလိုမှတ်ထားပြီး သီတင်းကျွတ်ရဲ့ စိတ်ဓာတ်၊ ပဝါရဏာ စိတ်ဓာတ်၊ ပဝါရဏာ ယဉ်ကျေးမှုတွေ လက်ခံကျင့်သုံးဖို့ လိုအပ်တယ်။
ဒါကြောင့်မို့ ယဉ်ကျေးမှုတွေ ဖြစ်ပေါ်လာခဲ့တဲ့ အင်မတန်ကောင်းတဲ့ ပဝါရဏာယဉ်ကျေးမှုနဲ့ မြန်မာ့ယဉ်ကျေးမှုကို ဆက်လက် ထိန်းသိမ်းသွားနိုင်မယ်ဆိုလို့ရှိရင် အင်မတန်မှ တန်ဖိုးရှိတယ်ဆိုတာကို ကိုယ်စီကိုယ်စီ သဘောကျပြီး သီတင်းကျွတ်လပြည့်နေ့ အမှတ်တရများ ကို မှတ်သားကာ မိမိတို့ဘဝကို တိုးတက်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေ ကုန်သတည်း။
သာဓု သာဓု သာဓု
▬▬▬▬ ஜ ☸️ ஜ ▬▬▬▬
{ရွှေကျင်နိကာဥပဥက္ကဋ္ဌ မဟာနာယက၊
အဘိဓဇမဟာရဋ္ဌဂုရု ကျေးဇူးတော်ရှင်
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ}
••
••
မျှဝေ ပူဇော်ပါသည်
••
Admin
{ပဋ္ဌာန်းပူဇော်ကြသူများ}
••
www.facebook.com/pahtanpuzawkyathumyar
https://pahtanpuzawkyathumya.blogspot.com
🥰😍🤩
စတိုင်မလိုင် Save the Date😃
17/09/2023
Date 🤪😋😃
13/09/2023
❤️
IAURA ကိုအစဉ်အမြဲအားပေးတဲ့အယောက်တိုင်းကို
ကျေးဇူးတင်ပါတယ်ရှင့် 🙏
အခြေအနေအအရ ဈေးနှုန်းအပြောင်းအလဲရှိတာကို
နားလည်ပေးဖို့မျှော်လင့်ပါတယ်နော် အချစ်တို့ရေ 💚
11/09/2023
Page မှာ Post မတင် ဖြစ်တာ ကြာပီ ဖြစ်သော် လည်း Real Customer တွေရှိနေသောအခါ 💃💖😘
ဝယ်နေကြ ကာကာလေးက ကို set လိုက်အားပေ
သွားတာ ညီမလေးရေ ကျေးဇူးပါနော် ‼
ချစ်တဲ့ သူများ စျေးမတက်ခင် အမြန် ဥ ထားကြနော်💖
1set ယူတဲ့ ကာကာတို့အတွက် YGN အတွင်း deli free📌
Gel 12900
UV 21000
20/08/2023
#နေ့တစ်နေ့ရဲ့အစတွက်သူတို့တွေရှိဖို့တော့လိုလိမ့်မယ်
ပေါ့ပါးပီး လွယ်ကူမြန်ဆန် ထိရောက်မှုရှိ စေသော🌵🌅
ဝက်ခြံ ကို အမြစ်ဖြတ်ပေးတဲ့ 1set လေး💚
No Chemical ❌ Alcohol Free✅
Boy & girl သုံးလို့ရ
Gel 12900
UV 21000
💖
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
