Beauty Body - Healthy Plan By Thandar

Beauty Body - Healthy Plan By Thandar

Share

အဆီချအာမခံသင်တန်း (09421106237)

15/12/2022

ကျန်းမာရေးအခြေအနေအရ မစားသင့်သော အစားအစာများ

ကိုယ့်ဆီမှာ ကျန်းမာရေးနဲ့ပတ်သတ်ပြီး error တစ်ခုခုရှိနေတဲ့အခါ ရှောင်ရမယ့် အစားအစာ တွေ ရှိပါတယ်။

အိမ်ရှင်မတွေသာမက အိမ်သားအားလုံးသိထား မှ တစ်ဦးနဲ့ တစ်ဦး စောင့်ရှောက်နိုင်မှာပါ။ လူတစ်ယောက်နဲ့တစ်ယောက် ကိုယ်ခံအားခံနိုင်စွမ်း မတူပေမယ့် သတိထား ရှောင်လိုက် တာကအကောင်းဆုံးပါပဲ။

1.... နှာစေးနေလျှင်
ငှက်ပျောသီး၊ လိမ္မော်သီး၊ ရေခဲ၊ ဆိတ်သား၊ဆေးလိပ် နှင့် အရက်

2.... ချောင်းဆိုးချွဲကျပ်နေမယ်ဆို
ရေခဲမုန့်၊ လိမ္မော်သီး၊ ဆီကြော်စာ၊ အကင်၊ အစပ်၊
မြေပဲ၊ အရက် နှင့် ချိုသော အစားအစာများ

3.... အစာအိမ်ရောင် လျှင်
အကင်၊ အရက်၊ ငရုပ်သီး နှင့် ကောက်ညှင်း

4.... နာတာရှည် အစာအိမ်ရောင်လျှင်
ကောက်ညှင်း၊အသုတ်၊ အချဥ်ဖောက်ထားသောအစာများ

5.... အူရောင်နေလျှင်
ငှက်ပျောသီး၊ မာလာကာသီး

6.... အသည်းရောဂါသမားတွေက
ငန်း (ကြက်၊ဘဲ) အရေခွံ၊ ဝက်သားဆီ၊ ဆေးလိပ် နှင့် အရက်ဖြစ်ပြီး အရေးကြီးဆုံးက အိပ်ရေးပျက်ခံလို့ မရပါ။

7.... နှလုံးရောဂါ ဖြစ်လျှင်
ကယ်လိုရီများသောအစာ နှင့် ငန်သော အစားအစာများ

8.... ကျောက်ကပ်ရောဂါ ဖြစ်လျှင်
ဘီယာ၊ အချိုရည်၊ ငါးခြောက် နှင့် မျှစ်ခြောက်

9.... ဆီးချိုရောဂါ ဖြစ်လျင်
အချိုစာ၊ အရက်၊ အဆီများသောအစာ၊ဆီကြော်စာနှင့် အကင်

10.... သွေးအားနည်းနေလျှင်
တရုတ်နံနံ

11.... သွေးတိုးရောဂါဆိုရင်
အငန်ဓာတ် များသော အစာ၊ ဥအနှစ်၊ ကလီစာ

12.... အစာအိမ်အနာဖြစ်လျှင်

ပဲမျိုးစုံ၊ ကညွတ်၊ ဆားစိမ်သော ဟင်းကောက်ညှင်း၊ အရက်၊နာနတ်သီး၊ ငရုတ်သီး နှင့် မာလာကာသီး

13.... အရိုးကာအမြှေးရောင်နာဖြစ်လျှင်
ငှက်ပျောသီး၊ ကညွတ်၊ အရက်၊ ငရုတ်သီး

14.... လိပ်ခေါင်းရောဂါ ဖြစ်လျှင်
အရက်၊ ဆေးလိပ်၊ အစပ် နှင့် ဆီကြော်စာ များ

15.... လေးဖက်နာရောဂါ ဖြစ်လျှင်
ဘီယာ၊ ငှက်ပျောသီး နှင့် သွေးအေးသတ္တဝါတို့၏ အသားများ

16....အရေပြား Allergic ဖြစ်လျှင်
ပင်လယ်စာ၊ ပိန်းဥ၊ ရေခဲ၊ လိုင်ချီးသီး နှင့် သရက်သီး

17....အာရုံကြောအားနည်းလျှင်
ငရုပ်သီး၊ အရက်၊ ကော်ဖီ၊ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ

စတာတွေကို မဖြစ်မနေရှောင်ဖို့လိုပါတယ်။

မိမိမှာ ကျန်းမာရေးပြဿနာလည်းရှိတယ် ဝိတ်လည်းချချင်တယ်ဆိုရင်တော့ ဟိုရှောင် ဒီရှောင်လုပ်မနေပဲ တစ်ဦးချင်းစီရဲ့ ကျန်းမာရေးအခြေအနေတွေကို မေးမြန်းပြီး အစားအသောက်ညွှန်ကြားချက်ထုတ်ပေးနေတဲ့ be beauty ကနေ အကြံဥာဏ်ယူဖို့ သတိရလိုက်ပါ။

ကျန်းမာရေးလမ်းညွှန်ချက်တွေကို အများသိနိုင်ဖို့အတွက် share လုပ်ပေးခြင်းဖြင့် မျှဝေပေးပါရှင့်

09/12/2022

ရှောက်ရွက်က ပေးတဲ့ကျန်းမာရေး

မြန်မာလဆန်းရက်မှာ ရှောက်ရွက်ကိုစားထားရင် အဲဒီတစ်လလုံးလေမဖြတ်တော့ဘူးလို့ ရှေးရိုးစကားရှိပါတယ်။ရှောက်ရွက်ကိုကြက်သွန်ဖြူ၊ငြုပ်ကောင်းတို့နဲ့ဟင်းခါးချက်ပြီးအမြဲတမ်းသောက်ပေးရင် လေငန်းရောဂါပျောက်ပါတယ်။ဒါတင်ပဲလား? မဟုတ်ပါဘူး၊ကမ္ဘာပေါ်မှာအဖြစ်များပြီး၊အပျောက်နည်းတဲ့ ကင်ဆာရောဂါကိုလည်းကာကွယ်ပေးပါတယ်၊ ရှောက်ရွက်ဟာ ကင်ဆာဆဲလ်တွေကို ခန္ဓာကိုယ်ထဲမှာ မကြီးထွားနိုင်အောင်ကူညီပေးပါတယ်။တစ်ပတ်ကို ၃/၄ ကြိမ်စားသုံးပေးရုံနဲ့ ကြိုတင်ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်။

ရှောက်ရွက်မှာ စိတ်ဖိစီးမှုကိုလျှော့ချနိုင်တဲ့ Astsiri အဆီဓာတ်တစ်မျိုးပါဝင်ပြီး သူ့ အနံ့က ဦးနှောက်ကို စိတ်ဖိစီးမှု လျော့ချတဲ့ ဟော်မှုန်းတစ်မျိုးထုတ်လုပ်အောင် နှိုးဆွပေးတဲ့အတွက် စိတ်ဖိစီးမှုဒဏ်ခံနေရသူများ အထူးစားသုံးသင့်ပါတယ်။

ရှောက်ရွက်မှာ ပိုးသတ်ဆေးလိုမျိုး ပိုးမွှားတွေကိုသေစေနိုင်တဲ့အစွမ်းလည်းရှိတဲ့အတွက် ဖျားနာနေရင် ဒါမှမဟုတ် ကိုယ်ခံအားကျဆင်းနေရင် ရှောက်ရွက်ကို စားသုံးသင့်ပါတယ်။ပွက်ပွက်ဆူနေတဲ့ရေထဲကို ရှောက်ရွက်ခပ်ပြီး မနက်မိုးလင်းမှာသောက်ရင် ကိုယ်ခံအားကိုမြှင့်တင်ပေးပါတယ်။ဒါ့အပြင်အသည်းအဆီဖုံးတာတွေ၊နှလုံးအဆီပိတ်တာတွေလည်းမဖြစ်တော့ပါဘူး။

အချိန်မရလို့ မလုပ်ဖြစ်ခဲ့ရင်တောင်မှ အနည်းဆုံး တို့စရာအဖြစ်စားသုံးကြပါ။ အပြုတ်တွေ၊ ဟင်းချိုတွေထဲမှာ မီးဖိုပေါ်ကချခါနီး ခပ်သောက်ကြပါ။ အသုတ်တွေထဲမှာ လှီးထည့်ပြီး စားကြပါ။ထမင်းကြော်စားတဲ့နေရာမှာလည်း(အနံ့လေးမွှေးအောင်) ရှောက်ရွက်လေးကို ညှပ်ထည့်ပြီး ကြော်စားကြပါလို့ တိုက်တွန်းလိုက်ရပါတယ်

ရှောက်ရွက်ဟာ ဗိုက်ခေါက်က အဆီတွေကို ချေဖျက်ပေးနိုင်စွမ်း ရှိတယ်ဆိုတာ ကြားဖူးကြမှာပါ။ တို့စရာအဖြစ်သာ စားသုံးကြတဲ့ ရှောက်ရွက်ကိုသဘာဝရဲ့ အစွမ်းနဲ့ အဆီကျတဲ့နေရာမှာပါ သုံးကြည့်ခြင်းဟာ ထူးခြားတဲ့ ရလဒ်တွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းနဲ့ ပြုလုပ်ပုံကတော့ အလွန် လွယ်ကူလှပါတယ်။ ရှောက်ရွက်အကြမ်းနဲ့ သကြားပဲ လိုတာပါ။
ဘယ်လိုလုပ်ရမလဲဆိုတာတော့ နောက်ထပ် post တစ်ခုမှာ ထပ်မံဖော်ပြပေးပါမယ်နော်။ကျန်းမာရေးအတွက်အကျိုးများစွာရှိပြီး အနံ့လည်းမွေးတဲ့ ရှောက်ရွက်ကို ဆောင်ထားကြဖို့တိုက်တွန်းလိုက်ပါတယ်။

ထပ်မံပြီးတော့လည်း ရှောက်ရွက်နဲ့ ဗိုက်အဆီချနည်းရယ် ရှောက်စေ့အစွမ်းအံ့မခန်းဆိုတဲ့အကြောင်းတွေ တင်ပေးဦးမှာမို့ page ကို follow လုပ်ပေးထားဖို့မမေ့ကြနဲ့နော်။

30/11/2022

ထောပတ်သီးဖျော်ရည်သောက်သုံးခြင်းမှ ရရှိနိုင်တဲ့ အံ့မခန်းကောင်းကျိုးများ

ချစ်တို့ရေ... ကျန်းမာရေးအရ များစွာအကျိုးပြုတဲ့ ေထာပတ်သီးကို ဖျော်ရည်လုပ်သောက်မယ်ဆို အောက်က အကျိုးကျေးဇူးတွေ ရနုိင်ပါတယ်နော်။

(၁) ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်ခြင်း။

(၂) နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း။

(၃) အမြင်အာရုံကို ကောင်းမွန်စေခြင်း။

(၄) ကိုယ္ခံအားကို ပိုမိုကောင်းမွန်စေခြင်း။

(၅) သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်ခြင်း။

(၆) ကင်ဆာရောဂါကို မဖြစ်ပွားနိုင်အောင် တားဆီးပေးနိုင်ခြင်း။

(၇)အသားအရည်ကို ဝင်းလက်တောက်ပစေခြင်း။

ဒါကြောင့် အချိန်ရရင်ရသလို ထောပတ်သီးဖျော်ရည်သောက်ဖို့မမေ့ကြနဲ့ဦးနော် 😊😊

15/11/2022

ခွန်အား အမြန်ပြည့်စေတဲ့ အစားအစာများ

၁။ ဒိန်ချဉ် ထန်းလျက်/ ပျားရည် တဖန်ခွက် သေးသေးလေးရောသောက်ပါ။ ရေခဲမပါရပါရှင့်။

၂။ မုန်လာဥနီကို နွားနို့ သကြားနဲနဲ ဆားနဲနဲနဲ့ ဖျော်သောက်ပါ။ ရေခဲမပါရဘူးနော်

၃။ ကြက်ဥအကာကျက်၃လုံးကို အနှစ်ဖယ် ပျားရည်နဲနဲ သံပုရာတစိတ်ညှစ်ထည့်၊ ဆားနဲနဲထည့်

၄။ ငါးရှဉ့်ချဉ်စပ်၊ ငါးရှဉ့်ခြောက်စပ်၊ ငါးရှဉ့်မဆလာ။

၅။ ရုံးပတီသီးကြော်/ကင် /ပြုတ်။

၆။ ဖီးကြမ်းငှက်ပျောသီးကို ထောပတ်နဲနဲ၊ ပျားရည်နဲနဲနဲ့ကြော်စားပါ။

၇။ ကြက်ဥနှင့်ဂတ်စ်ပါသောအချိုရည်တမျိုးကို အမြှပ်ထအောင် ဇွန်းဖြင့်ခေါက်မွှေပါ။မွှေပြီးပြီးချင်းအမြှုပ်မငြိမ်ခင် အမြန်သောက်ပါ။

၈။ ကြက်ဥ+သံပုရာသီးတစိတ်+အိုင်ဆိုတောနစ်ပါသောအချိုရည် အနည်းငယ်ရော၍ သောက်ပါ။

၉။ အုန်းစိမ်းရည်၊ ကြံရည်၊ ဓါတ်ဆားရည်၊ ဂလူးကို့စ်ရည်၊ ပဲပိစပ်နို့ရည်(ပဲနို့) သောက်လို့ရပါတယ်

၁၀။ အသားနီသား ငါးကျပ်သားခန့်အတုံးကို ဒယ်အိုးထဲ ထောပတ်ဆီနဲနဲ့သုပ်ပြီး တဝက်ကျက်အနေအထားထိသာ ကင်၍စားပါ။

၁၁။ ပုစွန်ရေနွေးဖျော၊ ခရမ်းချဉ်သီး၊ သံပုရာသီးနဲ့ကြက်သွန်နီစိမ်းများများထည့်ပြီး သုပ်စားလဲရပါတယ်။

ဒါတွေက သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ခွန်အားတွေကို အလျင်အမြန်တိုးပွားစေတဲ့အစားအစာတွေပဲဖြစ်ပါတယ်။

06/11/2022

ကျောက်ကပ်ကျန်းမာရေးပြဿနာဟာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေထဲက တခုဖြစ်ပြီး ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို စစ်ထုတ်ပြီး ဆီးအဖြစ် စွန့်ပစ်ဖို့အတွက်လုပ်ဆောင်ပေးရတာကြောင့် အရေးကြီးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတခုပါ။ ဒါကြောင့်ကျောက်ကပ် ကျန်းမာရေးအတွက် လူတိုင်းစားပေးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီမှာ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ဗီတာမင်ဘီနဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကျောက်ကပ် ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်ပေးနိုင်ပြီး အူမကြီးကင်ဆာနဲ့ ပန်ကရိယကင်ဆာလို ကင်ဆာရောဂါ တွေ ဖြစ်ပွားခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

(၂) ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ ဗီတာမင်စီ၊ ဗီတာမင် B6 နဲ့ ဆာလဖာဓာတ်တို့ ပါဝင်တာကြောင့် ကိုယ်တွင်းအင်္ဂါရောင်ရမ်းခြင်း တွေကို လျော့ပါးသက်သာစေနိုင်သလို ကျောက်ကပ်ကျန်းမာရေးပြဿနာနဲ့နှလုံးရောဂါ ဖြစ်ပွားခြင်းတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

(၃) နာနတ်သီး

နာနတ်သီးဟာဆိုရင်လည်း အမျှင်ဓာတ်ကြွယ်ဝပြီး ဗီတာမင်စီနဲ့ Bromelain တို့ ပါဝင်မှုများတာကြောင့် ကျောက်ကပ်ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

(၄) ဘယ်ရီသီးများ

ဘယ်ရီသီးမျိုးနွယ်ဝင်တွေဖြစ်တဲ့ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီသီးတွေမှာ ဓာတ်တိုးဆန့်ကျင်သတ္တိတွေ ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်တာကြောင့် ကျောက်ကပ်မှာ ကျောက်တည်တာ၊ ဆီးအိတ်ပိုးဝင်တာနဲ့ တခြားသော ကျောက်ကပ်ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၅) သံလွင်ဆီ

သံလွင်ဆီဟာ တခြားသောဆီတွေလို ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေတဲ့ အဆီဓာတ်တွေ မပါဝင်တာကြောင့် ကိုယ်အလေးချိန် မြင့်တက်လာမှာကို စိတ်ပူစရာမလိုသလို ကျောက်ကပ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေတာ ကြောင့် သံလွင်ဆီကို ဟင်းချက်ဆီအဖြစ် အသုံးပြုတာမျိုးနဲ့ နေ့စဉ်စားသံုံးပေးတာမျိုးတွေကို ပြုလုပ်သင့်ပါတယ်။

crd...

02/11/2022

ကျန်းမာရေးအတွက် အကျိုးကျေးဇူးအများကြီးရှိတဲ့ ရှားစောင်းလက်ပတ်ယို လုပ်နည်း

သူများတွေက Online Shop မှာ ဈေးကြီးပေးရတဲ့ ရှားစောင်းလက်ပတ်ယို လုပ်နည်းကို ပြန်ရှယ်ပါရစေနော်။ ဝတဲ့သူတွေ ဒါမှမဟုတ် ဗိုက်ပူတဲ့သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။အိမ်ရှင်မ တော်တော်များများရဲ့ ဒုက္ခက ဗိုက်ပူတာပါပဲ။စားကြည့်ရင် တကယ် ဗိုက်ကျပါတယ်နော်။

ရှားစောင်းလက်ပတ် ငါးတက်လောက်ကို ဘေးကစူးသွားတွေကို ဓားနဲ့ခွာပီး လက်တစ်ဆစ်လောက်လေး တွေကိုလှီးပါ။အခွံမနွှာတော့ ထုပ်ထုပ်ထုပ် နဲ့ စားလို့ကောင်းသလို ပိုဆေးဖက်ဝင်တာပေါ့။ထန်းလျက် ၅ ကျပ်သားကို ဆီ ၅ ကျပ်သား ထည့်ပီး အရည်ပျော်အောင်မွှေပါ။ ထန်းလျက် အရည်ပျော်သွားရင် ရှားစောင်းလက်ပတ်ထည့်ပါ။ ရှားစောင်းလတ်ပတ်က အရည်ထွက်တဲ့အတွက် ခနခန မွှေပေးပါ။

ရှားစောင်းလက်ပတ် အရည်ခမ်းသွားပီး နည်းနည်းခပ်ပျစ်ပျစ် ဖြစ်လာရင် ငှက်ပျောသီးဖီးကြမ်း နှစ်လုံးကို ပါးပါးလှီးထည့်ပါ။(ငှက်ပျောသီးက များလျှင် ချဥ်တတ်လို့ နှစ်လုံးဆို လုံလောက်ပါပြီ)ကြက်ဥနှစ်လုံးကို မွှေပီးမှထည့်ပါ။ ဇွန်းနဲ့ အဆက်မပြတ်မွှေပေးပါ ကပ်သွားနိုင်တဲ့အတွက် ကြောင့်ပါ။ ပြီးရင် တကယ်ကို အရသာရှိတဲ့ ရှားစောင်းလတ်ပတ်ယိုလေးရပါပြီရှင်။ အဖုံးလုံတဲ့ ပုလင်းလေးထဲကို ထည့်သိမ်းပြီး စားလို့ရပါပြီ။ဝမ်းလည်းမှန်သလို မိန်းကလေးတွေနဲ့ပတ်သတ်တဲ့ ရောဂါတွေကိုလည်းကာကွယ်ပေးတယ်ဆိုတော့ ပုံမှန်နည်းနည်းချင်းစားပေးတာ အကောင်းဆုံးပါပဲ။

30/10/2022

မင်းတုန်းမင်းကြီး၏ ဆန်ပြုတ်နည်း

ဒီဆန်ပြုတ်နည်းကတော့ မင်းတုန်းမင်းကြီးရဲ့ အစာအိမ်နဲ့ လေနာရောဂါသည်တွေအတွက် ထူးခြားတဲ့ ဆန်ပြုတ်နည်းဖြစ်ပါတယ်။ ဆန်ပြုတ်ချက်နည်းကတော့ ရေကို (မိုးရေဆိုပိုကောင်းသည်) ဆန်ပြုတ်မယ့် အိုးထဲလိုသလောက်ထည့်ပြီး ဆူအောင်တည်ပါ။ ရေနွေးတည်စဉ်မှာ ပြုတ်မယ့်ဆန်ကို ဒယ်အိုးနှင့်ထည့်ပြီး တခြားမီးဖိုမှာထည့်ပြီး လှော်ထားပါ။ ပြီးနောက်ဆန်တပြည်အတွက် ကြက်သွန်၂၅ကျပ်သားနှင့် ဆီ၂၅ကျပ်သားကို ကြက်သွန်ဆီချက် အဆင်သင့် ချက်ထားပါ။

ရေပွက်ပွက်ဆူသည့်အခါ ဆန်လှော်ကို ဇွန်းဖြင့်တဇွန်းပြီး တဇွန်းထည့်ပါ။ (မွှေစရာမလို ချိုးကပ်မှာလည်း စိုးရိမ်စရာမလိုပါ။ မီးပြင်းပြင်း အပူပေးပြီး ဆန်နူးတဲ့အခါမှ ဆန်ပြုတ်အိုးထဲ ကြက်သွန်ဆီချက်များ လောင်းထည့်ပါ။ မိနစ်အနည်းငယ်ကြာလျှင် အပေါ်ယံဆီဝေ့ပြီး အနှစ်တက်လာသည့်အခါ မီးဖိုမှချ၍ ဆားသင့်ရုံထည့်ပြီး အသင့်သုံးဆောင်နိုင်ပြီဖြစ်ပါတယ်

(ဆန်ပြုတ်နည်းကို တန့်ကြည့်တောင် ရန်အောင်ချမ်းသာဆရာတော်မှ ချီးမြှင့်တော်မူပါသည်။)

Credit-ဆရာရဲ (မင်္ဂလာ တိုင်းရင်းဆေး)

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
111222