Chan Chan Kyaw

Chan Chan Kyaw

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chan Chan Kyaw, Health/Beauty, Yangon.

19/12/2023

Good Morning

18/12/2023

Good morning

13/12/2023
28/11/2023

Good Morning 🌅🌅

21/11/2023

လူအများစုက သူဌေးဖြစ်ချင်ကြတယ်။
ဒါပေမယ့် သူတို့ဘာလုပ်ရမလဲဆိုတာကိုတော့ သေချာမသိကြဘူး။ အရေးအကြီးဆုံးအချက်ကတော့ နေ့စဉ်ဘ၀ အလေ့အကျင့်တွေကို ပြောင်းလဲပစ်ဖို့ပဲပါပဲ။
သူဌေး နေသလို၊ သုံးသလို နေချင်သုံးချင်ရင် နေ့စဉ်ဘ၀ကို သူတို့ဘယ်လိုဖြတ်သန်းလဲဆိုတာကို သိရှိလိုက်နာနေထိုင်နိုင်ဖို့ လိုအပ်လိမ့်မယ်မဟုတ်လား။
ဒီလိုပြောလို့လဲ သူဌေးသုံးလျှောက်သုံးဖို့ ဆိုလိုတာမဟုတ်ပါဘူး။ သူတို့ဆီက နေ့စဉ် အလေ့အကျင့်ကောင်းတွေကို အတုယူနေထိုင်ဖို့ကိုပြောချင်တာပါ။

၁။ စောစောထဖို့လိုပါတယ်။

အိပ်ယာကနေ စောစောထပါ။ နေ့စဉ်ထုတ်သတင်းစာတွေဖတ်။ အသေးအမွှားအလုပ်တွေကို ပြီးအောင်လုပ်လိုက်ပါ။ ပြီးရင် သင့်ရဲ့အရည်အချင်းတွေ တိုးတက်လာဖို့အတွက် သက်ဆိုင်ရာအကြောင်းအရာတစ်ခုကို လေ့လာချိန် မိနစ်(၃၀)ပေးပါ။ ဒါဆိုရင် တစ်နေ့တာလုံးမှာ အခြားသူတွေထက် ရှေ့ကို တစ်လှမ်းကြိုရောက်နေမှာပါ။

၂။ နားရက်မှာ အချိန်ဖြန်းတာကို မလုပ်ပါနဲ့။

သင့်ရဲ့နားရက်ကိုလည်း အကျိုးရှိရှိအသုံးချနိုင်ဖို့ လိုပါတယ်။ ဒီလို ပြောလို့ အလုပ်ချည်းပဲ လုပ်နေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အချိန်ဖြန်းတာ၊ စိတ်ပျော်ရွှင်စရာတွေကို လုပ်ဆောင်တာတွေကို လုပ်လို့ရပါတယ်။ ဒါပေမယ့် သင့်ရဲ့ ရည်မှန်းချက်တွေကို မမေ့ပါနဲ့။ အခြားသူတွေ အချိန်ဖြုန်းနေတဲ့အချိန်ကို အပိုဆုအချိန်အဖြစ်သဘောထားပြီး သင့်လုပ်ငန်းအကြောင်း၊ ငွေရေးကြေးရေးအခြေအနေအကြောင်း လေ့လာဖို့ အသုံးပြုပါ။

၃။ ငယ်ရွယ်စဉ်ကတည်းက ရေရှည်ကိုတွေးပြီး အစပြုပါ။

အောင်မြင်ချမ်းသာဖို့အတွက် အသက်အရွယ်ကန့်သတ်ချက်မရှိပါဘူး။ သင့်အနာဂတ်အတွက် ငယ်စဉ်ကတည်း စီစဉ်ထားနိုင်တာနဲ့အမျှ ပိုပြီးအကျိုးရှိမှာဖြစ်ပါတယ်။ နောင်ရေးနဲ့ပတ်သက်ပြီး စဉ်းစားဖို့ ငယ်ပါသေးတယ်ဆိုတာ မရှိပါဘူး။ ဒီလိုမှ ကြိုမတွေးထားဘူးဆိုရင် သူများနောက်မှာ ကျန်နေခဲ့မှာ သေချာပါတယ်။ တကယ်လို့ ဖြစ်ချင်တဲ့ ရည်မှန်းချက်က အရမ်းဝေးကွာလွန်းနေတယ်ဆိုရင်တောင် ငယ်စဉ်ကတည်းက တတ်နိုင်သမျှ စီစဉ်ထားဖို့ လိုပါတယ်။

၄။ အွန်လိုင်းမှာ ပညာရှာပါ။

အင်တာနက်ဟာ ပညာရှာဖို့ အကောင်းဆုံးအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ YouTube လို ဗီဒီယိုဆိုက်ဒ်တွေနဲ့ အခြား ပညာရေးအင်တာနက်စာမျက်နှာတွေမှာ စျေးကွက်ပညာတွေ၊ ငွေကြေးအကြောင်းအရာတွေ စသဖြင့် သင်ယူလေ့လာစရာတွေ အများကြီးရှိနေပါတယ်။ သင့်အနေနဲ့ အင်တာနက်ကို စာကြည့်တိုက်တစ်ခု အဖြစ် မမြင်ဘူးဆိုရင် လွဲမှားတဲ့နည်းလမ်းနဲ့သုံးနေတာပဲ ဖြစ်ပါတယ်။

၅။ ရည်မှန်းချက်တွေကို အရင်ဆုံးအာရုံစိုက်ပါ။

ကိုယ်ပိုင်ရည်မှန်းချက်တွေ၊ အလုပ်နဲ့ပတ်သက်တဲ့ ရည်မှန်းချက်တွ အားလုံးကို အပြည့်အ၀အာရုံစိုက်ပါ။ ငွေမျက်နှာတစ်ခုတည်းကိုပဲ ကြည့်မနေပဲ အခြားရည်မှန်းချက်တွေ အောင်မြင်ဖို့ကိုလည်း အာရုံစိုက်ပါ။

17/07/2023

❤❤❤

04/05/2023

ဒီနွေတော့ အရမ်းပူလွန်းလို့

မနက်ကတည်းက ဒီလိုအေးတဲ့

Moisturizer တွေပဲ ကပ်နိုင်တော့တယ် …

ညဘက်ဆို Moisturizer Gel ထူထူလေး

လိမ်းအိပ် အေးအေးလေးနဲ့အိပ်လို့ကောင်း

မဟုတ်ရင် ပူလွန်းလို့ မျက်နှာပေါ်

လိမ်းထားသမျှအကုန် အရည်ပျော်ကျမှာစိုးလို့ 🤧🤧

နွေရာသီရဲ့ အလိုက်ဖက်ဆုံး Moisturizer Gel


#ရန်ကုန်ရွှေပြည်သာကိုယ်စလှယ်

03/05/2023

ဝက်ခြံဆိုးတွေကို ဘယ်လိုကုသမလဲ။💥

ဝက်ခြံဆိုတာဟာ လူတော်တော်များ အထူးသဖြင့် လူပျိုဖော်အပျိုဖော်ဝင်တဲ့လူငယ်တွေမှာ အဖြစ်များတဲ့ အရေပြားပြသနာတစ်ခုပါ။ အဲဒီဝက်ခြံတွေဟာ အသက်ကြီးလာတဲ့အခါ ပျောက်သွားကြပါတယ်။ ဒါပေမဲ့ အချို့လူတွေမှာ ဝက်ခြံတွေက သူတို့ရဲ့ အသွင်အပြင်တွေကို ဆိုးဝါးသွားစေတဲ့အထိ ဆိုးဝါးသွားတတ်ကြပါတယ်။ ဒါကြောင့် အဲဒီဆိုးဝါးလှတဲ့ ဝက်ခြံတွေကို ဘယ်လိုကိုသရမလဲ သိဖို့ အရမ်းအရေးကြီးပါတယ်။

ဝက်ခြံဆိုးတွေဆိုတာ ဘာလဲ📌

ဝက်ခြံဆိုးတွေဆိုတာ ပြည်တွေနဲ့ ဝက်ခြံတွေကိုဆိုလိုတာပါ။ ယင်းဟာ ဝက်ခြံတွေထဲမှာ အဆိုးဝါးဆုံးဝက်ခြံတစ်ခုဖြစ်ပါတယ်။ အနီရောင် နာကျင်သော ဘုကြီးတွေဟာ မျက်နှာ၊ ကျောကုန်း၊ လက်အပေါ်ဘက်နဲ့ ပခုံးတွေမှာတောင်မှပေါက်နေပြီးရင်တော့ ဝက်ခြံဆိုးတွေ ဖြစ်ဖို့များနေပါပြီ။ အခြားမပြင်းထန်တဲ့ ဝက်ခြံတွေနဲ့ မတူဘဲ ပြည်ဘုဝက်ခြံတွေက အဆီတွေနဲ့ အရေပြားဆဲလ်အသေတွေဟာ ချွေးပေါက်တွေနဲ့ မွေးညင်းပေါက်တွေမှာ စုပုံလာတဲ့အခါမှာ ဖြစ်ပေါ်လာကြတာပါ။ ယောက်ျားလေးအများစုဟာ ယင်းဝက်ခြံဆိုးတွေကို လူပျိုဖော်ဝင်ချိန်မှာ ခံစားကြရပါတယ်။ ဒါပေမဲ့လည်း အချို့ယောက်ျားလေးတွေမှာတော့ ဟော်မုန်းဖောက်ပြန်တာကြောင့် အသက်ကြီးတဲ့အချိန်ထိ ဖြစ်သွားတတ်ကြပါတယ်။ မိန်းကလေးတွေကတော့ ရာသီလာချိန်မှာ ယင်းဝက်ခြံဆိုးတွေနဲ့ ကြုံတွေ့ကြတတ်ပါတယ်။

ဝက်ခြံဆိုးတွေကို ဘယ်လိုကုသမလဲ။🔥

ကုသနည်းတွေကတော့ အိမ်တွင်းဆေးနည်းကနေ ဆေးနည်းပညာဖြင့် ကုသနည်းတွေထိ အမျိုးစုံလှပါတယ်။ သဘာဝနည်းလမ်းတွေကတော့ အကောင်းဆုံးပဲပေါ့။
အောက်ဖော်ပြမဲ့ နည်းလမ်းတွေကတော့ ဝက်ခြံဆိုးတွေကို ကုသမဲ့ အထိရောက်ဆုံးနည်းလမ်းအချို့ပါ။

ဝက်ခြံတွေကို မညှစ်ပါနှင့်။❌

ဘယ်ဝက်ခြံပဲဖြစ်ဖြစ် အထူးသဖြင့် ပြည်ဘုဝက်ခြံလိုဟာမျိုးတွေကို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ် မညှစ်ပါနဲ့။ ထိုသို့ပြုလုပ်ခြင်းက အရေပြားတွေအောက်မှာ ပိုမွှားတွေကို ကူးစက်ပြန့်နှံ့သွားစေတတ်ပါတယ်။ ဝက်ခြံကိုကလိမယ်ဆိုရင် ပိုးဝင်သွားတတ်ပြီး အနာကျက်ချိန်ကို ရက်သတ္တပတ်အထိ ကြာမြင့်သွားစေတတ်ပါတယ်။ ဒါ့အပြင် ဝက်ခြံပျောက်သွားတဲ့ အခါမှာလည်း အမာရွတ် ကျန်သွားတတ်ပါတယ်။ ဒဏ်ရာရဲ့အတိမ်အနက်ပေါ် မူတည်ပြီး အမာရွတ်ဟာ တစ်သက်လုံးထိ ပါသွားတတ်ပါတယ်။

ရေခဲကပ်ပါ။✅

ရေခဲကပ်တာဟာ ဝက်ခြံကိုထောက်ပံ့ပေးနေတဲ့ သွေးကြောကို ကျဉ်းသွားစေခြင်းအားဖြင့် ရောင်နေတာနဲ့ နီနေတာကို ချက်ချင်းသက်သာ သွားစေပါလိမ့်မယ်။ ရေခဲတုံးကို ဝက်ခြံပေါ်တွင် တိုက်ရိုက်ထိကပ်ပြီး ရလဒ်ကို စောင့်ကြည့်ပေးပါ။

အရေပြားကို ဂရုစိုက်ထိန်းသိမ်းပေးပါ။✅

အလှဆီမလိမ်းခင် အရေပြားကို သန့်စင်ပေးပါ။ ရေဖြင့်အခြေခံပြုလုပ်ထားတဲ့ အလှဆီကို ရွေးချယ်ပြီး အဆီကိုအခြေခံ ပြုလုပ်သော အလှဆီနဲ့ အနံ့ပြင်းသော အလှဆီများကို ရှောင်ရှားပါ။
အနည်းဆုံး တစ်ပတ်တစ်ခါ ထိရောက်ပြီး မကြမ်းတမ်းတဲ့ အလှကုန်တွေနဲ့ အရေပြားချီးချွတ်ပါ။ ထိုကဲ့သို့ပြုလုပ်ခြင်းက သင့်အရေပြားဆဲလ်အသစ်တွေ ဖြစ်ပေါ်စေပြီး သင်အပြောင်းအလဲတစ်ခုကို ရရှိမှာပါ။
အရေပြားမပျက်စီးစေရန် နေရောင်ထဲသို့ထွက်မည်ဆိုပါက နေရောင်ခံလိမ်းဆေး လိမ်းပြီးမှထွက်ပါ။ အရေပြားပျက်စီးနေပြီဆိုပါက သဘာဝဗီတာမင်စီက သင့်ကို ကူညီပေးပါလိမ့်မယ်။

အရေပြားနှင့် ထိတွေ့နေသော အရာများကို သန့်သန့်ရှင်းရှင်းထားပါ။✅

အရေပြားနဲ့ နေ့စဉ်နေ့တိုင်း ထိတွေ့လျှက်ရှိတဲ့ အရာတွေကတော့ ခေါင်းအုံး၊ စောင်နဲ့ မျက်နှာသုတ်ပဝါတွေပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ယင်းအရာတွေ မသန့်ရှင်းပါက အရေပြားယားယံတာမျိုးနဲ့ ဓါတ်မတည့်တာမျိုးကို ဖြစ်စေတတ်ပါတယ်။ ထိုအရာများကို ရှောင်ရှားဖို့အတွက် စောင်နဲ့ ခေါင်းအုန်းအစွပ်တွေကို မကြာခဏလဲပေးပါ။ ဒါ့အပြင် သင့်မျက်နှာသုတ်ပဝါများ၊ ခေါင်းအုန်းစွပ်များနဲ့ စောင်များကို အနံ့မထည့်ထားတဲ့ သဘာ၀ အဝတ်လျော် ဆပ်ပြာများဖြင့် လျော်ပေးပါ။ ပြင်းထန်တဲ့ အစွန်းချွတ်ဆေးနဲ့ ချီးချွတ်ဆေးတွေကို မသုံးဖို့ မမေ့ပါနှင့်။

ဆေးနည်းပညာဖြင့် ကုသခြင်းများ✅

ယင်းကုသနည်းတွေကတော့ ပါရဂူတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေ ပဲလုပ်နိုင်ကြတာပါ။

Isotretinoin📌

Isotretinoin က ဝက်ခြံဆိုးတွေကို ကုသသော ထိရောက်တဲ့ ဆေးတွေထဲ တစ်မျိုးပါ။ ယင်းဆေးက ပြည်ဘုတွေကို ရေရှည် ထိန်းချုပ်ထားနိုင်ပါတယ်။ ထိုကုသမှုအတွက် ၁၅ပတ်ကနေ ၂၀ပတ်အတွင်း ကြာမြင့်ပါတယ်။ ဒါပေမဲ့လည်း မွေးရာပါချို့ယွင်းချက်တွေကို ဖြစ်စေခြင်း၊ စိတ်ဓါတ်ကျခြင်းနှင့် စိတ်ကစင့်ကလျားဖြစ်ခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါသေးတယ်။

အရောင်ကျစေသော Steroidများ📌

ဆရာဝန်တွေက သင့်ကိုအရောင်ကျစေတဲ့ Steroid တွေထိုးပေးပါလိမ့်မယ်။ ယင်းကုသနည်းဖြင့် ပြည်ဘုတွေဟာ ၂ရက်ကနေ ၅ရက်အတွင်း ပိန်ကျသွားပါလိမ့်မယ်။
အလင်းရောင်ဖြင့် ကုသခြင်း
ယင်းကုမှုမှာတော့ ဆရာဝန်က ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယာတွေကို သတ်တဲ့ အလင်းပြပေးခြင်းအားဖြင့် ကုသပါတယ်။

သေချာဂရုစိုက်မယ်ဆိုရင်တော့ ဝက်ခြံဆိုးပေါက်တယ်ဆိုတာဟာ သိပ်တော့ စိုးရိမ်စရာမရှိပါဘူး။ အရေပြားထိန်းသိမ်းခြင်းသာမက အစားအစာကို ပြင်ဆင်စားသောက်ခြင်းနှင့် အားကစားလုပ်ခြင်းတွေက အကျိုးသက်ရောက်တယ်ဆိုတာကလည်းထူးခြား ပါသေးတယ်။


#ရန်ကုန်ရွှေပြည်သာကိုယ်စလှယ်

21/04/2023

🌿🌵အသားအရေဖြူတာမဲတာက ပြဿနာမဟုတ်ဘူး

💁💁အသားခြောက်ပီး မျက်နှာအဆီပြန် ဝက်ခြံ အဆီဖုထွက်တာက ပြဿနာကြီးကြီးပဲ

🧓🧑‍🦳ဝက်ခြံထွက်လို့ လက်နဲ့ညစ် မျက်နှာပါမဲတူးပီး တင်းတိတ်ပါကြကုန်ရော့🧓🧑‍🦳😰

📌📌ဒီလိုပြဿနာတွေကိုဖြေရှင်းဖို့ အသားအရေကြည်ကြည်လင်လင်လေးနဲ့ ဝက်ခြံကင်းပီး အမဲစက် အမာရွတ်မရှိ အသားအရေတင်းရင်းဖို့ဆို

🌿🌵✅💚I'AURA gel 🌵နဲ့ ☀️နေကာလေးသာတွဲသုံး တစ်တွဲသုံးတစ်တွဲသိသာတယ်


#ရန်ကုန်ရွှေပြည်သာကိုယ်စလှယ်

19/03/2023

Skincare products အသစ်တွေရလာတဲ့ အခါ၊ ဝယ်လာတဲ့အခါမှာ
ကိုယ်နဲ့ ဓာတ်တည့်မတည့် စမ်းကြည့်ချင်တယ်ဆိုရင် ဘယ်လိုလေးတွေ စမ်းကြမလဲ။

ကိုယ်က အမြဲ သုံးနေကျ skin care တွေရှိတယ် ဒါပေမယ့်လည်း ကိုယ့်အတွက် skin care အသစ်တွေ စပြီး စမ်းသုံးကြည့်ချင်တယ်ဆိုရင် ဓာတ်မတည့်တာ တွေ၊ ယားတာတွေ၊ နီလာတာ၊စပ်တာ လောင်တာတွေ တန်းမဖြစ်သွားဖို့အတွက် စမ်းလို့ရတဲ့နည်းလေးတွေ ရှိပါတယ်။

အရေပြားပေါ်မှာ ဘယ်လိုစမ်းရမလဲ ဆိုတာလေးပါ။ ကိုယ် ဝယ်လာတဲ့ skincare အသစ်လေးကို ဆိုရင် အကုန်လုံးကတော့ တန်းပြီး အားပါးတရ လိမ်းပစ်ချင်ကြတာကြီးပဲပေါ့နော်။

ဒါပေမယ့်လည်း ကိုယ့်အသားအရေနဲ့တည့်မတည့်ကို သိဖို့ ဆိုးလွန်းတဲ့ အလာဂျီတွေ မဖြစ်ဖို့၊ ယားတာတွေ၊ အနီကွက်တွေ၊ လောင်သွားတာတွေ မဖြစ်ဖို့ အတွက်ဆိုရင်တော့ အရင်ဆုံး ၃ရက်လောက် အသားပေါ်မှာစမ်းပြီး စသုံးတာကောင်းပါတယ်။
(တကယ်ကတော့ 24နာရီလောက် စမ်းရင်ကို အဆင်ပြေပါတယ်။ ပိုသေချာအောင်ဖြစ်ပါတယ်။)

မျက်နှာပေါ်ကို လိမ်းမယ့် skincare ဝယ်လာခဲ့တယ်ဆိုရင် အရင်ဦးဆုံး မျက်နှာတစ်ပြင်လုံးကို တန်းမလိမ်းပါနဲ့ဦး၊ မျက်နှာမှာဆို နားရွက်ရဲ့နောက်နား ဆံပင်နဲ့ ဖုံးနေတဲ့နားလေးကို ကျပ်ပြား တစ်ဝိုင်းစာလောက်လေး
အရင် စမ်းလိမ်းကြည့်ပါ။

အဲ့နားမဟုတ်ရင်လည်း နားထင်လိုနေရာမျိုး၊ မေးရိုးအနောက်နားလေးတို့ မှာ နည်းနည်းလေး စပွတ်လိမ်းပြီးတော့ စမ်းလို့ရပါတယ်။ ပြောရရင်တော့ မျက်နှာရဲ့ အရှေ့ပိုင်း အလည်တည့်တည့်နဲ့ ဝေးတဲ့နေရာလေးတွေကို စမ်းဖို့ပါပဲ။

မျက်နှာနဲ့အနီးတစ်ဝိုက်ကိုစမ်းဖို့ကိုကြောက်သေးတယ်ဆိုရင် လက်ကောက်ဝတ်အတွင်းဘက် ဒါမှမဟုတ် တံတေင်ဆစ်အကွေးဘက်နားမှာ စမ်းလည်းရပါတယ်။

နည်းနည်းလေး ယူလိမ်းပြီးသွားရင် အဲ့နေရာနားလေးကို ၂၄နာရီလောက် ဘာမှမထိပဲ ထားထားလိုက်ရပါတယ်။ ဒါပေမယ့်လည်း အဲ့လို ရေမထိ လေမထိ နေမထိ ဘာနဲ့မှ မထိပဲ၂၄ နာရီထားဖို့ ဆိုတာ အတော်ကို မလွယ်တာမို့ ဖြစ်နိုင်ရင် အဲ့နေ့ရာလေးကိုတော့ တစ်ခြား ဟာတွေ အပေါ်ကထပ်မလိမ်းသေးပဲနဲ့ ပဲထားလိုက်ပါ။ ကိုယ်မျက်နှာသစ်စရာရှိတာသစ်ပါ။ ပြီးရင်ပြန်လိမ်းလိုက်ပါ။ အဲ့ဒါမျိုးကို ဖြစ်နိုင်ရင် ၃ရက်ဆက်တိုက်လောက်လုပ်ကြည့်လိုက်ပါ။

လိမ်းထားတဲ့နားလေးတွေက နီလာတာ၊ ရဲလာတာ၊ စပ်လာတာ၊ အဖုတွေထွက်လာတာမျိုးကို သတိထားမိရင်တော့ချက်ခြင်းပဲ ရေဆေးချပစ်ဖို့လိုပါတယ်။ ၃ရက်လောက်ထိထားပြီး ဘာမှ သိပ်မဖြစ်ဘူးဆိုရင်တော့ ဓာတ်မတည့်တဲ့ ပြသနာတော့ မရှိနိုင်တော့ပါဘူး။

ဝက်ခြံထွက်တဲ့သူတွေမှာကျတော့ ဝက်ခြံပိုထွက်မထွက်သိအောင် စမ်းမယ်ဆိုရင်လည်း ဒီလိုပဲ စမ်းလို့ရပါတယ်။ ဒါပေမယ့် လည်း ဝက်ခြံအတွက်ကျတော့ တစ်ခါတစ်လေကျရင် လိမ်းပြီးကာမှ ပိုစူ ထွက်လာစေတဲ့ skincare မျိုးတွေလည်း ရှိတာမို့ အဖုထွက်လာတာနဲ့ မတည့်ဘူးလို့လည်း တန်းပြောလို့ မရပြန်ပါဘူး။
ဝက်ခြံ ပိုထွက်မထွက်သိချင်ရင်တော့ နဖူးနေရာမှာ စမ်းတာ ပိုကောင်းပါတယ်။ ထွက်မယ်ဆိုအဲ့နေရာက အဖုအများဆုံးထွက်နိုင်တဲ့နေရာမို့ပါ။

အခုပြောသွားတဲ့ စမ်းသပ်နည်းလေးကတော့ ကိုယ့်အတွက် အလာဂျီ ဖြစ်စေမယ့် ဓာတ်မတည့်ဖြစ်ခြင်းကိုပဲ စမ်းသပ်လို့ရမှာဖြစ်ပါတယ်။ Steroid ပါနေတဲ့ ပစ္စည်းမျိုးဆိုရင်တော့ ဒီလိုစမ်းသပ်ရုံနဲ့သိသာနိုင်မှာ မဟုတ်ပါဘူး။

အဲ့ဒီတော့ ဓာတ်မတည့်မှုတွေ မဖြစ်ဖို့ စမ်းသပ်နည်းလေးကို အရင်စမ်းပြီးမှ လိမ်းကြနော်။

အားလုံးပဲ လှပစိုပြေ ချောမွေ့ကြပါစေ။


#ရန်ကုန် ရွှေပြည်သာ ကိုယ်စလှယ်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon