KanKaw Specialist Clinic & Home Service
လူမျိုးမရွေး ဘာသာမရွေး ကံကော်ဆေးခန်း၌ဆေးကုသမှုခံယူနိုင်ရမည်။
ကံကော်အထွေထွေရောဂါအထူးကုဆေးခန်းနှင့်အိမ်အ
ရောက်ကျန်းမာရေးဝန်ဆောင်မှုများတွင် မိုးရာသီတုပ်
ကွေးကာကွယ်ဆေးဖြစ်သော FDA အသိအမှတ်ပြု
Influvac Tetra 2025 (ရာသီတုပ်ကွေးကာကွယ်ဆေး) ကို
ထိုးနှံနိုင်ပါပြီ ။
⚠️ရာသီတုပ်ကွေးနှင့်ကျန်းမာရေးအန္တရယ်⚠️
🌧️ ရာသီတုပ်ကွေးပဲဆိုပြီး ပေါ့ပေါ့ဆဆနေလိုက်မိပြီးမှ
တပြိုင်နက်တည်းမှာ တမိသားစုလုံးဖျားနာကြတဲ့ဒုက္ခက
အတော်လေးပင်စိတ်ညစ်စရာကောင်းလှပါတယ်။
အထူးသဖြင့်မိမိ မိသားစုရှိ ကလေးငယ်လေးတွေ၊အခြား
ခြားသောရောဂါအခံရှိထားဘူးသူတွေ၊ကိုယ်ဝန်ဆောင်
မိခင်များနှင့်သက်ကြီးရွယ်အိုတွေ အစရှိတဲ့လူများဟာ
ရာသီလိုက်ဖြစ်ပေါ်တတ်သော ဖျားနာမှုဒဏ်တွေကိုခံနိုင်
ရည်စွမ်းနည်းပါးကြပြီး အချို့အချို့သောလူတွေမှာဆို
ရင်ဖြင့် ရာသီတုပ်ကွေးဟာ အသက်အန္တရယ်အထိကိုပါ
ခြိမ်းခြောက်နိုင်တဲ့အထိ ပြင်းထန်စေနိုင်ပါတယ်။
🌧️ မိမိကိုယ်တိုင် ကူးစက်ခံခဲ့ရတဲ့အခါများမှာလည်း
ရောဂါပြင်းထန်မှုအနည်းအများပေါ်မူတည်ပြီးတော့
အလုပ်အကိုင်ပျက်ခြင်း၊စိတ်ဖိစီးရခြင်းများ၊ဆေးရုံ
ဆေးခန်းများသို့သွားရောက်ကုသမှုကုန်ကျစရိတ်များနှင့်
အခြားမိမိအိမ်သားများကိုပါ ကူးစက်စေနိုင်တာကြောင့်
"ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ပိုထိရောက်
တယ်" ဆိုတဲ့အတိုင်းပဲ အတတ်နိုင်ဆုံး ကြိုတင်ကာကွယ်
ရှောင်ရှားနိုင်ဖို့ ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။
🌧️ ရာသီတုပ်ကွေးရောဂါပိုး ( Influenza virus ) နဲ့ ရာသီ
တုပ်ကွေးကာကွယ်ဆေးအကြောင်းကို အရင်ဆုံး ပြောပြ
ပေးသွားပါ့မယ်။ ရာသီတုပ်ကွေးရောဂါပိုးကို ဆေးပညာ
အခေါ်အဝေါ်အရဆိုရင် Influenza Virus လို့ခေါ်ကြပါ
တယ်။ယေဘူယျအားဖြင့် Type A , B , C , D ဆိုပြီး
အမျိုးအစား(၄)မျိုးရှိပြီး လူသားတွေမှာအဖြစ်များတတ်
တဲ့ အမျိုးအစားတွေကတော့ Type A , B ပဲ ဖြစ်ပါတယ်။
Flu Virus ရဲ့ ထူးခြားချက်ကတော့ Genetic resortment
လို့ခေါ်တဲ့ ပုံပန်းသွင်ပြင်ကို လွယ်ကူစွာ ပြောင်းလဲနိုင်တာ
ကြောင့် ရာသီတုပ်ကွေးပိုးတွေဟာ တနှစ်နှင့်တနှစ် မျိုးရိုး
ဗီဇအသွင်အပြင်ထပ်တူကိုက်ညီမှုမရှိကြပါဘူး။အဲ့ဒါ
ကြောင့် ရာသီတုပ်ကွေးကာကွယ်ဆေးတွေကို နှစ်စဉ်နှစ်
တိုင်း ဆိုသလိုပဲ Yearly ထိုးနှံနေရတာ ဖြစ်ပါတယ်။အခု
မြန်မာနိုင်ငံမှာထိုးပေးနေတဲ့ Influvac Tetra (၄)မျိုးစပ်
တုပ်ကွေးကာကွယ်ဆေးဟာ မြန်မာနိုင်ငံရဲ့ မိုးတွင်း
ကာလမှာ အဖြစ်များတဲ့ အန္တရယ်များသော ရာသီတုပ်
ကွေးပိုးမျိုးကွဲ (၄)မျိုးကို ကာကွယ်နိုင်စွမ်းပေးမှာဖြစ်ပါ
တယ်။
🌧️ Flu Vaccine ကို ဘယ်လိုလူတွေ ထိုးနှံသင့်သလဲ?
အသက်၅နှစ်အောက် ကလေးငယ်များ၊အသက်၆၀နှင့်
အထက် လူကြီး မိဘများ၊နာတာရှည်ရောဂါအခံ ကြီး
ကြီးမားမားရှိသောသူများ ၊ ဥပမာ(သွေးတိုး၊ဆီးချို၊ပန်း
နားရင်ကြပ်၊ကျောက်ကပ်ရောဂါ၊ကင်ဆာရောဂါ........)၊
လူနာများနှင့် နေစဉ် ကုသဆက်ဆံနေရပြီး ကူးစက်ခံရ
နိုင်ခြေ မြင့်မားသော ကျန်းမာရေးဝန်ထမ်း healthcare
personnel များ၊ကိုယ်ဝန်ဆောင်မိခင်များ အစရှိသည်
တို့သည် မဖြစ်မနေ ထိုးနှံသင့်ပါသည်။ပိုကောင်းတဲ့
အချက်အနေနဲ့ မိခင်ကိုကာကွယ်ဆေးထိုးထားခြင်းဟာ
မွေးလာမည့် ကလေးကိုလည်း ၆လ အထိ ကာကွယ်မှု
ပေးနိုင်ပါတယ်။အသက်အရွယ်အပိုင်းအခြားအရ ရာသီ
တုပ်ကွေးကာကွယ်ဆေးကို အသက်၆လနှင့်အထက်မှာ
စတင်ထိုးနှံနိုင်ပြီး ၆လ ကနေ ၉နှစ် အထိ ကလေးငယ်
များကတော့ ယခင်ကတကြိမ်မှ မထိုးနှံဖူးရင် ၄ပတ်ခြား
ပြီး ၂ခါထိုးနှံ ရမှာဖြစ်ပါတယ်။၉နှစ်နဲ့အထက် လူငယ်
လူကြီး များအနေနဲ့ကတော့ တုပ်ကွေးကာကွယ်ဆေးတ
ကြိမ်ထိုးရုံနဲ့ လုံလောက်မှုရှိပါတယ်။
🌧️ ဘေးထွက်ဆိုးကျိုးအနေနဲ့ဘာတွေဖြစ်စေနိုင်သလဲ?
Flu Vaccine ထိုးတဲ့အနေနဲ့ ဘေးထွက်ဆိုးကျိုးအဖြစ်
ကြီးကြီးမားမားမရှိပါဘူး။ဆေးထိုးတဲ့နေရာမှာ နာတာ၊နီ
တာ၊ရောင်တာ အနည်းငယ်လောက်နဲ့ ဆေးထိုးပြီးညမှာ
တော့ vaccine reaction အနေနဲ့ ကိုယ်လက်မအီမသာ
ဖြစ်တာ၊အဖျားငွေ့ငွေ့တက်တာတွေ အနည်းအကျဉ်း
ခံစားရနိုင်ပါတယ်။
🌧️ ဘယ်လိုလူတွေက Flu vaccine ကိုမထိုးသင့်သလဲ?
ယခင်နှစ်တွေမှာ ကာကွယ်ဆေးထိုးပြီး ဓာတ်မတည့်မှု
ဆိုးဝါးပြင်းထန်မှု ဖြစ်ဖူးသူတွေ၊ ကာကွယ်ဆေးမှာပါတဲ့
ပါဝင်ပစ္စည်းတွေ (ဥပမာ-egg albumin) ဒါမျိုးတွေနဲ့
ဓာတ်မတည့်မှုရှိမယ်ဆိုရင်တော့ မထိုးနှံသင့်ပါဘူး။
လတ်တလောအနေနဲ့ ဖျားနာတာ၊နှာစေး၊ချောင်းဆိုး ဖြစ်
နေတဲ့ သူတွေ အနေနဲ့ကတော့ ဖျားနာမှု အရှင်းသက်သာ
ပြီး ၁ပတ်ခန့်ကြာတဲ့ အခါတွင်သာ ထိုးနှံသင့်ပါတယ်။ဒီ
လောက်ဆိုရင်တော့ ရာသီတုပ်ကွေးပိုးအကြောင်းနှင့်
ရာသီတုပ်ကွေးကာကွယ်ဆေးအကြောင်းများကို
ဗဟုသုတအနေနဲ့ သိရှိသွားလိမ့်မယ်လို့ထင်ပါတယ်။အခု
အချိန်ဟာ ရာသီတုပ်ကွေးအပြင် အခြားသော ရောဂါပိုး
များ၊Covid နောက်ဆက်တွဲပိုးများလည်း ရှိသေးတာ
ကြောင့် မိမိကိုယ်တိုင်နှင့် မိမိမိသားစုအတွက် အကောင်း
ဆုံးကာကွယ်ထားနိုင်ဖို့ အကြုံပြုလိုက်ပါရစေ။
🚨 သင်နှင့်သင့်မိသားစုကော ယခုနှစ်လာမယ့်မိုးရာသီ
အတွက် လေးမျိုးစပ်ရာသီတုပ်ကွေးကာကွယ်ဆေး ကို
ထိုးနှံပြီးကြပြီလား?
💉 Kan Kaw Specialist Clinic မှာ ၂၀၂၅ ခုနှစ်အတွက်
မိုးရာသီ တုပ်ကွေးကာကွယ်ဆေး (Influvac Tetra) ကို
စိတ်ချရသော အအေးခန်းစနစ် သယ်ယူပို့ဆောင်မှုများ၊
ဓာတ်မတည့်မှုဖြစ်စဉ်များအတွက် ဆေးဘက်ဆိုင်ရာ
ကျွမ်းကျင်မှုရှိသော ဆရာဝန်များ ကိုယ်တိုင် ထိုးနှံပေးနေ
တာကြောင့် ယုံကြည်စိတ်ချစွာ က်ြုတင်စာရင်းပေးသွင်း
နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။အခြား
သော ကျန်းမာရေးစောင့်ရှောက်မှုများအတွက်လည်း
အောက်ပါဖုန်းနံပတ်များသို့ အချိန်မရွှေး ဆက်သွယ်
စုံစမ်း မေးမြန်းနိုင်ပါတယ်.........။
⚠️ စက်ရုံများ၊အသင်းအဖွဲ့များ ၊ ကျောင်းများ နှင့်
အခြားအခြားသော အဖွဲ့အစည်းများအတွက်လည်း
အထူးဈေးနှုန်းများဖြင့်ညှိနှိုင်းဆောင်ရွတ်ပေးနေ
ပါသည်။ ⚠️
" သင်နှင့်သင့်မိသားစုအတွက် ပြီးပြည့်စုံသော
ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုများ ပေးဖို့ KanKaw
Specialist Clinic က သင် နှင့် အတူ ရှိနေပါတယ် "
☎️ 09970660101
☎️ 09420063288 (Viber)
06/03/2025
အသည်းရောင်အသားဝါ (အေ) ရောဂါနှင့်ပတ်သက်သည့် အကြောင်းအရာအချက်အလက်များဖြစ်သော အသည်းရောင်အသားဝါ(အေ)ပိုး ကူးစက်နည်းများ၊ ရောဂါလက္ခဏာများ၊ ကုသ ကာကွယ်နိုင်မည့်နည်းလမ်းများကို အောက်ပါ infographic များတွင် လေ့လာနိုင်ပါသည်။
အသည်းရောင်အသားဝါ (အေ) ရောဂါ၏ လက္ခဏာများမှာ
▪️ ဖျားခြင်း
▪️ မောပန်းနွမ်းနယ်ခြင်း
▪️ အစားအသောက်ပျက်ခြင်း
▪️ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း
▪️ ပျို့ အန်ခြင်း
▪️ ဗိုက်အောင့်ခြင်း
▪️ အသားဝါခြင်း၊ မျက်လုံးဝါခြင်း
▪️ ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း
▪️ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း
ရောဂါပိုးရှိသူတိုင်းမှာ အထက်ပါရောဂါလက္ခဏာများ အားလုံး မရှိနိုင်ပါ။ အပျော့စားမှ ပြင်းထန်သောလက္ခဏာများအထိ တဦးနှင့်တဦး ရောဂါလက္ခဏာများ ကွဲပြားနိုင်သည်။
💢 ပြင်းထန်စွာအသည်းရောင်ပါက ရုတ်တရက်အသည်းပျက်စီး၍ အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်။
ယနေ့ (ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅) တွင် ရန်ကုန်မြို့တွင် လေထုအညစ်အကြေးညွန့်ပေါ်မှု (AQI) သည် ၁၇၂ အထိရှိနေပြီး၊ ဧရာဝတီမြစ်ဒေသအပါအဝင် တခြားဒေသများတွင်လည်း လေထုအညစ်အကြေးအဆင့်မြင့်တက်နေပါသည်။ ထို့ကြောင့်၊ အပြင်သွားလာမှုများကို လျှော့ချပြီး၊ အသက်ရှူလမ်းကြောင်းကို ကာကွယ်ရန် Mask မျက်နှာဖုံးများကို တပ်ဆင်သင့်ပါသည်။ သင့်ကျန်းမာရေးကို ဂရုစိုက်ပါ။
လေထုညစ်ညမ်းမှုမြင့်တက်မှုနှင့် သက်ဆိုင်သော အချက်များ
1. Mask (N95) သုံးရမလား?
လေထုအညစ်အကြေး (AQI) ၁၅၀ ထက်မြင့်တဲ့အခါ N95 သို့မဟုတ် KN95 Mask တပ်ရန်၊
PM2.5 အမှုန်ငယ်များ ကို တားဆီးနိုင်သောကြောင့် အသက်ရှူလမ်းကြောင်းကို ကာကွယ် ပေးနိုင်သည်။
2. ရန်ကုန်မှာပဲလား? မြန်မာနိုင်ငံရဲ့ တခြားဒေသတွေမှာရော?
ယနေ့ (ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅) တွင် ရန်ကုန်မြို့ သည် AQI ၁၇၂ ထိမြင့်တက်နေပြီး အလွန်ညစ်ညမ်းသောလေထု ဖြစ်နေသည်။
မြန်မာနိုင်ငံအခြားဒေသများတွင်လည်း လေထုညစ်ညမ်းမှု မြင့်တက်နိုင် သောကြောင့် AQI App များဖြင့် စစ်ဆေးခြင်း သင့်တော်ပါသည်။
3. မနက်ပိုင်းထပြေးသူတွေအတွက် အကြံပေးချက်
✔ AQI ၁၅၀ ထက်မြင့်ပါက ပြေးခြင်းကို လျှော့ချသင့်
✔ N95 Mask တပ်ပြီး ပြေးနိုင်သော်လည်း အသက်ရှူပြန်မှု အခက်တွေ့နိုင်
✔ အိမ်တွင်းမှာ Treadmill Running, Bodyweight Training လုပ်နိုင်
✔ ပြေးပြီးချိန်တွင် ရေများများ သောက်ပါ (PM2.5 မကျန်စေရန်)
✔ သစ်ပင်များများရှိသော ဥယျာဉ်များတွင် ပြေးပါ (လေထုအညစ်အကြေးနည်းစေရန်)
4. ဘယ်သူတွေကို ပိုထိခိုက်နိုင်သလဲ?
လေထုညစ်ညမ်းမှုကြောင့် အထူးသတိထားရမယ့်သူများ
1️⃣ အသက်ကြီးသူများ (၆၀ နှစ်အထက်) – အသက်ရှူလမ်းကြောင်းနှင့် နှလုံးအတွက် အန္တရာယ်
2️⃣ ကလေးသူငယ်များ – အဆုတ်ဖွံ့ဖြိုးမှု အပြည့်အဝ မဖြစ်သေးသောကြောင့် ပိုထိခိုက်နိုင်
3️⃣ အသက်ရှူလမ်းကြောင်းပြဿနာရှိသူများ (Asthma, COPD, Bronchitis)
4️⃣ နှလုံးရောဂါရှိသူများ – သွေးကြောပိတ်ဆို့မှု ဖြစ်နိုင်
5️⃣ ကိုယ်ဝန်ဆောင်မိန်းကလေးများ – မွေးဖွားမည့်ကလေးအတွက် အန္တရာယ်ရှိနိုင်
6️⃣ အပြင်တွင် အလုပ်လုပ်ရသူများ – ယာဉ်မောင်း, Delivery, လမ်းသန့်ရှင်းရေး, အလုပ်သမားများ
🔴 AQI ၂၀၀ အထက်ရှိရင် အိမ်တွင်း နေနိုင်ရင် နေပါ။
🔴 အလွန်ညစ်ညမ်းသော နေရာများတွင် N95 Mask တပ်ပါ။
🔴 အသက်ရှူပြဿနာရှိပါက ဆေးခန်းသွားပါ။
💨 သင့်ကျန်းမာရေးကို ဂရုစိုက်ပြီး, လေထုညစ်ညမ်းမှုကြောင့် အန္တရာယ် မဖြစ်အောင် ကြိုတင်ကာကွယ်ကြပါစို့။
AQI ဆိုတာဘာလဲ?
AQI (Air Quality Index) ဆိုတာ လေထုအရည်အသွေးကို တိုင်းတာပြီး လေထုညစ်ညမ်းမှုအဆင့်ကို ပြသတဲ့ စံနစ်တစ်ခု ဖြစ်ပါတယ်။
AQI ကို PM2.5, PM10, Ozone (O₃), Nitrogen Dioxide (NO₂), Sulfur Dioxide (SO₂), Carbon Monoxide (CO) စတဲ့ လေထဲရှိ အညစ်အကြေးအမှုန်များနှင့် ဓာတုဓာတ်များကို အခြေခံပြီး တိုင်းတာ လုပ်ပါတယ်။
AQI တန်ဖိုးများအလိုက် လေထုအန္တရာယ်အဆင့်များ
| AQI တန်ဖိုး | အခြေအနေ | သက်ရောက်မှု |
|-------------|--------------|-----------------|
| 0-50 | ကောင်းမွန် | ဘေးမရှိ |
| 51-100 | လုံခြုံ | အနည်းငယ် သက်သာနိုင် |
| 101-150 | အနည်းငယ် ဆိုးဝါး | အထူးသတိထားရန် (Asthma, အသက်ရှူပြဿနာရှိသူများ) |
| 151-200 | မကောင်း | အသက်ရှူလမ်းကြောင်းကို ထိခိုက်နိုင် |
| 201-300 | အလွန်ဆိုးဝါး | လူတိုင်း ထိခိုက်နိုင် |
| 301+ | အန္တရာယ်အလွန်မြင့် | ကျန်းမာရေး ထိခိုက်မှု မဖြစ်မနေရှိ |
💡 AQI 150 ထက်မြင့်လျှင် N95 Mask တပ်ရန်နှင့် အပြင်ထွက်ခြင်း လျှော့ချရန် အကြံပြုထားသည်။
💡 AQI 200 ထက်မြင့်လျှင် အိမ်တွင်း နေရန် အထူးသတိထားပါ။
Data Source : IQAir
07/02/2025
🤝🏽 Collaboration is Key: GOARN’s Remote Support to Myanmar’s Health Response 🌍
The ongoing crisis in has left millions in need of urgent support, with outbreaks of Acute Watery Diarrhea (AWD) and adding to the strain. In response, GOARN has partnered with the WHO Regional Office for South-East Asia and the WHO Myanmar Office to provide critical technical expertise. Through remote deployments, GOARN experts have worked jointly with partners to develop data-driven tools, enhance outbreak response, and strengthen coordination efforts.
These partnerships are essential in addressing global health challenges. The collaboration has been instrumental in supporting Myanmar’s response, and GOARN remains committed to continuing this vital work together to tackle public health emergencies.
🌍
🔗 Read more 👉🏾
GOARN's Remote Support to Myanmar’s Health Response Amid Ongoing Crisis The conflict in Myanmar has resulted in a severe humanitarian crisis, with over 18.6 million people requiring assistance in 2024. The collapse of the public healthcare system, combined with widespread violence, has left many without access to essential services. The situation is further exacerbated....
31/01/2025
ဖိတ်ကြားအပ်ပါသည်။
အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၊ မျိုးဆက်ပွားကျန်းမာရေးနှင့် မကူးစက်နိုင်သော ရောဂါများနှင့် ပတ်သက်သည့် ကျန်းမာရေး ပရိုဂရမ်မန်နေဂျာများ အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူ အားလုံးအတွက် ......
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ “သားအိမ်ခေါင်းကင်ဆာရောဂါအား ကာကွယ်၊ ရှာဖွေ၊ ကုသခြင်းဆိုင်ရာ” ဆွေးနွေးပွဲသို့ နွေးထွေးစွာဖိတ်ကြားအပ်ပါသည်။
Webinar အား
🗓️ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့၊
⏰ နေ့လည် ၂ နာရီမှ ၃နာရီခွဲ အချိန်ထိ ကျင်းပမည်ဖြစ်ပြီး မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် နားထောင်နိုင်ပါသည်။
⬇️ အောက်ပါ Link သို့မဟုတ် QR Code မှတဆင့် Register ပြုလုပ်၍ Webinar ID နှင့် Passcode အား ရယူလိုက်ပါ။
Link - https://bit.ly/RMNCAHwebinar1
အလားတူ မိခင်၊ မျိုးဆက်ပွား၊ မွေးကင်းစ၊ ကလေးနှင့် ဆယ်ကျော်သက် ကျန်းမာရေးဆိုင်ရာ Webinar များအား (၂၀၂၅) ခုနှစ်အတွင်း လစဉ်ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။
29/01/2025
Sjogren's Syndrome ဆိုတာဘာလဲ?
Sjogren's Syndrome (ရှိုးဂရင်းရောဂါစု) ဆိုတာက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က မိမိရဲ့ တစ်ရှူးတွေကို ပြန်တိုက်ခိုက်တဲ့ autoimmune disease (ကိုယ်ခံအားစနစ်က မိမိကိုယ်ကို ပြန်တိုက်တဲ့ရောဂါ) တစ်မျိုးဖြစ်ပါတယ်။ အဓိကအားဖြင့် မျက်ရည်ဂလင်းနဲ့ တံတွေးဂလင်းတွေကို ထိခိုက်စေပြီး ခြောက်သွေ့မှုကို ဖြစ်စေပါတယ်။ ဒါပေမယ့် ဒီရောဂါက အခြားကိုယ်အင်္ဂါတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။
# Sjogren's Syndrome ရဲ့ လက္ခဏာများ
1. **မျက်လုံးခြောက်ခြင်း** - မျက်လုံးထဲမှာ သဲသဲကုတ်ကုတ်ဖြစ်ခြင်း၊ မျက်ရည်မထွက်ခြင်း၊ မျက်လုံးနာခြင်း။
2. **ပါးစပ်ခြောက်ခြင်း** - တံတွေးနည်းပြီး အစာမျိုရခက်ခြင်း၊ စကားပြောရခက်ခြင်း။
3. **အရေပြားခြောက်ခြင်း** - အရေပြားယားယံခြင်း၊ နီမြန်းခြင်း။
4. **မောပန်းလွယ်ခြင်း** - အားနည်းပြီး ပင်ပန်းနွမ်းနယ်ခြင်း။
5. **အဆစ်နာခြင်း** - အဆစ်များနာကျင်ကိုက်ခဲခြင်း။
6. **အခြားလက္ခဏာများ** - နှာခေါင်းခြောက်ခြင်း၊ လည်ချောင်းနာခြင်း၊ သွားပိုးစားခြင်း။
# Sjogren's Syndrome ဖြစ်ရသည့် အကြောင်းရင်းများ
ဒီရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် အောက်ပါအချက်တွေက ရောဂါဖြစ်နိုင်ခြေကို မြင့်စေပါတယ်။
1. **မျိုးရိုးဗီဇ** - မိသားစုထဲမှာ autoimmune disease ရှိသူများ။
2. **ဟော်မုန်းအပြောင်းအလဲ** - အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။
3. **ပတ်ဝန်းကျင်အချက်များ** - ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊ ဓာတုပစ္စည်းများနဲ့ ထိတွေ့မှုများခြင်း။
# Sjogren's Syndrome ကို ဘယ်လိုကုသမလဲ?
Sjogren's Syndrome ကို အပြီးပျောက်ကင်းအောင် ကုသနိုင်တဲ့ နည်းလမ်းမရှိသေးပေမယ့် လက္ခဏာတွေကို သက်သာစေဖို့ ကုသမှုတွေ ရှိပါတယ်။
1. **မျက်လုံးခြောက်ခြင်းအတွက်**
- Artificial tears (မျက်ရည်တုများ) သုံးခြင်း။
- မျက်လုံးကို စိုစွတ်အောင်ထားခြင်း။
2. **ပါးစပ်ခြောက်ခြင်းအတွက်**
- တံတွေးတုသုံးခြင်း။
- ရေများများသောက်ခြင်း။
- သကြားမပါတဲ့ ပီကေဝါးခြင်း။
3. **ဆေးဝါးများ**
- ရောင်ရမ်းမှုကို လျော့ချပေးတဲ့ ဆေးများ (NSAIDs)။
- ကိုယ်ခံအားစနစ်ကို ထိန်းချုပ်ပေးတဲ့ ဆေးများ (Immunosuppressants)။
4. **နေထိုင်မှုပုံစံပြောင်းလဲခြင်း**
- ရေများများသောက်ခြင်း။
- စိုထိုင်းဆမြင့်တဲ့ ပတ်ဝန်းကျင်မှာ နေခြင်း။
- အာဟာရပြည့်ဝအောင် စားသောက်ခြင်း။
# Sjogren's Syndrome နဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ?
1. ဒီရောဂါက နာတာရှည်ရောဂါဖြစ်ပြီး ကုသမှုက လက္ခဏာတွေကို သက်သာစေဖို့သာ ရည်ရွယ်ပါတယ်။
2. လက္ခဏာတွေကို စောစောသတိထားမိပြီး ကုသမှုခံယူရင် နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်နိုင်ပါတယ်။
3. ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ညွှန်ကြားချက်တွေကို လိုက်နာဖို့ အရေးကြီးပါတယ်။
Sjogren's Syndrome ဟာ နာတာရှည်ရောဂါဖြစ်ပေမယ့် စနစ်တကျ ကုသမှုခံယူပြီး နေထိုင်မှုပုံစံကို ပြောင်းလဲရင် လူနေမှုဘဝအရည်အသွေးကို မြှင့်တင်နိုင်ပါတယ်။ ဒါကြောင့် လက္ခဏာတွေကို သတိထားမိရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ အကြံပြုလိုပါတယ်။
ကျေးဇူးတင်ပါတယ်။
28/01/2025
ဆားပါ၀င်မှု (ဆိုဒီယမ်) မြင့်မားသောအစားအစာများကြောင့် သွေးဖိအားကိုတိုးစေပြီး သွေးတိုးနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါများ၊ အစာအိမ်ကင်ဆာ၊ အဝလွန်ခြင်း၊ အရိုးပွရောဂါ၊ အကြားအာရုံပိုင်းဆိုင်ရာရောဂါနှင့် ကျောက်ကပ်ရောဂါများ ဖြစ်ပွားနိုင်ခြေကိုတိုးမြင့်စေပါသည်။
နှစ်စဉ်သေဆုံးမှု ၁.၈၉ သန်းခန့်သည် ဆား (ဆိုဒီယမ်)ကို အလွန်အကျွံ စားသုံးခြင်းနှင့် ဆက်စပ်လျှက်ရှိသည်။
တစ်နေ့တာ စားသုံးသမျှ အစားအစာများထဲတွင် ပါ၀င်သော ဆားအငံဓာတ် အပါအ၀င် တစ်နေ့တာ ဆားစားသုံးမှု စုစုပေါင်းကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းထက် လျှော့၍ စားသုံးခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။
ဆားအနည်းငယ်သာ ပါ၀င်တဲ့ ပြုပြင်ထားမှုအနည်းဆုံးသော အစားအစာတွေကို ရွေးချယ်စားသုံးခြင်းဖြင့် နှလုံးနှင့်ကျောက်ကပ်ရောဂါတွေကြောင့် အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို လျော့နည်းစေနိုင်ပါသည်။
less salt
-saltdiet
-communicablediseases
#ဆီကြော်စာများရှောင်ကြဥ်ပါ
#ပြုပြင်ထားသောအစားအစာများရှောင်ကြဥ်ပါ
14/11/2024
"ပဋိဇီဝဆေးယဥ်ပါးမှုကင်းစင်ဖို့ ပညာပေးကာမြှင့်တင်လို့ ယနေ့ဆောင်ရွက်ကြပါစို့"
World AMR Awareness Week 2024
Educate. Advocate. Act now.
ပဋိဇီဝဆေးယဥ်ပါးမှု တိုက်ဖျက်ရေး ရက်သတ္တပတ်
14/11/2024
ရင်သားကင်ဆာကို ရာဇဝင်ထဲမှာ ထားခဲ့ကြပါစို့ !
ရင်သားကင်ဆာဆိုတာ စောစီးစွာသိရှိပြီး လုံလောက်တဲ့ ကုသမှုရရှိနိုင်လျှင် အလွန်ပျောက်ကင်းနိုင်ချေများတဲ့ ရောဂါဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်အတွင်း အမျိုးသမီး ၂.၃ သန်းမှာ ရင်သားကင်ဆာရောဂါ ဖြစ်ပွားခဲ့ကြပြီး ဒါဟာ
တစ်မိနစ်မှာ အမျိုးသမီး ၄ ဦးနှုန်းဖြစ်နေတာပါ။
အကြမ်းအားဖြင့် အဆိုပါ ရင်သားကင်ဆာ ဖြစ်ပွားမှု တွေရဲ့ (၉၉%) က အမျိုးသမီးတွေမှာ ဖြစ်ပြီး (၀.၅%) ကနေ (၁%) ကတော့ အမျိုးသားတွေမှာဖြစ်တာ တွေ့ရပါတယ်။ အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်ရင် ကုသရတဲ့ ကုထုံးတွေကတော့ အမျိုးသမီးတွေနဲ့ အတူတူပါပဲ။
ဝင်ငွေမြင့်မားတဲ့နိုင်ငံများမှ အမျိုးသမီးများမှာ ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးတဲ့ နိုင်ငံများမှ အမျိုးသမီးများနှင့် နှိုင်းယှဉ်လျှင် ရင်သားကင်ဆာ ဖြစ်ပွားပြီးနောက် အသက်ရှင်ရန် ရာခိုင်နှုန်း ၆၀ ကျော် ပိုများတာတွေ့ရပါတယ်။
ကျန်းမာရေးစနစ်နှင့်ပတ်သက်သော အတားအဆီးများ၊ လူမှုပတ်ဝန်းကျင် ၏ မကောင်းသော ထင်မြင်ယူဆချက်များ၊ ကြောက်ရွံ့စိုးထိတ်မှုတွေက အမျိုးသမီးများရင်သားကင်ဆာကို စောစီးစွာသိရှိနိုင်ဖို့ စစ်ဆေးမှုခံယူရာမှာ အဟန့်အတားများဖြစ်စေပါတယ်။
ရင်သားမှာ ပုံမှန်မဟုတ်တဲ့ အကျိတ်တွေ့တာနဲ့ နာကျင်မှုမရှိလျှင်တောင် ကျန်းမာရေးစောင့်ရှောက်မှု/စစ်ဆေးမှု ကို အမြန်ခံယူသင့်ပါတယ်။
ရင်သားအကျိတ်အများစုက ကင်ဆာမဟုတ်ကြပါ။
ရင်သားကင်ဆာ အကျိတ်တွေက အရွယ်သေးငယ်နေတုန်းအချိန်နဲ့၊ အနီးကပြန်ရည်အကျိတ်တွေဆီ မပျံ့နှံ့သေးခင်မှာဆိုရင် ပျောက်ကင်းအောင်ကုသနိုင်ဖို့ ပိုပြီး အခွင့်အလမ်းများပါတယ်။
ရင်သားကင်ဆာရဲ့ လက္ခဏာတွေကတော့
• ရင်သားတွင် အလုံး အကျိတ်တွေ့ခြင်း (များသောအားဖြင့် နာကျင်မှုမရှိတတ်ပါ)
• ရင်သားအရွယ်အစား၊ ပုံသဏ္ဍာန်ပြောင်းလဲလာခြင်း
• ရင်သားအရေပြားချိုင့်ဝင်ခြင်း၊ နီရဲခြင်းနှင့် အခြားသော အရေပြားပြောင်းလဲမှုများ
• နို့သီးခေါင်းနှင့် နို့သီးခေါင်းတဝိုက် ပုံသဏ္ဍာန်၊ အရောင် ပြောင်းလဲလာခြင်း
• နို့သီးခေါင်းမှ ပုံမှန်မဟုတ်သောအရည် သို့မဟုတ် သွေးထွက်လာခြင်းတို့ဖြစ်ပါတယ်။
ယနေ့ သင့်ရဲ့ ရင်သားကို တစ်ခေါက်လောက် ပြန်ကြည့်ပြီးစစ်ဆေးလိုက်ပါ၊
မိမိရင်သားကို ကိုယ်တိုင်စမ်းသပ်နည်း သေသေချာချာမသိပါက ဒီ link တွင် သွားရောက်လေ့လာနိုင်ပါတယ်
https://screening.iarc.fr/breastselfexamination.php
သင့်ရဲ့ ရင်သားနှစ်ဖက်လုံးကို စမ်းကြည့်ပါ၊ အလုံးအကျိတ် တစ်ခုခု စမ်းမိသလား ..
တကယ်လို့ ပုံမှန်မဟုတ်တဲ့ အလုံးအကျိတ် စမ်းမိတယ်ဆိုရင်၊ နာတာကျင်တာတွေမရှိဘူးဆိုရင်တောင်မှ အမြန်ဆုံး ကျန်းမာရေးစောင့်ရှောက်မှု/စစ်ဆေးမှုကို ခံယူပါ။
ရင်သားကင်ဆာ ကုသမှု ကုထုံးများကတော့
• ခွဲစိတ်ကုသခြင်း
• ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းနှင့်
• ဆေးဝါးများဖြင့် ကုသခြင်း တို့ဖြစ်ပါတယ်
ရင်သားကင်ဆာ ကုသမှု ကုထုံးများသည် စောစီးစွာနှင့် အပြည့်အဝ ကုသနိုင်လျှင် ပိုမိုထိရောက်မှုရှိပြီး ကင်ဆာဝေဒနာရှင်ကလည်း ကုသမှုဒဏ်ကို ပိုပြီးခံနိုင်ရည်ရှိတတ်ကြပါတယ်။
#ရင်သားကင်ဆာ
#မိခင်နှင့်ကလေးကျန်းမာရေး
ယနေ့ အောက်တိုဘာလ (၂၄) ရက်မှာ ကျရောက်တဲ့ အထိမ်းအမှတ်အဖြစ် ပိုလီယိုရောဂါနှင့် ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) ၏ Director General - Dr. Tedros Adhanom Ghebreyesus ပြောကြားထားတဲ့ ဗီဒီယိုတစ်ပုဒ်ကို မျှဝေလိုက်ပါတယ်။
📌 ကလေးငယ်တိုင်း ပိုလီယိုရောဂါကင်းဝေးစေဖို့ အတူတကွ ဆောင်ရွက်ကြပါစို့။
“ခဲ” နှင့် ပတ်သက်၍ သိထားသင့်သော အချက် (၄) ချက်
၁။ ခဲသည် အဆိပ်သင့်နိုင်ပြီး ကလေးငယ်များကို ကျန်းမာသော အနာဂတ်မှ သွေဖယ်စေနိုင်ပါသည်။
၂။ ခဲ ပါဝင်နိုင်သော အရင်းအမြစ်များစွာရှိပါသည်။
၃။ ကလေးငယ်များအတွက် စိတ်ချစွာ ထိတွေ့နိုင်သည်ဟု သတ်မှတ်ထားသော “ခဲ”ပမာဏ မရှိပါ။
၄။ ခဲအဆိပ်သင့်သော အန္တရာယ်မှ ကင်းဝေးသည့် အနာဂတ်ကို ဖေါ်ဆောင်ရမည့်အချိန်ဖြစ်ပါသည်။
Say no to lead poisoning
“ခဲ” အဆိပ်သင့်ခြင်းကို ငြင်းဆိုကြပါစို့
အပြည်ပြည်ဆိုင်ရာ ခဲအဆိပ်သင့်မှု ကာကွယ်ရေး ရက်သတ္တပတ် (၂၀-၂၆ အောက်တိုဘာ ၂၀၂၄)
💢 တောက်ပတဲ့အနာဂတ်များအတွက် ခဲကင်းစင်ဖို့ စဆောင်ရွက်
Click here to claim your Sponsored Listing.
Category
Address
No 55, Kan Tharyar Street, 24 Quarter, South Dagon
Yangon
11431
