Colour Full Nail Art & Spa

Colour Full Nail Art & Spa

Share

Operate and manage by international experienced nail and spa professionals. Providing the best service to our valued customer.

Photos from Colour Full Nail Art and Nail Spa - Singapore 's post 01/11/2024

အဝါရောင်လေးပါဆင့်

Photos from Mention's post 01/10/2024

အဲ့လိုစားချင်တဲ့သူတွေ ဘယ်သူတွေရှိလဲ အတိတ်တစ်ဘောင် နိမိတ်ဆောင်

17/08/2024

“ကလေးတွေရဲ့ စိတ်ကျန်းမာရေး”

🔳 ဒီရက်ပိုင်းမှာ ကြားကာလ အွန်လိုင်းကျောင်းတွေအတွက် စိတ်ကျန်းမာရေး ဟောပြောပွဲတွေ လုပ်ဖြစ်နေပါတယ်။ KG ကနေ စပြီး အရွယ်စုံမို့ အားလုံးနဲ့ချိန်ပြီး အဆင်ပြေအောင် ပြောရပါတယ်။

အဲဒီလို လုပ်ဖြစ်တဲ့အခါတိုင်း ရင်တွင်းခံစားချက်တွေ ဖွင့်ဟတဲ့ အစီအစဉ်လေး ထည့်လေ့ရှိတယ်။ လူကြီးတွေဆို ပြဿနာမရှိပေမဲ့ ကလေးတွေကျ ပြောတတ်ပါ့မလား၊ ပြောစရာရော ရှိပါ့မလား ထင်မိခဲ့တာ၊ ကလေးတွေမှာလည်း ခံစားချက်တွေ၊ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေ အများကြီး ရှိနေတာကို တွေ့လိုက်ရတယ်။

🔳 ဆရာ၊ ဆရာမတွေပါ အတူတူ တက်နေကြတာမို့ သူတို့လည်း ကလေးတွေရဲ့ ခံစားချက်တွေကို ကြားသိခွင့် ရသွားတယ်။ ပွဲတစ်ခုအပြီးမှာ ဆရာမတစ်ယောက်က ကျေးဇူးတင်စကား ပြောတော့ “ကျွန်မတို့ ကလေးတွေဆီမှာ စိတ်အဆင်မပြေတာတွေ ရှိလောက်ပေမဲ့ ဒီလောက်ထိ ခံစားနေကြရလိမ့်မယ်လို့ မထင်ခဲ့ဘူး၊ အဲဒီအတွက်လည်း စိတ်မကောင်း ဖြစ်ရတယ်၊ ကျွန်မတို့ သူတို့ကို ပိုပြီး ဂရုစိုက်ကြရမယ်” ဆိုပြီး ထည့်ပြောသွားတယ်။ ကိုယ့်မှာ ဝမ်းလည်းသာ၊ ဝမ်းလည်းနည်း ဖြစ်ခဲ့ရပါတယ်။

🔳 စိတ်ကျန်းမာရေးလို့ ပြောလိုက်ရင် လူကြီးတွေအတွက်ပဲ စဉ်းစားမိကြတာ များတယ်။ ကလေးဘဝဆိုတာ အပူအပင် ကင်းတယ်၊ ပိုက်ဆံကိစ္စတွေလည်း စိတ်ပူစရာ မလိုသေးဘူး၊ တာဝန်လည်း နည်းသေးတယ်၊ ဒီလို မြင်တတ်ကြတာကိုး။

တစ်ခါ၊ စ-စ်ရှော-င်နေရတဲ့ အရပ်ဒေသက ကလေးတွေပဲ ထရော်မာ ရနေမယ်လို့ ထင်ကြပြန်သေးတယ်။ မြို့ပေါ်က ကလေးတွေကတော့ ဘာပဲပြောပြော အဆင်ပြေပါသေးတယ်ပေါ့။ သို့သော် သူတို့လည်း သူတို့အတိုင်းအတာနဲ့သူတို့ အဆင်မပြေမှုတွေ ရှိကြတာပါပဲ။

🔳 ဒီကလေးတွေ ခံစားနေရတဲ့အထဲက အကြားရအများဆုံးတချို့ကို ထုတ်နှုတ်ပြောပြရရင် -

📌 ၁။ အထီးကျန်ခြင်း

အွန်လိုင်းကျောင်းတွေရဲ့ စိန်ခေါ်မှုတစ်ခုပေါ့။ အတန်းဖော်တွေနဲ့လည်း မတွေ့ရ၊ ဆရာ၊ ဆရာမတွေကိုလည်း မမြင်ရဘဲ ပညာရေး အဆက်ပြတ်မသွားအောင် သင်ယူနေကြရတယ်။ ဦးနှောက်ကို အဆိပ်ခတ်မဲ့ ပညာရေးမျိုး မဟုတ်တော့ပေမဲ့ လူချင်း မတွေ့ရတာက ပြဿနာတစ်ခုအဖြစ် ရှိနေတယ်။ Virtual interaction ထက် တကယ့်လူချင်း ထိတွေ့မှုကသာ အထီးကျန်ခြင်းကို ပြေပျောက်စေတာပါ။ တစ်နှစ်ကနေ နှစ်နှစ်၊ နှစ်နှစ်ကနေ သုံးနှစ် ဖြစ်လာတဲ့အခါ ကလေးတွေရဲ့ စိတ်ကို ထိခိုက်လာစေပါတယ်။

📌 ၂။ မိသားစုကို စိတ်ပူနေခြင်း

ကလေးကိုသာ စာဆက်သင်လို့ရအောင် အဒေါ်အိမ်ဖြစ်ဖြစ်၊ အဖိုးအဖွားအိမ်ဖြစ်ဖြစ် တစ်နေရာ ပို့ထားလိုက်ပေမဲ့ ကျန်တဲ့မိသားစုဝင်တွေက မလုံခြုံတဲ့နေရာ၊ အဆက်အသွယ် လွယ်လွယ်မရတဲ့နေရာမှာ ကျန်နေခဲ့တယ်။ ဆက်နေနေရတယ်။ အဲဒီအတွက် ကလေးက အမြဲပူပန်နေရတယ်။ သတိရနေတယ်။ အားငယ်နေတယ်။

📌 ၃။ မိဘတွေရဲ့ စီးပွားရေး ပြဿနာ

တစ်နေ့တခြား ပျက်ယွင်းလာတဲ့ စီးပွားရေး အခြေအနေက မိဘတွေကို ရိုက်ခတ်တယ်။ အဲဒီကတဆင့် ကလေးတွေဆီပါ ရိုက်ခတ်လာတယ်။ စားဝတ်နေရေးအတွက်ပါ ပူပန်လာရတာတွေ ကြားသိနေရတယ်။ အဲဒီကတဆင့် စာဆက်မသင်ချင်တော့တာ၊ စာသင်နေရမှာကို အားနာလာတာ၊ ကျောင်းထွက် အလုပ်လုပ်လိုက်ရင် ကောင်းသား လို့ တွေးမိလာတာ စသဖြင့် ဖြစ်လာတယ်။ မိဘတွေက တမင်ပြောနေတာ မဟုတ်ပေမဲ့ ကလေးရဲ့စိတ်ထဲမှာ ခံစားလာမိတာတွေပေါ့။

📌 ၄။ သူများတွေနဲ့ နှိုင်းယှဉ်မိတာ

ဒါကတော့ အရွယ်စုံ ဖြစ်တတ်တဲ့ ကိစ္စပါ။ ကလေးတွေကတော့ ပိုဆိုးတာပေါ့။ ပုဂ္ဂလိကကျောင်း တက်နေတဲ့သူတွေ၊ နိုင်ငံခြားကျောင်း တက်နေတဲ့သူတွေနဲ့ နှိုင်းယှဉ်မိပြီး သူတို့အခြေအနေကို အားမရတာ၊ ငါတို့ပဲ ကျန်ခဲ့တော့မှာလား ဆိုပြီး တွေးပူလာတာတွေ ရှိတယ်။

📌 ၅။ ကူကယ်ရာမဲ့သလို ခံစားနေရတာ

မိဘတွေကလည်း သူတို့အပူနဲ့သူတို့။ လူချင်း အတူရှိမနေတာလည်း ဖြစ်ရင်ဖြစ်မယ်။ သူတို့ စိတ်ညစ်မှာစိုးလို့ ပြောလည်းမပြချင်ဘူး။ ရင်ဖွင့်စရာ၊ အကူအညီတောင်းစရာလည်း လူမရှိဘူး။ သူငယ်ချင်းတွေ၊ ဆရာ၊ ဆရာမတွေနဲ့ကလည်း အပြင်မှာ တွေ့မနေရတော့ ပိုဆိုးတယ်။ ကိုယ်တစ်ယောက်တည်းလို ခံစားနေရတယ်။ Helpless ဖြစ်နေတယ်။

🔳 ပုံမှန်အခြေအနေဆိုလည်း ဆယ်ကျော်သက်အရွယ်တွေမှာ ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိပါတယ်။ ကိုယ့်ပုံပန်းသွင်ပြင်နဲ့ ပတ်သက်လို့ မကြိုက်တာ၊ သိမ်ငယ်တာ စသဖြင့်ပေါ့။

ဒါတွေကတော့ လက်ရှိတိုင်းရေးပြည်ရေး အခြေအနေနဲ့ အဓိက ဆက်စပ်နေတာမို့ လုံးဝပြေပျောက်သွားအောင် လုပ်ပေးနိုင်ဖို့တော့ မလွယ်ဘူး။ နည်းနည်းလောက်ဖြစ်ဖြစ် ကျားကန်ထားနိုင်အောင်ပဲ လုပ်လို့ရမယ်။

🔳 အဓိကအကျဆုံးက မိဘအုပ်ထိန်းသူတွေ၊ ဆရာ၊ ဆရာမတွေအနေနဲ့ ကိုယ့်ကလေး၊ ကိုယ့်တပည့်တွေရဲ့ စိတ်ကျန်းမာရေးကို ဂရုပြုမိဖို့ပါပဲ။

ပြီးတော့မှ -

• သူတို့ခံစားချက်တွေကို နားထောင်ပေးတာ၊ အသိအမှတ်ပြုပေးတာ
• လက်ရှိစီးပွားရေး ပြဿနာတွေကို အတူရင်ဆိုင်ကြမယ် ဆိုတာမျိုး အားပေးတာ၊
• အခြေအနေတွေကို ကလေးဆီ ပွင့်ပွင့်လင်းလင်း အသိပေးတာ၊
• အလေ့အကျင့်ကောင်းတွေကို ပျိုးထောင်စေတာ၊
• ကျောင်းကိစ္စ အပါအဝင် သူတို့ကိစ္စတွေမှာ စိတ်ဝင်တစား ရှိပေးတာ စသဖြင့် လုပ်ဆောင်သင့်ပါတယ်။

🔳 အပြောလွယ်သလောက် အလုပ်တော့ ခက်ပါတယ်။ မိဘတွေကိုယ်တိုင်က လူရော၊ စိတ်ပါ အဆင်ပြေနေမှ ဖြစ်မှာကိုး။ ဖိုးသူတော်ရော၊ တောင်ဝှေးပါ ဘယ်သူ့ဘယ်သူမှ မထူနိုင် မကယ်နိုင် ဖြစ်နေကြတော့ မိဘအုပ်ထိန်းသူတွေ၊ ဆရာ၊ ဆရာမတွေအတွက်လည်း တကယ်ခက်ခဲမှာ အမှန်ပါပဲ။

ကလေးရဲ့ ခံစားချက်တွေကို ဂရုစိုက်ပေးဖို့ မပြောနဲ့၊ ကိုယ့်ရဲ့ အထွေထွေ အဆင်မပြေမှုတွေကိုတောင် ကလေးအပေါ် ပုံချမိတတ်ပါသေးတယ်။

🔳 နောက်ပြီး မြန်မာမိသားစုတွေရဲ့ ဓလေ့က ပွင့်ပွင့်လင်းလင်း ပြောကြ၊ ဆိုကြတာ အင်မတန် အားနည်းပါတယ်။ ကလေးပြောတာ နားထောင်ပေးဖို့ ဆိုတာကလည်း လူကြီးက နားထောင်ပေးတောင် ကလေးက ပြောချင်ဦးမှ။ အခု ကျွန်တော့်ပွဲလိုမျိုးကျ သူစိမ်းနဲ့ ပြောရတာမျိုး ဖြစ်နေတယ်။ လျှို့ဝှက်ချက်ကိုလည်း ထိန်းသိမ်းထားတယိ။ အဲဒီအခါကျမှ ပြောလို့ ပိုထွက်တာတွေလည်း ရှိတယ်။

တစ်ခါ၊ မိဘတွေဘက်ကလည်း ကိုယ့်ရဲ့ စီးပွားရေး ပြဿနာတွေကို ကလေးဆီ အသိမပေးချင်တာ၊ သိရင် စိတ်ညစ်သွားမှာစိုးလို့ ဖုံးထားတာတွေ လုပ်တတ်တယ်။ ဘယ်လိုပဲဖုံးဖုံး ပြဿနာကိုသာ သေချာတိတိကျကျ မသိရင်နေမယ်၊ ခံတော့ ခံစားမိတာပါပဲ။ အဲဒီအစား ဘာက ဘယ်လိုဖြစ်နေတယ်၊ အားငယ်စရာ မလိုဘူး၊ အဖေတို့ ရှိတယ်၊ အမေတို့ ရှိတယ် ပြောပေးတာက ပိုအဆင်ပြေမယ်လို့ ထင်တယ်။ ကိုယ်တိုင် ကလေးဘဝတုန်းကလည်း အဲဒီလို မျှော်လင့်ခဲ့ဖူးတာမို့ပါ။

🔳 ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အိမ်မှာ ကလေးတွေ၊ ဆယ်ကျော်သက်တွေ ရှိတယ်ဆို သူတို့ရဲ့ စိတ်ကျန်းမာရေးကိုလည်း ဂရုစိုက်ပေးသင့်ကြောင်း နားလည်ထားဖို့ လိုပါတယ်။

အခြေအနေက ခက်ခဲလွန်းတော့ အလုံးစုံ အဆင်မပြေနိုင်သေးရင်တောင် သူတို့ကို လူကြီးတွေက နားလည်ပေးတယ်၊ သူတို့ အားကိုးလို့ရတဲ့၊ ယုံယုံကြည်ကြည်နဲ့ ရင်ဖွင့်လို့ရတဲ့၊ အကြံဉာဏ် တောင်းလို့ရတဲ့ လူကြီးတစ်ယောက်ယောက် ရှိနေတယ်ဆို အနည်းနဲ့အများ ခံနိုင်ရည် ရှိပါလိမ့်မယ်။

ဒေါက်တာ ဖြိုးသီဟ
၁၃.၈.၂၀၂၄

Photos from Colour Full Nail Art & Spa's post 17/08/2024

ဟိုးအရင်က

17/08/2024

Singapore မှာလဲ Colour Full ရဲ့လက်သည်းခြေသည်း ၀န်ဆောင်မူကို Home Service ပေးပါတယ်နော် 81736028

Want your business to be the top-listed Nail Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 47/Magin Street, Kyauk Myaung, Tamwe
Yangon
1120,PH01548624/09968606355/09690808844

Opening Hours

Monday 10:00 - 21:00
Tuesday 10:00 - 21:00
Wednesday 10:00 - 21:00
Thursday 10:00 - 21:00
Friday 10:00 - 21:00
Saturday 10:00 - 21:00
Sunday 10:00 - 21:00