IAura gel Yangon by Wutyi

IAura gel Yangon by Wutyi

Share

IAura gel

29/10/2023

26/10/2023

အလုပ်တွေလုပ်ပြီး ကိုယ်တိုင်
ပိုက်ဆံ ရှာတတ်လာတဲ့အခါ . . .

ငွေရဲ့တန်ဖိုးကို နားလည်လာတယ်

မကုန်သင့်တဲ့နေရာမှာ မကုန်ဖို့
စုဆောင်းတတ်လာတယ်. . .

အသုံးနဲ့အဖြုန်းကို ခွဲခြားတတ်ဖို့
ကိုယ့်ချွေးနဲစာနဲ့ ရှာဖွေထားတဲ့ ငွေကို
တန်ဖိုးထားတတ်ရတယ်. . .

အလုပ်လုပ်ရဖို့ တွေးကြောက်ပြီးနေတာထက်

အပင်ပန်းခံပြီး ပိုက်ဆံရှာရတာကို
ပိုပြီးနှစ်သက်လာတယ်. . .

ကြိုတင်စုဆောင်းတတ်ဖို့အတွက်
ငယ်ရွယ်ချိန်ရဲ့ တန်ဖိုးကို သိဖို့
အရင်ကြိုးစားရတယ်. . .

ဒါမှ အိုမင်ချိန်မှာ မပူပင်ရဖို့
ငယ်ရွယ်တဲ့အချိန်မှာ စုဆောင်းထားရမှာပေါ့. . .

အချိန်ကို တန်ဖိုးထားတတ်ဖို့ သင်ယူပါမှ
အနားယူတာနဲ့ ပျင်းရိတာကို ခွဲခြားတတ်လာတယ် . . .

ကိုယ့်အတွက်အကျိုးရှိဖို့ရယ်
သူတစ်ပါးအတွက် အကျိုးရှိဖို့အတွက်ကိုပဲ
အချိန်တွေကုန်ဆုံးတယ်. . .

ငွေရဲ့တန်ဖိုး အချိန်ရဲ့တန်ဖိုး
ငယ်ရွယ်ခြင်းရဲ့တန်ဖိုးကို နားလည်မှ
ဘဝဟာ ပိုပြီးတန်ဖိုးရှိမှာ . . .။


#ဗဟုသုတစာပေများစုစည်းရာ

24/10/2023

#မတူညီတဲ့မိန်းမ
===========

အချို့ မိန်းမတွေဟာ
ရုပ်လှဖို့ကိုသာ ဦးစားပေးကြလေ့ရှိပြီး
အချို့ မိန်းမတွေကတော့ ဘဝမှာ
အသုံးကျအောင်မြင်ဖို့အတွက် ကြိုးစားနေကြတယ်။

အချို့ မိန်းမတွေဟာ
ဆိုရှယ်မီဒီယာ ပေါ်မှာ အရည်မရ အဖတ်မရ
တန်ဖိုးမရှိတဲ့ လုပ်ရပ်တွေအကြားမှာ
ပျော်မွေ့နေပေမယ့်

အချို့ မိန်းမတွေကတော့
ဗဟုသုတနဲ့ အကျိုးပြုစာတွေကို ဖတ်ရှု့ပြီး
ပြုပြင်နေကြတယ်။

အချို့ မိန်းမတွေဟာ
တစိမ်းယောက်ျားတစ်ယောက်ယောက်
သူ့အပေါ် စိတ်ဝင်စားစေဖို့အတွက်
မူယာမာယာတွေနဲ့ အားနွဲ့ပြနေချိန်မှာ

အချို့ မိန်းမတွေက
ယောက်ျားတွေနဲ့ တန်းတူ ရင်ဘောင်တန်းနိုင်ဖို့
သတ္တိရှိရှိ ခြေလှမ်းမှန်မှန်တက်နေကြတယ်။

အချို့ မိန်းမတွေက
ငွေကို ကိုယ်ပိုင်အရည်အချင်းနဲ့
မရှာဖွေနိုင်ပေမယ့် ရှိနေတဲ့ ငွေကြေး
မိဘ လက်ငုပ်လက်ရင်းတွေ နဲ့
ကြွားဝါ သုံးစွဲနေတတ်ကြချိန်မှာ

အချို့ မိန်းမတွေက ကိုယ်တိုင်
သမာအာဇီဝအလုပ်နဲ့ လုပ်ကိုင်ပြီး
ကိုယ်ပိုင်ဝင်ငွေနဲ့ မိဘကို ထောက်ပံ့ဖို့
မိသားစုအတွက် တစ်ဖက်တစ်လမ်းက
အလုပ်ကြိုးစားပြီး ကိုယ်ပိုင်ဝင်ငွေ ရှာနေကြတယ်။

အချို့မိန်းမတွေက ဘဝကို
ပေါ့ပျက်ပျက်နဲ့ ထူထောင်နေပြီး
ကိုယ့်ထူထောင်ပြီးသား ဘဝမှာ
ပျော်ရွှင်မှုမရှိတော့ပဲ အခြားမှာ

ဖောက်ပြန်သာယာဖို့ ကြိုးစားနေချိန်မှာ
အချို့မိန်းမတွေက ဘဝရှေ့ရေးအတွက်
ရည်ရွယ်ချက်တွေနဲ့ အချိန် ကုန်နေကြတယ်။

ဒီလိုနဲ့ ........
အချို့ မိန်းမတွေက
တန်ဖိုးမဲ့တဲ့ မိန်းမတွေအဖြစ် ရပ်တည်နေကြပြီး
အချို့ မိန်းမတွေက
တန်ဖိုးရှိတဲ့ မိန်းမတွေအဖြစ်
ပိုမိုတောက်ပြောင်အောင် ရပ်တည်ပြီး
အောင်မြင်နိုင်တဲ့ မိန်းမတစ်ယောက်ဖြစ်အောင်
ကြိုးစားနေကြတယ်။



Crd
#မောင်ဒီပါမှပြန်လည်မျှဝေခြင်းဖြစ်ပါသည် ။

Photos from IAura gel Yangon by Wutyi's post 22/10/2023

အရပ် 5`မပြည့် တပြည့်ကောင်မလေး😍

ပေါင်ချိန် 100 ကနေ မကျအောင် ထိန်းထားတယ်😍

တခြားသူတွေ 20 ကျော်ရင် လူကြီးပုံစံနဲ့ အသက်တွေကြီးသွားပေးမယ့်

ငါ့ကျတော့ ကြာလေ ငယ်လေ နုလေ သေးလေပဲ😍

Age....22yearsတဲ့ မထင်ရဘူးနော်😍😍😍

ဟုတ်တယ်မလား😘

22/10/2023

Hello‼

ဝက်ခြံတွေ အမြဲတမ်း ထွက်တတ်သူတွေ ဒီတစ်ချက်ကိုလဲ သေချာ ဂရုစိုက်ပြီး လုပ်ကြည့်ပါနော်😘

IAura Gel Yangan
IAURA gel ကို သုံးပြီး အိမ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ IAURA Brand က ရှယ်အမ်းထားတဲ့ ကံစမ်းမဲ အစီအစဥ်လဲ ရှိတယ်နော်❤❤

ဝယ်သုံးပြီးရင် Scan ဖတ်ပြီး ကံစမ်းမဲ စာရင်းသွင်းကြမယ်နော်😘😘😘

21/10/2023

အရင်လိုရော ချစ်သေးရဲ့လား😘

ဒန်...ဒန်...ဒန့် ဒန့်😍

❤❤❤

21/10/2023

~~တောင်းပန်ပါတယ်တဲ့...
ကိုယ်တိုင် နာကျင်ရတာမှမဟုတ်တာ
လွယ်လွယ်ပြောထွက် ရက်မှာပေါ့။

~~~လောကမှာ လူတစ်ချို့က
ကိုယ့်အတ္တပဲ ကိုယ်ကြည့်ပြီး သူများဘဝတွေကို
စာနာပေးဖို့ ဝန်လေးတတ်ကြတယ်။

~~~ကိုယ့်အတ္တ သာကိုယ်ကြည့်ပြီး
သူများခံစားချက်ကို နားလည်ပေးဖို့ တွန့်ဆုတ်နေတတ်ကြတယ်။

~~~တစ်ကယ်တော့ ငါသာဆိုရင်
သူ့နေရာမှာ ဆိုတဲ့
ခံစားချက်လေးနဲ့ မျှမကြည့်ပေးတတ်ကြလို့ပါ ။

~~~သင့်တန်ဖိုးကို မသိတဲ့သူရဲ့ဘေးမှာနေသရွေ့
ဘယ်တော့မှ သင့်တန်ဖိုးဆိုတာရှိလာမှာမဟုတ်ဘူး။

~~~ဒါကြောင့် ကိုယ့်ရဲ့ဘဝမှာ
ကိုယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေမယ့် လူတွေနဲ့
အဝေးဆုံးမှာ နေတတ်ခြင်းက
ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိစေမှာပါ။

Credit

24/09/2023

တစ်ခုခုဆို...
သူတပါးစိတ်ဆင်းရဲသွားမှာ ကြောက်လို့
ပြောမထွက်တဲ့သူတွေဟာ သူတို့ကိုယ်တိုင်
မကြာခဏ စိတ်ဆင်းရဲနေရတတ်တယ်။

တစ်ခုခုဆို...
သူတပါးထိခိုက်သွားမှာကို မကြည့်ရက်တဲ့သူတွေဟာ
သူတို့ကိုယ်တိုင် ထိခိုက်နာကျင်နေရတတ်တယ်။

တစ်ခုခုဆို...
ကိုယ့်အတွက်ထက် အခြားသူအတွက်ကို
အမြဲတွေးပေးတတ်သူတွေဟာ အမြဲတမ်းလိုလို
ထိခိုက်ဆုံးရူံးနေရတတ်တယ်။

လောကမှာ...
ကိုယ့်အတွက် ဆိုတာထက် အခြားသူအတွက်
အမြဲတွေးပြီး ကိုယ်ချင်းစာတရား နဲ့ နေထိုင်ကျင့်သုံးသူတိုင်း
လတ်တလောမှာ ထိခိုက်နစ်နာတယ်ဆိုပေမယ့်
ဘဝတလျှောက်လုံး လိပ်ပြာလုံစေတယ်။

ပေးဆပ်ဖို့ဆိုတာ
လူတိုင်းအခွင့်အရေး မရနိူင်ပါဘူး
ဘာလို့လဲဆိုတော့ လူတိုင်းလိုလိုက
ကိုယ်သာဖို့ပဲ တွေးနေကြတာပါ။

ဒါပေမယ့် ကိုယ်သာဖို့ပဲ တွေးနေသူတွေက
ကိုယ်အဆမတန် ပြန်ပေးလိုက်ရတာကို
သူတို့သိလာတဲ့အချိန် နောင်တ ဆိုတာပဲ
ရင်ဝယ်ပိုက် နေရပါလိမ့်မယ်။ ။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Myintmo Street Sanchaung
Yangon