Slim Yoga By Mi La Won
There is an online yoga class everyday !
15/05/2026
Q:ယောဂကျင့်ရင်းနဲ့ဘယ်လိုကြောင့်
အကောင်းမြင်တတ်တဲ့စိတ်ဖြစ်လာတာလဲ ?
A:ယောဂကျင့်တာကြာလာတဲ့အခါကြရင်
သည်းခံတတ်လာမယ်
ကိုယ်ချင်းစာစိတ်ရှိတတ်လာမယ်
လျစ်လျူရှုတတ်လာမယ်
ရောင့်ရဲတင်းတိမ်တတ်လာမယ်
ဒေါသကိုထိန်းချုပ်တတ်လာမယ်
ဒါတွေကနေအကောင်းမြင်တတ်တဲ့စိတ်ထွက်ပေါ်
လာမယ့်အရာတွေပါပဲ။
Q:ယောဂကျင့်ရင်းနဲ့ဘယ်လိုသည်းခံတတ်လာမှာလဲ ?
A:ယောဂအတန်း ၁ ချိန်မှာ Pose တွေမျိုးစုံပါ၀င်ပါတယ် အဲ့Pose တွကို ဆရာမပြောတဲ့ မီနစ်အတိုင်း
အသက်ရှုသွင်း အသက်ရှုထုတ်နဲ့ထိန်းထားရတာဖြစ်ပါတယ်ထိန်းချုပ်ထားရပါတယ် မလုပ်နိုင်တဲ့ Pose
လေးတွေဆိုရင် မရရအောင် တတ်နိုင်သလောက်
လေးတွေလုပ်ရင်း ကြိုးစားနေရင်းကနေ
သင့်ဘ၀မှာလာမယ့်အခက်အခဲအနှောင့်အယှက်တွေကိုသည်းခံလာနိုင်ပါ့လိမ့်မယ်
က ရေးနိုင်ဖို့ဆိုရင် ၀ ကစရေးသလိုမျိုးပေါ့
သူများအပေါ်သည်းခံနိုင်ဖို့ဆိုရင်တာ ကိုယ့်ကိုယ်ကို
အရင်သည်းခံနိုင်အောင်ကျင့်သလိုမျိုးပါ။🧘♀️
Q:ယောဂကျင့်ရင်းနဲ့ဘယ်လိုကိုယ်ချင်းစာစိတ်ရှိတတ်လာမှာလဲ ?
A:ယောဂကျင့်တဲ့အခါမှာ ဆရာမလုပ်ပြတဲ့ အတိုင်းမလုပ်နိုင်တဲ့Poseလေးတွေရှိပါတယ် ကိုယ့်ကအကြောတင်းနေတာမျိုးတို့ အခုမှယောဂစလုပ်တော့မလုပ်နိုင်တာမျိုးတို့ကြောင့်ပါသိပ်မလုပ်နိုင်သေးတဲ့အခါမျိုးကြတော့ အကြောလေးတွေ နည်းနည်းနာတတ်ပါတယ် အဲ့အခါလုပ်နိုင်ချိန်အတွင်းမှာတော့
မပိုင်နိုင်သေးတော့ ဒီကိုယ်နေဟန်ထာကိုမြန်မြန်ပြီးချင်တဲ့စိတ်မျိုးတော့ရှိတာပေါ့နော် နောက်ယောဂကျင့်တာကြာသွားတော့မှ ကိုယ်လည်းတော်တော် လုပ်နေနိုင်သွားပြီးမှသူများတွေ ယောဂကိုသိပ်လိုက်မလုပ်နိုင်နေတာတွေ့ရင်ငါတုန်းကလည်း မနည်းလုပ်ခဲ့ရပါ့လား ဒီယောဂရဲ့ ဒီ Pose တစ်ခုက ကြည့်ရုံနဲ့ လွယ်ကူမနေဘူးပဲကိုယ်နဲ့ယှဉ်ပြီး စာနာတတ်လာမယ် နားလည်တတ်လာမယ် 🧘♀️
Q:ယောဂကျင့်ရင်းနဲ့ဘယ်လိုလစ်လျူရှုတက်လာမှာလဲ ?
A:ယောဂသင်တန်းတစ်ခုမှပဲဖြစ်ဖြစ်
Online Yoga Class ပဲဖြစ်ဖြစ် ဆရာမပြောတဲ့စကားတွေကလွဲလို့ ပတ်၀န်းကျင်အနေအထာတစ်ခုခုကို သင့်ကစိတ်မ၀င်စားဘူးဆိုရင် လျစ်လျူရှူခြင်းကိုဖြစ်နိုင်လာခြေရှိပါတယ် ယောဂအတန်းမှာ ကိုယ်ထက်သူများလုပ်နိုင်တာကိုစိတ်၀င်စားတာ သူများအ၀င်အထွက် တံခါးပိတ်တာတွေဖွင့်တာတွေ
ဖုန်း၀င်လာလို့ကိုင်လိုက်တာတွေ
Online Class မှာဆိုရင်လည်းမိသားစုဆီအာရုံရောက်တာတွေ Message ရောက်လာလို့အာရုံပြောင်းတာတွေဒီယောဂအတန်း ၁ ချိန်လေးမှာတောင်သေးသေးလေးဖြစ်တဲ့တခြားကိစ္စတွေကိုအာရုံမစိုက်ပဲနေနိုင်ရင်းနဲ့ လစ်လျူရှုတတ်လာပါလိမ့်မယ် 🧘♀️
Q:ယောဂကျင့်ရင်းနဲ့ဘယ်လိုရောင်းရဲတင်းတိမ်တတ်လာမှာလဲ ?
A:ကိုယ့်မလုပ်နိုင်တဲ့ ယောဂ Pose တွေရှိနိုင်ပါတယ် Poseတစ်ခုကို ငါ့ဘာလိုမလုပ်နိုင်ရတာလဲဆိုပြီး
အားမလို အားမရ ဖြစ်နေတာ
ငါလုပ်တာဒီလောက်ကြာနေပြီဘာလို့မရသေးတာလဲထက် ငါဘယ်လိုလုပ်ရင်းကနေ ဘယ်လောက်ကြာရင် ဒီ Poseရမှာလဲ ငါ့ရသလောက်လေးပဲကြိုးစားလုပ်ဆောင်မယ်ဆိုတဲ့စိတ်ကလေးရှိနေရင်းကနေ ရောင်းရဲတင်းတိမ်တတ်လာပါလိမ့်မယ် 🧘♀️
Q:ယောဂကျင့်ရင်းနဲ့ဒေါသကိုဘယ်လိုထိန်းချုပ်တတ်လာမှာလဲ ?
A:ယောဂကျင့်တာ ကြာလာတဲ့လူတစ်ယောက်ဟာ
အလွယ်တကူယောဂသိပ်မထွက်လွယ်တတ်ပါဘူး
ဒေါသမဖြစ်ခင် အကောင်းမြင်တတ်တဲ့စိတ်ကလေးကနေ အရင်စပြီးကြည့်ပေးတတ်လို့ပါ။ (ယောဂနှစ်ရှည်ကျင့်ထားတဲ့သူတွေမှသာ) ယောဂကျင့်နေတဲ့အချိန်မှာ တရားထိုင်ရတာတွေ မီနစ်
အနည်းငယ်ပါ၀င်ပါတယ် ချက်ချင်းကြီးကျင့်ယူထားတာ မဟုတ်ပဲတစ်နေ့တစ်နေ့ မီနစ်အနည်းငယ်လေးတရားထိုင် Poseတွေလုပ်တဲ့အခါလည်း စိတ်အာရုံပြောင်းမသွားအောင်စိတ်ကိုခန္ဓာနဲ့ကပ်နေအောင် ရှုသွင်းရှုထုတ်နဲ့ထိန်းရင်းစိတ်ကိုကျင့်ရင်းကနေ ဒေါသကိုတဖြည်းဖြည်းထိန်းချုပ် နိုင်လာပါလိမ့်မယ်။🧘♀️
Tr.MiLaWon နဲ့ Slim Yoga ယောဂလေး
ကျင့်ချင်ရင်တော့ Slim Yoga Video အတန်းလေး နဲ့ Slim Yoga One on one video call အတန်း
အိမ်သင် Private အတန်းလေးတွေနဲ့ပဲ သင်ကြားနိုင်မှာဖြစ်ပါတယ်ရှင့်။🙏🙏🙏
Namaste 🙏
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့် !
22/04/2026
Happy Birthday to me 🎂🎂🎂
16/04/2026
02/03/2026
28/02/2026
ခန္ဓာကိုယ်ကျစ်လစ်စေဖို့နဲ့ ကျန်းမာရေးကောင်းစေဖို့အတွက် Video ကြည့်ပြီးလိုက် လေ့ကျင့်လို့ရတယ့်
Slim Yoga Videos (၆) မျိုးရှိပါတတယ်ရှင့်။
1️⃣၃ရက်နဲ့ဗိုက်ချပ် ( အစားထိန်းပေးရခြင်း )
3days Slim Yoga & Diet Program
၃ရက် အချိန်သေချာလေးပေးပြီး
စားသောက်မှုပုံစံလည်းသေချာထိန်းပြီး
လိုက်လုပ်ပေးရတဲ့ Slim Yoga Video Program
လေးပါ။
2️⃣၂ပတ်နဲ့ဗိုက်ချပ်စေရန်အတွက်
2Weeks Slim Yoga Video Program
( ၁၄ရက် )ဆက်တိုက်လိုက်လေ့ကျင့်ပေးရတဲ့ Slim Yoga Video Program တစ်ခုဖြစ်ပြီး
ရေရှည်လုပ်သွားပေးလို့ရပါတယ်။
3️⃣အနောက်တင်ပါးတင်းရင်းစေဖို့အတွက်
Peaches b***y Slim Yoga Video
( ၂၁ရက် )ဆက်တိုက်အချိန်ပေးပြီးလိုက် လေ့ကျင့်ပေးရတဲ့ Slim Yoga Video Program လေးတစ်ခုပါ။
4️⃣ပေါင်ကျစ်လစ်စေဖို့အတွက်
Slim Yoga For Thigh Video
( ၁၄ရက် ) ဆက်တိုက်အချိန်ပေးပြီးလိုက် လေ့ကျင့်ပေးရတဲ့ Slim Yoga Video Program လေးတစ်ခုပါ။
5️⃣ခါးဘေးအဆီကျသွယ်ဖို့အတွက်
Slim Yoga For Waist Video
( ၁၄ရက် )ဆက်တိုက်အချိန်ပေးပြီးလိုက် လေ့ကျင့်ပေးရတဲ့ Slim Yoga Video Program လေးတစ်ခုပါ။
6️⃣တကိုယ်လုံးကျစ်လစ်သွယ်လျဖို့အတွက်
21days Slim Yoga Video
( ၂၁ရက် )ဆက်တိုက်အချိန်ပေးပြီးလိုက် လေ့ကျင့်ပေးရတဲ့ Slim Yoga Video Program လေးပါ။
အားလုံးလည်းကျန်းမားချမ်းသာလှပပျော်ရွှင်နိုင်ကြပါစေရှင့် 🙏🙏🙏
17/02/2026
🖤🩵🖤🩵🖤🩵
highlight
HpaAn
15/02/2026
❤️
Photo&Retouch-HK Illustrations
Dress-AP Sone
MUA- Thuzar Aung
Hair Stylist by Omega Meemee
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
