KLT Healthcare Company Limited

KLT Healthcare Company Limited

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KLT Healthcare Company Limited, Health/Beauty, No. 37/A, 1st Floor, U Kan Myint Housing, Butar Yone Sterrt, Hlaing Township, Yangon.

31/07/2023

🌕 🌟🙏 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🙏🌟🌕

မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ၁.၈.၂၀၂၃ (အဂ်ါနေ့) သည် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာ အခါတော်နေ့) ဖြစ်ပါသဖြင့် မိဘပြည်သူများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားကြပါစေကြောင်း KLT Health Care Company မိသားစုမှ တောင်းဆုမေတ္တာပို့သလိုက်ပါတယ်ရှင် 🙏🙏🙏

#

14/02/2023

KLT Health Care Co., LTD (Myeik) တွင်တာဝန်ထမ်းဆောင်ရန်

Medical Sale Representative (Male/Female) - 1 post

တက္ကသိုလ်မှဘွဲ့ရရှိပြီးသူ (သို့) အထက်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
Medical field တွင်အနည်းဆုံး အတွေ့အကြုံ 2 နှစ်ရှိသူဖြစ်ရမည်။
ဆေးရုံ၊ ဆေးခန်းများသို့ ကျွမ်းကျင်စွာဝင်ထွက်သွားလာနိုင်သူ၊ Relation ကောင်းသူဖြစ်ရမည်။
Sale Target ပြည့်မှီအောင်စွမ်းဆောင်နိုင်ရမည်။
Attitude ကောင်းမွန်ပြီး Company Rules and Regulations များကိုတိကျစွာလိုက်နာနိုင်ရမည်။
Daily report, Monthly report, Monthly trip and Way plan, sale plan များကို လစဉ်၊ နေ့စဉ် အချိန်မှန်တိတိကျကျ ပေးနိုင်သူဖြစ်ရမည်။
အခြားခံစားခွင့်များ
Travel Allowance, Incentive & Other Benefits

အလုပ်လျှောက်ထားလိုသူများသည်
- Passport ဓာတ်ပုံ ၂ပုံ
- မှတ်ပုံတင်မိတ္တူ
- ပညာအရည်အချင်းမိတ္တူ
- အိမ်ထောင်စုစာရင်းမိတ္တူ (သို့) ဧည့်စာရင်းမိတ္တူ
- ကိုယ်ရေးရာဇဝင်အချက်အလက်မူရင်း
သက်မှတ်ချက်နှင့်ကိုက်ညီသူများအနေဖြင့် 20.02.2023 နောက်ဆုံးထားပြီး ရုံးချိန်အတွင်းလျှောက်ထားနိုင်သည်။

Viber- 09 882229122/ 09 882229133

10/02/2023

KLT Health Care Co., LTD တွင်တာဝန်ထမ်းဆောင်ရန်

Medical Sale Representative (Male/Female) - 3 post

✅ တက္ကသိုလ်မှဘွဲ့ရရှိပြီးသူ (သို့) အထက်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
✅ Medical field တွင်အနည်းဆုံး အတွေ့အကြုံ 2 နှစ်ရှိသူဖြစ်ရမည်။
✅ ဆေးရုံ၊ ဆေးခန်းများသို့ ကျွမ်းကျင်စွာဝင်ထွက်သွားလာနိုင်သူ၊ Relation ကောင်းသူဖြစ်ရမည်။
✅ Sale Target ပြည့်မှီအောင်စွမ်းဆောင်နိုင်ရမည်။
✅ Attitude ကောင်းမွန်ပြီး Company rules and regulations များကိုတိကျစွာလိုက်နာနိုင်ရမည်။
✅ Daily report, Monthly report, Monthly trip and Way plan, sale plan များကို လစဉ်၊ နေ့စဉ် အချိန်မှန်တိတိကျကျ ပေးနိုင်သူဖြစ်ရမည်။

အခြားခံစားခွင့်များ
Travel Allowance, Phone bill, Incentive & Other Benefits

အလုပ်လျှောက်ထားလိုသူများသည်
- Passport ဓာတ်ပုံ ၂ပုံ
- မှတ်ပုံတင်မိတ္တူ
- ပညာအရည်အချင်းမိတ္တူ
- အိမ်ထောင်စုစာရင်းမိတ္တူ (သို့) ဧည့်စာရင်းမိတ္တူ
- ကိုယ်ရေးရာဇဝင်အချက်အလက်မူရင်း

သက်မှတ်ချက်နှင့်ကိုက်ညီသူများအနေဖြင့် 15.02.2023 နောက်ဆုံးထားပြီး ရုံးချိန်အတွင်းလျှောက်ထားနိုင်သည်။

Viber- 09 882229122/ 09 882229133

22/01/2023

🐰 Happy Chinese New Year 2023 🐰

🧧🥢 Gong Xi Fa Cai, Hong Bao Na Lai 🥢🧧

မကြာမီကျရောက်မည့် တရုတ်နှစ်သစ်ကူးနေ့လေးမှာ ဒီနှစ်ရဲ့လာဘ်ကောင်ဖြစ်တဲ့ မဂ်လာရွှေယုန်ရဲ့ ကောင်းချီးပေးမှုတို့နဲ့အတူ သက်ရျည်ကျန်းမာပြီး စီးပွားရေးတွေလည်းတိုးတတ်ပါစေကြောင်း မင်မင်တို့ KLT Health Care Company Limited မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင် ❤️

16/01/2023

Vitamin C ကိုဘာလို့နေ့စဉ်သောက်သုံးကြလဲဆိုရင် သူ့မှာ Immune Function ကိုပိုအားကောင်းစေပြီး Antioxidant အနေနဲ့ အဆိပ်ဓာတ် Free Radicals တွေကိုပျက်ပြယ်သေတဲ့သတ္တိရှိလို့အကျိုးကျေးဇူးများစွာရှိပါတယ်။

ဗီတာမင်စီကိုပြည့်ဝစွာစားသုံးပါက
✅ ကိုယ်ခံအားစနစ်ကိုမြှင့်တတ်စေခြင်း
✅ အရိုး၊ သွေးကြောနဲ့ တစ်သျူးဆဲလ်တွေကိုသန်မာစေခြင်း
✅ ဆံပင်ဖြူ၊ ဆံပင်ကျွတ်ခြင်းကိုသက်သာစေခြင်း
✅ အသားအရေကိုတင်းရင်းစေခြင်း
✅ အနာကျက်လွယ်စေခြင်း
✅ ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့အတွက်ကင်ဆာရောဂါဖြစ်ပွားမှုကိုလျှော့ကျစေခြင်း
✅ နှလုံးသွေးကြောကျဉ်းရောဂါကိုကာကွယ်ပေးခြင်း
✅ ဆီးချိူဖြစ်ခြင်းကိုကာကွယ်ပေးခြင်း
✅ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာရောဂါများကိုကာကွယ်ပေးခြင်း

ဗီတာမင်စီကဘာစားရင်ရလဲဆို အများစုသိကြတဲ့အတိုင်း ချဉ်တဲ့အသီးတွေဆို ဗီတာမင်စီဓာတ်ကြွယ်ဝပါတယ်။ တခြားအစားအစာတွေကတော့
🫑 ငရုတ်ပွ အနီ/အစိမ်း
🍓 စတော်ဘယ်ရီ
🍊 လိမ္မော်
🍋 သံပုရာ
🍅 ခရမ်းချဉ်သီး
🥦 ပန်းဂေါ်ဖီစိမ်း

⚠️ သတိထားရမှာကတော့ ဗီတာမင်စီကိုအများကြီးစားမိရင် ဗိုက်အောင့် ဗိုက်နာဖြစ်ပြီး ဝမ်းခဏခဏသွားခြင်းဖြစ်တတ်ပါတယ်။ ⚠️

14/01/2023

💛 Sunshine Vita D3 💛

Vitamin D3 ကို Cholecalciferol ဟုလည်းသိကြပြီး အဆီတွင်ပျော်ဝင်နိုင်တဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် D3 က ဗီတာမင် D အမျိုးအစား နှစ်မျိုးထဲကတစ်ခုဖြစ်ပြီး မင်မင်က ဒီနေ့ Vitamin D3 အကြောင်းလေးမျှဝေပေးပါမယ်နော် 🥰

ဗီတာမင် D ကခန္ဓာကိုယ်တွင်းလုပ်ဆောင်ချက်များစွာရှိပြီး အဓိကအားဖြင့် အရိုးကြီးထွားမှု၊ အရိုးပြန်လည်ပြုပြင်ခြင်း၊ ကြွက်သားကျုံ့ခြင်းများကို ထိန်းညှိပေးခြင်းနှင့် သွေးတွင်းဂလူးကို့စ် (သကြား) တို့ကို စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးခြင်းတို့ဖြစ်ပါတယ်။ 🥰

ဗီတာမင် D3 ကို ငါး၊ အမဲသားအသည်း၊ ဥနှင့် ဒိန်ခဲတို့လို့အစားအစာများတွင်ရရှိနိုင်ပြီး မနက်ခင်းနေရောင်ခြည်မှလည်းရရှိနိုင်ပါတယ်။ 🥰

ဗီတာမင် D3 ရဲ့အကျိုးကျေးဇူးတွေကတော့
✅ ကိုယ်ခံအားကောင်းစေခြင်း
✅ နှလုံးရောဂါကိုသက်သာစေခြင်း
✅ ရောင်ရမ်းမှုကိုလျော့နည်းစေခြင်း
✅ သွေးတိုးရောဂါကိုလျော့ချပေးနိုင်ခြင်း
✅ အရိုးပွခြင်းကိုကာကွယ်ပေးခြင်း
✅ အာရုံကြောစနစ်ကိုကောင်းမွန်စေခြင်း
✅ ကင်ဆာဆဲလ်များကိုလျော့ကျစေခြင်း

ဗီတာမင် D3 လုံလောက်စွာမရရှိပါက ⚠⚠⚠
- မကြာခဏဖျားနာခြင်း
- အလွန်ပင်ပန်းနွမ်းလျခြင်း
- အရိုးပါးခြင်း
- ဦးနှောက်နှင့်အာရုံကြောဝေဒနာများခံစားရခြင်း တို့ဖြစ်နိုင်ပါတယ်။

ဗီတာမင် D3 ကိုဘယ်လိုလူမျိုးတွေသောက်သုံးသင့်လဲဆိုတော့ ❗️❗️❗️
- အစားကောင်းကောင်းမဝင်တဲ့သူများ
- နာတာရှည်လူမမာများ
- မကြာခဏဖျားနာတတ်သူများ
- အသက်အရွယ်ကြီးသူများ
- နေ့စဉ်အရိပ်ထဲအလုပ်လုပ်ရသူများ

13/01/2023

တစ်နေ့တာလုံးစိတ်ခွန်အားအပြည့်နဲ့တတ်ကြွလန်းဆန်းစေဖို့ Vitamin B ❤❤❤

Vitamin B ဟာခန္ဓာကိုယ်အတွက်လိုအပ်တဲ့စွမ်းအင်တွေကိုထုတ်ပေးပြီး ဦးနှောက်နဲ့အာရုံကြောစနစ်ကိုအထူးကောင်းမွန်စေပါတယ်။ ဆံပင်၊ အရေးပြားတွေကျန်းမာစေဖို့ပါ အထောက်အကူပြုပြီး အစာချေစနစ်ကိုများစွာအကျိုးပြုပါတယ်။

❤ Vitamin B1 (thiamin)
ဗီတာမင် B1 သည် ဦးနှောက်နှင့် နှလုံးအပါအဝင် အင်္ဂါအစိတ်အပိုင်းများ ကျန်းမာကြီးထွားမှုနှင့် လုပ်ငန်းဆောင်တာများအတွက် မရှိမဖြစ်လိုအပ်ပါသည်။
❤ Vitamin B2 (riboflavin)
ခန္ဓာကိုယ်ကအဆီနဲ့ဆေးဝါးတွေကိုချေဖျက်ဖို့အတွက် ဗီတာမင် B2 လိုအပ်ပါတယ်။
❤ Vitamin B3 (နိုင်ယာစင်)
ကျန်းမာသောအရေပြား၊ အာရုံကြောများနှင့် အစာခြေစနစ်ကို ထိန်းသိမ်းရန်လိုအပ်သည်။
❤ Vitamin B5 (pantothenic အက်ဆစ်)
ဗီတာမင် B5 သည် ဦးနှောက်နှင့်အာရုံကြောကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ပါသည်။
❤ Vitamin B6 (pyridoxine)
ဗီတာမင် B6 သည် ခန္ဓာကိုယ်အနှံ့အောက်ဆီဂျင်သယ်ဆောင်ပေးသည့် သွေးနီဥအသစ်များဖန်တီးရန်ကူညီပေးသည်။ ခုခံအားစနစ်ကိုအားကောင်းအောင်လည်း ကူညီပေးတယ်။
❤ Vitamin B7 (ဘိုင်အိုတင်)
Biotin သည် ကျန်းမာသောဆံပင်၊ လက်သည်းများနှင့် အာရုံကြောများလုပ်ဆောင်မှုအတွက်မရှိမဖြစ်လိုအပ်ပါသည်။
❤ Vitamin B9 (ဖောလစ်အက်ဆစ်)
မွေးရာပါချို့ယွင်းမှုဖြစ်ခြင်းကိုလျှော့ချရန်ကူညီပေးသည်။
❤ Vitamin B12 (ကိုဘာလာမင်)
ခန္ဓာကိုယ်အာရုံကြောနှင့်သွေးဆဲလ်များအားအထောက်အပံ့ပေးသည်။

Vitamin B ဓာတ်ပါတဲ့အစားအစာတွေကဘာတွေလဲ ❓
✅ ငါးအမျိုးမျိုး, ကြက်သား
✅ Broccoli, လိမ္မော်သီး, ငှက်ပျောသီး, လီမွန်သီး
✅ ဟင်းနုနွယ်ရွက်, အစေ့အဆံများ

Vitamin B ချို့တဲ့ရင်ဘာတွေဖြစ်နိုင်မလဲ ❓
✅ အပူကန် အပူနာပေါက်ခြင်း
✅ အရေပြားခြောက်သွေ့ခြင်း
✅ မျက်လုံးအတွင်းသွေးကြောမျှင်နီရဲခြင်း
✅ အာရုံကြောအားနည်းကာ ပင်ပန်းနွယ်နယ်ပြီးမကြာခဏဖျားနာခြင်း
✅ ဝမ်းပျက်ဝမ်းလျောဖြစ်ခြင်း
✅ သွေးအားနည်းခြင်း

12/01/2023

ကယ်လ်စီယမ်ဓာတ်ကဘာလို့လိုအပ်တာလဲ ❓
ကယ်လ်စီယမ်ဓာတ်က အရိုးနဲ့သွားတွေကိုသန်မာစေခြင်း၊ ကြွက်သားနဲ့နှလုံးရဲ့လုပ်ငန်းဆောင်တာတွေကိုထောက်ပံ့ပေးခြင်း၊ အာရုံကြောအားကောင်စေခြင်း၊ ဟော်မုန်းထုတ်လုပ်မှုကိုလှုံဆော်ပေးခြင်းတို့ဖြစ်ပါတယ်။

🔹 ပုံမှန်အားဖြင့် ကယ်လ်စီယမ်ကို သွားနဲ့အရိုးအတွက်သာမှီဝဲတတ်ကြပါတယ်။ ကယ်လ်စီယမ်ဓာတ်ဟာ အရိုးနှင့်သွားကျန်းမာရေးကိုသာမက ခန္ဓာကိုယ်ရဲ့ဇီဝကမ္မလုပ်ဆောင်ချက်တွေအတွက်ပါအရေးပါပါတယ်။

ကယ်လ်စီယမ်ဓာတ်ကြွယ်ဝစွာပါတဲ့အစားအစာတွေကတော့
🥛 နို့နှင့်နို့ထွက်ပစ္စည်းများ
🥬အစိမ်းရင့်ရောင်ရှိတဲ့အရွက်များ
🍞 ပေါင်မုန့်၊ ပဲနို့
🐟 အရိုးပါဝါးစားလို့ရတဲ့ငါးများ

ကယ်လ်စီယမ်ဓာတ်လုံလောက်စွာမရှိတဲ့အခါဖြစ်နိုင်တဲ့အရာတွေက ⚠️
🔹 မကြာခဏမေ့လျော့ပြီးမှတ်ဉာဏ်မကောင်းခြင်း
🔹 ကြွက်သားများတင်းပြီး မကြာခဏကြွက်တတ်ခြင်း
🔹 ခြေလက်များထုံကျင်တတ်ခြင်း
🔹 အလိုလိုစိတ်ဓာတ်ကျခြင်း
🔹 အရိုးပွလာပြီး အရိုးထိခိုက်နိုင်ချေမြင့်လာခြင်း

✅ ကယ်လ်စီယမ်ဓာတ်ကြွယ်ဝစွာပါတဲ့အစားအသောက်များကိုနေ့စဉ်ပုံမှန်စားသုံးသင့်ပြီး ဖြည့်ဆွက်စာများလည်းသောက်သုံးသင့်ပါတယ်။

11/01/2023

မင်မင်တို့နဲ့ရင်းနှီးပြီးသားအသီးတစ်မျိုးဖြစ်တဲ့ ပန်းသီးစိမ်းလေးရဲ့ ကျန်းမာရေးအကျိုးပြုပုံတွေကိုကြည့်လိုက်ရအောင် 🍏🍏🍏

ပန်းသီးစိမ်းက မျိုးစပ်အသီးမျိုးဖြစ်ပြီး ပန်းသီးမျိုးစိတ်နှစ်မျိုးဖြစ်တဲ့ Malus slyvesterus နှင့် Malus domesticus တို့ကို ပေါင်းစပ်စိုက်ပျိုးထားခြင်းဖြစ်ပါသည်။ အခြားပန်းသီးမျိုးကွဲများနှင့် နှိုင်းယှဉ်ရင် ပန်းသီးစိမ်းကအလွန်ကောင်းတဲ့ bioactive ဒြပ်ပေါင်းများနှင့် flavonoids များပါရှိသည် 🍏🍏🍏

ပန်းသီးစိမ်းကအရည်ရွှမ်းပြီ၊း စိမ်းဖျော့ဖျော့အရောင်၊ ကြွပ်ဆတ်တဲ့ အနံ့အရသာရှိကာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အသီးအဖြစ်သတ်မှတ်ထားပြီး ကယ်လိုရီနည်းခြင်း၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ကိုယ်အလေးချိန်ထိန်းညှိရာမှာ အသုံးပြုကြပါတယ် 🍏🍏🍏

ပန်းသီးစိမ်းကိုပုံမှန်စားသုံးခြင်းဖြင့်

✅ ပန်းသီးစိမ်းမှာ flavonoids ကြွယ်ဝစွာပါဝင်တာကြောင့် အဆုတ်၊ ပန်ကရိယနဲ့ အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ခြင်း။
✅ အမျှင်ဓာတ်များသောအစားအစာဖြစ်တဲ့ပန်းသီးစိမ်းက ဦးနှောက်ပျက်စီးမှုကိုကာကွယ်ပေးနိုင်ပြီး အယ်လ်ဇိုင်းမားရောဂါလက္ခဏာများကိုတားဆီးရာတွင်လည်းကူညီပေးခြင်း။
✅ ပန်းနာရင်ကျပ်ဖြစ်ပွားမှုကိုလျော့နည်းစေနိုင်ခြင်း။
✅ ဆီးချိုရောဂါဖြစ်ခြင်းကိုကာကွယ်ပေးနိုင်ခြင်း။
✅ သွေးတွင်းဂလူးကို့စ်ပမာဏကိုလျှော့ချခြင်းဖြင့် ကိုယ်အလေးချိန်လျော့ကျစေနိုင်ခြင်း။
✅ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်ခြင်း။
✅ မျက်လုံးအားကောင်းစေခြင်း။
✅ နာကျင်ကိုက်ခဲမှုကိုသက်သာစေနိုင်ခြင်း။

10/01/2023

Vitamin E အကျိုးကျေးဇူးတွေကိုမျှဝေပေးလိုက်ပါတယ်နော် ...

ဗီတာမင် E ဆိုတာဘာလဲ ❓
✅ အသားအရေထိန်းသိမ်းတဲ့နေရာမှာအရေးပါတဲ့ ဗီတာမင်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ထဲကသန်းပေါင်းများစွာသော ဆဲလ်တွေကိုကာကွယ်ပေးတဲ့ အစွမ်းထက် Anti-oxidant တစ်မျိုးလည်းဖြစ်ပါတယ်။ အစွမ်းထက် Anti-oxidant ဖြစ်တဲ့ Vitamin E က ပျက်စီးသွားတဲ့ ဆဲလ်တွေကိုပြန်လည်ပြုပြင်ပေးပြီး အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးပါတယ်။

ဗီတာမင် E ကိုသောက်သုံးခြင်းဖြင့် အသားအရည်နှင့်ဆံသားကိုကောင်းမွန်စေခြင်းသာမက

✔️ Cholesterol ကြောင့် ဦးနှောက်သွေးကြောပိတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်းကိုကာကွယ်ပေးနိုင်ခြင်း
✔️ ကင်ဆာဖြစ်ခြင်းကိုလျော့ချပေးနိုင်ခြင်း
✔️ မျက်စိအမြင်အာရုံကိုအားကောင်းစေခြင်း
✔️ အသားအရည်ကောင်းစေခြင်း
✔️ ဟော်မုန်းဓာတ်ကိုထိန်းညှိပေးလို့ အမျိုးသမီးများဓမ္မတာလာချိန်ကိုက်ခဲခြင်းမှသက်သာစေခြင်း
✔️ နှလုံးကြွက်သားဆဲလ်မှာရှိတဲ့ အောက်ဆီဂျင်ပါဝင်မှုကိုထိန်းညှိပေးလို့ နှလုံးအပေါ် Stress သက်ရောက်မှုမှလျော့ချပေးခြင်း

ဗီတာမင် E ဓာတ်ပါဝင်တဲ့အစားအစာတွေကတော့
✅နေကြာစေ့
✅ မြေပဲ
✅ သရက်သီး
✅ ခရမ်းချဉ်သီး
✅ အစိမ်းရောင်ရှိတဲ့အသီးအရွက်
✅ Vegetables Oil

31/12/2022

🎁🎉🎈🎊🍾 Happy New Year 2023 🍾🎊🎈🎉🎁

ယနေ့ကျရောက်တဲ့နှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒတွေပြည့်ဝပါစေကြောင်း KLT Health Care Company Limited မိသားစုမှဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🙏🙏🙏

29/12/2022

🍇🍇🍇 Antioxidants ဓာတ်ကြွယ်ဝစွာပါတဲ့ Grape seeds (စပျစ်စေ့) 🍇🍇🍇

စပျစ်သီးများကို အစိမ်းရောင်၊ အနီရောင် (သို့) ခရမ်းရောင် ဆိုပြီးတွေ့နိုင်ပါတယ် 💚❤️💜

🍇 စပျစ်သီးစေ့မှာ Vitamin E , Flavonoids, Linoleic Acid နှင့် OPCs များပေါင်းစပ်ပါဝင်ပါတယ်။

🍇 ကျန်းလည်းကျန်းမာ လှလည်းလှစေတဲ့ Grape Seed လေးကကောင်းကျိုးများစွာပေးစွမ်းနိုင်ပါတယ်

✅ နှစ်ခြိုက်စွာအိပ်ပျော်စေခြင်း
✅ အသားအရေကိုကြည်လင်စေပြီး အရွယ်တင်နုပျိုစေခြင်း
✅ နှလုံးသွေးလည်ပတ်မှုဆိုင်ရာရောဂါများကို ကာကွယ်ပေးခြင်း
✅ ဆံပင်ကျွတ်သက်သာစေခြင်း
✅ သွေးကြောထုံးခြင်းများကိုသက်သာစေခြင်း
✅ ဟော်မုန်းဓာတ်ကိုညှိပေးလို့ ဝက်ခြံတွေကိုသက်သာစေခြင်း
✅ အမျိုးသမီးများ ဓမ္မတာမှန်စေပြီး နာကျင်ကိုက်ခဲမှုကိုသက်သာနိုင်ခြင်း
✅ ချွေးပေါက်ကျဉ်းစေခြင်း
✅ တင်းတိတ်၊ မှဲ့ခြောက်၊ အမဲစက်သက်သာစေခြင်း
✅ Collagen ထုတ်လုပ်မှုပိုအားကောင်းခြင်း

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 37/A, 1st Floor, U Kan Myint Housing, Butar Yone Sterrt, Hlaing Township
Yangon