New Skiin Products By NannThazin

New Skiin Products By NannThazin

Share

FocusBeautyProducts များလက်လီလက်ကားဝယ်ယူအားပေးနိုင်ပါပီရှင်😘

29/03/2024

Tonerဆိုတာက စကင်းကဲပိုင်းရဲ့အဓိကအခြေခံကျပါတယ် ကာကာတို့ရေ

တနေကုန်လိမ်းခြယ်ထားတဲ့ မိတ်ကပ်ဘဲဖြစ်ဖြစ် သနပ်ခါးဘဲဖြစ်ဖြစ် မျက်နှာသစ်လိုက်တိုင်း မပြောင်စင်သွားဘူးနော် 🙅

မယုံဘူးဆိုရင် တိုနာလေးသုံးကြည့်
မျက်နှာပေါ်ကအညစ်ကြေးတွေကို
အထိရောက်ဆုံးဖယ်ရှားပေးလိမ့်မယ်

Tonerသုံးမယ်ဆို
လက်နဲ့မသုံးရဖူးနော် လက်နဲ့သုံးရင်ဘယ်လိုမှမထိရောက်လို့ Cotton padလေးနဲ့သုံးပေးရပါမယ်

စကင်းကဲပီးသိသိသာသာ
ဖြူ၀င်းမလာတာရယ်
ကိုယ်လိုချင်တဲ့အသားရေ
မရသေးဘူးဆိုတာ တိုနာမသုံးရသေးလို့နော်

အခုကနေစပြီးးသုံးကြည့်ကြစို့လား

10/02/2024

မျက်နှာအသားအရေ ကြည်လင်တောက်ပစေမယ့် New Skiin

မျက်နှာပြင်မှာ ဆဲလ်သေတွေ စုပုံလာပြီဆိုရင် မျက်နှာက ဝင်းပမနေပဲ ကြည်လင်မှုလဲ မရှိတော့ဘူးနော်

ဒီလို ဆဲလ်သေတွေကို ဖယ်ရှားဖို့ New Skiin Brightening Exfoliation Toner နဲ့ ချေးချွတ်လိုက်ပါ။
New Skiin Toner က အရေပြားပေါ်ရှိ ဆဲလ်အသေများ၊ အညစ်အကြေးများကို ဖယ်ရှားသန့်စင်ပေးပြီး အသားအရေကို သန့်စင် ချောမွတ်လာစေပါတယ်။

ညအချိန် New Skiin Facial Foam ဖြင့် မျက်နှာသစ်ပြီး သန့်စင်သော အရေပြားပေါ်တွင် Cotton pad ဖြင့် သင့်တော်သော ပမာဏထည့်ပြီး မျက်နှာနှင့်လည်ပင်းအနှံ့ အသုံးပြုပေးမယ်ဆိုရင် ကြည်လင်တောက်ပတဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်စေမှာပါ။

သယ်ဆောင်ရလွယ်ကူတဲ့ ဘူးသေး 50ml ကို ထပ်မံ ထုတ်လုပ်ပေးပါတယ်။ မြန်မာနိုင်ငံ FDA အသိအမှတ်ပြုလက်မှတ်ရရှိထားပြီးဖြစ်လို့ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

Made in Korea 🇰🇷
New Skiin Brightening Exfoliation Toner (50ml) တစ်ဘူး - 10,000 Kyats

07/01/2024

ဘယ်လိုအသားအရေမျိုးက ဘယ်လို Toner မျိုးကို ရွေးချယ်သင့်လဲ?

ကိုယ့်ရဲ့ မျက်နှာက အသားအရေက အဆီပြန်လို့ ခြောက်လို့ စသဖြင့် ဘယ်လိုအသားမျိုးက ဘယ်လို Toner မျိုးကို ရွေးချယ်ရမလဲဆိုပြီးစဉ်းစားရခက်နေတယ်ဆိုရင် အသားအရေအမျိုးအစားလိုက် ဘယ်လို ပါဝင်ပစ္စည်းမျိုးပါတဲ့ Toner ကို သုံးသင့်သလဲဆိုတာ ပြောပြပေးသွားပါမယ်။

အဆီပြန်သူများအတွက်ကတော့ AHA ပါဝင်တဲ့ Toner မျိုးကို ရွေးချယ်သင့်ပါတယ်။ AHA က ဆားဝက်ခြံများကိုလဲ သက်သာပျောက်ကင်းစေပြီး ချွေးပေါက်ကင်းစင်ပြီး ချောမွန်တဲ့ အသားအရေကို ရရှိစေပါတယ်။

အသားအရေခြောက်သွေ့သူများအတွက်ကတော့ အစိုဓါတ်ထိန်းသိမ်းပေးပြီး အသားအရေခြောက်သွေ့မှုကနေ ကာကွယ်ပေးတဲ့ ပါဝင်ပစ္စည်းမျိုးပါဝင်တဲ့ Toner မျိုးကို အသုံးပြုသင့်ပါတယ်။ Alcohol ပါဝင်တဲ့ Toner မျိုးကို ရှောင်သင့်ပါတယ်။

ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်များအတွက်ကတော့ အသားအရေကိုနှိုးဆွမှုအနည်းဆုံး ပါဝင်ပစ္စည်းများ ပါဝင်တဲ့ Toner မျိုးကို ရွေးချယ်သင့်ပြီး PHA (Lactobionic Acid) က Sensitive Skin အတွက် သင့်တော်တဲ့ Acid အမျိုးအစားဖြစ်ပါတယ်။

အဆီပြန်သူ၊ အသားခြောက်တဲ့သူ၊ ထိခိုက်လွယ်တဲ့အသားအရေ အားလုံးအသုံးပြုနိုင်တဲ့ Toner ဆိုရင် New Skiin Brightening Exfoliation Toner ရှိပါတယ်။

New Skiin Toner မှာ AHA(Citric Acid), PHA (Lactobionic Acid), BioluminoPeel (Pyrus Malus Apple Fruit Extract), Citrus Limon (Lemon) Fruit Extract, Citrus Reliculata (Tangarine) Fruit Extract, Fruit Comples, Fruit Comples 2 တို့ပါဝင်တဲ့အပြင် Low pH ဖြစ်ပြီး Alcohol Free ဖြစ်ပါတယ်။

ညဘက်မျက်နှာသစ်ပြီးတိုင်း cotton pad လေးနဲ့ အသုံးပြုပေးမယ်ဆိုရင် ဆားဝက်ခြံကင်း ချောမွတ်ပြီး ကြည်လင် တင်းရင်းလှပတဲ့ မျက်နှာအလှလေးကို ရရှိနိုင်ပါပြီ။

ခရီးသွားတိုင်း ဆောင်သွားလိုရမယ့် 50 ml ဘူးသေးနဲ့ 150 ml ဘူးကြီး (၂) မျိုး ထုတ်လုပ်ပေးထားပါတယ်။

New Skiin Brightening Exfoliation Toner (150ml) တစ်ဘူး - 22,000 ကျပ်
New Skiin Brightening Exfoliation Toner (50ml) တစ်ဘူး - 10,000 ကျပ်

07/01/2024

ဆံပင်ကျွတ်သက်သာအောင် ဘယ်လိုပြုမူနေထိုင်မလဲ?

ဆံပင်တစ်ခါ ဖြီးလိုက်တိုင်း ဆံသားတွေ အထွေးလိုက်ကျွတ်တာမျိုး ကြုံဖူးကြလား?

ဆံပင်ကျွတ်ခြင်းဟာ အမျိုးသားရော၊အမျိုးသမီးတွေပါ စိုးရိမ်ပူပန်ရတဲ့ ပြသာနာတစ်ခုဖြစ်ပါတယ်။
ပုံမှန်အားဖြင့်ဆံပင်ကျွတ်နှုန်း တစ်နေ့ကို အပင်၅၀ မှ ၁၀၀ ထိကျွတ်လေ့ရှိပါတယ်။ အပင် ၅၀မှ ၁၀၀ အထက် ပိုကျွတ်တယ်ဆိုရင်တော့ ဦးရေပြားဆရာဝန်နဲ့ ပြသဖို့လိုအပ်ပါတယ်။

နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တာမျိုး၊ ရာသီဥတုအပြောင်းအလဲကြောင့်၊ မျိုးရိုးလိုက်ခြင်း၊ ဟိုမုန်းပြောင်းလဲခြင်း၊ စိတ်ဖိစီးမူများခြင်း၊ ကျန်းမာရေးအခြေအနေကြောင့် စတဲ့ ဆံပင်ကျွတ်ရတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။

ဆံပင်ကျွတ်တာကို ကုသလို့မရပေမယ့် ဆံပင်ကျွတ်ခြင်းနည်းအောင် ကာကွယ်နိုင်ပါတယ်။ ဆံပင်ကျွတ်ခြင်းသက်သာစေဖို့အတွက် လိုအပ်တဲ့သံဓာတ်နဲ့ ပရိုတင်းဓာတ် ကြွယ်ဝတဲ့အစားအစာကို နေ့စဉ်စားပေးပါ။

လက်နဲ့ ဆံပင်ကို ခဏခဏ ကိုင်ခြင်း၊ လိမ်ခြင်းမျိုးမပြုလုပ်ရပါ။ ဆံပင်ကို ပုံမှန်ဖြီးပေးပါ (ဘီးကျဲဖြင့် ဖီးပါက ဆံပင်ကျွတ်ကို ပိုမိုသက်သာစေပါတယ်။) ဆံသားကိုသန့်ရှင်းအောင်ထားပါ၊ ပုံမှန် ခေါင်းလျှော်ပေးပြီး ခေါင်းလျှော်တဲ့အခါ အပြင်းစား Shampooတွေကို အသုံးမပြုမယ့်အစား ကိုယ့်ရဲ့ ဦးရေပြား ဆံသားတို့နှင့် ကိုက်ညီတဲ့ Shampoo ကိုသာ ရွေးချယ် အသုံးပြုပေးပါ။ Shampoo ရွေးချယ်မူ မှားရင်လည်း ဆံပင်ကျွတ်တက်ပါတယ်၊ ကိုယ်နဲ့သင့်တော်မည့် Shampoo ကိုရွေးချယ်အသုံးပြုပေးဖို့လည်းလိုအပ်ပါတယ်။

ဒီလိုမျိုး ပြုမူနေထိုင်လိုက်မယ်ဆိုရင်တော့ ဆံပင်ကျွတ်ခြင်းကို သက်သာလာစေမှာဖြစ်ပါတယ်။

Photos from New Skiin Products By NannThazin's post 20/12/2023

Up2Mii Lavender Haze Moisturizing Body Lotion

သင့်ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို အနားပေးရအောင် . . .
ခရမ်းရောင် ပန်းခင်းကြီးထဲ အိပ်စက်ရသလို ခံစားမှုပေးမယ့် Lavender Haze Moisturizing Body Lotion.

ပါ၀င်ပစ္စည်းနှင့် ကောင်းကျိုးများ
၁။ စိတ်နဲ့ ခန္ဓာကိုယ်ကို ပေါ့ပါးလန်းဆန်းစေခြင်း
Lavender အဆီက နေ့ခင်းဘက်မှာ သင့်ကို စိတ်ပေါ့ပါးစေပြီး ညဘက်မှာ နှစ်ခြိုက်စွာ အိပ်စက်စေမှာပါ။
၂။ ပြည့်၀တဲ့ အစိုဓါတ်ထိန်းသိမ်းခြင်း
8D Hya, Allantoin, Aqua Mint နဲ့ ISM တို့ ပါ၀င်ပါတယ်။
အရွယ်အစားမတူညီသော Hyaluronic Acid (၈) မျိုးပါ၀င်ပြီး အရွယ်အစားအလိုက် ကွဲပြားတဲ့ အသားအရေ ထိန်းသိမ်းမှုကို ဆောင်ရွက်ပေးပါတယ်။

💜 Large Sized
Skin Barrier ပေါ်မှာ ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်ပေးပါတယ်။

💜 Medium Sized
အရေပြား အစိုဓါတ်ကို ထိန်းသိမ်းပေးပါတယ်။

💜 Small Sized
အချိန်ကြာရှည်တဲ့ အစိုဓါတ်ထိန်းသိမ်းမှုဖြစ်အောင် ပြုလုပ်ပေးပါတယ်။

💜 Nano Sized
အရေပြားအတွင်းမှ အစိုဓါတ်ထိန်းသိမ်းမှု ပြုလုပ်ပေးပါတယ်။

💜 Ultra Macro
အရေးအကြောင်း ဖြစ်ပေါ်မှုများကို ကာကွယ်ပေးပါတယ်။

💜 Super Special & Small Sized
အရေပြား အစိုဓါတ်မဆုံးရှုံးအောင် ထိန်းသိမ်းပေးပါတယ်။

💜 Mini
အရေပြားအတွင်းဆုံးထိ အစိုဓါတ်ကို ဖြည့်တင်းပေးပါတယ်။

💜 Micro
အရေပြားကို အတွင်းပိုင်းမှ စိုပြေလာစေပါတယ်။

Allantoin
Comfrey အပင်မှ ထုတ်နုတ်ထားခြင်းဖြစ်ပါတယ်။ Allantoin က အရေပြားကို အစိုဓါတ်ဖြည့်တင်းပေးပြီး အရေပြားခြောက်သွေ့ခြင်းနှင့် ပြင်ပနှိုးဆွမှုများ (Irritation) ကို ကာကွယ်ပေးတာကြောင့် Sensitive Skin ပိုင်ဆိုင်သူများအတွက် သင့်တော်ပါတယ်။

Aqua Mint MENTHA AQUATICA
အရေပြား ရောင်ရမ်းမှုများကို ကျဆင်းစေပြီး Soothing ဖြစ်စေပါတယ်။ အရေပြားကို အစိုဓါတ်ဖြည့်တင်းပေးပြီး အေးမြတဲ့ခံစားချက်ကို ချက်ချင်းရရှိစေပါတယ်။

ISM Invisible Shield Moisturizing (Cosmax စက်ရုံရဲ့ မူပိုင်ခွင့် နည်းပညာဖြစ်ပါတယ်)
အရေပြားအစိုဓါတ်ကို အမြင့်ဆုံးထိန်းသိမ်းနိုင်ရန်အတွက် အကောင်းဆုံးသော Prebiotics များဖြင့် ဖွဲ့စည်းထားပါတယ်။ အသားအရေအတွင်းရှိ Hyaluronic Acid ထုတ်လုပ်မှုကို အားဖြည့်ပေးပါတယ်။ ဒါ့အပြင် Antioxidant (ဓါတ်တိုးဆန့်ကျင်မှု) အစွမ်းပါ၀င်တာကြောင့် အိုမင်းရင့်ရော်ခြင်းနှင့် အသားအရေကို ပတ်၀န်းကျင် ထိခိုက်ပျက်စီးစေမှုများကို ဆန့်ကျင်ပေးပါတယ်။

၃။ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ခြင်း
Allantoin , ISM နှင့် 8D HYA တို့မှာ ဓါတ်တိုးဆန့်ကျင်မှုအစွမ်းပါ၀င်ပါတယ်။ ဒါကြောင့် အရွယ်မတိုင်မီ အသားအရေ အိုမင်းရင့်ရော်ခြင်းများကို အကောင်းဆုံး ဆန့်ကျင်ပေးမှာ ဖြစ်ပါတယ်။

Up 2 Mii Lavender Haze Moisturizing Body Lotion ရဲ့ အားသာချက်များ
၁။ သင့်စိတ်နဲ့ ခန္ဓာကိုယ် ပင်ပန်းမှုများကို လျှော့ချပေးပါတယ်။
၂။ နှစ်ခြိုက်စွာ အိပ်စက်ခြင်းကို ရရှိစေပါတယ်။
၃။ မနက်နိုးထလာချိန်မှာ ပိုမိုကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ရရှိစေပါတယ်။
၄။ အစိုဓါတ်နှင့် အာဟာရဓါတ်များ ပြည့်၀စွာ ပါ၀င်ပါတယ်။
၅။ စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ဖို့ အောက်ပါအချက်များ ကင်းရှင်းသော Natural Cosmetics ဖြစ်ကြောင်း အာမခံပါတယ်။

Paraben Free, Silicone Free, Gluten Free, Cruelty Free, Color Free, Mineral Oil Free

သုံးစွဲပုံ
ရေချိုးသန့်စင်ပြီးချိန် သင့်တော်သော ပမာဏကိုယူပြီး ခန္ဓာကိုယ်အနှံ့ နှိပ်နယ်လိမ်းခြယ်ပေးရပါမည်။

သတိထားရန်
သုံးစွဲစဉ် အရေပြားပေါ်တွင် နီရဲရောင်ရမ်းခြင်း၊ ယားယံခြင်းများ ဖြစ်ပေါ်လာပါက ဆက်လက်သုံးစွဲခြင်းမပြုရန် နှင့် လိုအပ်ပါက အရေပြားဆရာ၀န်နဲ့ ပြသတိုင်ပင်သင့်ပါသည်။
ဘူးကို အပူချိန် 40°C အောက် နေရောင်ခြည် တိုက်ရိုက်မထိတွေ့သော နေရာတွင်သာ ထားသိုသိမ်းဆည်းရမည်။
ကိုယ်၀န်ဆောင်များလည်း အသုံးပြုနိုင်ပါသည်။
(၃) နှစ်အထက် ကလေးများလည်း အသုံးပြုနိုင်ပါသည်။

Up2Mii Lavender Haze Moisturizing Body Lotion (250 ml) တစ်ဘူး - 12,500 Kyats / 200 Baht

🇲🇲 Myanmar FDA Approved - MNA2312015877
🇹🇭 Thailand FDA Approved - 11-1-6600030617

Made in Thailand 🇹🇭

🚫🚫🚫𝗙𝗢𝗖𝗨𝗦 𝗕𝗲𝗮𝘂𝘁𝘆 ၏ ကုန်ပစ္စည်းများကို သတ်မှတ်ရောင်းစျေးအောက်လျော့၍ ရောင်းချပါက ယှဉ်ပြိုင်မှုဥပဒေပြဌာန်းထားသည့်အတိုင်း အရေးယူခြင်းခံရမည်။ 🚫🚫🚫

20/12/2023

ဆံပင်နှစ်ခွ ဘာကြောင့်ဖြစ်ရတာလဲ?

မိန်းကလေးအများစုအတွက် ဆံပင်နှစ်ခွဆိုတော့ အိမ်မက်ဆိုးကြီးလိုပါပဲ။

ဆံပင်ကို ဆေးဆိုးလိုက်၊ ဖြောင့်လိုက်၊ ကောက်လိုက်၊ ဓာတုပစ္စည်းများစွာပါဝင်တဲ့ ဆံသားပုံသွင်းတဲ့ပစ္စည်းတွေ မကြာခဏသုံးစွဲတာ၊ ကလိုရင်းခတ်ထားတဲ့ ရေနဲ့ ဆံသားကို ထိတွေ့တာ၊ ခရီးမကြာခဏသွားရသူများအဖို့ ထုံးဓါတ်များတဲ့ ရေနဲ့လျှော်မိတာ၊ အက်ဆစ်ဓါတ်များတဲ့ မိုးရေစိုမိတာတွေကြောင့် ဆံသားတွေက အာဟာရဓါတ်ဆုံးရှုံးပြီး တဖြည်းဖြည်း ခြောက်သွေ့အက်ကွဲကာ ဆံပင်နှစ်ခွဖြစ်လာရပါတယ်။

ဆံပင်နှစ်ခွဖြစ်လာပြီဆိုရင် ပျက်စီးနေတဲ့ နှစ်ခွဖြစ်တဲ့ ဆံသားနေရာကို ဖြတ်ထုတ်ပစ်ဖို့ လိုအပ်ပါတယ်။ ဆံပင်တိုသွားမှာစိုးလို့ နှမျောပြီး မဖြတ်ထုတ်ဘူးဆိုရင် နှစ်ခွဖြစ်တဲ့နေရာက ပိုမိုကျယ်ပြန့်ပြီး ပိုဆိုးလာနိုင်ပါတယ်။

နှစ်ခွဖြစ်နေတဲ့ ဆံသားရဲ့ အပေါ်ပိုင်းရောက်တဲ့အထိ (ဥပမာ.. ဆံပင်ထိပ်ဖျားကနေ လက်တဆစ် လောက်အထိ) ကို ကတ်ကြေးနဲ့ညှပ်ပေးလိုက်ပါ။ မကြာခဏ ဆံသားခြောက်သွေ့ကွဲထွက်လေ့ရှိသူများအဖို့၊ ရက်သတ္တပတ် ၆ ပတ် (သို့မဟုတ်) ၂ လ တစ်ကြိမ်လောက် ဆံပင်အဖျားကို ညှပ်ပေးပါ။

ဒီလိုလေး ဆံပင်ဖျားလေးတွေကို ဂရုစိုက်ပေးမယ်ဆိုရင် ဆံပင်နှစ်ခွလေးတွေ သက်သာလာစေမှာဖြစ်ပါတယ်။

13/12/2023

မယ်ချွေတာ မောင်ချွေတာ တို့အတွက်

အသက်သာဆုံးနဲ့ Qကောင်းကောင်းကို

သုံးနိုင်ဖို့အတွက်

၃မျိုးပေါင်းကို 12000တည်းနဲ့ ဝယ်သုံးနိုင်ဖို့

💙 Sleeping cream 20g
🐌 New skiin 5g
💛 Suncreen 5g
‌လေး ဝယ်သုံးလို့ရပီနော်

အဆီပြန်ခြင်းကင်း ပြီး ရေဓာတ်ပြည့်ဝတဲ့ အသားအရေ အမဲစက်ကင်း ဝက်ခြံရှင်း တဲ့
အသားအရေ ပိုင်ဆိုင် နိုင်ပြနော်

မှာယူလိုပါက
Viber 09250759379
Or cb
အိမ်အရောက်ငွေ ချေရပါတယ်ရှင့်
#ချောစု

Photos from New Skiin Products By NannThazin's post 13/12/2023

ဟိတ် ဆံပင်တွေ ကောက်လိုက် ဖြောင့်လိုက်နဲ့ စိတ်တိုင်းကျ လှချင်တိုင်း လှနေပြီးတော့ ဆံပင်လေးကိုတော့ ကျန်းမာအောင် Treatment လုပ်ဖို့ မမေ့နဲ့နော်

Treatment လုပ်ပြီး ဦးရေပြားနဲ့ ဆံသားကို ထိန်းသိမ်းပေးတဲ့ New Haiir Shampoo နဲ့ Conditioner ကို ရွေးချယ်သုံးပေးဖို့လဲ မမေ့နဲ့နော်

12/12/2023

အများဆုံးကြုံတွေ့ရတဲ့ ဗောက်ထခြင်း ပြဿနာ

အမျိုးသားရော အမျိုးသမီးရော ဦးရေပြား ပြဿနာတွေထဲမှာ ဗောက်ထခြင်းကို အများဆုံးကြုံတွေ့ကြရပါတယ်။ ဦးရေပြားဆဲလ်အသေလေးတွေ အချပ်လိုက်ဖြစ်နေခြင်းက ဗောက်ထခြင်း ဖြစ်ပေါ်လာတာပါ။ ဗောက်ထခြင်းက အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဦးရေပြားခြောက်သွေ့ခြင်း၊ ဦးရေပြားအဆီပြန်ခြင်း၊ ခေါင်းပုံမှန်မလျှော်ခြင်း၊ စိတ်ဖိစီးမှုများခြင်းကြောင့်လဲ ဗောက်ထနိုင်ပါတယ်။

ကိုယ့်ရဲ့ ဦးရေပြားနဲ့ ခေါင်းလျှော်ရည် မကိုက်ညီတာမျိုး၊ ခေါင်းလျှော်နဲ့ ပေါင်း‌ဆေး အသုံးပြုပြီး ရေပြောင်စင်အောင် ဆေးမချတာမျိုးဆိုရင်လဲ ဗောက်ထတတ်ပါတယ်။ အခုလိုဆောင်းရာသီမှာဆိုရင် ဦးရေပြားခြောက်သွေ့ပြီး ဗောက်ထခြင်းပြသာနာတွေ ပိုအဖြစ်များပါတယ်။

အထက်ပါအကြောင်းအရာတွေအပြင် ဗောက်ဖြစ်တတ်တဲ့ အကြောင်းအရင်းများစွာရှိနိုင်ပါသေးတယ်။

ဦးရေပြားပေါ်မှာ ဗောက်ထခြင်းပြဿနာ ပိုမိုဆိုးရွားလာပြီဆိုရင် နီးစပ်ရာ အရေပြားဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြသတာ အကောင်းဆုံးဖြစ်ပါတယ်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon