Gold Healthy Life Products

Gold Healthy Life Products

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Gold Healthy Life Products, Yangon.

Photos from Gold Healthy Life Products's post 08/09/2023

မိမိရဲ့လက်ရှိအခြေနဲ့ သုံးသပ် ပြုပြင်နိုင်ပြီး
တောင်းပန် ကန်တော့နိုင်ရန် 🙏🙏🙏

06/09/2023

မိမိကိုယ်တိုင် ဘုရားရှင်ရဲ့အဆုံးအမပဲ ဖြစ်ဖြစ်
လောကီမှာ သင်ကြားရတဲ့ အသက်မွေးပညာရပ်တွေကို သင်ယူတာပဲ ဖြစ်ဖြစ် ကိုယ်တိုင် သဘောပေါက်အောင် ဉာဏ်ပညာကြီးကြီးထားပြီး လေ့လာပြီး
ဆန်းစစ်ပါ။

စာတွေ့ နဲ့ လက်တွေ့ကို ချိန်ညှိ သုံးသပ်နိုင်တဲ့အထိ
သဘောပေါက်အောင် လေ့လာပါ......

06/09/2023

ဘဝမှာ......

ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့
စိတ်ခွန်အားက ဘုရားရှင်ရဲ့အဆုံးအမများကို
နာယူ မှတ်သား လေ့လာရင်းမှ ရရှိလာတာ များပါတယ်။

ဘာသာရေးအတွေးအမြင် သက်သက်သာ အသုံးဝင်တာ မဟုတ်ဘဲ လောကီအတွက် ရှုမြင် သုံးသပ်နိုင်တဲ့ အမြင်အမျိုးမျိုး ရှုထောင့် အမျိုးမျိုးက နားလည်တတ်ဖို့အတွက်ပါ အထောက်အကူ ဖြစ်တယ်။

မိမိအတွက် အကျိုးယုတ်စေမယ့် လူတွေကိုလည်း
ခံစားချက်က တဆင့် အလိုလို သိနိုင်တဲ့အထိ
စွမ်းအားကြီးတယ်။

06/09/2023

မြတ်စွာဘုရားရှင်ကို ကြည်ညိုတင့်တယ်ဖွယ် ဖြစ်အောင် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းဖြစ်အောင်
ဘုရားကျောင်းဆောင်ကို ရှင်းလင်းစွာ ထားခြင်း...

ဘုရားကျောင်းဆောင် အဖြူက ညစ်ပေလွယ်တဲ့အတွက် ဂရုတစိုက် သန့်ရှင်းပေးခြင်း၊
ညောင်ရေအိုးမှ ရေမလဲသဖြင့် သစ်ရွက်ပုပ်နံ့များ
နံစော်မနေအောင် ထားခြင်းဖြင့် မြတ်စွာဘုရားရှင်အား လေးလေးစားစား ပူဇော်ခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်။

ဘုရားကျောင်းဆောင်အလှ နဲ့ သန့်ရှင်းရေးက အပြင်ကအလှ.....

မိမိရဲ့အတွင်းစိတ် သန့်ရှင်းဖို့ ဘုရားရှင်ရဲ့ အဆုံးအမများကို အခါအားလျော်စွာ နာယူခြင်းဖြင့်လည်းကောင်း၊ ကျင့်သုံးခြင်းဖြင့် လည်းကောင်း
ဘုရားရှင်ကို အတွင်းစိတ်ဖြင့် ပူဇော်နိုင်ပါတယ်...

ကိုယ်တိုင်က ဘုရားရှင်ကို အတွင်းစိတ်မှ ကြည်ညိုနိုင်မှသာ ဘုရားရှင်ရဲ့အဆုံးအမများကို နာယူချင်စိတ်၊ ကျင့်သုံးချင်စိတ်မှတဆင့် ကိုယ်တိုင်ကိုယ်ကျ
ဘုရားရှင်အား ရေချမ်း၊ ဆွမ်း၊ ပန်း၊ အမွှေးနံသာ၊ အလင်းဆီးမီး၊ သန့်ရှင်း သပ်ရပ်အောင် ပြုလုပ်ချင်စိတ် ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။

အဲ့ဒီလို ဝေယျာဝစ်စ ပြုလုပ်နေစဥ်အတွင်းမှာလည်း
ကုသိလ်စိတ်ဖြစ်အောင် ထားခြင်းဖြင့် ကုသိုလ်များ ခြံရံနေသဖြင့် စဥ်ဆက်မပြတ်ကုသိုလ်ယူပေးခြင်း
ဖြင့် ထူးခြားစွာ မိမိရဲ့စိတ်အကြံအစည်များ လက်တွေ့ ဖြစ်လာတတ်ပါတယ်။

မိမိရဲ့စိတ်က စင်ကြယ်လေ ကြိုတင် သိမြင်နိုင်တဲ့ နိမိတ်တွေကို အိမ်စောင့်နတ်၊ ကိုယ်စောင့်နတ်တို့မှတစ်ဆင့် မိမိအား အသိပေးလေ့ရှိပါတယ်။ ေဘးရန် မကျရောက်အောင် ဖယ်ပေးလေ့ရှိပါတယ်။

ကံနှင့် ကံရဲ့အကျိုးပေးကို လေ့လာပြီး ကိုယ်တိုင်
ဆန်းစစ် သုံးသပ်ကြည့်ပါ။ နောင်ဘဝထိ စောင့်စရာမလိုဘဲ လက်ရှိဘဝမှာပင် အကျိုးထူး ခံစားရပါတယ်.......

မိမိအတွက် လိုအပ်သော ပညာရပ်များကို မည်သည့် ရဟန်း၊ လူ...

မည်သည့်နေရာတို့တွင် ရှိသော သင်တန်းတို့မှ
တဆင့် မိမိနဲ့ကိုက်ညီနိုင်သော ပညာရပ်များကို
နောင်တချိန်တွင် အသုံးပြုနိုင်ဖို့ ကြိုတင်သိရှိလေ့လာပြီး ဖြစ်နေတတ်ပါတယ်။

Puzzle ဆက်သလို အကြောင်းအကျိုးတွေကို
နားလည်လာတဲ့အခါ လောကကြီးမှာ ဘယ်အရာမှ
မတော်တဆ ဖြစ်လာတာ မဟုတ်ဘူးဆိုတာ နားလည်လာပါလိမ့်မယ်။

လောကကြီးထဲမှာ သင်ယူစရာတွေက စာအုပ်ထဲမှာချည်းရှိတာ မဟုတ်ပါဘူး။ နေ့စဥ်ဘဝမှာလည်း
မြင်တတ်ရင် ပညာတွေပါပဲ.....

ပညာလို့ မြင်တတ်သူတွေက ရင့်ကျက်သွားကြတာပါပဲ.....

ဘာသာရေးက နောင်ဘဝအတွက်တင် မဟုတ်ပါဘူး။ လက်ရှိဘဝ အခိုက်အတန့်အတွက်ပါ
လွန်စွာ အကျိုးများပါတယ်။

စေတနာ ဖြူဖြူစင်စင်နဲ့ဘုရားရှင်ကို ဆည်းကပ်လေ အကျိုးပေး ပိုမြန်လေပါပဲ.... 🙏🙏🙏

ငွေကြေး စည်းစိမ်ဝင်လာမှသာ လူတွေက သတိထားမိတတ်ကြတယ်။ ဉာဏ်ပညာဖြစ်ကြောင်း အထောက့်အပံ့ကောင်းတွေကိုတော့
မမြင်တတ်ကြဘူး..... အဲ့ဒီပညာက ကိုယ်တိုင် သင်ယူမှသာ နားလည်သိရှိနိုင်တာမျိုး ဖြစ်ပါတယ်။

Photos from Gold Healthy Life Products's post 06/09/2023

06 Sep 2023

ည (09:45)အချိန်တွင် ပူဇော်သည်🙏🙏🙏

03/08/2023

03 Aug 2023

ရပ်ကွက်တွင်း ကြွလာသော သံဃာတော်များအား
လောင်းလှူ 🙏🙏🙏 အပါး 30ကျော်

စိတ်ထဲမှာတော့ ဘုရား အမှူးပြုသော သံဃာတော်များကို လောင်းလှူတယ်လို့ အာရုံပြုပြီး လောင်းလှူပါတယ်(ရင်းနှီးသော သံဃာဖြစ်ခြင်း/ မဖြစ်ခြင်းကို ရွေးချယ်ခြင်း မရှိ)

လောင်းလှူနေစဥ် နှုတ်မှ
(ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ၊ ဓမ်မံသရဏံ ဂစ်ဆာမိ၊ သံဃံသရဏံ ဂစ်ဆာမိ) ရွတ်ဆို ပူဇော်ပါတယ်။

အလှူတစ်ခု ပြုတဲ့အခါ လှူဖွယ်ပစ်စည်းရဲ့တန်ဖိုးထက် ယုံကြည်မှု သဒ်ဓာတရားက ပိုပြီး အရေးကြီးပါတယ်။ အကျိုးပေး ကွာခြားကြတာက (သဒ်ဓာတရား)ကြောင့်ပါ။ ဉာဏ်နဲ့ ယှဥ်သော အလှူဖြစ်ပါက ပိုကောင်းပါတယ်။ အဲ့လို သဘောပေါက်ဖို့က
နိဗာန်ရောက်ကြောင်းတရားဖြစ်တဲ့ ဝိပသနာတရားကို နားလည်ရပါတယ်။

ဗုဒ်ဓဘာသာက ဘုန်းကြီးတွေကို တခြားဘာသာဝင်က လူတွေကလည်း လှူကြတာ ရှိပါတယ်။

ဗုဒ်ဓဘာသာဝင်ရဲ့ဘုရား၊တရား၊သံဃာအပေါ် ထားတဲ့ တန်ဖိုးထားစိတ် နဲ့ သဒ်ဓာတရားတရားက နိဗာန်ကိုသာ ရည်စူးရင် တခြားဘာသာဝင်တွေရဲ့လှူတဲ့
စိတ်ထား နဲ့ ကွဲပြားသွားပါလိမ့်မယ်။

ဗုဒ်ဓ ဟောကြား ဆုံးမခဲ့တဲ့တရားအနှစ်ချုပ်က
(အနိစ်စ၊ ဒုတ်ခ၊ အနတ်တ)ဖြစ်လို့ လောကီစည်းစိမ်
ဆုတောင်းတွေသည်လည်း ဒုတ်ခရဲ့မြစ်ဖျားခံရာ ဖြစ်လို့ပါပဲ။

ဒါမှသာ လောကီချမ်းသာရေး ဆုတောင်းတွေကို
လွှတ်ချနိုင်ပြီး ရှင်းလင်း ကြည်လင်သော သဒ်ဓါစိတ် ထားနိုင်မှာ ဖြစ်ပါတယ်။
မဂ်ဉာဏ်/ဖိုလ်ဉာဏ်ရဲ့အထောက်အပံ့ကောင်း ဖြစ်ပါစေ 🙏🙏🙏

(ပါဋ္ဌိစကားလုံးများ စာလုံးဆင့် ရေးမရ၍ စာလုံးပေါင်း မှားပါတယ်ရှင်)

(သံဃာများ ဆွမ်းဟင်းမလုံလောက်သော နေ့များရှိပါက ထိုဟင်းထုပ်များကို ဘုဥ်းပေးနိုင်ရန် ရည်ရွယ်လှူဒါန်းပါတယ်)

ငံပြာရည်ကြော်ကို မငံအောင် မန်ကျည်းသီးမှည့်နဲ့ ကြော်ထားတာ တွေ့ရပါတယ်။ ကိုယ်တိုင် ထုတ်လုပ်/ရောင်းချသော ပစ်စည်းမဟုတ်ပါ။
ကိုယ်တိုင် ဝယ်စားကြည့်ပြီး ကောင်းလို့ ဝယ်ပြီး လှူဒါန်းပါတယ်။

Photos from Gold Healthy Life Products's post 01/08/2023

ဒုတိယဝါဆိုလပြည့်နေ့
(ရှစ်ပါးသီလယူ၊ ဂုဏ်တော်ပွား၊ တရားနာယူ)

ပြုသမျှ ကုသိုလ်အစုစုတို့ကို အမျှပေးဝေပါတယ်🙏🙏🙏

အမျှ အမျှ အမျှ...ယူတော်မူကြပါကုန်တော့....

သာဓု သာဓု သာဓု

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Culinary Team

Attire

Telephone

Website

Address


Yangon
11201