MCJ Shopping - Products from Japan
ကွာလတီကောင်းပေ့ဆိုတဲ့ Japan မှ ပစ္စည်းများကိုသာ ရောင်းချပေးတဲ့ page ဖြစ်ပါတယ်။ Direct from Japan!!!
09/12/2023
ပစ္စည်းတွေကလေ က်ုယ်သုံးတဲ့ ကာဂိုတင်မဟုတ်ဘဲ ဂျပန်ဘက်က ပို့တဲ့သူတိုင်းကို ထုတ်မရဖြစ်နေကြလို့ပါ
ဆက်ပြီးသည်းခံပေးပါဦးနော်။ ကာဂိုဘက်ကလည်း တကယ်ကို ကြိုးစားပေးနေပါတယ်
ကျွန်မတို့လည်း အမြဲတော့ follow up လိုက်နေပေမယ့် ရက်အတိအကျရယ်လို့ ပြောမရလို့ ဒီမှာ အဆင့်တိုင်းအတွက် အမြဲ update မလုပ်ဖြစ်တာပါ။
📣📣ပစ္စည်းထုတ်တဲ့ အခြေနေ ဒီနေ့ ထပ်မေးထားတဲ့ update ပါ
ဖိုင်ပြန်တင်ရဦးမယ်ဆိုတော့ ထပ်စောင့်ရဦးမယ်
08/11/2023
📣ဒီမနက်ပဲ တခြား Japan to Myanmar ကာဂိုတစ်ခုက တင်ထားတာ တွေ့လို့ပါ
ဂျပန် to မြန်မာ ပို့တာတွေက ၇လပိုင်းလောင်တည်းက စကြပ်တာ ၇လပိုင်းတည်းက ရောက်နေတဲ့ အလုံးက ပြီးခဲ့တဲ့လဆန်းက ထုတ်လို့ ရထားတော့ ကျန်တာတွေ ဆက်တိုက်ထုတ်ရမယ်ထင်ထားတာ
အခုလို အခက်အခဲက ကာဂိုတိုင်း ဖြစ်နေတာ မို့ပါရှင်။
အခုချိန်ထိ စိတ်ရှည်ပြီး စောင့်ပေးတဲ့ customers များကိုလည်း အားလည်းနာသလို ကျေးဇူးလည်း အထူးတင်မိပါတယ်ရှင်။
27/10/2023
📣ပစ္စည်းထုတ်ရတဲ့ အခြေအနေ update ပါ
👉🏻၈လပိုင်းလယ် ဆိပ်ကမ်းကို ဆိုက်ထားတဲ့ ပစ္စည်းတွေက ဆိပ်ကမ်းမှာ စစ်ဆေးတာတွေကတော့ ပြီးပါပြီး
👉🏻အခုတစ်ခါ အခွန်စလစ် မကျသေးတာမို့ ကြန့်ကြာမှုတွေ ဖြစ်နေတာပါ။ အခွန်စလစ်ရတာနဲ့ တစ်ခါတည်း တန်းထုတ်ပေးမှာ ဖြစ်ပါတယ်။ ကာဂိုဘက်ကလည်း အခွန်ရုံးကိုတော့ အမြဲ follow up လုပ်နေပါတယ်။
👉🏻အခွန်ရုံးဘက်ကလည်း ရက်ချိန်းပေးလိုက် ပြန်ချိန်းလိုက်နဲ့မို့ အမြန်ဆုံး အဆင်ပြေအောင်တော့ လုပ်နေပါတယ်။
🙇♀️ပစ္စည်းတွေက ၇လပိုင်းလယ်လောက်တည်ဍက ထုတ်ရတာတွေ ကြာနေတာမို့ customers တွေ အကြာကြီး စောင့်ပေးရတဲ့ အတွက်လည်း အားနာမိပါတယ်။ စိတ်ရှည်လက်ရှည် စောင့်ပေးကြတဲ့ အတွက်လည်း အထူးကျေးဇူးတင်ရှိပါတယ်ရှင်။
‼️ပစ္စည်းပို့တာတွေကတော့ ၈လပိုင်း အစလောက်တည်းက ပို့တာတွေ ရပ်ထားလိုက်တာ။ ဒီဘက်မှာလည်း ဘယ်ချိန်ရရ ဆိုပြီး မှာထားကြတဲ့ ပစ္စည်းတွေ ပြည့်နေတာမို့ နောက်လဆန်းမှာ တခြား ကာဂိုတစ်ခုနဲ့ ပို့ဖို့ စီစဉ်ထားပါတယ်။
‼️ကာဂိုဖိုးတွေကတော့ အရင်ထက်တော့ အနည်းငယ် စျေးများသွားပါမယ်ရှင်။ pre order တွေလည်း ပြန်ကောက်ပေးသွားပါမယ်ရှင်။
#ဂျပန်အဝယ်တော်
05/10/2023
📣📣Update
5 လပိုင်းကုန် ပို့ထားပြီး ဆိပ်ကမ်းကို ၇လပိုင်း အလယ်ရောက်နေတဲ့ ပစ္စည်းတွေ မနေ့ကပဲ အပြီး ထုတ်ပြီးတာမို့ ဒီနေ့ စပို့ပေးနေပါပြီ။
နောက်သင်္ဘောတွေလည်း ထွက်တာနဲ့ အကြောင်းကြားပေးပါမယ်နော်။
တစ်ခါမှ ဒီလိုမကြာဖူးဘဲ အခြေအနေ အမျိုးမျိုးကြောင့် ဆိပ်ကမ်းမှာ ကြာနေတာ စိတ်ရှည်ပေးကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
နောက်သင်္ဘောတွေနဲ့ ပို့ထားတဲ့ customers များလည်း နည်းနည်းထပ်ပြီး စိတ်ရှည်ပေးပါဦးနော်လို့ တောင်းဆိုပါရစေရှင်။
‼️ဆိပ်ကမ်းက အခြေအနေ update မေးထားတာပါ
ဒီရက်ပိုင်း အတွင်းတော့ အဆင်ပြေမယ်လို့ ပြောပေမယ့်လို့ အရင်တည်းက သူတို့လည်း ပြေမလိုဖြစ်လိုက် ရစ်ခံလိုက်နဲ့ဆိုတော့ အရမ်းတော့ တပ်အပ်ကြီးတော့ မပြောတတ်သေးပါဘူးရှင့်။ 🙇♀️
အကြောင်းထူးတာနဲ့တော့ update ထပ်တင်ပေးပါမယ်နော်🙏
အခုတော့ keeping my finger crossed.
20/09/2023
ပစ္စည်းတွေက အခုချိန်ထိ ဆိပ်ကမ်းမှာ စစ်ဆေးခံနေတုန်းမို့ မထွက်သေးပါဘူး။ ကျွန်မတို့လည်း ဒီဘက်ကနေ တောက်လျှောက် follow up တော့လုပ်နေပါတယ်။
ကျွန်မတို့လည်း အိပ်နေတဲ့ အရင်းအနှီးတွေ မြန်မြန်လည်ပတ်ချင်တာကြောင့် ထွက်တာနဲ့ နေ့ချင်း အကြောင်းကြားပေးမှာမို့ သည်းခံပေးပါဦးနော်။
ပုံမှန် ၇လပိုင်းလလယ် နဲ့ ၈လပိုင်း လဆန်း ကြားထုတ်ရမယ့် ပစ္စည်းတွေကို မထွက်သေးတာပါ။
အရင်က နောက်ကျဖူးပေမယ့် အလွန်ဆုံး ၂ပတ်လောက်ပဲ ကြာတာမို့ အခုက ဘယ်နေ့ရမလဲ ရက်အတိအကျ အတွက် မပြောနိုင်လို့ပါရှင်။
အခုက ကျွန်မ တို့တင်မဟုတ်ဘဲ ဂျပန်ဘက်က တော်တော်များများ ကြန့်ကြာနေကြတာမို့ နားလည်ပေးဖို့ တောင်းဆိုပါတယ်ရှင်။
07/09/2023
‼️Messenger က တစ်ချို့ customer များကို စာပြန်မရဖြစ်နေလို့ပါရှင့်။
ဘာမှ ပြန်မပြောတော့ တစ်မျိုးထင်နေကြမှာ စိုးလို့ပါ
06/09/2023
📣📣Announcement📣📣
Pre order လေးတွေ အခုလတ်တလော ခနနားထားပါတယ်ရှင့်
အရင် batch တွေ ဆိပ်ကမ်းမှာ ကြန့်ကြာမှုတွေရှိနေလို့ အဲ့ဒါတွေ အကုန် clear ဖြစ်မှ pre order အတွက် ပြန်update ပေးပါမယ်။
အရင် batch တွေလည်း ထုတ်လို့ရတာနဲ့ ချက်ချင်းပို့ပေးပါမယ်နော်။
15/08/2023
📣📣Announcement📣📣
May Ship အတွက် နောက်တပတ်ထဲ ဆိပ်ကမ်းက ထုတ်ဖို့ရက်ရပြီမို့ End of next week မှာ customer တွေဆီ ပို့ဆောင်ပေးပါမယ်နော်
နားလည်ပေးပြီး သည်းခံစောင့်ဆိုင်းပေးတဲ့ customer များအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်။💕
နောက် ship လည်း ဝင်တော့ဝင်နေပြီမို့ ထုတ်လို့ရတာနဲ့ အကြောင်းကြားပေးပါမယ်နော်။
31/07/2023
ပုံမှန် ဒီလလယ်လောက် ရမယ့် ပုံးတွေက ပစ္စည်းထုတ်ရတာနဲ့ အမြန်ဆုံး ပို့ဆောင်ပေးပါမယ်နော်
စိတ်ရှည်ပြီး စောင့်ဆိုင်းပေးတဲ့ customers များကိုလည်း အထူးပဲ ကျေးဇူးတင်ရပါတယ်💕
25/07/2023
📣📣Announcement for Preorder📣📣
🌸လတ်တလော ငွေစျေး အပြောင်းအလဲ အရမ်းများနေတာမို့ အခုမှ စပြီး preorder များ အားလုံးကို full payment လွှဲပြီးမှသာ confirm ဝယ်ပေးပါမယ်နော်။
🌸ဒီလကုန် တင်ပေးဖို့ ပစ္စည်းတစ်မျိုးကို ဗူး ၁၀၀ ၂၀၀ မှာထားပြီး deposit လုံးဝမလွှဲရသူများ ကျွန်မဘက်ကနေပဲ အားနာစွာနဲ့ပဲ အော်ဒါ cancel လုပ်ပါ့ရစေရှင်။ ငွေလွှဲထားပြီးသူများကတော့ ပို့ပေးပါမယ်နော်။
🌸အော်ဒါ cancel မို့ ပြန်မှာချင်သူများကတော့ update စျေးလေး ပြန်လာမေးပြီး full payment လွှဲပြီး confirm ပြန်လုပ်ပေးပါနော်။
🌸လတ်တလော ခန့်မှန်းစျေးနှုန်း သိချင်ပါက ဂျပန်ယန်းနဲ့ပဲ စျေးပြောထားပါမယ်နော်။
🌸အဆင်မပြေမှုများရှိပါက အားနာစွာနဲ့ပဲ အနူးအညွတ်တောင်းပန်ပါတယ်ရှင်။
#အဝယ်တော် #ဂျပန်_အဝယ်တော်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
North Dagon
Yangon
11061
