Hair Queen:Organic Hair Treatment

Hair Queen:Organic Hair Treatment

Share

Hair Queen ဆံသားအားဖြည့်ဆီ +
Detox and Repair Shampoo
လက်လီလက်ကားဖြန့်ချီရေး 09780660160/09258552141

11/03/2026

🌞 နေပူပူနဲ့ ပြန်လာပြီး ချက်ချင်း ရေချိုးချလိုက်တာ၊ ခေါင်းပေါ်ကနေ ရေစလောင်းချတာ စတဲ့ အကျင့်တွေက သင့်ရဲ့ ကျန်းမာရေးအတွက် အလွန်အန္တရာယ်များတယ်ဆိုတာ သိပါသလား?

အထူးသဖြင့် သွေးတိုးရောဂါရှိသူတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ရေချိုးမှားခြင်းကြောင့် သွေးလန့်တာ နဲ့ လေဖြတ်ခြင်း အထိ ဖြစ်ပွားနိုင်ပါတယ်။

🤔ဘာကြောင့် ခေါင်းကနေ ရေစမလောင်းသင့်တာလဲ?

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ အပူချိန်ပြောင်းလဲမှုကို ချက်ချင်း လိုက်မညှိနိုင်ပါဘူး။ ခေါင်းပေါ်ကို ရေအေးစလောင်းချလိုက်ရင် သွေးကြောတွေက ရုတ်တရက် ကျုံ့သွားပြီး သွေးဖိအား မြင့်တက်ကာ ဦးနှောက်သွေးကြော ပေါက်ထွက်တာမျိုးအထိ ဖြစ်စေနိုင်လို့ပါ။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ ရေချိုးနည်းလမ်း (၅) ဆင့် -
ခန္ဓာကိုယ်ကို အပူချိန်နဲ့ တဖြည်းဖြည်း ညှိယူနိုင်ဖို့ အောက်ပါအတိုင်း အစဉ်လိုက် ရေချိုးပေးပါ-

🔹1. ခြေဖဝါးမှ စတင်ပါ
အရင်ဆုံး ခြေဖဝါးနဲ့ ခြေထောက်တွေကို ရေစလောင်းပါ။

🔹2. ဒူးနှင့် ပေါင်
ထို့နောက် ဒူးကနေ ပေါင်အထိ ရေလောင်းပြီး အအေးဓာတ်ကို ခံယူပါ။

🔹3. လက်နှင့် ပခုံး
လက်ချောင်းလေးတွေကနေ ပခုံးအထိ ရေကို ဖြည်းဖြည်းချင်း ဆွတ်ဖျန်းပေးပါ။

🔹4. ကိုယ်ခန္ဓာ
ခါးကနေ ရင်ဘတ်အထိ ရေလောင်းပြီး ခန္ဓာကိုယ် အပူချိန်ကို ညှိပါ။

🔹5. နောက်ဆုံးမှ ဦးခေါင်း
ခန္ဓာကိုယ်တစ်ခုလုံး အအေးဓာတ်နဲ့ ယဉ်ပါးသွားပြီဆိုမှ ဦးခေါင်းကို ရေလောင်းချပါ။

သတိထားရမည့် အချက်များ ⚠️

* နေပူထဲက ပြန်လာလျှင် သို့မဟုတ် လေ့ကျင့်ခန်း လုပ်ပြီးလျှင် အနည်းဆုံး (၁၅) မိနစ်ခန့် အနားယူပြီး ချွေးစင်မှ ရေချိုးပါ။

* ဗိုက်အရမ်းဆာနေချိန် သို့မဟုတ် အစာစားပြီးခါစတွင် ရေမချိုးပါနှင့် (အစာခြေစနစ်ကို ထိခိုက်စေနိုင်ပါသည်)။

* အရမ်းအေးလွန်းသော သို့မဟုတ် အရမ်းပူလွန်းသော ရေကို ရှောင်ကြဉ်ပါ။

✅️ ရေချိုးတာဟာ ကိုယ်ခန္ဓာ သန့်ရှင်းဖို့တင်မကဘဲ သွေးလှည့်ပတ်မှုကိုလည်း ထိန်းညှိပေးတာမို့ အစဉ်လိုက် စနစ်တကျ ချိုးပေးဖို့ အရေးကြီးပါတယ်နော်။

မိမိတို့ရဲ့ မိဘဘိုးဘွားတွေနဲ့ သူငယ်ချင်းတွေ သိသွားအောင် ဒီအချက်လေးကို **Share** လုပ်ပြီး သတိပေးလိုက်ပါဦး။ 👇
"အားလုံးပဲ ကျန်းမာပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ.....
သင် ချစ်ခင်ရတဲ့မိတ်ဆွေ၊ အပေါင်းသင်းများကိုလည်း မျှဝေပေးခြင်းဖြင့် ကျန်းမာရေးကုသိုလ်ယူနိုင်ပါ....."

& Knowledge #ကျန်းမာရေးဗဟုသုတ #ကျန်းမာရေး
crd

06/03/2026

IMEI စစ်ကြည့်ချင်ရင်...

အရင်ဆုံး * #06 # ကိုနှိပ်။
IMEI ဆိုတဲ့ ဂဏန်းတွဲအများကြီးကို ကူးထား။

အောက်က ဝက်ဆိုက်ကိုသွား
https://ceir.gov.mm/

လက်ရှိအခြေအနေစစ်ဆေးရန်ဆိုတဲ့ခလုတ်ကိုနှိပ်။

ကူးထားတဲ့ IMEI ဂဏန်းတွေဖြည့်။ I am not robot ကို အမှန်ခြစ်။ လက်ရှိအခြေအနေကို စစ်ဆေးရန်ကိုနှိပ်။ အခွန်ပေးပြီးသားဆို ပုံထဲကအတိုင်းပြလိမ့်မယ်။

အလွယ်ပြောရရင် ဝက်ဆိုက်ထဲဝင် စာဖတ်ကြည့်ပြီး ခိုင်းတာလိုက်လုပ်ပြီး စစ်ကြည့်လို့ရတယ်။ မြန်မာဘာသာ ပြောင်းဖတ်လို့ရတယ်။ (လိုရမယ်ရ vpn ခဏ ပိတ်ချင်ပိတ်ပေါ့)

မပေးရသေးရင် အခွန်ဆောင်ရန်ကို ဝင်ဖတ်ကြည့်ပေါ့။

Crd

Photos from Hair Queen:Organic Hair Treatment's post 17/02/2026

ဆံပင် အမြဲလှပနေတဲ့ သော့ချက်က ဆံသားနှပ်ဆီပဲ နော်

➡️ ဆံပင်ရှယ်ကျွတ်ပြီး အုံပါးသွားတာတို့

➡️ ဆံပင် အရမ်းခြောက် နေတာတို့

➡️ ဦးရေပြားခြောက်ပြီး ဗောက်အချပ်လိုက် ထတာတို့

Hair Queen Oil ကိုသာ နှပ်ပြီး ခေါင်းလျှော် ကြည့်လိုက်ပါ

လှပ ကျန်းမာတဲ့ ဆံပင်လေးပိုင်ဆိုင်ရမှာ အမှန်ပဲနော် 🫶🫶

Crdsengaye

#ဦးရေပြားနဲ့ဆံသားအားဖြည့်အဆီ

15/02/2026

💧 ရေသောက်နည်းခြင်းရဲ့ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ....

ကျန်းမာရေးဆိုင်ရာ လေ့လာသုံးသပ်ချက်များ အရ အမျိုးသား တစ်ဦး အနေနဲ့ တစ်နေ့ကို ရေ ၃.၇ လီတာခန့် သောက်သုံးပေးဖို့ လိုအပ်ပြီး၊ အမျိုးသမီးတွေကတော့ တစ်နေ့ကို ၂.၇ လီတာခန့် သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကုန်ဆုံးသွားတဲ့ ရေဓာတ်တွေကို ပြန်လည် ဖြည့်တင်း‌ပေးခဲ့ခြင်း မရှိဘူးဆိုရင် မလိုလာအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

ကျန်းမာရေးဆိုင်ရာ လေ့လာသုံးသပ်ချက်များ အရ အမျိုးသား တစ်ဦး အနေနဲ့ တစ်နေ့ကို ရေ ၃.၇ လီတာခန့် သောက်သုံးပေးဖို့ လိုအပ်ပြီး၊ အမျိုးသမီးတွေကတော့ တစ်နေ့ကို ၂.၇ လီတာခန့် သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကုန်ဆုံးသွားတဲ့ ရေဓာတ်တွေကို ပြန်လည် ဖြည့်တင်း‌ပေးခဲ့ခြင်း မရှိဘူးဆိုရင် မလိုလာအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

ဒါကြောင့် ရေသောက်နည်းခြင်းရဲ့ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

ကိုယ်အပူချိန် မြင့်တက်ခြင်း
ချွေးထွက်ခြင်းဖြင့် ကျွန်တော်တို့ ခန္ဓာကိုယ်တွင်း မြင့်တက်လာတဲ့ အပူချိန်ကို ထိန်းညှိပေးလျက် ရှိပါတယ်။ တကယ်လို့ ရေသောက်နည်းခြင်းကြောင့် ခန္ဓာကိုယ် အတွင်းမှာ ရေဓာတ် နည်းပါးသွားခဲ့မယ်ဆိုရင် ချွေးထွက်ခြင်း လုပ်ငန်းစဥ်ကို လုပ်ဆောင်နိုင်တော့မှာ မဟုတ်တာကြောင့် ကိုယ်အပူချိန် မြင့်တက်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

သွေးပေါင်ကျခြင်း
ခန္ဓာကိုယ်တွင်း ရေဓာတ်နည်းပါးသွားတဲ့ အခါမျိုးတွေမှာ ပရိုတိန်း ပါဝင်တဲ့ သွေးရည်ကြည် ထုထည် ကျဆင်းခြင်းကို ဖြစ်ပွားစေမှာ ဖြစ်တာကြောင့် သွေးပေါင်ကျခြင်းကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။

မူးဝေခြင်း၊ အော့အန်ခြင်း
ခန္ဓာကိုယ်တွင်း ရေဓာတ် နည်းပါးခြင်းကြောင့် ကိုယ်အပူချိန် မြင့်တက်ခြင်း၊ သွေးပေါင်ကျခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားရမှာဖြစ်တဲ့ အပြင် နှလုံးခုန်မြန်ခြင်းကိုလည်း ခံစားရနိုင်ပါတယ်။ နှလုံးခုန်မြန်ခြင်းကြောင့် မူးဝေခြင်း၊ အော့အန်ခြင်းတို့ကို ခံစားရမှာ ဖြစ်ပါတယ်။

ဝမ်းချုပ်ခြင်း
ရေဓာတ် အနေနဲ့ ခန္ဓာကိုယ်အတွင်းမှ မလိုအပ်တော့တဲ့ အစားအစာတွေကို ခန္ဓာကိုယ် အပြင်ဘက်ကို ချောမွေ့စွာ စွန့်ထုတ်နိုင်ဖို့ ကူညီပေးလျက် ရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ် နည်းပါးသွားတဲ့ အခါမှာ အစာချေနဲ့ အူလမ်းကြောင်း စနစ်မှာ မလိုလားအပ်တဲ့ ဘေးထွက် ဆိုးကျိုးတွေကို ဖြစ်ပွားစေနိုင်ပြီး ဝမ်းချုပ်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

ခေါင်းကို'က်ခြင်း
အကြောင်းပြချက် မရှိဘဲ ခေါင်းကို'က်ခြင်းကို ခံစားရတာကလည်း ခန္ဓာကိုယ်တွင်း ရေဓာတ် နည်းပါးလာတာကြောင့် ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းမှာ ရေဓာတ် နည်းပါးသွားတဲ့ အခါမှာ ဦးနှောက် အနေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း မရှိတာကြောင့် ခေါင်းကို'က်ခြင်း၊ ‌ခေါင်းမူးခြင်းစတဲ့ ဝေဒနာတွေကို ခံစားရတာ ဖြစ်ပါတယ်။

အသားအရေ ခြောက်သွေ့ခြင်း
ရေသောက်နည်းနေပြီဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်တဲ့ နောက်ထပ် အချက်တစ်ချက်ကတော့ အသားအရေ ခြောက်သွေ့လာခြင်းပဲ ဖြစ်ပါတယ်။ အရေပြားဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ လှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ အတွက် တစ်နေ့ကို ရေ ၈ ခွက်ခန့် သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်တွင်းမှာ ရေဓာတ် နည်းပါးသွားတဲ့ အခါမှာ ခန္ဓာကိုယ် အတွင်းရှိ အဆိပ်အတောက်တွေကို ချွေးအဖြစ် စွန့်ထုတ်နိုင်မှာ မဟုတ်တာကြောင့် အသားအရေ ခြောက်သွေ့ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

ခံတွင်း အနံ့ဆိုးထွက်ခြင်း
ရေသောက်နည်းတဲ့ အခါမှာ ပါးစပ်တွင်း တံတွေး ထုတ်လုပ်မှုလည်း နည်းပါးသွားမှာ ဖြစ်တာကြောင့် ပါးစပ်ခြောက်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တံတွေး ထုတ်လုပ်မှု နည်းပါးသွားခြင်းကြောင့် ပါးစပ်တွင်း ဘက်တီးရီးယားများ ပိုမို ပေါက်ဖွားလာနိုင်ပြီး ခံတွင်း အနံ့ဆိုးထွက်ခြင်းကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။
"အားလုံးကျန်းမာပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ.....
သင် ချစ်ခင်ရတဲ့မိတ်ဆွေအပေါင်းသင်းများကိုလည်း မျှဝေပေးခြင်းဖြင့် ကျန်းမာရေးကုသိုလ်ယူနိုင်ပါတယ်....."

& Knowledge #ကျန်းမာရေးဗဟုသုတ #ကျန်းမာရေး

23/12/2025

#မှာနေကျ cus မမရဲ့ Hair Queen အမှာလေး

pro က 25-31 ထိ
Hq oil Buy 3 Get 1
Shampoo Buy 1 Get 1 ရမှာမို့ စောင့်ခိုင်းထားပြီ

25 ရက်နေ့ပို့ပါမယ်
Hq oil 3+1=4 ဘူး
shampoo 2+2=4 ဘူး

Hair Queen
09780660160
09258552141

30/09/2025

ဆံပင်ကျွတ် သက်သာအောင်

မလျှော်ခင် ရှင်းနေအောင် အရင် ဖြီးပါ

ဆံပင်ထူတဲ့သူဆို လျှော်နေတုန်း ဆံပင်ကို
ကိုင်ထားပေးပါ ဒါမှမဟုတ် တခုခုပေါ် တင်လျှော်ပါ

မလျှော်ခင် ဆီတမျိုးမျိုးနဲ့ ဦးရေပြားကို ၁၅ မိနစ်ခန့် လိမ်းပြီး ပေါင်းထားတာမျိုး အကျင့်လုပ်ပါ

လျှော်တဲ့ရက် အတိအကျ သတ်မှတ်ထားပြီး
တကယ်လျှော်ပါ

ဆံနွယ်ကို ခွဲပြီး အခြောက်ခံပါ

အိပ်တဲ့အခါ ကျစ်ဆံမြီးဖွဖွလေး ကျစ်ထားပေးပါ

ဦးရေပြားကို အတတ်နိုင်ဆုံး အေးနေအောင် ထားပါ (ချွေးစိုအောင် မထားပါနဲ့)

ဘီး ကောင်းကောင်း သုံးပါ (အမြဲ အောက်ဆုံးကနေ အရင်ရှင်းပါ)

ဘီး သန့်ရှင်းရေး လုပ်ပါ (ဆေးပါ)

ခေါင်းစည်းကြိုးထက် ဖိကလစ် သုံးပါ

မနက်တိုင်း ဆံပင် ဖြီးပါ

သဘာဝ Product တွေ သုံးပါ (Chemical နည်းတာ)

ဆံနွယ်ကို တန်ဖိုးထားပါ ... ကျွတ်လျှင် အရမ်းမစိုးရိမ်ပါနှင့်


#ဆံပင်ပြသာနာရှိသူများ

24/04/2025

ကဲ အားလုံးကြိုက်တဲ့ Promotions
Buy 3 Get 1 ❗️

7 ရက် ပဲ ပေးမှာပါရှင့်
ဒီလို အခွင့်အရေးက သုံးနေကြသူတွေ အကြိုက်လေး
ခဏ ခဏ မပေးနိုင်တာမို့
ပေးတုန်း ဝယ်သိမ်းထားနော်

တစ်ဗူးချင်း 17000
လေး ဗူး ကိုတော့ 51000 ပဲ ပေးရမှာမို့
အမြန်လေး အချိန်ရှိတုန်း လာဝယ်ထားလို့ ရပါပြီနော်

လက်ကျန်မရှိတာမို့ date လည်း စိတ်ချပါနော်

☎️ 09258552141

messenger မှာ လိပ်စာ နဲ့ ဖုန်း.တစ်ခါတည်း ပို့ထားနော်

20/02/2025

ဆံပင်ကျွတ်ခြင်း နဲ့ ဦးရေပြားယားယံကာဗောက်ထခြင်းကို သက်သာစေဖို့အဓိက ထားထုတ်ထားတဲ့

Hair Queen Detox & Repair Shampoo

29/01/2025

မှာယူပြီး လက်ထဲရောက်ပြီဆိုတာနဲ့ သေလောက်အောင် ကြွေဆင်းနေရတဲ့ ဘူးပုံစံလေး

ဘူးထဲမှာပါတဲ့ ခေါင်းလျှော်ရည်လေးသုံးမိပြန်တော့ လုံးဝအပြစ်ပြောရက်စရာမရှိ

ကြိုက်တယ်ကွယ်
Hair Queen shampoo

#လက်လီလက်ကားဖြန့်ချီရေး
09780660160

Photos from Hair Queen:Organic Hair Treatment's post 22/01/2025

#ဆံပင်အထွေးလိုက်ကျွတ်ပြီးထိပ်ပြောင်နေသူများဖတ်ရန်

ဆီလိမ်းလည်းကျွတ်တယ်~~ ​ခေါင်း​လျှော်လည်းကျွတ်တယ်
​ခေါင်းဖြီးလည်းကျွတ်တယ်~~လက်နဲ့ထိုးဖွလိုက်လည်းကျွတ်တယ်
မနက်အိပ်ရာနိုးရင်လည်း..ခေါင်းအုံး​ပေါ်မှာ ဆံပင်ကျွတ်​တွေအပြည့်
ကြာလာ​တော့ ငါ့များ​ခေါင်း​ပြောင်​တော့မလား
ဆံပင်​တွေ မရှိ​တော့တဲ့ထိ ဖြစ်မှာလား လို့ ခံစားလာရပြီး
စိတ်​တွေ ညစ်​နေသူ​တွေ ရှိရင်

ကျွန်မ ကိုယ်​တွေ့ကြုံခဲ့တာပါ
ဆံသားအားဖြည့်ဆီ ၂ ဗူးခွဲထိ. ဇွဲရှိရှိ သုံးပြီး​နောက်မှာ​တော့
ခု ဆွဲနှုတ်မှ ကျွတ်​တော့တဲ့ထိ အဆင်​ပြေသွားပါပြီရှင့်

​ခေါင်း​လျှော်ရည် ​လျှော်တဲ့အခါကျလည်း Chemical မပါတဲ့
​ခေါင်း​လျှော်ရည်ကို ​ရေ​ဖျော်ပြီး ​လျှော်​ပေးပါရှင့်

က​လေး လူကြီး မ​ရွေး သုံးလို့ရပြီး ကျား / မ မ​ရွေး သုံးလို့ရပါတယ်ရှင့်

ဓါတုပစ္စည်းလုံးဝမပါဘဲ သဘာဝ ပစ္စည်း​တွေနဲ့ ​
ပေါင်းစပ်ထုတ်လုပ်ထားတာမို့ စိတ်ချယုံကြည်စွာ သုံးလို့ ရပါတယ်ရှင့်

ဆံသားအားဖြည့်ဆီ ၁ ဗူး..17000
​ခေါင်း​လျှော်ရည် ၁ ဗူး...25000

၅ ဗူးက စပြီး ကိုယ်စားလှယ် ​စျေးရပါတယ် ရှင့်

မှာယူလိုရင် ☎️ 09258552141 ☎️ 09780660160
ကို ဖုန်းဆက်လို့လည်း ရပါတယ်ရှင့်


#ရန်ကုန်မန္တလေးလက်လီလက်ကားကိုယ်စားလှယ်ကြီး

29/12/2024

🌿🌻 စျေးကြီး ပေးဝယ်ရတဲ့ နိုင်ငံ ခြားဖြစ် Product တွေ မှ effective ဖြစ်တာမဟုတ်ဘူးနော်...

🌿🌻Hair Queen လို့ခေါ်တဲ့ ပြည်တွင်းဖြစ်
သဘာဝ ထုတ်ကုန်လေး ကလည်း မိတ်ဆွေ တို့ ရဲ့ ဆံသားနဲ့ဦးရေပြား ပြသာနာ တွေကို အထိရောက်ဆုံး ဖြစ်အောင် ကူညီ ဖြေရှင်း ပေးနိုင်တာမို့ ....

🌿🌻 သုံးစွဲ နည်းလေး ကိုသာ အညွန်းအတိုင်း
မှန်မှန် ကန်ကန် နဲ့စိတ်ရှည်ရှည်လေး သာ သုံးပေး ပါ...

🌿🌻 လုံးဝ စိတ်ကျေနပ် စေရမယ်လို့ အာမခံပါတယ် နော်...



#ဆံပင်အမြစ်အားဖြည့်ဆီ
#ဗောက်ရှင်းယားယံခြင်းကင်း
#ဆံပင်ကျွတ်သက်သာဆံပင်ရှည်မြန်အုံထူ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon