Skip to content
Salons10
FlyOn

FlyOn

Online, Yangon

follower ပြန်စစ်ပြီး မကူပြန်ဖြုတ်အဖွဲ့ကပါ

we care, we share

02/11/2026

Thailand Privilege Elite visa ရဲ့ နှစ် 20 အထိ နေထိုင်ခွင့်ရသော အမြင့်ဆုံး membership Reserved Card

02/11/2026

**တရုတ်နိုင်ငံတွင် လူပေါင်း ၃ သောင်းကျော် လာရောက်အားပေးခဲ့သည့် မိဘမဲ့လုလင် Xu Chenghong ၏ စိတ်လှုပ်ရှားဖွယ် မင်္ဂလာပွဲ**

တရုတ်လူမှုကွန်ရက် Douyin (ဒေါင်းယင်း) တွင် ပျံ့နှံ့သွားသည့် အဖြစ်မှန် မင်္ဂလာဆောင်ဇာတ်လမ်းတစ်ပုဒ်သည် လက်ရှိတွင် လူထုအကြား အလွန်ရေပန်းစားလျက်ရှိပြီး အင်တာနက်အသုံးပြုသူ သန်းပေါင်းများစွာ၏ နှလုံးသားကို ထိခိုက်လှုပ်ရှားစေခဲ့သည်။

အသက် ၂၄ နှစ်အရွယ် သတို့သား Xu Chenghong (徐成红) သည် အသက် ၃ နှစ်တွင် ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့ပြီး ၅ နှစ်တွင် မိခင်၏ စွန့်ခွာခြင်းကို ခံခဲ့ရသူဖြစ်သည်။ အဘွားဖြစ်သူ၏ စောင့်ရှောက်မှုဖြင့် ကြီးပြင်းခဲ့ရသော်လည်း နောက်ပိုင်းတွင် အဘွားပါ ကွယ်လွန်သွားခဲ့သဖြင့် ညီအစ်ကိုနှစ်ဦး ကိုယ့်အားကိုယ်ကိုးကာ ဘဝကို ခက်ခဲစွာ ရုန်းကန်ခဲ့ရသည်။

Xu Chenghong သည် ဘဝကို လက်မလျှော့ဘဲ ဆိုဖာပြုလုပ်သည့် အလုပ်သင်၊ လမ်းဘေး အစားအသောက်ရောင်းချသူ၊ အမြန်ချောပို့ဝန်ထမ်း စသည့် အလုပ်မျိုးစုံကို လုပ်ကိုင်ခဲ့သည်။ မင်္ဂလာမဆောင်မီ တစ်လအလိုအထိ Zhejiang ပြည်နယ် Jinhua မြို့ရှိ ပါဆယ်ပစ္စည်း ခွဲခြားစီစဉ်သည့်အလုပ် (快递分拣) ကို လုပ်ကိုင်ရင်း ၃ နှစ်အတွင်း ယွမ် ၁၆၇,၅၀၀ ခန့်အထိ ကြိုးစားစုဆောင်းနိုင်ခဲ့သည်။

ချစ်သူနှင့် တွေ့ဆုံပြီး ဘဝတစ်ခု တည်ဆောက်ရန် ကြိုးပမ်းခဲ့သော်လည်း မိသားစုနောက်ခံနှင့် စီးပွားရေးအခြေအနေကြောင့် သတို့သမီး၏ မိဘများက သဘောမတူခဲ့ကြပေ။ သို့သော် သတို့သမီးဖြစ်သူက "ဘဝဆိုတာ အတူတူ ရုန်းကန်တည်ဆောက်ရတာဖြစ်လို့ ဆင်းရဲတာနဲ့ လက်မလွှတ်နိုင်ဘူး" ဟု သတ္တိရှိစွာ ဆုံးဖြတ်ကာ လက်ထပ်ရန် သဘောတူခဲ့သည်။

ငွေကြေးမပြည့်စုံသဖြင့် ဟိုတယ်ကြီးများတွင် မင်္ဂလာပွဲ မကျင်းပနိုင်ဘဲ ရွာတွင်သာ ရိုးရိုးရှင်းရှင်း စီစဉ်ခဲ့ရသည်။ သို့သော် ဆွေမျိုးသားချင်း မရှိသလောက် နည်းပါးလှသည့် Xu Chenghong သည် မင်္ဂလာဆောင်နေ့တွင် ဧည့်သည်မရှိဘဲ ခြောက်ကပ်နေမည်ကို စိုးရိမ်ခဲ့သဖြင့် Douyin အကောင့်မှတစ်ဆင့် ပြည်သူများကို ဖိတ်ခေါ်ခဲ့သည်။

ထိုသို့ ဖိတ်ခေါ်မှုအပြီးတွင် မထင်မှတ်ထားသည့် အံ့ဩဖွယ်ရာများ ဖြစ်ပေါ်လာခဲ့သည်။ တရုတ်နိုင်ငံအနှံ့အပြားမှ မသိကျွမ်းဖူးသော ပြည်သူများ၊ စားဖိုမှူးများ ရောက်ရှိလာကြပြီး အစားအသောက်များကို အခမဲ့ ချက်ပြုတ်ပေးခဲ့ကြသည်။ အချို့က ဝက်၊ ရေခဲသေတ္တာ၊ မီးဖိုနှင့် အိမ်သုံးပစ္စည်းများကို ပို့ဆောင်လှူဒါန်းခဲ့ကြသည်။

မင်္ဂလာပွဲသို့ လာရောက်အားပေးသူ ဧည့်သည်ပေါင်း ၃၀,၀၀၀ (သုံးသောင်း) ခန့်အထိ များပြားခဲ့သဖြင့် မင်္ဂလာပွဲကျင်းပသည့် နေရာကိုပင် ပိုမိုကျယ်ဝန်းသည့်နေရာသို့ ပြောင်းရွှေ့ခဲ့ရသည်။ မိသားစုမေတ္တာ ငတ်မွတ်ခဲ့ရသည့် လူငယ်တစ်ယောက်၏ မင်္ဂလာပွဲတွင် လူထုတစ်ရပ်လုံး၏ စေတနာ မေတ္တာများ လျှံပွတ်သွားခဲ့သည့် အဆိုပါဖြစ်စဉ်သည် တရုတ်နိုင်ငံတစ်ဝှမ်းလုံးတွင် လူပြောအများဆုံးနှင့် အနွေးထွေးဆုံး သတင်းတစ်ပုဒ် ဖြစ်လာခဲ့သည်။

02/11/2026

ငါးဥနာမည်လေး သိတဲ့သူများပြောပြပေးပါနော်

#ငါးဥ #ငါး

02/11/2026

၂၀၂၇ ခရီးသွားရအောင် ပိတ်ရက်သိဖို့.တင်ပေးလိုက်ပါတယ် ဒိုင်စားမဲ့ရက်နည်းပါတယ်

#2027年

31/10/2026

သေချာကြည့် ဘာလို့မြင်လဲ
မမြင်ရင် မျက်စိဆေးခန်းသာပြတော့နော်

30/10/2026

အောင်မြင်ကျော်ကြားနေတဲ့ အဆိုတော် လွှမ်းပိုင်ရဲ့ အသစ်ထွက်ရှိလာတဲ့ **“တစ်ရွာသားအချစ်က ပိုပါတယ်”**

* **မူရင်းတေးသံရှင်ကို လေးစားဂုဏ်ပြုခြင်း:**
ဒီသီချင်းရဲ့ MV အစမှာတင် ကွယ်လွန်သွားပြီဖြစ်တဲ့ မူရင်းတေးသံရှင်ကြီး **တွံတေးစိုးအောင်** ကို လေးလေးစားစားနဲ့ ဂုဏ်ပြုဖော်ပြပေးထားပါတယ်.

* **မိသားစုကို အကျိုးခံစားခွင့် ပေးခြင်း:**
သီချင်းစာသားကို အသုံးပြုခွင့်အတွက် မူရင်းတေးသံရှင်ရဲ့ မိသားစုကို အကျိုးခံစားခွင့် အပြည့်အဝ ပေးခဲ့တယ်လို့ သိရပါတယ်.

* **ပရိသတ်များ၏ ချီးကျူးလေးစားမှု:**
ယနေ့ခေတ်မှာ နာမည်ကြီးပြီး အောင်မြင်နေတဲ့ ထိပ်တန်းအနုပညာရှင်တစ်ယောက် ဖြစ်ပါလျက်နဲ့ မူရင်းဖန်တီးရှင်ရဲ့ လက်ရာကို တန်ဖိုးထားအသိအမှတ်ပြုပေးတာ၊ ကွယ်လွန်သူရဲ့ မိသားစုကို ကိုယ်ချင်းစာ စဉ်းစားပေးခဲ့တာတွေကြောင့် လွှမ်းပိုင်ရဲ့ လုပ်ရပ်ကို ပရိသတ်တွေက တကယ်ကို လေးစားပြီး ဝိုင်းဝန်းချီးကျူးနေကြပါတယ်.

အနုပညာရှင်အချင်းချင်း တန်ဖိုးထားတတ်တဲ့ သူ့ရဲ့ စေတနာနဲ့ လုပ်ရပ်လေးဟာ အားလုံးအတွက် အတုယူစရာကောင်းလှပါတယ်။

#လွမ်းပိုင်

30/10/2026

ခုချိန်မှာ အမေ့ကိုအနားခေါ်ထားနိုင်ပါပြီ🤶🤶
အရင်က ပုံပါစာလေးလို့ ပျော်အောင်နေရတာ
အမေအသက်ကြီးလာတော့ ကျန်းမာရေးကိုယ်ပူတယ် ညအချိန်မတော် တခုခုဖြစ်မှာ အရမ်းစိုးရိမ်တယ်
ကိုယ်နားခေါ်ထားမှအိပ်ရေးဝတယ် အစကဆို
အမေညတွေဖုန်းခေါ်ခဲ့ရင် မရမှာဆိုးလို့
ညဆိုဖုန်းအားဖြည့်ထား အသံကျယ်ထား
ခုကိုယ်နားမှာတောင် ညတရေးနိုးရင် ထသွားကြည့်တယ်
ဘယ်လိုအိပ်နေလဲ မနက်ဆို နေကောင်းလား မေးတယ်
အသက်ရလာတော့ အမေတခုခုဖြစ်မှာအရမ်းစိုးရိမ်တယ် မိဘတန်ဖိုးလဲသိလာတယ် ကိုယ်လဲအသက်ရွယ်ရတော့
သူမျက်နှာငြိုးနေရင်မ​တက်ဘူး
မေများအားလုံးပျော်ပါစေ
ကိုယ်လို ဘဝတူတွေရှိကြလား

#အမေ #မေတ္တာ #စိုးရိမ်

30/10/2026

ကမ်းခြေမှာ ရေဆင်းကူးရင်း ရေန.စ်ဆုံ:ပါ:ရတဲ့ လူငယ်လေး ၄ ဦးရဲ့အဖြစ် 😭💔

ယမန့်နေ့ (အောက်တိုဘာ ၂၈) ညနေ ၃ နာရီအချိန်က ဂွမြို့နယ် ကမ်းသာယာကျေးရွာ ဒေသခံ လူငယ် ၃ ဦးနှင့် စစ်ဘေးရှောင် လူငယ် ၁ ဦးတို့သည် ကမ်းသာယာကမ်းခြေထဲ ရေဆင်းကူးကြရာတွင် ရေန-စ်ဆုံ:ပါ:သွားခြင်းဖြစ်သည်။

ဆုံ:ပါ:သွားသည့် လူငယ်များမှာ ကမ်းသာယာကျေးရွာမှ ကိုထွန်းလင်းအောင်(၂၄)နှစ်၊ မသက်နှင်းဝေ(၂၀)နှစ်၊ မမေပိုးအိမ်(၁၇)နှစ်နှင့် ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်က ဂွမြို့နယ်သို့ စ.စ်ဘေးရှောင် ရောက်ရှိနေသူ မောင်ဇွဲနေသွေး(၁၄) နှစ်တို့ဖြစ်သည်။

ကွယ်လွန်သူ လူငယ်များကို ယနေ့ မနက်ပိုင်းတွင် သင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဂွမြို့နယ်တွင် ဒေသခံစစ်ဘေးရှောင်များအပြင် ဧရာဝတီတိုင်းကနေ စစ်ဘေးရှောင်နေသူလည်း အများအပြားရှိနေကြောင်း သိရသည်။

#ကမ်းသာယာကမ်းခြေ

30/10/2026

အရင်ဘယ် နံပါတ်ကပြည့်မလဲ
😎😎😎🥳🥳🥳

30/10/2026

ဘယ်မြို့လေးလဲ

Other Yangon beauty salons

Show All
  • ကျန်မာစွာသွယ်လျလှပချင်သူများအတွက်

  • ယုံကြည်စိတ်ချစွာမှာယူအားပေးနိုင်ပ?

  • beauty cosmetics by Apu Tuu

    beauty cosmetics by Apu Tuu

    Yangon 528KANTAWLAN,BAOMYINT,THINGYANGUM

    🏠 သဃန်းကျွန်းဘဝမြင့်မှတ်တိုင် ပစ္စည်းမှန်ဈေးနှုန်းမှန်ဖြင့် ယုံကြည်စိတ်ချစော်အားပေးနိုင်ပါတယ်ရှင့်

  • Hanskin Myanmar

    Hanskin Myanmar

    #02-13/C, Second Floor, Beauty & Spa Zone, City Mall Street John Shopping Centre, Yangon

    UNLOCK YOUR GLOW 🔓

  • iCore Mobile

    iCore Mobile

    အမှတ် G (1) ၊ မာလာမြိုင်လမ်း၊ Tomosada Condo၊ ဘောက်ထော်မြို့နယ်, Yangon

    iCore မှာဝယ် စိတ်ချရတယ် 📞 Contact number “ 09882262691 / 09663897396 "

  • Lambest Skin Care Ma Ei

    Lambest Skin Care Ma Ei

    16th Street, Yangon

    Lambest Skin Careလက်လီလက်ကားဖြန့်ချီရေး

  • Myo Lay - Health knowledge Sharing & Online Business

    Myo Lay - Health knowledge Sharing & Online Business

    Pakokku , No. 15, Street 6, Yangon

    ကျမ်းမာရေးအဟာရဓာတ်စာများသုံးစွဲရင်းစီးပွားရေးလုပ်ကိုင်ချင်သူများအားကြိုဆိုပါတယ်ရှင့်

  • Thin Zar

    Thin Zar

    12street, Yangon 3692

    2D ချစ်သူများ

  • Kozawzaw

    Kozawzaw

    လမ်းမတော်, Yangon မဂ်လာပါ

    မဂ်လာပါ

Alerts

Be the first to know and let us send you an email when FlyOn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.