Her Beauty
အစစ်အမှန် authentic skincare & cosmetics များကို ဥရောပနိုင်ငံများနှင့် အင်ဒိုနီးရှားမှ official counters များမှတဆင့် ဝယ်ယူရောင်းချပါသည်။
09/06/2026
ရေအပြောင်းအလဲကြောင့် ဆံပင်ကျွတ်လာတွေ အသားအရေခြောက်လာတာတွေဆိုWeddell duo shower filter ကို recommendပါ။ ဘာကြောင့်လဲဆို အမ်မီကိုယ်တိုင် သုံးဖို့အတွက် review တွေကို report တွေက အစ လိုက်ဖတ်ထားတာမို့ပါ။ အောက်ကတော့ SQ သွားတုန်းက ဝယ်လာတာပါ။ 9/10 ပါ။ သူနောက်ဒုတိယအနေနဲ့ လိုက်တာက Sprite Slim-line 2 shower filterပါ။ အမှန်ပြောရင် ဒီfilter က chlorine ကို water treatment မှာ အရမ်းသုံးကြတဲ့ ထိုင်းတို့ Singapore တို့ Europe တို့အတွက်ပိုအဆင်ပြေတယ်။ သူက တပ်ရလည်း လွယ် သယ်ရလည်းလွယ်တော့ ခရီးသွားရင်တောင် ယူလို့ အဆင်ပြေတယ်။ မြန်မာအတွက်တော့ recommend မပေးပါ။ သူက water treatment မဟုတ်လို့ပါ။
ဒါကတော့ websiteမှာရေးထားတဲ့ သူတို့ရဲ့ statementပါ။
“NSF အသိအမှတ်ပြု လက်မှတ်ရထားသော ရေချိုးခေါင်းစစ်ကိရိယာဖြစ်ပြီး ကလိုရင်းဓာတ်ကို လျှော့ချပေးသည့်အပြင် PFAS နှင့် အမှုန်အမွှားများကိုလည်း စစ်ဆေးအတည်ပြုထားသည့် အတိုင်း လျှော့ချပေးနိုင်ရန် ဒီဇိုင်းထုတ်ထားပါသည်။ ထို့ကြောင့် အသားအရေ၊ ဆံကေသာနှင့် နေ့စဉ်အသုံးပြုသည့် ရေအရည်အသွေး ကျန်းမာကောင်းမွန်ရေးကို ပံ့ပိုးပေးပါသည်။”
09/06/2026
နာရီမှာဆို Rolex, ကားမှာဆို Rolls Royce လို့ပြောလို့ရသလို ခေါင်းဖီး hairbrush မှာဆို Mason Pearson က luxury of luxury လို့တောင်ပြောလို့ရမယ်။ website စျေးတင် size နဲ့ အမျိုးအစားပေါ်မူတည်ပြီး 120-450 USD ကြားရှိတယ်။ 🥲
သူ့မှာနံမည်ကြီးတာက ပုံမှာပါတဲ့ boar bristle နဲ့ nelon (နိုင်လွန်) နဲ့လုပ်ထားတဲ့ brushပဲ။ Abbey Young တို့လည်း review ပေးထားလို့လိုက်ဖတ်ကြည့်တာ ဆံသားသေးတဲ့သူဆို full boar bristleကို recommend ပေးကြတယ်။
သူကဘယ်လိုလဲဆို ကိုယ်တွေခေါင်းလျှော်ပြီး ၂-၃ ရက်ဆို ဦးရေပြား အဆီပြန်တယ်မလား။ ဒီ Boar Bristle က ဦးရေပြားမှာရှိတဲ့ သဘာဝအဆီတွေကို ဆံသားအရှည်တစ်လျှောက် ညီညီမျှမျှ ဖြန့်ပေးနိုင်လို့ ဆံပင်က ပိုမိုတောက်ပလာပြီး ကိုယ်တွေ ပုံမှန် ခေါင်းဖီးပြီးရင် ဖြစ်လေ့ရှိတဲ့ ဘေးနားကနေ ဖွာထွက်နေတာ၊ look neat ဖြစ်မနေတာတွေကို လျော့လာတယ်ပြောတယ်။ Brush လုပ်ပြီးတဲ့အချိန်မှာလည်း ဆံပင်က နူးညံ့ပြီး healthy look ပိုရတယ်လို့ ပြောကြတယ်။ ဒါပေမယ့် သူက detangling brush မဟုတ်ပါဘဲ stylingလိုမျိုးသုံးရတာပါ။ သူရဲ့ dupe တွေလည်း အများကြီးထွက်တယ်။ အဲ့ထဲမှာ စျေးအနည်းဆုံးနဲ့ ဆင်တာက Denman brandလို့ပြောကြတယ်။ user review တွေသွားကြည့်လိုက်ရင် နှစ်ဆယ်ချီသုံးနေကြတာတွေ နောက်ပြီး အမေ့ဆီက အဖွားဆီက အမွေရလို့ တန်ဖိုးထားသုံးနေတာတွေလည်းတွေ့။
ကိုယ့်အနေနဲ့တော့စျေးအတော်များ ဒါပေမယ့် ကိုယ့်သူငယ်ချင်းအတွက် wedding gift ပေးတာဖြစ်ဖြစ် Mother Day giftလို Anni giftလိုမျိုး အနေနဲ့တွေးလိုက်ရင် မဆိုးဘူးလို့တော့ ထင်တယ်။ မှာမယ်ဆိုရင်တော့ နယ်သာလန်က ဝယ်ပေးလို့ရပါတယ်။ ဒါပေမယ့်လောလောဆယ်က USက မှာရင်အတန်ဆုံးပဲထင်တယ်။ Costco မှာ 100 ကျော်နဲ့ size အသေးဝယ်လို့ရတယ် တွေ့တယ်။
06/06/2026
Dyson ကိုတော့ တော်တော်များများ သုံးကြပေမယ့် Ghd styling tool တွေကိုတော့ သုံးတာသိပ်မတွေ့လို့။ သူက end user ထက် hair saloon တွေနဲ့ hairstylist တွေကို target ထားလို့လည်း ပါမယ်။ အခု 6.6 sales မှာ သူ့ဆီက Hot Brush Straightener လေး sales ချနေတာတွေ့လို့ လာပြောပြတာ။ ပုံမှန်ဆို သူ့တခုတည်းကို ရန်ကုန်အရောက် kg ခ မပါသေး။ website price တင် ၉ သိန်းခွဲကို အခု ဒီတိုင်းဝယ်ရင် တသိန်းလောက်ပေးရမယ့် Ghd brush ရယ် hot brush straightener ရယ် luxury heatless pouch ရယ်ကိုမှ ရန်ကုန်အရောက် ၉သိန်းခွဲပဲကျပါမယ်။
Youtube မှာ reviewလိုက်ကြည့်သမျှ hair saloon တော်တော်များများက ghd ကို recommend ပေးကြတယ်။ user reviewလိုက်ကြည့်တာ သုံးရတဋလည်း အရမ်းလွယ်။ ရိုးရိုး ခေါင်းဖီးသလိုပဲ။ အဲ့ဒါအပြင် သူက brush အပေါ်လက်တင်ရင်တောင် လုံးဝ မပူ။ ဆံပင်ကော ဖြောင့်ရဲ့လားဆို color people တွေရဲ့ ကောက်နေတဲ့ ဆံပင်ကိုတောင် အေးဆေးဖြောင့်ပေးတာ။ တကယ်သုံးရလွယ်တဲ့ ပစ္စည်းကောင်း။ အမ်မီလည်း တစုံ မှာလိုက်တယ်။
01/06/2026
ဒီ DHT Blocker အကြောင်း စတွေ့တာ Tik Tok မှာတကယ်အလုပ်ဖြစ် မဖြစ် တခြား vloggers review တွေလည်း လိုက်ကြည့်တာ recommend ကြလို့ (သူတို့ပြောတဲ့ brand ကတော့ စျေးကြီး) try ကြည့်လိုက် ပါမယ်ဆိုပြီး ပုံထဲက pumpkin seeds oil ကို စသောက်နေတာ ၂ပတ်ကျော် သုံးပတ်တော့ရှိနေပြီ။
အမ်မီကတော့ approved ပါ။ 🥹
အရင်ကလို ဆံပင်ကျွတ်တာ များမနေတော့ဘဲ လက်သည်းတွေပါ ပိုမာလာပြီး ကျန်းမာလာသလို ခံစားရပါတယ်။ အထူးသဖြင့် လက်သည်းကျိုးလွယ်တာလည်း မဖြစ်တဲ့အပြင် လက်သည်းလေးတွေကပါ ရဲလာတာ။
Pumpkin Seed Oil ကို သဘာဝ DHT Blocker တစ်မျိုးအဖြစ် လူသိများကြပြီး DHT (Dihydrotestosterone) ဆိုတဲ့ ဟော်မုန်းက ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းတွေနဲ့ ဆက်စပ်နိုင်တယ်လို့ ပြောကြပါတယ်။
လူတစ်ယောက်နဲ့တစ်ယောက် ရလဒ်ကွာခြားနိုင်ပေမယ့် ကကိုယ့်အတွက်တော့ တော်တော်အဆင်ပြေ။
ဒါလေးကတော့ မှာမယ်ဆိုရင်တော့ ရပါမယ်။ စောင့်တော့စောင့်ရမယ်။
ရောင်းတာမဟုတ် ကိုယ့်ဘာသာ လျှောက်ဝယ်ထားတာ။ အထုပ်များစွာထဲက တထုပ်🥹
18/05/2026
ပန်းရောင် serum လေး တဘူးပိုဝယ်လာလို့ instock ရပါမယ်။ 90 ml - 250,000 MMK ပါ။ ဘေးနားက free gift ပါတဲ့ 10 ml ခေါင်းလျှော်ရည်ထုပ်လေးပါ။
ပထမတခေါက်က လာပို့တာ အပြင်ဘူးခွံတွေ အဆင်မပြေဖြစ်လာလို့ သွားပြောထားတာ နောက်ပိုင်းအသုတ်တွေက သေချာထုပ်ပိုးပေးထား
တရက် order ရတာ တခါတည်းတန်းမှာတာ ပထမဆုံးအသုတ်က ရောက်လာတာ ဘူးတွေဖြစ်ကလက်ဆန်းနဲ့
ဒါ official store ကမှာတာနော်။ သွားပြောတော့ quality check လုပ်ပေးလိုက်ပါတယ်နဲ့ (comment မှာ ss ရှိ) အခုတော့ ဖြစ်လာတဲ့ ၂ ဘူးလုံး ပြန်လဲခိုင်းထားတယ်။ တခြား drug store brandတောင် သူ့ထက်သာတယ်။ wrapping ကတော့ honeycomb wrap နဲ့ ထုတ်ထားပါတယ်။ အထဲက ဘူးက ဖြစ်ချင်တာ ဖြစ်နေတာ။
03/05/2026
ဒီလ ၁၈ ရက်နေ့ရန်ကုန်ရောက်ပြီး မေလ၂၀ ရက်နေ့ deli နောက်ဆုံး အပ်ပေးပါမယ်။
Kg သိပ်မရှိလို့ 10 kg ထိပဲ မှာလို့ရပါမယ်ရှင့်
𝐑𝐨𝐲𝐚𝐥 𝐂𝐚𝐧𝐢𝐧 အစာခြောက်⭐️⭐️⭐️⭐️⭐️
Royal canin (400g) 40,000 ကျပ်
Royal canin 2kg အထုပ် 180,000 ကျပ်
Royal Canin 3kg အထုပ် 250,000 ကျပ် (dog only)
Royal canin 4kgအထုပ် 350,000 ကျပ်
ကြာချိန် 2 ပတ်
02/05/2026
နိုင်ငံတော် ခေါင်းလျှော်ရည် Kerastase မှာလို့ရပါတယ်။ May 20 ရန်ကုန်ရောက်ပါမယ်။ official store ကမှာပေးတာမို့ exp date က fresh ဖြစ်ပါတယ်။ နောက်ဆုံးပုံက ကိုယ်တိုင်ဝယ်သုံးထားတဲ့ပုံပါ။
ပန်းရောင်ဘူးလေးက နမည်ကြီးနေတဲ့ ဆံပင်ကျွတ်သက်သာစေတဲ့ shampoo နဲ့ serum အတွဲအစပ်ပါ။ တကယ်လို့ ကိုယ်က dandruff ရှိတဲ့သူဆို anti dandruff ဘူးကို first wash, Anti hairfall ကို second wash အနေနဲ့ သုံးပေးရင် ပိုအဆင်ပြေပါတယ်။ ဒါမှမဟုတ် ဦးရေပြားကို လှုံ့ဆော်ပေးနိုင်တဲ့ တခြား caffeine ပါတဲ့ ခေါင်းလျှော်ရည်နဲ့လည်း တွဲသုံးပေးလို့ရပါတယ်။
Serum က သုံးရမယ့် ပမာဏအမှတ်ပါပေမယ့် အဲ့အတိုင်းသုံးစရာမလိုပါဘူး။ အမ်မီကတော့ လက်ဖဝါးပေါ်ထည့်ပြီး လက်ချောင်းထိပ်နဲ့ ခွဲကြောင်းအလိုက် ဖိဖိသုံးပေးပါတယ်။ သူပြောတဲ့ ပမာဏထက် တဝက်အောက်လောက်ပဲ လိုပါတယ်။ ခေါင်းလျှော်ပြီး dryer မှုတ် ဦးရေပြားခြောက်သွားမှ ထည့်ပေးပါ။ Scalp ကိုပဲ ချပေးရပါတယ်။ ဆံသားအတွက်က oil bottle ကိုသုံးပေးရမှာပါ။ သူက Amodimethicone silicones ပါတာမို့ ဆံသားနွယ်တဲ့ ဆံသားသေးတဲ့ fine hair တွေအတွက်က ပိုပြီး အရမ်းအဆင်ပြေပါတယ်။ အရမ်း lightweightဖြစ်ပါတယ်။ hydrate သိပ်မဖြစ်ပေမယ့် glass hair in bottleလို့ပြောရအောင် ဆံသားက shiny ဖြစ်ပြီး ကျန်ခဲ့ပါတယ်။
ဆံပင်ပြန်ပေါက်ချင်တဲ့သူတွေဆိုရင်တော့ aminexil ပါတဲ့ anti hairfall serum ကို peptides နဲ့တွဲသုံးပေးရင်ပိုသိသာပါတယ်။ serum ချည်းပဲ သုံးရင်တောင် aminexil ပါတဲ့အတွက် hair growth serum လို့တောင် ပြောလို့ရပါတယ်။
CODရပါတယ်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
May Inya Resience
Yangon
11161
