Lambest Luxury Skin Care Brand Yangon

Lambest Luxury Skin Care Brand Yangon

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lambest Luxury Skin Care Brand Yangon, Skin Care Service, North Okkalapa. Eaindar 7 Street, Yangon.

Photos from Lambest Luxury Skin Care Brand Yangon's post 06/08/2021

Covid Test Kit စမ်းသပ်နည်း …



Covid Teat Kitဝယ်လို့ရတဲ့ စိတ်ချရတဲ့link တွေပါ

https://www.facebook.com/100014167320110/posts/1152348738580693/?d=n

https://www.facebook.com/100000020493780/posts/4459855957358377/?d=n

Covid 19 test kitတွေကို
ကိုယ့်ဟာကိုယ်ဝယ်စစ်ကြမယ်ဆိုရင်

Agကပိုးရှိမရှိစစ်တာဖြစ်ပီး
Abက‌ရောဂါပိုးကိုတိုက်ထုတ်တဲ့ပစ္စည်း...ခန္ဓာကိုယ်ကထွက်မထွက်ကိုစစ်တာပါ...
ပိုးရှိမရှိသိချင်ရင်Agစစ်တဲ့test kitဘဲဝယ်စစ်မှရမှာပါ

05/08/2021

Thanks Lambest Founder....💛💛

အသားရည်ကောင်းခြင်းရဲ့ လျှို့ဝှက်ချက်ကို

အများသိအောင် ထုတ်လုပ်ပေးခဲ့ပြီး

High Quality ဖြစ်အောင် အလေးထား

ဆောင်ရွက်ပေးခဲ့တဲ့အတွက် သုံးစွဲသူ Customer တိုင်း

ပိုမိုကောင်းမွန်တဲ့ Result တွေနဲ့ ပေးရတဲ့စျေးနဲ့

တန်တယ်ဆိုတဲ့ Feedback တွေ ပြန်လာစေတာ

Founder ရဲ့ ကျေးဇူးတွေကြောင့်ပါ....💚💚

Lambest Luxury Skin Care Brandကို

ယုံကြည်စိတ်ချစွာ သွန်းဆီကနေ ဝယ်ယူအားပေးကြတဲ့

Customer တိုင်းကိုလဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ရှင့်.....🙏🙏

21/07/2021

ဒီခြေနေကြီးကို အားလုံးတူတူကျော်ဖြတ်ကြမယ်နော်💪💪

Photos from Lambest Luxury Skin Care Brand Yangon's post 20/07/2021

ကိုယ်ခံအားကောင်းဖို့အတွက်
Vitamin C အများဆုံးပါဝင်တဲ့ 🍊🥭🍍 🥦🥔🌶️
အသီးအနှံလေးတွေ စားကြရအောင်••••••။
အားလုံးပဲ အန္တရာယ်အမျိုးမျိုးမှ ကင်းဝေးနိုင်ကြပါစေ 🙏

18/07/2021

တတိယလှိုင်း ဗီဇပြောင်း ကိုဗစ် ရောဂါလက္ခဏာများ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
⛔️ ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်
၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

⛔️ ၄ ရက်မြောက်နေ့
၁။ အာသီးအနည်းငယ်ယောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5°C ဖြစ်သည်။
သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။
ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့
အနည်းငယ် မူးဝေနေမည်။

⛔️ ၅ ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5°-36.7°C တွင်ရှိမည်
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

⛔️ ၆ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37° C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း
နာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ inches feel pain ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

⛔️ ၇ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4°-37.8°C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ
ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေ
မည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

⛔️ ၈ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38°C +++ အထက်ထိရောက်လာပြီး
အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ
နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး
ကိုက်ခဲနာကျင်မည်။

⛔️ ၉ ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်
ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့
ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန်
လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။


အကြံပြုချက်များ
***************
၁။ မတ်(စ်)တပ်ပါ
၂။ လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ဆေးပါ
၃။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ

17/07/2021

ဒီList ကတော့ အိမ်တိုင်ရာရောက် လာကြည့်ပေးမယ့် ဆေးခန်းListပါ ။

ဒီListကို ရှာဖွေ ပြုစုပေးထားတဲ့ အမကို ကျေးဇူးအထူးတင်ပါတယ် ။

(🔹Kaung Pyae Sone Advanced Laboratory and Specialist Clinic

🔹RIGHT Laboratory & Healthscreen တွေက home visit ရပါတယ်တဲ့

Covid patient အတွက်အိမ်ကို သွေးလာဖောက်ပေးဖို့ဆို
🔹Dr.Htein Laboratory and Medical Check Up Services က ရပါတယ်နော်

Home visit fees မြောက်ဥက္ကလာတွင်းဆို ၅၀၀၀ တခြားမြို့နယ်ဆို ၁၀၀၀၀ ပါတဲ့ )

Crd - trusted source

ထပ်ရှာတွေ့ထားတာ-

🔹 Hantha Pharmacy ( Nasal prongs oxygen,Reservoir bag တွေလည်းလှူပေးနေပါတယ်)
https://www.facebook.com/hanthapharma/

🔹 Doctors on Wheel
https://www.facebook.com/doctorsonwheelsmobilehealthcareservices/

🔹Covi-Care
https://www.facebook.com/Covi-Care-108916631458865/

🔹ဒေါက်တာသွေး
https://www.facebook.com/ygnhealthcareservice/

🔹Housecall Doctors Network
https://www.facebook.com/HDNHealthcare/

🔹Hearts& Hands Myanmar
https://www.facebook.com/Hearts-Hands-Myanmar-HHM-107216991540388/

Health care service by Nay & Me

https://m.facebook.com/story.php?story_fbid=102669298753690&id=102645218756098

🟡 Chest Xray/ ရင်ဘတ်ဓာတ်မှန်ရိုက်ကူးရန်

ဆေးရုံတက်ခွင့်မရတဲ့/​ဆေးရုံလူပြည့်လို့​စာရင်း​ပေးစောင့်စား​နေတဲ့ကိုဗစ်​လူနာများအတွက် အ​ရေး​ပေါ် ရင်ဘတ်ဓါတ်မှန် ရိုက်ဘို့လိုလျင် BPG Healthcare 09420909072သို့ အကူညီ​တောင်းခံနိုင်ပါသည် ။



Credit : Intellectus_by_Jeremiah

17/07/2021

မြို့နယ်တိုင်းမှာ COVID ဖြစ်တဲ့ လူဦး​ရေက တစ်​နေ့တစ်ခြား ပိုပိုတိုး​နေပါတယ်။

အခု ပျံ့​နေတဲ့ COVID မျိုးစိတ် အသစ် ( SARS CoV2 - Delta variant - India mutant) က
🚩ကူးစက်မှုနှုန်း ၅၀-၆၀% ပိုမြန်ပါတယ်။
🚩ကူးစက်ခံရပြီဆိုရင်လဲ ​ပိုပြင်းထန်ပါတယ်။
🚩ကာကွယ်​ဆေးနဲ့ လွှမ်းခြုံနိုင်မှု (herd immunity) မရ​သေးတဲ့ ​ဒေသ​တွေမှာ ပိုပျံ့ပါတယ်။
🚩ကာကွယ်​ဆေးထိုးရင်လဲ အရင်က ဖြစ်တဲ့ COVID Alpha ထက် ​​ဆေးရဲ့ အောင်မြင်မှု ​လျော့ပါတယ်
ဒါ​ကြောင့်လဲ CDC က October 2020 ကတည်းက "Varient of Concern" ပိုပြီးသတိထားရမယ့် မျိုးစိတ်လို့ သတ်မှတ်ထားခဲ့တာပါ

COVID မျိုးစိတ် အသစ်ရဲ့ လက္ခဏာ​တွေဟာ အရင် COVID alpha လိုပဲ
🔸️ဖျားတာ
​🔸️ချောင်းဆိုးတာ
🔸️အနံ့​ပျောက်တာ
🔸️အသက်ရှူကြပ်ပြီး ​မောတာ တူပါတယ်

Delta variant ဖြစ်တဲ့အတွက် တုပ်​ကွေးမိသလို
🔶️ ခေါင်းကိုက်တာ
🔶️ လည်​ချောင်းနာတာ
🔶️ နှာရည်ယိုတာ ပိုခံစားရပါတယ်

ပြီး​တော့
🔶️ ဝမ်းပျက်ဝမ်း​လျှောတာ
🔶️ မျက်စိနီတာ
🔶️ အ​ရေပြားမှာ အနီကွက်ဖြစ်တာ
​🔶️ ခြေ​ချောင်းလက်​ချောင်း အ​ရောင်​ပြောင်းတာတွေလဲ ဖြစ်တတ်ပါတယ်

ဒါ​ကြောင့် ပိုကူးမြန် ပိုပြင်းထန်တဲ့ COVID အသစ်ကို ပိုပြီး တိတိကျကျ ကာကွယ်ဖို့ လိုပါတယ်

ကာကွယ်နည်း​တွေက​တော့ အရင်လိုပါပဲ
➡️ Mask ၂ထပ်တပ်ပါ
( Surgical + အဝတ် mask)
➡️ လက်​​ဆေးပါ
➡️ ၆​ပေအကွာ​နေပါ
➡️ ကိုယ်ခံအား​ကောင်း​အောင်
အာဟာရမျှတစွာ စားသုံးပါ
လုံ​လောက်စွာ အိပ်စက်ပါ
➡️ အိမ်တွင်း ​လေဝင်​လေထွက်​ကောင်း​အောင်
ပြတင်း​ပေါက်များ ဖွင့်ထားပါ
➡️ အိမ်မှာ နာတာရှည် ​ဝေဒနာသည်​တွေရှိရင်
အထူး ဂရုစိုက်ပါ
➡️ အောက်ဆီဂျင်အိုး ငှားလို့ရမယ့်​နေရာ​တွေ
ကြို​စုံစမ်းထားပါ

ကိုးကားချက်
- WHO
- CDC

ပြည်သူများအ​ပေါင်း ကပ်​ဘေးမှ ကင်း​ဝေးနိုင်ကြပါ​စေ

. NI

Photos from Lambest Luxury Skin Care Brand Yangon's post 16/07/2021

🚨🚨ကိုဗစ်မှာ ​ရှောင်သင့်တဲ့အစာများ။🚨🚨
*******************************************
(ဒီစာဟာ SPO2 , အောက်စီဂျင်ကျဆင်းပြီး အသက်ရှုကျပ်လာတဲ့ လူနာသီးသန့်အတွက် အကြံပြုရေးပေးထားတဲ့စာပါနော်...Covid infection ဖြစ်ပြီး ထွေထွေမခံစားရတဲ့လူနာတစ်ယောက်အတွက်ရည်ရွယ်ရေးသားထားခြင်းမဟုတ်ပါဘူးနော်...O2 ကျမသွားဘူး အသက်ရှုကျပ်မနေဘူးဆိုရင် ကြိုက်တာစားကြပါ မပြောလိုပါ)

ကိုဗစ်ဖြစ်လို့ အောက်ဆီဂျင်ကျနေတဲ့အခါမှာ အားရှိအောင်ဆိုပြီး နွားနို့တိုက် Ensure တိုက် ပတ်နို့တိုက်နေကြတာ တွေ့လို့ပါ။

အဆုတ်လုပ်ဆောင်ချက်တွေ မကောင်းတဲ့အခါမှာ အားရှိအောင် များများစားပါ၊ သောက်ပါ ပြောနေတာက အဆုတ်သန့်အောင် အဆုတ်ပြန်ပြီး အားရှိအောင် စားဖို့ သောက်ဖို့ ပြောတာပါ။

နို့ဆိုတာ ချွဲထစေတဲ့အရာတွေပါ။ အောက်ဆီဂျင်တအားကျနေတဲ့အချိန်မှာ အပူအစပ် ချွဲထစေတဲ့အစားအစာတွေဟာ လူနာကို မိနစ်ပိုင်းအတွင်း အသက်ရှူ ရပ်ပြီး သေစေတာပါ။

တချို့က အောက်ဆီဂျင်ကျနေမှန်း သိသိနဲ့ မနက်စာကို မိုင်လို အိုဗာတင်း ကော်ဖီမစ် တီးမစ်တွေနဲ့ အငန်မုန့်၊ ကိတ်မုန့်တွေနဲ့ အားရှိအောင် စားပြီး မိနစ်ပိုင်းအတွင်း အောက်ဆီဂျင်ထိုးကျ သေပါတယ်။

တချို့ကျ ကော်ဖီမှုန့်စစ်စစ်နဲ့ နွားနို့သောက်ပြီး ရင်ဘတ်တွေ ဆူးပြီး အောင့်လာ ကျပ်လာပြီး မိနစ်ပိုင်းအတွင်း အသက်ရှူရပ် သေပါတယ်။

ကိုဗစ်ဖြစ်ရင် စားရမည့်အားရှိစာတွေဆိုတာ အချွဲ့မထ အဆုတ်သန့်စေတဲ့ ကြက်ပေါင်းရည်ပါ။ ကြက်ဥပါ။

ချွဲထစေတဲ့ အစာတွေ စားပြီး သေနေတာတွေ မြင်ရတာ အတော်စိတ်မကောင်းဘူး။ ကိုဗစ်နဲ့ မတည့်စာတွေကို ရှောင်နိုင်လေ အသက်ရှင်ဖို့ များလေဆိုတာ သဘောပေါက်ကြဖို့ လိုမယ်။

အခု အောက်ဆီဂျင်တပ်ရတဲ့သူတွေဟာ ရောဂါအခံရှိထားသူတွေအပြင် အများစုက အစားအသောက်နည်းမှားတွေနဲ့ စားသောက်ကြပြီး နေ့ချင်းညချင်းဆိုသလို ရောဂါဆိုးလာပြီး အောက်ဆီဂျင်ကျတဲ့သူတွေ များလာတာပါ။

Credit....Aung Kyaw Oo
ရွှေဖြူးသား

13/07/2021

ဘာကြောင့် Night Cream ကို မဖြစ်မနေ လိမ်းသင့်တာလဲ ❓

‼️ အရေပြားလွှာဟာ တစ်နေ့တာလုံး လေဒဏ်၊ နေဒဏ်နဲ့ Bacteria ကြီးထွားနှုန်းတွေကနေ အကာအကွယ်
အနေနဲ့ ခုခံပေးပါတယ် 🤗

🌙 ညဘက်မှာတော့ ထိခိုက်ခံထားရပြီး ပင်ပန်းနွမ်းနယ်
နေတဲ့ Skin ဟာ အလိုအလျောက် ပြန်လည်ပြုပြင်ပါတယ်

‼️ Night Cream လိမ်းပေးခြင်းဖြင့် မျက်နှာပေါ်မှာရှိတဲ့
Tissue လေးတွေ အလိုအလျောက်ပြုပြင်ခြင်းကို အားဖြည့်ပေးပြီး
Cell အသစ် ဖြစ်ပေါ်စေလို့ မနက်နိုးတဲ့အခါ ကျန်းမာစိုပြေတဲ့
Skin အသစ်ကို ပိုင်ဆိုင်နိုင်မှာပါ 💁🏻‍♀️

ဒါကြောင့်မို့ Night Cream က
ညတိုင်း မဖြစ်မနေ လိမ်းသင့်တာပါနော် 💁🏻‍♀️

😅ပျင်းလို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့
ညဘက်မျက်နှာသစ်အိပ်ဖို့ မေ့လျော့တဲ့
သူတွေက အသားအရေပျက်စီးဖို့ ပိုများပါတယ် 😓

Lambest Night Cream လေးက
အရေပြားပေါ်မှာရှိတဲ့ အဆိပ်အတောက်တွေကို
ဖယ်ရှားပေးကာ ချွေးပေါက်တွေကို ထိန်းညှိပေးတယ်

တစ်နေ့တာလုံး ပင်ပန်းနေတဲ့
Skin ကို ပြန်လည်ကောင်းမွန်စေတယ်
အသားအရေကို နူးညံ့ဖြူဝင်းကြည်လင်စေတယ်

လိုအပ်တဲ့ အစိုဓါတ်ဖြည့်ရင်း အမဲစက် တင်းတိတ်
ဝက်ခြံကအစ သက်သာပျောက်ကင်းစေပါတယ်နော်


ပြည်တွင်းပြည်ပ လက်လီလက်ကားဖြန့်ချီရေး


us:09.953826379

Photos from Lambest Luxury Skin Care Brand Yangon's post 03/07/2021

လှိုင်သာယာ Facial 1 + ငါးသိုင်းချောင်း Facial 1 & Scrub 1 (Soldout)

Photos from Lambest Luxury Skin Care Brand Yangon's post 03/07/2021

အိုက်စ်......အားကျ😍😍

ကောင်မလေးက ကောင်လေးအတွက် Travel Set

အစမ်းသုံးလေးကို စမ်းသုံးကြည့်ခိုင်းဖို့ လာမှာတာ

Singapore ကနေ.....😍😍

ကိုယ်တွေကလဲ ဒါမျိုးဆို ဝါသနာကပါနေတော့

Box လေးနဲ့ အလှဆင်ပေးလိုက်တယ်လေ....😁😁

မိုက်ဘူးလား ကဲ......😁😁

ကောင်လေးကတော့ ပျော်နေတော့မှာပဲ....😍

29/06/2021

Singapore သို့ လေယာဉ်စီးကြတော့မယ့်
သွန်းရဲ့ အချစ်ကလေးများ......😘😘

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Culinary Team

Attire

Telephone

Website

Address


North Okkalapa. Eaindar 7 Street
Yangon
LB