Virgo Clothing Collection

Virgo Clothing Collection

Share

Make beautiful yourself

Photos from Virgo Clothing Collection 's post 06/01/2024

ပျိုမေတို့ရေ
အခုတော့ အမြည်းလေး ပုံလာတင်တာပါ ပြီးမှအစုံကို ဈေးလေး ဆိုဒ်‌လေးနဲ့ အတူတင်ပေးမယ်နော်😍😍
အခုရန်ကုန်ဆောင်းဆိုတာ အေးသလိုလိုမအေးသလိုလိုနဲ့ မမဆောင်းလိုဖြစ်နေတယ်ဟုတ် 😅😅😅
အဲလိုရာသီဥတုနဲ့လိုက်ဖက်တဲ့ အပေါ်ထပ် cardigan လေးတွေ
နွေးလည်းနွေးချင် အတိုလည်းကြိုက်တဲ့ ဘေဘီတို့အကြိုက် စကပ်အတိုလေးတွေ
ရုံးသွားတဲ့ပျိုမေတို့အတွက် အလှလေးတွေ ပါမှာမို့ စောင့်ကြည့်အားပေးပါဦးနော် ဈေးလေးတွေကလည်းမထင်မှတ်လောက်အောင်တန်နေမှာ သေချာပါတယ်ရှင့်

28/10/2023

အုန်းစိမ်းဂျယ်လီ

ကျောက်ကျောလို မုန့်သားတင်းတင်းလေးနဲ့ အတုံးလေးတွေလှီးရတာမျိုး မဟုတ်ပဲ ဇွန်းနဲ့ ခပ်စားရတဲ့ အိအိတုန်တုန်လေးပါ

အာဂါးကျောက်ကျောအပြာရောင် ၁ထုပ် (၂၅ဂရမ်)
အုန်းစိမ်းရည် နို့ဆီဗူး ၅ဗူး ( ၁၅၀၀ ml / ၁လီတာခွဲ)
သကြား ၂၀ကျပ်သား
ဆား လဘက်ရည်ဇွန်း တစ်ဝက်
ပါးပါးလှီးထားတဲ့အုန်းသီးနုနု တူစားပန်းကန်၂လုံးခန့်
( အုန်းသီးဖတ်ကို ကိုယ်နှစ်သက်သလောက် ချိန်ထည့်လို့
ရပါတယ်)

ကျိုမယ့်အိုးထဲမှာ ကျောက်ကျောမှုန့် အုန်းစိမ်းရည် ‌သကြား ဆား အကုန်ရောမွှေထားပေးပါတယ်
ပြီးရင် မီးအလယ်အလတ်နဲ့ အပူပေးပြီး အဆက်မပြတ်မွှေပေးနေပါတယ်
အရည် ဆူလာပြီ ဆိုတာနဲ့ အုန်းသီးဖတ်ကလေးတွေ ထည့်‌မွှေပြီး အအေးခံမယ့်ခွက်ထဲကို လောင်းထည့်ပါ
အပြင်မှာ ခဏအအေးခံထားပြီးမှ ရေခဲသေတ္တာထဲပြောင်းထည့်ကာ စားကာနီးမှ ထုတ်ယူပါ

[စ အပူပေးတဲ့အချိန်ကနေ ဆူတဲ့အချိန်အထိဆို
အချိန် (၅-၆)မိနစ်လောက်ပဲကြာပါတယ်
ဒါမှ ဂျယ်လီလို အိအိတုန်တုန်ကလေးရပါမယ်
ကြာကြာကျိုမယ်ဆိုရင် မုန့်သားတင်းတင်းလေးဖြစ်သွားပါတယ်
တကယ်လို့ ကျောက်ကျောလို အတုံးလေးတွေ လှီးချင်တယ်ဆိုရင်တော့ အရည်ဆူလာပြီးတဲ့နောက် နောက်ထပ် ၃ -၅မိနစ်လောက် ဆက်ကျိုပေးရပါမယ်ရှင်]

(ဟင်းချက်နည်း / မုန့်လုပ်နည်း တွေကို လွတ်လပ်စွာ share နိုင်ပါတယ် မူရင်းပို့စ်ကို direct share တာမျိုး မဟုတ်ပဲ စာသားတွေကို copy & paste နဲ့ ကူးယူပြီး ပြန်လည်ဖြန့်ဝေခွင့်မပြုပါဘူးရှင့် :) )

28/10/2023

လွယ်ကူပြီး အရသာရှိတဲ့ရေခဲချောင်းလုပ်နည်း 🍨🧁🍦

ပူပြင်းတဲ့ နွေရာသီဥတု တဖြည်းဖြည်း ရောက်လာပြီဆိုတော့ အိမ်မှာ ကိုယ်ကြိုက်နှစ်သက်သောရေခဲချောင်းလုပ်နည်းတွေကို မျှဝေပေးမယ်။ မိမိအားလပ်ရက်မှာတွင် လုပ်စားနိုင်ပါတယ်။

1, သီးစုံ ရေခဲချောင်းလုပ်နည်း
အရင်ဆုံး မိမိကြိုက်နှစ်သက်သော သစ်သီးကို အခွန်ခွာပြီး အတုံးတုံးလေးလုပ်ပါ။

ရေသန့် တစ်ပန်းကန်ထည့်ပြီး အထဲကို သကြားဖြူရော ထည့်လိုက်ပါ။ (အချိုကတော့ ကိုယ်နှစ်သက် သလိုထည့်နိုင်ပါတယ်။)
သစ်သီးကို ကြိတ်ဖို့ သက်သက်တစ်ခုလုပ်ပြီး ကြိတ်ပါ။
ပြီးတော့ သစ်သီးကို အတုံးလုပ်ထားတာကို သစ်သီးအရည်နှင့် ရောပြီး ရေခဲချောင်းလုပ်တဲ့ Mold ထဲထည့်လိုက်ပါ။
နောက်ဆုံးမှာ ရောခဲသေတ္တာထဲသို့ ခဲသွားအောင် ထည့်လိုက်ပါ။

2, နွားနို့ ရေခဲချောင်း
နွားနို့ကို အိုးထဲထည့်ပြီး ကောက်ညှင်းမှုန့်နှင့် သကြားထဲပြီး ချက်လိုက်ပါ။
ချက်သည့် အခါလည်း ကောက်ညှင်းမှုန့်ကို လုံံးမသွားအောင် မွှေပေးပါ။
နွားနို့ဆူလာရင်လည်း မီးကိုချက်ချင်း မပိတ်လိုက်ပါနဲ့။ ၂မှ၃မိနစ်အတွင်း မွေပြီးမှသာပိတ်ပါ။
နွားနို့ကို ရေခဲချောင်း မှိုထဲသို့ထည့်ပြီး ရေခဲသေတ္တာသို့ ၄နာရီခန့် အအေးခံပေးပါ။
ရေခဲချောင်းကို ရေခဲသေတ္တာမှ ထုပ်ပြီး ရေခဲချောင်း Mold ကနေခနထားပြီး ရေခဲချောင်းကိုထုပ်ပါ။ (နွားနို့ထဲကို ကောက်ညှင်းမှုန့် ထည့်ရောလိုက်ရင် အရမ်းကို စားကောင်းပါတယ်။)

3,သရက်သီး ရေခဲချောင်း
(လုပ်နည်းနှစ်နည်းရှိတယ်) သရက်သီးကို အခွန်ခွာပြီး အတုံတုံး လုပ်ပြီးတော့မှ ဘာမှမရောထားသော ဒိန်ချဉ်ထဲသို့ ထည့်ရောပြီး ရေခဲချောင်း မှိုထဲသို့ထည့်ပြီး ရေခဲသေတ္တာထဲသို့ အအေးခံလိုက်ပါ။
နောက်တစ်နည်းကတော့ သရက်သီးကို အခွန်ခွာပြီး ကြိတ်စက်နှင့် ကြိတ်ပြီး ဒိန်ချဉ်ထဲသို့ ထည့်ရောလိုက်ပြီး ရေခဲချောင်း မှိုထဲသို့ပြီး ရေခဲ သေတ္တာထဲ ထည့်လိုက်ပါ။
အားလုံးပဲ အားလပ်ချိန် စမ်းလုပ်နိုင်ပါတယ်။

Credit DIY
CREDIT PHOTOS

15/12/2022

မဂ်လာပါ ပျိုမေတို့ရေ❤❤
ဒီလိုကာလမှာ မိန်းကလေးတိုင်းအတွက်လိုအပ်တဲ့
အလှအပပိုင်းဆိုင်ရာတွေကို သက်သက်သာသာနဲ့ဝေမျှပေးမယ့်
ဒီ page လေးကို like and follow လေးလုပ်ပေးထားပါနော်

မကြာမီ လာမည်နော်

😊😊😊😍😍😍

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon