ApexEmpire

ApexEmpire

Share

Bringing the Nature to Your Aquarium

Photos from ApexEmpire's post 27/02/2026

ဘာ လိုလဲ ဘာရှာလဲ

Photos from ApexEmpire's post 19/12/2025

ပုရွတ်ဆိတ် နောက်ဆုံး တစ်စုံသာကျန်ပါတော့မည်☺️

Photos from ApexEmpire's post 01/11/2025

ပုရွတ်ဆိတ် ရောင်းလား မေးမေးနေတဲ့ ဝါသနာရှင်တွေအတွက်လာပါပြီ

✳️ အရင်ဆုံး ပုရွတ်ဆိတ်colony တစ်ခု အိမ်ကိုမခေါ်ခင်
ကိုယ်ကိုယ်တိုင်က ပုရွတ်ဆိတ်မွေးဖို့ အဆင်သင့်ဖြစ်မဖြစ် သိထားဖို့လိုပါတယ်။

တကယ်လို့ ကိုယ်က-
❌တိ (သို့) အင်းဆက် နဲ့ ပတ်သက်ပြီး knowledge လုံးဝမရှိရင်
❌စိတ်မရှည်ရင်
❌အသက်တစ်ခုကိုအဆုံးထိ တာဝန်မယူနိုင်ရင်
❌အစာရှင် မကျွေးရဲပါဘူးဆိုရင်
မိတ်ဆွေဟာ ပုရွတ်ဆိတ်ကို မွေးသင့်မမွေးသင့် နှစ်ခါပြန်စင်းစားပါ။ တကယ်လို့မွေးချင်သပဆိုရင်တော့ ကိုယ်တိုင်စာဖတ်ပါ လေ့လာပါ။ ကျနော်သည်လဲ ဝါသနာရှင် တစ်ယောက်ဖြစ်တဲ့အတွက် ကျနော်ပြုစုပျိုးထောင်ထားတဲ့ colonies တွေနဲ့ ပတ်သက်ပြီး ဖြစ်တည်လာပုံ ပြောင်းလဲသွားပုံတွေကို Page မှာ ဝင်ရောက်ကြည့်ရှူ လေ့လာနိုင်ပါတယ်။

ဘယ်လိုလူတွေအတွက် မွေးဖို့သင့်တော်မှာလဲ?
✅pets မွေးရတာ ဝါသနာပါသူ
✅စူးစမ်း လေ့လာ နိုင်စွမ်းရှိသူ
✅ပုရွတ်ဆိတ် တွေကို လိုအပ်သော အဟာရ စုံအောင် ကျွေးနိုင်မယ် ဆိုရင်တော့
သင့်အတွက် ပုရွတ်ဆိတ်လေးတွေဟာ သင့်အိမ်ထဲမှာ တိုင်းပြည်ငယ်လေးတစ်ခု ကိုယ်တိုင်ကိုယ်ကျ တည်ဆောက်လို့ရပါပြီ။

တကယ်လို့ မိတ်ဆွေက မစောင့်နိုင်တော့ဘူး အရမ်းလိုချင်နေပြီဆိုရင်တော့

Nest 170mm*170mm 150000 MMk

(Myrmicaria brunnea) 1 Queen 150-200 worker 140000MMk

Ants + Nest =280,000 MMk

Ants ကော Nest အပါ စုစုပေါင်း 280,000 MMk နဲ့ preorder စတင်လက်ခံနေပါပြီ။

Preorder 10 ယောက်သာ အရင်လက်ခံသွားမှာဖြစ်တဲ့အတွက် အော်တာပြည့်တာနဲ့ မိတ်တွေတို့ အိမ်ရှေ့အရောက် ပို့ဆောင်ပေးပါမယ် နယ်က မိတ်ဆွေတွေအတွက်တော့ ရန်ကုန်ကားဂိတ်မှရောက်နိုင်သော မြို့အသီးသီး ပို့ဆောင်ပေးပါတယ်။

Ph 09765583505
Viber 09765583505

#ပုရွတ်ဆိတ်

26/09/2025

ဒီ ပုရွတ်ဆိတ် တွေရဲ့ လုပ်ဆောင်ပုံတွေ ဘယ်နှစ်မျိုးမြင်ရလဲ? သူတို့တွေ ဘာလုပ်နေလဲ?
အမြင်ကိုယ်စီ မျှဝေခဲ့ကြပါအုံး 🐜

Oecophylla smaragdina (AKA weaver ant)
မြန်မာအခေါ် - ခါချဉ်

#ပုရွတ်ဆိတ်

24/09/2025

Brother တို့ကတကယ်စိတ်ဓာတ်ပဲဗျာ

Queen Ant ရှိတုန်းကျတော့ တစ်ယောက်မှဘာမှမပြောဘူး
ခုကျ များလိုက်တဲ့မေးခွန်းတွေဗျ 😫

19/09/2025

အခုလို မိုးရာသီရောင်းတိုင်းမှာ ပုရွတ်ဆိတ်လုပ်သားလေးတွေ အဖွဲ့လိုက် ဥလေးတွေသယ်ပြီး အတန်းလိုက် အလုပ်ရှုပ်နေကြတာ တွေ့ဖူးကြမယ်ထင်ပါတယ်။

မိုးကြီးချိန်တိုင်းမှာ ပုရွတ်ဆိတ်တွေအတွက်ကတော့ လူသားတွေနဲ့နည်းတူ အိမ်ထဲမှာပဲ အောင်နေဖို့ မဖြစ်နိုင်ပါဘူး။ မိုးရေတွေကြောင့် သူတို့လေးတွေစိတ်ချလုံခြုံရတဲ့ မြေတွင်းအသိုက်ထဲမှာ ဆက်လက်နေနိုင်ဖို့ မဖြစ်နိုင်တဲ့အတွက်ကြောင့် သူတို့ရဲ့မျိုးဆက်ဆက်လက်ပြန့်ပွားဖို့အတွက် စိတ်ချလုံခြုံသော နေရာအသစ်သို့ ရွှေ့ပြောင်းနေထိုင်ရပါတော့တယ်။

ဒီလိုအချိန်အခါမျိုးမှာဆိုရင် minor workers လေးတွေရဲ့အဓိကအလုပ်ရတော့ ဥလေးတွေကိုသယ်ရပြီး major workers တွေကတော့ အခြား minor workers လေးတွေရဲ့ အင်အားတွေအလကားမဖြစ်အောင် minor workers လေးတွေကို ကြောပေါ်မှာ သယ်သွားတတ်လေ့ရှိပါတယ်။ colony တစ်ခုလုံးရဲ့ အဓိကလုပ်ဆောင်မှုကို ထိန်းညှိပေးတဲ့ queen ants ဘုရင်မကိုတော့ သူ့ဘေးပတ်ပတ်လည်မှာ worker တွေရဲ့အကာအကွယ်အပြည့်နဲ့ ကျကျနန ကြွတော်မူတာကို တွေ့ရတတ်လေ့ပါတယ်။

ဒီ Carebara diversa လို့ခေါ်တဲ့ ပုရွတ်ဆိတ်လေးတွေရဲ့ သဘာဝကို အတွင်းကျကျ ပိုမိုနားလည်အောင် လေ့လာရမယ်ဆိုရင် ဒီမျိုးစိတ်ဟာ Asia တစ်ဝိုင်းမှာ အဓိက တွေ့ရတတ်တဲ့ မျိုးရင်း ပုရွတ်ဆိတ် အသေးမျိုး တစ်မျိုးဖြစ်ပြီး၊ လုပ်သားတွေရဲ့ အရွယ်အစားကို ခွဲခြားရမယ်ဆိုရင် minor workers 2–5mm ကနေ major workers 5–25mm အထိ ဆိုဒ်စုံ တွေ့နိုင်သောကြောင့် polymorphic အုပ်စုထဲပါဝင်ပါတယ်။ ဘုရင်မတွေရဲ့ သဘာဝကိုကြည့်ခြင်းအားဖြင့် အသိုက်တစ်တည်းမှာ ဘုရင်မ ၂ ကောင်နဲ့အထက် အတူနေထိုင်နိုင်တဲ့အတွက်ကြောင့် polygynous အုပ်စုထဲပါဝင်ပါတယ်။

ပုရွတ်တိတ်လိုနေထိုင်ပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

#ပုရွတ်ဆိတ်

11/05/2025

Harpegnathos venator (AKA giant jumping ant)

ပုရွတ်ဆိတ်တွေရဲ့ကမ္ဘာမှာ အကောင်းဆုံးအမြင်အာရုံပိုင်ဆိုင်ထားတဲ့ မျိုးစိတ်တစ်မျိုးဖြစ်ပါတယ် သူတို့လေးတွေရဲ့ ထူးခြားတဲ့ အချက်ကတော့ အမဲလိုက်တဲ့အခါမှာ သူတို့ရဲ့ ချွန်ထက်သောအစွယ်များကို လက်နက်တစ်ခု သဖွယ်အသုံးပြုကာ သားကောင်များကိုခုန်ပေါက်ပြီး အမဲလိုက်တတ်သော စွမ်းရည်ကို ပိုင်ဆိုင်ထားတာကြောင့် guant jumping ant ဟု ခေါ်ဆိုရခြင်းဖြစ်ပါတယ်။


#ပုရွတ်ဆိတ်

13/04/2025

ပုရွတ်ဆိတ်လုပ်သားများ သားထိန်းနေပုံ
ID-Diacamma rugosum (Aka Asian bullet ant)




#ပုရွတ်ဆိတ်

26/01/2025

ငါးရံ့ပဲရောင်းရမလား ပွတ်ချိတ်ပဲမွေးရမလား ?

02/12/2024

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!
မင်မင်ကို ⭐️ကြယ်လေးတွေ ပေးခြင်းအားဖြင့် ကူညီနိုင်ပါတယ်နော် ကာကာတို့ 🙏🏻

29/11/2024

Ants keeping beginner guide လိုရင်းတိုရှင်း #

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


R44Q+X62 Yangon, Myanmar (Burma)
Yangon

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00