Skin Care & Hair Care by Hnin Ei

Skin Care & Hair Care by Hnin Ei

Share

Beauty and skin care

21/12/2022

♥️ အံ့ဩဖွယ် (၇)ရက်အတွင်း ဆံပင်ရှည်စေမဲ့နည်းလမ်း

ဆံနွယ်လေးတွေကို တန်ဖိုးထားသော ပျိုမေတို့အတွက်
ငှက်ပျောသီးတစ်လုံး၊ ကြက်ဥတစ်လုံး၊ ပျားရည်စားပွဲတင်ဇွန်း ၁ ဇွန်း ၊ ဘီယာအမည်း ( Black Beer ) ခွက်တစ်ဝက် ပဲလိုတယ်နော် ။

♥️အပေါ်မှာပြောထားတဲ့ပစ္စည်းလေးတွေကို ကြိတ်စက်ထဲအားလုံးရောထည့်ပြီး မွှေလိုက်ပါ။

♥️မွှေထားတဲ့အရည်တွေအားလုံးကို ခေါင်းတစ်ခုလုံးနှံ့အောင် ဆံပင်အရင်းတွေရော၊ အဖျားတွေကိုပါ သေချာလေးလိမ်းပေးပါ။ အရည်တွေစီးကျပြီးညစ်ပတ်မသွားဖို့ မျက်နှာသုတ်ပဝါလေး ပတ်ထားဖို့လည်း မမေ့ကြနဲ့နော်။

♥️ပြီးရင် ၁နာရီ / ၂နာရီ လောက်ကြာအောင် နှပ်ထားလိုက်ပါ။ ဒီအတိုင်း တစ်ညလုံးနှပ်ထားချင်တယ်ဆိုရင်လည်း ခေါင်းစွပ် စွတ်ပြီး အိပ်လိုက်ပါနော် ။

♥️ပြီးသွားပြီးဆိုရင်တော့ ပုံမှန်လျှော်နေကြအတိုင်း ခေါင်းလျှော်လိုက်ပါနော်။

♥️၇ ရက်ဆက်တိုက် ဒီလိုလေး လုပ်ပေးလိုက်မယ်ဆိုရင်တော့ ပျိုမေတို့ရဲ့ဆံပင်လေးဟာ သိသိသာရှည် လာမှာဖြစ်ပါတယ်နော်။

Photos from Skin Care & Hair Care by Hnin Ei's post 11/12/2022

👸ဆံပင်တွေ တအားကျွတ်လို့ စိတ်ညစ်နေရတဲ့
ချစ်တို့အတွက်💖💖💖
အိမ်မှာပဲ ပေါ့ပေါ့ပါးပါး လုပ်လို့ရမယ့် နည်းလမ်းလေးတွေကို မျှဝေချင်ပါတယ်။

✅ဆီလိမ်းပြီး ဦးရေပြားကို နှိပ်နယ်ပေးပါ။
👉ဆီလို့ ပြောလိုက်တဲ့အခါ သံလွင်ဆီနဲ့ အုန်းဆီသာ အကောင်းဆုံးလို့ ဆိုချင်ပါတယ်။ ဆံပင်ကျွတ်သက်သာစေမယ့် အထိရောက်ဆုံး နည်းလမ်းပါ။ တစ်ပတ်မှာ တစ်ကြိမ် ပြုလုပ်ပေးသင့်ပါတယ်။ စိတ်ကိုပေါ့ပါးစေပြီး ဆံသားကို တောက်စေပါတယ်။ ဆံပင်ကျွတ်ခြင်းကို သိသာစေနိုင်ပြီး ခေါင်းမလျှော်ခင် နာရီဝက်အလိုမှာ လုပ်ပေးတာ အကောင်းဆုံးပါပဲ။

✅အုန်းဆီ
👉အုန်းဆီကတော့ မြန်မာတို့ရဲ့ရိုးရာ ခေါင်းလိမ်းဆီလို့တောင် ပြောလို့ရပါတယ်။ ဆံပင်ကျွတ်ခြင်းကို သက်သာစေရုံမက ဆံပင်ကိုလည်း စောစီးစွာ မဖြူစေပါဘူး။ အုန်းဆီ နဲ့ ဦးရေပြားကို ကုသမယ်ဆိုရင်တော့ ပထမဦးစွာ အုန်းဆီကို နည်းနည်းလေး နွေးအောင်လုပ်ပါ။ ပြီးရင် ဆံပင်သားထဲကို လက်ချောင်းတွေ သုံးပြီး အုန်းဆီကို ထည့်ပါ။ နှိပ်ပေးပါ။ ပြီးရင် အိပ်ယာဝင်လိုက်ပါ။ မနက်မိုးလင်း အိပ်ယာထတာနဲ့ ခေါင်းလျှော်လိုက်ပါ။ တစ်ပတ်မှာ တစ်ကြိမ် ပြုလုပ်ပေးရင် ဆံသားမြဲစေပြီး ကောင်းမွန်စေပါတယ်။

✅ဆီးဖြူသီး
👉ဆီးဖြူသီးကို ထောင်းပြီး ထွက်လာတဲ့ သတ္တုရည်ကို လိမ်းပေးခြင်းဟာလည်း ဆံပင်ကျွတ် သက်သာစေပါတယ်။ ဆံပင်ဖြူတာနဲ့ ဆံပင်ပါးတာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ပြုလုပ်ပုံကတော့ ဆီးဖြူသီးတွေကို အရည်ရအောင် ပြုလုပ်ပါ။ ဆံပင်ထဲကို ထည့်ပြီး အသာလေး နှိပ်ပေးပါ။ တစ်နာရီလောက် ထားပြီး ရေနဲ့ ဆေးချလိုက်ပါ။

✅ကြက်ဥအကာ
👉ကြက်ဥအကာဟာလည်း ဆံသားကို ကောင်းမွန်စေနိုင်တဲ့ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုပါ။ ကြက်ဥအကာကိုယူပြီး ဆံသားကို လိမ်းပါ။ အနည်းငယ် နှိပ်ပေးပြီး ၁၅မိနစ်ကြာတဲ့အခါ ရေဆေးချပါ။ ပျော့တဲ့ ခေါင်းလျှော်ရည်ကို သုံးပြီး ခေါင်းလျှော်ပေးပါ။ အနည်းဆုံး တစ်ပတ်ကို တစ်ခါ ပြုလုပ်ပေးပါ။ သိသိသာသာ ဆံပင်အကျွတ် နည်းလာပါလိမ့်မယ်။

10/12/2022

#ဆန်ဆေးရေအစွမ်းအံ့မခမ်း

ပျိုမေတို့ရေ ဒီနေ့မှာတော့မင်မင်က ဆန်ဆေးရေကို အလှအပအတွက် အသုံးပြုပုံ လေးတွေကိုစုစည်းပြီး ပြောပြပေးသွားမှာပါ
ဆန်ဆေးရေမှာ A,C,E. Folic acid နဲ့ vitamin B1,B3,B5 တို့ပါဝင်တာကြောင့်
အိုမင်းရင့်ရော်ခြင်းနဲ့ အမဲစက်တွေကို ပျောက်ကင်းစေပြီး အသားရေကိုတင်းရင်းလှပစေပါတယ်။

#ဆန်ဆေးရေသောက်မယ်
ဆန်ဆေးရေ ဒုတိယရေကိုအသုံးပြုရမှာပါ။ ဆန်ဆေးရေသန့်သန့်ကိုသောက်မယ်ဆိုရင် ခန္ဓာကိုယ်တွင်းကအဆိပ်အတောက်ပြေစေပြီး အသားအရေကိုကြည်လင်လှပစေပါတယ်
တခါတလေ ပျိုမေတို့ဖြစ်တတ်တဲ့ ဆီးကျဥ်ခြင်းကိုလည်း ပျောက်ကင်းစေပါတယ်။ ဒါကြောင့် မနက်အိပ်ယာထတာနဲ့ ဆန်ဆေးရေတစ်ခွက်သောက်ပေးပါ။

#မျက်နှာသစ်မယ်
မနက်တိုင်းဆန်ဆေးရေနှင့် မျက်နှာသစ်ပေးခြင်းအားဖြင့် ချွေးပေါက်ကျဉ်းမယ်။ အရေပြားအိုမင်းရင့်ရော်မှုကိုကာကွယ်မယ်။ နေရောင်ခြည်ကြောင့်ဖြစ်တတ်တဲ့ အမဲစက်နဲ့ ဝက်ခြံအမာရွက်တွေကို ပျောက်ကင်းစေပါတယ်။

#ဆန်ဆေးရေToner
ဆန်ဆေးရေကို ပုလင်းသန့်သန့်လေးမှာထည့်ပြီး မနက်တစ်ကြိမ် ညတစ်ကြိမ် ဂွမ်းလေးနဲ့ Toner လိုအသုံးပြုနိုင်ပါတယ်။ အဆီပြန်မှုကိုထိန်းပြီး ဝက်ခြံနဲ့ အဆီဖုတွေ ထွက်ခြင်းကို ကာကွယ်ပေးပါတယ်။ အခန်းအပူချိန်မှာတော့တစ်ရက်ပဲအထားခံပါတယ်။ ရေခဲသေတ္တာထဲထည့်ထားမယ်ဆိုရင် လေးရက်လောက် အထားခံပါတယ်ရှင်။


ဆန်ကိုရေစိမ်ထားပါ လက်နဲ့ဖိလို့ကြေတဲ့အနေအထားရောက်ရင် အဲ့ဆန်နဲ့သနပ်ခါးနဲ့ကိုခပ်ပျစ်ပျစ်သွေးလိမ်းပါ။ ခြောက်အောင်ထားပြီး မျက်နှာသစ်ပါ။ အဆီပြန်တဲ့ပျိုမေတို့အတွက်ပါ ဝက်ခြံ အဆီဖုတွေ သက်သာပျောက်ကင်းစေပါတယ်။
ဒီနည်းကို သုံးရက်တစ်ကြိမ်ပြုလုပ်ပေးပါ။
ဆန်ဆေးရေထဲကို mask ခဲလေးစိမ်ပီးတော့ sheet mask အဖြစ်လည်းသုံးလို့ရသေးတယ်နော်။


ဆန်ကိုရေစိမ်ပီးချေ သို့မဟုတ် ကြိတ်ပါ။ သံပုရာသီးတစ်ခြမ်း သံလွင်ဆီထမင်းစားဇွန်း နှစ်ဇွန်းထည့်ပြီး scurb အဖြစ်အသုံးပြုနိုင်ပါတယ်။ ခန္ဓာကိုယ်ပေါ်က အမဲစက်နဲ့ အမာရွတ်တွေ သက်သာစေပြီး နူးညံ့စိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါပြီ။

#ဆံသားအတွက်
ရှေးခေတ်တရုတ်လူမျိုးတွေသုံးတဲ့နည်းပါ။ ဆန်ဆေးရေကို အခန်းအပူချိန်မှာ တစ်ရက်ထားပြီး အချဉ်ဖောက်ပါ။ ရလာတဲ့အခါ ခေါင်းမလျှော်ခင် ဆံပင်နဲ့ဦးရေပြားပေါ်ကိုလောင်းပြီး 10မိနစ်ထားပြီး ခေါင်းလျှော်ချပါ။ ဆန်ဆေးရေနဲ့ခေါင်းလျှော်ခြင်းကြောင့် ဆံသားသန်မာပြီး ဆံပင်ကျွတ်တာရပ်မယ်။ ဆံပင်ပါးတဲ့သူတွေဆံပင်ထူလာမယ်။ ဗောက်ပျောက်မယ်။ ဆံပင်အရှည်မြန်မယ်။ ဆံသားနက်မှောင်ပြီး ထူထဲလှပစေပါတယ်။

*ဆန်ဆေးရေသောက်ရင်ဝိတ်ကျတယ်ဆိုတာတော့ မဟုတ်ပါဘူးနော်။

09/12/2022

သင်က တင်းတိပ်သမား မဟုတ်လည်း ဒီပို့စ်ကို မကျော်သွားပဲ ဖတ်ကြည့်ပါ ဗဟုသုတရစေမှာပါနော်

အမျိုးသမီး တော်တော်များများမှာ အသက် (၃၀) ကျော်လာတာနဲ့ တင်းတိပ်တွေ အဖြစ်များတဲ့ အကြောင်းကို ဒီနေ့မှာတော့ ဗဟုသုတရစေဖို့အတွက် ရေးသားပေးလိုက်ပါတယ်နော်။

ဘယ်လိုကနေ တင်းတိပ် စဖြစ်တာလဲ။

အရင်ဆုံးမျက်နှာမှာ အမဲစက်လေးတွေ ဖြစ်လာပါတယ်။ ထို့နောက် အမဲစက်လေးတွေ တစ်ဖြည်းဖြည်းပွားလာပြီးတော့ တင်းတိပ်တွေ စဖြစ်တော့တာပါပဲ။

အစပိုင်းကတော့ သိပ်မသိသာပေမဲ့ နောက်ပိုင်း မျက်နှာမှာ အကွက်လိုက်ကြီးတွေ ဖြစ်လာပါတော့တယ်။

ဘာကြောင့်တင်းတိပ်ဖြစ်ရတာလဲ။

အခြေအနေ အမျိုးမျိုးကြောင့်တင်းတိပ်တွေဖြစ်တတ်ပါတယ်။
နေပူထဲ အထွက်များတဲ့သူတွေမှာ အဖြစ်များပါတယ်။

နေပူထဲလည်း မထွက်ဘူး..ဘာကြောင့် တင်းတိပ်တွေထွက်လာရတာလဲ ဆိုတဲ့သူတွေအတွက်လည်း အဖြေရှိပါတယ်။

သောက်ဆေးတွေကြောင့် / ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နိုင်သလို..

အချို့ကတော့ Air - Con ခန်းထဲမှာ အနေများတဲ့သူတွေဆိုရင် လည်း တင်းတိပ်တွေ ဖြစ်တတ်ပါတယ်

ဘာလို့လဲဆိုတော့ အအေးဓါတ်တွေက မျက်နှာပေါ်က ရှိသင့်ရှိထိုက်တဲ့ ရေဓါတ်နဲ့ အဆီဓါတ်တွေကို စုပ်ယူလိုက်လို့ပါပဲ။

ဖုန်းတွေအသုံးများတဲ့အခါ ဖုန်းမှထွက်တဲ့ အလင်းတန်းတွေကြောင့်လဲ အမဲစက်နဲ့ တင်းတိပ်တွေဖြစ်တတ်တယ်နော်။

ဒါက တကယ်ကြောက်စရာကောင်းပြီး သေချာ ဂရုစိုက်သင့်တဲ့ ရောဂါတစ်မျိုးပါပဲ

တင်းတိပ်မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။

Moisturizer ပါတဲ့ Cream တွေလိမ်းပြီး မျက်နှာကိုရေဓါတ် လုံလုံလောက်လောက်ဖြည့်ပေးတဲ့ Skincare တွေ လိမ်းပေးပါ...

နေပူထဲကို အထွက်များတဲ့သူတွေဆိုရင်လည်း sunscreen ကို မဖြစ်မနေ လိမ်းပေးရပါမယ်နော်..

တကယ်လို့ သင်သာ sunscreenကို နေ့တိုင်းကြိုလိမ်းခဲ့မယ်
ဆိုရင်တော့ အမဲစက် တင်းတိပ် ပြဿနာအတွက် လုံးဝစိတ်ညစ်ရမှာ မဟုတ်ပါဘူးနော်..😌

အားလုံးပဲ အဆင်ပြေကြပါစေ

06/12/2022

💁🏻 ဆံပင်ထိန်းသိမ်းနည်း 💁🏻

မိန်းကလေးတိုင်းက လှပတဲ့ ဆံသားကို ပိုင်ဆိုင်လိုကြပါတယ်။
ဆံသား လှပဖို့အတွက် သင့်အနေနဲ့ ဆံသားကို ထိန်းသိမ်းစောင့်ရှောက် မှုတွေ ရှိရပါမယ်။ ဆံသားကို ဂရုတစိုက်မရှိဘဲ ဆံသားလှပချင် လို့တော့ မရပါဘူး။ ဆံသားလှပလိုသူတွေအတွက် ဆံသားထိန်းသိမ်း စောင့်ရှောက်နည်း ၁၅ နည်းကို ရေးသားလိုက်ပါတယ်။

၁။ညအိပ်ရာမဝင်ခင် ဆံပင်ကို ပုံမှန်ဖြီးပေးပါ။

၂။ခေါင်းလျှော်ရည်အပျော့စားနဲ့ လျှော်ပါ။ ခေါင်းလျှော်ရည်ကို သင့်ဆံပင်နဲ့ လုံလောက်မှုရှိရုံ ပမာဏသာ အသုံးပြုပါ။ သင့်ဆံသားကို ထိန်းသိမ်းဖို့ ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ပေါင်းဆေး အသုံးပြုပါ။

၃။ဆံပင်တွေကို ရေစိုနေချိန်မှာ မဖြီးပါနဲ့။ ဆံသားတွေကို ဆွဲဆန့်သလိုဖြစ်စေပြီး ဆံပင်တွေ ပြတ်စေပါတယ်။

၄။ရေစိုနေတဲ့ ဆံပင်ကို လေမှုတ်စက်နဲ့ အခြောက်ခံမယ့်အစား သဘာဝအတိုင်း အခြောက်ခံပါ။ အစိုဓာတ်တွေကို ဖယ်ရှားပြီး ဆံပင်သားကို ကြမ်းစေနိုင်တာကြောင့်ပါ။

၅။ဆံပင်ကို ပေါင်းတင်တာ၊ ဒန်းပင်မှရတဲ့ ဆိုးဆေးအသုံးပြုတာတွေမှ အပ ဓာတုဆိုးဆေး ဆိုးတာတွေကို ရှောင်ရှားပါ။

၆။တစ်နေ့ကို နွားနို့နှစ်ခွက်သောက်ပါ၊ ဒါမှမဟုတ် ကယ်လ်စီယမ် မလုံ လောက်ပါက ဖြည့်စွက်သောက်သုံးပါ။

၇။ဆံပင်ဖြီးတဲ့အခါ ဘရပ်ရှ် နဲ့ ဖြီးမယ့်အစား ဘီးနဲ့ပဲ ညင်သာစွာ ဖြီးပါ။

၈။ဆံပင်ကို နောက်မှာတင်းတင်းကျပ်ကျပ် စည်းနှောင်တာကိုလည်း ရှောင်ရှားပါ။

၉။သားရေကွင်းနဲ့ စည်းနှောင်တာက ဆံပင်တွေကို ဆွဲထားသလိုဖြစ်ပြီး ဆံပင်ပျက်စီးနိုင်တာကြောင့် အသုံးမပြုသင့်ပါ။

၁၀။နေပူထဲကို သွားလာတဲ့အခါ ဆံသားပေါ်ကို နေရောင်ခြည် တိုက်ရိုက် မကျရောက်စေဖို့ ထီး၊ ဦးထုပ် ဆောင်းသွားပါ။

၁၁။ဦးရေပြားကို ဗီတာမင်အီး လိမ်းပေးပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။

၁၂။စိတ်ဖိစီးမှုနည်းအောင် အနားယူပေးပါ။ စိတ်ဖိစီးမှုများတာက ဆံပင်ကျွတ်စေနိုင်တာကြောင့်ပါ။

၁၃။ဗီတာမင် ဘီ၊ စီ၊ အီး ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပါ။

၁၄။သင်စားတဲ့အစားအသောက်ထဲမှာ သံဓာတ်နဲ့ သတ္တုဓာတ်တွေ ပါဝင်အောင် စားပေးပါ။

၁၅။သင့်ဆံသားက အဆီပြန်တဲ့ဆံသား ဖြစ်ပါက အဆီများတဲ့ အစားအစာတွေနဲ့ ဆီကြော်စာတွေကို ရှောင်ရှားပါ။ ရေများများသောက်ပါ။

17/07/2022

‼သင့်အသားအရေက သင့်ထက် အသက်ကြီးနေပြီလား‼

👉ဒီလို ကာကွယ်လိုက်ပါ

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း ကို ဘယ်လိုကာကွယ်မလဲ ❓❓

မှန်ထဲကြည့်လိုက်တာနဲ့ ကိုယ်က လက်ရှိအရွယ်ထက် ရင့်နေတာမျိုး ဖြစ်ဖူးပါသလား။ ရုပ်ချောတာ၊ ရုပ်ဆိုးတာကို ဆိုလိုတာ မဟုတ်ပါဘူး။ မျက်နှာပေါ်က အသားအရေလေး စိုပြေနေလား၊ ခြောက်သွေ့နေလား၊ ချောမွတ်နေလား၊ အရေးအကြောင်းများနေလား ဆိုတာကို ပြောတာဖြစ်ပါတယ်။

ရွယ်တူ သူငယ်ချင်းတွေကြားထဲမှာလည်း ကိုယ်က ပိုရင့်နေတယ်၊ အရေးအကြောင်းတွေလည်းများနေမယ်၊ အသားအရေကလည်း ခြောက်သွေ့ပြီး မစိုပြေတော့ဘူးဆိုရင် အရွယ်မတိုင်ခင် ရင့်ရောက်နေပါပြီ။ ကိုယ့်အသက်ကတော့ ၃၀ ဝန်းကျင် ကိုယ့်ရုပ်ကျတော့ ၅၀ ပါးနီးလောက်ရှိနေတဲ့ အသွင်အပြင်မျိုးဆိုလို့ကတော့ သင်အသားအရေက သင့်ထက် အသက်ကြီးနေပါပြီ။ ။

ဘယ်အချက်တွေက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကို ဖြစ်စေတာလဲ❓❓

#ညဘက်မိတ်ကပ်မဖျက်ဘဲအိပ်ရာဝင်တာ

နေလောင်ကာ လိမ်းဆေးမလိမ်းဘဲ အပြင်သွားတာ
အပြင်းစားတဲ့ မျက်နှာသစ်ဆေးတွေ သုံးတာအသင့်စား
သရေစာတွေ အစားများတာစိတ်ဖိစီးမှုများတာ
အိပ်ချိန် မမှန်တာတို့ကြောင့် ရှိရင်းစွဲ အသက်ထက်
သင့်မျက်နှာ ရင့်နေတတ်ပါတယ်။

#ကိုယ့်အသားအရေကပျက်စီးရင့်ရော်နေပြီဆိုတာဘယ်လိုသိနိုင်မလဲ❓❓❓

အားလုံးသိတဲ့ အတိုင်းပါပဲ ။ မျက်နှာမှာ အရေး
အကြောင်းတွေများနေမယ်၊ အသားအရေကခြောက်နေမယ်၊ အရင်လိုလည်း မစိုပြေတော့ဘူး။ ညစ်နွမ်းနွမ်းကြီး ဖြစ်နေမယ်ဆိုရင် သေချာပါတယ်။ သင့်အသားအရေက သင့်ထက် အသက်ကြီးနေပါပြီ။

#ဘယ်လိုကာကွယ်ကြမလဲ ❓❓❓

အသက်ကြီးလာလေလေ နုချင်လေလေဖြစ်တာ လူတိုင်းပါ။ ငယ်ငယ်တည်းက အသားအရေ ဂရုမစိုက်ခဲ့ဘဲနဲ့တော့ အသက်ကြီးလာရင် ရွယ်တူတွေထက် နုနေဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါဆို တစ်ချိန်ကိုယ် အသက်ကြီးလာတဲ့အခါ မထင်ရဘူးနော် နုလိုက်တာ ဆိုတဲ့ စကားလေးတွေကြားချင်ရင်တော့ ဒီလိုလေးတွေ ဂရုစိုက်ပေးနော်။ ။

#အပြင်သွားတိုင်းနေလောင်ကာလိမ်းဆေးလိမ်းပါ ။ ။

နေလောင်ကာလိမ်းဆေးတွေက သင့်အသားအရေကို ဖျက်စီးနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် နေပူထဲသွားတော့မယ်ဆိုရင် အနည်းဆုံး SPF 30 ပါတဲ့ နေလောင်ကာ လိမ်းဆေးလိမ်းပါ။ ပြီးရင် နေကာမျက်မှန်၊ ဦးထုပ်၊ ထီးဆောင်သွားပါ။ လက်ရှည် အကျီဝတ်ပြီးမှ အပြင်ထွက်ပါ။

#ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက် အရက်သောက်နေလို့ကတော့ နုပျိုတဲ့အသားအရေဆိုတာ သင်နဲ့ အဝေးဆုံးမှာ ရှိနေတဲ့ အရာတစ်ခု ဖြစ်မှာပါ။

#မျက်နှာကကြွက်သားတွေကိုသိပ်အားမသုံးပါနဲ့ ။ ။

ရယ်လွန်းသူ အသက်ရှည်စိတ်ချမ်းသာတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် သင်တစ်ချက်ရယ်ဖို့ သင့်မျက်နှာက ကြွက်သားပေါင်းများစွာ အလုပ်လုပ်ရတယ်ဆိုတာ သင်သိပါသလား။ ရယ်လွန်းတာများတဲ့သူတွေ၊ နှာဖူးတွန့်၊ မျက်မှောင်ကျုံ့တာများတဲ့သူတွေရဲ့ အသားအရေက အရေးအကြောင်းပိုထွက်လွယ်ပါတယ်။ ဒါကြောင့် ရယ်ပါ။ ထိန်းရယ်ပါ။

#အသီးအနှံများများစားပါ

အသီးအနှံတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါတဲ့အတွက် သင့်အသားအရေ ကို ဒုက္ခပေးမယ့် ဓာတုပစ္စည်းတွေကို သူတို့က ဆန့်ကျင်ပေးနိုင်ပါတယ်။

#အချိုလျှော့စားပါ

သကြားဟာ သင့်နုပျိုမှုကို အခြိမ်းခြောက်နိုင်ဆုံး အရာတစ်ခုပါ။

#ရေများများသောက်ပါ

ရေဓာတ်ပြည့်ဝမှ အသားအရေ စိုပြေမှာပါ ။

#ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ

လေ့ကျင့်ခန်းလုပ်လိုက်တာကြောင့် ကိုယ်တွင်းက အပူအပုပ်တွေ ချွေးနဲ့အတူထွက်လာပြီး သွေးလည်ပတ်မှုကိုလည်း ကောင်းစေလို့ သင့်ရုပ်ရည်လေး နုပျိုနေတော့မှာပါ။

#အစိုဓာတ်ထိန်းခရင်မ်တွေလိမ်းပါ ။ ။

ရေဓာတ်ပြည့်ဝမှ အသားအရေက ကျုံ့နိုင်ဆန့်နိုင်အားကောင်းမှာ ဖြစ်တဲ့အတွက် အသက်အရွယ်အရ ဖြစ်ချင်တဲ့ အရေးအကြောင်းတွေ အကုန် နောက်ဆုတ်ကုန်မှာပါ။

ဒါတွေကို ငယ်ငယ်တည်းကသာ လုပ်လာမယ်ဆိုရင် ကြီးလာတဲ့အခါ သင့်အသားအရေ နုပျိုနေတော့မှာ အသေအချာပါ။ ဒါပေမယ့် ခုချိန်မှာ နည်းနည်းရင့်နေတဲ့ သူတွေလည်း စိတ်မညစ်ပါနဲ့။ အပေါ်မှာပြောထားတဲ့ နည်းတွေသာ လိုက်နာမယ်ဆိုရင် သင်လည်း ပြန်လည် နုပျိုနိုင်ဖို့ အခွင့်အရေး ရှိပါသေးတယ်လို့ ..

07/07/2022

💥ကိုယ့်မျက်နှာရဲ့ ချွေးပေါက်ကျယ်နေတာကို 6ပေ
💥အကွာကနေ ကြည့်ရင်တောင် မြင်နေရပြီလား😲

🤔ချွေးပေါက်ကျယ်စေတဲ့ အကြောင်းအရင်းများမှာမှ
ကိုယ်က ဘယ်အချက်နှင့်ငြိနေပြီလဲ ကြည့်ရအောင်💁🏻‍♂️

1️⃣ဝက်ခြံထွက်လို့ ကုတ်တယ် ညှစ်တယ် အမာရွတ်ကျန်တယ် အဲ့ဒဏ်တွေကြောင့် ချွေးပေါက်ကျယ်လာစေတယ်😔

2️⃣မျက်နှာကို Glowချင်ဇောနဲ့ ကောင်းချင်ဇောနဲ့💁🏻‍♂️
Scrub တွေနဲ့ မျက်နှာကို မကြာခဏ တိုက်ခြင်းကြောင့် ချွေးပေါက်ကျယ်လာတယ် Scrubတိုက်ပြီးရင်လဲ
Moisturizer (အစိုဓာတ်ဖြည့်)မလိမ်းပေးလို့
ချွေးပေါက်ကျယ်လာပါတယ်

3️⃣အသက်(25)ကျော်နေပြီ မိတ်ကပ်တွေနဲ့ အချိန်ကုန်လို့ ကောင်းတုန်း Skin Careပြီး အသားရေ ထိန်းသိမ်းဖို့ သတိမရ ကြဘူး မိတ်ကပ်ဒဏ်တွေကြောင့် ချွေးပေါက်ကျယ်လာစေတယ်

4️⃣Alcohol ပါတဲ့ Skin Careတွေသုံးမိခြင်းကြောင့် ကြာလာတာနဲ့အမျှ ချွေးပေါက်ကျယ်လာစေတယ်

5️⃣နေပူထဲ မကြာခန ထွက်ရတဲ့သူတွေ နေရောင်ကလာတဲ့ UV Rays တွေနဲ့ ထိတွေ့မှုများလာတဲ့အခါ ချွေးပေါက်ကျယ်လာစေတယ်

6️⃣Skin Careပြီး အသားရည်တော့ ထိန်းသိမ်းပြီး
ဂရုစိုက်ပါတယ် ဒါပေမဲ့ နေ့ဖက် အရေးကြီးတဲ့💁🏻‍♂️💁🏻‍♂️
Sunscreen (နေလောင်ကာ)ကို ထည့်မသုံးမိခြင်းတို့ကြောင့် ကြာလာတာနဲ့အမျှ ချွေးပေါက်တွေမဟားတရား
ကျယ်လာပါတယ်ရှင့်😱😱😱

⏩ကဲ ဒါဆိုရင် အထက်က အချက်တွေနဲ့ ဘယ်နချက်တောင် ငြိနေပြီလဲရှင့်💁🏻‍♂️💁🏻‍♂️💁🏻‍♂️

‼နောက်လဲ Skin care(အသား‌ရေထိန်းသိမ်း)တဲ့
နည်းတွေ မျှဝေပေးဦးမှာမို့ မင်မင်ရဲ့ Pageကို
Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်🤗🤗

💁🏻‍♂️ကိုယ့်ရဲ့ အသိတွေကို မျှဝေပေးချင်ရင် Shareလုပ်ပြီး ကူညီပေးလို့ရပါတယ်နော်🤗🤗🤗

#အားလုံးလှပတဲ့အသားရည်လေးပိုင်ဆိုင်ကြပါစေ

07/07/2022

‼️သင်သိထားသင့်သော ဝက်ခြံအကြောင်း‼️

ဝက်ခြံ ဖြစ်ပေါ်လာရတဲ့ ဇစ်မြစ်များ👇

1.နေရောင်ခြည်နဲ့ အလွန်အကျွံထိတွေ့မှုကြောင့်
2.ဟော်မုန်းဓာတ်အပြောင်းအလဲကြောင့်
3.ဆေးလိပ်သောက်ခြင်းကြောင့်
4.အရေပြားမူမမှန်မှုကြောင့်
5.စိတ်ဖိစီးမှုများခြင်း
6.အဆီပြန်ပြီး ချွေးပေါက်ကျယ်ခြင်းကြောင့်
7.make-up ပစ္စည်းများသန့်စင်မှုမရှိဘဲ ထပ်တလဲလဲ အသုံးပြုချင်းကြောင့်(မင်မင်သိသလောက် ဒီ 7ချက်က အဓိက ဖြစ်မယ်ထင်ပါတယ်)

‼️ဝက်ခြံ ပေါက်နေချိန်တွင် မပြုလုပ်သင့်သော အရာများ‼️

1.သနပ်ခါးမလိမ်းရ / ဝက်ခြံပေါ် ထုံးမလိမ်းရ🙅🙅
2.သံပုရာသီးမလိမ်းရ / ဆရာခိုမလိမ်းရ🙅
3.vasline gel / whitening cream မလိမ်းရ
4.သွားတိုက်ဆေး / Bar soap(ကိုယ်တိုက်ဆပ်ပြာ)မသုံးရ
5.alcohol / baking soda မသုံးရ
6.ဝက်ခြံ‌ပေါက်‌နေတဲ့အချိန်အတွင်း scrub မတိုက်ရ

‼️ဝက်ခြံ မဖြစ်အောင် ကာကွယ်နည်း‼️‼️

1.အိပ်ရေးဝဝအိပ်ပါ
2.ရေများများသောက်ပါ
3.အပူအစပ် အငန် လျှော့စားပါ
4.sunscreen အမြဲလိမ်းပါ(even stay at home)
5.ရေခဲတုံးနဲ့ မကြာမကြာ ပွတ်တိုက်ပေးပါ
6.မနက်တစ်ကြိမ် ညတစ်ကြိမ် မျက်နှာ သစ်ပေးပါ
7.အလှပြင် ပစ္စည်းတွေကို တစ်ပတ်တစ်ခါ ဆေးကြောပေးပါ

-ဝက်ခြံဖြစ်တာဟာ ခန္ဓာကိုယ် အားနည်းတာနဲ့ အများကြီးဆိုင်ပါတယ်နော်

-အဓိက ကတော့ ရေးများများသောက်ပေးပါ
အိပ်ရေးဝဝအိပ်ပါ

_Supplement အနေနဲ့ collengen တစ်မျိုးမျိုးကို သောက်ပေးပါ💚💛

06/07/2022

Hello 🖐🖐🖐

မင်မင်တို့ တော်တော်များများ အထင်မှားနေကြတာ

တင်းတိပ် အမဲစက်ဖြစ်ရင် နေရောင်ခြည်ပဲလို့ ထင်နေကြတယ်

အဲဒါကရော အမှန်မဟုတ်လို့လား ဆိုပီးမေးလို့ရပါတယ်

💯%မှာ 7️⃣5️⃣%ကတော့ နေရောင်ခြည်ပါပဲ

ကျန် 2️⃣5️⃣%ကတော့ မင်မင်ကိုယ့်တိုင် သတိမထားမိတဲ့

အရာတွေပါ 🤷🏻🤷🏻 အဲဒါတွေက ဘာတွေလဲဆိုတော့

မင်မင်တို့ငယ်ရွယ်တဲ့ အချိန်မှာ လှချင်ဇောအားကြီးပီတော့

မိတ်ကပ်တွေလိမ်းတယ် လိမ်းသာလိမ်းတယ် သေချာမဖျက်

မိတော့ ကြာလာတဲ့အမျှ မင်မင်တို့ အပေါ်ယံ အရေးပြားမှာ

ဘာမှ မဖြစ်ပင်မဲ့ အတွင်းအရေးပြာထဲမှာ အညစ်အကြေးတွေ

များလာပီနောက် ကိုယ်မဆင်မခြင် လိမ်းခဲ့မိတဲ့ မိတ်ကပ်တွေနဲ့

နေရောင်ခြည်ကလာတဲ့ UVA/UVB တွေနဲ့ ထိလာတာများတာနဲ့အမျှ

မျက်နှာပေါ်မှာ ရုပ်ဆိုးအထီးကျန်စေတဲ့ တင်းတိပ်တွေ စလာတော့တာပဲ

အဲဒါကြောင့် မင်မင်တို့က တင်းတိပ် စတာနဲ့

နေရောင်ခြည်တစ်မျိုးထဲကြောင့် မဟုတ်ဘဲ မိတ်ကပ်တွေကြောင့်လဲ တင်းတိပ်ကို ဖြစ်စေတယ်နော်😘😘

မင်မင်ရဲ့ သဲလေးတွေ အားလုံး တင်းတိပ်ကင်းပီ

ချောမောလှပတဲ့ မျက်နှာလေးကို ရကြပါစေ🙆🏻🙆🏻🙆🏻

05/07/2022

Skin care အသားကုန်လုပ်တယ်ပြောပြီး sunscreen မလိမ်းဘူးလို့ပြောရင် စိတ်ဆိုးပါမယ် 😒

တော်တော်များများက sunscreen ကို skin cancer မဖြစ်အောင်ကာကွယ်ဖို့လောက်ပဲထင်ကြတာ တကယ်တော့အဲ့ထက်ပိုပြီးကျယ်ပြန့်ပါတယ်ရှင့်

နေရောင်ခြည်မှာ rays နှစ်မျိုးရှိပါတယ် UVA rays နဲ့ UVB rays ဆိုပြီးရှိပါတယ် UVB rays ကတော့ မှန်တွေကနေဖောက်ထွက်နိုင်ပါတယ် skin cancer တို့ sunburn ဖြစ်စေနိုင်ပါတယ် UVA rays ကတော့ blemish တွေဖြစ်မယ် အရေးအကြောင်းတွေပိုဖြစ်မယ် ဝက်ခြံအမာရွတ်တွေပါပိုဆိုးလာနိုင်တယ်

🥺ဝက်ခြံသမားတွေ sunscreen သုံးသင့်လား

ပိုသုံးသင့်ပါတယ်နော် ကိုယ်ကဝက်ခြံပျောက်အောင် AHA BHA တွေအစရှိတဲ့ active ingredient တွေသုံးတဲ့အခါ skin ရဲ့ sensitivity ပိုမြင့်လာတဲ့အတွက် sunscreen မလိမ်းရင် acne တွေကအခြေအနေပိုဆိုးလာနိုင်ပါတယ်

💕Sunscreen မှာပါတဲ့ SPF ဆိုတာ UVB cover ကိုဆိုလိုတာဖြစ်ပြီး PA ဆိုတာ UVA protection level ကို ပြောတာပါ PA +များလေ higher protection ဖြစ်လေပါပဲ

🥺Sunscreen အမျိုးအစား 2 မျိုးရှိပါတယ်
Physical နဲ့ chemical ဆိုပြီး

❤️Physical sunscreen က skin ပေါ်မှာတင်ပြီး လာသမျှ rays တွေကို block လုပ်ပေးတယ် လိမ်းလိုက်တာနဲ့ ချက်ချင်း respond လုပ်ပြီး cover ပေးတယ် blend ရခက်တယ် (eg Dr.G sunscreen)

❤️Chemical suncscreen ကစိမ့်ဝင်လွယ်တယ် ဒါပေမယ့် skin ထဲရောက်ပြီးမှ ကျလာတဲ့ UV rays တွေကို skin မပျက်စီးစေတဲ့ အပူအဖြစ်ပြောင်းလဲပေးတယ် (eg espoir sunscreen)

❤️Sunscreen ကို အပြင်မထွက်ခင် min 30 လောက်ကြိုလိမ်းမှ အပြင်ထွက်ရင် fully cover ဖြစ်မှာပါရှင့်

❤️Reapply ကလည်းအရေးကြီးပါတယ်နော် every 2 hour လို့ပြောထားပေမယ့် ခင်ကအပြင်မထွက်ခါနီးမှ reapply ပြန်လုပ်ပါတယ် လုံးဝမလိမ်းတာထက်စာရင်တော့ ကိုယ်လိုမယ်ထင်သလောက်သာလုပ်ပါ

❤️Sunscreen လိမ်းပြီးရင် double cleansing သေချာလုပ်ဖို့တိုက်တွန်းပါတယ်နော်😘

05/07/2022

ချွေးပေါက်ကျဉ်းအောင် ဒါတွေနေ့စဉ်လုပ်ပါ

(၁) မျက်နှာကို သန့်စင်အောင် နေ့စဉ် ပြုလုပ်ပါ။ မျက်နှာသစ်ဆပ်ပြာသုံးပြီး မနက်တကြိမ်၊ ညတကြိမ် ဆေးကြောသန့်စင်ပါ။(တနေ့ နှစ်ကြိမ်ထက် မျက်နှာပိုမသစ်ပါနဲ့)

(၂) ရှောက်ရည်နဲ့ နာနာသီးရည်ကို ဆတူရောပြီး သန့်စင်တဲ့အဝတ်တခုကို စိမ်ပါ။ အဆိုပါအဝတ်ကို ချွေးပေါက်၊အဆီဂလင်း များတဲ့ ဝက်ခြံထွက်တဲ့နေရာမျိုးမှာ တမိနစ်ကြာကပ်ပါ။ ပြီးရင် ရေနွေးနဲ့ပြန်သစ်ပါ။ အထဲမှာပါတဲ့ အင်ဇိုင်းဓာတ်က မျက်နှာကို သန့်စင်စေရုံမက အဆီဂလင်းနဲ့ ချွေးပေါက်တွေကိုပါကျဉ်းစေတယ်။

(၃) အပျော့စား scrub ဆေးဆပ်ပြာတခုခုကို တရက်ခြားတခါ သုံးပြီး မျက်နှာသစ်ပါ။ scrub သုံးတဲ့အခါ အလွန်အကျွံပွတ်လိမ်းတာမျိုးရှောင်ပါ။ မျက်နှာပေါ် တမိနစ်ခန့်ထားပြီး ရေပြန်ဆေးပါ။ နောက်ပိုင်း တပတ်နှစ်ကြိမ်ခန့်သာ ဆက်သုံးပါ။

(၄) ဒိန်ချဉ်ကို မျက်နှာလိမ်းပြီး အပေါ်က သန့်စင်တဲ့အဝတ်တခုခု အုပ်ထားပါ။ ဆယ်မိနစ်ခန့်ထားပြီး မျက်နှာသစ်ပါ။ ဒိန်ချဉ်မှာပါတဲ့ lactic acid နဲ့ probiotic တွေက ဝက်ခြံဗက်တီးရီးယားကို ကာကွယ်ပြီး အဆီဂလင်းကို ကျဉ်းစေတယ်။ တပတ် တကြိမ်-နှစ်ကြိမ်ခန့်သာ လုပ်ပါ။

(၅) ကြက်ဥအကာကို ယူပြီး ချွေးပေါက်ကျယ်တဲ့နေရာမှာ ၁၅ မိနစ်လိမ်းထားပါ။ ပြီးရင် ရေပြန်ဆေးချပါ။ နေ့စဉ်လုပ်ခြင်းအားဖြင့် ၁-၃လအတွင်း အဆီပြန်ခြင်းနဲ့ ချွေးပေါက်ကျယ်ခြင်းကို သိသိသာသာသက်သာစေနိုင်တယ်။

အဆိုပါနည်းတွေအတိုင်း အစဉ်လိုက်ပြုလုပ်ခြင်းဖြင့် ချွေးပေါက်ကျဉ်းပြီး အဆီဂလင်းတွေ လျှော့ပါးသက်သာစေမှာဖြစ်ပါတယ်။ လူတိုင်း ဝက်ခြံ၊ အမာရွတ် ကင်းစင်ပြီး လှပချောမွေ့တဲ့ မျက်နှာလေးများ ပိုင်ဆိုင်နိုင်ကြပါစေ။

Crd - ဒေါက်တာအေးမင်းထူး

30/06/2022

ုံးပေးခြင်းရဲ့အကျိုးကျေးဇူးများ❗❗
ရှောင်ရန်အချက်များ❗

အသားရည်ထိန်းသိမ်းတဲ့နေရာမှာပိုထိရောက်တယ်

Tonerလိမ်းပြီးရင်သုံးတဲ့ပစ္စည်းတွေရဲ့အာနိသင်တွေပိုထိရောက်တယ်

အချိန်တို အတွင်း ကိုယ့်ရဲ့မျက်နှာ အသားရည်ပြသနာများကို ဖြေရှင်းပေးတယ်

‼️ Toner လိမ်းရင်သိထားရမည့်အချက်များ‼️

❌Tonerလိမ်းရင် ကြမ်းတမ်းစွာမပွတ်ရ❌

❌တခုသိထားရမှာက Toner လိမ်းရင် မျက်စိ၊ပါးစပ်နားတဝိုက်ရှောင်လိမ်းပါ❌

❌ပြီးတော့ မေးရိုးအောက်လုံဝ(လုံးဝ)
မလိမ်းပါနဲ့❌

❌ဝက်ခြံ၊ကုတ်ဖဲ့ထားတဲ့ဒဏ်ရာပေါ်တွေကို ညင်သာစွာ ပွတ်လိမ်းပေးပါ ❌

❌များများလိမ်းရင် မျက်နှာအသားရည်ပြသနာမြန်မြန်ပျောက်မယ်ထင်ပြီး အများကြီးလုံး(လုံးဝ)
မလိမ်းသင့်ပါ❌

✳️ဂွမ်း၊ cotton padထဲ အနည်းငယ်ထည့်လိမ်းပါ
လိမ်းတာ နေရာနှံ့ပြီးလို့ ဂွမ်း၊cotton padစသည်မှာအညစ်ကြေးများကျန်နေသေးရင် ထပ်လိမ်းပါ✳️

ဒီရှောင်စရာ လိုက်နာစရာ များအား ဂရုစိုက်ပြုလုပ်မယ်ဆိုရင် သင့် Tonerရဲ့အာနိသင် လည်းပိုပြမယ်
သင်လည်း ပိုလှမယ်❤❤

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon