Healthy Konjac Food

Healthy Konjac Food

Share

�ဝဥ ထုတ်ကုန်နဲ့ပါတ်သက်တဲ့ ကျန်းမာ​ရေးဆိုင်ရာ ဗဟုသုတ​တွေ မျှ​ဝေ​ပေးတဲ့ page ဖြစ်ပါတယ်ရှင့်�

16/12/2023

တစ်​နေ့​တော့
ဒီ​တောင်တန်း​တွေနဲ့ မနက်ခင်း​ရောင်ခြည်ကို🌄
​ရောင်စုံပန်းရနံ့နဲ့တူ🌹
ပြန်ပြီးတစ်ခါက် ရှူရှိုက်ခွင့်ရအုံးမယ်လို့
​မျော်လင့်ရင်း.....
Good Morning

29/11/2023

ချင်း​တောင်​ပေါ်က ဝဥပင်​လေးပါ🍀
ပုံ...crd

28/11/2023

ကိုယ်စိုက်တဲ့အပင်​လေး​တွေ ပွင့်​နေတာမြင်ရရင် ဘယ်လိုကြည်နူးမှန်းကိုမသိဘူး🌻

28/11/2023

ဝဥဆိုတာက သူ့မှာသီးသန့်အရသာ မရှိတဲ့အတွက် ဘာနဲ့တွဲချက်ချက် အကုန်အဆင်​ပြေ​တယ်....ချဥ်ငံစပ်​လေးဆို​တော့ ထိမိတာ​ပေါ့😋

28/11/2023

အရင်က​တော့ ဝဥကိုစားရ​ကောင်းမှန်းသိပ်မသိကြဘူး။
တရုတ်က ဂျပန်က ​​စျေး​ကောင်း​ပေးပြီး ဝယ်လို့သာ ​တောင်သူ​တွေစိုက်​နေကြရတာ။

ဝဥရဲ့ကျန်းမား​ရေးတွက်အကျိုးပြုတဲ့အရာ​တွေ သိတဲ့သူ​တွေကျ ဝယ်စားချင်ရင် ဂျပန်ဘက်က ပြန်တင်သွင်းလာတဲ့ ဝဥကုန်​ချော​တွေကိုSuper Market​တွေမှာ ​စျေး​ကြီးပေး ဝယ်စား​နေရပြန်​တော့ မိ​အေးနှစ်ခါနာတာ​ပေါ့။

ကိုယ်က​တော့ နိုင်ငံ​ရေး​တွေ​ကောင်းလာလို့ ပြည်သူ​တွေပုံမှန်ပြန်ဖြစ်ပြီဆိုရင် ဒီတွက်ကို ဗဟုသုတမျှ​ဝေတာ​တွေလုပ်ပြီး၊ ပြည်တွင်းထုတ်ကုန်အဖြစ် ခုထက်ပိုပြီး ခိုင်မာရပ်တည်လာ​အောင် လုပ်​ဆောင်ဖို့ ပြင်ဆင်ထားပါတယ်။

25/11/2023

ကိုယ့်မှာ ​ရောဂါရှိရှိ မရှိရှိ
ည​နေစာကို​တော့ အဆီအဆိမ့်မပါ​အောင်
စား​ပေးပါ​နော်🥦🥬🍅

24/11/2023

မ​နေ့ကချက်တဲ့ ဝဥရှူးရှူးရှဲရှဲ🌶🍲

23/11/2023

hello....
မင်္ဂလာပါ အမျိုးတို့​ရေ🩵

​နေ့စဥ်အစား​အသောက်ထဲ သဘာဝသီးရွက်စိမ်း​​​​လေးတွေအမြဲပါ ပါ​စေ​နော်
🍆🫑🥬🥒🥦🥕🌽🥔🫛🫘🥜🫚🫑🍅

23/11/2023

ဆီးချိုရှိတဲ့ လူကြီး​တွေတွက် ဝဥကိုဒီလို​လေးလုပ်စား​ပေးမယ်ဆိုရင်
ဆီးချိုတက်မှာလည်း ပူစရာမလို​တော့သလို
အားလည်းဖြစ်​စေမှာ​နော်။

#ဆီးချို

23/11/2023

ချစ်တို့​ရေ....
တစ်​နေ့တာ စား​သောက်မှုပုံစံ​တွေထဲမှာ
အဆိပ်အ​တောက်​တွေ နဲနိုင်သမျှနဲ​အောင်
ကြိုးစားကြမယ်​နေ👯‍♀️👯‍♂️

22/11/2023

ဝိတ်​တော့ကျချင်တယ်...

🍜အစား​တော့ မ​လျှော့နိုင်ဘူး...
🏋‍♀️​လေ့ကျင့်ခန်းလုပ်ရမှာလည်း ပျင်းတယ်ဆိုရင်...
ည​နေစာကို ကာဗွန်ဟိုက်ဒရိုတ်ပါဝင်ခြင်း မရှိတဲ့ ဝဥ စား​ပေးနော်..

15/11/2023

💢ဆီးချိုရှိတဲ့သူ​တွေ ဘာ​ကြောင့် ဝဥကို စားသုံး​ပေးသင့်သလဲ??💢

ဝဥဟာ သကြားဓါတ်လုံးဝမပါဝင်တဲ့ Organicအမျှင်ဖြစ်တာ​ကြောင့် ​သွေးတွင်းသကြားဓါတ်ကို ထိန်း​ပေးတဲ့အပြင်
ဗိုက်ပြည့်​လောက်တဲ့ထိ လုံ​လောက်တဲ့ပမာဏကို စား​ပေးမယ်ဆိုရင်​တောင် ဆီးချိုတက်လာမှာကို စိတ်ပူ​နေစရာမလို​​တော့တာ​​ကြောင့်ဖြစ်တယ်။

ဆီးချို ရှိတဲ့သူ​တွေမှာ မကြာခဏ ဗိုက်ဆာတတ်တာကို အားလုံးသိကြပြီးဖြစ်တယ်။ ဒါကိုပဲ ဝဥရဲ့ ​ရေဓါတ်နှင့် အမျှင်ဓါတ် ကြွယ်ဝမှု​ကြောင့် နဲနဲစားရုံနဲ့ ဗိုက်ပြည့်လွယ်​စေသလို အချိန်ကြာကြာဗိုက်ပြည့်​စေတဲ့အတွက် ဏခဏခဗိုက်ဆာတာ မဖြစ်​တော့ဘူး​ပေါ့။

ဝဥမှာ လူ့ခန္ဓာကိုယ်ထဲ အဆီစုပုံတာ၊ ​သွေး​ကြောပိတ်ဆို့တာ​တွေ ဖြစ်​စေတတ်တဲ့ ကိုလက်စထ​ရော ပမာဏကိုလည်း ​လျှော့ချ​ပေနိုင်လို့ ကာဗွန်ဟိုက်ဒရိုတ်လည်း မပါဝင်တာ​​ကြောင့် ဆီးချိုရဲ့ ​နောက်ဆက်တွဲ ပြသာနာဖြစ်တဲ့ ​လေဖြတ်ခြင်းမှလည်း ကာကွယ်​ပေးပါတယ်။

​နောက်ဆုံးအချက်အ​နေနဲ့ ​ပြောရရင် ဆီးချိုလူနာ​တွေမှာ အစားအ​သောက်ကို ​ရွေးချယ်စားသုံး​နေရတာဖြစ်လို့ အားရှိ​အောင်ဆိုပြီး ကြိုက်တာစားလို့မရဘူး​မလား။ ဒါ​ကြောင့်မို့လို့ သူ့တစ်ခုထဲစားရုံနဲ့လည်း ကိုယ်ခံအားကိုမြှင့်တင်​ပေးနိုင်တဲ့ ဝဥကို ဆီးချို​ဝေသနာခံစား​နေရတဲ့ လူကြီး​တွေတွက် အ​ကောင်းဆုံးလို့ ​ပြောချင်ပါတယ်။



#ဆီးချို

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
11051