Shwe Thoon beauty&healthy

Shwe Thoon beauty&healthy

Share

နတ်လူချစ်တဲ့နံ့သာဖြူရေမွှေး လာဘ်ဖွင့်ပေမယ့်စံပယ်ရေမွှေး တန်ဖိုးကြီးသောနံ့သာငါးပါးသဘာဝဆပ်ပြာများ မှာယူနိုင်ပါတယ်ရှင်🙏

16/05/2026

#ကောင်းခြင်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံစေဖို့ရွှေသွန်းနံ့သာသူတော်ကောင်းရနံ့လေးတွေ သုံးကြည့်ပါရှင့်🙏🏻 နံ့သာငါးပါးဆပ်ပြာ တန်ဖိုးကြီး နံ့သာစစ်စစ်များဖြင့် ဖော်စပ်ထားလို့ ဘုရားရှင်အား ရေတော်သပ္ပာယ်ရာမှာဖြစ်စေ၊ မိဘဘိုးဘွားတွေကို ကန်တော့ရာမှာဖြစ်စေ အလွန်မင်္ဂလာရှိလှပါတယ်။ မနက်လင်းလို့နံ့သာငါးပါးဆပ်ပြာနှင့်မျက်နှာသစ်ပြီးတိုင်း စိတ်ကြည်ပြီးလန်းဆန်းစေမှာပါ။
🍀နံ့သာငါးပါးဆပ်ပြာ 110g ၁၉၀၀၀ကျပ်

* သူတော်ကောင်းရနံ့လို့ တင်စားရတဲ့ နံ့သာဖြူရဲ့ အေးမြသင်းပျံ့တဲ့ ရနံ့က စိတ်ကို တည်ငြိမ်ကြည်လင်စေပြီး နတ်လူချစ်ခင်စေပါတယ်။ ရနံ့စွဲချက်ကလည်း ကိုယ်ဆွတ်ထားရင် နဘေးသူပါ စိတ်ကြည်လန်းဆန်းနေမှာပါ။
🍀 နံ့သာဖြူရေမွှေး 30ml ၃၂၀၀၀ကျပ် /
50ml ၄၇၀၀၀ကျပ်/
နံ့သာဖြူအဆီ 9ml ၁၉၀၀၀ကျပ်

* စံပယ်ရေမွှေး: မြန်မာဆန်ဆန် သင်းပျံ့မွှေးကြိုင်တဲ့ စံပယ်ရနံ့က အတာသင်္ကြန်ရဲ့ အငွေ့အသက်ကို အပြည့်အဝပေးစွမ်းနိုင်မှာပါ။
🍀 စံပယ်ရေမွှေး 30ml ၂၇၀၀၀ကျပ်
50ml ၄၂၀၀၀ကျပ် /စံပယ်အဆီ 9ml ၁၃၀၀၀ကျပ်

🎁 အထူး Set လိုက် ရရှိနိုင်မယ့် ဈေးနှုန်းများ
*🍀 နံ့သာ ၃ မျိုး Set: ၆၈,၀၀၀ ကျပ်
(နံ့သာဖြူရေမွှေး30ml/နံ့သာဖြူအဆီ9ml/နံ့သာငါးပါးဆပ်ပြာ 110g)
*🍀 ၅ မျိုးအစုံ Set ကြီး: ၁၁၀,၀၀၀ ကျပ်
(ပါဝင်ပစ္စည်းများ - နံ့သာဖြူရေမွှေး 30ml နှင့် အဆီ၊ စံပယ်ပန်းရေမွှေး 30ml နှင့် အဆီ၊ နံ့သာငါးပါးဆပ်ပြာ)
🎁 * လက်ဆောင်အဖြစ်: နံ့သာငါးပါးဆပ်ပြာ ၂၅ ဂရမ် (၂ ခု) နှင့် နံ့သာငါးပါးအမှုန့်တို့ကို မေတ္တာလက်ဆောင် ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။
📞 ဆက်သွယ်မှာယူလိုပါက
09-979 699 626
09 793 626 491
Viber or Chat Box မှာယူနိုင်ပါတယ်ရှင့်
Royal Deliရောက်သောမြို့များအားလုံးအိမ်အရောက်ငွေချေပို့ပေးပါတယ်ရှင့်

16/05/2026
16/05/2026

မြတ်စွာဘုရားရှင်အား စံပယ်အနံ့နှင့်ဖယောင်းတိုင်အစိမ်းမှာလိမ်းပြီး ပူဇော်ရင်လာဘ်အရမ်းပွင့်ပါတယ်တဲ့ရှင့် 🙏
ကိုယ်တိုင်သုံးစွဲရင်လည်း စိတ်ကြည်လင်စေပြီး
လန်းဆန်းနေစေတဲ့ ရနံ့ပါရှင့်
အဆင်မြင့်ရနံ့ဆီသာအသုံးပြုခြင်းကြောင့် သုံးစွဲသူတိုင်း
ကျေနပ်မှုရရှိစေမှာပါရှင် 🙏

9 ml စံပယ်ဆီရေမွှေး ၁၃၀၀၀ ကျပ်
30ml စံပယ်ရေမွေး ၂၇၀၀၀ ကျပ်
50ml စံပယ်ပန်းရေမွှေး ၄၂၀၀၀ကျပ်

Photos from Shwe Thoon beauty&healthy's post 12/05/2026

"တစ်ချက်ဖြန်းရုံနဲ့ စိတ်အေးချမ်းမှုကို ပေးစွမ်းနိုင်တဲ့ ရနံ့ရှိသလား?" 🌿✨
လူကြားထဲမှာ အနံ့ပြင်းပြင်းတွေနဲ့ လူအများ အနှောင့်အယှက်ဖြစ်မှာကို စိတ်ပူနေသလား? Shwe Thoon ရဲ့ နံ့သာဖြူရနံ့က သင့်ကို ကျက်သရေရှိပြီး တည်ငြိမ်တဲ့ ပုံရိပ်တစ်ခုကို ဖန်တီးပေးမှာပါ။
နံ့သာဖြူရဲ့ သဘာဝဂုဏ်သတ္တိကြောင့် စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး စိတ်ကြည်လင်လန်းဆန်းစေပါတယ်။
💎 တစ်နေ့တာလုံး သင်းပျံ့နေစေမယ့် အနံ့စွဲအား။
• 9ml Roll-on: ခရီးဆောင်ရလွယ်ကူပြီး အချက်အချာကျတဲ့ နေရာလေးတွေမှာ တို့ထိရုံနဲ့ အနံ့စွဲစေတယ်။ (19,000 MMK)
• 30ml Spray: အပြင်သွားခါနီး အင်္ကျီပေါ် ဖြန်းလိုက်ရုံနဲ့ တစ်နေကုန် ယုံကြည်မှုရှိစေတယ်။ (32,000 MMK)/(50ml 47000)

12/05/2026

🌿 သစ်မွှေးနံ့ရဲ့ဆွဲဆောင်မှုနဲ့အတူ တည်ကြည်ငြိမ်သက်တဲ့ ခံစားမှုကို ပိုင်ဆိုင်ချင်ပါသလား? 🌿နေ့စဉ်ဘဝရဲ့ စိတ်ဖိစီးမှုတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေကြောင့် စိတ်ထဲမှာ လေးလံထိုင်းမှိုင်းနေတတ်တယ်ဟုတ်? 😔 ဒါဆိုရင် သင့်ရဲ့စိတ်ကို လန်းဆန်းတက်ကြွစေမယ့် သဘာဝသစ်မွှေးနံ့သာရေမွှေးလေးနဲ့ မိတ်ဆက်ပေးပါရစေ။

𝗦𝗵𝘄𝗲 𝗧𝗵𝗼𝗼𝗻 ရဲ့ သစ်မွှေးနံ့သာရေမွှေးဟာ သင့်ကို ကျက်သရေရှိပြီး တည်ကြည်တဲ့အသွင်ကို ဆောင်ကြဉ်းပေးနိုင်ပါတယ်။ ✨ သဘာဝသစ်မွှေးရဲ့ မွှေးရနံ့က စိတ်ကိုငြိမ်းချမ်းစေပြီး တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေစေမှာပါ။
✅ မွှေးရနံ့က ကြာရှည်ခံပြီး တစ်နေကုန် သင်းပျံ့နေစေပါတယ်။
✅ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုမိုပေါ်လွင်စေပြီး ဆွဲဆောင်မှုအပြည့်ရှိစေပါတယ်။
🥰 သစ်မွှေးရနံ့ဟာ သင့်ကို စိတ်တည်ငြိမ်အေးချမ်းစေပြီး ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန်ချနိုင်စေဖို့လည်း အထောက်အကူပြုပါတယ်။
50ml 65000
30ml 43000
9ml oil 25000

𝗦𝗵𝘄𝗲 𝗧𝗵𝗼𝗼𝗻 သစ်မွှေးနံ့သာရေမွှေးကို အခုပဲဝယ်ယူပြီး သင့်ရဲ့ဘဝကို ကျက်သရေရှိတဲ့ သစ်မွှေးရနံ့တွေနဲ့ အလှဆင်လိုက်ပါ။ 💖

📲 မှာယူလိုပါက 09979699626 ကို ဆက်သွယ်လိုက်ပါ။

#𝗦𝗵𝘄𝗲𝗧𝗵𝗼𝗼𝗻 #သစ်မွှေးနံ့သာရေမွှေး #𝗦𝗮𝗻𝗱𝗮𝗹𝘄𝗼𝗼𝗱𝗢𝗶𝗹𝗣𝗲𝗿𝗳𝘂𝗺𝗲 #သဘာဝရနံ့ #ကျက်သရေရှိ #တည်ကြည်သော

Photos from Shwe Thoon beauty&healthy's post 11/05/2026

* နံ့သာဖြူရေမွှေး: စိတ်ကြည်လင်စေပြီး နတ်လူချစ်ခင်စေတဲ့ မင်္ဂလာရနံ့အဖြစ် တင်စားထားပါတယ်။
* စံပယ်ပန်းရေမွှေး: တော်ဝင်ဆန်ပြီး လာဘ်ပွင့်စေတဲ့ ရနံ့
"Shwe Thoon" နဲ့အတူ ကောင်းခြင်းမင်္ဂလာနဲ့ ပြည့်စုံတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်လိုက်ပါရှင်🙏🏻
🚐 🏘 Royal deli ရောက်သောမြို့များအားလုံး ပစ္စည်းရငွေချေပို့ဆောင်ပေးပါတယ်ရှင့်🍀

Photos from Shwe Thoon beauty&healthy's post 09/05/2026

ခွေးဟောင်တိုင်းထကြည့်ရင်အိပ်ရေးပျက်တယ်တဲ့ ဒါကြောင့်ကျမလည်းမကြည့်တော့ပါဘူးလို့☺ ကျမကိုဘလော့ပြီးရန်တွေ့လိုက် ကြွားလိုက်နဲ့ မကြေမနပ်တွေဖြစ်နေတာ ပူလောင်လိုက်တာနော်

Photos from Shwe Thoon beauty&healthy's post 09/05/2026

#ဝယ်သူရဲ့ကျိန်စာတိုက်ခြင်းခံရသည့်အမှတ်တရ) အမြဲဆုတောင်းမေတ္တာသာရခဲ့တဲ့ရွှေသွန်း အခုတော့ သူယုတ်မာနှင့် ကြုံဖူးပြီရှင် ကျမကိုဘလော့ပြီး သူပြောချင်ရာပြောနေတာ သူ့ဒဏ်သူခံရပါစေ🙏🏻

09/05/2026

လောကမှာ မေတ္တာထားတယ်ဆိုတာ သူတပါးရဲ့ အကျိုးစီးပွားကို သန့်သန့်ရှင်းရှင်း လိုလားတာကို ဆိုလိုတာ။ ဒါပေမဲ့ လူတော်တော်များများက မေတ္တာပေးလိုက်ရင် မေတ္တာပြန်ရမယ်လို့ မျှော်လင့်ချက်လေးတွေ ထားတတ်ကြတယ်။ အဲဒီလို မျှော်လင့်ချက် ပါလာပြီဆိုရင်တော့ အဲဒါဟာ ဖြူစင်တဲ့ မေတ္တာ မဟုတ်တော့ဘဲ အပေးအယူလုပ်တဲ့ 'တဏှာလောဘ' ဘက်ကို ရောက်သွားတတ်ပါတယ်။

မြတ်စွာဘုရားရှင်က 'မေတ္တာပေးတိုင်း မေတ္တာပြန်ရမယ်' လို့ ဘယ်တုန်းကမှ မဟောခဲ့ဘူး။ ဘုရားရှင် ညွှန်ပြခဲ့တာက 'အကြောင်းတရားနဲ့ အကျိုးတရား' သာ ဖြစ်ပါတယ်။ မိမိဘက်က မေတ္တာပေးတာဟာ မိမိရဲ့ ကုသိုလ်အကြောင်းတရားကို ပြုလုပ်တာပဲ။ သူတပါးဘက်က မေတ္တာပြန်ပေးတာ၊ မပေးတာကတော့ သူ့ရဲ့ စိတ်ဓာတ်နဲ့ သူနဲ့ပဲ ဆိုင်တဲ့ကိစ္စလို့ မှတ်သားရပါမယ်။ မိမိက မေတ္တာပေးပြီးရင် မိမိတာဝန် ကျေသွားပြီလို့ နှလုံးသွင်းရမှာပါ။

တကယ့် မေတ္တာအစစ်ဆိုတာ အပြန်အလှန်ကို မမျှော်ကိုးဘဲ ပေးဆပ်ရတာမျိုး။ မိမိရဲ့ ရင်ထဲမှာ မေတ္တာရှိနေရင် မိမိကိုယ်တိုင်က အရင်ဆုံး အေးချမ်းမှုကို ခံစားရတာပေါ့။ သူတပါးက ကိုယ့်ကို မေတ္တာပြန်မပေးနိုင်ရင်တောင် ကိုယ့်စိတ်ထဲမှာ ကုသိုလ်ဖြစ်နေတဲ့အတွက်ကြောင့် အမြဲတမ်း ငြိမ်းအေးနေမှာ သေချာပါတယ်။ အဲဒီလိုမဟုတ်ဘဲ ပြန်ရဖို့ကိုပဲ မျှော်လင့်နေရင်တော့ မရတဲ့အခါမှာ ဒေါသတွေဖြစ်ပြီး ကိုယ့်စိတ်ကိုယ် ပြန်လောင်မြိုက်စေတာပေါ့။

ဒါကြောင့် အသိဉာဏ်ရှိတဲ့သူဟာ မေတ္တာကို ပေးစရာရှိရင် ပေးရမယ်၊ ဒါပေမဲ့ ပြန်ရဖို့ကိုတော့ တွက်ကပ်မနေရဘူး။ မိမိတို့ရဲ့ စိတ်ထဲမှာ မေတ္တာမျိုးစေ့ကို အမြဲတမ်း ပျိုးထောင်နေခြင်းဟာ မိမိကိုယ်မိမိ စောင့်ရှောက်တာပဲလို့ သိရပါမယ်။ မေတ္တာရှိတဲ့သူဟာ ဘယ်နေရာမှာနေနေ အေးချမ်းမှုကို ရရှိနိုင်ပါတယ်။ မိမိတို့ရဲ့စိတ်ကို အမြဲတမ်း မေတ္တာနဲ့ အေးမြအောင် ထိန်းကျောင်းနိုင်ကြပါစေ။"

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

#မေတ္တာ #မျှော်လင့်ချက် #ပေးဆပ်ခြင်း #ပါချုပ် #ပါမောက္ခချုပ်ဆရာတော် #အသိဉာဏ် #တရားတော် #စိတ်အေးချမ်းမှု

30/04/2026

ကဆုန်လပြည့်နေ့

နွေဦးရဲ့ အပူထဲမှာတောင်
လပြည့်နေ့ က အေးချမ်းမှုကို သယ်ဆောင်လာတယ်

ဒီနေ့ သာမန်နေ့တစ်နေ့ မဟုတ်ဘူး
ဗုဒ္ဓရှင်ဘုရားရဲ့
မွေးဖွားခြင်း၊ ဉာဏ်အလင်းရခြင်း၊ နိဗ္ဗာန်ဝင်ခြင်းတို့
တူညီစွာ ထွန်းလင်းခဲ့တဲ့ အချိန်တန်ခိုးပါ 🙏

ဗောဓိပင်အောက်မှာ ရေစက်လေးတွေ လောင်းချလိုက်တဲ့အခါ
ပင်ပန်းနေတဲ့ စိတ်လေးတွေပါ
တဖြည်းဖြည်း အေးချမ်းသွားတယ်

ကောင်းမှုတစ်ခု ပြုလုပ်လိုက်တဲ့အခါ
လောကကြီးကလည်း ပိုပြီး လှလာတယ်
မေတ္တာတစ်စက် ပေးလိုက်တဲ့အခါ
နှလုံးသားတွေ ပိုပြီး နွေးထွေးလာတယ်

ဒီကဆုန်လပြည့်နေ့ မှာ
မကောင်းမှုတွေကို လွှတ်ချပြီး
ကောင်းမှုတွေကို ကိုင်တွယ်ထားကြပါစို့

စိတ်မှာ အေးချမ်းမှု
ဘဝမှာ အလင်းရောင်
နေ့ရက်တိုင်းမှာ အောင်မြင်မှုတွေ
တိုးပွားလာပါစေ

--ယနေ့ လပြည့်နေ့ အခါသမယတွင်
--ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ။
--မိသားစုအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး
--စီးပွားရေး၊ ပညာရေး၊ အလုပ်အကိုင်များ
--အဆင်ပြေတိုးတက်ပါစေ။
--မကောင်းမှုများ ပျောက်ကွယ်၍
-- ကောင်းမှုများ တိုးပွားပါစေ။
--စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
--လိုအင်ဆန္ဒမှန်သမျှ ပြည့်စုံအောင်မြင်ပါစေ။
--အားလုံး သာယာအေးချမ်းကြပါစေ။ 🙏

🙏 ကဆုန်လပြည့်နေ့၏ အနန္တအကျိုးကျေးဇူးများ
အားလုံးနှင့်အတူ မျှဝေခံစားနိုင်ကြပါစေ 🙏
ကံကောင်း
#ကံကောင်းစာပေမှမေတ္တာဖြင့်မျှဝေသည်

#ကဆုန်လပြည့်နေ့ #မေတ္တာ #ကောင်းမှုကုသိုလ် #ဗုဒ္ဓဘာသာ

29/04/2026

#နန်းတွင်းသုံးနံ့သာငါးဖြာ၏မွှေးရနံ့
မြန်မာ့ရိုးရာမှာ အဖိုးတန်လှတဲ့ နံ့သာငါးမျိုး (နံ့သာဖြူ၊ နံ့သာနီ၊ တောင်နံဂတိုး၊ တောင်နံကြီး၊ ကရမက်) တို့နှင့်သဘာဝပစ္စည်းများ အချိုးကျကျ ပေါင်းစပ်ဖော်စပ်ထားတဲ့ Shwe Thoon နံ့သာငါးပါးဆပ်ပြာ။
✨ ထူးခြားချက်များ ✨
* သန့်စင်မွှေးပျံ့တဲ့ နံ့သာစစ်စစ်ရနံ့ကြောင့် ဘုရားဆင်းတုတော်များ ပူဇော်ရာမှာ အထူးမွန်မြတ်လှပါတယ်။
* နံ့သာတို့ရဲ့ အစွမ်းကြောင့် အသားအရေကို ကြည်လင်ဝင်းပစေပြီး ဘုန်းကံမြင့်လာစေပါမယ်
* သဘာဝအတိုင်း ဖော်စပ်ထားလို့ မျက်နှာနှင့် ခန္ဓာကိုယ်သာမက ဦးရေပြားသန့်စင်ဖို့အတွက်လည်း စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

🍀 နက်ရှိုင်းတဲ့ ရနံ့နဲ့ ကုထုံးတစ်ခုလို စိတ်ကိုအပန်းပြေစေမယ့် Shwe Thoon (နံ့သာငါးပါး)။
✅ နံ့သာဖြူ နဲ့ ကရမက် - အသားအရေကို အေးမြစေပြီး အမဲစက်တွေကို လျော့ပါးစေတယ်။
✅ နံ့သာနီ - အသားအရေကို တင်းရင်းဝင်းပစေပြီး မကောင်းသောအရာများကိုဖယ်ရှားပေးသည်။
✅တောင်နံကြီး - သွေးလည်ပတ်မှုကို အားပေးသည်။
✅ တောင်နံဂတိုး - နန်းတွင်းသုံး အမွှေးရနံ့နဲ့အတူ တစ်နေကုန် မွှေးပျံ့လန်းဆန်းစေတယ်။
"တစ်ခါသုံးရုံနဲ့တင် ထူးခြားတဲ့ သဘာဝရဲ့ ရနံ့နှင့်အတူစိတ်ကြည်လန်းဆန်းမှုအပြည့်ကို ခံစားရစေမှာပါ"
📍 Shwe Thoon - သဘာဝနံ့သာငါးပါးဆပ်ပြာ
၁၁၀ဂရမ် ၁၉၀၀၀ကျပ်
📞 ဆက်သွယ်မှာယူလိုပါက
09-979 699 626
09 793 626 491
Viber or Chat Box မှာယူနိုင်ပါတယ်ရှင့်
Royal Deliရောက်သောမြို့များအားလုံးအိမ်အရောက်ငွေချေပို့ပေးပါတယ်ရှင့်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Shweingin
Yangon