Auntentic Skincare By Yoon
shopping and sharing
Yoon New Page
လေးကိုlike and follow လေးလုပ်ထားပေးနော်ကံစမ်းမဲအစီအစဉ်ရှိတယ်ခ
Missတွေရဲ့အသဲစွဲAngel Secret Collagen 💖လေး
15/07/2023
ဖြစ်ချင်စိတ်သာရှိပြီး
ဖြစ်အောင်လုပ်မယ်ဆိုတဲ့
ဇွဲမရှိရင် ဘယ်လောက်ထိ
စိတ်ပြင်းပြနေပါစေ
သင်...တိုးတက်မှာ မဟုတ်ဘူး...
လူကသာ အောင်မြင်ချင်တာ
စိတ်ဓါတ်က ခဏခဏကျနေရင်
သင့်...အတွက် ပန်းတိုင်မရှိဘူး...
လူရယ်လို့ဖြစ်လာရင်
ခံယူချက်၊ဦးတည်ချက်၊
ရည်မှန်းချက် ရှိရတယ်...
လေထဲတိုက်အိမ်ဆောက်နေသရွေ့
ဘဝက လေဘောလုံးလိုပဲ
တရွေ့ရွေ့ လေနှင်ရာမျောနေမှာပါပဲ...
ဘဝမှာ
အရာရာကိုကိုယ်ဖြစ်ချင်တာ
လုပ်ပိုင်ခွင့်ရှိတယ် ဒါပေမဲ့
အောင်မြင်ဖို့အတွက် ကတော့.....
၁...ဖြစ်သင့်တာကို ဦးစားပေးတတ်ရတယ်။
၂...စိတ်ဓာတ်ခွန်အား ထက်သန်မှုရှိရတယ်။
၃...ကိုယ်ရဲ့လုပ်ရပ်တိုင်းကို လက်ခံနိူင်ရတယ်။
၄...အမှားတွေ့တိုင်း မတွေဝေပဲ
သင်ခန်းစာယူတတ်ရတယ်။
၅....အရှုံးကို လက်ခံနိူင်ရတယ်။
၆....ဝေဖန်မှုတိုင်းကို
အမှားအမှန်ခွဲခြားပြီး
လက်ခံသင့်တာကို သင်ယူပြီး
လက်မခံသင့်တာကို အတွေးထဲက
ချက်ချင်းထုတ်ပြစ်ပါ။
၇....သင်ယူပါ လေ့လာပါ
ပညာဆိုတာ သင်ယူလို့ကုန်သွားတယ်
မရှိပါဘူး ဘယ်နေရာ၊ဘယ်သူဖြစ်ဖြစ်
သင်ယူသင့်တာသင်ယူပြီး ၊
လေ့လာသင့်တာ လေ့လာပါ။
၈....စိတ်ဓါတ်မကျပါနဲ့
ငွေတစ်ထောင်ကျရင်တောင်
ပြန်ကောက်သေးတာပဲ
သင့်စိတ်ဓါတ်က
ငွေတစ်ထောင်ထက် ပိုတန်ဖိုးရှိမှာပါ။
၉...စိတ်ကောင်းထားပါ
စိတ်ကောင်းထားရင် ကံကောင်းပါတယ်
စေတနာက လူတိုင်းနဲ့မတန်ရင်နေပါစေ
ကိုယ်ထားတဲ့ စေတနာနဲ့တန်တဲ့
အကျိုးကိုတော့
ကိုယ်တိုင်ခံစားရမှာပါ။
၁၀....စာများများဖတ်ပါ
စာမဖတ်တဲ့သူက
မျက်မမြင်တစ်ယောက်နဲ့
အတူတူပါပဲ။
မှောင်နေတဲ့ ဘဝ
အားငယ်နေတဲ့စိတ်
ပျောက်ကွယ်နေတဲ့ အသိဉာဏ်တွေ
ပျော်ရွှင်မှု၊ငြိမ်းချမ်းမှု၊အေးချမ်းမှုစတဲ့
ခွန်အားတွေကို အလင်းပေးနိူင်တာ
စာအုပ်၊စာပေတွေပါပဲ။
#လူငယ်များအတွက့်စာကြည့်တိုက့် #𝘾𝙧𝙚𝙙𝙞𝙩 #လွတ်လပ်စွာကူးယူနိုင်ပါသည် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
Hello
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
