Shwe moe online shop
လူသုံးကုန်နှင့်စာအုပ်များ
Crd
29/08/2025
29/08/2025
29/08/2025
ကြိုးစားနေတဲ့ လူငယ်တွေအတွက် အဖန်တလဲ ဖတ်သင်တဲ့ Uniqlo သူဌေး Mr. Tadashi Yanai ပြောတဲ့ စီးပွါးရေးမှာ အောင်မြင်ဘို့ မှတ်သားလိုက်နာရမယ့်အရာ ၁၁ ချက်(အလုပ်ဝင်ခါစ မျက်နှာသစ်လူငယ်များအား ဟောပြောခြင်းမှထုတ်နှုတ်ထားခြင်းဖြစ်ပါတယ်)
⑴知ってることとできることは違う。
သိတာနှင့်လုပ်တတ်တယ်ဆိုတာ သီးခြားစီဖြစ်တယ်
⑵人を教えるには自分がまずできるようになること。
တခြားသူကို သင်ပြပေးဘို့အတွက် ကိုယ်တိုင်ဒီအရာကိုလက်တွေ့လုပ်နိုင်ဘို့လိုတယ်
⑶ビジネスの世界での判断基準はお客様の満足だ。お客様が満足しない限り仕事をやってもそれは仕事にならない。
စီးပွါးရေးနယ်ပယ်ကိုအဆုံးအဖြတ်ပေးတာကဝယ်ယူသုံးစွဲသူ Customers ရဲ့စိတ်ကြေနပ်မှုသာဖြစ်တယ်၊ Customers စိတ်ကြေနပ်မှုမပေးနိုင်သရွေ့ အဲဒီအလုပ်က အလုပ်မဟုတ်ဘူး
⑷評価の基準は自分ではなくお客様の方にある。売る立場ではなく買う立場にある。
သင့်အလုပ်ရဲ့အရည်အသွေးကိုအဆုံးအဖြတ်ပေးလို့ရတာက သင်မဟုတ်ဘူး၊ Customers သာဖြစ်တယ်၊ ရောင်းပေးတဲ့သူမဟုတ် ဝယ်ယူသူဆီမှာသာဆုံးဖြတ်ခွင့်ရှိတယ်။
⑸全て商売の原点は現場にある。販売計画、稼働計画、レイアウト計画を考えて改善する。そのプロセスの繰り返し。
အရောင်းအဝယ်အားလုံးရဲ့ ပင်မဇစ်မြစ်ဆိုတာ လုပ်ငန်းခွင်ထဲမှာသာရှိတယ်။ဆိုင်ကို ဘယ်လိုလည်ပတ်မလဲ၊ရောင်းအားတိုးအောင်ဘယ်လိုလုပ်မလဲ၊ဆိုင်ပုံစံကိုဘယ်လိုမျိုးလုပ်မလဲ၊ဒါတွေကိုပိုကောင်းမွန်အောင်၊မရိုးအောင် ဆင့်ကဲပြောင်းလဲခြင်း Kaizen ကိုလုပ်ရမယ်။ တခါလုပ်ပြီးတာနှင့်မပြီးဘူး ဒီလုပ်ငန်းစဉ်ကို အမြဲတစေထပ်တလဲလဲ လုပ်နေဖို့လိုတယ်
⑹本気で仕事に向き合う。仕事を適当にやってると自分が成長しません。
အလုပ်လုပ်တဲ့အခါ စိတ်အားထည့်မှုရှိရမယ်။အလုပ်ကို အပေါ်ယံ၊သာမန်ကာလျှံကာ သာလုပ်
ရင် မိမိရဲ့တိုးတက်မှုလည်းရှိလာမှာမဟုတ်ဘူး
⑺まず謙虚になること。無知の知を自覚する。
この中で誰ひとりも天才はいない。
ဦးစွာကိုယ့်ကိုယ်ကို နှိမ့်ချပြီးသင်ယူတတ်ရမယ်၊
ကိုယ်မသိသေးဘူးဆိုတာကိုသိပြီး ကိုယ်တိုင်လက်ခံထားရမယ်၊ ဒီနေ့အလုပ်ဝင်တဲ့အထဲမှာ ဘယ်သူတဦးတယောက်ကမှ ထူးချွန်ပါရမီရှင် Genius မပါဝင်ဘူး
⑻相手の話を聴く。耳は二つある、口は一つしかない。だから自分が言う2倍のことを聴く。
တဖက်သားပြေားစကားကို အလေးအနက်ထားနားထောင်မယ်။နားက ၂ ပေါက်ပါတယ်၊ ပါးစပ်က ၁ ပေါက်တည်း၊ ဒါ့ကြောင့် ကိုယ်ပြောလိုတဲ့ပမာဏရဲ့ ၂ ဆကို နားထောင်ပါ
⑼基本動作ができない人は何にをやってもダメ。まずは基本の基ができること
အောက်သက်မကျေတဲ့လူက ဘာလုပ်လုပ် သုံးစားမရဘူး။ ပထမဦးဆုံးက အခြေခံကို နောကြေနေရမယ်၊အောက်သက်ကြေရမယ်
⑽自分の頭で考える。行動する。
ခေါင်းသုံးပါ၊ လက်တွေ့လုပ်ပါ
(11)英語は必須。英語は世界共通言語。英語は道具。道具を上手く使う。
လူတိုင်းအင်္ဂလိပ်စကားပြောတတ်ရမယ်၊ အင်္ဂလိပ်ဘာသာဆိုတာ ကမ္ဘာသုံး၊ အင်္ဂလိပ်ဘာသာဆိုတာ ဘာသာစကားထက်ပိုတဲ့ Tool ဖြစ်တယ်၊ ဒီ Tool ကိုကျွမ်းကျင်စွာအသုံးချတတ်ရမယ်
…………………
Uniqlo သူဌေးက ဂျပန်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုဟ်ဖြစ်ပါတယ်
သူပြောတဲ့ အထက်ပါ ၁၁ ချက်လိုက်နာကျင့်ကြံမယ်ဆို သင့်ရဲ့စီးပွါးရေးလုပ်ငန်းလည်း အောင်မြင်မှာ ဖြစ်ပါတယ်
ပုံ/ ဂျပန်ရဲ့ အချမ်းသာဆုံးမှာရှိနေတဲ့ Yanai-san
29/08/2025
ပိုက်ဆံ မချမ်းသာချင်သူများ စိတ်ချမ်းသာရင် တော်ပါပြီ ဆိုသူများ ယောင်လို့တောင် မဖတ်ပါနဲ့
==========================
ကျွန်တော့် ခေါင်းထဲရှိ အိပ်ပုပ်ကြီးနေသော ကာလနဂါးကြီးအား လှုပ်နှိုးကြည့်ခြင်း၊ ခုရက်ပိုင်း လူငယ် စွန့်ဦးတီထွင်စီးပွားရေးပညာရှင် တစ်ယောက်ဖြစ်တဲ့ Ameer Rosic ရဲ့ အပြောတွေကို သဘောတွေ့မနောခွေ့ဖြစ်နေတယ်။ သူရဲ့ ဘဝအောင်မြင်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတွေ ဘယ်လိုလှမ်းရမယ်ဆိုတာ ကျွန်တော် ဘာသာပြန်ထားတယ်။ ခံစားကြည့်ရအောင်ပါ။
“ခင်ဗျားတို့ကို ဘဝ အောင်မြင်ရေးနဲ့စပ်လျဉ်းတဲ့ ဖော်မြူလာတစ်ချို့ကို ကျုပ်ပြောပြချင်တယ်။ ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့အရာတွေ အကောင်အထည်ဖော်ဖို့ရာ ငွေရှိဖို့လိုပါတယ်။ မင်းဘယ်လိုရှာမလဲ ဘယ်လောက်ထိလိုချင်သလဲ? မင်း ဘဏ်အကောင့်ထဲမှာ ဘယ်လောက်ထိ ဝင်နေသလဲ မင်းစိတ်ကူးကြည့်စမ်း။ မင်းရဲ့ အချိန်တွေ ခွန်အားနဲ့ဦးနှောက်အရင်အနှီးတွေအားလုံး ဒီလုပ်ငန်းအတွက် ဘယ်လောက်ထိ ပေးဆပ်ချင်သလည်း ငါ့ကို ပြောစမ်း။ မလိမ်ပါနဲ့။
မင်းလည်း မင်းကိုယ့်ကိုယ်ကိုယ် ပြောဖူးပါလိမ့်မယ်။ ငါအရမ်းချမ်းသာချင်တယ် ဒါမှ ငါ့မိသားစု အတွက် ငါကျေးဇူးပြုနိုင်မယ်။ ငါ့ပတ်ဝန်းကျင်အတွက် ငါလုပ်ပေးနိုင်တာလုပ်ပေးလို့ရမယ်။ စသည်ဖြင့်ပေါ့။ ကောင်းပါပြီ … ပထမ အဆင့်အနေနဲ့ဘဝ အောင်မြင်ဖို့အတွက်အရေးအကြီးဆုံးကတော့ နောက်ကလိုက်ဆိုကြည့်…
step (1) Wake the f**k up မင်းကိုယ်မင်း အရင်နိုးထလိုက်ပါ။
ဘယ်သူကမှ ရော့အင့် ပိုက်ဆံ တစ်ဘီလျံ ရော့အင့် လုပ်ငန်းကြီးတစ်ခု၊ ရောဒီမှာ ချမ်းသာဖို့ဆေးတစ်ခွက်ဆိုပြီးတော့ မင်းကို အဆင်သင့် လာပေးမယ်တော့ မအောင့်မေ့လိုက်နဲ့။ ဘယ်သူကမှလည်း မင်းကိုယ်လုံးလေးလှအောင်ရော့အင့်၊ မင်းလူတွေနဲ့ဆက်ဆံရင် အဆင်ပြေစေဆိုပြီး ရော့အင့်ဆိုပြီး လာပေးမှာတော့မဟုတ်ဘူး။ ဒါတွေအားလုံး မင်းလိုချင်ရင် မင်းကိုယ်တိုင် ဖန်တီးရလိမ့်မယ်။ မင်းအရင်ဆုံး ခြေလှမ်းတွေ လှမ်းရလိမ့်မယ်။ မင်အလုပ်တစ်ခုလုပ်နေမယ် မင်းမကြိုက်ဘူး မင်းထွက်လိုက်။
မင်းအလုပ်တစ်ခုလုပ်နေမယ် မင်းဘယ်လိုမှ ဆက်လုပ်ချင်စိတ်မရှိတော့ဘူး နားလိုက်တော့။ တစ်ချို့လူတွေမင်းအပေါ် မကောင်းကြဘူး ဘာအားနာနေမလဲ လှစ်ပေါ့။ သွားခွင့်ပေးလိုက်တော့။ မကြိုက်ဘူးမလား ထွက်သွားလိုက် ထွက် ထွက် ထွက် ထွက်… ဘယ်သူကမှ မင်းကို အတင်းကာရော ဆွဲမထားဘူးကွ။
တစ်ရက်တစ်ရက် အဆင်မပြေတာတွေ ငြီးတွားနေတာတွေ၊ ငြီးငြူနေတာတွေ စိတ်ပျက်စရာ စကားလုံးတွေပြောနေတာတွေ အားလုံးရပ်ထားလိုက်တော့။ မင်းကိုယ်တိုင်ကလွဲလို့ဘယ်သူကမှ မင်းကို အမှန်တကယ် မပြောင်းနိုင်ဘူးဆိုတာ နားလည်ထားလိုက်ဟေ့။
step (2) Invest in yourself မင်းကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် ရင်နှီးမြှုပ်နှံပါ
အဟမ်း ငါပြောချင်တာက မင်းဘာနဲ့ဘွဲ့ရရ ဘယ်ကျောင်းကပဲ အောင်အောင် ငါလုံးဝ ဂရုမစိုက်ဘူး။ အားလုံး ခုချိန်ကစလို့ခေါက်ထားလိုက်တော့။ ငါလုပ်စေချင်တာတွေက မင်းတစ်နေ့စာအုပ်တစ်အုပ်ပြီးအောင်ဖတ် Workshop ဆိုတဲ့ ပညာရှင်တွေ ရှင်းပြတဲ့ ဦးဆောင်တဲ့ ဟောပြောပွဲ သင်တန်းတိုတွေတက် မင်းကို အကောင်းဆုံးသင်ပေးမည့် လမ်းညွှန်သူ နည်းပြကောင်းကောင်းတစ်ယောက်ရှာ စာအုပ်ထဲက အကြောင်းအရာတွေကို လက်တွေ့သင်ပေးမယ့် ပညာရှင်တွေဆီသွားစေချင်တာ။ ဒါတွေကို မင်းတကယ် လုပ်ချင်ပြီဆိုရင်တော့ မင်းကို ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်တော့ဘူး။
မင်းကိုယ့်ကိုယ် မေးခွန်းတစ်ခွန်းမေးကြည့် နောက်ဆုံးဘယ်တုန်းက အကျိုးရှိတဲ့ စာအုပ်တစ်အုပ်လှန်လိုက်သလဲလို ။ ဒီမှာ ပြောမယ်။ လေ့လာချက်တွေအရ တက္ကသိုလ်တစ်ခုခုက အောင်လာတဲ့ လူတွေရဲ့ ၇၀% က စာအုပ်တွေ မဖတ်ကြတော့ဘူးတဲ့ဗျာ။ ဘယ်လောက်စိတ်ပျက်ဖို့ကောင်းလိုက်သလဲ။ မင်းရဲ့ စိတ်ဓာတ်တွေ မြှင့်တင်လိုက် မင်းရဲ့ ယုံကြည့်ချက်တွေကို ပြုပြင်လိုက် မင်းရဲ့ သံချေးတက်နေတဲ့ ဦးနှောက်ကို ဆေးကြောလိုက်စမ်းပါ။ မင်းရဲ့ ဒိတ်အောက်နေတဲ ရှေးဟောင်း အတွေးအခေါ်တွေကို ခေါက်ထားလိုက်တော့ကွာ။ ငါကတော့ ငါကို အကြံလာတောင်းတဲ့ ကုမ္ပဏီတွေ လူငယ်အဖွဲ့တွေကို ပြောလေ့ရှိတယ်။ မင်းတို့တစ်တွေ Workshop လေးတွေလုပ်ကြပါ။ အနည်းဆုံး တစ်လ တစ်ခါတော့လုပ်ပါပေါ့။ မင်းရဲ့ ခေါင်းထဲကအသိတွေကို အဆင့်မြှင့်ဖို့လိုတယ်။ ဘာမှာ ဆင်ခြေဆင်လက်တွေ လာပေးမနေနဲ့တော့ဟုတ်ပြီလား။ မင်းကိုယ်မင်းခု အမေရိကန်မှာသဘောထား။ မနက်ဖန် မင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံရောက်ပြီ။ တကယ်နောက်နေ့အင်္ဂလန် သဘက်ခါ သြဇီသွားတယ်ဆိုပါတော့ကွာ။ ဘာတွေ မင်းတွေ့မလဲ တစ်နိုင်ငံနဲ့တစ်နိုင်ငံကြားမှာ မတူညီတဲ့ အတွေးအခေါ်၊ မတူညီတဲ့ စီးပွားရေးလုပ်ဆောင်ချက်တွေ အများကြီးမှ အများကြီး မင်းလေ့လာနိုင်တယ်လေ။
မင်းကိုယ့်ခေါင်းထဲမှာ ကိုယ်တိုင်ရင်းနှီးမြှုပ်နှံထားတာတွေဟာ ဘယ်နေရာမဆို မင်းယူသွားလို့ ရပြီလေ။ ကမ္ဘာကျော်သန်းကြွယ်သူဌေးကြီး ဝေါရန့်ဘူဖတ် တစ်ခါကပြောဖူးတယ်။ သူ့တစ်သက်နဲ့တစ်ကိုယ် သူ့ဘဝမှာ အမှန်ဆုံးနဲ့အကောင်းဆုံး ရင်နှီးမြှုပ်နှံမှုဟာ ဘာလည်းဆိုတော့ သူအင်တာဗျူး တစ်ခုမှာပြောခဲ့ဖူးတယ်။ သူဟာ ဒေါ်လာ ၅၀၀တန်တဲ့ ဒေးလ်ကာနဂျီရဲ့ သင်တန်းကို တက်ပြီး ရင်းနှီးမြှုပ်နှံလိုက်တာခုတော့ သူဟာဘီလျံနာဖြစ်နေပြီ။ ကဲ ဘယ်လောက် လေးစားအံ့သြဖို့ကောင်းလိုက်သလဲ။ မင်းကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံ ဖို့မသတီဘူးလား မင်းသောက်ရမ်းမတော်လာချင်ဘူးလား။
အေး… မင်းတစ်ခုတော့ သိထားရမယ်။ မင်းစာအုပ်တွေဖတ် အရည်ကျိုသောက်နေရုံနဲ့တော့ဘာမှ ဖြစ်လာမှာတော့မဟုတ်ဘူး။ မင်းဖတ်ရမယ်၊ သင်ကြားရမယ်၊ လက်တွေ့ဘဝမှာ မင်းအသုံးချရမယ်ကွ။ ဒီမယ် မင်း အူတူတူ အတတတော့ လုပ်မနေနဲ့တော့။ မင်းလူတိုင်းထက် ပိုတော်ရမယ် ထက်မြက်အောင်လုပ်ရမယ်။
မင်းပတ်ဝန်းကျင် လောက ကမ္ဘာကြီးထဲကို နည်းနည်းလေး လေ့လာကြည့်လိုက်။ ခေါင်းဆောင်ကြီးတွေ ဘီလျံနာကြီးတွေ သူတို့ဘာတွေထူးခြားနေလည်း။ အဖြေကရှင်းရှင်းလေး မင်းတို့ငါတို့ထက်သူတို ပိုပြီး Smart ဖြစ်တယ် ပိုကြိုးစားတယ်လေ။ မင်းတို့ငါတို့မသိသေးတာတွေ သူတို့အများကြီးသိတယ်ကွ။ ဒါဟာဘာကိုပြသလည်းဆိုရင် ငါတို့ကြိုးစားရမယ် အများကြီးလေ့လာရမယ်။ ကိုယ့်ဖာသာကိုယ် ရင်နှီးမြှုပ်နှံတာတွေ လုပ်ကြရလိမ့်မယ်။ နေ့တိုင်းနေ့တိုင်း နောက်နေ့တွေ မရှိသကဲ့သို့အကောင်းဆုံးမင်းကြိုးစားရမယ်ကွ။
step (3) Friends မိတ်ဆွေ အပေါင်းအသင်းတွေ
မင်းခု ဘယ်လိုလူတွေနဲ့မိတ်ဆွေလုပ်ထားလည်း မင်းရဲ့ သူငယ်ချင်းတွေ ငါ့ကို ပြစမ်း မင်းရဲ့ ဖြစ်လာမယ့် အနာဂတ်ပုံရိပ်ကို ငါမင်းကိုပြောပြလိုက်မယ်။ မင်းရဲ့သူငယ်ချင်းဟာ ချီးထုတ်တွေ၊ အသုံးမကျတဲ့ကောင်တွေ ၊ငြီးတွားပြီး ဆင်ခြေတွေ ပေးနေတဲ့ ကောင်တွေဆိုရင်မင်းတော့သွားပြီမှတ်။ မင်းလည်း ချီးထုတ်ကောင် ငြီးတွားတဲ့ကောင် ၊ဆင်ခြေဆင်လက်တွေ လောက်ပဲ ပေးဖို့လောက်ပဲသိတဲ့ကောင်ဖြစ်လာမှာပဲ။
မင်း မိတ်ဆွေတွေဟာ တစ်နှစ်ကို ကန်ဒေါ်လာ ငါးသောင်းထိ ရှာနိုင်ရင် ဘာဖြစ်မယ်ထင်လည်း မင်းလည်း အဲ့ဒီလောက် ရှာနိုင်လာမှာပဲကွ။ ဒီတော့ ငါပြောချင်တာက မင်းရဲ့ အပေါင်းအသင်းဆိုတဲ့ အဝန်းအဝိုင်းကို မင်းအဆင့်မြှင့်တင်ရလိမ့်မယ်။ ဂျွန်စတီဗင်နဲ့ငါတို့ပြောခဲ့ဖူးတယ်။ မင်းအပေါင်းအသင်း မိတ်ဆွေတွေကို ABC အုပ်စုခွဲပြီး မြင်ကြည့်လိုက်ပါ။ မင်းသိထားရမှာက မင်းအချိန်ဟာ သိပ်တန်ဖိုးရှိတယ် မင်းရဲ့ စွမ်းအင်တွေဟာ တန်ဖိုးရှိတယ်။ ဒီတော့မင်းကို အရေမရ အဖတ်မရလာပြောတဲ့ လူတွေနဲ့မင်း မချိန်ဖြုန်းချင်သေးလား။ ဘယ်ဟုတ်ပါ့မလည်းကွာ။ မင်းဘဝကို မြှင့်တင်ပေးမယ့် A အဆင့် မိတ်ဆွေတွေနဲ့ပဲမင်းအချိန်ကုန်ခံတော့မှာပေါ့။
ဘာဖြစ်လို့လည်းဆိုရင်တော့ ငါဟာ အဲ့ဒီလူတွေရဲ့ အရည်အချင်းတွေကို အတုယူချင်တယ်။ သူတို့ရဲ့လုပ်ပုံကိုင်ပုံတွေကို ငါလေ့လာချင်တယ်။ သူတို့ပြောတဲ့ ဗဟုသုတတွေကို ရှာဖွေဆည်းပူးချင်တယ်လေ။ သူတို့ရဲ့ အဆင့်အတန်းရောက်အောင်ငါကြိုးစားချင်တယ်။ ဒီလိုပဲ ဖြစ်ရမှာပေါ့။
သိပ္ပံနည်းကျလေ့လာမှုတစ်ခုအရဆိုရင် မင်းရဲ့သူငယ်ချင်းအပေါင်းအသင်းမိတ်ဆွေတွေကို ပေါင်းလိုက် ဘယ်လောက်ထိ အရည်အသွေးရှိသလည်း ဆင်ခြင်လိုက်။ ပြောချင်တာက မင်းရဲ့ သူငယ်ချင်းလောက်ပဲမဟုတ်ဘူးနော်။ မင်းဘေးမှာ ဝန်းရံထားတဲ့ လုပ်ဖော်ကိုင်ဖက်တွေ မင်းရဲ့ မိသားစုဝင်တွေ အားလုံး အားလုံး မင်းဟာ ဘယ်လိုလူမျိုးဖြစ်လာမလည်းဆိုတာကို သူတို့တွေဟာ သွယ်ဝိုက်ပြီးကိုယ်စားပြုနေကြတာပဲလေ။ ဒါကြောင့် မင်းကို ဖျက်လိုဖျက်ဆီးလုပ်မယ့်သူတွေကို မင်းဆီကနေ ထွက်ခွာခွင့်ပေးလိုက်။ မိတ်ဆွေကောင်းတွေ များများရှာ။ ဟုတ်ပြီလား။
မင်းကိုယ်မင်းဘယ် အတိုင်းအတာအထိ သွားမလည်းပေါ်မူတည်ပြီး မင်းရဲ့ Frequency ဆိုတဲ့ ပေါက်ရောက်နိုင်မယ့် လိုင်းထဲရောက်အောင် မင်းညှိယူရလိမ့်မယ်။ မင်းခပ်နိမ့်နိမ် လိုင်းထဲမှာနေရင် မင်းဟာ ခပ်ညံ့ညံ့ အတန်းအစားကနေ တက်လာမှာကိုမဟုတ်ဘူးကွ။ မင်းကိုယ့်ကိုယ် အမြင့်ဆုံးထိတွန်းတင်ရလိမ့်မယ်။
step (4) Hunger မင်းဟာ အမြဲတမ်း တွန်းအားတွေပြည့်နေရမယ် အမှန်တကယ် ဘဝတိုးတက်မှုကို အမြဲဆာလောင်နေဖို့လိုမယ်
တစ်ရက် တစ်ရက် မင်းဘဝတိုးတက်ဖို့မင်းဘယ်လောက်ထိ ရင်နှီးမလဲ။ မင်းတိုးတက်ဖို့မင်း ဘာတွေ လေ့လာမယ် ဘာတွေသင်ယူမလဲ။ ငါဆိုချင်တာကတော့ မင်းကိုယ့်ကိုယ်ကို ဘယ်တော့မှမလိမ်နဲ့။ မင်းရဲ့ တိုးတက်ခြင်းကို ဆာလောင်မှုဟာ အမြဲရှိနေရမယ်။ အေး ဟုတ်ပြီ ဒါဆိုရင် မင်းစူပါမင်းလို အားတွေ အမြဲရှိနေလိမ့်မယ်။ မင်းကိုယ်မင်း စူပါမင်းလို့စိတ်ထဲ ညွှတ်ယူကြည့်စမ်း မင်းစူပါမင်းလို အားတွေရှိလာမယ်။ မင်းကိုယ်မင်း လက်ဝှေ့အကျော်အမော် မိုက်တိုင်ဆန်လို မြင်ကြည့်လိုက်စမ်း ဘယ်ပြိုင်ဖက်မျိုးမဆို မင်းထိုးသတ်ဖို့ဝန်မလေးတော့ဘူး။
နောက်ဆုံးအဆင့် Step (5) Adaptable သို့မဟုတ် Antifragile (မင်းဘယ်လောက်ခံနိုင်ရည်ရှိမလည်းဆိုတာပဲ
မင်းဘဝမှ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမှ မင်းတုန်လှုပ်မနေနဲ့။ အသစ်အဆန်းတစ်ခုလုပ်မလား လုပ်လိုက်။ ပညာရပ်တစ်ခု လက်မှုအတတ်ဖြစ်ဖြစ် သစ်ဖို့လိုအပ်မလား သင်လိုက်စမ်း။ မင်း ရဲ့ လုပ်ငန်းကြီးကျယ်ဖို့ပိုက်ဆံလိုက်ချေးဖို့လိုမလား မင်းလိုက်ချေးလိုက်။ မင်းလုပ်ငန်းတိုးတက်ဖို့တစ်မြို့လုံးပတ်ပြီး အလုပ်လုပ်ဖို့လိုအပ်မလား လုပ်လိုက်စမ်း။ ကမ္ဘာ့သမိုင်းထဲက ပုံပြင်တွေ မင်းတွေ့မယ် အလက်ဇန်းဒါးဘုရင်တို့ ဂျိမ်းမက်ကမ်းတို့လို မင်းကမ္ဘာကြီးကို ကိုင်လှုပ်နိုင်မလား။ ဘယ်လုပ်နိုင်ပါ့မလည်းကွာ။ သူတို့နဲ့မင်းတို့ငါတို့မတူညီတဲ့ အချက်ဟာ ခံနိုင်ရည် ဘယ်လောက်ရှိသလဲဆိုတာ မှာကွားခြားသွားတာပဲ။
အဲ့လိုလူမျိုးတွေက စိန်ခေါ်မှုတစ်ခုခုကြောင့် ဘယ်ယိမ်းမလား ရတယ် ညာယိမ်းမလားရတဲ့လူမျိုးတွေကြီးပဲ ဆိုတာသိထားလိုက်။ မင်းဟာ ရေ လိုကျင့်ရမယ်။ ရေဟာ ဘယ်လို နေရာဖြစ်ဖြစ် လိုအပ်သလို ပုံသွင်းလို့ရတယ်။ ခံနိုင်ရည်ရှိနေတယ်လေ။ မင်းခံနိုင်ရည်ရှိပြီလား ဆိုတာ ကိုယ့်ကိုယ် ပြန်မေးကြည့်လိုက်။ အေး မရှိသေးဘူးဆိုရင်တော့ မင်းခုထိ အိပ်ပုပ်ကြီးနေသေးလို့ပဲ။
ကဲ ငါပြောချင်တာ ဒါပဲ။ မင်းဒါတွေကို ဘယ်လို ကိုင်တွယ် မလဲဆိုတာမူတည်ပြီး မင်းဘဝ ဘယ်လောက်ထိ ပြောင်းလဲ သွားမယ် တိုးတက်သွားမလဲဆိုတာ မင်းသိလာလိမ့်မယ်။ အချိန်ကာလ၏ တိုက်စားခြင်းမှ ကင်းသော မေတ္တာအနန္တဖြင့် …
CRD...... ဆြာသိန်း (ဘာသာပြန်)
15/03/2025
မင်္ဂလာနေ့ လယ်ခင်းပါ
သဘာဝကိုမြတ်နိုးသူတိုင်းအတွက်လင်းလက်
29/09/2024
အဆီကျဆေးတွေသောက်နေတုန်းဘဲလားမိတ်ဆွေ
သဘာဝကျကျအဆီကျချင်သူများအတွက်
လင်းလက်သဘာဝထုတ်ကုန်လေး
3in1-24000
#ရန်ကုန်တောင်ဥက္ကလာပကိုယ်စားလှယ်
#ပင်ရင်းနတ်မောက်
☎️0948581874,vb,cb
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |

29/08/2025