MoeMoe Thae

MoeMoe Thae

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MoeMoe Thae, Health/Beauty, Yangon.

09/07/2025

အကြည်ဓါတ်ရှိတယ်ဆိုတာ
အတွင်းစိတ်နှလုံးက စိတ်ကောင်းရှိလို့
ရောင်ပြန်ဟပ်တဲ့ ကိုယ်ရှိန်ကိုယ်ဝါ တမျိုးပါပဲ ။

ရုပ်ချောတာ မချောတာ
ဈေးကြီးပစ္စည်းတွေ
ဝတ်နိုင်တာ မဝတ်နိုင်တာနဲ့ မဆိုင်ပါဘူး ။

🔹အမှန်တရားကိုမြင်တာ လက်ခံနိုင်တာ
🔹အကောင်းမြင်စိတ်ရှိတာ
🔹တရားမျှတစိတ်ရှိတာ
🔹ပေးကမ်းလိုစိတ်ရှိတာ
🔹ကိုယ်ချင်းစာစိတ်ကြီးတာ
🔹ကြင်နာသနားတတ်တာ
🔹တာဝန်ယူတတ်တာ
🔹အားလုံးကို ကောင်းစေချင်တာ
🔹ငြူစူစောင်းမြောင်းမှု ကင်းတာ
🔹စိတ်ရှင်းပြီး အထအန မကောက်တတ်တာ
🔹ပြိုင်ဆိုင်မှု မနာလိုမှုတွေ ကင်းတာ
🔹အော်ကြီးဟစ်ကျယ် ရန်မဖြစ်တတ်တာ
🔹နင်ပန်းငဆ မပြောတတ်တာ
🔹ကြမ်းတမ်းတဲ့ စကားတွေ မသုံးတတ်တာ
🔹အတင်းအဖျင်း မပြောတာ
🔹ကုန်းချောစကား မပြောတာ
🔹မဟုတ်တာလုပ်ရမှာ အရှက်အကြောက်ရှိတာ
🔹မိမိကြောင့် သူတပါး မနစ်နာစေတာ
🔹နိုင့်ထက်စီးနင်း မလုပ်တာ
🔹ကျေးဇူးတရားကို သိတတ်တာ
🔹ကိုယ်ကစပြီး ခွင့်လွှတ်တတ်တာတွေ ဖြစ်တယ် ။

တချို့လူတွေ
အဖိုးတန် (Branded)တွေဝတ်ထားပေမယ့်
🔸 စိတ်ကောင်းမရှိတာ
🔸 စိတ်ပုပ်တာ
🔸 မတရားအနိုင်ကျင့်တတ်တာ
🔸 မြေနိမ့်ရာလှံစိုက်တတ်တာ
🔸 မနာလိုစိတ် အားကြီးတာ
🔸 ကျေးဇူးမသိတတ်တာ
🔸 အထအနကောက် ငြင်းခုန်တတ်တာ
🔸 ငြူစူတတ်တာတွေကြောင့်

ဘယ်လိုပဲ အကုန်အကျများစွာ
ဝတ်စား ပြင်ဆင်ထားပါစေ ။
ပင်ကိုယ် စိတ်နှလုံး ရဲ့ အလင်းရောင် မရှိတော့...
အကြည်ဓါတ် မရှိပါဘူး....
(ကျက်သရေကင်းမဲ့ နေတတ်ပါတယ်)

🌸 စိတ်ရှင်းရင် မျက်နှာရှင်းမယ်..
🌸 စိတ်လှရင် လူလှမယ်....

12/03/2024

ကိုယ်အပေါ်မကောင်းတဲ့လူတွေလည်း
ခွင့်လွှတ်တတ်လာတယ်
နာကျင်စရာ ဒဏ်ရာတွေများလာတဲ့အခါ
ကိုယ့်ကိုယ်ကို ဖြေသိပ့်တတ်လာတယ်။

ကိုယ့်အပေါ်မကောင်းခဲ့လို့လည်း
စိတ်ထဲမထားတော့သလို
အရာအရာအားလုံးကို သည်းခံပြီး
ဥပေက္ခာပြုတတ်လာတယ်။

ကိုယ်နဲ့မတိုက်ဆိုင်တဲ့ လူတချို့ကိုလည်း
ဝင်လာပါလို့လည်းမခေါ်တော့ဘူး
ကိုယ့်ဘဝအတွက်တိုက်ဆိုင်ရင်
သူတို့ဝင်လာလိမ့်မယ်။

နာကျင်စရာတွေများလာတဲ့အခါ မိမိကိုယ်ကိုယ် ဖြေသိပ့်တတ်လာတယ်။

ကိုယ့်နားမှာအဖော်မရှိတဲ့အခါ မွေးကတည်းက
တစ်ယောက်ထည်းဆိုပြီး မိမိကိုယ်ကို
အဖော်ပြုတတ်လာတယ်။

ကိုယ်အဆင်မပြေဖြစ်တဲ့အခါ
ဘဝဆိုတာဖြောင့်ဖြူးတယ်မရှိဘူး
အရာအားလုံးက ခဏလေးပါဆိုပြီး မိမိကိုယ်ကိုယ်
အဆင်ပြေအောင်နေတတ်လာတယ်။

လူတိုင်းကိုယ့်အပေါ်မကောင်းနိူင်ဘူး ဒါကြောင့်မို့
မကောင်းတဲ့လူတွေကို သည်းခံခွင့်လွှတ်ပြီး
ကောင်းတဲ့လူတွေကို
တန်ဖိုးထားတတ်လာတယ်။

12/03/2024

•••သင်အဆင်ပြေနေရင်
သင့်အကြောင်း အကောင်းပြောမယ်
သင်အဆင်မပြေရင် သင့်အကြောင်း
မကောင်းပြောကြမယ် ဒါကလောကသဘာဝပါပဲ။

•••သင်နဲ့ အဆင်ပြေတဲ့အချိန်တော့
စကားတွေက ချိုသာပြီး
သင်နဲ့ အဆင်မပြေတော့တဲ့အခါ
စကားတွေက ခါးသွားကြလိမ့်မယ်။

•••ချီးမွမ်းခြင်းမှာလည်း မပျော်မွေ့နဲ့
ကဲ့ရဲ့ခြင်းမှာလဲ စိတ်မထိခိုက်နဲ့
သင်ဘယ်လောက် ကောင်းအောင်နေနေ
သင့်ကို မကြိုက်တဲ့သူကတော့
သင့်ကို မကောင်းပြောမှာပဲလေ
လူတိုင်းကြိုက်အောင်
နေပြဖို့မလိုဘူး
လူတိုင်းအပေါ် ကိုယ်ချင်းစာစိတ်
ထားတတ်ဖို့ပဲလိုပါတယ်။

•••ပတ်ဝန်းကျင်ကို လိုအပ်တာထက်ပိုပြီး
ဂရုမစိုက်မိစေနဲ့
သင်အဆင်ပြေနေရင် သာ မလိုကြ တာ
သင်အဆင်မပြေရင်
ကြိတ်ဝမ်းသာနေတတ်တာမျိုး။

#ℂ𝕣𝕖𝕕𝕚𝕥 𝐭𝐨 𝐨𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐰𝐫𝐢𝐭𝐞𝐫.
မူရင်းစာရေးသူ ကိုလေးစားစွာဖြင့် ℂ𝕣𝕖𝕕𝕚𝕥 ပေးပါသည်။

28/02/2024

အားနာသင့်တာထက်မပိုပါနဲ့
_____________________

🌺လွယ်လွယ်နဲ့ ရရင်
ဘယ်လိုလူမျိုးကမှ တန်ဖိုးမထားဘူး
ဒါကြောင့် ဘယ်အရာပဲဖြစ်ဖြစ်
အားနာလို့ ဆိုတဲ့ စကားတစ်ခွန်းနောက်ကွယ်မှာ
ကိုယ့်ရဲ့တန်ဖိုးကို အလကားမပေးမိပါစေနဲ့။

🌺ပျော် စေချင်လို့ ရောလိုက်တဲ့အခါ
ပေါ တယ်ထင်တာမျိုး
အလိုက်သိစွာနဲ့ လုပ်ပေးလိုက်တဲ့အခါ
ခိုင်းလို့ရတယ် ထင်တာမျိုး
ချစ်လို့ အနစ်နာ ခံပေးတဲ့အခါ
သိက္ခာပါ ချနင်းခံရတာမျိုး...

🌺ဒီလိုတွေ ကြုံတွေ့ရတဲ့အခါ
အားနာခြင်းရဲ့ ဓားထက်က
လမ်းလျှောက်နေသူက ကိုယ်ပဲမဟုတ်လား။

🌺ဒါကြောင့် ကိုယ်ပေးဆပ်ရတဲ့ အရာတွေနဲ့တန်တဲ့
တန်ရာတန်ကြေးတော့
ရအောင်ယူပါ ....
လောကမှာ...
ချစ်ခြင်း‌ပဲ‌ဖြစ်စေ...
စေတနာဖြစ်စေ...
ဘယ်အရာမှ အလကားမရပါဘူး။

🌺မေတ္တာပေးလို့ မေတ္တာ ပြန်မရချင်နေပါစေ
တချို့တွေက ကိုယ်ပေးသလောက်
ပြန်မရတဲ့အပြင် ကိုယ့်အတွက်
ဝေဒနာတွေပဲ ချန်ခဲ့တာမျိုးဖြစ်တတ်ပါတယ်။

🌺အိမ်တစ်အိမ်မှာပဲဖြစ်စေ
အလုပ်ခွင်မှာပဲ ဖြစ်စေ
Relationship တစ်ခု
အိမ်ထောင်တစ်ခု စတဲ့ဘယ်လိုပေါင်းသင်းဆက်ဆံရေးဖြစ်ဖြစ် အလိုက်သိတတ်လွန်းသူ အနစ်နာခံသူက ပိုပင်းပန်းရသလို
ကိုယ့်အတွက် ကိုယ်မငဲ့ပဲ
အရာအားလုံးကို ထမ်းပိုးထားသူ
စေတနာလွန်ကဲသူက လောကမှာ
အပင်ပန်းဆုံးသူပါ။

🌺ဒါကြောင့်
လူတိုင်းကို မေတ္တာပေးပါ
ချစ်ခြင်းနဲ့ စေတနာကိုတော့
ပေးတဲ့အခါ လူရွေးမှန်ပါစေ
အားနာခြင်းကို အကြောင်းပြပြီး
ကိုယ့်ပေးဆပ်မှုနဲ့ မတန်တာတွေအတွက်
အသုံးချခံ မဖြစ်ပါစေနဲ့။

19/12/2023

ဘဝ ဆိုတာ ...
ကိုယ်ပြုတဲ့ ကံအတိုင်း
ကိုယ်ပြန် အစီရင်ခံရပါတယ် ။

တချို့လူတွေ
ကံကောင်းနေတာမဟုတ်ဘူး
အမှန်က စိတ်ကောင်းနေတာ

တချို့လူတွေ
ကံဆိုးနေတာမဟုတ်ဘူး
အမှန်က စိတ်ဆိုးနေတာ

လောကမှာ
အဆင်ပြေတာလည်း အကြောင်းရှိတယ်...
အဆင်မပြေတာလည်း အကြောင်းရှိတယ်...

ဆင်းရဲတာလည်း အကြောင်းရှိတယ်...
ချမ်းသာတာလည်း အကြောင်းရှိတယ်...

ပျော်ရွှင်ရတာလည်း အကြောင်းရှိပြီး
နာကျင်ရတာမှာလည်း အကြောင်းရှိပါတယ် ။

ကိုယ့်ရဲ့အတွေး၊ ကိုယ်ပြောတဲ့စကား
ကိုယ်လုပ်တဲ့ အလုပ်၊ ကိုယ်ထားတဲ့ စိတ်ထား
ကိုယ့်ကျင့်တဲ့ သိက္ခာတရားတွေဟာ
ကိုယ့်ရဲ့အနာဂတ်နဲ့ ဘဝဖြစ်လာတာပါပဲ..
ဘယ်သူကြောင့်မှ မဟုတ်သလို
ဘယ်သူမကောင်းလို့မှလည်း မဟုတ်ပါဘူး

ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ
ဒါတွေဟာ ကိုယ့်ပြုခဲ့တဲ့အကြောင်းရဲ့
နောက်ဆက်တွဲ အကျိုးတွေပါပဲ...

ဒါကိုနားလည်ထားရင်
ဘယ်သူကောင်းကောင်း မကောင်းကောင်း
ကိုယ်ကောင်းဖို့သာ အရေးကြီးပါတယ် ။

စေတနာဆိုးရင် ကံဆိုးမှာဖြစ်ပြီး
စေတနာကောင်းရင် ကံကောင်းပါလိမ့်မယ်

စိတ်ထားလှရင် ဘဝလှပြီး
စိတ်ထားဆိုးရင် ဘဝလည်းဆိုးသွားပါလိမ့်မယ်

ဘဝဆိုတာ
စက်ဝိုင်းတစ်ခု ရေးဆွဲတဲ့အခါ
စဆွဲတဲ့နေရာမှာ ပြန်အဆုံးသတ်ရသလို
ကိုယ်ပြုလုပ်တဲ့အရာမှန်သမျှဟာ
ကိုယ့်ဆီမှာ ပြန်လာပြီး အဆုံးသတ်တာပါပဲ ။

ဒီတော့
ကောင်းတာတွေနဲ့ ဘဝတစ်ခု ဆုံးဖို့အတွက်
အခုကတည်းက ကောင်းတာတွေနဲ့ပဲ
ဘဝကို အစပျိုးလိုက်ပါတော့...

ဘဝမှာ
ကိုယ့်ကို သူများက
လာမလုပ်စေချင်တဲ့အရာကို
ကိုယ်က အရင် သွားပြီးမလုပ်ရပါဘူး ။

တကယ်လို့
ကိုယ်လိုချင်တဲ့အရာတွေရှိရင်တော့
အဲအရာကို ကိုယ်က အရင်ပေးရပါတယ် ။

ဘဝဆိုတာ
ကိုယ်ပြုတဲ့ကံအတိုင်း
ကိုယ်ပြန်အစီရင် ခံရပါတယ် ။

#ဆရာတော်အရှင်ဆန္ဒာဓိက
(ရွှေပါရမီ တောရ)

12/12/2023

လူရာဝင်ချင်ရင် အသုံးကျအောင်လုပ်
××××××××××××××××××××

ပညာတတ်ချင်တတ်မယ်၊
ဘွဲ့ရချင်ရမယ်၊
အသုံးမကျရင် လူရာမဝင်ဘူး။

ပတ်ဝန်းကျင်အတွက်
မင်းဟာအမြဲတမ်း
အသုံးဝင်နေအောင်လုပ်ပါ။

တချို့ဆိုရင် ပညာမတတ်ဘူး၊
ဒါပေမယ့်
ရပ်ကွက်ထဲမှာ
သူ့နည်းနဲ့သူ အသုံးဝင်အောင်လုပ်တယ်။

အဲဒါကြောင့်
လူရာဝင်တယ်ဆိုတာ
ကိုယ့်ကိုယ်ကိုအသုံးဝင်အောင်လုပ်တာ။

ဘာမှအသုံးမဝင်ရင်
အသုံးမကျတဲ့ကောင်ဖြစ်သွားမှာပေါ့။

ဆရာကြီးဦးအောင်သင်း


စာအုပ်စာပေ လူ့မိတ်ဆွေ
crd

01/10/2023

“ သူ ” မရှိတော့လို့
အဆင်မပြေတော့ဘူးဆိုတာ မရှိပါဘူး ။
“ သူ ” မရှိဘဲ မနေချင်ရုံလေးပါ ။

“ သူ ” မရှိတော့လို့
အထီးကျန်နေရပြီဆိုတာ မရှိပါဘူး ။
“ သူ ” မရှိဘဲ မပျော်ချင်ရုံလေးပါ ။

“ သူ ” က လွဲပြီး
ဘယ်သူ့ကိုမှ လက်မတွဲနိုင်တာ မဟုတ်ပါဘူး ။
“ သူ ” မဟုတ်ရင် မပတ်သက်ချင်တော့တာပါ ။

အမှတ်တရတွေကို မေ့မရတာ မဟုတ်ပါဘူး ။
မေ့မပစ်ချင်ခဲ့တာ ။

အရာရာဟာ ကိုယ့် ရွေးချယ်မှုပါပဲ ။
ဒါပေမဲ့ “ သူ ” မှ မဟုတ်ရင်ဆိုတဲ့ “ စည်း ” တစ်ခုနဲ့
ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်ထားတဲ့
“ အချစ်ကြီးသူ ” တစ်ယောက်ပါပဲ....

#ကဗျာ_poem

29/09/2023

*ရိုးသားပါ။
သို့သော်
မတုံးအပါနှင့်။

*စာနာပါ။
သိူ့သော်
အားမနာပါနှင့်။

*နားလည်ပေးပါ။
သို့သော်
အလှည့်စားမခံပါနှင့်။

*ခွင့်လွှတ်ပါ။
သိူ့သော်
မေ့မပစ်ပါနှင့်။

*ဖြူစင်ပါ။
သို့သော်
အလိမ်ညာမခံပါနှင့်။

*တည်ငြိမ်ပါ။
သို့သော်
မအေးစက်ပါနှင့်။

*ပြတ်သားပါ။
သို့သော်
တစ်ကိုယ်ကောင်း မဆန်ပါနှင့်။

*ယဉ်ကျေးပါ။
သို့သော်
မနိမ့်ကျပါစေနှင့်။

*အိပ်မက်မက်ပါ။
သို့သော်
စိတ်ကူးမယဉ်ပါနှင့်။

*အတူနေပါ။
သို့သော်
အရမ်းမရောပါနှင့်။

#လူငယ်များအတွက့်စာကြည့်တိုက့် #ခွန်အားဖြစ်စေသောစာများ #ပြန်လည်မျှဝေပါသည် #စာပေ #ဗဟုသုတ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon