Skincare By Eaint
အိမ့်နဲ့အဆင်ပြေတဲ့အရာလေးတွေ သိသလော
03/11/2021
😍Skin layer ပါးတဲ့အတွက် တော်ရုံ facial scrub သုံးလို့မရတဲ့ အိမ်ရဲ့အသားရေတောင် အဆင်ပြေနေတဲ့ …..
Hop က Sugar Honey Facial Scrub လေး 😍
😁ပထမကတော့ အိမ့် ရဲ့ မျက်နှာ အသားရေက အရမ်း sensitive ဖြစ်တဲ့အတွက် စမ်းသုံးကြည့်မယ်ဆိုပြီး ဗူးသေးလေးအရင်မှာကြည့်တာ အရမ်းအဆင်ပြေလို့ ဗူးကြီးထပ်မှာထားပါတယ်နော် ...
နောက်မှ အသေးစိပ် review လေးပြန်တင်ပေးပါ့မယ်ရှင် ... 😍
31/10/2021
❗ငါးကြီးဆီ လို့ခေါ်တဲ့ fish oil ကို ဘာလို့သောက်သင့်လဲ ?
❗မိန်းကလေးတွေရဲ့ အလှအပအတွက် ဘာတွေများ အကျိုးသက်ရောက်မှုရှိလဲ ?
🥳ဆိုတာလေး ကိုပြောပြရင်းနဲ့ အိမ့်သောက်နေကျ fish oil လေးအကြောင်းပြောပြပေးသွားပါမယ်နော် ။
💁♀️ငါးကြီးဆီမှာ အဓိကအားဖြင့် Omega 3 and DHA တွေပါဝင်တာကြောင့် ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ကောင်းမွန်လာစေပြီးတော့ နှလုံးရောဂါဖြစ်နိုင်ခြေကိုလဲလျှော့ချပေးနိုင်ပါတယ်။
💁♀️ဦးနှောက်ရဲ့ ၆၀% လောက်က အဆီဖြစ်တဲ့အတွက်ကြောင့် အရည်သွေးကောင်းတဲ့ငါးကြီးဆီကို စားပေးခြင်းဖြင့်
👉မှတ်ဉာဏ်ပိုကောင်းလာစေခြင်း
👉စိတ်ကစဉ့်ကလျားဖြစ်ခြင်းများကိုလည်း လျှော့ချပေးနိုင်ပြီး အာရုံကြောစနစ်ကို ပိုမိုကောင်းမွန်လာစေတာကြောင့် သင်ယူမှုအပိုင်းတွေ လေ့လာမှုအပိုင်းတွေမှာပိုပြီး လေ့လာသင်ယူလို့ကောင်းတာစေခြင်း
👉နှလုံးအဆီဖုံးခြင်းနှင့် သွေးတွင်းအချိုဓါတ်ထိမ်းပေးနိုင်ပြီး ဆီးကြိတ်ကင်ဆာ၊ ဆီးချို မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ခြင်း
👉ဝက်ခြံ/ Allergy /အရေးအကြောင်း များကို သက်သာပျောက်ကင်းစေခြင်း
👉ကိုလက်စထရော ကျစေတဲ့အတွက် အဆီပိုများကိုလျှော့ချပေးနိုင်ပြီး ကိုယ်အလေးချိန်လျော့ရာမှာ အထောက်အကူပြုခြင်း
👉ကြာစူးပေါက်ခြင်းကို ကာကွယ်ကုသပေးနိုင်ခြင်း
👉အသားရေစိုပြေချောမွေ့စေခြင်း
စတဲ့အကျိုးကျေးဇူးတွေရရှိနိုင်တာကြောင့် ငါးကြီးဆီကို အနဲဆုံးတစ်နေ့တစ်ကြိမ်တော့ သောက်သုံးသင့်ပါတယ်နော်။
💁♀️အိမ့်ကတော့ ပုံထဲမှာပါတဲ့ Pai Ome lll ဆိုတဲ့ ငါးကြီးဆီလေးကို တစ်နေ့နှစ်ကြိမ်သောက်ဖြစ်ပါတယ်။
💁♀️သူက မြန်မာနိုင်ငံ FDA လဲရပြီးတဲ့အပြင် အလုံးသုံးဆယ်ပါတစ်ဗူးကိုမှ ၂၅၀၀ ကနေပြီးတော့ ၃၀၀၀ ကြားဆိုတော့ ဈေးနှုန်းလဲတော်လေးသင့်တဲ့အထဲမှာပါပါတယ်။
👉capsule တစ်တောင့်မှာ ငါးကြီးဆီ 1000mg ပါဝင်ပါတယ်။
👉သူက ဈေးသင့်တဲ့အပြင် စသောက်ပြီး တစ်ပါတ်အကြာမှာ အသားရေလေးက ကြည်ပြီး ရေဓါတ်ပြည့်နေသလိုလေးဖြစ်နေတာကို စပြီးသတိထားမိလို့ Try ချင်တဲ့သူလေးတွေရှိရင် အဆင်ပြေအောင် review လေး လာရေးပေးတာပါရှင်။
အိမ့်ရဲ့ review လေးကို အဆုံးထိဖတ်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။
21/10/2021
👋sheet mask တွေထဲမှာ Dermal sheet mask လေးက ရွေးစရာ အမျိုးပေါင်းအများကြီးရှိပြီး ဈေးသင့်တဲ့အပြင် Quality လေးလည်းကောင်းတာမို့သုံးရတာတော်တော်လေးအဆင်ပြေတဲ့ထဲမှာပါပါတယ်နော်။
👉အရင်ဆုံး သူသုံးထားတဲ့ အနံ့လေးတွေက အရမ်း mild ဖြစ်တဲ့အပြင် Fresh ပါဖြစ်တဲ့အတွက် တစ်နေ့လုံး ပင်ပန်းထားသမျှကို ပြေပျောက်စေပြီး relax ဖြစ်စေတာကတော့ အိမ့်အကြိုက်ဆုံးအချက်တွေထဲက တစ်ချက်ပါပဲနော်။
🙋♀️ပြီးတော့ Dermal sheet mask လေးကို ကပ်ပြီး ခွာလိုက်တာနဲ့ကို မျက်နှာကသိသိသာသာ ကြည်လာပါတယ်ရှင်။
👉သူ့ရဲ့ Texture ကလဲ ကျဲကျဲလေးနဲ့ လုံးဝစေးကပ်ပူလောင်တာမရှိဘဲ အသားထဲစိမ့်ဝင်လွယ်တာကြောင့် နောက်ထပ် serum,moisturizer တွေထပ်လိမ်းရတာလဲတော်တော်လေးကို အဆင်ပြေပါတယ်နော်။
👉မနက်ခင်း အိပ်ယာထလို့ မျက်နှာသစ်တဲ့အချိန်ကျရင်လဲ မျက်နှာလေးက နုအိ ပြီး ရေဓါတ်ပြည့်ဝပြီး အမဲစက်လေးတွေပါသက်သာလာတာကိုပါတွေ့ရပါတယ်ရှင်။
🤗အထုပ်ထဲမှာပါလာတဲ့ essence တွေကလဲ တစ်ကိုယ်လုံးလိမ်းလို့ရလောက်တဲ့ထိများတာကြောင့် ပေးရတဲ့ဈေးနဲ့တော်တော်လေးကိုတန်တဲ့ထဲမှာလဲပါပါတယ်။
❗️sheet mask လေးတွေကို အနည်းဆုံး ၁၀ မိနစ်လောက်ကနေစပြီး မိနစ် ၂၀ထက်ပိုမကပ်သင့်ပါဘူးနော်။
တစ်ညလုံးလဲကပ်မအိပ်ရပါဘူးရှင်။
ရေပြန်ဆေးချစရာလဲမလိုပါဘူးနော်။
Toner,Sheet Mask,Serum(မလိမ်းလဲရ),Moisturizer အဲ့အဆင့်တိုင်းလေးလိမ်းပေးလို့ရပါတယ်။
12/10/2021
🤗ဒီတစ်ခါမှာတော့ အိမ့်က အမျိုးသမီးတွေအတွက် သုံးရတာ အရမ်းအဆင်ပြေစေမဲ့ womea menstrual cup လေးနဲ့မိတ်ဆက်ပေးသွားပါမယ်နော်။
😊အိမ့် လွန်ခဲ့တဲ့ လေးနှစ်ကျော်လောက်တုန်းက M-cup လေးတစ်ခု online ကနေမှာသုံးကြည့်ပြီး အရမ်းသဘောကျလို့ဆိုပြီးနောက်ပိုင်း M-cup တော်တော်များများကို ဝယ်သုံးဖြစ်ခဲ့ပါတယ်။
😍အဲ့ဒီကနေမှတစ်ဆင့် လိုက်ရှာဝယ်ရင်း သူငယ်ချင်းတွေကိုလဲညွှန်းရင်းနဲ့ မဒီးနဲ့တူတူတိုင်ပင်မိပြီး M-cup လေးကို ကိုယ်ပိုင် brand လေးတစ်ခုထုတ်ဖို့ အစီစဉ်လေးတစ်ခု ဆွဲမိသွားရာကနေ womea လေးဖြစ်လာတာပါ။
👉Womea လေးရဲ့ အဓိကရည်ရွယ်ချက် ကတော့ အမျိုးသမီးတွေကို ဈေးသက်သက်သာသာနဲ့ quality ကောင်းတဲ့ အမျိုးသမီးအသုံးဆောင်ပစ္စည်းတွေကို သုံးလို့ရစေချင်တာပါရှင်။
🙋♀️M-cup လေးကို ဘာလို့အမျိုးသမီးတွေကိုသုံးစေချင်တာလဲဆိုရင်
1. Pad သုံးတဲ့အခါ ဖြစ်တဲ့ အနံ့ဆိုးထွက်တာ allergic ဖြစ်တာ ပွန်းတာ စတဲ့ ဒုက္ခတွေလုံးဝရှိတော့မှာမဟုတ်ပါဘူး။
2. M-cup လေးထည့်ထားရင် ရေပဲကူးကူး Gym ပဲဆော့ဆော့ အကုန်လုံးအဆင်ပြေနေစေမှာဖြစ်ပါတယ်။
3. ရာသီလာလို့ pad တွေသုံးပြီးရင် လွှင့်ပစ်ရတာ အရမ်းစိတ်ရှုပ်ဖို့ကောင်းတဲ့အလုပ်တစ်ခုပါနော်။ M-cup လေးကတော့ သွန်ပြီးဆေးကြောရုံပဲဆိုတော့ အမှိုက်လွှင့်ပစ်ရတဲ့ဒုက္ခတော်တော်လေးကို သက်သာစေပါတယ်။
4. M-cup တစ်ခုကို ငါးနှစ်ကနေစလို့ ဆယ်နှစ်ထိ အသုံးပြုနိုင်တာကြောင့် တစ်လတစ်ခါ pad ဝယ်ရတဲ့အလုပ်လဲသက်သာသွားပါမယ်ရှင်။
5. မိန်းကလေးအများစုက အိမ်မှာနေရင် under ware ချွတ်နေတက်ကြတာမို့ M-cup လေးထည့်ထားရင် ရာသီလာနေရင်တောင် under ware ဝတ်စရာမလိုတဲ့အတွက်တော်တော်လေးကို စိတ်ကျည်းကျပ်တာကိုသက်သာစေပါတယ်ရှင်။
6. ခရီးသွားရင်လဲ pad တွေဆောင်သွားမဲ့အစား M-cup လေးအိတ်ထဲကောက်ထဲ့သွားရုံပဲဖြစ်တာကြောင့် သုံးရတာ တော်တော်လေးကိုအဆင်ပြေစေတဲ့ အသုံးဆောင်လေးတစ်ခုပါနော်။
🥰အိမ့်တို့ ပထမ ဆုံးထုတ်လိုက်တဲ့ menstrual cup ပုံစံလေးကတော့ ခွက်အောက်မှာ ကွင်းလေးပါတဲ့ ring cup ပုံစံလေးပါရှင်။
🙋♀️ဘာလို့ ring cup လေးကို ထုတ်ပေးရလဲဆိုတော့ M-cup လေးကိုအထဲကနေပြန်ထုတ်ရတာလွယ်ကူစေချင်တာကြောင့်ရယ် လက်သည်းအရှည်လေးတွေထားတက်တဲ့ အမျိုးသမီးလေးတွေလဲပြန်ထုတ်ရတာ အဆင်ပြေစေချင်တဲ့ရည်ရွယ်ချက်နဲ့ထုတ်ပေးထားတာဖြစ်ပါတယ်ရှင်။
😁အိမ့်တို့ကိုယ်တိုင်လဲ စမ်းသုံးကြည့်ထားတာ ဆယ်လပါတ်ဝန်းကျင်လောက်စမ်းသုံးပြီးမှထုတ်ထားတာလေးဖြစ်တဲ့အတွက်ကြောင့် Quality ပိုင်းကိုတော့စိတ်မပူပါနဲ့နော်။
👉Size လေးကိုလဲ S size and L size ဆိုပြီးနှစ်မျိုးထုတ်ပေးထားပါသေးတယ်ရှင်။
👉M-cup ကိုခုမှစသုံးမှာ/ကလေးကိုခွဲမွေးထားတာ/သာအိမ်နိမ့်တဲ့သူလေးတွေကတော့ S size လေးကိုရွေးသုံးပေးပါနော်။ရာသီလာတာများတယ်ဆိုရင်လဲ လေးနာရီခြားတစ်ခါသွန်ပေးလို့ရပါတယ်နော်။
👉သားအိမ်မြင့်ပြီး ကလေးရိုးရိုးမွေးထားတဲ့သူလေးတွေကတော့ L size လေးကိုရွေးသုံးပေးပါနော်။
🥰ဈေးနှုန်းအားဖြင့်ကတော့ ပိုးသတ်ခွက်+M-cup+ခွက်ထည့်တဲ့အိတ် လေးပါအပြီးကိုမှ
- ၁၇၅၀၀ ကျပ်တည်းဖြစ်ပါတယ်ရှင်။
အသေးစိပ်လေးကို အောက်က link လေးထဲမှာဝင်ကြည့်လို့ရပါတယ်ရှင် ။
https://www.facebook.com/womeafeminineproducts/
08/10/2021
🥳Dermal က mask လေးတွေ အရမ်းမိုက်တယ်
😅ရွေးစရာတွေမှအများကြီးပဲ
😅ပျော်ပြီး ကြိုက်တာတွေ ရွေးလိုက် ၁၅ ထုပ်တောင်ဖြစ်သွားတယ်
ဒါတောင် နောက်ထပ်ရွေးစရာတွေအများကြီးကျန်သေးလို့ မနည်းစိတ်လျှော့ခဲ့ရတယ် ။
သုံးကြည့်ပြီးရင် review လေးပြန်ပြောပေးပါမယ်ရှငိ။
07/10/2021
Sheet mask လေးတွေ မသုံးဖြစ်တာလေးလလောက်ရှိပြီ ဆိုတော့ ....
ဒီနေ့ပြန်သုံးဖြစ်တယ် ...
Sheet mask လေးတွေကို သုံးသာသုံးနေတာ ဘယ်ဟာအဆင်ပြေလဲ ဘယ်ဟာပိုကောင်းလဲ သတိမထားမိဘူးဖြစ်နေတာ။
ခုကစပြီး sheet mask လေးတွေစမ်းသုံးပြီး
အသုံးဝင်ပုံ လေးတွေကအစ review လေးတွေလုပ်ပေးသွားပါမယ်နော် 😍😍😍
04/10/2021
👋The Ordinary Toning Solution လေးကို စမ်းသုံးကြည့်ချင်နေတဲ့သူလေးတွေရှိကြလားနော်?
🤩ဟိုတစ်ခါက The Ordinary က Alpha Arbuting serum လေးအကြောင်း review လေးပေးထားပြီဆိုတော့ ဒီတစ်ခါတော့ Toning Solution လေးအကြောင်းပြောပြပေးမယ်နော်။
👉အိမ့် ရဲ့မျက်နှာအသားရေက sensitive ဖြစ်တဲ့အပြင် skin layer ကလဲပါးတော့ တော်ရုံတန်ရုံ scrub တွေဆို သုံးလို့အဆင်မပြေပါဘူး။ အခန့်မသင့်ရင် rush ဖြစ်ပြီး ဖုလေးတွေထွက်လာတက်ပါသေးတယ်။
🙋ဆိုတော့ the ordinary ရဲ့ Toning Solution လေးက အိမ့်နဲ့တော်တော်လေးကို အဆင်ပြေပါတယ်။
Glycolic acid 7% ပါဝင်တဲ့အတွက်ကြောင့် AHA ဖြစ်ပြီး mild exfoliate လုပ်ပေးနိုင်တာကြောင့် မျက်နှာပေါ်မှာရှိနေတဲ့ cell အသေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
🥰အဆီဖုလေးတွေနဲ့ အမဲစက်လေးတွေကိုပါသက်သာစေတာကြောင့် တော်တော်လေးကိုအဆင်ပြေတဲ့ Toner လေးပါနော်။ (အဆီဖုကတော့ တော်တော်ကိုသက်သာတာ)
👉အိမ့်ကတော့ သူ့ကို သုံးရက်တစ်ခါလောက်ပဲ သုံးဖြစ်တယ်။ပုံမှန်ဆို MTK က Cica tea tree Toner လေးပဲသုံးဖြစ်ပါတယ်။
👉ပြီးတော့ သူ့ရဲ့အားသာချက်တွေက alcohol-free, oil-free, silicone-free, gluten-free, cruelty-free ဖြစ်တဲ့အတွက်ကြောင့် ဝက်ခြံသမားတွေအတွက် အတော်လေးကို အဆင်ပြေတဲ့ Toning solution လေးပါ။
02/10/2021
🥰Skincare lover လေးတွေအတွက် မြင်ဖူးနေကျ brand တစ်ခုဖြစ်တဲ့
👉The Ordinary က Alpha Arbutin 2% + HA ( hyaluronic ancid) serum အကြောင်း review လေးပြောပြပေးပါမယ်နော်။
👉များသောအားဖြင့် The Ordinary ဆိုရင် Niacinamide and zinc serum ကိုပဲပြေးမြင်ကြတယ်ဟုတ်?
👍Niacinamide serum ကျတော့ တစ်ဗူးကုန်တဲ့အချိန်လောက်ကနေစပြီး ဝက်ခြံ နှင့် ချွေးပေါက်လေးတွေကို သိသိသာသာသက်သာသွားတာမို့
👉တကယ်လို့ ကိုယ့်မျက်နှာက ဝက်ခြံတွေရှိနေသေးတယ် ဒါမှမဟုတ် ချွေးပေါက်တွေကျယ်နေသေးတယ်ဆိုရင်တော့ Niacinamide လေးကို အရင်စသုံးဖို့အတွက် အကြံပြုပါတယ်နော်။
😩အရင်က အိမ့် မျက်နှာမှာ ဝက်ခြံတွေထွက်ပြီးချွေးပေါက်အရမ်းကျယ်နေတဲ့အချိန်တုန်းကတည်းက The Ordinary က niacinamide လေးကို စသုံးဖြစ်ပါတယ်။
😅အခု ဝက်ခြံလေးတွေတော်တော်သက်သာသွားပြီးနောက်ပိုင်းမှာ အနာရွတ် နဲ့ အမဲစက်တွေ ကျန်ခဲ့တာကြောင့် ဘာသုံးရင်ကောင်းမလဲဆိုပြီး skincare တော်တော်များများလိုက်ကြည့်တဲ့အခါမှာလဲ
🥰The Ordinary Alpha Arbutin serum လေးကို တွေ့တောနဲ့ စပြီး စမ်းသုံးကြည့်ဖြစ်ခဲ့ပါတယ်။
🤩Alpha Arbutin ရဲ့ အဓိက လုပ်ဆောင်ချက်တွေကတော့ Hyper- pigmentation တွေဖြစ်တဲ့ အမဲစက်| နေလောင်ကွက် နဲ့ ဝက်ခြံအမာရွတ် (အနီ| အညို )တွေ အသားအရောင်မညီတာတွေကို တဖြည်းဖြည်းသက်သာလာစေပြိး အသားအရေကိုကြည်လင်ဝင်းပလာစေတာပါပဲ။
🥰Hyaluronic Acid လည်းပါဝင်တာကြောင့် မျက်နှာအသားရေအတွင်းပိုင်းလွှာထိရေဓါတ်ဖြည့်ပေးနိုင်လို့ အဆီပြန်တာတွေ အသားခြောက်တာတွေကိုလဲ သက်သာစေတဲ့အပြင် အရေးကြောင်းဖြစ်ခြင်းမှလဲကာကွယ်ပေးနိုင်ပါသေးတယ်ရှင်။
🤔သူ့ကိုသုံးပြီးဘယ်ချိန်လောက်ကစသိသာလဲဆိုတော့ .....
😁ထုံးစံအတိုင်းပဲ တစ်ဗူးကုန်ခါနီးအချိန်မှာ မျက်နှာက အရင်ကထက်ပိုလင်းလာပြီး ကြည်လာတဲ့အပြင် အမဲစက်လေးတွေတော်တော်သက်သာသွားကိုတွေ့ရပါတယ်ရှင်။
🤩အသားထဲစိမ့်ဝင်တာလွယ်တဲ့အတွက်ကြောင့်လိမ်းရတာလဲတော်တော်လေးအဆင်ပြေပါတယ်။
👉မျက်နှာသစ် 👉 Toner သုံးပြီးရင် serum လေးကိုလိမ်းပြီးမှ Moisturizer လေးထပ်လိမ်းရုံပါပဲ။
🥰အိမ့်ကတော့ မနက်ကော ညကောသုံးပါတယ်။
မနက်ခင်းပိုင်းသုံးရင်တော့ sunscreen လေးကိုသေချာလိမ်းပေးပါတယ်။
တကယ်လို့နေပူထဲလျှောက်သွားရမယ်ဆိုရင်တော့ ညခင်းဖက်တစ်ချိန်ပဲသုံးဖြစ်ပါတယ်ရှင်။
The Ordinary Brand လေးက ဈေးနှုန်းသက်သာပြီး Result အကောင်းလေးတွေရတဲ့အပြင် Quality ပိုင်းလဲစိတ်ချရတာကြောင့် အိမ်အနေနဲ့ကတော့ highly recommend ပါနော်။
😍မိတ်ကပ်ဖျက်ပြီး Skincare မယ်
😅ဓါတ်ပုံရိုက်ပြီးအရမ်းအိပ်ချင်နေတာနဲ့ skincare steps ကိုအရိုးရှင်းဆုံးလေးလိမ်းလိုက်တာပါ
Serum လေးအကြောင်းကတော့ နောက်နေ့review လေးလုပ်ပေးပါမယ်နော်
27/09/2021
🥰Lux skin က Hair remover လေး အကြောင်းကို သိချင်နေကြတဲ့ သူတွေအတွက်
100% honest review လေးလုပ်ပေးထားပါတယ်နော်။🥳
👉သူက ချိုင်း/ခြေထောက်/brazilian အပြင် မျက်နှာအထိပါသုံးလို့ရလို့ 👍 အရမ်းကို အသုံးဝင်တဲ့ ပစ္စည်းလေးပါနော်။
👉ဒီ post လေးက ချိုင်းမွှေးအကြောင်းအဓိကရေထားတာဖြစ်တဲ့အတွက် ....
🙈အိမ့်ရဲ့ချိုင်းမွှေးက အရမ်းများတဲ့အထဲမပါတော့ တစ်လကျော်ကျော်လောက်နဲ့ သိသာတဲ့ result ကိုရပါတယ်။
👉တစ်ပါတ်တစ်ခါ ပုံမှန်ပစ်ပေးရင် တစ်လလောက်ဆိုရင်ပဲ တော်တော်ကို သိသာပါတယ်။
👉ပထမ တစ်ခေါက်မှာ ပြန်ထွက်လာတဲ့ အမွှေးလေးတွေက နုလာတယ်။
👉ဒုတိယ အခေါက်မှာ ပြန်ထွက်လာတဲ့အမွှေးလေးတွေက နုတဲ့အပြင် နဲနဲလေးပါ ကျဲလာပါတယ်။
👉တတိယ အခေါက်မှာတော့ တော့ ဂျိုင်းသားလေး မသိမသာလေးနုလာပြီးတော့....
👉စတုထ္ထ အခေါက်မှာတော့ အမွှေးလေးတွေက နုတဲ့အပြင် တော်တော်သိသိသာာသာကျဲပြီးပေါက်လာပါတယ်။
🥰နှစ်လလောက်ဆက်တိုက်သုံးပေးရင်တော့ တစ်ပါတ်တစ်ခါ shave လုပ်ဖို့တောင် အမွှေးကမပေါက်တော့ဘူး 😅
အဲ့ခါကျရင်တော့ နှစ်ပါတ်နေမှတစ်ခါလောက်ပဲ သုံးရပါတော့တယ်ရှင်။
အမွေး သန်တဲ့သူတွေကတော့ နှစ်လလောက်နဲ့သိသာလောက်မှာသေချာပါတယ်နော်။
👉စက်ရဲ့ အသုံးပြုပုံလေးကတော့
- Plug ထိုးပြီးမှ အသုံးပြုရတာဖြစ်ပါတယ်။
-Plug ထိုးလိုက်တာနဲ့ စက်အနောက်ဖက်က မီးအစိမ်းလင်းတဲ့နေရာလေးက Power button ပါ။
-Power ခလုတ်လေးကို သုံးစက္ကန့်လောက်ဖိပြီးလိုက်ရင်စက်လေးပွင့်လာပါလိမ့်မယ်။
-သူ့ရဲ့ စက်လေးမှာ Intensity level ငါးခုထိပါပါတယ်။
ကိုယ့်အသားရေရဲ့ ခံနိုင်ရည်ပေါ်မူတည်ပြီး 1 level intensity ကနေစစမ်းပြီး သုံးလို့ရပါတယ်။
အိမ့်ကတော့ စသုံးထဲက level 3 နဲ့စသုံးပါတယ်။
-Level တိုးချင်ရင်တော့ power ခလုတ်လေးကို တစ်ချက်စီနှိပ်ရုံပါပဲရှင်။
😘 ပထမ စစသုံးချင်းမှာ တစ်ပါတ် ကိုတစ်ကြိမ်နှုန်းနဲ့စသုံးပေးပါ။
နောက်ပိုင်း ကိုယ့်ရဲ့ hair growth ပေါ်မူတည်ပြီး နှစ်ပါတ်တစ်ကြိမ် တစ်လတစ်ကြိမ်ပြောင်းသုံးလို့ရပါတယ်ရှင်။
Clinic တွေသွားတာထက်စာရင် ကုန်ကျစရိတ်အရမ်းသက်သာ တဲ့အပြင် ခဏခဏလဲပြန်သွားစရာမလိုတဲ့အတွက်ကြောင့်မလို့ အရမ်းကို အဆင်ပြေတဲ့စက်လေးပါနော်။
အသုံးပြုမည့်နေရာကို shave လုပ်ပြီးမှ သုံးရတာပါ။ ဘာလို့လဲဆိုတော့ shave လုပ်ပြီးကျန်တဲ့ ingrowth hair လေးတွေကို target လုပ်တာမို့ပါ။
Ipl စက်လေးကို သုံးနေတဲ့အချိန်မှာတော့ waxing,cream နဲ့ အမွှေးနှုတ်တာလေးတွေကိုမလုပ်ရပါဘူးနော်။
brazilian အတွက်ဆိုရင်တော့ Level 2 လောက်က အဆင်ပြေဆုံးပါ။
သူကျတော့ Intensity Level နည်းလို့လားမသိဘူး ဒုတိယ တစ်ပါတ်လောက်မှနည်းနည်းပဲသိသာပါတယ်။
Brazilian အတွက် အသေးစိပ်ကိုတော့ cb ကနေမေးလို့ရပါတယ်နော်။
IPL လေး ဝယ်ရမလား မဝယ်ရမလားဖြစ်နေတဲ့သူလေးတွေအတွက်တော့ အိမ့်က Lux skin IPL Hair Remover လေးကိုတော့ Highly Recommend ပါနော်။
ဈေးနှုန်းကတော့ အိမ့်က promotion ချတုန်းက ဝယ်ထားတာဆိုတော့ အိမ်အရောက်ကို ၉၅၀၀၀ လောက်ပဲကျတဲ့ အတွက်ကြောင့် Clinic တွေသွားတာနဲ့ ယှဉ်ရင် ငွေကုန်လည်း အများကြီး သက်သာပါတယ်ရှင့်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| 09:00 - 17:00 |
