Nyoh

Nyoh

Share

Poem

09/05/2026

အမှတ်တရဆိုတာ ဖျောက်ဖျက်ပစ်
မေ့ထားပစ်လို့မရတဲ့အရာ တစ်ခု
တိုက်ဆိုင်မှု့ရှိလာတိုင်း အမှတ်တရ ရှိခဲ့တဲ့အရာတွေဟာ
အလွမ်းဆိုတဲ့အရာကိုဖြစ်စေတယ်
သံယောဇဥ်ဆိုတဲ့ ကြိုးကို တဖက်ထဲကဖြတ်လို့သာ ပြတ်ကြေးဆိုရင် ကိုယ်အခုလိုလွမ်းကျန်ရစ်မှာမဟုတ်ဘူး....

ညို့(နန်းသီရိနွေဦး)

09/05/2026

နေပျော်နေတယ်ရယ်လည်းမဟုတ်
မပျော်နေဘူးရယ်လည်းမဟုတ်
ခုရက်တွေမှာ မကြည်မလင်စိတ်တွေနဲ့ စိတ်အဆင်မပြေနေတာတော့အမှန်ပါ..
စိုးရိမ်စိတ်တွေကိုခေါင်းအုံးအိပ်လို့ သောကတွေကိုစောင်လုပ်ခြုံရင်း
မက်ချင်နေတဲ့အိမ်မက်က နတ်စီတဲ့အိပ်မက်..
စိတ်အလိုလိုက်ရင်း ဖြစ်သင့်တာထက် ဖြစ်ချင်တာတွေပဲဦးစားပေးတတ်သူအတွက် ကာရံမလှလာတဲ့အခါ
အနာဂါတ်တွေလည်းဝေဝါးလို့ လမ်းလျှေက်ရင်းလမ်းတွေလည်းပျောက်ခဲ့ရပြန်ပီ...

(ညို့)နန်းသီရိနွေဦး

11/04/2026

❤️ချစ်သောကို….ရေ
ဒီကောင်မလေးကလေ ချစ်ခြင်းမေတ္တာနဲ့ပက်သက်လာရင် အသေအချာ ပြောနိုင်တာတစ်ခု သိပ်ချစ်တယ်.. အချစ်ဆိုတဲ့ဒီအရာကလွဲပေးစရာမရှိသူပါ..
တစုံတယောက်ရဲ့သစ္စာမဲ့ခံရခြင်းကြောင့်တလောကလုံးကလူတွေပေါ်မယုံကြည်တော့တဲ့ မ်ိန်းကလေး..
ထပ်ချစ်ဖို့လည်းမတွေးတော့သလို ထပ်ချစ်နိုင်ဖို့လူလည်းမရှိတော့ဘူး လို့ဆုံးဖြတ်ပြီးနေလာခဲ့တဲ့ဒီမိန်းကလေး..ကလေ
အချစ်ဆိုသောထိုအရာကိုထပ်မံတွေ့ရှိထိတွေ့မိပြန်ပေါ့..ဒီလူတယောက်နဲ့တွေ့ဆုံမှ
တော်ရုံမချစ်တတ် တော့ .တော်ရုံရင်မခုန်တတ်ခဲ့တဲ့ဒီမိန်းကလေးက မြင်မြင်ခြင်းအချစ်ဆိုတာကိုလည်းယုံကြည်ခဲ့သလို ရေစက်ဆိုတာကိုလည်းလက်ခံခဲ့တယ် .
ဒီလူရဲ့အပြုံး ဒီလူရဲ့ စကားပြောသံ ဒီလူရဲ့လှုပ်ရှားဟန်တွေကအစ တနေ့တနေ့ အမြင်အာရုံကိုဖမ်းယူပီးစွဲထင်ကျန်နေတုန်းပဲ.
တော်ရုံစကားများများမပြောတတ်တဲ့ဒီမိန်းကလေးကလေ ဒီလူကြီးနဲ့ ခဏသာပြောလိုက်ရတဲ့စကားအနည်းအကျဉ်းလေးကိုတောင် ထပ်ခါထပ်ခါနားထဲကြားယောင်မိနေတတ်ပီ..
အလုပ်တွေများတဲ့ကြားက အချိန်ဖဲ့ပေးပြီးဂရုစိုက်တတ်တာလေးတွေ မနက်မိုးလင်းတိုင်း ညအိပ်ယာဝင်တိုင်း စာပို့တတ်တာလေးတွေကိုကအစ မြတ်နိူးစွာ ချစ်မိနေခဲ့ပြီ.
ချွဲနွဲ့စွာမပြောတတ်ခဲ့သမျှဒီလူကြီးဆီမှာ ကလေးဆန်ခွင့် ချွဲနွဲ့ခွင့်ရခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ် ချစ်သောကိုရေ..အရင်လို အိမ်ပြန်ချိန်တွေ စိတ်ပူပေးမယ့်သူ ကိုယ်နေမကောင်းဖြစ်မှာစိတ်ပူပေးတတ်သူမရှိခဲ့တဲ့ဘဝဟာ ခုဆိုဒီလူကြီးကြောင့်ပြည့်စုံနေရပေါ့..ကိုယ့်မနက်တွေတိုင်းမှာ ဒီလူကြီးရဲ့ ဖုန်းဝင်လာတဲ့နေ့ ဒီလူကြီးဆီက မနက်တိုင်း morning ညတိုင်း goodnight လို့ပို့ထားတဲ့စာလေးဖတ်လိုက်ရတဲ့နေ့တွေဟာ တနေကုန် စိတ်ကို ပြီးပြည့်စုံတဲ့နေ့လေးတစ်နေ့ဖြစ်စေခဲ့တဲ့အထိ အခြားရက်တွေထက်ပြည့်စုံစေခဲ့တယ်..
ဒီလူကြီးရှေ့ရောက်ရင် ဟန်ဆောင်စရာမလို ဖုံးကွယ်စရာမလို အရှိတိုင်းနေခွင့် ပြုမူခွင့်ရတဲ့လွတ်လပ်အေးချမ်းမှု့ကိုလည်း မြတ်နိူးမိပါရဲ့ ချစ်သော ကိုရေ.. ..စိတ်ဒဏ်ရာရမှာကို တွေးပူပေးပြီး အရာအားလုံးဆင်ခြင်ပေးတာလည်း အချစ်ပဲ…အမြဲနွေးထွေးပေးတာလည်း အချစ်ပဲ…စိတ်ပူပန်ပေးတာလည်းအချစ်ပဲ ..ဂရုစိုက်ကြင်နာပေးတာလည်းအချစ်ပဲထင်တယ်.သူ့ကြောင့်ကိုယ့်မျက်နှာလေးညိုးသွားမှာ ကိုယ့်စိတ်ကလေး ရှုပ်ထွေးသွားမှာကအစ စိုးရိမ်တတ်တာလည်းအချစ်ပဲ..
ဒဏ်ရာရတာခြင်းတူရင်တောင် ကိုယ့်ဒဏ်ရာကိုမေ့ပြီးသူ့ဒဏ်ရာကိုကုပေးချင်တာကအချစ်ပါ.မုန့်တခုရှိရင်တခုလုံးသူ့ကိုစားစေချင်တာ အချစ်ပါ

အချစ်ဟာတကယ်ထူးဆန်းလွန်းတယ်...ကိုယ့်ရဲ့အိပ်ချိန်စားချိန်တွေကို လွမ်းရဖို့အတွက် ဖဲ့ပေးနေရတာ ကိုကအချစ်လား ..

စချစ်ချိန်ကနေခုထိပေါ့ ဒီလူကြီးနဲ့ပတ်သက်ပြီး
နောင်တရယ်လို့
မရှိခဲ့ဘူး ...အချစ်ထက်ပိုတဲ့အချစ်တွေပဲရှိခဲ့တယ်..
ဒီကောင်မလေး စိတ်ပင်ပန်းလာတဲ့အခါ မှီစရာပခုံးတစ်စုံ အဖြစ်ရှိနေပေးတယ်၊ဝမ်းနည်းပြီး မျက်ရည်ကျလာရင် မျက်ရည်သုတ်ပေးတယ်၊စိတ်ဆိုး စိတ်ကောက်ရင် ချော့ပေးတယ်၊မှားတာရှိရင် သွန်သင်ဆုံးမပေးတယ်၊နွေးထွေးမှု့လိုတဲ့အခါဖက်ထားပေးတယ်၊အလုပ် တွေဘယ်လောက်များများ ဘယ်လောက်ပင်ပန်းနေပါစေ အချိန်ပေးတတ်တဲ့ ချစ်သော ကိုရေ..
ဘဝမှာရွေးချယ်စရာ တွေအများကြီးရှိခဲ့ရင်တောင် ဒီလူကြီးကိုပဲထပ်ခါထပ်ခါ ရွေးချယ်မိနေဦးမှာပါ.
ချစ်ခွင့်တွေရနေသရွေ့ပေါ့..

ဒီလူကြီးကိုချစ်တာလည်းအစစ်အမှန်ပဲ
ဒီလူကြီးကိုလွမ်းတာလည်းအစစ်အမှန်ပဲ
လူကြီးကိုပေးခဲ့သမျှအရာရာဟာ အစစ်အမှန်ပဲ ဟန်ဆောင်မှု့တခုမှမပါခဲ့ဘူး.ဆိုတာ ချစ်သောကိုသိပါစေ.... အများကြီးချစ်ပြချင်မိသလို နှစ်တွေအကြာကြီးထိ အတူတူရှိချင်ပါတယ် ..ချစ်သောကိုရေ...
ဒီကောင်မလေးကိုတကယ်ချစ်ပြီးဒီကောင်မလေးရဲ့တွန်းအားတစ်ခု
ခွန်အားတစ်ခုပဲဖြစ်စေရုံသာမ
ကိုယ့်ကို အနာမဖြစ်စေရပဲပူလောင်စေမှု့မဖြစ်ရစေပဲ
ဒီကောင်မလေးနှစ်သက်တဲ့အလုပ်ကို
ဖြည့်တင်းပေးပြီး
စိုးရိမ်သောက နဲ့
ပိတ်ပင်တားဆီးတာမျိုး
လိမ်ညာလှည့်စား တာမျိုးမရှိစေခဲ့တဲ့
“ကို” ဆိုတဲ့
အမျိုးသားလေးရေ…အချစ်တွေနဲ့ ခြုံလွမ်းပေးခဲ့ပြီမို့
ချစ်ခြင်းတွေဖြင့်
အိမ်မက်လှလှမက်ပါစေကွယ်...

# (နန်းသီရိနွေဦး)
12.4.2026

12/02/2026

💥စကားဆိုတာ
ပြောသောသူထက်
နားထောင်သူက
ပိုမှတိမိတယ်..

💥ဂတိဆိုတာ
ပေးသောသူထက်
အပေးခံရသူက
ပိုမှတ်မိတယ်..

💥အပစ်လုပ်သူထက်
အပစ်လုပ်ခံရသူက
ပိုမှတ်မိတယ်..

💥ယုံကြည်မှု့ ချိုးဖောက်သူထက်
ချိုးဖောက်ခံရသူကပိုမှတ်မိတယ်

💥ဒါကြောင့်
မတည်သောစကားကိုမပြောနဲ့…
မတည်သောဂတိကိုမပေးနဲ့…
အပစ်လုပိမိရင်တောင်းပန်ဖို့ဝန်မလေးနဲ့
ယုံကြည်မှု့ပျက်ရင် ပြန်တည်ဆောက်ဖို့မမေ့နဲ့..

#ညို့

12/02/2026

#လမ်းကြုံလို့ ခဏသာ
ဝင်လည်တဲ့သူကို
တစ်ဘဝလုံး စာ အတွက်
ရည်ရွယ်ပြီး $ရူး မထတော့ဘူး.. #

#ညို့

24/10/2025

❤️ကိုယ်ကြားဖူးတာလေးတစ်ခုရှ်ိတယ်
တစ်စုံတစ်ယောက်ကိုပေးဖို့ရည်ရွယ်ထားရင်
တခြားတစ်ယောက်ကိုမပေးရဘူးတဲ့
ပစ္စည်းဥစ္စာပဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာပဲဖြစ်ဖြစ်..

❤️ကိုယ်ကလည်းတစ်စုံတစ်ယောက်အတွက်ရည်ရွယ်ထားရင်ဒီတစ်ယောက်အတွက်ပဲသီူသန့်ဖြစ်တည်ပေးသလို ကိုယ့်အတွက်မှ သီးသန့်မဟုတ်ရင်
ဘယ်အရာကိုမှမလိုချင်ဘူး..

❤️ကိုယ်မကြိုက်တာသူမလုပ်စေချင်ရင်
သူမကြိုက်တာလည်း ကိုယ်ကမလုပ်မိစေနဲ့..
ဒါကိုကိုယ်ချင်းစာစိတ်လို့ခေါ်တယ်..

#ည်ို့

22/09/2025

#မိန်းကလေးတယောက်ရဲ့အချစ်ကလေ
သူချစ်ရတဲ့သူအတွက်သာ
ဈေးပေါရင်ဈေးပေါမယ် တန်ဖိုးမဲ့ရင်တန်ဖိုးမဲ့နေလိမ့်မယ်
လူတိုင်းအတွက်တော့တန်ဖိုးမဲ့ဈေးပေါနေတာမဟုတ်ဖူး..
ဒီမိန်းကလေးငါ့ကိုချစ်တာပဲ ..
ငါဘာလုပ်လုပ်ရတယ်
ငါဘယ်လိုနေနေရတယ်လို့တော့မတွေးလိုက်နဲ့..
အချစ်ထက်ပိုတဲ့မာနတွေဝင်လာတဲ့အခါ
သူသိပ်ချစ်ရတဲ့ယောကျ်ားတစ်ယောက်ကို နှလုံးသားထဲသိမ်းဆည်းပြီး.
သူမချစ်တဲ့ယောကျ်ားတစ်ယောက်ဆီ တစ်ဘဝ လုံး ပစ်ဝင် ရဲတယ် ဆိုတာယုံ....

#(ညို့)
22.9.2025

21/09/2025

🌹မတွေ့ပဲလေ...
နေနိုင်ရက်လား
စိမ်ကားဟန်ပြင်မေ့လိုက်ချင်လို့
တမင်ရှောင်သလား...
အားငယ်ဆွေးရိပ်အတွေးစိတ်ဝင်
ရင်မောလိုက်တာ...

🌹သူ့ရင်ဘယ်သို့..ကိုယ့်ရင်ဘယ်ပုံ
ရင်ခုနိသံတွေကြားယောင်နေလား..
လာမှာလားကွယ်..
တံခါးဝမျှော်..ဪအနေခက်
သိပ်ရက်စက်တယ်.

🌹မိုးရယ်လင်းပါ
မနက်မှာပေါ့ သူလာတော့မယ်
တကယ်တွေ့မှ မနေ့ကလွမ်းတာ
ကိုယ်ချင်းစာသလား နှုတ်ခမ်းများနဲ့
စကားသံမဲ့မေးကြည့်မယ်....

#နန်းသီရ်နွေဦး (ညို့)

02/09/2025

💢ခွင့်လွှတ်မှု့နဲ့ နားလည်ပေးခြင်းဆိုတာ
အကြိမ်ကြိမ်ပေးလို့ကောင်းတဲ့အရာမဟုတ်ဖူး
အဆိုးဆုံးက သစ္စာမရှိတဲ့သူတွေအတွက်ပိုပြီးပေးလို့ကောင်းတဲ့အရာတွေမဟုတ်ဖူး/..

💢အချစ်ဆိုတာသဘာဝကပေးတဲ့
လက်ဆောင်တစ်ခုပါ
ရတာချင်းတူပေမယ့်
တန်ဖိုးထားတာခြင်းမတူတဲ့အခါ
ပြန်လာရတဲ့ ပျော်ရွှင်မှု့
ဝမ်းနည်းမှု့ရလာဒ်ခြင်းကလည်းမတူဘူးလေ

💢တချို့အတွက်အချစ်ဆိုတာက
တခဏသာစိတ်ခံစားရူးသွပ်မှု့ ဆိုပေမယ့်
တချို့တွေအတွက်က
မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်နဲ့
စိတ်ကူးမျှော်လင့်ထားတဲ့
အိမ်မက်တွေကအများကြီး...

💢ပေးသော်လည်း ပေးတိုင်းပြန်မရတာ
အချစ်လို့ ပြောတာ သိီချင်းထဲပဲရှိတယ်
ကိုယ်ကတော့ ကိုယ်ပေးသလောက်
ပြန်ရမှကျေနပ်တာမျိုး...
ကိုယ်ချစ်သလောက်မှပြန်မချစ်ရင်
ကိုယ်အလေးထားသလောက်
ဂရုစိုက်သလောက်မှပြန်ဂရုမစိုက်လာခဲ့ရင်
ကိုယ်ပေးသလောက်မှပြန်မရရင်
အချစ်လို့ကိုမသတ်မှတ်ဖူး..
ပိုင်ဆိုင်ရမှ အချစ်မဟုတ်ဖူး
မပိုင်ဆိုင်ရလည်းချစ်နေနိုင်တယ်ဆိုပေမယ့်
ပေးဆပ်ခြင်းက အချစ်ဆိုပြီး
ကိုယ့်ပေါ်မကောင်းတဲ့သူ
လှည့်စားနေတဲ့သူ
သစ္စာမရှိတဲ့သူပေါ်တော့
ပေးဆပ်ပြီးချစ်မနေနိုင်ဘူး...

💢ချစ်တုန်းကလည်း သတ္တိရှိရှိချစ်ရဲခဲ့ရင်
ကိုယ့်တစ်ဦးတစ်ယောက်ထဲ
အပေါ်သစ္စာမရှိ လာတဲ့အခါ
စွန့်ခွါရဲတဲ့ သတ္တိလည်း ရှိနိူင်ဖို့ကြိုးစားထားတယ်

💢တန်ဖိုးရှိတဲ့အရာတစ်ခုကို
တန်ဖိုးသိပြီး တန်ဖိုးထားတတ်သူလက်မှာမှ
တန်ဖိုးရှိတာပါ, တန်ဖိုးထားခံရတာပါ ...
တန်ဖိုးမသိသူ တန်ဖိုးမထားတတ်သူ
လက်ထဲရှိနေလို့ကတော့ ဘယ်လောက်တန်ဖိုးရှိတဲ့အရာဖြစ်နေပါစေ တန်ဖိုးကရှိမလာပါဘူး
တန်ဖိုးထားမခံရပါဘူး...
အနည်းဆုံးတော့သူများကကိုယ့်ကို
တန်ဖိုးမထားတောင်
ကိုယ့်ကိုကိုယ်တော့ပြန်ပြီး
တန်ဖိုးထားဖို့လိုတယ်...

💢လူတယောက်ကို တကယ်ချစ်ရင်
တခြားသူတွေကို ထပ်နေရာပေးနေဖို့
နေနေသာသာ
နှလုံးသားက ကိုယ်ချစ်ရတဲ့သူအတွက်တောင်
အချစ်တွေလုံလောက်မနေပါဘူး...
တခြားသူတွေကို မျှဝေနေရာပေးနေတုန်းဆိုရင်...
ကိုယ်ဆိုတာ သူ့အတွက်တစ်ကယ်မဟုတ်လို့ပါ

💢ကိုယ့်အတွက်တကယ်နေရာမပေးနိုင်တဲ့
အရပ်ကနေ လှည့်သာထွက်ခဲ့ပါ...
သစ္စာမရှိသူမပေါ်
ခွင့်လွှတ်ခြင်းနဲ့
နားလည်မှု့ဆိုတာတွေ လိုတာထက်ပိုထားပြီး
နာကျင်မှု့တွေ
ဝမ်းနည်းမှု့တွေ
သိမ်ငယ်မှု့တွေ ထွေးပိုက်ပြီး
နာကျင် နောင်တရနေဖို့ မထိုက်တန်ဘူး

💢ကိုယ်မှားယွင်းစွာရွေးချယ်မိတဲ့
လမ်းကရှေ့ဆက်သွားမရတော့တာဟာ
တခြားဖက်မှာ ပိုကောင်းတဲ့လမ်းရှိလို့ပါ..
ကျောခိုင်းပြီးလှည့်သာထွက်ခဲ့လိုက်ပါ
အမှားဆိုတာမကင်းပါဘူး
အမှားတစ်ခုထဲကိုပဲ နှစ်ခါ
ထပ်မမှားမိစေဖို့ပဲလိုတာပါ...

💢ဘဝမှာ အမုန်းဆုံးအရာနဲ့ မကြုံချင်ဆုံးအရာက
ကိုယ့်ဘဝထဲ လမ်းကြုံလို့အပျော်သဘောဝင်လာဖို့ကြိုးစားသူရယ်
လူတစ်ယောက်ရဲ့ အချစ်ကိုတန်ဖိုးမထား သစ္စာမဲ့တတ်သူရယ်ပဲ...

💢ကိုယ်လည်း မလုပ်ဘူး
ကိုယ့်ပေါ်လုပ်လာပီဆိုလည်း ဘယ်လောက်ချစ်ချစ်
လက်လွတ်လိုက်ဖို့ ဝန်မလေး မတွန့်ဆုတ်နေတတ်ဖူး

🍁💢အချစ်တွေကိုတဦးတယောက်ထဲ မတည်မြဲပဲ
အချစ်တွေပေးစရာပေါများလွန်းတဲ့သူတွေရဲ့နှလုံးသားကဘယ်လိုများ ဖွဲ့စည်းထားလည်း တခါတလေသိချင်မိပါရဲ့

💢ကိုယ်လဲနားလည်မှု့ကိုအဆုံးစွန်ထိပေးတတ်သလို
ကိုယ့်ချစ်သူတစ်ယောက်ပဲ အချစ်တွေပုံချစ်ပေးတတ်တဲ့သူမို့
ကိုယ့်ကိုလည်းတစ်ယောက်ထဲပုံချစ်ပေးတဲ့အချစ်မျိုးပဲလိုချင်တယ်

💢အနားမှာရှိခြင်း မရှိခြင်း
အနေနီးခြင်း ဝေးခြင်းဆိုတာထက်
ကိုယ့်နှလုံးသားထဲသူရှိနေဖို့ပဲလိုတယ်လို့လည်းခံယူထားတယ်....

💢ကိုယ်က အချစ်ကို ကိုးကွယ်ရှေ့တန်းတင်တတ်သူတော့မဟုတ်ဘူး
ဒါပေမယ့်... အချစ်ကိုတန်ဖိုးထားတယ်...

💢တကယ်ချစ်တဲ့သူ တကယ်တန်ဖိုးထားတဲ့သူဆိုတာ
ကိုယ့်ချစ်သူကိုစိတ်နာကျင်အောင်မလုပ်ရက်ကြပါဘူး
နာကျင်အောင်လုပ်ရက်ပီဆိုရင်လည်း တကယ်မချစ်လို့ပါ
💢....အချစ်မှာ တခြားသူနဲ့....
ယှဉ်လာစရာရှိလာပီ ဆို ယှဉ်မနေပါနဲ့
နောက်သာဆုတ်နေလိုက်ပါ

💢တစ်ကယ်ချစ်တဲ့သူတွေက
ကိုယ်ချစ်ရတဲ့သူတွေ
ပေါ်နာကျင်အောင်မလုပ်ရက်ပါဘူး
နာကျင်အောင်လုပ်ရက်ပီဆိုတာကလည်း
တကယ်မချစ်လို့ပါ
အလှည့်စားခံ သစ္စာမဲ့ခံရလို့နာကျင်နေရတာထက်
အဲ့လိုလူကိုစွန့်ခွါလိုက်လို့ နာကျင်ရတာက
ပိုတန်ပါတယ် ....သတ္တိရှိရှိသာစွန့်ခွါလိုက်ပါ..,...................
💢💢💢💢💢💢💢💢

#ညို့

29/08/2025

❣️ချစ်ခြင်းမေတ္တာတရားမှာ တဖက်ထဲက အပေးရှိရုံနဲ့ချစ်
ခြင်းမေတ္တာလို့မခေါ်ဘူးတဖက်ထဲကပဲ ဂရုစိုက်တဖက်ထဲကပဲနားလည်ပေး
ချစ်ပေးနေရမယ်ဆိုဘယ်တရားပါ့မလည်း
ကိုယ်တိုင်ကတောင်အချစ်ခံချင်တယ် ဂရုစိုက်ခံချင်တယ် လိမ်ညာချင်တယ် လုပ်ချင်ရာလုပ်ချင်တယ်ဆိုရင် တဖက်လူကရော ဒါတွေမရချင်မလုပ်ချင်ဘူးလို့ထင်သလား..
အချစ်တစ်ခုအရင်းပြုပြီး နာကျင်ရမှန်းသိနေလည်း လိမ်ညာနေမှန်းသိနေလည်း ဖက်တွယ် နေခဲ့ရင်းကလေး ဘယ်သူမဆို နွေးထွေးတဲ့ရင်ခွင်တစုံကို ဂရုစိုက်ကြင်နာသူ အားကိုးအားထား ရနိူင်သူ ချစ်ပေးနိုင်သူကိုမလိုချင်ပဲနေပါ့မလည်း ကိုယ်
လိုချင်တဲ့သူဆီက လိုချင်တာမရပဲ အလိမ်အညာနဲ့ ဥပေက္ခာပြုမှု့တွေ ဂရူမစိုက်မှု့တွေ ပဲရလာတဲ့အခါ တခြား တယောက်ဆီက ကိုယ်မရခဲ့တဲ့အရာတွေပေးလာတဲ့အခါ ကလေးတွေလိုပဲလက်သာရာ နေသွားချစ်စိတ်ဖြစ်လာတဲ့အခါ အဲ့လူကိုတွယ်ညှိ သွားခဲ့ရင်ဒါကိုသစ္စာဖောက်တယ်ခေါ်မလား..
ဘယ်လိုခေါင်းစဉ်တပ်မလည်း...
ငါ့ကိုတော့သူကချစ်တယ် ငါဘာလုပ်လုပ်ရတယ် ငါဘယ်လိုနေနေရတယ်ဆိုပြီး တဖက်က နားလည်ပေးမှု့တွေကိုအဆုံးထိချနင်းလာတဲ့အခါ တဖက်လူကနှလုံးသားနဲ့လေ ဘယ်ချ်န်ထိ အသွားသာရှိပြီးအပြန်မရှိတဲ့ ချစ်ခြင်းမေတ္တာ ရပ်ဝန်းမှာဘယ်သူကရောထာဝရဆက်ရှိနေချင်ပါ့မလည်း
ကိုယ်ကချစ်တာလိုချင်ရင် ပြန်ချစ်ပေးဖို့လည်းမမေ့နဲ့
ကိုယ့်ကိုဂရုစိုက်မှု့လိုချင်ရင် ပြန်ဂရုစိုက်ပေးဖို့မမေ့နဲ့

ခွင့်လွှတ်ပေးတယ် နားလည်ပေးတယ်ဆိုတိုင်း
အမြဲလိမ်ညာနေဖို့လမ်းခင်းပေးထားတာမဟုတ်ဘူး..
တချို့အရာတွေက လိမ်ညာနေမှန်းသိသိရက်နဲ့ ဘာမှမသိသလိုမသိချင်ဟန်ဆောင်ပေးရတာကပိုပင်ပန်းပြီးနာကျင်ရတယ်..
နာကျင်မှု့တွေနဲ့ ဥပေက္ခာတရားတွေကြား အရွဲ့တိုက်ရင်း
တချို့ အချစ်တွေကနေမာနတရားဆီကူးပြောင်းသွားတဲ့အခါ

" ကိုယ်ချစ်တဲ့သူကို နှလုံးသားထဲသိမ်းပြီး ကိုယ်မချစ်တဲ့ သူဆီ တဘဝလုံးပစ်ဝင်ရဲတယ်"
ဆိုတာ သိထားစေချင်တယ်..

#ညို့

23/08/2025

"ပြန်လာခဲ့ပေါ့..ကို"

💐သာယာတဲ့ ဘဝ...
လှပတဲ့ နေရာ...
နေချင်ကြတာ သဘဝကျတဲ့ဆန္ဒတစ်ခုပါ..

💐ဖျော့တော့တဲ့အကြင်နာ
ကိုယ့်ကမ္ဘာမှ...
ပိုသာတဲ့အေးရိပ်
ချွေးသိပ်ဖို့မေ့ခဲ့မယ်ဆို..
ကမ္ဘာသစ်မှာ ကြင်နာစစ်နဲ့တွေ့ပါစေ
တစ်ခါချစ်ရငိတကမ္ဘာအတွက်ဖြစ်ပါစေ..

💐တစ်ကယ်လို့များ
ထင်ထားသလိုမပျော်
တော်တော်ပဲ စိတ်အိုက်
သိပ်မိုက်တဲ့အတွေးတွေဝင်လာရင်
ထင်ရာတွေလျှောက်မလုပ်နဲ့
အလည်လွန်နေတဲ့ ကလေးတွေကို
မွေးမေမေမျှော်သလို ကြိုနေပါ့မယ်
ပြန်လာခဲ့ပေါ့....ကိုရယ်

#ညို့

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon