Khaing Zin Channel

Khaing Zin Channel

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khaing Zin Channel, Health/Beauty, Yangon.

ဝက်ခြံ/တင်းတိတ်ပြဿနာတေကိုဖြေရှင်းပေးသော page ဖြစ်သည် (09793962817 ကို ဖုန်းဆက်ပီး အသေးစိတ် လာမေးပီး လာစုံစမ်းလို့ရပါတယ်ရှင့်)
09793962817
09772292900
09425863097
ဒီ ဖုန်းနံပါတ် 3 လုံးဘဲ သုံးပါတယ်ရှင့်

Photos from Khaing Zin Channel's post 07/03/2026

Birthday Presents လေးတွေ 🥰🥰

မွေးနေ့ ရောက်တိုင်း အနားမရှိကြတာတောင် တကူးတက မွေးနေ့ လက်ဆောင်တွေ ပို့ပေးလို့ ကျေးဇူးပါ အရမ်းလည်းချစ်ပါတယ် 🥰

ပီးတော့ မွေးနေ့မှာ ခိုင်ဇင့် အနားမှာရှိပေးကြတဲ့ တစ်
ယောက်ချင်းစီတိုင်းကို လည်း ကျေးဇူးလည်း အများကြီး တင်သလို အရမ်း ချစ်ပါတယ်

Photos from Khaing Zin Channel's post 07/03/2026

🎂Happy Birthday To Me 🎂

မကြာခင် အသက် ၃၀ ပြည့်တော့မယ့် အမကြီး 😜

ဒီနှစ်တော့ မွေးနေ့လေးကို ကုသိုလ်တွေ အများကြီးနဲ့ ဖြတ်သန်းဖြစ်တဲ့ နှစ်လေး

မယ်သီလရှင်ကျောင်း အာရုံဆွမ်းကပ် /ရွှေတ်ိဂုံဘုရားမှာ ရွှေသင်္ဃန်းကပ်

05/03/2026

👥 မိဘ 🫵
"အိမ်ထောင်ပြုဖို့ အလျင်မလိုကြနဲ့၊
ခေတ်ပျက်ကြီးမှာ တစ်ယောက်တည်းနေလဲ ကောင်းတယ်၊
ကိုယ့်ဘဝကို ပျော်ရွှင်အောင်နေ၊ အပျော်ကနေ အပျက်မဖြစ်စေနဲ့၊
ပိုက်ဆံတော့ သေချာရှာပြီးစုဆောင်းကြ၊ ကျန်းမာရေးဂရုစိုက်။"

🗣️ ပတ်ဝန်းကျင် 🫵
"ဟယ် လူပျိုကြီး/အပျိုကြီးတေ ဖြစ်နေပြီ၊
အိမ်ထောင်ပြုဖို့ နောက်တောင်ကျနေပြီ၊
အိုပယ်ကြီးတေ ဖြစ်နေကြမှဖြစ် ငှက်ပျောတုံး ဖက်ရမှာနော့"

✍️ တကယ်တော့ —
အိမ်ထောင်ပြုခြင်းက ပျော်ရွှင်မှု‌တေရမယ်ဆိုတာ
အာမခံ မပေးနိုင်သလို၊ တစ်ယောက်တည်း နေနေရခြင်းကလည်း
အထီးကျန်မှုအတိ မဟုတ်ပြန်ဘူး။

✍️ အရေးကြီးတာက —
ကိုယ်တကယ် အဆင်သင့်ဖြစ်‌နေပြီလား?
သူနဲ့အတူနေရင် ကိုယ့်ဘဝ ပိုကောင်းလာမလား?
သေချာ စဉ်းစားဆုံးဖြတ်ယူရမှာပါ။

👉 ❤️ အချစ်ကြောင့်ပဲရွေးချယ်ပါ — ဖိအားကြောင့် မရွေးချယ်ပါနဲ့။

Photos from Khaing Zin Channel's post 04/03/2026

📌ပိုက်ဆံ မရှိရင် မျက်နှာငယ်ရတဲ့ ခေတ်ကြီးထဲမှာ ကိုယ်ပိုင်ဝင်ငွေ ရှာနိုင်အောင် ကြိုးစားပါ ကောင်မလေးတို့ရေ

📌ကိုယ်လှုချင် တန်းချင်တာ /ကိုယ်လိုချင်တာ /ကိုယ်ဝတ်ချင်တာ /ကိုယ်စားချင်တာကို ဘယ်သူ့ မျက်နှာမှ ကြည့်စရာ မလိုဘဲ ဝယ်နိုင် သုံးနိုင်အောင် ကိုယ်ပိုင်ငွေ ရှာပါ ကောင်မလေးတို့ရေ

📌နောက်ဆုံးကွာ ကိုယ့်မိဘတွေ ကိုယ့် ဆွေမျိုး တွေကို ပေးဖို့ အတွက် ကိုယ်ပိုင်ဝင်ငွေ ရှာနိုင်အောင် ကြိုးစားပါ ကောင်မလေးတို့ရေ

📌ဝင်ငွေ နည်းတာ များတာက အဓိက မကျဘူး အဓိက ကိုယ်ပိုင်ဝင်ငွေ ရှာနေဖို့က အရမ်း အရေးကြီးတယ်

ကိုယ့်ခြေထောက်ပေါ် ရပ်တည်ပီး ကြိုးစားနေတဲ့ အမျိုးသမီးလေးတွေတိုင်းကို Appreciate လုပ်ပါတယ်

ချစ်သောခိုင်ဇင်

03/03/2026

ယောင်္ကျား အရမ်းပင်ပန်းနေတယ်ဆိုရင်
သူ့နောက်မှာ သုံးဖို့ပဲသိတတ်ပီး ..
သူများ ပိုက်ဆံမှန်းမသိ ကိုယ့်ဝင်ငွေ ..
ဘယ်လောက်ရှိမှန်းမသိဘဲ ..
ဖြုန်းတတ်တဲ့ ..အသုံးမကျတဲ့...
မိန်းမ ရှိနေလို့ပါ...

မိန်းမ အရမ်းပင်ပန်းနေတယ် ဆိုရင်..
သူ့နောက်မှာ တာဝန်ယူတတ်တဲ့စိတ်..
ကိုယ်ချင်းစာစိတ် မရှိတဲ့
ယောင်္ကျား ရှိနေလို့ပါ.....

အဖေ အမေ အရမ်းပင်ပန်းနေတယ်ဆိုရင်
သူတို့နောက်မှာ ကျေးဇူးမသိတတ်တဲ့
သားသမီးတွေ ရှိနေလို့ပါ...

ကလေး အရမ်းပင်ပန်းနေတယ်ဆိုရင်..
သူ့နောက်မှာ အိမ်နဲ့မတူတဲ့..
မိသားစုတွေ ရှိနေလို့ပါ..

ဒါကြောင့် အသက်ရှင် နေရတုန်းမှာ..
ကိုယ့် ကိုယ် ကိုယ် အရမ်းအချောင်မခိုပါနဲ့..
ကိုယ့်ရဲ့ ဖြစ်တည်ရာ ဘဝမှာ
တာဝန်ကျေတဲ့ လူတဦး ဖြစ်ပါစေ...

သင်နဲ့ ဆက်နွယ်နေတဲ့သူတိုင်း ဟာ..
သင့် ကို လိုလားနေကြပါတယ်..

သင့်ကို နာမည်ခေါ်ဖို့ တခုတည်းအတွက်နဲ့
ရှိနေတာ မဟုတ်ပါဘူး..
လူပိုတယောက် အဖြစ်မခံပါနဲ့..

#ပြန်လည်မျှဝေပါသည်

02/03/2026

ဝဋ်ဆိုတာ တကယ် လည်တယ်
တောင်ပတ်တာပဲကြာမယ်

ဝဋ်လည်တာ မကြာဘူး ဆိုတဲ့ ဆိုရိုးအတိုင်း
ကောင်းတဲ့ ဝဋ်တွေသာ လည်ခံနေရတဲ့
မိန်းမ တစ်ယောက်ရဲ့အပြုအမှုကအရေးကြီးတယ်
လူတချို့က ရာစရာမရှိအောင်ပြော
ကျွေးသွားပေမဲ့
တုံပြန်မှု မရှိ ပြုံးပြလိုက်တဲ့ မိန်းမ…

ဆာလောင်နေသူကို
ပေးကမ်းတက်တဲ့မိန်းမမျိုး…
ဒုက္ခနွ့ထဲ နစ်မွန်းနေသူကို
ကူညီတက်တဲ့မိန်းမမျိုး…

မိသားစုထဲတမူ
ထူးခြားပီးငဲ့ညာတက်တဲ့မိန်းမမျိုး…
အလှူအတန်ရက်ရောလွန်းတဲ့မိန်းမမျိုး…
ဘုရားတရားနဲ့အညီနေထိုင်တက်တဲ့မိန်းမမျိုး…

ပေးကမ်းစွန့်ကြဲတက်တဲ့မိန်းမမျိုး….
ကောင်းသောအတွေး/ကောင်းမွန်သော
စကားလုံးတွေကိုရွေးချယ်ပြောတက်တဲ့
မိန်းမမျိုး…တွေက

ဘယ်လိုအခြေအနေအချိန်အခါရောက်နေပါစေ
ကောင်းမွန်သောအရာ တွေ နဲ့ အမြဲကြုံရတက်တယ်
အမှောင်မိုက်ဆုံးအခြေအနေမျိုးကြုံနေရရင်တောင်

ဒီလို့ စိတ်ဓာတ်ကောင်းမွန်နေတဲ့ကုသိုလ်ကံက
စောင့်ရှောက်နေတက်ပါတယ်

တကယ် တမ်းဝဋ်ဆိုတာမျိုးက
ကိုယ်ပြုလိုက်တဲ့အရာ
ကိုယ်စီပြန်ရောက်လာတာပါပဲ

ဆိုတော့ဝဋ် လည်မဲ့အတူ
ဆိုးတဲ့ ဝဋ် လည်မလား
ကောင်း တဲ့ ဝဋ် လည်ခံမလား
ကိုယ်ပြုမှုလိုက်တဲ့ အရာကကိုယ်စီပြန်ရောက်လာစမြဲပဲ

ကောင်းသောအရာကိုလုပ်ခြင်းဖြင့်
ကောင်းသောဝဋ်လည်ခြင်းခံရတဲ့
သူတိုင်း ရင်ထဲကခံစားချက်လေးတွေဝေမျှခဲ့ပါအုံး….
ဒီစာဖတ်နေသူတိုင်းကောင်းသောဝဋ်လည်ခြင်းခံစားခဲ့ဖူးတယ်ဟုတ်

01/03/2026

ဂုဏ်တော်ကိုးပါး ပုတီးစိပ်ခြင်းဟာ အလွန်ဘုန်းကံတက်စေပါတယ်။

မိမိမှာ ရှိတဲ့ အကျပ်အတည်း အခက်အခဲတွေ ပြေလည်စေတဲ့အထိလည်း တန်ခိုးကြီးမားတဲ့အတွက်
၅ပါးသီလ ဆောက်တည်ထိန်းသိမ်းပြီး စိပ်ပါ။ စိပ်တဲ့လူတိုင်းကို ကောင်းသောကံသို့ ကူးပြောင်းစေပါတယ်။စိတ်တွေ သိသိသာသာ ငြိမ်းအေးလာပါမယ်။
ဂုဏ်တော် ကိုးပါး ပုတီးစိပ်ခြင်းအကျိုး
ဘုန်းကံ တိုးလာခြင်း
ဘေးအန္တရာယ်မှ လွတ်မြောက်ခြင်း
ကျရောက်လာခါနီး စိတ်က အလိုလိုသိနေခြင်း
အရှက်တကွဲအရေးတွေမှ လွတ်မြောက်ခြင်း
စီးပွါးလာဘ်လာဘ တိုးတက်ခြင်း
စိတ်အစဉ်အေးချမ်းပြီး မေတ္တာစိတ်အားကောင်းခြင်း
အကျပ်အတည်းတွေမှ ကူကယ်ရာပေါ်လာခြင်း
မိမိအပေါ် မကောင်းသူတွေနဲ့ အလိုလိုဝေးကွာသွားခြင်း
မနက်ဖြန် ၁ ရက်နေ့မှာ စစိပ်မှာမို့ အစနေ့မှာပါခင်ဗျာ။ နေ့စဉ် အာစိဏ္ဏကံ ကုသိုလ်အဖြစ် ဘုရားသောက်ရေချမ်း/ ဆွမ်း/ ပန်း ကပ်လှူပါ။ မကောင်းသောစိတ် မကောင်းသောအကြံကိုရအောင် ပယ်ဖျက်ပါမည်။ ကောင်းမှုတစ်ခု နေ့စဉ် ပြုပါမည်။ မူးယစ်သူရာတွေ ရှောင်ရပါမည်။
Day -1
၁။ အရဟံ ( 10 ပတ်)
အာရုံပြုရန်
လောဘ၊ဒေါသ၊မောဟ အစရှိသည့် ကိလေသာတို့ ကင်းစင်တော်မူအပ်သောမြတ်စွာဘုရားအား ရိုသေစွာရှိခိုးပါ၏ ။
Day -2
၂။ သမ္မာသမ္ဗုဒ္ဓေါ ( ၁၀ ပတ်)
အာရုံပြုရန်
တရားဟူသမျှကို ဆရာမကူပဲ ကိုယ်တိုင်သိမြင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရားအား ရိုသေစွာ
ရှိခိုးပါ၏။
Day -3
၃။ ဝိဇ္ဇာစရဏသမ္ပန္နော (10 ပတ်)
အာရုံပြုရန်
အသိဉာဏ်နဲ့ အကျင့်စရဏတို့ဖြင့် ပြည့်စုံတော်မူသော ဗုဒ္ဓမြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးပါ၏။
Day -4
၄။ သုဂတော ( 10 ပတ်)
အာရုံပြုရန်
ကောင်းသောစကား မှန်ကန်၍ အကျိုးရှိသောစကားကိုသာ ဆိုတော်မူတတ်သော ဗုဒ္ဓမြတ်စွာဘုရားအား ရျိုသစှောရှိခိုးပါ၏။
Day -5
လောကဝိဒူ ( 10 ပတ်)
အာရုံပြုရန်
လောကသုံးပါးကျို အကုန်စင် သိမြင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးပါ၏။
Day - 6
၆။ အနုတ္တရောပုရိသ ဒမ္မသာရထိ ( 10 ပတ်)
အာရုံပြုရန်
မယဉ်ကျေးသော လူ၊နတ်၊ဗြဟ္မာတို့ကို ယဉ်ကျေးအောင် ဆုံးမရာတွင် အတုမရှိအောင်မြင်တော်မူသော မြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးပါ၏။
Day -7
၇။ သတ္ထာဒေဝမနုဿာနံ ( 10 ပတ်)
အာရုံပြုရန်
လူ၊နတ်၊ဗြဟ္မာ၊ သတ္တဝါတို့၏ ဆရာဖြစ်တော်မူသော ဗုဒ္ဓမြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးပါ၏။
Day -8
၈။ ဗုဒ္ဓေါ ( 10 ပတ်)
အာရုံပြုရန်
သစ္စာလေးပါး မြတ်တရားကို ကိုယ်တော်တိုင် သိမြင်တော်မူ၍ ဟောကြားပေးတော်မူသော ဗုဒ္ဓမြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးပါ၏။
Day - 9
၉။ ဘဂဝါ ( 10 ပတ်)
အာရုံပြုရန်
ဘုန်းတော် ၆ ပါးနဲ့ ပြည့်စုံတော်မူသော ဗုဒ္ဓမြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးပါ၏။
Day -10 မှာ အရဟံ (၁၀ ပတ်) မှ ပြန်စ ရပါမည်။
Day -11 သမ္မာသမ္မာသမ္ဗုဒ္ဓေါ ( ၁၀) ပတ် စသဖြင့်
အစဉ်လိုက် ပြန်ကျော့ပါ။
နောက်ဆုံးရက်မှာ ဂုဏ်တော်တစ်ပါးတည်းကို ၁၀ ပတ်စိပ်အပြီး ဂုဏ်တော်ကိုးပါးလုံးကိုပါ တစ်ပါး တစ်ပတ်နူန်းနဲ့
စိပ်လိုက်ပါခင်ဗျာ။
ဥပမာ ရက်၃၀ ပြည့်တဲ့နေ့က သတ္တာဒေဝမနုဿနဲ (၁၀) ပတ်နေ့ဆို ၁၀ ပတ်အပြီးမှာ ဂုဏ်တော်ကိုးပါးလုံးကို
တစ်ပါး တစ်ပတ်နူန်းနဲ့ ၉ ပတ် ထပ်စိပ်ပြီး အဓိဌာန်ချုပ်လိုက်ပါလို့ 🙏🙏🙏
သတိပြုရန်
နုတ်က ဂါထာကိုရွတ်စိပ်ရင် အနက်ကို အာရုံပြုပူဇော်မှ
စိပ်နည်း မှန်ပါတယ်။ ပထမ အစ ခက်သလိုရှိလည်း
ရအောင် သတိကပ်ပြီး အာရုံပြု ပူဇော်ပါခင်ဗျာ။
အားလုံး စိတ်ကျန်းမာ ကိုယ်ချမ်းသာ ရှိကြပါစေ။
အကျပ်အတည်းတွေမှ လွတ်မြောက်ကျော်လွှားနိုင်ကြပါစေ။ 🙏🙏🙏

credit : Original

28/02/2026

အကြွေးတွေကို ကျေအောင် ဆပ်သွားပါ
ဘဝတွေမှာ -
🔹 နှုတ်နဲ့တင်ခဲ့တဲ့ အကြွေးတွေ အများကြီး
🔹 ကိုယ်နဲ့ပြုခဲ့တဲ့ အကြွေးတွေ အများကြီး
🔹 စိတ်နဲ့ပြစ်မှားမိခဲ့တဲ့ အကြွေးတွေ အများကြီး

ဒီအကြွေးတွေကို
ဝိပဿနာဥာဏ်နဲ့မှ မဆပ်နိုင်သေးရင်တော့
ဘယ်တော့မှ အကုန်မကျေနိုင်ပါဘူး •••

ကုသိုလ်ကောင်းမှုတွေ
ပြုလုပ်နေကြတယ် ဆိုတာ
အကြွေးတွေကို ဖဲ့ဖဲ့ပြီး ဆပ်နေကြတာပါ •••

အကြွေးတွေကို မှန်မှန်ဆပ်သွားရင်
တစ်နေ့မှာ
အကြွေးတွေ ကျေကို ကျေသွားကြမှာပါ •••

(ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး)

27/02/2026

သင့်ကို အထက်ဆွဲတင်မယ့် အသိုင်းအဝိုင်းကို တည်ဆောက်ပါ။
==========================
သင့်အနားက လူတွေက သင့်ဘဝကို ဘယ်လိုပုံဖော်နေသလဲ။
==========================

ကိုယ့်ဘဝကို ကိုယ်တိုင် ဖန်တီးနေတဲ့ လူတွေ (Creators) တွေနဲ့သာ လက်တွဲပါ။

​ကိုယ့်ဘဝကို ကိုယ်တိုင်ဖန်တီးနေတဲ့၊ အမြဲတက်ကြွနေတဲ့သူတွေကို သင့်အနားမှာ ရွေးချယ်ထားပါ။
• ​ညည်းညူနေမယ့်အစား ပြောင်းလဲဖို့ ကြိုးစားတဲ့သူတွေ
• ​ဘဝကို ရေစုန်မျောမလိုက်ဘဲ တက်ကြွစွာ နေထိုင်တဲ့ လူတွေ
• သုံးစွဲတာထက် ဖန်တီးတာ ပိုလုပ်တဲ့ လူတွေ
• ​ကိုယ့်ရဲ့အလားအလာ (Potential) ကို အမြဲ ရှာဖွေဖော်ထုတ်နေတဲ့သူတွေ ...

ဒါဟာ သင်ရှာဖွေသင့်တဲ့ လူအမျိုးအစားတွေပါ။
​.

စွမ်းအင် (Energy) ဆိုတာ ကူးစက်တတ်တယ်။

အမြဲအဆိုးမြင်တတ်သူတွေ၊ ဆင်​ခြေပေးတတ်သူတွေ၊ သူတစ်ပါးကို အပြစ်တင်တတ်သူတွေကြားမှာ အချိန်ကြာကြာ နေထိုင်မိတဲ့အခါ သင့်ရဲ့ စိတ်နေစိတ်ထားဟာလည်း တဖြည်းဖြည်း ယိုယွင်းလာတတ်ပါတယ်။ တိုးတက်မှုမရှိတာကို သာမန်ကိစ္စတစ်ခုလို ထင်မှတ်လာပြီး ကိုယ့်ရဲ့ စံနှုန်းတွေကို မသိမသာ လျှော့ချမိလာတတ်တယ်။

ဒါပေမယ့် မိမိကိုယ်ကိုယ် တည်​ဆောက်​နေသူတွေ၊ စဉ်းစားတွေးခေါ်တတ်သူတွေ၊ အိပ်မက်ကို အ​ကောင်အထည် ​ဖော်သူ​တွေကြားမှာ နေထိုင်ကြည့်ပါ။

သင့်ဘဝမှာ သိသာတဲ့ အပြောင်းအလဲတွေကို ချက်ချင်း ခံစားရပါလိမ့်မယ်။ အတင်းအဖျင်းတွေအစား တိုးတက်မှုအကြောင်းတွေ ဆွေးနွေးလာမယ်။ စိတ်ပင်ပန်းမှုတွေအစား ကိုယ့်ကိုယ်ကို စိန်ခေါ်ချင်စိတ်တွေ နိုးကြားလာမယ်။ ဘာတွေဖြစ်လာနိုင်တယ်ဆိုတဲ့ အလားအလာကောင်းတွေကို မြင်တွေ့လာမယ်။

ကိုယ့်ကိုကိုယ် တည်​ဆောက်​နေသူ (Creators) တွေဟာ ဘယ်တော့မှ အခြေအနေကောင်းကို ထိုင်မစောင့်ပါဘူး။ သူတို့ကိုယ်တိုင် ဖန်တီးကြတယ်။ စမ်းသပ်ကြတယ်။ မအောင်မြင်ရင် ပြန်လည်ပြုပြင် (Adjust) ကြတယ်။ ကိုယ့်ရလဒ်အတွက် ကိုယ်တိုင် တာဝန်ယူ (Take Ownership) ကြတယ်။ မှန်ကန်တဲ့ မေးခွန်းတွေ မေးတတ်ပြီး အပြစ်တင်စရာလူကို မရှာဘဲ ဖြေရှင်းနည်း (Solution) ကိုသာ အာရုံစိုက် ရှာဖွေကြပါတယ်။

သုံးစွဲသူ (Consumers) တွေက ဘဝကို ပွဲကြည့်စင်ပေါ်က ကြည့်နေချိန်မှာ ဖန်တီးသူတွေကတော့ ဘဝကို ကိုယ်တိုင် ဖန်တီးနေကြတာပါ။

သင့်အနားကလူတွေဟာ ပြီးပြည့်စုံနေဖို့ မလိုပါဘူး။ ဒါပေမယ့်...
• ​တိကျတဲ့ ရည်ရွယ်ချက် ရှိရပါမယ်။
• ​ပြောင်းလဲတိုးတက်လိုတဲ့ ဆန္ဒ ပြင်းပြရပါမယ်။
• ​အပေါ်ယံဟန်ဆောင်မှုထက် တကယ့်တိုးတက်မှုကို အလေးထားရပါမယ်။

မှန်ကန်တဲ့ အသိုင်းအဝိုင်းက သင့်ကိုအထက်ကို ဆွဲတင်ပေးပါတယ်။ အဆင့်မြှင့်တင်ဖို့ တွန်းအားပေးတယ်။ စည်းကမ်းရှိခြင်းကို သာမန်အလေ့အထတစ်ခုဖြစ်လာစေပြီး၊
ဆင်​ခြေပေးခြင်းကို ရှက်စရာတစ်ခုအဖြစ် ပြောင်းလဲပေးပါတယ်။

သင် ဘယ်သူတွေနဲ့ အချိန်ကုန်ဆုံးသလဲ ဆိုတာက သင် ဘယ်လိုစဉ်းစားသလဲ ဆိုတာကို လွှမ်းမိုးပါတယ်။

သင် ဘယ်လိုစဉ်းစားသလဲ ဆိုတာက သင် ဘယ်လိုလုပ်ဆောင်သလဲ ဆိုတာကို သတ်မှတ်ပေးပါတယ်။

သင် ဘယ်လိုလုပ်ဆောင်သလဲ ဆိုတာက သင် ဘယ်သူဖြစ်လာမလဲ ဆိုတာကို အဆုံးအဖြတ်ပေးပါတယ်။

​ဒါကြောင့် အတွေးအခေါ်သစ်တွေအကြောင်း ဆွေးနွေးတတ်တဲ့သူတွေ၊ ကိုယ့်ကိုယ်ကို ရင်းနှီးမြှုပ်နှံသူတွေ၊ တိုးတက်ဖို့ ဆာလောင်နေသူတွေကို ရှာဖွေပေါင်းသင်းပါ။

ကိုယ့်ရဲ့အလားအလာကို အမြဲ ရှာဖွေဖော်ထုတ်နေတဲ့သူတွေကြားမှာ နေထိုင်တဲ့အခါ သင်ကိုယ်တိုင်လည်း သင့်ရဲ့အလားအလာ​ကောင်းတွေကို အလိုလို ထုတ်သုံးချင်လာပါလိမ့်မယ်။

ဒါဟာ အမှတ်မထင် ဖြစ်သွားတဲ့ ဘဝမျိုးမဟုတ်ဘဲ၊ ကိုယ့်ဘဝကို ကိုယ်တိုင် တမင်သက်သက် ဒီဇိုင်းဆွဲ တည်ဆောက်ခြင်း ပဲ ဖြစ်ပါတယ်။

Card
Be the the Better You.

27/02/2026

#လောကကြီးမှာ မင်းဟာ သန်မာနေဖို့လိုတယ်
=============================

တစ်ခါတစ်လေမှာ မင်းဟာ လဲကျတဲ့အခါလည်းရှိမယ်
ပြင်မရတဲ့ အမှားတွေလည်း လုပ်မိချင်လုပ်ခဲ့ လိမ့်မယ်
မင်းမှာ အားနည်းချက်တွေလည်း

အများကြီးရှိချင်ရှိနေမှာပဲလေ
မင်းမှာ တော်တဲ့အပိုင်းတွေရှိသလို
အတတ ဖြစ်တဲ့အခါလည်းရှိမယ်
အရာရာတိုင်းမှာတော့ မင်းဟာမတော်နိုင်ဘူးလေ

ဒါပေမယ့် မင်းဟာ သန်မာဖို့လိုတယ်
လဲကျတိုင်းပြန်ထရမှာပဲ
ဝမ်းနည်းနေလို့မရဘူး

မင်းချစ်ရတဲ့သူက မင်းကိုထားချင်ထားခဲ့မှာပဲ
တစ်ခါတစ်လေလည်း အသည်းကွဲချင် ကွဲမှာပဲလေ

မင်းဟာ ခပ်တုံးတုံးတစ်ယောက်လည်း ဖြစ်ချင်ဖြစ်မယ်
မင်းရုပ်က ဆိုးချင်ဆိုးနေပါလိမ့်မယ်
မင်းဟာ ဆင်းရဲချင်ဆင်းရဲနေလိမ့်မယ်

ဒါပေမယ့် မင်းဟာ သန်မာဖို့လိုတယ်
လဲကျတိုင်းပြန်ထရမှာပဲ
မင်းကို အထင်သေး လှောင်ပြောင်ခဲ့တဲ့သူတွေကို
အံ့သြသွားအောင် လုပ်ပြလိုက်စမ်းပါ

မင်းမှာ ဖြေရှင်းမရတဲ့ ဒုက္ခပေါင်းစုံလည်း ရှိချင်ရှိနေမယ်
လူတွေက မင်းကို အပြစ်တွေဘယ်လောက်ပဲ ပြောပြော
လူတွေက မင်းကို ဘယ်လောက်နှိမ်နှိမ်

အခုအချိန်မှာ မင်းဘယ်လောက်နာကျင်နေပါစေ
မင်းလျှောက်ရမယ့် လမ်းကို ဆက်သွားရမှာပဲလေ

မင်းဟာ သန်မာနေတဲ့သူဖြစ်ဖို့ ဆိုရင် တစ်ချို့လူတွေရဲ့
အမြင်တွေ၊ ဝေဖန်မှုတွေကို ဂရုမစိုက်နဲ့
သူတို့တွေက မင်းကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ နာကျင်မှုတွေ၊
မင်းလဲကျခဲ့ရတာတွေကို မသိကြဘူးလေ
္ဖသူတို့တွေက မင်းဘဝကို မပြောင်းလဲနိုင်ဘူး
မင်းဘဝကို မင်းကိုယ်တိုင် ပြောင်းလဲရမှာ

ဒါ့ကြောင့် မင်းဟာ သန်မာနေဖို့လိုတယ်
ငေးမှိုင်လွမ်းဆွေးနေလို့ မရဘူး
ဆက်သွားနေရအုံးမှာ

လောကမှာ မင်းရဲ့တန်ဖိုးကို မင်းဘာလုပ်နိုင်လဲ
ဆိုတာကိုကြည့်ပြီး ဆုံးဖြတ်ကြမှာ
မင်းရဲ့ တန်ဖိုးက မင်းဘယ်လောက်လှတယ်၊ မလှဘူး
ဆိုတာနဲ့ မဆုံးဖြတ်ဘူး

မင်းဘယ်လောက် ချမ်းသာသာလဲ ဆိုတာနဲ့ မဆိုင်ဘူး
တန်ဖိုးရှိတဲ့ အရာတွေကို မင်းလုပ်နိုင်ရင် မင်းတန်ဖိုးဟာလည်း
မြှင့်လာမှာပဲ

မင်းဟာ တန်ဖိုးရှိကြောင်း သက်သေပြလိုက်စမ်းပါ
ဒါ့ကြောင့် မင်းဟာ သန်မာနေဖို့ လိုပါတယ်
မင်းကို မလုပ်နိုင်ဘူးလို့ ထင်နေတဲ့သူတွေကို ဆွံ့အ
သွားအောင် လုပ်ပြလိုက်စမ်းပါ

မင်းဟာ ဘဝမှာ ရှင်သန်ဖို့ဆိုရင် အခက်အခဲတွေ
ကြားမှာ ရုန်းကန်နေရအုံးမှာပဲလေ
တစ်ချို့အရာတွေကို မင်းဟာ လုပ်နိုင်ပေမယ့်

တစ်ချို့အရာတွေကိုတော့ မင်းလုပ်နိုင်ချင်မှ လုပ်နိုင်မှာ
မင်းဟာ အရာအားလုံးကို လုပ်နိုင်ဖို့မလိုဘူး
မင်းလုပ်နိုင်တာတွေကိုပဲ လုပ်ရမှာလေ

မင်းဟာ သန်မာတဲ့သူပါ
ဒါပေမယ့် မင်းဟာ အမြဲတမ်း မသန်မာနိုင်ဘူး
အရာရာတိုင်းမှာလည်း သန်မာနေစရာမလိုဘူးလေ

မင်းမှာ အားပျော့တဲ့ အပိုင်းတွေလည်း ရှိနေမှာပဲ
ဒါတွေကို လက်မခံနိုင်ရင်တော့ မင်းဟာ သန်မာတဲ့
အပိုင်းတွေကို ရှာတွေ့မှာမဟုတ်ဘူး

ဒါ့ကြောင့် မင်းဟာ သန်မာနေဖို့ လိုတယ်

26/02/2026

အခု အိပ်ရာထဲမှာ လှဲနေရင်း တစ်ခုခုကို သတိရမိလားဟင်။

ငယ်ငယ်တုန်းကလေ... မုန့်ဖိုး (၅၀၀) ရရင်တောင် တစ်နေ့လုံး အပူအပင်မရှိ ပျော်နေခဲ့တာ။

တစ်သောင်းတန် တစ်ရွက်လောက်သာ ကိုယ့်လက်ထဲ ရှိရင် "ငါက ကမ္ဘာပေါ်မှာ အချမ်းသာဆုံး လူသားပဲ" လို့တောင် စိတ်ကူးယဉ်ခဲ့ဖူးတယ်။

အဲဒီတုန်းက...

"ငါ လူကြီးဖြစ်ရင် ပိုက်ဆံတွေ အများကြီး ရှာမယ်၊ ပြီးရင် တစ်ခါတည်း အကုန်သုံးပစ်မယ်" လို့လည်း ကြုံးဝါးခဲ့ဖူးတယ်မလား။

ဒါပေမဲ့ တကယ်တမ်း လူကြီးလည်း ဖြစ်ရော...

ကလေးဘဝက အိပ်မက်တွေက တကယ်ကို အပြစ်ကင်းစင်လွန်းမှန်း သိလာရတယ်။

အခုချိန်မှာ ငါးသောင်းတန် တစ်ရွက်ဆိုတာ အပြင်ခဏထွက်လိုက်တာနဲ့ ဘယ်ဆီဘယ်ဝယ် ရောက်သွားမှန်းမသိဘဲ အငွေ့ပျံသွားတာပဲ။

• သိန်းဆယ်ဂဏန်းလောက် ရှိရင်တောင် အိမ်စရိတ်၊ ကလေးစရိတ်၊ ကျန်းမာရေးစရိတ်တွေကြားမှာ "လောက်ပါ့မလား" ဆိုတဲ့ သောကနဲ့တင် အိပ်မပျော်ရတဲ့ ညတွေက များလာတယ်။

• ပိုက်ဆံကို စိတ်ကြိုက် သုံးပစ်မယ်လို့ တွေးခဲ့ပေမဲ့၊ အခုကျတော့ ကိုယ့်အတွက် ဝယ်ဖို့ထက် စုဖို့ကိုပဲ အရင် စဉ်းစားနေရတော့တယ်။

ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံတွေ အများကြီး ရှိနေရင်တောင် ကလေးဘဝတုန်းက (၅၀၀) တန် တစ်ရွက်ရစဉ်က ခံစားချက်မျိုးကို ပြန်မရတော့ဘူး။

လူကြီးဘဝဆိုတာ ပိုက်ဆံနောက်ကို ပြေးရင်းနဲ့ပဲ အချိန်တွေ ကုန်သွားတာလားလို့တောင် တွေးမိရဲ့။

ကဲ... ညီမလေးတို့ အစ်မတို့ရေ၊ ညအိပ်ရာမဝင်ခင် ငယ်ငယ်က အမှတ်တရလေးတွေ ပြန်ပြောပြပါဦး။

"မင်းတို့ ကလေးဘဝတုန်းက ပိုက်ဆံဘယ်လောက်ရှိရင် 'ငါ ချမ်းသာပြီ' လို့ ထင်ခဲ့ဖူးလဲ?"

(Admin ကတော့ တစ်သောင်းတန် တစ်ရွက်ဆိုရင် သူဌေးကြီးလို့ ထင်ခဲ့တာပါပဲရှင် 😂)

Crd

26/02/2026

အလုပ်လုပ်ချိိန် & အပြင်သွားချိန်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
11071