Focus Youth E-magazine
For youths' success, beauty and other interests
လူငယ်များ၏ အောင်မြင်မှုရေးရာ၊ အလှအပရေးရာနှင့် စိတ်ဝင်စားဖွယ် ဗဟုသုတ အဖြာဖြာတို့အတွက်
For youths' success, beauty and other interests
07/12/2019
အနှောင့်အယှက်နှင့် အတားအဆီး..
====================
လူတိုင်းရဲ့ဘဝမှာ အနှောင့်အယှက်အတားအဆီးတွေဆိုတာ ကြုံရတတ်ပါတယ်။ အောင်မြင်မှုဆီသွားတဲ့ လမ်းခရီးမှာတော့
ပိုပြီးတော့တောင် များများစားစား ကြုံနိုင်ပါတယ်။
ဒါပေမယ့် အနှောင့်အယှက်နဲ့ အတားအဆီးဆိုတာကို လူတော်တော်များများက မကွဲပြားကြပါဘူး။ ဒီနှစ်ခုကို ပိုပြီးတော့ ကွဲကွဲပြားပြား
နားလည်ထားမယ်ဆိုရင် ဘယ်အရာတွေကို ရင်ဆိုင်ရမယ်၊ ဘယ်အရာတွေကို ရှောင်လွှဲရမယ်ဆိုတာ ပိုပြီးသိလာမှာပါ။
.
အတားအဆီးဆိုတာ ကိုယ်သွားနေတဲ့လမ်းမှာ ပိတ်ပင်နေတဲ့အရာတွေ၊ အခက်အခဲတွေပါ။ ဒါတွေကို မရင်ဆိုင်ဘဲ ကိုယ်လိုချင်တဲ့နေရာကို
မရောက်နိုင်ပါဘူး။ ဒါတွေကို ရင်ဆိုင်ကျော်ဖြတ်ဖို့ ကိုယ့်မှာ ခွန်အားတွေ၊ သတ္တိတွေ၊ အတွေ့အကြုံတွေ လိုအပ်ပါတယ်။ အတားအဆီးဆိုတာ
ကိုယ် ရင်ဆိုင်ရမယ့်အရာတွေပါ။
.
အနှောင့်အယှက်ဆိုတာတော့ အတားအဆီးနဲ့ မတူတော့ပါဘူး။ ကိုယ့်အပေါ် ဝေဖန်ကဲ့ရင်သံတွေ၊ ရှုံချပြစ်တင်သံတွေ၊ အားအင်တွေချိနဲ့သွားစေတဲ့အသံတွေ
လုပ်ရပ်တွေ။ ဒါတွေဟာ အနှောင့်အယှက်တွေပါ။ ကိုယ့်ရဲ့ ဦးတည်ရာလမ်းကြောင်းကို သွယ်ဖယ်သွားစေတာတွေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေတာတွေ။
ဒါတွေဟာလည်း အနှောင့်အယှက်တွေပါပဲ။ အနှောင့်အယှက်ဆိုတာ ခွန်အားတွေထည့်ပြီး ရင်ဆိုင်ရမှာ မဟုတ်ပါဘူး။ စိတ်ကိုစုစည်းပြီး ဥပေက္ခာပြုရမယ့်အရာတွေပါ။
နှောင့်ယှက်လာသမျှကို ဂရုမစိုက်ဘဲ ကိုယ်လုပ်စရာရှိတာကိုပဲ လုပ်ရမှာပါ။ အပြစ်တင်သံတွေ၊ ကဲ့ရဲ့သံတွေ စတဲ့ အနှောင့်အယှက်တွေတိုင်းကို ဂရုစိုက်နေမယ်ဆိုရင်
ကိုယ့်ဦးတည်ချက်တွေပျက်နိုင်သလို ခရီးတွေလည်း နှေးသွားနိုင်ပါတယ်။
.
အတားအဆီးဆိုတာ ရင်ဆိုင်ကျော်ဖြတ်ရမယ့်အရာပါ။ အနှောင့်အယှက်ဆိုတာကတော့ ဥပက္ခောပြုရမယ့်အရာပါ။
_______________
With Respect..
Shwe Nyar Maung @ Ka Shwe
05/12/2019
ရွာပြင်ရောက်ခြင်း...
===========
မရိုးသားတဲ့ ပတ်ဝန်းကျင်မှာ ရိုးသားမိရင်
ရွာပြင်ရောက်တတ်တယ်...။
တိုက်ခိုက်တတ်တဲ့ ပတ်ဝန်းကျင်မှာ
ငြိမ်းချမ်းမိရင် ရွာပြင်ရောက်တတ်တယ်။
အမှားများတဲ့သူတွေကြားမှာ မှန်နေမိရင်
ရွာပြင်ရောက်တတ်တယ်။
ရွာပြင်ရောက်သွားတဲ့အခါ... အဲဒီ့ရွာပြင်မှာ...
ရင်ဖွင့်စရာ လူမရှိဘူး။
တုိင္ပင္စရာ လူမရွိဘူး။
အဖော်ပြုစရာ လူမရှိဘူး။
ထပ်ပြီး တိတိပပပ ပြောရရင်တော့...
ကိုယ်ရင်ဖွင့်တိုင်း လှောင်ပြောင်နေမယ့်လူမရှိဘူး။
ကိုယ်တိုင်ပင်တိုင်း နောက်ကျောဓါးနဲ့ထိုးမယ့်လူမရှိဘူး။
ကိုယ်အဖော်လိုတိုင်း ချောက်ချမယ့်လူမရှိဘူး။
ပြီးတော့ သူတို့မှားတိုင်း ကိုယ်လိုက်မှားလိုက်စရာမလိုဘူး။
ကိုယ့်လူ... ရွာပြင်ရောက်မှာ ကြောက်သလား?
ရွာပြင်ရောက်မှာ ကြောက်တယ်ဆိုရင်တော့...
မိုးခါးရေသောက်နှင့်လိုက်ပါ။
မကြောက်ဘူးဆိုရင်တော့...
လာပါ.. အဲဒီ့ရွာကနေ ထွက်ခဲ့လိုက်ပါ...
(အကိုတစ်ယောက် ပြောသလိုပေ့ါ)
တခြားသော ရွာပြင်ကို ထွက်လာရတဲ့
လူတစ်ချို့နဲ့ပေါင်းပြီး..
ရွာကြီးတစ်ရွာ တည်ထောင်ကြတာပေ့ါ...
____________________
With Respect,
Shwe Nyar Maung @ KaShwe
14/11/2017
နှစ်တွေကြာသွားတဲ့အခါ..
သင့်နဖူးကို သင်ရိုက်ပြီး..
မှားယွင်းလေခြင်းဆိုပြီး နောင်တရမိမယ့်အရာတွေက..
"သင် လုပ်ခဲ့ဖူးတဲ့ အမှားတွေမဟုတ်ဘူး...
သင် မလုပ်ဖြစ်ခဲ့တဲ့ အရာတွေဖြစ်နေလိမ့်မယ်"
ပြောသင့်တဲ့စကားတွေ မပြောဖြစ်ခဲ့တာတွေ..
သွားသင့်တဲ့နေရာတွေ မသွားဖြစ်ခဲ့တာတွေ..
လုပ်သင့်တဲ့အရာတွေ မလုပ်ဖြစ်တာတွေနဲ့...
ပြတ်သားသင့်တဲ့အရာတွေ မပြတ်သားခဲ့တာတွေ...
ဒီအရာတွေက နောင်တတရားကို ခံစားရစေလိမ့်မယ်..။
ပြောဖို့အခွင့်သာတုန်း ပြောသင့်တဲ့စကားကိုပြောလိုက်ပါ..
သွားဖို့အခါသင့်တုန်း သွားသင့်တဲ့နေရာကို သွားလိုက်ပါ..
လုပ်ဖို့အခြေအနေပေးတုန်း လုပ်သင့်တဲ့အရာကို လုပ်လိုက်ပါ..
အဲဒီ့အခါ သင်ရနိုင်တာက အောင်မြင်မှု၊ စိတ်ချမ်းသာမှု..
ဒါမှမဟုတ်လည်း သင်ခန်းစာတစ်ခုပေါ့..။
မဟုတ်ခဲ့ရင် တစ်ချိန်မှာ ရလာမယ့်နောင်တတရားက
အစစအရာရာထက် ပိုခါးနေတတ်တယ်။
__________________
လေးစားမှုများဖြင့်..
ရွှေညာမောင် (Focus Youth)
13/11/2017
15/08/2017
မချစ်မိခင် မေးရမယ့်မေးခွန်းများ..
===============
၁။ သူ ဘယ်လိုလူလဲ?
ဒါကတော့ လူတစ်ယောက်ကို ချစ်သူရည်းစားအဆင့်မရောက်ခင် လူတိုင်းသေချာပေါက် တွေးပြီးမေးရမယ့် မေးခွန်းဖြစ်ပါတယ်။ သူရဲ့ ရုပ်ရည်ထက်စာရင်
အကျင့်စရိုက်တွေနဲ့ သူ့ရဲ့ ပတ်ဝန်းကျင်က သင့်အတွက် ပိုအရေးကြီးပါတယ်။ အသေးစိတ်အကျင့်လေးတွေကစပြီး၊ ကြီးကြီးမားမားအချက်တွေထိ သင်သေသေချာချာ
စဉ်းစားသင့်ပါတယ်။ အခုအချိန်မှာ ချစ်လို့ သည်းခံနိုင်တာတွေ၊ မမြင်မိတာတွေ ရှိပေမယ့် ရေရှည်အတွက်ဆိုရင်တော့ သူဘယ်လိုလူလဲဆိုတာကို
သင့်အနေနဲ့ အမှန်အတိုင်း မြင်သင့်ပါတယ်။
၂။ သူ့အချိန်တွေကို ဘယ်လိုအသုံးချသလဲ?
ဒါကလည်း အရေးမကြီးဘူးထင်ရပေမယ့် သင်စဉ်းစားရမယ့် အကြောင်းအချက်ထဲမှာ ပါဝင်ပါတယ်။ သူဟာ သူ့အလုပ်တွေနဲ့ အချိန်ကုန်ဆုံးတတ်တဲ့သူလား၊ သူ့ဘေးက
လူနဲ့ အရမ်းကို အချိန်ကုန်ဆုံးချင်တဲ့သူလား ဆိုတာ သင်သိရပါမယ်။ သင်ဟာ နွေးနွေးထွေးထွေး နေရတာ ကြိုက်တဲ့သူဆိုရင် သူ့အလုပ်နဲ့သူအချိန်ကုန်တတ်တဲ့သူနဲ့ဆို
အဆင်မပြေပါဘူး။ သင်ဟာ အေးအေးလူလူနေတတ်တဲ့သူဆိုရင် အချိန်တိုင်း အတူတူသာနေချင်နေတဲ့သူနဲ့လည်း မကိုက်ပါဘူး။ ဒီတော့
အတူမရှိခင်ကတည်းက တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုနည်းနဲ့ အဆင်ပြေနိုင်မလဲဆိုတာ ကြိုတွေးသင့်ပါတယ်။
၃။ ရယူတတ်တဲ့သူလား၊ ပေးဆပ်တတ်တဲ့သူလား?
ရယူချင်လို့ ပေးဆပ်နေတာလား? တကယ်ပဲ ကိုယ့်ကို ချစ်လို့ ပေးဆပ်နေတာလား? ကိုယ်သိဖို့လိုပါတယ်။
ကိုယ့်ဘက်က စချစ်ရတဲ့သူဆိုရင်လည်း သူဟာတကယ်ပဲ ကိုယ်ပေးဆပ်ဖို့ ထိုက်တန်တဲ့သူလား? ကိုယ်တွေးရပါမယ်။
စစ်မှန်တဲ့အချစ်မှာ ရယူခြင်း၊ပေးဆပ်ခြင်းဆိုတာ မရှိပါဘူး။ ဝေမျှခြင်း၊နားလည်ခြင်း ဆိုတာပဲ ရှိပါတယ်။
ဒါပေမယ့် လက်တွေ့မှာ အများအားဖြင့်တော့ အပေးအယူဆန်တဲ့အချစ်တွေသာ များများစားစားတွေ့ရတတ်ပါတယ်။
၎။ ဆန့်ကျင်ဘက်တွေဟာ ဆွဲဆောင်မှုရှိတယ်။ ဒါပေမယ့် ပုံစံတူတွေဟာ ခိုင်မြဲတယ်။
ကိုယ်နဲ့ type မတူတဲ့သူဆိုရင် ကိုယ့်စိတ်ကို ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ ခံစားရမှာပါပဲ။ ဒါပေမယ့် ပုံစံချင်း၊ အကျင့်စရိုက်ချင်း မတူတဲ့အတွက်
နားလည်မှုတွေ လိုအပ်လာသလို အမြဲတမ်းလည်း ညှိနှိုင်းနေရမှာပါ။ နားလည်မှု ရှိရင် အဆင်ပြေနိုင်ပေမယ့် နားလည်မှုမရှိရင်တော့
ရေရှည်မှာ လက်တွဲမြဲဖို့ ခက်ခဲပါမယ်။ ကိုယ်နဲ့ အသွင်တူတဲ့သူကတော့ ပြောစရာမလိုပါဘူး။ အိမ်သူဖြစ်လို့ အလားအလာကောင်းတွေ ရှိပါတယ်။
၅။ သူဟာ ကိုယ့်ကို ဘယ်လိုသက်ရောက်မှုရှိနိုင်လဲ?
ချစ်သူတွေ ဖြစ်ကြပြီ ဆိုကတည်းက သူစိမ်းတွေလို နေလို့မရတော့ပါဘူး။ အချိန်တွေ၊ ခံစားချက်တွေနဲ့ ကိုယ်နဲ့ဆိုင်တဲ့ တော်တော်များများကို
သူနဲ့အတူဝေမျှရတော့မယ်။ ဒီတော့ သူဟာ ကိုယ့်ကို ဘယ်လို သက်ရောက်မှုရှိမလဲဆိုတာ မေးသင့်ပါတယ်။ ရန်တွေချည်းပဲဖြစ်၊ စိတ်ညစ်အောင်
လုပ်နိုင်တဲ့သူဆိုရင် မကောင်းတဲ့ သက်ရောက်မှုတွေရှိမှာဖြစ်ပြီ၊ ကိုယ့်ဘဝကို တိုးတက်အောင် တစ်နည်းနည်းနဲ့ အထောက်အပံ့ဖြစ်စေတဲ့သူဆိုရင်
ကောင်းတဲ့ သက်ရောက်မှုတွေရှိပါမယ်။
၆။ အသိုင်းအဝိုင်းတွေ
နောက်ဆုံးမေးခွန်းကတော့ သမီးရည်းစားဘဝမှာ သိပ်ပြသနာမရှိပေမယ့် နောက်ပိုင်းမှာ တကယ်ကို အရေးပါလာမယ့် အကြောင်းအရာတစ်ခုဖြစ်ပါတယ်။
အိမ်ထောင်ပြုဖို့အထိ ရည်ရွယ်ထားတယ်ဆိုရင်တော့ ဒီအချက်ကို မဖြစ်မနေ စဉ်းစားပြီး ကိုယ့်ကိုယ်ကို မေးသင့်ပါတယ်။ သူ့ရဲ့ မိဘအသိုင်းအဝိုင်း၊ မိတ်ဆွေ အသိုင်းအဝိုင်း၊
ကျင်လည်ရာ အသိုင်းအဝိုင်းတွေဟာ ကိုယ်နဲ့ သဟဇာတဖြစ်ရဲ့လား။ ဒီအချက်ကြောင့် ချစ်ပါရက်နဲ့ ညှိုနှိုင်းလို့မရတဲ့အတွက် နောက်ဆုတ်လိုက်ကြရတဲ့ စုံတွဲတွေရှိပါတယ်။
______________
လေးစားမှုများဖြင့်..
ရွှေညာမောင် (Focus Youth)
Ref: HP
11/08/2017
ဘဝမှာ လုပ်ချင်တာနဲ့ လုပ်သင့်တာ..
ဘယ်အရာကို ရွေးချယ်သင့်လဲတဲ့..။
ဒီလို အခြေအနေမျိုးကို လူတော်တော်များများရဲ့ဘဝမှာ
ကြုံကြိုက်ဖူးကြလိမ့်မယ်။ အထူးသဖြင့် ဘဝကို အကောင်းမွန်ဆုံး
တည်ဆောက်ချင်တဲ့သူတွေရဲ့ဘဝမှာ ကြုံဖြစ်လိမ့်မယ်။
ဒီလို အခိုက်အတန့်ကျရင် လူတွေ အင်မတန်ကြောက်ကြတယ်။
တစ်ခုခု ရွေးချယ်မှု မှားယွင်းသွားရင်.. ခံစားရမှာ.. နာကျင်ရမှာ..ပြီးတော့
အဆိုးဆုံးက နောင်တရကြမှာကို ကြောက်ကြတယ်။
ဒီတော့ သိမယ်ထင်တဲ့သူ.. တတ်မယ် ထင်တဲ့သူ..
ကိုယ် အားကိုးလို့ရမယ့်သူ.. စသဖြင့် ဆိုင်ရာဆိုင်ရာလူတွေကို
အားကိုတကြီး မေးကြတယ်။
"လုပ်သင့်တာနဲ့ လုပ်ချင်တာ.. ဘာကို ရွေးရမလဲ" ဆိုပြီးတော့ပေါ့။
ဒီလို မေးတာ.. အကြံဥာဏ်တောင်းတာတွေက မှားတယ်လို့တော့ မပြောပါဘူး။
ဒါပေမယ့် သူကြုံခဲ့တဲ့ ဘဝနဲ့ ကိုယ် ကြုံနေရတဲ့ ဘဝဟာ တူချင်မှတူမယ်။
တွေ့ကြုံဖြတ်သန်းခဲ့ရတဲ့ ဘဝတွေ မတူတဲ့အခါ သူဖြေတဲ့အဖြေကလည်း
ကိုယ်နဲ့ အံဝင်ခွင်ကျ ဖြစ်ချင်မှဖြစ်မယ်..။
ဘဝမှာ ဖြစ်ချင်တဲ့အရာကို လုပ်ပြီး အောင်မြင်နေတဲ့သူတွေလည်း ရှိမယ်...။
ဖြစ်သင့်တဲ့အရာကို လုပ်ပြီး အောင်မြင်နေတဲ့သူတွေလည်း ရှိမယ်..။
သေချာတာက သူတို့အချင်းချင်းမှာလည်း ဖြတ်သန်းခဲ့တဲ့ ဘဝတွေ မတူဘူး..။
သူတို့ဘဝနဲ့ ကိုယ်ဖြတ်သန်းရမယ့် ဘဝနဲ့ကလည်း မတူဘူး။
ဒီတော့ "လုပ်သင့်တာနဲ့ လုပ်ချင်တာ" ဘာရွေးရမလဲ ဆိုတဲ့ မေးခွန်းမျိုးက
တခြားသူကို မေးရမှာ မဟုတ်ဘူး..။ ကိုယ့်ကိုယ်ကို မေးရမှာ။
ကိုယ့်ဘဝကိုယ် သေချာနားလည်အောင်ကြည့်ပြီး မေးရမယ့် မေးခွန်း။
ကိုယ့်ဘဝဟာ ကိုယ်လုပ်ချင်တာတွေ.. ဖြစ်ချင်တာတွေကို ဖန်တီးခွင့်ရမယ့်
အနေအထားမျိုး၊ အခွင့်အလမ်းမျိုး ရှိနေလားလို့ ကိုယ့်ကိုယ်ကို ပြန်မေး။
ဒီလို အနေအထား၊ အခွင့်အလမ်း ရှိနေတယ်ဆိုရင်တော့ ဖြစ်ချင်တာကိုသာ ဦးစားပေးလုပ်လိုက်ပါ။
လူဆိုတာ ကိုယ်စိတ်အားထက်သန်တဲ့အရာကို လုပ်တဲ့အခါ ပိုပြီးတော့ အောင်မြင်နိုင်တယ်။
ဒီလို အနေအထား၊ အခွင့်အလမ်းမရှိဘဲ ဖြစ်ချင်တာကိုပဲ လုပ်မယ်ဆို သိပ်စွန့်စားရာကျသွားမယ်။
ဒီလို အခြေအနေဆိုရင်တော့ လုပ်သင့်တာကိုပဲ အရင်လုပ်လိုက်ပါ။
ဒါပေမယ့် လုပ်သင့်တာပဲ လုပ်ရင်းနဲ့ ဘဝကို ငြီးငွေ့စရာအဖြစ်နဲ့ အဆုံးမသတ်လိုက်ပါနဲ့။
ကြိုးစားရင်းနဲ့ တစ်ချိန်မှာ ကိုယ်ဖြစ်ချင်တာတွေ.. လုပ်ချင်တာတွေကို လုပ်နိုင်ဖို့ အခွင့်အလမ်းတွေ ပေါ်လာပါလိမ့်မယ်။
ဒီလို အခွင့်အလမ်းမျိုး ကြုံလာတဲ့အခါ ရင်ထဲကဆန္ဒအတိုင်း လုပ်လိုက်ပါ။
ဘဝဟာ တစ်ကြိမ်တစ်ခါပဲရတဲ့ အရာမျိုးဖြစ်လို့ ကိုယ်လုပ်ချင်တာကိုတော့ လုပ်လိုက်ဖို့ သင့်ပါတယ်။
_________________
ဒီမေးခွန်းလေးက လူငယ်တစ်ယောက် မေးတဲ့မေးခွန်းလေးကို ပြန်ဖြေထားတာပါ။
ကိုယ့်လူတို့အတွက်လည်း အကျိုးရှိမယ်ထင်လို့ ပြန်မျှဝေပေးလိုက်ပါတယ်။
ကျနော်ကိုယ်တိုင်လည်း ဖြစ်ချင်တာကို လုပ်ဖို့ အခွင့်အရေးမရှိသေးတဲ့သူမို့ လောလောဆယ်တော့ ဖြစ်သင့်တာကို လုပ်နေတဲ့သူတစ်ယောက်ပါ။
တစ်ချိန်မှာတော့ ကိုယ်ဖြစ်ချင်တာတွေကိုပဲ လုပ်ရင်း ဘဝကို ဖြတ်သန်းသွားချင်ပါတယ်။
________________
လေးစားမှုများဖြင့်..
ရွှေညာမောင် (Focus Youth)
07/08/2017
အတိတ်ဆိုတာ..
=========
ကျွန်တော်တို့အားလုံးရဲ့ အတိတ်မှာ ချိုမြိန်မှုတွေရှိတယ်။ နာကျင်မှုတွေရှိတယ်။ ကောင်းတာတွေရော၊ ဆိုးတာ
တွေရော နည်းများဆိုသလို ပါဝင်နေကြတယ်။
အတိတ်က ပျော်စရာကြည်နှုးတွေဟာ အခုအချိန်မှာ လွမ်းဆွတ်စရာကောင်းတယ်။ အတိတ်က နာကျင်ပင်ပန်း
စရာတွေဟာ အခုအချိန်မှာတော့ သင်ခန်းစာယူစရာတွေ ဖြစ်လာခဲ့တယ်။
ဘာပဲဖြစ်ဖြစ်.. အတိတ်ဆိုတာ ကိုယ်တိုင်ရေးပြီးခဲ့တဲ့ စာအုပ်တစ်အုပ်လိုပါပဲ။ တစ်ခုရှိတာက အဲဒီ့စာမျက်နှာေ
တွမှာ ရေးထားတဲ့ စာလုံးတွေတိုင်းကို ပြန်လည်ပြင်ဆင်ခွင့်မရှိတာပါ။ တကယ်တမ်းတော့ အတိတ်ဆိုတာ ခံ
စားလို့ပဲ ကောင်းတာပါ။ ပြန်သွားဖို့တော့ ဘယ်တုန်းကမှ မကောင်းခဲ့ဘူး။
အတိတ်မှာ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် အခုအချိန်မှာ ရောက်နေတဲ့ စာမျက်နှာတစ်ရွက်ကိုပဲ အေ
ကာင်းဆုံးဖြစ်အောင် လှပစွာနဲ့ ရေးသင့်ပါတယ်။
_________
လေးစားမှုများဖြင့်
ရွှေညာမောင် (Foucs Youth)
06/08/2017
"သင်ကောင်းလျှင် ကျွန်ုပ် မဆိုးပါ" ဆိုတဲ့ စကားမျိုးတွေ..
"လောကကြီးကို မှန်လိုပဲ ကျင့်မယ်" ဆိုတဲ့ စကားမျိုးတွေ..
ကျနော်တို့ ရင်းရင်းနှီးနှီး ကြားဖူးပါတယ်။
လောကကြီးမှာ လူအမျိုးမျိုးရှိပါတယ်။ လူဆိုးတွေလည်း ရှိတယ်။ လူကောင်းတွေလည်း ရှိတယ်။
ကျနော်တို့တတွေလည်း လူကောင်းတွေနဲ့ တွေ့နိုင်သလို လူဆိုးတွေနဲ့လည်း တွေ့နိုင်ပါတယ်။
ခုနက စကားအတိုင်းဆိုရင် လူကောင်းတွေနဲ့ တွေ့တဲ့အချိန်မှာ ကိုယ်က ပြန်ကောင်းရမယ်ဆိုပေမယ့်
လူဆိုးတွေ၊ ကိုယ့်အပေါ်မကောင်းတဲ့သူတွေနဲ့ တွေ့တဲ့အခါမှာကော ကိုယ်က ပြန်ဆိုးပေးရမှာလား?
သူ မကောင်းတာနဲ့ ကိုယ်ပါ မကောင်းတဲ့တုံပြန်မှုတွေ လုပ်စရာလိုလား။
တကယ်ဆိုရင် မလိုပါဘူး။ လူတိုင်းအပေါ် အမြင်ကြည်ကြည်နဲ့ ဆက်ဆံပါ။
သူ ကောင်းတာ၊ မကောင်းတာ ကိုယ့်ကိစ္စမဟုတ်ပါဘူး။
သူ မိတ်ဆွေ စစ်တာ၊ တုတာလည်း ကိုယ့်ကိစ္စ မဟုတ်ပါဘူး။
အရေးကြီးတာက ကိုယ်က ဘယ်သူ့အတွက်ပဲ ဖြစ်ဖြစ် လူကောင်းတစ်ယောက် ဖြစ်နေဖို့။
မိတ်ဆွေကောင်းတစ်ယောက် ဖြစ်နေဖို့ပဲ လိုပါတယ်။
သူ မိတ်ဆွေကောင်း မဖြစ်တာကို စိတ်မကောင်းမဖြစ်ပါနဲ့။ ကိုယ် မိတ်ဆွေကောင်း ဖြစ်နေတာကိုပဲ ဂုဏ်ယူပါ။
အနည်းဆုံးတော့ မှန်ကြည့်မိတဲ့အခါတိုင်း မိတ်ဆွေကောင်းတစ်ယောက်ကို မြင်နေခွင့်ရမှာပါ။
________________
လေးစားမှုများဖြင့်..
ရွှေညာမောင် (Focus Youth)
03/08/2017
လမ်းခွဲခြင်း စည်းမျဉ်းများ..
================
နားလည်မှုတွေ မရှိနိုင်တော့လို့ပဲ ဖြစ်ဖြစ်၊ တစ်ယောက်အမှားကြောင့်ပဲ ဖြစ်ဖြစ်၊ ဘေးပယောဂတွေကြောင့်ပဲ ဖြစ်ဖြစ်။
လမ်းခွဲခဲ့ကြပြီ ဒီစည်းမျဉ်း၊ စည်းကမ်းလေးတွေကိုတော့ လိုက်နာသင့်ပါတယ်။
(၁) အရက်မသောက်နဲ့။
စည်းမျဉ်း နံပတ်တစ်ကတော့ လမ်းခွဲပြီးလို့ အသည်းကွဲရင် အရက်နဲ့ကုစားတာဟာ အမှားအကြီးဆုံးပါပဲ။ အရက်သောက်ရင်
အတိတ်တွေကို မေ့ဖျောက်နိုင်မယ်၊ ဘာမှမသိတော့ဖူးဆိုတာ လုံးဝတက်တက်စင်အောင် လွဲပါတယ်။ အရက်သောက်တဲ့အခါမှ
အတိတ်တွေဟာ တဖြည်းဖြည်း ဝိုးတဝါးနဲ့ ပေါ်လာတတ်တာမျိုးပါ။ ဒါ့အပြင် အရက်သောက်နေတဲ့အချိန်မှာ အထိန်းအကွပ်မဲ့စွာနဲ့
သူ့ဆီ ဖုန်းဆက်တာမျိုးတွေ၊ အိမ်လိုက်သွားတာမျိုးတွေ လုပ်မိတတ်ပါတယ်။ ဒါဟာ ကိုယ့်အတွက်တော့ ကောင်းစရာကိစ္စတော့ မဟုတ်ပါဘူး။
(၂) မတောင်းပန်ပါနဲ့။
လမ်းမခွဲခင်မှာ သင်တို့နှစ်ယောက်လုံး စေ့စပ်ဆွေးနွေးနိုင်ပါတယ်။ သင်တို့အချစ်ရေးဟာ ပြီးပြတ်ကာနီးပြီဆိုတဲ့ လက္ခဏာတွေ တွေ့တာနဲ့
အချိန်မှီ ကယ်တင်သင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ လမ်းခွဲခဲ့ကြပြီးမှ ခံစားရခက်လွန်းလို့ဆိုပြီး ပြန်မတောင်းပန်သင့်တော့ပါဘူး။ အချိန်တွေ လွန်ခဲ့ပါပြီ။
တောင်းပန်လိုက်လို့ ပြန်တွဲဖြစ်ခဲ့ရင်တောင် ဒီအချစ်ရေးမှာ သင်လိုချင်တဲ့ ပျော်ရွှင်ခြင်းတွေ ရနိုင်ဖို့ အခွင့်အရေးနည်းသွားပါပြီ။
(၃) ပြဿနာမရှာပါနဲ့။
လမ်းခွဲဖြစ်တဲ့ အကြောင်းအရင်း အမျိုးမျိုးရှိနိုင်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် လမ်းခွဲခဲ့ကြပြီးနောက်ပိုင်းမှာ
တစ်ယောက်ကိုတစ်ယောက် ပြဿနာမရှာသင့်ပါဘူး။ စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်၊ ကိုယ်ထိလက်ရောက်ပိုင်းပဲဖြစ်ဖြစ် အနှောင့်အယှက်
တစ်စုံတစ်ရာ မလုပ်သင့်တော့ပါဘူး။ လမ်းခွဲခဲ့ကြပြီဖြစ်လို့ ကိုယ့်စိတ်ကိုပိုင်းဖြတ်ပြီး ကိုယ့်လမ်းကိုယ်စလျှောက်သင့်ပါပြီ။
မဟုတ်ရင် သူ့ရဲ့စိတ်နဲ့ ကိုယ်ခံစားချက်တွေ ပင်ပန်းနေပါလိမ့်မယ်။
(၄) သူ့အသိုင်းအဝိုင်းနဲ့ မပတ်သက်နဲ့။
ဖြစ်နိုင်ရင်တော့ သူ့အသိုင်းအဝိုင်းနဲ့ မပတ်သက်တာ ကောင်းပါတယ်။ သူရှိနေနိုင်တဲ့ ပတ်ဝန်းကျင်နဲ့ ခဏလောက်ဖြစ်ဖြစ် ကင်းကွာအောင်နေသင့်ပါတယ်။
ဒါဟာ ရှောင်ပြေးတာမဟုတ်ပါဘူး။ ကိုယ့်ခံစားချက်ကို မဆိုးအောင် နေတာပါ။ ကိုယ့်ကိုယ်ကို ဂရုစိုက်တာပါ။
(၅) လက်ခံတတ်ပါ။
သူနဲ့ကိုယ်နဲ့ဟာ ဘာမှမဆိုင်တော့ဘူးဆိုတဲ့အချက်ကို လက်ခံရပါမယ်။ သူ့လုပ်ရပ်တွေဟာ ကိုယ့်အပေါ်မှာ သက်ရောက်မှုမရှိသင့်တော့သလို၊
ကိုယ့်မှာလည်း လွတ်လပ်စွာ လုပ်ကိုင်ဆုံးဖြတ်နိုင်ခွင့်တွေ ရှိနေပါပြီ။
(၆) ဘာမှမပတ်သက်တော့ဘူး။
ဘာမှ မပတ်သက်တော့ဘူးဆိုတာကို အကြိမ်ကြိမ်အဖန်ဖန် ရေရွတ်ပါ။ သူ ဘာပဲဖြစ်ဖြစ်၊ ကိုယ် ဘာပဲဖြစ်ဖြစ် ပတ်သက်မှုမရှိကြတော့ပါဘူး။
ဒီအသိကို နှလုံးသားထဲအထိ လက်ခံပါ။ တစ်ခါတစ်လေ လက်ခံရသိပ်ခက်ခဲပေမယ့် အမှန်တရားလည်းပဲ ဖြစ်ပါတယ်။
(၇) သူငယ်ချင်း မလုပ်ပါနဲ့။
လမ်းခွဲပြီးလို့ သူငယ်ချင်းလို ဆက်နေကြတယ်ဆိုတာ တစ်ချို့တွေအတွက်ပဲ အဆင်ပြေပါတယ်။ အထူးသဖြင့် နှစ်ဦးနှစ်ဖက်လုံးမှာ
လမ်းခွဲခြင်းကို လက်ခံနိုင်ပြီး ခံစားချက်တွေ၊ နာကျင်မှုတွေ မရှိနိုင်တော့ဘူးဆိုတဲ့အခါမှသာ သူငယ်ချင်းမိတ်ဆွေလိုနေတာ အဆင်ပြေနိုင်မှာပါ။
တစ်ဖက်မှာ ခံစားချက်တွေရှိရက်နဲ့ မိတ်ဆွေလိုနေကြမယ်ဆိုရင် နာကျင်မှုဝေဒနာဟာ ပိုဆိုးနိုင်ပါတယ်။
(၈) ခွင့်လွှတ်လိုက်။ မေ့ပစ်လိုက်။
အားလုံးလည်း ပြီးခဲ့ပြီဆိုရင်တော့ အရာတိုင်းကို မေ့ပစ်ရင်း ကိုယ့်ဘဝကိုယ် လျှောက်လှမ်းဖို့ သင့်ပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် သူ့ကို
မုန်းနေတာပဲဖြစ်ဖြစ်၊ နာကျည်းနေတာပဲဖြစ်ဖြစ်၊ စွဲလန်းနေတာပဲဖြစ်ဖြစ်.. သူ့ကြောင့် ခံစားမှုတစ်ခုခုဖြစ်နေပြီဆိုရင်တော့ သူ့ကို ကိုယ့်စိတ်ထဲမှာ နေရာပေးထားတာနဲ့
အတူတူပါပဲ။ ဒါကြောင့် မုန်းနေစရာလည်း မလိုပါဘူး၊ လွမ်းဆွတ်နေစရာလည်း မလိုပါဘူး။ အရာတိုင်းကို ခွင့်လွှတ်ပေးလိုက်ပြီး ကိုယ့်ဘဝကိုယ် လျှောက်လှမ်းလိုက်ပါ။
သူက ခွင့်လွှတ်ခြင်းနဲ့မထိုက်တန်ရင်တောင်မှ ကိုယ်က ငြိမ်းချမ်းခြင်းနဲ့ ထိုက်တန်ပါတယ်။
_______________
လေးစားမှုများဖြင့်..
ရွှေညာမောင် (Focus Youth)
Click here to claim your Sponsored Listing.
Contact the business
Website
Address
R10(L)/Hnin Si Phyu Street
Yangon
11181
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |
