Valmont Myanmar

Valmont Myanmar

Share

Treasure of Nature , Skin Spa ........... By Valmont

18/05/2026

Active Ingredients တွေရဲ့ အစွမ်းကြောင့် ရေဓာတ်ကို အဆ ၁၀၀၀ ထိ ထိန်းပေးမှာပါ 💧✨

💎အသားအရေအတွက် သာမန်ရေဓာတ်ဖြည့်တင်းမှုမျိုးထက်ပိုတဲ့ Augmented Hydration အဆင့်ကို Valmont Hydra 3 Collection နဲ့အတူ ခံစားကြည့်လိုက်ရအောင်နော် …..

💎Swiss Luxury Skincare Valmont ရဲ့ အဆင့်မြင့်နည်းပညာနဲ့ ပေါင်းစပ်ထားတဲ့ အစွမ်းထက် Active Ingredients တွေကအသားအရေကို အရင်ကထက် ထူးခြားသိသာစွာ ပြောင်းလဲပေးမှာပဲဖြစ်ပါတယ် …..

Hydra 3 Collection မှာဆိုရင်
💎Hyaluronic Acid Duo: မတူညီတဲ့ မော်လီကျူးအရွယ်အစားရှိတဲ့ Hyaluronic Acid တွေက အသားအရေရဲ့ အလွှာအသီးသီးကို စိမ့်ဝင်လုပ်ဆောင်ပေးပြီး ရေဓာတ်ကို အသားအရေထဲမှာ အချိန်အကြာကြီး ထိန်းသိမ်းပေးထားနိုင်ပါတယ် …….

💎Signature Triple DNA: Valmont ရဲ့ သီးသန့် Salmon DNA နည်းပညာက အသားအရေအတွက် လိုအပ်တဲ့ ရေဓာတ်ကို အဆပေါင်းများစွာ ပေးစွမ်းနိုင်ပြီး ရေဓာတ်ထိန်းသိမ်းနိုင်စွမ်းကို Hyaluronic Acid ထက် ၁၀ ဆ ပိုမိုအားဖြည့်ပေးပါတယ် …..

💎Fermented Gentiane Extract: အရေပြားအလွှာ (၃) လွှာလုံးကို တစ်ပြိုင်နက်တည်း ပြုပြင်အားဖြည့်ပေးလို့ ရေဓာတ်ဆုံးရှုံးမှုကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ် …..

✨ ဒါကြောင့် အသားအရေကို အတွင်းပိုင်းကနေ အပြင်ပိုင်းအထိ တင်းရင်းစိုပြေစေပြီး နုပျိုဝင်းပတဲ့ အသွင်အပြင်ကို ရရှိစေဖို့ Valmont Hydra 3 collection ရဲ့ Augmented Hydration ကို အခုပဲ စမ်းသပ်ကြည့်လိုက်ပါ နော် 💙

Photos from Valmont Myanmar's post 15/05/2026

ချွေးပေါက်ကျဉ်းပြီး စိုပြေဝင်းပတဲ့ အသားအရေကို ပိုင်ဆိုင်စေမယ့် လျှို့ဝှက်ချက် 💧✨

💎 မျက်နှာပေါ်က ချွေးပေါက်တွေ ကျယ်နေတာဟာ အသားအရေ ခြောက်သွေ့ပြီး ရေဓာတ်ခမ်းခြောက်မှု (Dehydration) ကြောင့်ဆိုတာ သိပါသလား? 🤔

💎 ဒီပြဿနာကို အထိရောက်ဆုံး ဖြေရှင်းပေးမယ့် Swiss Luxury Skincare Valmont ရဲ့ Hydra 3 Booster Serum အကြောင်း ပြောပြပေးချင်ပါတယ် ……

✨Hydra 3 Booster က

💎Pore Refiner Concentrate : ရေဓာတ်ခမ်းခြောက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ချွေးပေါက်ကျယ်ခြင်းကို သက်သာစေပြီး အသားအရေကို ပြန်လည် တင်းရင်းချောမွေ့စေပါတယ် ….

💎Hyaluronic Acid Duo: မတူညီတဲ့ Hyaluronic Acid (၂) မျိုး ပါဝင်လို့ အသားအရေရဲ့ အလွှာအသီးသီးကို ရေဓာတ် အပြည့်အဝ စိမ့်ဝင်စေပါတယ် …..

💎စိုပြေဝင်းပစေခြင်း : Ultra-plumping fresh gel texture အမျိုးအစားဖြစ်လို့ လိမ်းလိုက်တာနဲ့ အသားအရေကို ချက်ချင်း စိုပြေတင်းရင်းသွားစေမှာပါပဲ ဖြစ်ပါတယ် ….

💎Skin Barrier ကို အားဖြည့်ပေးခြင်း: အသားအရေရဲ့ သဘာဝအတားအဆီးကို ပိုမိုခိုင်မာစေပြီး ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးပါတယ် ……

✨ Hydra 3 Booster မှာ
💎Fermented Gentian Extract ပါဝင်လို့ အရေပြားရဲ့ Microbiome ကို ထိန်းညှိပေးပြီး ရေဓာတ်ဖြည့်တင်းမှု စနစ်ကို အားကောင်းစေပါတယ်…..

💎Pore Refiner Concentrate က အသားအရေကို တင်းရင်းစေပြီး အသားအရောင်ကို တစ်ပြေးညီတည်း ဖြစ်စေကာ ချွေးပေါက်များကို သန့်စင်ကာ ကျဉ်းစေပါတယ် ….

💎Valmont ရဲ့ ကိုယ်ပိုင် Ingredients ဖြစ်တေြ့ Triple DNA ပါဝင်လို့ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးကာ ရေဓာတ်ကို အဆပေါင်းများစွာ ထိန်းသိမ်းပေးပါတယ် …..

💎Dehydration ကြောင့် အသားအရေ ညှိုးနွမ်းပြီး ချွေးပေါက်ကျယ်နေတာတွေကို နှုတ်ဆက်ဖို့ Hydra 3 Booster ကို Daily Skincare Routine မှာ အခုပဲ ထည့်သွင်းလိုက်ပါနော် 💙

Photos from Valmont Myanmar's post 13/05/2026

မျက်နှာလေးကို ရေသောက်လိုက်သလို ချက်ချင်းလန်းဆန်းသွားစေမယ့် Hydra 3 Mist 💧✨

💎တစ်နေကုန် ပင်ပန်းနွမ်းနယ်နေတဲ့အသားအရေအတွက် ချက်ချင်းလန်းဆန်းမှုကို ပေးစွမ်းနိုင်မယ့် နည်းလမ်းကောင်းလေးတစ်ခု ရှိပါတယ် ……

💎အဲ့ဒါကတော့ Swiss Luxury Skincare Brand Valmont ရဲ့ Hydra 3 Mist ပဲ ဖြစ်ပါတယ် …..

ဘာကြောင့် Hydra 3 Mist ကို အသုံးပြုသင့်တာလဲ? 🤔

💎Instantly Hydrates and Soothes : နူးညံ့ချောမွေ့တဲ့ ရေဓာတ်က မျက်နှာအသားအရေပေါ်ကို ကျရောက်တာနဲ့ ရေသောက်လိုက်သလိုမျိုး လန်းဆန်းမှုကို ခံစားရစေမှာပဲဖြစ်ပါတယ် ….

💎Prepares: နောက်ထပ်အသုံးပြုမယ့် Skincare တွေကို အသားအရေထဲ အထိရောက်ဆုံး စိမ့်ဝင်နိုင်ဖို့ အတွက် အသားအရေကို အကောင်းဆုံး ပြင်ဆင်ပေးပါတယ် …..

💎Strengthens: အသားအရေရဲ့ Barrier ကို ပိုမိုသန်မာစေပြီး ပိုမိုနူးညံ့ပျော့ပျောင်းလာစေပါတယ် ….

💎 Set or Refresh: လိမ်းထားတဲ့ မိတ်ကပ်ကိုလည်း တစ်နေ့တာလုံး ကြာရှည်ခံစေပါတယ်

💎Hydra 3 Mist မှာဆိုရင် Natural Ingredients များစွာပါဝင်ပြီး Fermented Gentian Extract က အသားအရေရဲ့ ရေဓာတ်ဖြည့်တင်းမှုကို အားပေးသလို၊ Swiss Apricot Extract ကလည်း ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်စေပါတယ် ၊ Aloe Vera ပါဝင်လို့ အသားအရေကို ရေဓါတ်ပြည့်ပြီး နူးညံ့စေပါတယ် ……

ဘယ်အချိန်မှာ သုံးရမလဲ? ⏰
💎 Hydra 3 Mist ကို မည်သည့် Skincare routine မှာမဆို ပထမဆုံးအဆင့် (1st moisturizing gesture) အနေနဲ့ အသုံးပြုနိုင်သလို၊ အပြင်သွားရင်း မျက်နှာလေး လန်းဆန်းဖို့ လိုအပ်တဲ့အချိန်တိုင်းမှာလည်း Ultra-practical misting စနစ်ကြောင့် အလွယ်တကူ ဖြန်းပေးနိုင်ပါတယ် …..

💎အသားအရေရဲ့ ရေဓာတ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ Hydra 3 Mist ကို ဒီနေ့ပဲ စတင်ရွေးချယ်လိုက်ပါနော် 💙

11/05/2026

"အသားအရေ ရဲ့ အလွှာ( ၃ ) လွှာလုံး အတွက် အကောင်းဆုံး ရေဓာတ်ဖြည့် Hydra 3 collection "

Hello Hydra 3! 💙

💎Swiss Luxury Skincare Valmont ရဲ့ လူကြိုက်အများဆုံး Hydration line ကို update version နဲ့ ပြန်လည်ရောက်ရှိလာပါပြီ …..

💎Mist, Booster, ကနေ Cream အထိ... ပိုမိုနုပျိုပြီး စိုအိသွားစေပြီး အသားအရေအတွက် အပြည့်စုံဆုံး Collection ပဲ ဖြစ်ပါတယ် …..

07/05/2026

💎Venice ရဲ့ အငွေ့အသက်တွေကို ဆောင်ကြဉ်းပေးမယ့်ရေမွှေး 💎

💎နွေရာသီရဲ့ တောက်ပတဲ့ နေရောင်ခြည်အောက်မှာ စတိုင်ကျကျနဲ့ ထင်ပေါ်နေဖို့ဆိုရင် ရွေးချယ်စရာ ရေမွှေးတွေအများကြီးရှိပေမဲ့ Venice မြို့တော်ကြီးရဲ့ ရင်သပ်ရှုမောဖွယ် အလှတရားတွေကို ခံစားရစေမယ့် Casanova 2161 ကတော့ တကယ့်ကို အထူးခြားဆုံးပဲ ဖြစ်ပါတယ် …..

💎အခုလို ပူအိုက်တဲ့ ရာသီမှာတောင် သန့်ရှင်းပြီးတော့ လန်းဆန်းတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့အပြင် အရမ်းကို Premium ဆန်တဲ့ Vibe မျိုးကို ရရှိစေပါတယ်…..

💎သူ့ရဲ့ Notes တွေက တစ်ခုနဲ့တစ်ခု အချိုးကျကျ ပေါင်းစပ်ထားတာဖြစ်လို့ -

✨Juniper Berries: အစပိုင်းမှာတင် လန်းဆန်းတက်ကြွစေတဲ့ Spicy ဆန်ဆန် အနံ့လေးက နွေရာသီရဲ့ ပျင်းရိမှုကို ပျောက်ကွယ်သွားစေနိုင်ပါတယ် …..

✨Iris: middle notes မှာ ပါဝင်တဲ့ Iris ပန်းရနံ့ကတော့ တည်ငြိမ်ပြီး စွဲမက်ဖွယ်ကောင်းတဲ့ တည်ငြိမ်ရင့်ကျက်မှု ပေါ်လွင်စေပါတယ် …..

✨Vetiver: Base note မှာပါတဲ့ Vetiver (မြေနံ့သင်းသင်း) ကတော့ ခန့်ညားထည်ဝါတဲ့ ယောကျာ်းပီသမှု (Masculinity) ကို အပြည့်အဝ ပေးစွမ်းမှာပဲ ဖြစ်ပါတယ် ……

💎 ဒါကြောင့်မို့ ပူပြင်းတဲ့ နေ့ရက်တွေမှာတောင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ အဆင့်အတန်းမြင့်တဲ့ ရနံ့တစ်ခုကို ပိုင်ဆိုင်ထားချင်တယ်ဆိုရင်တော့ Casanova 2161 က အသင့်တော်ဆုံး ရွေးချယ်မှုတစ်ခုပါပဲ ……

30/04/2026

🌕ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့ 🙏

🌕"ကဆုန်လပြည့်နေ့" မှာ Valmont Myanmar ရဲ့ ချစ်ရတဲ့ Customer အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့်🙏



#ကဆုန်လပြည့်နေ့
#ဗုဒ္ဓနေ့

28/04/2026

နေရောင်ခြည်ဒဏ်ကို အပြည့်အဝကာကွယ်ရင်း ပိုမိုတောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ အသင့်ဖြစ်ပြီလား? ✨

💎 အခုနွေရာသီမှာ အသားအရေအတွက် အကောင်းဆုံး Sunscreen ကို ရွေးချယ်နိုင်ဖို့ Swiss Luxury Skincare Valmont ရဲ့ Hero Products နှစ်ခုအကြောင်း ပြောပြပေးချင်ပါတယ် …..

💎Luxury Skin Care ကိုမှ အသုံးပြုချင်တဲ့သူတွေအတွက် "Protection + Treatment" ကို တစ်ပြိုင်နက် ပေးစွမ်းနိုင်မယ့် Product ( ၂ ) မျိူးဖြစ်တဲ့ LumiCity နဲ့ Restoring Perfection တို့ပဲ ဖြစ်ပါတယ် …..

✨ LumiCity

💎 သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေနဲ့ နေရောင်ခြည်ဒဏ်ကနေ အသားအရေကို ကာကွယ်ပေးရုံတင်မကဘဲ၊ အတွင်းပိုင်းကနေ ကြည်လင်တောက်ပလာအောင် ဖန်တီးပေးနိုင်တာကြောင့် …..
💎 အသားအရေ ညစ်နွမ်းမှုကို ဖယ်ရှားပြီး ချက်ချင်း ကြည်လင်တောက်ပတဲ့ Luminous Glow ကို လိုချင်သူများအတွက် Ultra-lightweight texture မို့ လိမ်းလိုက်တာနဲ့ လန်းဆန်းမှုကို ခံစားရစေမှာပဲဖြစ်ပါတယ် …..

✨Valmont Restoring Perfection

💎 Sunscreen ဆိုတာထက် ပိုတဲ့ Advanced Anti-aging Treatment ဆိုရင်လည်း မမှားပါဘူး …..
💎 နေရောင်ခြည်ကြောင့် Collagen ပျက်စီးမှုကို အထိရောက်ဆုံး တားဆီးပေးပြီး အသားအရေကို ပြန်လည်နုပျိုစေတာကြောင့် …..
💎အသားအရေကို ပြုပြင်ထိန်းညှိပေးပြီး ကျစ်လျစ်တင်းရင်းတဲ့ Firm & Smooth Skin ကို လိုချင်သူများအတွက် သိပ်ကို သင့်တော်ပါတယ် …..
💎Rich & Nourishing ဖြစ်လို့ အသားအရေကို တစ်နေကုန် ပိုးသားလေးလို နူးညံ့သွားစေပါတယ် …..

💎 ဒါကြောင့် LumiCity နဲ့ Restoring Perfection ထဲကမှ အသားအရေအတွက် အကောင်းဆုံး Luxury Sun Protection ကို အခုပဲ ရွေးချယ်လိုက်ပါနော် ……

27/04/2026

" နေပူထဲထွက်ရင် Sunscreen လိမ်းရုံနဲ့ လုံလောက်ပြီလား? " 🤔

💎တကယ်တော့ အသားအရေဟာ UV Rays ကြောင့် နေလောင်ရုံတင်မကဘဲ Collagen ဓာတ်တွေ ပျက်စီးပြီး အရေးအကြောင်းနဲ့ အသားအရေ လျော့တွဲတာတွေကိုပါ ရင်ဆိုင်ရတတ်ပါတယ် ……

💎ဒါကြောင့် Sun Protection (SPF) ရော၊ Anti-aging treatment ရော ပါဝင်တဲ့ Swiss Luxury Skincare Brand Valmont ရဲ့ Restoring Perfection က မြန်မာနိုင်ငံလို ပူပြင်းတဲ့ ဒေသမှာရှိတဲ့ လူတိုင်းအတွက် မရှိမဖြစ် Luxury Item လေးဖြစ်နေရတာပါ ……

ဘာကြောင့် Valmont Restoring Perfection ကို ရွေးချယ်သင့်တာလဲ? ✨

💎Triple DNA Technology:Valmont ရဲ့ Signature ဖြစ်တဲ့ Triple DNA က အစိုဓာတ်ကို ထိန်းညှိပေးပြီး ဆဲလ်အသစ်ဖြစ်ပေါ်မှုကို အားပေးပါတယ်…..

💎 Pro-Collagen Effect: UV Rays ကြောင့် ပျက်စီးသွားမယ့် Collagen တွေကို ပြန်လည်ဖြည့်တင်းပေးပြီး အသားအရေကို တင်းရင်းစေပါတယ် …..

💎 SPF 50: UVA နဲ့ UVB ဒဏ်ကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်လို့ အသားအရေ မွဲခြောက်တာနဲ့ တင်းတိပ်၊ မှဲ့ခြောက် ဖြစ်ခြင်းကို တားဆီးပေးပါတယ် ……

💎Texture & Glow: လိမ်းလိုက်ရင် စေးကပ်မှုမရှိဘဲ ပေါ့ပေါ့ပါးပါးနဲ့ ကျန်းမာတဲ့ Glow Look လေးကို ရရှိစေမှာပါ ……

💎 Product တစ်မျိူးတည်းနဲ့ အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်တဲ့အပြင် တစ်နေကုန် အသားအရေကို ချောမွေ့လှပစေမယ့် " True Beauty Investment " တစ်ခုပါပဲ …..

💎 ဒါကြောင်မို့ Skin Care Routine ထဲမှာ "Protection + Restoration" နှစ်ခုလုံးကို ရယူဖို့ Valmont Restoring Perfection လေးကို အခုပဲ အသုံးပြုလိုက်ပါနော် …..

22/04/2026

နေရောင်အောက်မှာတောင် Glow Glass ဖြစ်နေတဲ့ လျှို့ဝှက်ချက် ✨
💎 နေပူထဲထွက်ရင် နေလောင်မှာလည်းကြောက်၊ အသားကြည်ကြည်လေးလည်း ဖြစ်ချင်တယ်ဆိုရင် Valmont ရဲ့ LumiCity က အသင့်တော်ဆုံးပါပဲ …..
💎 Swiss Luxury Skincare Valmont ရဲ့ နည်းပညာမြင့် Ingredients များဖြစ်တဲ့ -
Triple DNA: အသားအရေရဲ့ ဆဲလ်အသစ်ဖြစ်ပေါ်မှုကို အားပေးပြီး အိုမင်းရင့်ရော်မှုကို တားဆီးပေးရုံသာမက စိုပြေမှုကိုလည်း ပြန်လည်ဖြည့်ပေးပါတယ် …..
Seven Alpine Plants: ဆွစ်ဇာလန်တောင်တန်းပေါ်က အပင် (၇) မျိုးကနေ ထုတ်ယူထားလို့ အသားအရေကို ကြည်လင်တောက်ပစေပြီး အမည်းစက်တွေကို သိသိသာသာ လျော့ပါးစေပါတယ် …..
💎 LumiCity က SPF 50 ပါဝင်လို့ နေရောင်ခြည်ဒဏ်ကို အပြည့်အဝကာကွယ်ပေးတဲ့အပြင်၊ အသားအရေကို တစ်နေကုန် စိုစိုကြည်ကြည် (Glow) လေးဖြစ်နေစေနိုင်ပါတယ် ……
💎 အခုလို ပူပြင်းလာတဲ့ နွေရာသီမှာ အသားအရေအကောင်းဆုံး အဖော်မွန်ကတော့ Valmont ရဲ့ LumiCity ပါပဲနော် 💎

17/04/2026

"နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ အေးချမ်းကြပါစေ"
ဒီနေ့ကျရောက်တဲ့ နှစ်ဆန်းတစ်ရက်နေ့မှစတင်ပြီး ချစ်ခင်ရသူတွေနဲ့အတူ ပျော်ရွှင်စရာ အမှတ်တရများစွာ ဖန်တီးနိုင်ကြပါစေလို့ Valmont Myanmar မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့် ✨

11/04/2026

💎 သင်္ကြန်အတွင်း Valmont Myanmar ရဲ့ Online Order တွေကို ပုံမှန်အတိုင်း လက်ခံပေးနေမှာဖြစ်ပြီး Delivery ကိုတော့ April (၂၀) ရက်နေ့မှာ စတင်ပြန်လည် ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ် …..

✨အားလုံးပဲ ပျော်ရွှင်စရာ သင်္ကြန်အခါသမယလေး ဖြစ်ပါစေရှင့်✨

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Junction City, Bo Choke Aung San Road, Pepandan Township
Yangon
11141

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00