Ngwe La - Star Branded House

Ngwe La - Star Branded House

Share

Ngwe La - Star USA, UK, Australian to Myanmar online shopping
We are selling the authentic brands fr

စစ်မှန်မှု မရှိကြောင်း တွေ့ရှိပါက ဝယ်ယူပြီ ( ၃ ) ရက် အတွင်း လဲလှယ်နိုင်ပါသည်။

27/10/2020

တချို့တွေက ၀က်ခြံပေါက်တယ် အမည်းစက်ထွက်တယ်
ဘာသုံးရမလဲ???
မေးမေးနေတာတွေ့နေရလို့ စစ်တို့ရေ

👉 အရင်ဆုံးဘယ် skin care routine မှာမဆို အရေးအကြီးဆုံးနဲ့ ပထမဆုံး အဆင့်ဖြစ်တဲ့ မျက်နှာသန့်စင်တယ်ဆိုတဲ့အကြောင်းလေး ရေးမယ်နော်စစ်တို့ရေ

👉 အဲဒီတော့ ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ မျက်နှာသန့်စင်တဲ့ ပစ္စည်းကို သုံးပေးဖို့ လိုပါတယ်နော်

👉 မျက်နှာသန့်စင်တဲ့ ပစ္စည်းအမျိုးအစားတွေက ၁၁ မျိုးတောင် ရှိတယ်

1. Gel Cleanser

သူတို့က တစ်ကြိမ် ဆေးကြောလိုက်တာနဲ့ အရေပြားအတွင်းပိုင်းအထိ သန့်ရှင်းပေးပြီး ချွေးပေါက်တွေကို ဖွင့်ပေးတယ်

ပိုနေတဲ့အဆီတွေနဲ့ ၀က်ခြံဖြစ်ပေါ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကိုလည်း သန့်ရှင်းပေးတယ်နော်

အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ ပစ္စည်းတွေပါ၀င်တာကြောင့် အရေပြားကို အစိုဓာတ်ဖြည့်ပေးပြီး အသားအရေကို လန်းဆန်းစေပါတယ်

Gel Cleanser တွေကတော့ မိတ်ကပ်တွေကို ကောင်းကောင်းဖျက်ပေးနိုင်ပါတယ်

ဘယ်သူတွေက သုံးသင့်တာလဲ???

👉 ပုံမှန်အသားအရေ၊ အဆီပြန်တဲ့အသားအရေ၊ ပေါင်းစပ်အသားအရေနဲ့ ၀က်ခြံပေါက်လွယ်တဲ့ အသားအရေပိုင်ရှင်များ

2. Cream Cleanser

သူတို့ကတော့ အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ သတ္တိတွေ ပါ၀င်ထုတ်လုပ်ထားပါတယ်

သူတို့ကတော့ အသားအရေရဲ့ သဘာ၀အဆီတွေကို ပြောင်ရှင်းသွားအောင်တော့ မဖယ်ရှားပေးနိုင်ပါဘူး အဲဒါကြောင့်ပဲ အသားအရေကို ခြောက်သွေ့အောင်နဲ့ ရေဓာတ်ခမ်းခြောက်တာတွေတော့ မဖြစ်စေပါဘူး

သူတို့ကတော့ မိတ်ကပ်တွေကို ကောင်းကောင်းဖယ်ရှားပေးနိုင်သလို အဆီတွေထုတ်ပေးတာကိုလည်း ထိန်းချုပ်ပေးပါတယ်

ဘယ်သူတွေ သုံးသင့်တာလဲ???
👉 ခြောက်သွေ့အသားအရေပိုင်ရှင်တွေနဲ့ ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်များ

3. Foam Cleanser

Foam cleanser တွေက cream ပုံစံ သို့ gel form နဲ့လာတတ်ပြီး ရေနဲ့ပေါင်းစပ်လိုက်ရင် foamy consistency ဖြစ်စေပါတယ်

အမြှုပ်တွေက ချွေးပေါက်တွေကို သန့်ရှင်းပေးပြီး အညစ်အကြေးတွေနဲ့ မိတ်ကပ်တွေကို ဖယ်ရှားပေးပါတယ်

အမြှုပ်ထွက်စေတဲ့ အဓိက ပါ၀င်ပစ္စည်းဖြစ်တဲ့ sodium lauryl sulfate (SLS) ကတော့ အရေပြားကို ခြောက်သွေယားယံစေတဲ့အတွက် အသားအရေရဲ့ sensitivity and irritation ကို တိုးစေနိုင်ပါတယ်

ဘယ်သူတွေ သုံးသင့်တာလဲ???

👉 အဆီပြန်တတ်တဲ့အသားအရေပိုင်ရှင်များနဲ့ ပေါင်းစပ်အသားအရေပိုင်ရှင်များ

4. Clay Cleanser

Clay Cleanser တွေကတော့ အဓိကက ရွံ့စေးပါ၀င်ပြီး မျက်နှာပေါင်းတင်တဲ့ clay masks တွေလိုပဲ အဆိပ်အတောက်တွေကို ဖယ်ရှားပေးစေနိုင်ပါတယ်

သူတို့က အရေပြားပေါ်က ဖုန်နဲ့အညစ်အကြေးတွေသာမက အဆီတွေနဲ့ ချွေးပေါက်ထဲက အညစ်အကြေးတွေကို စုပ်ယူပေးနိုင်ပါတယ်

ဒါပေမဲ့ မိတ်ကပ်တွေကိုတော့ ဖယ်ရှားမပေးနိုင်ပါဘူး

ဘယ်သူတွေ သုံးသင့်တာလဲ???

👉 အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေ၊ ၀က်ခြံပေါက်တဲ့အသားအရေပိုင်ရှင်တွေနဲ့ ပေါင်းစပ်အသားအရေပိုင်ရှင်များ

5. Powder Cleanser

Powder Cleanser တွေကတော့ အမှုန့်ပုံစံအနေနဲ့ ထုတ်လုပ်ထားပြီးတော့ ရေနဲ့ ပေါင်းစပ်လိုက်ရင် creamy or foamy ပုံစံပြောင်းသွားပါတယ်

သန့်ရှင်းလိုက်တာနဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးပါတယ် သူတို့က deep facial cleansing လိုပဲ မိတ်ကပ်တွေဖယ်ရှားတဲ့နေရာမှာ ကောင်းပါတယ်

ဘယ်သူတွေ သုံးသင့်တာလဲ???

👉 အဆီပြန်တဲ့အသားအရေပိုင်ရှင်များ၊ ပေါင်းစပ်အသားအရေပိုင်ရှင်များနဲ့ ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်များ

6. Micellar Cleansing Water

မျက်နှာသစ်အမျိုးအစားထဲမှာတော့ အပေါ့ပါးဆုံးအမျိုးအစားပါ ရေနဲ့ အနီးစပ်ဆုံး တူပါတယ်

micelles, tiny oil molecules ပါ၀င်လို့ အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်

ဂွမ်းစနဲ့ သန့်စင်ပေးနိုင်ပြီး ရေဆေးချဖို့ မလိုပါဘူးနော်

မိတ်ကပ်တွေကို ဖယ်ရှားပေးနိုင်တယ် သန့်ရှင်းပေးနိုင်သလို ကိုယ့်အရေပြားရဲ့ tone ကို ညှိပေးနိုင်ပါတယ်

ဘယ်သူတွေ သုံးသင့်တာလဲ???

👉 ခြောက်သွေ့အသားအရေပိုင်ရှင်များ၊ အဆီပြန်အသားအရေပိုင်ရှင်များ၊ ပုံမှန်အသားအရေနဲ့ ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်များ

7. Bar Soap Cleanser

ခန္ဓာကိုယ်မှာသုံးတဲ့ ဆပ်ပြာတွေက မျက်နှာအသားအရေကို ထိခိုက်စေပါတယ်

မျက်နှာအတွက်သုံးတဲ့ဆပ်ပြာတွေက အစိုဓာတ်ဖြည့်ပစ္စည်းတွေ ပါ၀င်တာကြောင့် အရေပြားကို အာဟာရဖြည့်ပေးသလို pH levels ကိုညှိပေးနိုင်ပါတယ်

ကိုယ့်အသားအရေက ရေဓာတ်ခမ်းနိုင်တယ် ထိခိုက်လွယ်ပြီး ရောင်ရမ်းလွယ်ရင်တော့ မသုံးပါနဲ့

ဘယ်လိုလူတွေ သုံးသင့်တာလဲ???

👉 အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေနဲ့ ပေါင်းစပ်အသားအရေပိုင်ရှင်များ

8. No-Rinse Cleanser

No-rinse cleansers တွေကတော့ foams, creams and lotions ပုံစံတွေနဲ့လာပြီး ဆပ်ပြာပါ၀င်မှု မရှိပါဘူး

မိတ်ကပ်တွေကို ဖယ်ရှားပေးနိုင်ပြီး အရေပြားကို လန်းဆန်းစေပါတယ်

အရေပြားကို အားဖြည့်ပေးသလို ပုံမှန် skincare regime အတွက် အချို့အချိန်တွေကို သက်သာစေပါတယ်

ဘယ်သူတွေ သုံးသင့်တာလဲ???

👉 ခြောက်သွေ့အသားအရေပိုင်ရှင်များ၊ ထိခိုက်လွယ်သောအသားအရေပိုင်ရှင်များနဲ့ ၀က်ခြံပေါက်တတ်တဲ့ အသားအရေပိုင်ရှင်များ

9. Cleansing Wipes

Cleansing Wipes တွေကတော့ သက်တောင့်သက်သာအဖြစ်ဆုံးဖြစ်ပေမဲ့အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတော့ မဟုတ်ပါဘူး

မိတ်ကပ်တွေကို ဖယ်ရှားပေးနိုင်ပေမဲ့ မျက်နှာ ထပ်သစ်ဖို့တော့ လိုနေပါသေးတယ်

ဘယ်လိုလူတွေ သုံးသင့်သလဲ???

👉 အဆီပြန်အသားအရေပိုင်ရှင်များ၊ ခြောက်သွေ့အသားအရေပိုင်ရှင်များ နှင့် ပုံမှန်အသားအရေပိုင်ရှင်များ

10. Cleansing Oil

Cleansing Oil တွေကတော့ ညင်သာပြီး မိတ်ကပ်ဖျက်ပေးတဲ့နေရာမှာတော့ တော်တော်အကျိုးရှိပါတယ်

သူတို့ထဲက တချို့က ရေစိုခံနိုင်ပါတယ်

သူတို့က အရေပြားကို အာဟာရဖြည့်ပေးပြီး ခြောက်သွေ့တာ မဖြစ်စေပါဘူး

deep cleansing အတွက်တော့ သူတို့က မသင့်တော်ပါဘူး။ ဒါကြောင့် ရေဆေးချပြီးတာနဲ့ ပုံမှန် deep cleansing လုပ်ပေးဖို့လိုပါသေးတယ်

ဘယ်သူတွေ သုံးသင့်တာလဲ???

👉 ခြောက်သွေ့အသားအရေပိုင်ရှင်များ၊ ပုံမှန်အသားအရေပိုင်ရှင်များနဲ့ ပေါင်းစပ်အသားအရေပိုင်ရှင်များ

11. Cleansing Balm

Cleansing balms တွေက cleansing oils တွေနဲ့တူပြီး သူတို့ကတော့ ပိုပျစ်ပြီး rich and creamy texture ရှိပါတယ်

သူတို့က မိတ်ကပ်ဖျက်ပေးနိုင်ပြီး အာဟာရဖြည့်ပေးနိုင်တဲ့ ပါ၀င်ပစ္စည်းတွေကြောင့် အသားအရေကို နူးညံ့စေပါတယ်

သူတိ့က ရေဆေးချလို့ရသလို ရေဆေးမချလည်း ရပါတယ်

ဘယ်သူတွေ သုံးသင့်တာလဲ???

👉 ခြောက်သွေ့အသားအရေပိုင်ရှင်များနှင့် ပုံမှန်အသားအရေပိုင်ရှင်များ

👉ကဲဒီတော့ မျက်နှာသန့်စင်ပေးနိုင်တဲ့ အမျိုးအစားတွေနဲ့ ကိုယ့်အသားအရေကို သိပြီဆိုရင် ဘယ်လိုအမျိုးအစားသုံးပေးရမလဲ သိနိုင်ပါပြီနော်

👉လှပသော မျက်နှာလေးတွေပိုင်ဆိုင်ကြပါစေရှင်



crd
crd

Photos from Ngwe La - Star Branded House's post 23/10/2020

#အရည်အသွေးကောင်း ဆံပင်အတွက်ဆိုသူ့သုံးပါနော်

&conditioner

​Make in USA 🇺🇸 တိုက်ရိုက်

22/10/2020

ဒီပါ၀င်ပစ္စည်း​တွေ ထည့်ပြီးလုပ်ထားတဲ့ Skincare တွေ
ဘယ်ဟာသုံး​နေလဲ ... 👍⁉️
မသိရင် အခုပဲ ကိုယ့်ရဲ့ Skincare ပုလင်းကိုယူပြီး ..
ဒီထဲက နာမည်​တွေ ပါမပါ တိုက်စစ်ကြည့်လို့ရတယ်ရှင့်

#ချစ်တဲ့NL-Star_Care

Photos from Ngwe La - Star Branded House's post 21/10/2020

Skin Care လိမ်းနည်း။
———————————————-
ဒေါက်တာအေးမင်းထူး

(မနက်ပိုင်းအတွက်)
_________
(၁) Cleanser
(၂) Toner/Mist
(၃) Serum
(၄) moisturizer (Lotion or emulsion )
(၅) Cream (နွေရာသီမှာရှောင်ပါ)
(၆) Skincare finisher
(၇) Sunblock
(၈) Makeup

(ညပိုင်း အတွက်)
_______
(၁) Makeup remover (oil, water base or gel)
(၂) Cleanser
(၃) Booster (ပုံမှန်အားဖြင့် toner သုံးပြီးမှသာ လိမ်းရတယ်)
(၄) Toner/Mist
(၅) Ampoule
(၆) Serum (essence ထက်ပိုပျစ်ရင်နောက်မှသုံးပါ)
(၇) Essence
(၈) Sheet mask or gel mask (အေးတဲ့ရာသီမှာနေ့စဉ်သုံးပါ)
(၉) moisturizer(Lotion or Emulsion)
(၁၀) Night pack or sleeping mask

မှတ်ချက် - (Skin Careများကို အသက်(၁၆)နှစ်ကျော်မှသာ စတင်သုံးစွဲသင့်သည်...။)

skin care ဥပဒေသအရ
မနက်ပိုင်းကို
prevention stage လို့ ခေါ်တယ်။
နေလောင်တာ၊ အသားအရေပျက်ဆီးတာကာကွယ်ဖို့ဖြစ်တယ်။
ညပိုင်းကို
repairing stage ခေါ်ပါမယ်။
အရေပြားကို ပြန်လည်ပြုပြင်ဖို့ဖြစ်တယ်။
ဒါ့ကြောင့် ညပိုင်းက step ပိုများသွားတာပါ..

တကြိမ်မှာskin careအဆင့်၂လိမ်းပြီး သုံးရတဲ့ brandတွေ စုံသွားတော့ skin careတမျိုးနဲတမျိုး ပေါင်းသွားပြီး မတည့်တာမျိုးတွေမဖြစ်နိုင်ဘူးလားလို့မေးတတ်သူတွေအတွက်တော့

Skin care တခုနဲ့တခုကြား ၅ မိနစ်ခြားဆိုတဲ့ ဥပဒေသ အမှန်ရှိတယ်။ တချို့က မသိကြတာ။ တချို့က မလိုက်နာနိုင်တာ။ တကယ်တော့ ရောစရာအကြောင်း မရှိဘူး။ အာနိသင်ချင်းမှ မတူတာမို့ပါ လို့ ပြောရပါမယ်။

hydrator = moisturizer (sensitive )မှာ hydrator ကို သုံးတယ်။

finisher ဆိုတာ ရှေ့က သုံးထားတဲ့ skin care နဲ့ နောက်မှာဆက်သုံးမယ့် cosmetic ကြားမှာ အလွှာပါးတခု အနေနဲ့ ခြားပေးတဲ့ ပစ္စည်းပါ။

sunblock ပြီးမှ primer >foundation> concealer အဆင့်ဆင့်သုံးလို့ ရပါတယ်။

03/08/2020

😁😁😁

ပျားရည်ရောင်းနည်း

Credit

24/07/2020
08/07/2020

ငင့်😜😜

28/06/2020

Yangon Boat Services😅😅😅😅😜

Photos from Khin Moe Myint's post 28/06/2020

ချစ်တို့ရေ
ွင့်ဖွင်းချင်းLike အများကြီးရအောင်လုပ်နည်းလေးပါ
အဆင်ပြေကြပါစေ

28/06/2020

ဘယ်နှစ်ယောက်လဲနော်
ကိုယ်တော့ ကြည့်ရင်း
မူးနေတာပဲ 😇😇

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No, 917(A), Padauk Shwe War Street, (10) South, Thaketa
Yangon