FamilyCare

FamilyCare

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from FamilyCare, Health/Beauty, Yangon.

13/05/2026

🎈 လာမယ့် စနေ၊ တနင်္ဂနွေပိတ်ရက်မှာ ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး ဂိမ်းဆော့ပြီး ဆုလက်ဆောင်ရယူနိုင်မယ့် အခွင့်အရေး

လွတ်လပ်တက်ကြွတဲ့ ချန်ပီယံလေးတို့အတွက် ပတ်ဝန်းကျင်သစ်တွေကို လေ့လာစူးစမ်းတာဟာ သူတို့လေးတွေ စိတ်ရောကိုယ်ပါ ကျန်းမာသွက်လက် လာစေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဆိုပေမဲ့ ဘက်တီးရီးယား ပိုးမွှားတွေကပ်ကျန်ခဲ့မှာကိုလည်း စိုးရိမ်တတ်ကြတယ်၊ ဟုတ် ?

ကလေးငယ်တွေ လွတ်လပ်စွာ စူးစမ်းဆော့ကစားပြီးတဲ့အချိန်တိုင်း ဘတ်တီးရီးယားတွေကိုတိုက်ထုတ်ဖို့အတွက်အမြဲရှိနေတဲ့ FamilyCare ကတော့ ဒီတစ်ပတ်မှာ ချစ်စရာတိရစ္ဆာန်လေးတွေရှိရာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် (Yangon Zoo) မှာရှိနေမှာပါ။

ချန်ပီယံလေးတွေအတွက် ပျော်စရာအစီအစဉ်တွေအများကြီးပြင်ဆင်ထားလို့ FamilyCare နဲ့အတူအမှတ်တရတွေကိုဖန်တီးဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

📅 မေလ(၁၆) ရက် နှင့် (၁၇) ရက်
⏰ မနက် (၉)နာရီ မှ ညနေ (၅) နာရီ
📍 ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

#ပျော်ရွှင်ကျန်းမာမိသားစုဆပ်ပြာ #ချန်ပီယံလေးတိုင်းအတွက် #ဆပ်ပြာ

29/10/2025

အောက်တိုဘာလ ၄ရက်နေ့ကနေ ၇ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့တဲ့ မိသားစုနဲ့အတူနွှဲပျော် FamilyCare သီတင်းကျွတ်ပွဲတော်မှာ ပါဝင်ခဲ့သူ မိသားစုတိုင်း နှင့် တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်နော်။

FamilyCare နဲ့အတူပျော်ရွှင်စရာကောင်းတဲ့မိသားစုပုံရိပ်တွေကို မျှဝေရင်း ချစ်ခြင်းမေတ္တာများ ကူးစက်နိုင်ကြပါစေ။

#မိသားစုဆပ်ပြာ #ဖော်ကျူးမေတ္တာFamilyCareသီတင်းကျွတ်မှာ #မိသားစုနဲ့အတူနွှဲပျော်FamilyCareသီတင်းကျွတ်ပွဲတော်

23/10/2025

ယာ​တောသူတို့မိသားစု​​တွေ ကြည့်ပြီး​တော့ ကြည််နူးရပါတယ်.. ​ချောင်းထဲမှာ အားရပါးရ ​ရေချိုး​နေကြတာလဲ ​ပျော်စရာကြီး​နော်. 😍😍😍

15/10/2025

FamilyCare နဲ့ အတူဂိမ်းကစားရင်း ဆုလက်ဆောင်တွေရယူဖို့ ဒီ စနေ တနင်္ဂနွေ ပိတ်ရက်Times City နဲ့ Junction Square မှာ "ဖော်ကျူးမေတ္တာ FamilyCare သီတင်းကျွတ်မှာ" အစီအစဉ်လေးရှိနေမယ်နော်။

အောက်တိုဘာ (၁၈) ရက် စနေနေ့မှာ Times City အပြင်ဘက်ပရိုမိုးရှင်းဧရိယာ နဲ့ အောက်တိုဘာ (၁၉) ရက် တနင်္ဂနွေနေ့မှာ Junction Square၊ မြေညီထပ်၊ ပရိုမိုးရှင်းဧရိယာမှာ ရှိနေမယ်နော်။

#မိသားစုဆပ်ပြာ #ဖော်ကျူးမေတ္တာFamilycareသီတင်းကျွတ်မှာ

08/10/2025

ဒီ စနေ တနင်္ဂနွေ ပိတ်ရက်၊ အောက်တိုဘာလ (၁၁) နဲ့ (၁၂) မှာ မိသားစုစျေးဝယ်ထွက်ရင်း သားသား၊ မီးမီးတို့ ပျော်ရွှင်စွာ ဂိမ်းကစားပြီး ဆုလက်ဆောင်တွေရယူဖို့ FamilyCare က Junction City မှာရှိနေမယ်နော်။

သားသား၊ မီးမီးတို့နဲ့ ပိတ်ရက်လေးမှာ ပျော်ရွှင်ဖွယ် အမှတ်တရလေးတွေ ဖန်တီးဖို့ ဂိမ်းအစီအစဉ်လေးတွေနဲ့အတူ FamilyCare က အောက်တိုဘာ (၁၁) နဲ့ (၁၂) မှာ Junction City မြေညီထပ်၊ ရန်ကုန်မြို့မှာ ၂ရက်တိုင်တိုင် ရှိနေမယ်နော်။

#မိသားစုဆပ်ပြာ #ဖော်ကျူးမေတ္တာFamilycareသီတင်းကျွတ်မှာ

Photos from FamilyCare's post 07/10/2025

"မိသားစုနဲ့အတူနွှဲပျော် FamilyCare သီတင်းကျွတ်ပွဲတော်" ရဲ့ Day-4 နောက်ဆုံးနေ့ မြင်ကွင်းလေးကို မျှဝေလိုက်ပါတယ်။

ပျော်စရာကောင်းတဲ့ လှပခမ်းနားဆုံး မီးထွန်းပွဲတော်ကို လာရောက်ဆင်နွှဲပေးကြတဲ့ တစ်ဦး တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အထူးပင်တင်ရှိပါတယ်။

နောက်နှစ် သီတင်းကျွတ်တွေမှာလည်း မီးထွန်းပွဲတော်နဲ့အတူ ပြန်လည်ဆုံတွေ့ကြမယ်နော်။

#ဖော်ကျူးမေတ္တာFamilyCareသီတင်းကျွတ်မှာ #မိသားစုနဲ့အတူနွှဲပျော်_FamilyCare_သီတင်းကျွတ်ပွဲတော် #မိသားစုဆပ်ပြာ

07/10/2025

😍

Photos from FamilyCare's post 06/10/2025

FamilyCare နဲ့အတူ သီတင်းကျွတ်လပြည့်ညကို ဖြတ်သန်းနေကြတဲ့ မိသားစုတို့ရဲ့ ကြည်နူးစရာပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်နော်။

(၇) ရက်နေ့မှာလည်း ကန်တော်ကြီး အ.ထ.က (၁) တာမွေကျောင်းရှေ့ဝင်ပေါက်မှာ မိသားစုတိုင်းအတွက် FamilyCare ကရှိနေမှာမို့ လာရောက်ဖို့ ဖိတ်ခေါ်ပါရစေ။

#ဖော်ကျူးမေတ္တာFamilyCareသီတင်းကျွတ်မှာ #မိသားစုနဲ့အတူနွှဲပျော်FamilyCareသီတင်းကျွတ်ပွဲတော် #မိသားစုဆပ်ပြာ

Photos from FamilyCare's post 06/10/2025

"မိသားစုနဲ့အတူနွှဲပျော် FamilyCare သီတင်းကျွတ်ပွဲတော်" ရဲ့ တတိယမြောက်နေ့ Day-3 အမှတ်တရပုံရိပ်တွေကို ပြန်လည်မျှဝေလိုက်ပါတယ်။

နာမည်ကျော် သရုပ်ဆောင် လင်းအောင်ခေတ်နဲ့ သီတင်းကျွတ်လပြည့်နေ့မှာ မိသားစုတွေ အတူတူ လာရောက်ဆင်နွှဲတဲ့သူ တစ်ယောက်ချင်းစီတိုင်းကို FamilyCare မှ ကျေးဇူးအထူးတင်ပါတယ်။

အောက်တိုဘာလ (၇) ရက်နေ့ FamilyCare ရဲ့ လှပခမ်းနားဆုံး မီးထွန်းပွဲတော် နောက်ဆုံးနေ့ကို လာရောက်ဆင်နွှဲကြဖို့လည်း ထပ်မံဖိတ်ခေါ်လိုက်တယ်နော်။

#ဖော်ကျူးမေတ္တာFamilyCareသီတင်းကျွတ်မှာ #မိသားစုနဲ့အတူနွှဲပျော်_FamilyCare_သီတင်းကျွတ်ပွဲတော် #မိသားစုဆပ်ပြာ

Photos from FamilyCare's post 05/10/2025

ကန်တော်ကြီး အ.ထ.က (၁) တာမွေကျောင်းရှေ့ဝင်ပေါက်မှာ ကျင်းပပြုလုပ်နေတဲ့ "မိသားစုနဲ့အတူနွှဲပျော် FamilyCare သီတင်းကျွတ်ပွဲတော်" ဒုတိယနေ့ရဲ့ ပျော်ရွှင်စရာပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ (၆) ရက်နေ့မှာလည်း နာမည်ကျော်သရုပ်ဆောင် "လင်းအောင်ခေတ်" နဲ့အတူ ဆုံကြမယ်နော်။

ဒါ့အပြင် ဆီမီးခွက်အက နဲ့ Fire Dance တို့လို့ ဖျော်ဖြေမှုတွေနဲ့အတူ အခြားပျော်ရွှင်စိတ်လှုပ်ရှားစရာ အစီအစဉ်တွေများစွာပါဝင်မှာဖြစ်လို့ မိသားစုတွေအတူတူဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

#ဖော်ကျူးမေတ္တာFamilyCareသီတင်းကျွတ်မှာ #မိသားစုနဲ့အတူနွှဲပျော်_FamilyCare_သီတင်းကျွတ်ပွဲတော် #မိသားစုဆပ်ပြာ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00