Little Charm by SM
To share the good products to all the girls who want to be confident in their life.
08/10/2025
ငါကဒရမ်မာချိုးတော့မယ်ဆို ဒင်းတို့ပဲအကယ်ဒမီရရသွားတယ် ကတောက်!!!
31/07/2025
ဝလာတယ် ပိန်သွားတယ် ဆိုတဲ့ Body Shaming လုပ်တဲ့ စကားသံတွေလဲ တော်ရုံမမှုပါ
အိမ်ကကျမအမေလောက် သူ့သမီးအပေါ် ဘယ်သူက ပိုပြောနိုင်ပါ့မလဲ😜😜🫢
အမေ့ရဲ့စေတနာ❤️😬🙏🏻
20/07/2025
သူ့မိန်းမကို ဘေဘီလေးရဖို့နဲ့ ကျန်းမာရေးအရ ဝိတ်လျှော့ဖို့တိုက်ရိုက်မပြောပဲ gym သွားရင်အမြဲလိုက်အောင် ကိုယ့်အတွက်အချိန် ကိုယ်ပေးတတ်အောင် သူကြိုက်တဲ့အားကစားတစ်ခုဖြစ်တဲ့ ကြက်တောင်ရိုက်တဲ့ဘက်ကိုလဲ ကိုယ်စိတ်ဝင်စားလာအောင် နည်းအမျိုးမျိုးသုံးပြီး မိန်းမအတွက် ကြက်တောင်ရိုက်ရင်လှမဲ့စကဒ်လေးတွေဝယ်ပေး ဒီကလဲသူနဲ့အတူတူ ဘာလေးပဲလုပ်ရလုပ်ရပျော်❤️ ဆရာဝန်က ဘေဘီလေးရဖို့ ပေါင်၃၀လောက်ချခိုင်းထားတာလဲ မအောင်မြင်သေးသလို ကိုယ်ကလဲ ခဲမှန်ဖူးတဲ့စာသူငယ်လို ကလေးထပ်ယူဖို့ စိတ်ရောလူရော အဆင်သင့်ဖြစ်ဖို့အတွက်အချိန်လိုသေးကွယ်
07/07/2025
အစီအစဉ်မရှိပဲ 55ထပ်က နာမည်ကြီးနေတဲ့coffee ဆိုင်လေး ပထမဆုံးအနေနဲ့ရောက်ဖြစ်တယ် sunset ချိန်လေးရောက်သွားပြီး မိုးအုံ့အုံ့အချိန်လေးဆိုတော့ view လေးကတော့အမှိုင်းလေးပေါ့ ❤️ coffee တစ်ခွက်ရယ် ဘေးနားကအချစ်ရယ် ခုတလောဓာတ်ကျနေတဲ့ ချစ်စရာအိတ်လေးရယ် ❤️
07/07/2025
တဖြည်းဖြည်းနဲ့ ကိုယ်ဟာ ပျော်စရာကိုတကူးတကရှာဖွေနေရပြီ ငယ်ငယ်ကအရီသန်တဲ့ကိုယ်ဟာ တော်ရုံဟာသတွေကို ရီဖို့စိတ်မပါတော့ဘူး အသက်အရွယ်အကြောင့်ပဲထင်ပါရဲ့
မပြောင်းလဲသေးတဲ့အချက်ကတော့ ငယ်ငယ်ကလိုပဲ ကစားကွင်းရောက်ရင် တွေ့သမျှအကုန်စီးရတာတော့ကြိုက်တုန်းပဲ👀👀
ကလောအလွမ်းပြေ ဇကောထမင်းဆိုင်လေး ဧကရာဇ် သို့ထပ်သွားစားချင်ပါသေး
21/06/2022
Victoria's Secret Body Mist ( USA Made 100% Authentic )
Sales ချတုန်းလေး အမိအရပြေးဝယ်ထားတဲ့ VS body mist လေးတွေ ရန်ကုန်ရောက်လာပြီမို့ instock ရောင်းပေးပါ့မယ်နော် 😍 စစထွက်ကတည်းက အရောင်းသွက်ခဲ့တဲ့ original flavor လေးတွေမို့ အသစ်တွေထွက်လာလဲမရိုးနိုင်အောင် လူကြိုက်များကြတာသုံးဖူးတဲ့သူတွေအသိပါ😍♥️ ဒါလေးတွေ website မှာတောင် stock ပြတ်နေပြီမို့ တန်တန်လေးရတုန်း အပြေးလေးဝယ်လိုက်ပါနော်
Ygn Instock ✅
Vs body mist (full size) >> 19,500 MMK
09/12/2020
Hello!! Little Charm by SM မှ အားလုံးကိုကြိုဆိုပါတယ်
Little Charm ရဲ့ပထမဦးဆုံးအနေနဲ့မိတ်ဆက်ပေးချင်တာကတော့ US brand ဖြစ်တဲ့ Avon ရဲ့ ဆားဝက်ခြံတွေအတွက်အဓိကထုတ်ထားတဲ့ cleanserလေးပဲဖြစ်ပါတယ်နော်😍😍
ဒါလေးကတော့ SM လွန်ခဲ့တဲ့ ၂နှစ်လောက်ကနေ စပြီးခုလက်ရှိအချိန်ထိသုံးနေတဲ့ cleanserလေးပါနော် သူကDaily cleanser ဆိုပေမယ့် SMကတော့ တစ်ပတ်ကို၂ကြိမ်အထိသုံးဖို့ပဲrecommend လုပ်ပါရစေ ❤️ သူ့မှာ dead cell တွေကိုဖယ်ရှားပေးမယ့် scrub စေ့လေးတွေပါလို့ပါနော်
#ဘယ်လိုလူတွေသုံးသင့်လဲ🤔
-Makeup တွေနေ့တိုင်းလိမ်းတဲ့သူတွေ
-Daily cleansing ကိုနေ့တိုင်းလုပ်ပေမယ့် skinကညစ်ထေးထေးဖြစ်နေတဲ့သူတွေ
-အထူးသဖြင့် နှာခေါင်းနားမှာ ဆားဝက်ခြံတွေရှိနေတဲ့သူတွေ
-SM ကဝက်ခြံထွက်လေ့ရှိတဲ့ sensitive skin သမားတစ်ယောက်နဲ့တောင်အဆင်ပြေနေတော့ SM လိုskinပိုင်ရှင်တွေလဲသုံးလို့ရပါတယ်
#အသုံးပြုပုံ
-မိမိကြိုက်နှစ်သက်ရာmakeup remover သုံးပြီး first step cleansing လုပ်လိုက်ပါ
-ပြီးတာနဲ့ Avon cleanserလေးယူပြီး မျက်နှာပေါ်ပွတ်ပေးပါ (အရမ်းဖိမပွတ်ပါနဲ့နော်)
-ပြီးတာနဲ့ရေနွေးလေးနဲ့သစ်ချပါ ချက်ချင်းကိုclearဖြစ်သွားတယ်လို့ခံစားရမှာနော်
-ပြီးရင်တော့ မိမိလိမ်းနေကျ toner, serum အစရှိတဲ့ skin care stepလေးတွေသုံးပြီးအိပ်ရာဝင်နိုင်ပါပြီနော် မနက်နိုးလာရင်ကိုယ့်skinလေးထူးခြားနေတာတွေ့ရပါလိမ့်မယ်
ဒါမျိုးကို၁ပတ်၂ကြိမ်လုပ်ပေးပါနော် 🤩😍
SM ကိုယ်တိုင်သုံးနေတာမို့ စိတ်သာချလိုက်ပါ
price >>> 14000 MMK
အသေးစိတ်ရှင်းပြထားပေမယ့် သိချင်တာရှိရင် comment or CB ကိုသာလာလိုက်ပါနော်🤩
Hello!!!
မကြာခင် USA Brand လေးဖြစ်တဲ့ AVON cosmetic လေးများကိုချိုသာသောဈေးနှုန်းနဲ့ ပြန်လည်ရောင်းချပေးပါတော့မယ်နော်😍😍
04/12/2015
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
