Thoon Thoon's favorites
food lover🥘🍝🍜
08/07/2024
သွန်းသွန်းမေမေ ချက်ဖြစ်သမျှ စားဖြစ်သမျှ🐣
တပတ်မှာ ၃ရက်လောက်က ချဉ်ပေါင်ဟင်း ပင်တိုင်ချက်ပါတယ်🤤🤤
ဒီတလော ကျန်းမာရေး ဂရုစိုက်ကြပါနော်...။
အမြင်လေးနဲ့စားကြပါဦးရှင်😍❤️
#ညစာ
#ချဉ်ပေါင် #ပုစွန်
#သာကူ #ဒူးရင်း
04/07/2024
ဒီနေ့ ဘာတွေချက်စားဖြစ်ကြလဲ။
ကန်စွန်းကြီးချဉ်ရည် ငါးနီတူကြော် ပဲပြုတ်ပြန်ကြော်🐣
အမြင်လေးနဲ့ စားကြပါဉီးရှင်🐣❤️
#ညစာ
#ငါးနီတူ
#ပဲ
03/07/2024
သွန်းသွန်းနဲ့ မေမေ့ရဲ့ ညစာ...
ဒညင်းသီးကပြုတ်နေတုန်းမို့😬
ရေနွေးကြမ်းပူပူလေးနဲ့စားပါမယ်🤗
#ညစာ
22/06/2024
သွန်းသွန်းလက်ရာ လက်ဖက်သုပ်ပါ။
သူ့အတွက် လက်ဖက်သုပ်ရှိရင် ပြည့်စုံပြီ ဆိုတာမျိုး😂😂
လက်ဖက်က အဖိုးကြီးသုပ်အထုပ်၀ယ်ထားတာ
ဆိုင်မှာ နေပူထဲ ထားလို့ထင်တယ် အရောင်မလှဘူး။
အမြင်လေးနဲ့ စားကြပါဦး🤗🐣
#လက်ဖက်သုပ်
19/06/2024
သွန်းသွန်းလေးရဲ့မနက်စာ မုန့်ဖတ်သုပ်🍝
မေမေ့လက်ရာတော့ မဟုတ်ဘူး..
သွန်းသွန်းတို့ အိမ်ရှင် ဖွားဖွားကြီးရဲ့လက်ရာ🤤
အမြင်လေးနဲ့စားကြပါဦး🐣
#မနက်စာ
#မုန့်ဖတ်သုပ်
17/06/2024
ကျောင်းဖွင့်လာတော့ ကျူရှင်ပြေးပို့ရ ကျောင်းပြေးပို့ရနဲ့
ပြာယာ ပြာယာ ချက်ဖြစ်သော ဟင်းများပေါ့.....
နှစ်ပတ်ကျော်အတွင်း ရိုက်မိတာ 3ပုံပဲရှိ😂
မနက်စာနဲ့ ထမင်းဘူးထည့်ဖြစ်တဲ့ပုံအချို့...
စေတနာတွေထည့်ချက်ပေးထားလို့ စားကောင်းပါစေသမီးရေ❤️
#ထမင်းဘူး
#မနက်စာ
11/06/2024
သွန်းသွန်းတို့ကျောင်းဖွင့်တော့ မေမေက အလုပ်ရှုပ်ရတော့တာပါပဲ။
ထမင်းဘူးထည့်ဖို့ အမဲသားနဲ့အာလူး ကပျာကယာချက်....
သွန်းသွန်းရဲ့ favourite ချဉ်ပေါင်ဟင်းနဲ့ပါ🤤
နောက်မှ သွန်းသွန်းရဲ့ ထမင်းဘူးလေးတွေ တင်ပါဦးမယ်❤️
အမြင်လေးနဲ့စားကြပါဦးရှင်
#အမဲသား #အာလူး
05/06/2024
ဒီနေ့ ဘာတွေချက်စားကြလဲ...
ကုန်ဈေးနှုန်းတွေကလည်း ကြောက်စရာကြီးနော်
ဈေးထဲတောင်မသွားရဲအောင်ပဲ🤧
ဒီညတော့ သွန်းသွန်းတို့အိမ်ဟင်းမကောင်းဘူး...
မှိုကန်စွန်းကြော်နဲ့ ငပိရည်ကျို🤤 ...
ရာသီစာ သရက်သီးမှည့်လေး အချိုတည်း🤤..
အမြင်လေးနဲ့စားကြပါဦးရှင်❤️
#ရာသီစာ #သရက်သီး
#မှို #ကန်စွန်း
25/05/2024
မိုးအေးရင် သွန်းသွန်းတို ကြိုက်တဲ့မုန့်တီလုပ်ရပြီ
ဒီမေမေလည်းကြိုက်လို့ပါ😬😂😂
ရာသီစာသရက်သီးလေးနဲ့အချိုတည်းမယ်🤤
အိမ်ကအသီးတွေ မမှည့်သေးလို့ ဈေးထဲက၀ယ်....
အမြင်လေးနဲ့စားကြပါဦးရှင်🐣
#ရခိုင်မုန့်တီ #သရက်သီး
#စိန်တလုံး
24/05/2024
မိုးအေးလာရင် ရေနွေးကြမ်းနဲ့စားလို့ကောင်းသော🤤
အမြင်လေးနဲ့စားကြပါဦးရှင်🐣
#ဒညင်းသီး
22/05/2024
ပုံလေးတွေ မတင်တာကြာလို့မေ့နေကြပြီလားရှင်...။
သွန်းသွန်းတို့ လည်း အိမ်မှာကို မရှိကြလို့ပါ😁
ဖေဖေနဲ့မေမေက ကြက်ဥကြော်နဲ့ စားမှာဆိုပေမယ့်
ပုစွန်စားချင်တယ် ပူဆာတဲ့
သွန်းသွန်းအတွက် ပုစွန်နဲ့သခွားသီးအချိုလေးချက်ရပါတယ်😬
အမြင်လေးနဲ့ စားကြပါဦးရှင်
#ပုစွန် #သခွား
12/05/2024
ပထမဆုံး ကိုယ်တိုင်ချက်တဲ့ ငါးစင်ရိုင်း...
ပင်စိမ်းလေးအုပ်🤤
ဥလေးတွေရော ချိုနေတာပဲ။
အမြင်လေးနဲ့ စားကြပါဉီးရှင်🤗
#ငါးဟင်း #ငါးစင်ရိုင်း
#ငါး
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
