SU SU SAN - Professional Makeup & Hairstyling Artist

SU SU SAN - Professional Makeup & Hairstyling Artist

Share

Providing makeup and hairstyling services & training of bridals, bridesmaids, stage, fashion, occasi

If you love what you do , you will never work a day in your life........

Apply makeup on a woman and she looks great for a day…

Teach a woman how to apply makeup and she looks great for a life time.

Photos from SU SU SAN - Professional Makeup & Hairstyling Artist's post 13/04/2018

💃🏻💃🏻Academy Dance Crew ( Dancers ညီမလေးနှစ်ဦး ) ကို
မန္တလေး Paline သင်္ကြန်မှာ လန်းဖို့အတွက် Cornrows Hairstyles လေးကို ငွေကြိုးလေးတွေနဲ့ ပြင်ဆင်ပေးထားပါတယ်.....💃🏻💃🏻

အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်🙏

သင်္ကြန်မှာ့ Cornrows ကျစ်ပြီးလန်းချင်ရင် 09 763 855 822 ကိုဆက်သွယ်လိုက်နော်...

Photos from SU SU SAN - Professional Makeup & Hairstyling Artist's post 25/03/2018

ပြင်ပေးဖြစ်ခဲ့တဲ့ မင်္ဂလာဦးဆွမ်းကျွေးနှင့် လက်မှတ်ရေးထိုးပွဲလေး

Hair and Makeup - Su Su San (Makeup Artistry Campus)

To book for ur day 👉🏻 09763855822

Photos from SU SU SAN - Professional Makeup & Hairstyling Artist's post 21/03/2018

💕Pieces of my "Art" 💕

No matter how tiredness of I am, I am always in faithful of my work that I love to do.....

Nobody forced me to do so...
No one in my family encouraged me be a Professional MUA...
No fortune teller told me that I have luck in this work....

Yeah ! Anyways, I love it.
I am happy with the tiredness of doing my passion....

Photos from SU SU SAN - Professional Makeup & Hairstyling Artist's post 13/03/2018

🔫🔫🎉Welcome Happy Myanmar New Year !!! 🎉🔫🔫

Hello Sweeties,
Hurry up, Hurry up Now !!!

မဟာသင်္ကြန်မှာ အချိန်ကုန်ခံစရာမလိုဘဲ ကိုယ်တိုင်မိတ်ကပ်လိမ်း ကိုယ်တိုင် Dutch Braids လေးတွေ မျိုးစုံကျစ်ပြီး လန်းကြရအောင် ....

👇🏽စိတ်ဝင်စားသူတွေအတွက်အထူးအစီအစဉ်လေး လာပါပြီ

✨March လကုန် သင်္ကြန်အမှီလေးထဲ ဖွင့်လှစ်မည့် Self Makeup Class ရှိပါတယ်....
Dutch Braids မျိုးစုံကိုတော့ သင်္ကြန် အထူးအစီအစဉ် မေတ္တာလက်ဆောင်အဖြစ် ထည့်သွင်းသင်ကြားပေးသွားမှာပါ....

Thingyan Festival Makeup and Dutch Braids Course
သင်တန်းရက် - 31.Mar.2018 and 01.April
သင်တန်းချိန် - 10:00 pm to 3:00 pm
Break time - 12:00 pm to 1:00 pm
Course Fees - 80000 kyats (Walk-in student)
- 50000 kyats ( ဤပို့စ်ကို အနည်းဆုံးသူငယ်ချင်း ၃ဦး
Taggedတွဲ၍share ပေးထားသူများသာ)
မိတ်ကပ်ရောဆံပင်ပါ ၅၀၀၀၀ ကျပ်ထဲနဲ့သာ သင်ပေးသွားမှာဆိုတော့
လက်မလွတ်သင့်ဘူးနော်...

ကံစမ်းမဲအစီအစဉ်လေးလည်း ရှိပါတယ်....
ဒီပို့စ်လေးကို tagged သုံးဦးတွဲပြီး မတ်လ ၂၇ ရက်နေ့ မတိုင်မီ Like and Share လုပ်ပေးထားကြောင်း screen Shoot လေး comment box မှာနံပါတ်စဉ်လေးတပ်ပြီး ပို့ပေးထားရုံနဲ့ သင်တန်းကြေး " အခမဲ့ " သင်ကြားခွင့်ကိုလည်း ကံစမ်းနိုင်ပါပြီ....

သင်တန်းသားဦးရေကို max: 11 pax/ section ကန့်သတ်ထားလို့ အမြန်ဆုံးအပ်နှံထားဖို့ လိုတယ်နော်....

သင်တန်းသူအားလုံးအတွက် Branded Makeup များနှင့် Skincare Products များလည်းထားရှိပေးထားမှာမို့ လူကိုယ်တိုင်တက်ရောက်ရုံဆိုတော့ မမိုက်ဘူးလား....

Singapore မှ Miss Universe များကိုလိမ်းခြယ်ပေးခဲ့သော ProArtist ၏Techniques များနဲ့ ထိထိရောက်ရောက် သင်ပေးတာမို့ စိတ်ချနိုင်ပါတယ်နော်....

Phone- 09 763 855 822
Address- BlkB4, No: 406, ဟံသာဝတီအိမ်ယာ, ဟံသာဝတီလမ်း, ၆ရပ်ကွက်, တောင်ဥက္ကလာပမြို့နယ် (ဝေဇယန္တာကျောကပ်လမ်း)

*မင်းလမ်း မုန့်တီကလည်း အနီးလေးမှာဆိုတော့ Break Time လေးမှာ ပင်လယ်စာချစ်သူတွေအတွက်တော့ သဘောတွေ့စရာပေါ့*

💕အားလုံးပြုံးပျော်လှပပျော်ရွှင်ပါစေ💕

လှစေချင်သော စေတနာများစွာဖြင့်
M.A.C (Makeup Artistry Campus)

Photos from SU SU SAN - Professional Makeup & Hairstyling Artist's post 04/02/2018

မနေ့က ပြင်ပေးဖြစ်တဲ့ ဒုတိယပွဲ

သဇင်ပန်းလေးတွေနဲ့ မင်္ဂလာပွဲ တက်ရောက်ချီးမြှင့်ပေးမည့် အရွယ်တင် နုပျိုဆဲအန်တီများနှင့် ညီမငယ်လေး အတွက် အကောင်းဆုံး ပြင်ဆင်ပေးနိုင်ခဲ့ပါတယ် .....

😅မနက်ခင်းသတို့သမီးလေးကိုတော့ နောက်တစ်ပွဲအချိန်လုပြေးရတာမို့ ဓါတ်ပုံ မရိုက်လိုက်ရဘူး....

အချိန်တိုလေး (နှစ်နာရီ) အတွင်း လေးဦးပြင်ဆင်၍ စံချိန်တင်ခဲ့သည် 😜😅😅😅 ခိခိ

Fast & Furious မှ Vin Diesel ပမာ ကျွမ်းကျင်သော Skills ဖြင့် ပါရမီဖြည့်၍ကားမောင်းပို့ပေးပါသော ချစ်မကြီး Su Myat Nwe ကို ကျေးဇူးတင်လျက်.....

Photos from SU SU SAN - Professional Makeup & Hairstyling Artist's post 31/01/2018

ပျိုမေတို့ရေ 🌹

💄အမျိုးသမီးများအတွက် အလှတရားဟာ မရှိမဖြစ်အရေးပါလှပါတယ်...
Beauty makes you confident ဆိုတဲ့အတိုင်းလှပမှုက ကိုယ့်ကိုကိုယ် ယုံကြည်မှုအင်အားတွေဖြစ်စေတယ်...Self Confident ရှိခြင်းဟာ အောင်မြင်မှုနဲ့နီးကပ်စေပါတယ်...
ဒီလို ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိစေသော အလှတရားများနဲ့ အောင်မြင်မှုရရှိနိုင်အောင် Makeup Training School တစ်ခုဖြစ်တဲ့ "Makeup Artistry Campus" လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်....

👍🏼အခြေခံမရှိသူများလည်း သင်ကြားတတ်မြောက်စေရန်အတွက် Singapore နိုင်ငံ Cosmoprof Academy မှ သင်ရိုးများအတိုင်း မိတ်ကပ်နှင့်ဆံပင်ပညာရပ်များကို အခြေခံမှ စ၍ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးမှာပါ...

👏🏻ရုံးသွားတဲ့အခါ ကျောင်းသွားတဲ့အခါ ကျက်သရေရှိရှိ လှပတင့်တယ်စွာ ပြင်ဆင်ခြယ်သလိုသော သက်လတ်ပိုင်း ပျိုမေများ, မင်္ဂလာဆောင် မွေးနေ့များတက်ရောက်ရန်အတွက် ကိုယ်တိုင်ပါးပါးကြည်ကြည်လေး ပြင်ဆင်ပီးသွားချင်သူများ,အဝတ်အစားအရောင် အဝတ်အစားပုံစံနှင့် လိုက်ဖက်တဲ့မိတ်ကပ်ချယ်သလိုသူများ, အလုပ်ခွင်ဝင်မယ့် အမျိုးသမီးငယ်လေးတွေနဲ့ တက္ကသိုလ်,ကျောင်းတက်မယ့် ညီမလေးတွေ, မိမိကိုယ်ကို ယုံကြည်မှုရှိရှိ လှပတင့်တယ်စွာ ပြင်ဆင်ခြယ်သလိုသော မေမေများ, ကုန်ကျစရိတ်သက်သာစွာဖြင့် Professional Makeup Artist တစ်ဦးအဖြစ် ရပ်တည်လိုသူများ, မိတ်ကပ်ပိုင်းတွင် အားမရ၍ ထပ်မံ၍မွမ်းမံအဖြစ်သင်ယူလိုသော သူများအားလုံးကို ဖိတ်ခေါ်ပါတယ်ရှင်...

မိတ်ကပ် Course များအတွက် Course Outlines လေးတွေက
-အသားအရည် ထိန်းသိမ်းနည်း ( Skin Care )
-Skin tone (2)မျိုးအကြောင်း
-Skin Types အမျိုးမျိုး အကြောင်း
-Foundation အမျိုးအစားနှင့် အရောင် ရွေးချယ်ခြင်းနှင့် အရောင်စပ်ခြင်း
-Colour Correcting techniques အသုံးပြု၍ မျက်နှာပေါ်မှ အစက်အပြောက် အရေးအကြောင်းနှင့် မျက်ကွင်းညိုတာ ဖျောက်ခြင်း
-Makeup Setting up လုပ်နည်း
-ခေတ်ပေါ် contour and Highlight လိမ်းခြယ်၍ နှာတံ ပါးရိုး မေးရိုးချိန်ဆ လိမ်းခြယ်နည်း
-မျက်ခုံးမွှေးရိတ်နည်းနဲ့ မျက်ခုံးပုံစံ အမျိုးမျိုး
-မျက်တောင် အတု တပ်ဆင်နည်း
-Eyeshadow အခြေခံခြယ်သပုံမှစ၍ ကာလာများစပ်၍ ခြယ်သနည်း
-Blusher နဲ့ Lip Colour အသုံးပြုနည်း
-မျက်ရစ်ဖော်နည်း ( Eye Crease Creating Technique)
-Daily N**e Makeup
-Evening/Party Makeup
-Event Makeup

ဆံပင်/ဆံထုံး Course များအတွက် Course Outlines လေးတွေက
-Hair Section ပိုင်းနည်း အမျိုးမျိုး
-ကျစ်ဆံမြီး အမျိုးမျိုး ( Different braided hairstyles)
-Hair setting up လုပ်ပုံ
-Hair Straightener အသုံးပြုပုံ
-Hair Curl Roller အသုံးပြုပုံ
-ခေတ်ပေါ် အနောက်တိုင်း နှင့် မြန်မာ နောက်တွဲဆံထုံးများ ( Different Low Buns )
-မြန်မာဆံထုံးနှင့် ထိုင်းဆံထုံးအမျိုးမျိုး
-Fancy တစ်ဝက်ချ ဆံပင်ပုံစံ အမျိုးမျိုး (Fancy Halfdos)

မှတ်​ချက်​ ။ ။ သင်​တန်းမှမိတ်​ကပ်​ပစ္စည်းများနှင့်​သင်​ကြားမည်​ဖြစ်​ပါသဖြင့်​ သင်​တန်းသူများ မိတ်​ကပ်​ပစ္စည်းယူလာရန်​မလိုပါ။

*သင်တန်းကြေး - 80000 ကျပ် (10% discount till end of Feb)

စနေ, တနင်္ဂနွေ တန်းခွဲ
*အချိန် - Section(1): 9 am - 12 pm
Section(2): 12:30 pm - 3:30 pm
*ရက် - (10.01.2018) & (11.01.2018)
(16.01.2018) standby day
*နေရာ - တိုက် B4, အမှတ် ၄၀၆, ဟံသာဝတီအိမ်ယာ, ၆ရပ်ကွက်, ဟံသာဝတီလမ်း,တောင်ဥက္ကလာ
ပမြို့နယ်, ရန်ကုန်မြို့။
(ဝေဇယန္တာလမ်း နောက်ကျောလမ်း, သစ္စာလမ်းမတစ်လျှောက်ရှိအင်းဝလမ်းမှလည်းဝင်နိုင်)
*ဆက်သွယ်ရန် - 09 763 855 822

ကြားရက်တန်းခွဲများအတွက် ဖုန်းဆက်၍စုံစမ်းနိုင်ပါသည်....

*** မိတ်ကပ်ပစ္စည်းနှင့်နေရာထိုင်ခင်း အခက်အခဲကြောင့်ဖုန်းဖြင့်သော်လည်းကောင်း CB မှတဆင့်သော်လည်းကောင်း ကြိုတင် Book လုပ်ပြီးမှသာ ကျောင်းသို့ လာရောက် အပ်နှံပေးကြရန် မေတ္တာရပ်ခံပါရစေ***

Photos from SU SU SAN - Professional Makeup & Hairstyling Artist's post 20/01/2018

ကျွန်မရဲ့ Career Cross လုပ်ဖြစ်ခဲ့ပုံလေးနဲ့ Singapore မှနာမည်ကြီး International Makeup School တစ်ခုဖြစ်သော Cosmoprof Academy မှာ (7 months) ကြာတက်ရောက်သင်ကြားခဲ့တဲ့ အတွေ့အကြုံလေးတွေကို အသုံးလိုသူတွေအတွက် Sharing လုပ်ပေးချင်လို့ပါ....

ပထမဆုံးမိတ်ဆက်ပေးချင်တာက ကျွန်မရဲ့ Character နဲ့ Hobby လေးတွေပါ...
Character (စရိုက်) ကတော့ ယောင်္ကျားဆန်ဆန် အလုပ်မှန်သမျှခပ်မြန်မြန်နဲ့လုပ်ကိုင်တတ်ပြီး စကားပြောရင်တောင်အဖွဲ့အနွဲ့မပါ တည့်တိုးပြောတတ်သူပါ...ဒီပြဿနာနဲ့ပါတ်သက်ပြီး ကျွန်မ ပထမဆုံးနိုင်ငံရပ်ခြား ကျောင်းသွားတက်ရမယ်ဆိုတုန်းက အမေက မသွားခင် အတော်လေးမှာပါတယ်... အများနဲ့ အဆင်ပြေအောင်နေဖို့ပါ...ခုတော့ ကာလရှည်ကြာ တစ်စိမ်းတွေကြား အနေကြာလာခဲ့တော့ အဲဒီအပိုင်းမှာတော်တော်လေးတိုးတက်နေပါပြီ 😜
Hobby (ဝါသနာ) တွေကတော့ကျွန်မရဲ့ character နဲ့လုံးလုံးကြီးဆန့်ကျင်တာပါ....လူကသာယောင်္ကျားဆန်ဆန် အမြဲတမ်းထီးတောင်မဆောင်းဘဲနေပူထဲသွားတတ်သူက အလှအပဆို အကုန်သဘောကျတာ...ခေါင်းအစခြေအဆုံးအလှဆင်ပစ္စည်းအားလုံးလိုလိုကိုယ့်အကြိုက်တွေပါပဲ...ငယ်စဉ်ကတည်းက အိမ်ထဲမှာနေရင်းဝတ်ရမယ့်အဝတ်အစားတောင်Colour Match မဖြစ်ရင်မဝတ်တတ်ဘူး...အနုပညာအလုပ်ဆိုအားလုံးနှစ်သက်ပြီး တစ်ခါတစ်ရံ စိတ်ကူးပေါက်တိုင်း တစ်ခုမဟုတ်တစ်ခု ထထလုပ်တတ်ပါသေးတယ်...သီချင်းဆို,အက,အလှပြင်,သိုးမွှေးထိုး,Hand crafts လေးတွေ ဖန်တီးပြီး အိမ်မှာအလှဆင်,ပန်းချီမတောက်တစ်ခေါက်ဆွဲ,စက်ချုပ် စတာတွေကို အားရင်အားသလိုလုပ်လေ့ရှိပါတယ်...
ဒီထဲမှာမှ Strong အဖြစ်ဆုံး Hobby ကတော့ အလှပြင်ခြင်းပါပဲ...ကိုယ်တိုင်ပြင်ရတာထက် သူတစ်ပါးကို ပြင်ဆင်ခြယ်သရတာကိုပိုသဘောကျခဲ့တာပါ...Singapore မှာနေထိုင်စဉ် အတူနေသူငယ်ချင်းတွေဆိုလည်း အပြင်သွားစရာရှိရင် Event တစ်ခုခုအတွက်ဆို ဘာမှ မတတ်ခင်ကတည်းက ကူညီ ပြင်ဆင်ပေးလေ့ရှိခဲ့ပါတယ်....ကိုယ့်ရဲ့လက်ရာလေးနဲ့သူငယ်ချင်းတွေ ပျော်နေပြီဆို ကြည်နူးလိုက်တာဆိုတာလေ...ဒါတွေကတော့ မိတ်ကပ်သင်တန်းတက်ဖို့ အစပျိုးလေးတွေပေါ့

ကျွန်မ မြန်မာပြည်ပြန်လာဖို့ဆုံးဖြတ်ချိန်မှာ အလုပ်အကိုင်ကိုပါ ထည့်သွင်းစဉ်းစားရပါတော့တယ်...Engineering အလုပ်က တစ်နေကုန်အလုပ်မို့ သမီးလေးအတွက်အချိန်မပေးနိုင်တာမျိုးဖြစ်ပြီး Makeup Artist ဆိုရင် Freestyle ဖြစ်တာကြောင့်ရောကိုယ်တိုင်ကလည်း အလှပြင်တဲ့ပိုးလည်းရှိနေတာကြောင့် အမျိုးသားနဲ့တိုင်ပင်ပြီး အချိန်ပိုင်းအလှပြင်သင်တန်းလေးတွေတက်ခဲ့ပါတယ်...သင်တန်းတစ်ခုချင်းစီက မတူညီတဲ့ ပြင်ဆင်ခြယ်သမှု Techniques တွေနဲ့ အသုံးဝင်တဲ့knowledge တွေတော်တော်များများရခဲ့ပါတယ်...အဲ့ဒီလိုတက်ရင်း ဝါသနာကြီးလွန်းတော့ ပိုပိုတက်မြောက်ချင်လာတယ်...ဒါနဲ့ Singapore မှာသင်ယူပြီး Diploma ရမယ့် Course တွေကို online ကတဆင့်ရှာဖွေပြီး မေးမြန်းခဲ့တာ စုစုပေါင်း ၇ ကျောင်းလောက်ရှိမယ်ထင်တယ်... အားလုံးထဲကမှ Cosmoprof Academy ကိုရွေးချယ်တက်ရောက်ဖြစ်ခဲ့ပါတယ်...

Cosmoprof Life
ကျွန်မတို့အတန်းမှာ သင်တန်းသူ 20 ကျော်ရှိပါတယ်... Myanmar, Singaporean,Malaysian, Indian, Thailand, Phillipinos, Indonesian စုံရောပဲ...အလုပ်အကိုင်တွေက Engineer, Singapore airline Cabin Crew, Lecturer, MUA, Business Manager, Engineering students စုံလို့ပါပဲ ....သင်တန်း ပထမဆုံးနေ့မှာ ကျွန်မတို့ရဲ့ Beauty Coach က Course Outline တွေနဲ့ Diploma ရဖို့ ဘယ်လိုအပိုင်းတွေ ကြိုးစားပြင်ဆင်ရမယ်ဆိုတာရယ်, ကျောင်းပျက်လို့မရဘူးဆိုတာရယ်, သင်တန်းချိန်အားလုံးထဲကမှ အများဆုံး ၆ကြိမ်လားမသိဘူး ပျက်ကွက်တာကျော်ရင် Exam ဖြေခွင့်မရဘူးစတာတွေရယ် Exam တွေက Viber ( လူတွေ့/စာတွေ့) ရယ် Portfolios တွေရယ် Actual skill test ရယ်အားလုံးအောင်မြင်မှ Certs ရမယ်ဆိုတဲ့အကြောင်းရှင်းပြပြီး စာသင်ချိန်ကုန်ဆုံးခဲ့ပါတယ်...
တကယ့် MUA Life က ဒုတိယနေ့မှစတာပါ...ကျွန်မတို့က Part time students တွေမို့ အလုပ်တစ်ဖက် ကျောင်းတစ်ဖက်တွေဆိုတော့ သင်တန်းကို 6 နာရီအမှီရောက်ဖို့အရေး ကိုယ်စီ ရုံးတွေမှာပြောရဆိုရနဲ့ အခက်အခဲတွေ့တာပဲ... ကျောင်းကလည်း ၁၅ မိနစ်ထက်နောက်ကျရင် ပျက်ကွက်သတ်မှတ်တာမို့ အင်မတန်မှ လေးလွန်းလှတဲ့ Makeup Box ကြီးကိုတွန်းပြီး အမှီပြေးလွှားရတာလည်းနေ့စဉ်ပါပဲ...
ကျောင်းရောက်တော့ Office wear နဲ့ Campus uniform ပြောင်းချိန်းပြီး နေရာယူကာ Makeup products တွေကို setting ခင်းရတာပေါ့... သင်တန်းရဲ့ အမှတ်ပေးစည်းမျဉ်းတွေထဲမှာ Makeup Setting Area က နေ့စဉ် Neat and tidy ဖြစ်ဖို့လိုပါတယ်...ပြီးတာနဲ့ လူစစ်ပြီး သင်တန်းစလေ့ရှိပါတယ်...

ပေါ့ပေါ့လေးတွေးရင်တော့ အလွန်လွယ်ခဲ့တာပါ... တကယ်တော့ Prof: MUA တစ်ယောက်အဖြစ်ရပ်တည်ဖို့အင်မတန်မှ ခက်ခဲပါတယ်...Coach အတွက် ကျွန်မတို့အတန်းက နောက်ဆုံးအချိန်ညနေအတန်းဖြစ်လို့ ပင်ပန်းမှုကြောင့် ကျွန်မတို့အတန်းကို မကြာမကြာဆူပြီး ကျပ်လေ့ရှိပါတယ်... နေ့စဉ် Practice လုပ်ကြရတဲ့ looks တွေရဖို့ မိတ်ကပ်လိမ်းနည်းတစ်ဆင့်ချင်းစီကို ဂရုတစိုက်လေ့လာမှတ်သားရတာက တော်တော်လေးပျော်ဖို့ကောင်းပါတယ်... နေ့စဉ် ကိုယ့် Partner ကို ပြောင်းရှာပြီး အပြန်အလှန်လိမ်းခြယ်ပေးကြရတာလည်း တစ်မျိုးကောင်းပြီး Face Shape မျိုးစုံနဲ့ Skin type မျိုးစုံကို ထိတွေ့ခွင့်ရတာပါ...

ကျွန်မတို့ကို ပေးထားတဲ့ Hangouts ထဲက သင်ရိုးအတိုင်း Colour Wheel, Colour Theory, Colour Harmony တွေ, Skin Analysis လုပ်ပုံတွေ, Makeup Kitထဲမှာ မရှိမဖြစ် Essential Beauty Tools & Accessories တွေနဲ့ အသုံးပြုပုံတွေ, Colour Correcting Technique တွေနဲ့ အစက်အပျောက် အမာရွတ် ဝက်ခြံ မျက်ကွင်းညိုတာစတာတွေဖျောက်ပုံအဆင့်ဆင့်, Foundation ရောစပ်အသုံးပြုနည်းနဲ့တကွ Western Look မှာမပါမဖြစ်တဲ့ Shading, Contouring, Hightlighting လုပ်ပုံနည်းစနစ်တွေ,Camouflage Technique, Eyeshadow Blending နည်းလမ်းစုံ, Blusher မှန်ကန်စွာလိမ်းနည်း, မျက်ခုံးမွှေးရိတ်နည်း အိုး မှတ်သားစရာတွေကစုံလို့ပါပဲ... မျက်ခုံးမွှေးရိတ်နည်းဆိုမှ သတိရတယ်... မိတ်ကပ်ပြင်ဆင်မှုတစ်ခုမှာ Eyebrow ကလည်းအရေးပါတဲ့အချက်ပါ...Eyebrow shaping အမျိုးမျိုးသင်ပြထားတော့ တစ်ယောက်ကိုတစ်ယောက် လိမ်းကြတဲ့အခါ အချင်းချင်း လက်စွမ်းပြကြတာပေါ့... မကျွမ်းကျင်သေးခင်ကာလမှာတော့ ညအိပ်ခါနီး မိတ်ကပ်ဖျက်ပြီး ကိုယ့်မျက်ခုံးမွှေး ကိုယ်ကြည့်ပြီး ရီရမလို ငိုရမလိုပေါ့လေ...

အသေးစိတ်ကိုသင်ယူပြီးချိန်မှာတော့ Full looks တွေကို ပြင်ကြရတော့တာပါပဲ...
Bridal day look, night look, Fashion look, Stage makeup, Studio Photography makeup look, High Definition ( HD ) makeup look, Iconic historical fashion makeup, Runway Fashion makeup, Fantasy makeup, Dramatic makeup, Creative Makeup စတာတွေကို တစ်နေ့တစ်မျိုး မရိုးရအောင် သင်ယူစဉ်မှာတော့ စိတ်ဝင်စားစရာတွေချည်းပါပဲ...
Eyeshadow technique တွေဆိုတာ အစုံပါပဲ... Cut Crease, Fan shape, Globe, Smokey, N**e, Cat Eye စတာတွေကိုလည်း Colour တွေ သုံးရောင် လေးရောင် စပ်ပြီးအသေးစိတ်လေ့လာခဲ့ရသေးတယ်လေ...Eyeshadow မှာ အရေးကြီးဆူံးက Colour matching နဲ့ Blending method ပါပဲ... Smooth Blending လုပ်တတ်ဖို့ ကြိုးစားခဲ့ရတာ အကြိမ်ကြိမ်ပါပဲ....
ပြီးတော့ တစ်ချို့သူတွေရဲ့ မျက်လုံးက ခပ်လန်လန် အပေါ်ဆွဲဆွဲ ( protruding Eye type ), တစ်ချို့က အိပ်ငိုက်နေသယောက် မျက်ဝန်းအောက်ဆိုက်(Droppy Eye), တစ်ချို့ကျပြန်တော့ မျက်ရစ်ကမပါ... အဲ့လိုမျိုးလေးတွေကို အဆင်ပြေပြေနဲ့ လှပကျော့ရှင်းအောင် ပြင်ဆင်ဖို့အတွက် Correction Techniques တွေဆို မိုက်မှမိုက်ပဲ...သိပ်သိသာတာ မိတ်ကပ်က လူရဲ့အသွင်အပြင်ကို တစ်ကယ်ပြောင်းလဲစေတတ်မှန်း အဲ့တော့မှ သိတာ...သဘောကျလိုက်တာဆိုတာ...ဒါတင်မကသေးဘူး Eyeliner Techniques တွေနဲ့ lip filling techniques တွေကိုပါ စနစ်တကျ သင်ယူဖြစ်ပါသေးတယ်....ကျောင်းတက်နေစဉ်ကာလအတွင်းမှာလည်း နိုင်ငံရပ်ခြားမှ နာမည်ကြီး MUA တွေနဲ့ Events လေးတွေလုပ်ပြီးလက်တွေ့သင်ပြမှုတွေဆို စိတ်ဝင်စားဖို့အရမ်းကောင်းပါတယ်...အတန်းထဲက သူငယ်ချင်းတစ်ယောက်ဆို အလုပ်ချိန်နဲ့တိုက်နေပြီး ညှိမရလို့ အလုပ်ထွက်ခဲ့ရတဲ့အထိ ဝါသနာကြီးကြတာ....ကိုယ်ကတော့အတော်လေးကံကောင်းတယ်ပြောရမယ်... Boss နဲ့ Colleagues တွေက နားလည်မှုရှိပြီး HR က သူငယ်ချင်းနှစ်ယောက်ဆိုသူဌေးပြန်မလို့ Car Parking သွားပြီဆို ကိုယ်နောက်ကျနေမှန်းသိလို့ တစ်ယောက်က office front door ကနေ Makeup Box ကိုဆွဲထုတ်ထားပေးပြီး ကိုယ့်ကို လူချည်းသက်သက်ထွက်လာစေတယ် နောက်တစ်ယောက်က Grab တို့ Uber တို့ကတဆင့် Cab ကိုငှါးပေးတယ်....အဲဒီရက်ကလေးတွေကိုမေ့ပျောက်လို့မရသလို လူမျိုးခြားတွေဖြစ်ပေမယ့်ဒီလိုကူညီခဲ့တဲ့ သူငယ်ချင်းကောင်းလေးတွေ ရှိခဲ့လို့ ၇လကြာသင်တန်းကို ပင်ပန်းတာကလွဲရင်အခက်အခဲမရှိ အောင်မြင်ခဲ့တာပါ...

ဘာလိုလိုနဲ့ လူးကာလိမ့်ကာနဲ့ပဲ သင်တန်းကာလ 5 လလောက်ကြာတော့ In-house test တွေလုပ်ရပါတော့မယ်...အဲ့အတွက် Model ကလိုပြီ...တစ်ချို့ဆိုနာရီပိုင်းနဲ့ Models တွေငှါးကြတယ်...ကိုယ်ကကံကောင်းချင်တော့ ရုံးက စလုံးညီမလေးက ကူညီတာမို့ အဆင်ပြေသွားတယ်... စလုံးအသားအရည်တွေက အလွန်ကောင်းမို့ ကိုယ်တောင် Skincare သိပ်မလုပ်ရပါဘဲ test နေ့မှာ Glowing ဖြစ်အောင်လိမ်းနိုင်လို့ Teacher ချီးကျူးတာခံလိုက်ရသေးတယ်...နောက်တစ်ဦးကတော့ Bridal look လေးပြင်ပေးရတာပါ... အဲ့နေ့မှာလည်း အများကပေးထားတဲ့အချိန်မလောက်လို့ဆံပင်ကိုဖြစ်သလိုလေး halfdo လောက်ပဲလုပ်နိုင်လိုက်ပေမယ့် ကျွန်မရဲ့မြန်မြန်ဆန်ဆန်ပြုလုပ်တတ်တဲ့ ဗီဇလေးကြောင့် Fancy High bun နဲ့တကွ veil တွေရော full accessories တွေပါဆင်ယင်ခဲ့နိုင်တာမို့ တီချယ့် ကျေနပ်မှုကိုရခဲ့တယ်လေ...ဘယ်လောက်ပင်ပန်းပင်ပန်း ချီးကျူးစကားလေးတွေကြားရတော့ အတိုင်းထက်အလွန်ပါပဲ...

ဒီလိုနဲ့ နောက်ဆုံး Project days လုပ်ဖို့အတွက် Reminder တွေလုပ်တော့ အိပ်လို့တောင်မပျော်ပါဘူး...နေ့စဉ်စဉ်းစားရတာ...Makeup Look ကလည်း perfect ဖြစ်ဖို့ performance ကောင်းအောင် present လုပ်နိုင်ဖို့ ကြိုတင်စီစဉ်ကြရတာ တစ်လခွဲလောက်အလိုကတည်းကပါ...ပြင်ပြရမယ့် Look တွေက စုစုပေါင်းသုံးမျိုး (၁) Bridal look (day or night) (၂) Fashion Makeup နဲ့ (၃) Iconic Makeup ဆိုပါတော့....Look တစ်ခုချင်းစီကို ကိုယ်ဘာcreate လုပ်မလဲ အရင်စဉ်းစားဆုံးဖြတ်ရပါတယ်... ပြီးရင်တော့ ကိုယ့် look နဲ့ကိုက်ညီတယ့် makeup mood board လေးတွေ ကိုယ့်စိတ်ကူးနဲ့ကိုယ်ဖန်တီးကြရပါတယ်...ပြီးရင်တော့ ကိုယ်ပြင်မယ့် makeup looks အသီးသီးအတွက် Face Charts တွေကိုယ်တိုင်ဆွဲကြရပါတယ်...Face Chart ကို Mirror မှာကပ်ပြီး model ကိုတစ်ထပ်တည်းကျတော့ပြင်ဆင်ပေးပြီး Makeup Design Plan ရေးဆွဲရပါတယ်... Bridal look ကိုစဉ်းစားချိန်မှာ အများနဲ့မတူအောင် Beach Bridal လေးလုပ်မယ်လို့စိတ်ကူးပြီး mood board ကိုတော့ အများလုပ်နေကျ Note Book type မျိုးမဟုတ်ဘဲ အမျိုးသားရဲ့အကူအညီနဲ့ Display Stand ပုံစံလေးဖန်တီးပြီး beach mood ဝင်အောင် ကမာခွံလေးတွေကအစလိုက်လံစုဆောင်းပြီး Colour paper လေးတွေနဲ့ Flowers ကိုယ်တိုင်လုပ်ခဲ့တဲ့အထိ အသေးစိတ် အနုပညာဆန်ဆန် ကြိုးစားအားထုတ်ခဲ့တာမို့ Coach ထံအမှတ်ပေးဖို့ အပ်နှံချိန်မှာ Efforts တွေစိုက်ထုတ်ပြီး အများနဲ့မတူတဲ့ Mood Board အဆန်းလေးကို ပထမဆုံး တင်ပြပေးနိုင်လို့ ချီးကျူးစကားပြောပြီး သူကိုယ်တိုင် သင်တန်းကျောင်းမှာသိမ်းထားချင်ကြောင်းပြောတဲ့အထိပါပဲ...ပျော်လိုက်တာဆိုတာလေ...model တွေကိုပြင်ဆင်ပေးရတဲ့နေရာမှာ dress အပါအဝင် အခြား accessories ကအစ Makeup products တွေရော ပြသ်ဆင်ရတာမို့ ကုန်ကျစရိတ်က ကိုယ်တိုင် Hotel ကြီးတစ်ခုမှာဆောင်ရသလိုပါပဲ မှတ်တောင် မမှတ်နိုင်တော့ပါဘူး...
ဒုတိယ look ဖြစ်တဲ့ Fashion Look ကိုတော့ တော်တော်များများက high Fashion ဆန်ဆန်တွေလုပ်ကြမယ်လို့တွေးမိထားတာရော ကိုယ့်ရဲ့ပထမမော်ဒယ်လ်က beach bride မို့ကဗျာဆန်ဆန်ဘေးဆိုတော့ Sunflower Fashion Look လေးစဉ်းစားပြီး မော်ဒယ်လ်လေးဝတ်ရမယ့် dress လေးကို အပြေးအလွှားဝယ် ကိုယ်တိုင်ပန်းတွေဆင်ပြီး အနုစိတ်ကြိုးစားတင်ဆက်ခဲ့တာပေါ့... တတိယ Look ကတော့ Iconic makeup လေ... ကျောင်းမှာသင်ရတာက ၁၉၆၀, ၁၉၈၀ ခုနှစ်တွေက မိတ်ကပ်အပြင်အဆင်နဲ့နာမည်ကျော်ကြားခဲ့တဲ့ Twiggy, Brigitte Badot, Audrey Hepburn တို့ဖြစ်တာမို့ သင်တန်းသူတွေတော်တော်များများရွေးချယ်လိမ်းကြမယ်လို့ ထင်ခဲ့တယ်...ထင်ခဲ့တဲ့အတိုင်းပဲ အများအပြားဆင်တူမိတ်ကပ်တွေပြင်ကြတော့ သိပ်မပေါ်လွင်တဲ့အထဲ ကိုယ်က ကြိုတင် plan ချခဲ့တဲ့အတိုင်း ၁၉၆၄ ခုနှစ်မှာခေတ်စားခဲ့တဲ့ Vintage Makeup Icon ဖြစ်တဲ့ Jean Shrimpton ရဲ့အကြောင်းလေ့လာပြီး ဓါတ်ပုံလေးတွေကအစ စုဆောင်းပြီး ဖြေဆိုခဲ့ပါတယ်...တစ်ဖက်က Projects တွေအတွက်ခေါင်းခဲပြီး လိုအပ်တဲ့ပစ္စည်းတွေပြေးဝယ်ရ ဓါတ်ပုံတွေ စုဆောင်းရ မော်ဒယ်လ်ရှာရ အဝတ်အစားတွေနဲ့ Fashion စဉ်းစားရ Accessories တွေရှာဝယ်ရ တစ်ဖက်မှာလည်း Writing Test ဖြေဖို့ Hand Book ကြီးကို အပြန်ပြန်အလှန်လှန်လေ့လာခဲ့ရတာ ခုပြန်တွေးရင် ခုပြန်ပင်ပန်းနေပါတယ်...ဘာပဲပြောပြော ခုချိန်မှာတော့ ကျေနပ်တယ် ဂုဏ်ယူတယ်...

အစကထင်ခဲ့မိတာ MUA ဆိုတာ ကိုယ်တိုင်ကျော့ကာ့အောင်လိမ်းပြီး ပေါ့ပေါ့လေးလုပ်ရတဲ့အလုပ်ထင်ခဲ့မိတာ... တကယ့်လက်တွေ့မှာတော့ အတော်ခက်ပါတယ်...ဒီကြားထဲ မြန်မာပြည်ပြန်ရောက်တော့ တော်တော်များများက Makeup Artist ဆို Professional လို့မသတ်မှတ်ကြဘူး...အထင်လည်းမကြီးကြဘူး...ခုနောက်ပိုင်း မြန်မာပြည်မှာ MUA ဆိုတာကလည်း ပေါ်ပင်လိုဖြစ်ပြီးမှိုလိုပေါက်နေတာမို့ ဒီလိုထင်ကြတာအပြစ်မတင်ချင်ပါဘူး...ကျွန်မအမြင်ကတော့ ပညာရပ်တိုင်းခက်ခဲပါတယ်...ကြိုးစားအားထုတ်မှုမရှိပါဘဲ မည်သူတစ်ဦးတစ်ယောက်မျှ Professional မဖြစ်လာနိုင်ပါဘူး...မိတ်ကပ်ပညာဟာလည်းဒီလိုပါပဲ...အမှန်တကယ် အနုစိတ်လေ့လာမယ်ဆို သင်ယူစရာတွေချည်းပါဘဲ....အမြဲတမ်း ခေတ်ရေစီးကြောင်းအတိုင်းပြောင်းလဲနေမယ့် Makeup Trends တွေကိုလည်း ကိုယ်တိုင် Upgrade လုပ်နေရတာမျိုးပါ...သူတစ်ပါးရဲ့ နေ့ထူးနေ့မြတ်တွေမှာ ပြင်ဆင်ပေးရတာမို့ အတော်လေးတာဝန်ကြီးပါတယ်...အမှားအယွင်းမရှိဘဲ အနုစိတ် စိတ်ရှည်ရှည်နဲ့ ကိုယ်လုပ်နေတဲ့အရာအပေါ်စိတ်ပါစီးမျောပြီးလုပ်ကိုင်ရတဲ့ အလုပ်မို့ အမြင်အားဖြင့်လွယ်ကူသော်လည်း အတော်လေးခက်ခဲပင်ပန်းပါတယ်...

ဒါကြောင့် ဘဝတူ MUA အားလုံးကိုလည်း လေးစားပြီး ကြိုးစားအားထုတ်သူတိုင်း မိမိတို့နယ်ပယ်အသီးသီးမှာအောင်မြင်ကြပါစေလို့ ဆန္ဒပြုပါတယ်နော် 🙏🏻🙏🏻🙏🏻

ကျွန်မ၏သင်တန်းကာလတစ်လျှောက်ကူညီပံ့ပိုးပေးခဲ့ကြသော ရုံးမှသူငယ်ချင်းများ, မော်ဒယ်လ်ညီမလေးများ, Portfolios အတွက်အားအင်စိုက်ထုတ်ကူညီခဲ့ပြီး အကြံဉာဏ်ကောင်းတွေနဲ့ ကူညီခဲ့သော ချစ်ခင်ပွန်း, တစ်ခန်းတည်း သူငယ်ချင်းများ, သင်ကြားပြသပေးခဲ့သော တီချယ် Francis နှင့်တကွ ကျန်ရှိနေနိုင်သော ကျေးဇူးတင်ရမည့်သူအားလုံးကို ကျေးဇူးတင်ဂါရဝပြုပါတယ်...🙏🏻🙏🏻🙏🏻

စာဖတ်ပုဂ္ဂိုလ်အားလုံးလည်း လှပသောနေ့ရက်များပိုင်ဆိုင်ကြပါစေ 😘😘😘

ချစ်တဲ့
Su Su San ( Makeup Artistry Campus )

Photos from SU SU SAN - Professional Makeup & Hairstyling Artist's post 28/12/2017

💘Casual Day Out Makeup Look + Denim 💘

👑

Photos from SU SU SAN - Professional Makeup & Hairstyling Artist's post 14/12/2017

Hello Beauty Lovers !

Skincare လုပ်နည်းလေးတွေ အကြောင်းမေးမေးနေကြတာမို့ ဒီ Post လေးမှတဆင့် ဖြေပေးလိုက်ပြီနော်.....
(အသုံးဝင်မယ် လိုအပ်မယ်ထင်ရင် လွတ်လွတ်လပ်လပ် Share နိုင်ပါတယ်ရှင်)

ကျွန်မတို့ artist တွေအနေနဲ့မိတ်ကပ်ချယ်သပေးရာမှာ ကျန်းမာတဲ့ အသားအရေရှိသူတွေကို လိမ်းချယ်ပေးရတာပိုပြီး လွယ်ကူပါတယ်....
မျက်နှာပေါ်မှာ Blemishes တွေ red spots, black spots စတာတွေ မရှိတော့ concealer / Colour corrector သုံးစရာမလိုတဲ့အပြင် Foundation လိမ်းချယ်ရာမှာလည်း ဒီ spots လေးတွေကိုမမြင်ရအောင် အထူကြီးလိမ်းနေစရာ မလိုတော့ဘူးပေါ့....

ဒါ့အပြင် skin care နေ့စဉ်ပြုလုပ်ထားသူနဲ့ skin care မလုပ်ထားသူ ယှဉ်ကြည့်မယ်ဆို မိတ်ကပ်ရဲ့ အရောင်အသွေးတောက်ပမှု ( personal glow ) အများကြီး ကွာခြားပါတယ်.....
ဒါကြောင့် ဒီ post လေးနဲ့ မိမိအသားအရေကို လှပတင့်တယ်စွာ ထိန်းသိမ်းနိုင်ပြီး ကျက်သရေရှိသော အလှကို ထာဝရ ပိုင်ဆိုင်ကြစေဖို့ ဆန္ဒပြုပါတယ်ရှင် .....

Daily Skincare Routine မှာ အဓိက ကျတာတွေကတော့
၁) Cleanser / Facial Foam
၂) Toner
၃) Moisturiser
၎) Sun CREAM / Day Cream တို့ပဲ ဖြစ်ပါတယ်

လိမ်းချယ်နည်းလေးတွေကိုတော့ ပုံလေးတွေမှာ ကြည့်ကြနော်....

Skincare လုပ်ရာမှာ Day & Night skincare routine ဆိုပြီး ရှိပါတယ်
နေ့ဖက်မှာတော့ မျက်နှာကို သစ်ပြီးတာနဲ့ Toner လေးကို cotton pad လေးနဲ့လူးပြီး ရေဓါတ်ပါဝင်တဲ့ Moisturiser လေးလိမ်းပေးရမှာပါ...
နေပူထဲသွားတာတို့ ရေကူးတာတို့ လုပ်ရမယ်ဆိုရင်တော့ SPF ပါတဲ့ Sun Block Cream လေးတွေ ထပ်ပြီးလိမ်းဖို့ လိုအပ်ပါတယ်...
Night Routine လေးတွေကိုတော့ ပုံပါအတိုင်းရက်လေးတွေ သတ်မှတ်ပြီး စနစ်တကျ လိုက်လုပ်ပေးလိုက်မယ်ဆို အဆီပြန်မှုတွေ, အသားအရေ ခြောက်မှု, ဝက်ခြံ, တင်းတိတ် နဲ့ အစက်အပြောက်တွေ, အိုမင်းစေသော အရေးအကြောင်းတွေ တဖြည်းဖြည်းလျော့နည်း ပျောက်ကင်းလာမှာ အမှန်ပါ.....

ဒီအထဲမှာမှ Exfoliating ( မျက်နှာချေးချွတ်ခြင်း/ အဆိပ်ထုတ်ခြင်း) အကြောင်းလေးကို နောက်ထပ် post လေးမှာ အကျယ်တဝင့်ရှင်းပြပေးသွားမယ်နော်......

မိတ်ကပ်နဲ့ပါတ်သက်သော သိမှတ်ဖွယ်ရာလေးတွေ, အသားအရေ ထိန်းသိမ်းနည်း, မိတ်ကပ်ပြင်ဆင်ချယ်သနည်း စတာတွေကို စဉ်ဆက်မပြတ် ဖော်ပြပေးသွားတော့မှာမို့ စောင့်မျှော်ပေးကြပါဦး ရှင်......
😍 ဒီ official Page လေးကိုလည်း Like လုပ်ထားဖို့ မေ့နဲ့နော် 😍

အားလုံးပြုံးပျော်လှပ ပျော်ရွှင်ကြပါစေ 🙏🏻🙏🏻🙏🏻

Mrs. Golden Land 2017 (GROUP 2) for married (Voting 1). 22/08/2017

💞 Like and Share လေးလုပ်ပေးကြမယ်ဆို သိပ်ပျော်မိမှာပဲ

😘😘😘🙏🏻🙏🏻🙏🏻

Candidate No(25)
Mrs. Su Su San (စုစုစံ)
Age - 31

Mrs. Golden Land (GROUP 2)
(Official Voting System 1)

Mrs. Golden Land Myanmar 2017
Final Coronation Night (31 August 2017)
CBC Ballroom (ဆရာစံလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းသစ်ထောင့်)

လက်မှတ်များကို ဖုန်း - 09 259998335 , 09 964221089 , 09 789507050 , 09789507060 တို့တွင် ဆက်သွယ်ဝယ်ယူနိုင်ပါပြီ...

Voting စည်းကမ်းချက်များ

1 LIKE = 1 VOTE
1 SHARE = 3 VOTES

(Auto Like များ နှင့် User Account အတုများ၏ Like များကိုလည်း ထည့်သွင်းရေတွက်လိမ့်မည်မဟုတ်ပါ...)

Voting ပေးလို့ရနိုင်မယ့် နေရာ(၃)ခုရှိပါတယ်...
Mrs. Myanmar page ၊ Miss Golden Land Myanmar page နဲ့ Mrs Golden Land Myanmar page (၃)ခုတို့ရဲ့ Voting System (၃)ခုပေါင်း ရလဒ်ဖြင့် Vote အများဆုံးရရှိတဲ့အလှမယ်ဟာ Final Night ၏ Semi-Finalist စာရင်းတွင် အလိုလျောက်ရွေးချယ်ခံရမှာဖြစ်ပါတယ်...

(Voting System 1)
အလှမယ်လေးများကို Vote ပေးလိုလျှင် ရှေးဦးစွာ အောက်တွင်ဖော်ပြထားသော Mrs Myanmar (Official page) ကို ၀င်ရောက်ကာ Page ကို Like ပေးရမှာဖြစ်ပါတယ်...
(Official Page ကို Like မလုပ်ထားသော Facebook User များ၏ Vote များကို ထည့်သွင်းရေတွက်လိမ့်မည်မဟုတ်ပါ)
Like ပေးရန် Mrs Myanmar Official Page >>>
www.facebook.com/MrsMyanmar

(Voting System 2)
အလှမယ်လေးများကို Vote ပေးလိုလျှင် ရှေးဦးစွာ အောက်တွင်ဖော်ပြထားသော Miss Golden Land Myanmar (Official page) ကို ၀င်ရောက်ကာ Page ကို Like ပေးရမှာဖြစ်ပါတယ်...
(Official Page ကို Like မလုပ်ထားသော Facebook User များ၏ Vote များကို ထည့်သွင်းရေတွက်လိမ့်မည်မဟုတ်ပါ)
Like ပေးရန် Miss Golden Land Myanmar Official Page >>>
www.facebook.com/MissGoldenLandMyanmar

(Voting System 3)
အလှမယ်လေးများကို Vote ပေးလိုလျှင် ရှေးဦးစွာ အောက်တွင်ဖော်ပြထားသော Mrs Golden Land Myanmar (Official page) ကို ၀င်ရောက်ကာ Page ကို Like ပေးရမှာဖြစ်ပါတယ်...
(Official Page ကို Like မလုပ်ထားသော Facebook User များ၏ Vote များကို ထည့်သွင်းရေတွက်လိမ့်မည်မဟုတ်ပါ)
Like ပေးရန် Mrs Golden Land Myanmar Official Page >>>
www.facebook.com/MrsGoldenLand

Voting နောက်ဆုံးပိတ်မည့်အချိန်မှာ Mrs. Golden Land Myanmar 2017 ဖိုင်နယ်ပြိုင်ပွဲကြီးကျင်းပမည့်နေ့ရက် ၂၀၁၇ခုနှစ်၊ သြဂုတ်(၃၁)ရက်နေ့ ၊ မြန်မာစံတော်ချိန် ညနေ (၅) နာရီအချိန် ဖြစ်ပါတယ်...

Photos from SU SU SAN - Professional Makeup & Hairstyling Artist's post 01/02/2017

How to apply makeup in proper ways??? (Let's Join here)

$60

Sembawang, Singapore

Hello, All Beauties!

မိတ်ကပ်သင်တန်းလေးပါ..... Come on! Let's join together......

ဒီအပါတ် တနင်္ဂနွေ(5th Feb 2017) 11:00am to 2:00pm/3:00pm

Call / Sms for registration @ 9450 2520

- Daily Skin Care
- Personal Day Look
- Personal Night Look
- Soft Smokey Look
- Black/ Dark Strong Smokey Look
- Fashion Look for Photography

Sign Up here for available slots....
Call @ +65 9450 2520

Photos from SU SU SAN - Professional Makeup & Hairstyling Artist's post 24/10/2016

ဒီလို feedback လေးတွေရလို့ အမောကိုပြေသွားတာပဲ.....
Thank u, all my sis...���

Want your business to be the top-listed Hair Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00