Beauty Glory Hair Salon

Beauty Glory Hair Salon

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Beauty Glory Hair Salon, Health/Beauty, old Yaytarshay Street, Yangon.

16/11/2025

❤️

16/11/2025

"ကြီးကြီးမားမားမှ မဟုတ်ပါဘူး"… ဒါပေမဲ့ နာကျင်ရတယ်

စိတ်ဒဏ်ရာ (Trauma) လို့ ကြားလိုက်ရင် ကြီးမားတဲ့ အဖြစ်အပျက်ဆိုးကြီးတွေကိုပဲ ပြေးမြင်မိကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ နေ့စဉ်ဘဝက "သေးငယ်တဲ့" နာကျင်မှုတွေ၊ လျစ်လျူရှုခံရမှုတွေကနေလည်း စိတ်ဒဏ်ရာ ရနိုင်ပါတယ်။

"ဒီလောက်လေးနဲ့ ဘာမှမဖြစ်ပါဘူး"၊ "ငါက စိတ်ပျော့လို့ပါ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားတင်းရင်း ဒါမှမဟုတ် ပတ်ဝန်းကျင်က အပြောခံရရင်း ကိုယ့်ခံစားချက်ကို မြိုသိပ်လိုက်ရတာတွေ စုပုံလာတဲ့အခါ ဒါဟာ "small t" လို့ခေါ်တဲ့ စိတ်ဒဏ်ရာလေးတွေဖြစ်လာပါတယ်။

ဒါဟာ "တစ်ခုခု အလုပ်ခံလိုက်ရလို့" ဖြစ်တဲ့ ဒဏ်ရာအပြင် "ရသင့်ရထိုက်တာ မရခဲ့လို့" ဖြစ်တဲ့ ဒဏ်ရာ (Emotional Neglect) လည်း ဖြစ်နိုင်ပါတယ်။
ဥပမာ - ကလေးဘဝမှာ ကိုယ်ဝမ်းနည်းငိုကြွေးတဲ့အခါ "ဘာမဟုတ်တာလေးကို"၊ "အပိုတွေလုပ်တာ" လို့ အမြဲတမ်း အပယ်ချခံခဲ့ရရင် ကြီးလာတဲ့အခါ ကိုယ့်ခံစားချက်ကို ကိုယ်တိုင်တောင် မယုံကြည်ရဲတော့ဘဲ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိသလို ခံစားရစေပါတယ်။

တကယ်တော့ စိတ်ဒဏ်ရာ ဖြစ်၊မဖြစ် ဆိုတာ အဖြစ်အပျက်ရဲ့ ကြီးမားမှုထက် အဲဒီအချိန်မှာ ကိုယ် "ဘယ်လို ခံစားလိုက်ရသလဲ" ဆိုတာက ပိုအရေးကြီးပါတယ်။
အဓိကကတော့ အဲဒီအချိန်မှာ…
- ဘယ်သူဆီကမှ အကူအညီမရနိုင်တော့ဘူး
- ကိုယ့်ဘဝကိုယ်၊ ကိုယ့်ကိုယ်ကိုအပေါ် မှာ ဘာထိန်းချုပ်မှုမှ မရှိတော့ဘူး
- ဒီနာကျင်မှုကို ငါတစ်ယောက်တည်း ခံစားနေရတယ်၊ ဘယ်သူမှ နားလည်မှာ/ကူညီမှာ မဟုတ်ဘူးလို့ ပြင်းပြင်းထန်ထန်ခံစားလိုက်ရတာမျိုးပါပဲ။

ဥပမာ - ငယ်ငယ်က ဈေးထဲမှာ မိဘနဲ့ ခဏလေး လူကွဲသွားခဲ့ဖူးတာတောင် အဲဒီအချိန်မှာ 'ငါတစ်ယောက်တည်း ကျန်ခဲ့ပြီ' လို့ ပြင်းပြင်းထန်ထန် ထိတ်လန့်သွားပြီး ဘယ်သူ့ကိုမှ ရှာမတွေ့တော့ဘူးလို့ ခံစားလိုက်ရရင် ဒါဟာ စိတ်ဒဏ်ရာတစ်ခုဖြစ်သွားနိုင်ပါတယ်။

စိတ်ဒဏ်ရာဆိုတာ ကိုယ့်ရဲ့ အားနည်းချက်မဟုတ်ဘဲ ကိုယ့်ဦးနှောက်က ကိုယ့်ကို ကာကွယ်ဖို့ ကြိုးစားခဲ့တဲ့ တုံ့ပြန်မှုတစ်ခုပါ။ "ကြီးကြီးမားမား ဘာမှမဖြစ်ခဲ့ဘဲ" နာကျင်နေတဲ့ ကိုယ့်ရဲ့ခံစားချက်က တကယ် အစစ်အမှန် ဖြစ်ပြီး အရေးပါပါတယ်။
ဒါကြောင့် ဒီခံစားချက်တွေကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ မကြိုးစားဘဲ နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ဆွေးနွေးခြင်းကသာ စိတ်ဒဏ်ရာကုစားခြင်းရဲ့ ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်။

mental heal မှာ စိတ်ပိုင်းဆိုင်ရာခံစားချက်ပြဿနာတွေကို ဆွေးနွေးတိုင်ပင်နိုင်ဖို့အတွက် counseling service များရယူနိုင်ပါတယ်‌နော်။ Page chat box လေးကို ဆက်သွယ်မေးမြန်းလို့ရပါတယ်ရှင့်။

အထီးကျန်တယ်၊ ရှင်သန်ရတာပင်ပန်းတယ်ဆိုရင် ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး mental heal က အားလုံးနဲ့အတူရှိပေးနေတယ်ဆိုတဲ့နွေးထွေးရာအိမ်ကလေး mental heal community ကို join ထားဖို့ကြိုဆိုပါတယ်နော်။

mental heal community
https://www.facebook.com/share/g/1B8thw2TrH/

mental heal telegram -

13/11/2025

ဒီရက်တွေထဲ Reboundလေးတွေဆက်တိုက်လုပ်ပေးရပေမဲ့ ပံုတွေ မတင်ဖြစ်ဘူးမို့ တင်ပေးလိုက်ပ့ီနော်
သိန်းချီမပေးရလို့ စျေးအရမ်းနဲလို့ ဆေးကောင်းမလား Result ကောင်းမလားလို့ တွေးပြီးမစိုးရိမ်နဲ့နော်
Result နဲ့ ဘဲ သက်သေပြပေးမယ်နော် သေချာလေး ကိုလုပ်ပေးမယ်နော်
စျေးလျှော့ပေမဲ့ ဆေးQuality မလျှော့ထားဘူးနော်။ဆေးသားမခိုမကပ်ဘဲ သေချာသံုးပေးပါတယ်နော်။
အားဖြည့်ပေါင်းဆေး၊ဆံသားအတွက်လိုအပ်တဲ့အထူးအားဆေး၊Serum တွေ ပါ ဆံသားကောင်းစေဖို့ ဆံသားထဲကို လက်ဆောင်ထည့်ပေးလိုက်ပါသေးတယ်နော် ။
Happy Hour လာရင် 5000 ထပ်လျှော့မှာမို့ အဲ့ထပ်တန်တာ ရှိသေးလား ပြော ❤️
အခု Promotion အတွက် ပံုမှန်ဆံသား၊ ကောင်းမွန်သော ဆံသား တွေပြုလုပ်နိူင်ပြီး

ပျက်ဆီးဆံသား ၊ ဆေးထိဖူးသားဆံသားဆိုရင်တော့ ဆေးကောင်းတာလေး ရွေးပေးရပါမယ်ရှင်။ ဆေးကောင်းတာရွေးလို့လဲ ၂ သိန်း ၃ သိန်းပေးရမယ်မထင်နဲ့နော် ။ သောင်းဂဏန်းလေးမယ် + ထပ်ပိုပေးရမှာနော် ❤️
Promotion တွေရှိလို့ အခုချိန် လာလုပ်ရင် တကယ်စျေးတန်ပါတယ်နော် ❤️
Happy Hour တွေ Buy 1 Get 3 တွေနဲ့မို့ အခုချိန်လာလုပ်ရင် အတန်ဆံုးပါဘဲရှင်။

13/11/2025

အရမ်းတန်တဲ့ Promotion အစီအစဉ်ရှိလို့ အပြေးလေး လာခဲ့လိုက်နော် ❤️

09/11/2025

အိမ်မှာ အလုပ်လာလုပ်ပေးတဲ့မိန်းကလေးကို ကျွန်မက လစဥ် ဆန်တစ်အိတ် ဆီတစ်ပုံးပါ ပေးပါတယ်။ ဆန်တွေ ဆီတွေနဲ့ သူအိမ်ပြန်သွားတဲ့နေ့ဆိုရင် သူ့အိမ်နားဝန်းကျင်က လူတချို့ လာပြီး ဆန်လေးတွေ ဆီလေးတွေ ချေးကြတယ်လို့ ဆိုပါတယ်။ ဘေးအိမ်က အဒေါ်ကြီးက ဆန်နှစ်လုံး ချေးသေးတယ်။ သူ့သမီးဆီက လခရရင် ပြန်ဝယ်ပေးမယ်တဲ့။ အိမ်ရှေ့က အစ်မကြီးက ဆီလေး နှစ်ဇွန်းလောက် ချေးသေးတယ် စသည်ဖြင့် ကျွန်မကို ပြောပြတတ်တယ်။ ဒါပေမဲ့ သူကတော့ ပြန်တောင်းမနေပါဘူး။ ပြန်ပေးမနေနဲ့ဒေါ်ကြီးဆိုပြီး လှူလိုက်တယ် ပေးလိုက်တယ်လို့ ပြောပါတယ်။ ကောင်းလိုက်တာ.. မရှိတဲ့ကြားက လှူဖြစ်နေတာပေါ့လို့ သာဓုခေါ်လိုက်ရပါတယ်။

သူလည်း အဆင်ပြေတယ်မဟုတ်ဘဲ ရုန်းကန်နေရသူပါပဲ။ သူ့အမျိုးသားလည်း အလုပ်မရှိရှာဘူး။ ကလေးနှစ်ယောက်နဲ့ အိမ်ဌားခနဲ့ ရွာက မိဘတွေတစ်ခါတလေ ထောက်ပံ့ရတာနဲ့ တစ်ယောက်တည်း ပတ်ချာလည်ရိုက်နေတယ်။ ဒီထဲကမှ သူရတာလေးတွေကို လျော့သွားမှာ ကုန်သွားမှာ မစိုးဘဲ ပေးတယ်၊ ဝေတယ်ဆိုတာ စိတ်ဓာတ်အားဖြင့် ပြည့်စုံကြွယ်ဝတဲ့ Abundance Mentality ရှိလို့ပဲ ဖြစ်ပါတယ်။

မြန်မာစကားမှာတော့ မရှိလို့မလှူ၊ မလှူလို့မရှိ ဆိုပြီး ပြောကြတယ်။ အင်္ဂလိပ်စကားမှာတော့ Giving is the secret source of Abundance လို့ ဆိုကြတယ်။ Giving ဆိုတာ ပေးကမ်းခြင်းဖြစ်ပြီး Abundance ဆိုတာ ကြွယ်ဝပြည့်စုံခြင်းကို ဆိုလိုပါတယ်။ ပြည့်စုံကြွယ်ဝခြင်းရဲ့ လျှို့ဝှက်ချက်အရင်းအမြစ်ဟာ ပေးကမ်းလှူဒါန်းခြင်းပဲ ဖြစ်ပါသတဲ့။ ပေးလေ ရလေပါပဲ။ Abundance Mentality ဆိုတာက ပြည့်စုံကြွယ်ဝတဲ့ စိတ်ဖြစ်ပါတယ်။ တချို့ဆင်းရဲပေမဲ့ ပေးချင်ကမ်းချင်တဲ့စိတ်ရှိတယ်။ တချို့ချမ်းသာပေမဲ့ ကပ်စေးနဲနေတဲ့သူရှိတယ်။

Abundance Mentality ရဲ့ ဆန့်ကျင်ဘက် Lack Mentality ဆိုတာကိုတော့ တိုရေရှားရေစိတ်ဓာတ်လို့ ပြောရမယ်ထင်ပါတယ်။ Lack Mentality ကို Scarcity Mentality လို့လည်း ပြောကြတယ်။ ပါးရှားတဲ့ စိတ်မျိုးပေါ့။ တစ်ခုခုကို မပေးချင်ဘူး။ ကုန်သွားမှာစိုးတယ်။ ငါ့အတွက်မလောက်ငှဘူး။ မကျန်တော့မှာ စိုးတယ် စသည်ဖြင့် တွေးတောတတ်တဲ့စိတ်ဟာ Lack Mentality ပဲ ဖြစ်ပါတယ်။ Fear Based ကြောက်ရွံ့ခြင်းမှာ အခြေခံတယ်။

ကြောက်နေတော့ Energy တွေ ကျတယ်။ လှူဒါန်းပေးကမ်းခြင်းနဲ့ ပတ်သက်ရင် ငါတော့ သိပ်မလှူတော့ဘူး။ လှူတာများသွားပြီ စုထားတာထဲက လျော့သွားလို့မဖြစ်ဘူး။ တော်ပါပြီလေ။ တစ်ထောင်မလှူတော့ဘူး။ တစ်ရာပဲ လှူတော့မယ်စသည်ဖြင့် ရည်မှန်းထားတဲ့အတိုင်းမဟုတ်ဘဲ လျှော့လှူတာ ကန့်သတ်ချက်တွေနဲ့လှူတာ သံသယတွေနဲ့လှူတာဟာ Lack Mentality ပါပဲ။

တစ်ခါတလေကျတော့လည်း လူတွေမှာ Lack Mentality ကပိတ်ဆို့ကာဆီးနေတတ်ပါတယ်။ ကျွန်မကိုယ်တိုင် ပေးတာ
နဲ့ ပတ်သက်ပြီး စိတ်ထဲကပါသလောက် မလုပ်ဖြစ်ဘဲ လုပ်ခါနီးမှ လျှော့လိုက်တာမျိုးတွေရှိတယ်။ ကိုယ့်ကိုယ်ကိုယ် သိပ်မကျေနပ်ဘူး။ Limitation အကန့်အသတ်တွေနဲ့ ပေးလိုက်တယ်။ အဲဒီအချိန်တုန်းက ကျွန်မရတဲ့ လာဘ်လာဘတွေဟာလည်း အကန့်အသတ်တွေနဲ့ပဲလာတယ်။

ပိုက်ဆံဆိုတာ မသေသရွေ့ပြန်ရှာလို့ရပါတယ်။ သေသွားရင် ရှာထားသမျှ မလှူလိုက်ရဘူးဖြစ်နေမယ်ဆိုတဲ့ စိတ်နဲ့လှူလာတဲ့အခါ ခုတော့ စိတ်ကပါသလောက် လက်ကရောက်တဲ့ Abundance Mentality ကို ရလာတယ်။ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်စသည်ဖြင့် အထုပ်လေးတွေထည့်ထားပြီး သွားလေရာမှာ လိုအပ်တဲ့သူတွေ ပေး
ပါတယ်။ ဒါကိုသိတဲ့လူတစ်ယောက်က ကျွန်မကို ဆီလေးတစ်ပုလင်းလောက်ပေးပါလို့ တစ်ရက်က ပြောလာတယ်။ သူ့ကို ဆီတစ်ပုလင်းသာမက ဆီတစ်ပုံး၊ ဆန်တစ်အိတ်ပါ ယူသွားပါလို့ ပြည့်စုံအောင်ပေးကမ်းနိုင်တဲ့အတွက် ဝမ်းသာမိတယ်။
စိန်တွေရွှေတွေမပေးနိုင်ပေမဲ့ ဆန်ဆီစားစရာလောက်တော့ပေး
နိုင်တယ်။ အမြဲအသင့်ရှိနေတယ်။ အားရပါးရပဲ ပေးချင်တယ်။ သူများတွေ အားရပါးရ ပေးတာတွေ့ရင်လည်း ဝမ်းသာမိတယ်။

ပိုင်းလော့ဆရာတော်ကြီးကလည်း ပေး
တဲ့အခါ စလယ်ဆုံး ဖြူဖြူစင်စင် ပျော်ပျော်ရွှင်ရွှင် ဖြစ်ရမယ်လို့ဆိုတာ နာဖူးတယ်။ ဒီလိုပေးခွင့်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်လည်း အားရှိလာတယ်။ Energy တွေရလာတယ်။ မကုန်သွားဘူး။ ထပ်ရလာဦးမယ်။ ပေးလို့ရသေးတယ်ဆိုတဲ့ ယုံကြည်မှုလည်းပေါ်လာတယ်။ Turst Based ဖြစ်လာပါတယ်။ အများကြီး မချမ်းသာပေမဲ့ မခက်ခဲတော့ဘူး။ လိုချင်တယ်လို့ စိတ်ကဖြစ်ရင် ပေးတဲ့သူပေါ်လာတာတွေလည်း မကြာခဏကြုံရတာ အမှန်ပါပဲ။

Lack Mentality က Negative Energy ဖြစ်တယ်။ Abundance Mentality ကတော့ Positive Energy ဖြစ်တယ်။ Abundance Mentality နဲ့ Lack Mentality ရဲ့ ကွဲပြားခြားနားချက်လေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

Abundance Mentality
(ပြည့်စုံ ကြွယ်ဝသောစိတ်)

🐞ကိုယ့်ဘဝကို ကျေးဇူးတင်တတ်သလို သူများအပေါ်လည်း ကျေးဇူးတင်တတ်တယ်။
🐞အားလုံးအတွက် လုံလောက်ပါတယ်လို့တွေးတယ်။
🐞တခြားသူတွေကို အသိအမှတ်ပြုတယ်။ ဝမ်းသာပေးတယ်။
🐞အခုလက်ရှိဘဝမှာ ရနေတဲ့အရာတွေကို သတိထားမိ မြင်မိတယ်။
🐞Trust Basedယုံကြည်မှုကို အခြေခံထားတယ်။ကောင်းသော စွမ်းအင်တွေကို ပွားလာစေတယ်။
🐞ကိုယ် ဘယ်လိုပေးရမလဲ စဉ်းစားနေတယ်။

Lack Mentality
(တိုတောင်းရှားပါးတဲ့စိတ်)

🐞ကိုယ့်ဘဝကိုရော သူများတွေကိုပါ ကျေးဇူးမတင်တတ်ဘူး။
🐞ဘယ်သူ့အတွက်မှ လုံလုံလောက်လောက်မရှိဘူးလို့ တွေးတယ်။
🐞မနာလိုစိတ်ရှိတယ်။
🐞အခုလက်ရှိဘဝမှာ ရနေတာတွေကို မမြင်တတ်ဘူး။
🐞Feared basedကြောက်ရွံစိတ်ကိုအခြေခံတယ်။
🐞energyကောင်းသောစွမ်းအင်တွေ လျော့ကျသွားစေတယ်။
🐞ကိုယ့်အတွက်ဘာရှိလဲပဲ စဉ်းစားတယ်။

ဒါနပါရမီဖြည့်ဆည်းတဲ့နေရာမှာ ဒီစိတ်နှစ်မျိုးကြောင့် ဘယ်လိုအကျိုးရလဒ်တွေရနိုင်သလဲဆိုတာ သိစေချင်လို့ Lack Mentalityနဲ့ Abundance Mentality အကြောင်းလေးကို ရေးတင်ပေးလိုက်ပါတယ်။

မွန်ဟော်စီ
၂၀၂၁




#မနက်စာအာဟာရ

09/11/2025

အရမ်းတန်တဲ့ 40 %,50% Off Promotion အထူးအစီအစဉ် နှင့်အတူတန်မှတန်တဲ့ လက်ဆောင် အစီအစဉ်များကို ချစ်ရသော ချစ်ကာကာလေးတို့အတွက် (1.11.25မှ 1.12.25 )တလအထိ စီစဉ်ပေးထားပါတယ်ရှင့်🤭

🌧️(Hair Rebonding)
👉Normal (80000)
40%Off now (48000)

🌧️ဆံပင်ဖြောင့်(Hair Straight)
👉Normal (80000)
40 % Off now(48000)

🌧️ဆံပင်ကာလာဆိုး(Hair Color )
Normal ( 80000 )
50 % Off now (40000)

တမျိုးကို 4 သောင်း ဝန်းကျင်ထဲဖြင့်ပြုလုပ်နိူင်မှာဖြစ်ပြီး 20000 ကျပ်တန်ဖိုးရှိတဲ့ Buy 1 Get 3 တမျိုးလုပ်ပြီး 3 မျိုး 🎁 လက်ဆောင် ထပ်ရအံုးမှာမို့ တန်မှတန် နော်။

1)ဆံသားအားဖြည့်ပေါင်းဆေး(2)ကော်လဂျင်(3)ဆံသားအားဖြည့်Serum

Happy Hour မနက် 9နာရီ ကနေ 11နာရီအတွင်း လာလျှင် တဦး ကို 5000 ကျပ် ထပ်လျှော့ပေးမှာမို့ Wow 🤩 အပြေးလေး ချက်ချင်း သာ လာခဲ့လိုက်တော့နော်

ပထမဆံုး လာတဲ့ အယောက် 100 ကိုသာ Buy 1 Get 3 + Happy Hour ဒီအခွင့်အရေးပေးမှာမို့ အပြေးလေး လာခဲ့လိုက်တော့နော် ❤️
ကဲ အခုပြောထားတဲ့ ဒီအစီအစဉ်လေးကို စိတ်ဝင်စားရင် Public နဲ့ Like & Share ပေးထားပြီး SSမန့်ခဲ့ပေးရင်တော့ သတ်မှတ် ဦးရေ ကျော်မှလာလဲ မင်မင်တို့က လုပ်ပေးမှာပါနော် ❤️

💢(ယခုပြောထားသောစျေးနှုန်းများသည် ဆံပင်အတိုကနေ ဂျိုင်းအထက် ၊ ပုခံုးထိသာဖြစ်သည် အရှည်ပေါ်မူတည်၍ ၊ ဆေးအမျိိုးအစားပေါ်မူတည်ပြီးစျေးနှုန်းအနည်းငယ်မျှ ပြောင်းလဲမှု့ရှိပါသည်)

09/11/2025

တန်မှတန် ရှယ်တန်တဲ့ Promotion

31/10/2025

ကဲ သိပြီးပြီလား ပထမဆံုး လာတဲ့ အယောက် 100 ကိုသာ Buy 1 Get 3 + Happy Hour ဒီအခွင့်အရေးပေးမှာမို့ အပြေးလေး လာခဲ့လိုက်တော့နော်

Happy Hour မနက် 9နာရီ ကနေ 11နာရီအတွင်း လာလျှင် တဦး ကို 5000 ကျပ် ထပ်လျှော့ပေးမှာမို့ Wow 🤩 အပြေးလေး ချက်ချင်း သာ လာခဲ့လိုက်တော့နော်
နော် ❤️

31/10/2025

ဒီတခါတော့ အရမ်းတန်တဲ့ 40 %,50% Off Promotion အထူးအစီအစဉ် နှင့်အတူတန်မှတန်တဲ့ လက်ဆောင် အစီအစဉ်များကို ချစ်ရသော ချစ်ကာကာလေးတို့အတွက် (1.11.25မှ 1.12.25 )တလအထိ စီစဉ်ပေးထားပါတယ်ရှင့်🤭

🌧️(Hair Rebonding)
👉Normal (80000)
40%Off now (48000)

🌧️ဆံပင်ဖြောင့်(Hair Straight)
👉Normal (80000)
40 % Off now(48000)

🌧️ဆံပင်ကာလာဆိုး(Hair Color )
Normal ( 80000 )
50 % Off now (40000)

တမျိုးကို 4 သောင်း ဝန်းကျင်ထဲဖြင့်ပြုလုပ်နိူင်မှာဖြစ်ပြီး 20000 ကျပ်တန်ဖိုးရှိတဲ့ Buy 1 Get 3 တမျိုးလုပ်ပြီး 3 မျိုး 🎁 လက်ဆောင် ထပ်ရအံုးမှာမို့ တန်မှတန် နော်။

1)ဆံသားအားဖြည့်ပေါင်းဆေး(2)ကော်လဂျင်(3)ဆံသားအားဖြည့်Serum

Happy Hour မနက် 9နာရီ ကနေ 11နာရီအတွင်း လာလျှင် တဦး ကို 5000 ကျပ် ထပ်လျှော့ပေးမှာမို့ Wow 🤩 အပြေးလေး ချက်ချင်း သာ လာခဲ့လိုက်တော့နော်

ပထမဆံုး လာတဲ့ အယောက် 100 ကိုသာ Buy 1 Get 3 + Happy Hour ဒီအခွင့်အရေးပေးမှာမို့ အပြေးလေး လာခဲ့လိုက်တော့နော် ❤️
ကဲ အခုပြောထားတဲ့ ဒီအစီအစဉ်လေးကို စိတ်ဝင်စားရင် Public နဲ့ Like & Share ပေးထားပြီး SSမန့်ခဲ့ပေးရင်တော့ သတ်မှတ် ဦးရေ ကျော်မှလာလဲ မင်မင်တို့က လုပ်ပေးမှာပါနော် ❤️

💢(ယခုပြောထားသောစျေးနှုန်းများသည် ဆံပင်အတိုကနေ ဂျိုင်းအထက် ၊ ပုခံုးထိသာဖြစ်သည် အရှည်ပေါ်မူတည်၍ ၊ ဆေးအမျိိုးအစားပေါ်မူတည်ပြီးစျေးနှုန်းအနည်းငယ်မျှ ပြောင်းလဲမှု့ရှိပါသည်)

30/10/2025

အရမ်းတန်တဲ့ Promotionရှိတယ် @ဆိုတာ သိပြီးပြီလား ချစ်တို့ရေ # # #

29/10/2025

🙏🙏🙏

29/10/2025

Beauty Glory Page ကို Follow , See First မလုပ်ထားသေးရင် အခုဘဲချက်ချင်းလုပ်ထားလိုက်ပါနော်
ချစ်တို့အတွက် 🤩Suprise ဆိုမှ ရှယ်စပရိုက် 🤩🎁 လာမှာမို့နော် ❤️

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Old Yaytarshay Street
Yangon