Khaing MeMe Thinn - beauty & sfx

Khaing MeMe Thinn - beauty & sfx

Share

Self Makeup Class
Bridal Makeup, Convocation Makeup
Character Makeup for Video & Flim
Facebook Acc : Khaing MeMe Thinn

09/06/2020

မိတ်ကပ် မပြင်ထားရင် ကိုယ်လည်း မလှပါဘူး
ဒါပေမယ့်လည်း ပြင်လိုက်ပြီးရင်တော့ ကြည့်ကောင်း သွားတာ အမှန်ပဲနော် ...

မိတ်ကပ်ပြင်တတ်ဖို့ဆိုတာလည်း Techenique မှန်မှ လှလှပပနဲ့ သပ်ရပ်ပြီး ကြည့်ကောင်းတာပါ ...

Basic ကနေစပြီး Professional အထိ Techenique အဆင့်ဆင့် ရှိတာဖြစ်လို့

ကိုယ်တိုင် ကိုယ့်မျက်နှာကိုယ် စနစ်တကျ လိမ်းချင်သူတွေ အတွက်တော့ Basic Techenique ကို ပိုင်ပိုင်နိုင်နိုင်
သင်ပေးနေတာ ဖြစ်လို့ .... Makeup MeMe ရဲ့ သင်တန်းက အရွေးမမှားစေရဘူးဆိုတာ အာမခံနိုင်ပါတယ်

Selfmakeup Course ‌1 by 1 တွေကို June 15 နောက်ပိုင်း မှာ ပြန်လာတက်လို့ရပါပြီ

လောလောဆယ် Mandalay မှာပဲ ရှိပါမယ်နော်

15/05/2020

💖 All about Moisturizer 💖
💝 Different Type of Moisturizer 💝

Moisturizer လို့ပြောလိုက်ရင် ဒီစကားလုံးကို သိပြီး ရင်းနှီးပြီးသားသူတွေရှိသလို လုံး၀ကို မသိသေးတဲ့ သူတွေလည်းရှိပါသေးတယ်

Moisturizer ဆိုတာ ရေဓာတ်ပြန်လည်ဖြည့်တင်းပေးတဲ့ အခြေခံအကျဆုံးနဲ့ အလိုအပ်ဆုံး Skincare တစ်မျိုးပါ

အသက်ငယ်ရွယ်သူတွေ ဆယ်ကျော်သက်ကစပြီး
အသက် ၅၀ ကျော် အရွယ်ထိ ကိုယ့်အသားရေကို
အမြဲတမ်း စိုစိုပြေပြေလေးဖြစ်ချင်ရင်တော့ သုံးကို သုံးသင့်တယ်လို့ ပြောပါရစေနော်
( ကျား ) ရော ( မ ) ရော လိုအပ်တာပါနော်

Moisturizer နဲ့ ပက်သက်ရင် Face & Body ရှိတာဖြစ်လို့

Face အတွက် ရည်ရွယ်ပြီး အရင်ပြောပြီးမှ
Body ပိုင်းကိုဆက်ပြီး ပြောပြသွားပါမယ်နော်

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
👉 ဘာအတွက် လိုအပ်တာလဲ 👈

မိုးလင်း မျက်နှာသစ်တဲ့အခါ မျက်နှာသစ်ဆေးတွေ သုံးပြီးသစ်ကြတယ်ပေါ့နော်အဲ့ဒိအခါ မျက်နှာသစ်ဆပ်ပြာတွေမှာ ပါတဲ့ အညစ်ကြေးကို သန့်စင်ပေးတဲ့ chemical တွေက Skin Barrier မှာရှိတဲ့ အစိုဓာတ် ရေဓာတ်တွေကိုပါ တိုက်စား သွားတဲ့အတွက် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်ပေးတဲ့အနေနဲ့ မနက် မျက်နှာ သစ်ပြီးတဲ့ခါ Moisturizer လိမ်းပေးဖို့ လိုအပ်ပါတယ်

ညဘက်မှာလည်း မ်ိတ်ကပ်ဖျက်ဆေးတွေ မျက်နှာသစ်ဆေးတွေက ထိုနည်းတူပဲ Skin Barrier မျက်နှာအရေးပြားကို ခြောက်သွေ့စေတာဖြစ်လို့ Moisturizer ပြန်လိမ်းပေးဖို့ လိုအပ်တာပါ

တစ်ချို့မျက်နှာသစ်ဆေးတွေကလည်း အရေးပြားခြောက်သွေ့မှုမဖြစ်စေဘူးဆိုပေမယ့် Moisturizer ကတော့ ပြန်လိမ်းပေးသင့် ပါတယ်

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

💝 မျက်နှာအတွက် အသုံးပြုကြတဲ့ Moisturizer တွေမှာတော့ Skin Type အမျိုးမျိုးတွက် Texture မတူ အောင် ထုတ်ကြပါတယ် 💝

Daily Moisturizer မှာတော့
Cream, Milk, Gel, Oil, Lotion, Emulsion, Essence, Serum, Ampoule အစရှိသဖြင့် Texture မျိုးစုံ ထုတ်ထားပါတယ်

( ၂ ) ရက်ခြား ( ၃ ) ရက်ခြားသုံးရတဲ့ Sleeping Mask / Sleeping Pack အမျိုးစား‌‌တွေကလည်း Moisturizer ပါပဲ သို့ပေမယ့် သူက Mositurizer ကိုမှ Rich ဖြစ်လွန်းတာမို့ နေ့တိုင်းသုံးတာမျိုးမဟုတ်ပဲ ရက်ခြားခြားပြီးပဲ သုံးပေးရပါတယ် ( Toner တခုခုသုံးပြီးတာနဲ့ Sleeping Mask / Pack လိမ်းအိပ်ရုံပါပဲ ၊ သူ့အရှေ့မှာ Serum Moisture လိမ်းထားစရာမလိုပါဘူး )

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Daily Moisturizer တွေ သုံးဖို့အတွက် အဓိက ရွေးချယ်မှုကတော့ ကိုယ့်ရဲ့ မျက်နှာအသားရေပေါ်မှုတည်ပြီး ရွေးချယ်ရမှာ ကွဲပြားပါတယ်

တစ်ခါတလေ တသတ်မှတ်ထဲ မှတ်ထားလို့မရပဲ
ရာသီဥတုအလိုက် နေထိုင်ရာ ဒေသအလိုက်ပြောင်းလဲ သုံးဖို့ လိုအပ်ပါသေးတယ်

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

📌 အပူပိုင်းဒေသမှာနေရပြီး

💖 ( Normal Skin ) ပုံမှန်အသားရေ ရှိသူကတော့
Light Weight - အဆီပါဝင်မှုမရှိ လိမ်းလိုက်ရင် စိမ့်ဝင်လွယ်သော Essence / Gel type / watery ဘက်ကို အားသာတဲ့ Mosturizer မျိုးကိုရွေးနိုင်ပါတယ်

💖 ( Oily Skin ) အဆီပြန်လွန်းသူများ Gel Type ကို အဓိကရွေးချယ်သင့်ပြီး Water Base ဖြစ်မယ့် Essence / Serum ကိုလည်း ရွေးချယ်လို့နိုင်ပါတယ်( Oil Base ဖြစ်တဲ့ Serum လည်းရှိတာမို့ သတိထားရွေးချယ်ပါ )

💖 ( Combination Skin ) ပေါင်းစပ်အသားရေ Gel Type နှင့် Water Base ဖြစ်တဲ့ Essence / Serum ကိုလည်း ရွေးလို့ရပါတယ်

💖 ( Dry Skin ) အသားခြောက်သူကတော့ Cream / Milk / Emulsion စတဲ့ အဆီပါဝင်မှုရှိတဲ့ Type ကိုရွေးလို့ရသလို Deep Moisturizing ဖြစ်တဲ့ Ampoule Type ကိုလည်း ရွေးမယ်ဆိုရပါတယ်

💖 ( Sensitive Skin ) ထိခိုက်လွယ်တဲ့အသားရေ ထိခိုက်လွယ်တဲ့ အသားရေပိုင်ရှင်တွေ အတွက်က Gentle အမျိုးစား fragrance-free အနံ့မပါတာမျိုး Sensitive ဦးစားပေးဆိုပြီး ထုတ်တာမျိုးသာ ဂရုစိုက်ရွေးစေချင်ပါတယ်

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

📌 အအေးပိုင်းဒေသမှာ နေသူတွေအတွက်ကတော့

အပေါ်ကပြောခဲ့သလို Skin Type တွေထက် ရာသီဥတု အရ Dry Skin အ‌ခြေမျိုးဖြစ်လေ့ ရှိတာများတာမို့

Milk, Emulsion, Lotion, Serum, Essence, Oil type တွေက ပိုပြီးအဆင်ပါတယ် ( Glycerin ပါ၀င်မှုရှိလို့ အသားရေကို ခြောက်သွေ့အက်ကွဲတာ မဖြစ်စေပါဘူး )

Sleeping Mask/Pack လိုမျိုးကိုလည်း ရက်ခြားခြားပြီးသုံးပေးနိုင်ပါတယ်

📌 over dry အသားအရမ်းခြောက်လွန်းရင်တော့

Ampoule, Serum, Essence စတဲ့ type မျိုးလိမ်းပြီး
နောက်ထပ် Cream Type ကိုလည်း ထပ်လိမ်လို့ရပါသေးတယ်

Face Oil ကိုရွေးချယ်မယ်ဆိုလည်းရပါတယ်

Sleeping Mask/Pack လိုမျိုးကိုလည်း ရက်ခြားခြားပြီးသုံးပေးနိုင်ပါတယ်
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

👉 ဘယ်လိုအချိန်မှာ လိမ်းရလဲ 👈

💝 Day Routine (မနက်ဘက်) 💝

1. Cleanser
( Mild Cleanser နှင့် မျက်နှာသစ်ပြီး )

2. Toner
( မနက်မှာ Skip လုပ်ချင်ရပါတယ် )

3. Eyecream
( အရင်လိမ်း‌ပေးတာပိုကောင်းတယ် )

4. Moisturizer
( မိမိအသားရေ နှင့် အဆင်ပြေတာ )

5. Sunscreen ( နေလောင်ကာ )

စသည်တို့ သုံးပေးပြီးမှ Makeup လိမ်းမယ်ဆိုလျှင်လိမ်းပါ

💝 Night Routine (ညဘက်) 💝

1. Makeup Remove
( မိတ်ကပ်ဖျက် Micellar Water သုံးပါ )

2. Cleanser
( Deep Cleansing Foaming Type )

3. Toner
( Skip မလုပ်ပဲ သုံးပေးပါ )

4. Eyecream
( အရင်လိမ်း‌ပေးတာပိုကောင်းတယ် )

5. Serum
( ကိုယ့်အသားရေအတွက်လိုအပ်တာ )

6. Moisturizer
( မိမိအသားရေ နှင့် ကိုက်ညီတာ )

အရှေ့မှာပြောခဲ့သလိုပဲ Sleeping Mask / Pack သုံးမယ်ဆိုရင်က Toner / Eyecream / Sleeping Mask အဲ့လိုပဲ လိမ်းပေးပါ

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Facial နဲ့ ပက်သက်တဲ့ Moisturizer အကြောင်းပြောပြီးပြီဆိုတော့

Body အတွက်လည်း ပြောပြချင်ပါသေးတယ်

အားလုံး သိကြတဲ့ Body Lotion ဆိုတာခန္ဓာကိုယ်အတွက် သီးခြား ထုတ်ပေးတဲ့ Moisturizer ပါ

Body Lotion တွေထဲမှာမှ ရေဓာတ်ဖြည့်တာကို ဦးစားပေးတာ / နေလောင်ဒဏ်ကို ကာကွယ်တာ ဦးစားပေးတာဆိုပြီး ကွဲပြားမှု ရှိပေမယ့် Body Lotion တိုင်းမှာ moisture ပါ၀င်ပြီးသားပါ

( နေလောင်ဒဏ်ကို ထိထိရောက်ရောက် ကာကွယ်ပေးတဲ့ Body Sunscreen တွေတော့ သပ်သပ်ရှိပါသေးတယ် )

ရေချိုးချိန် ဆပ်ပြာတိုက်တာဖြစ်လို့ ဆပ်ပြာက Deep Cleansing ဖြစ်တဲ့အခါဆို Skin Barrier က ရေလွှာ အဆီလွှာ က ရေဓာတ် ဆုံးရှုံးမှု ရှိတာဖြစ်လို့

အသားရေကို အစိုဓာတ် ဖြည့်ဖို့
Body Lotion / Body Serum / Body Essence / Body Cream / Body Butter / Body Oil စသဖြင့် ရာသီဥတုအလိုက် သင့်တော်ရာကို ပြန်လိမ်း ပေးသင့်ပါတယ်

Texture အရပြောရမယ်‌ဆိုရင်

Body Serum / Body Essence - တွေကတော့
စိမ့်ဝင်လွယ်တယ် အတွက် စီးကပ်တာ မကြိုက်သူတွေ နေပူထဲ သွားလာ ရတာမို့ အလွှာတစ်ခု အုပ်ထားသလို မခံစားချင်သူတွေက ဒါမျိုးကို ရွေးချယ်နိုင်ပါတယ်

Body Lotion / Body Cream - စိမ့်ဝင်လွယ်တဲ့ Texture မျိုး ရှိသလို / စီးကပ်ပြီး အတော်နဲ့ စိမ့်မဝင်တာလည်း ရှိပါတယ် ကိုယ်အသုံးပြုလိုမယ့် Type ကို ရွေးဝယ်ပါ

Body Cream / Butter - Light Weight မဖြစ်ပါဘူး အရေပြားပေါ် တခုခုတင်ထားသလိုခံစားရတတ်ပြီး ပူတဲ့ ရာသီဥတုနဲ့ မသင့်တော်လို့ အရမ်းအေးတဲ့အချိန် Aircon ခန်းမှာ အနေများသူသာ အဆင်ပြေနိုင်ပါတယ် အသားခြောက်လွန်းသူဆိုလည်း ရာသီဥတုကို ကြည့်နေစရာမလိုပဲလိုအပ်ရင် ‌ရွေးချယ်နိုင်ပါတယ်

Body Oil - အေးခဲလွန်းတဲ့ ဒေသတွေမှာ အသင့်တော်ဆုံးဖြစ်ပြီး Aircon ခန်းအနေများသူ အသားခြောက်လွန်းသူအတွက် သင့်တော်ပါတယ်

( အပေါ်မှာပြောခဲ့တဲ့ Bodycare အမျိုးစားတွေမှာ
နေရောင်ခြည်နဲ့ ထိတွေ့ရမယ်ဆို UV Block ပါတာ ရွေးချယ်ရမှာဖြစ်ပြီး )

( အိမ်မှာနေမယ့်အချိန်က UV မပါလည်းရတော့ရပါတယ် UV လုံးဝ မလိမ်းရဘူး ဆိုလိုတာ မဟုတ်ပါ အိမ်ထဲပဲနေပေမယ့် နေရောင်ခြည် ထိုးဖောက်တဲ့ အခန်းမီးအလင်းရောင် အရမ်းများတဲ့အခန်းဆို နေ့ဘက်မှာ UV Cover လိုပါတယ် )

ကိုယ်လိုချင်တဲ့ Body Moisturizer ကို အရင် ဦးစားပေးရွေးချယ်ပြီး နေရောင်ဒဏ် ကာကွယ် ဖို့အတွက် Sunblock တထပ် ထပ်သုံးလို့လည်းရပါတယ်

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Moisturizer တွေကို products အမျိုးမျိုး
Brand အမျိုးမျိုးကထုတ်ကြပါတယ်
စျေးနှုန်းတွေလည်း အစားစားရှိပါတယ်
မိမိ နှစ်သက်ရာ တံဆိပ်ကို မ၀ယ်ခင်လည်း
Review တွေသေချာလေ့လာပြီးမှ မိမိအသားရေနဲ့
အဆင်ပြေမပြေ ခန့်မှန်းပြီးမှ ရွေးချယ်၀ယ်ယူဖို့ကိုလည်း အကြုံပြုပါရစေရှင် 💝💝

အားလုံးပဲ လှသထက် ပိုလှနိုင်ကြပါစေရှင်

Photos from Khaing MeMe Thinn - beauty & sfx's post 08/05/2020

Nu ... ဘာလေးလဲဆိုပြီး စိတ်ဝင်စားပြီဟုတ်

Powder ပါ ဘယ်လိုပေါင်ဒါလဲဆိုရင်
Pure Thanakha Powder
ဘာကြောင့် Pure Thanakha Powder လို့ခေါ်ရလဲဆိုတဲ့ အကြောင်းသိရဖို့ ထုတ်လုပ်မှုပိုင်းကို အရင် ရှင်းပြပါမယ်

- သနပ်ခါး စစ်စစ်ကို စက်နဲ့သွေးပြီး
ရလာတဲ့ အနှစ်ကို Dryer နဲ့ အခြောက်ခံ
( နေပူလှန်းတဲ့ နည်းကို မသုံးတာက ပြင်ပက ဖုန်တွေ မှုန်တွေ ဝင်မလာအောင်ပါ )

- အ‌ခြောက်ခံထားသနပ်ခါးအမှုန့်တွေကို
ပိတ်ဇကာနဲ့ တိုက်ချပြီး အနုဆုံးအမှုန်ဆုံး
ရလာတဲ့ အမှုန့်လေးတွေကို စုစည်းပြီးမှ

- Packaging လှလှလေးနဲ့ ထုတ်လုပ်ထားတာပါ

အရောအနှောကင်းစင်လွန်းလို့ Pure Thanakha Powder လို့ခေါ်တာပါ
➖➖➖➖➖➖➖➖➖➖
ဘယ်လိုသုံးရမလဲဆိုရင်
➖➖➖➖➖➖➖➖➖➖
- Foundation မိတ်ကပ် ( Liquid or Cream )
လိမ်းပြီး Powder သုံးတဲ့ အဆင့်မှာပဲ
Puff or Brush ‌လေးနဲ့ လိမ်းပေးရမှာပါ

- မိတ်ကပ်မလိမ်းချင်ဘူးဆိုရင်လည်း
Sunblock လိမ်းပြီး Powder လေးပုတ်ပေးထားလို့ရတယ်

- ကိုယ်တိုင် လက်နဲ့သွေးပြီး သနပ်ခါး လိမ်းချင်သူတွေအတွက် အပေါ်ကနေ ဖုန်ဖုန်လေး ပုတ်လို့ရတယ် ( ငယ်ငယ်တုန်းကအဖွားလိမ်း‌ပေးသလိုပေါ့ )

- သနပ်ခါးမှ လိမ်းတတ်သူ ခရီးသွားရင်
ကျောက်ပြင်နဲ့ သနပ်ခါးတုန်းမှ သယ်မရတော့
အခက်မတွေ့ပါနဲ့ ( Powder မှုန့်လေး ရေဖျော်လိမ်း )

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Review ဆိုတော့လည်း ခံစားမိသမျှ ပြောရမယ့်
တာဝန်ရှိလို့ ထပ်ပြောရမယ်ဆိုရင် ...

ရွေးချယ်စရာ အရောင်က မရှိသေးတာမို့
လက်ရှိ ထုတ်လုပ်ထားတဲ့ အရောင်က
အဝါစစ်စစ် ကိုမှ အဝါ % များနေတော့
အသားအရမ်းဖြူသူတွေ အတွက်ဆို
အဆင်မပြေပါဘူး လည်ပင်းဖြူပြီး
မျက်နှာ က အဝါများသလိုဖြစ်နေလို့ပါ

အဲ့လိုဝါတဲ့ Color လေးက ဘယ်သူတွေအတွက်
အဆင်ပြေသလဲဆိုရင် ညိုလွန်းလှတဲ့ ညိုချောလးတွေပါနော် ( ဖုန် ညက်ပြီးတော့ကို လှတာပါ )

ကိုယ်က မန္တလေး အနေများလို့လားမသိ
ပြေးမြင်မိတာက မန္တာသူ ညိုချောလေးတွေ
ပါပဲရှင် ... ( ရာသီဥတုပူပူမှာ အ‌ဆီမပြန်ပဲ
ဖုန်ဖုန်လေးနဲ့ လှနေတော့မှာ )

သနပ်ခါးရဲ့ သဘာဝကိုက အဆီထိန်းတာမို့
သနပ်ခါးပေါင်ဒါဆိုမှတော့ အဆီထိန်းတာ
အထူးတလည်ပြောနေစရာကို မလိုတာပါ

Texture အရပြောရမယ်ဆိုရင် အပေါ်မှာ ပြောခဲ့သလို ဇကာတိုက်ပြီး အမှုန်ဆုံးကိုယူထားလို့
ညက်ညက်လေး ဆိုပေမယ့် ...

တခြား Brand Powder တွေလောက်ထိ
Smooth မဖြစ်ပါဘူး ( အပြစ်ပြောရလောက်တဲ့ထိ မဟုတ်ပါဘူး )
➖➖➖➖➖➖➖➖➖➖➖➖➖

ဘယ်က ဝယ်မှာလဲဆိုရင်တော့ 👇👇👇

https://www.facebook.com/NU-Pure-Thanakha-112675516920463/

အားလုံးပဲလှသထက်လှနိုင်ကြပါစေရှင်








👉 Sponsor Review မဟုတ်ပါ 👈

Photos from Khaing MeMe Thinn - beauty & sfx's post 07/05/2020

ဒါမျိုး Toner သုံးတဲ့ ဂွမ်းအပါးလေးတွေ
ကြုံရင်ဝယ်ထား MGOU / Miniso မှာပေါလို့

Moisturizing / Hydration Toner
( Alcohol Free တော့ ဖြစ်ရပါမယ်နော် )
ကို ဒါလေးနဲ့ စုပ်ယူပြီး မျက်နှာမှာ
၁ မိနစ် ကပ်ထား အသားထဲ စိမ့်ဝင်အောင်

ပြီးမှ နောက်ထပ် အဆင့်တွေ ဆက်လိမ်း ...

07/05/2020

AHA / BHA ပါတဲ့ Toner / Serum တွေသုံးရင်
အသားရေကြည်တယ် ဝက်ခြံကင်းပြီး Glow တယ်ဆိုပြီး နေ့တိုင်းသုံးနေတာတွေ ရှိတယ်
ဖျားဖျား 😦😦😦

AHA ( alpha hydroxy acid )
BHA ( beta hydroxy acid )

AHA က အမဲစက်တင်းတိပ်တို့ကို လျော့စေပြီး
Skin Renew ဖြစ်ဖို့ကို ထောက်ပံပေးပါတယ်
အသားတွေ မွဲ‌ခြောက်ကြမ်းတမ်းသူအတွက်ပါ

BHA က ဝက်ခြံတွေပျောက်ပါတယ်
အရေပြားရဲ့ အတွင်းထိုးဖောက်နိုင်ပြီး
ကုသပေးပါတယ်
ဝက်ခြံ အဆီဖု တွေအတွက်ပါ

၂ မျိုးစလုံးက Acid တွေပါ

AHA ပဲ လိုအပ်တဲ့ Skin ရှိသလို
BHA ပဲ လိုအပ်တဲ့ Skin လည်းရှိတယ်

AHA BHA ပါတာသုံးပြီးရင်
နောက်တဆင့် Vitamin C ပါတာ မလိမ်းရဘူး

AHA BHA ၂ မျိုးလုံးပါတာကလည်း
လိုအပ်တဲ့ Skin မှ သုံးရတာပါ
ဒါတောင် တစ်ပတ် ၂ ရက် ၃ ရက်ခြားသာ
သုံးသင့်တာမျိုး

ဝက်ခြံလေး ၂ ဖုလောက်ပေါက်ပြီး
အမဲစက်လေး ၂ ခု ၃ ခုလောက်ကို
AHA BHA သုံးဖို့ထိမလိုပါဘူးနော်

နေ့တိုင်းသုံး‌ပြီး ဘုမပေါက်တဲ့ skin က ထပေါက်တာတို့ ချွေးပေါက်ကျယ်တာတို့

အမေဇင်း ဘယ်သူ‌ကများ ညွှန်သလဲ

ကောင်းတယ်‌ဆိုပြီး မသုံးသင့်
ကိုယ်အတွက် လိုအပ်တာ သေချာလို့လား
အရင်လေ့လာပြီးမှ သုံးသင့်ပါတယ်

04/05/2020

အမဲစက်တွက် ဘာကောင်းလဲ
မေးထားကြသူတွေတွက်

Klairs Freshly Juiced Vitamin Drop
သုံး‌ပေးလို့ရပါတယ်

နေလောင်ပြီး ညိုတာမဲတာ / ဝက်ခြံပျောက်သွားပေမယ့် အမဲစက် အမာရွတ်ကျန်တဲ့သူတွေ

အသားအရေညစ်နွမ်းပြီး မညီမညာဖြစ်နေသူ

Sensitive Skin ရှိပေမဲ့ အသားအရေကို ပိုမို ဖြူဝင်းစေချင်သူများအတွက် ရွေးလို့ရပါတယ်

Vitamin C ရဲ့ စွမ်းဆောင်ချက်က
အသားအရေကို အားဖြည့်တင်းပြီး ဆဲလ်အသစ်များပြန်လည်ဖြစ်ပေါ်စေအောင် ကူညီပါတယ်

ညစ်ညမ်းတဲ့ အသားအရေနဲ့ ချွေးပေါက်ကျယ်တာတွေကို ကုသပေးပါတယ်

Vitamin C သိပ်သည်းဆ 5% ပါဝင်တာကြောင့် Sensitive Skin တွေအတွက် သုံးလို့ရတဲ့ ပမာဏပါပဲ

Vitamin C ပါဝင်မှု 1% ကနေ 20% အထိဟာ အသားအရေအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးကို ရရှိစေနိုင်တယ်လို့ ဆိုပါတယ်

➖➖➖➖➖➖➖➖➖➖
ဘယ်လိုသုံးရမလဲဆိုရင်
➖➖➖➖➖➖➖➖➖➖

မျက်နှာသစ်ပြီးတဲ့ အခါ Vitamin C တစ်စက်စာလောက်ကို မျက်နှာပြင် အနှံ့ လိမ်းပြီး အသားအရေထဲစိမ့်ဝင်သွားအောင် ဖြည်းဖြည်းပုတ်ပေးပါ

Sensitive Skin သမားတွေကတော့ Toner အသုံးပြုပြီးတဲ့နောက် Vitamin C 3,4 စက်လောက် လိမ်းပေးပါ

Extra Sensitive Skin သမားတွေကတော့ Vitamin C Drop အနည်းငယ်ကို ကိုယ်ပုံမှန်သုံးနေကျ Serum or Lotion ထဲကို ရောမွှေပြီးမှ မျက်နှာ့ပင်အနှံ့ ကို လိမ်းပါ

နေ့ဘက်လိမ်းမယ်ဆိုရင် Vitamin C လိမ်းပြီးတဲ့အခါ Sunscreen ကို မဖြစ်မနေလိမ်းဖို့ Highly Recommend ပါတယ် ( Vitamin C သည် နေရောင်ခြည်နဲ့မတည့်ပါ )

Vitamin C ကို အသုံးပြုနေချိန်မှာ Exfoliate Effect ပါတဲ့ Skin Care မျိုးတွေ (ဥပမာ- AHA, BHA, ...) စတဲ့ Skin Care အသုံးပြုခြင်းကိုရှောင်ရပါမယ်

ဝက်ခြံပေါက်နေချိန် မသုံးသင့်ပါ

နေနဲ့တိုက်ရိုက်ထိတွေ့တဲ့ နေရာမှာ မသိမ်းဆည်းပါနဲ့

ရေခဲသေတ္တာ သို့မဟုတ် အေးမြပြီး အလင်းနဲ့ မထိတဲ့နေရာမှာ သိမ်းဆည်းပါ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Korea Skincare Shop တွေမှာဝယ်လို့ရပါတယ်

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

User အများစုရဲ့ Review တွေကိုလေ့လာပြီး
ပြန်တင်ပေးထားခြင်း ဖြစ်ပါတယ်

အားလုံးပဲ လှသထက်လှနိုင်ကြပါစေရှင်

03/05/2020

နောက်တစ်ပတ်မှ ပြောပြမယ်ဆိုပေမယ့်
အခုပဲ ပြောလိုက်တော့မယ်နော် .....

Cotton Towel ကို စသိတာ Jan 2020 လောက်ကမှ Mandalay Ocean ဆိုင်တစ်ခုကနေ
လေးထောင့်အထုတ်လေး ၁ ရွက်စီဆွဲထုတ်သုံးရတာလေးပါ အရွက် (80) ပါပြီး ( 3500 )ပေးရတယ်

တော်တော်သဘောကျလို့ သုံးနေတာ ကုန်သွားတော့ ထပ်ဝယ်ချင်တာ ဘယ်ကဝယ်ရမှန်းမသိဘူး MGOU မှာရတယ်ဆိုတာတော့ သိတာမကြာသေးဘူး ဒါပေမယ့် ပစ္စည်းရှိမရှိ မသေချာမှာဆိုးလို့ သေချာတဲ့ Online Shop ကနေ ဝယ်လိုက်တယ်

အခုဝယ်ထားတာလေးက အရွက် (70) ပါတယ်လို့ပြောတယ် အထုတ်မှာတော့ ရေးထားတာမတွေ့ဘူး ( 5500 ) ပေးရတယ် အသားကထူတယ်
တော်တော်လေး ကောင်းတယ်လို့ပြောရမယ်
ပထမ ဝယ်ဖူးတာထက် ပိုထူတယ်

➖➖➖➖➖➖➖➖➖➖➖➖➖
ဘာအတွက်အသုံးဝင်တာလဲဆိုတော့
➖➖➖➖➖➖➖➖➖➖➖➖➖
မျက်နှာသစ်ပြီးရင် ဒါလေးတစ်ရွက်နဲ့
အသာလေးသုတ်ရင် မျက်နှာ
အသားရေထိခိုက်မှုလည်းမရှိဘူး

မိတ်ကပ်ဖျက်တဲ့ခါ Cleaning Oil / Cream တွေနဲ့ massage လုပ်ထားပြီးရင်လည်း ဒါလေးနဲ့
သုတ်ချပေးလိုက်ရင် အဆင်ပြေတယ်

Micellar Water ကို ဂွမ်းထဲထည့်ပြီးသုံးတာထက်
Cotton Towel ထဲစွတ်ပြီး မိတ်ကပ်ဖျက်တာ လုပ်လည်းရတယ်

Toner သုံးချင်တာဆိုလည်း လိုသလောက် ညှပ်ယူပြီး သုံးပးလည်းရတယ်

မျက်နှာသစ်ပြီး ရေသုတ်ရုံအတွက်ပဲ
သုံးထားတဲ့ အစဆိုရင် လွင့်မပြစ်ပဲ
အိတ်အသန့်တခုနဲ့ သိမ်းတယ်
ပြီးရင် ဖုန်သုတ်တာ စားပွဲသုတ်တာ
လက်သည်းဖျက်ဆေးသုံးတာမျိုးမှာ
နောက်တစ်ခေါက်ပြန်သုံးပါတယ်
( တန်အောင်လို့ 😝😝😝 )

➖➖➖➖➖➖➖➖➖➖➖➖➖➖

လိုချင်သွားကြပြီမလား 😌😌😌

MGOU ဆိုင်တွေနဲ့ နီးစပ်သူတွေကတော့
သွားရှာဝယ်ကြည့်ပါ

MGOU မရှိတဲ့ မြို့ကသူတွေရယ်
Online ကပဲ မှာချင်တဲ့ သူတွေအတွက်

Instock ရောင်းပေးနေတဲ့ OS Link ( 3 ) ခု
ထည့်ပေးထားပါတယ်
သွားမေးပြီးဝယ်ပါနော် ဈေးကတော့
OS တစ်ခုနဲ့တစ်ခု ကွဲပြားမှုရှိနိုင်ပါတယ်

Yangon
https://www.facebook.com/Burmese-Koral-482508638514224/

Yangon
https://www.facebook.com/ShweMya-Cosmetics-City-106370257626206/

Mandalay
https://www.facebook.com/may.sharr.1

Photos from Khaing MeMe Thinn - beauty & sfx's post 28/04/2020

💖 Skincare Applicators 💖

Skincare တွေ လိမ်းတဲ့အခါ လက်ချောင်းထိပ်လေးတွေကို အသုံးပြုပြီး လိမ်းလို့ရသလို
Supporting ပိုပြီးကောင်းမယ့် Applicators တွေလည်းခေတ်စားလာပါတယ်

Applicators လေးတွေ မျိုးစုံရှိတဲ့ အထဲကမှ
ကိုယ်တိုင်သုံးဖူးခဲ့တဲ့ Applicator လေးတွေ
အကြောင်းကို တစ်စုတစ်စည်းတည်း
တင်ပေးလိုက်ပါတယ်နော်

ပုံတစ်ပုံဆီရဲ့ အောက်မှာ‌ ရေးပေးထားလို့
ဖတ်ကြည့်ပေးပါအုံးနော်

Photos from Khaing MeMe Thinn - beauty & sfx's post 26/04/2020

What is Ampoule ??????

အခုနောက်ပိုင်း Skincare Trend မှာ
ခေတ်စားလာတဲ့ Ampoule ဆိုတာ
ဘာလဲ သိချင်ကြမယ်ထင်ပါတယ်

Skincare Step တွေထဲမှာ လိမ်းနေကြဖြစ်တဲ့
Moisturizer / Serum / Essence
ဆိုတာတော့ ရင်းနှီးနေကြပြီးသားဖြစ်မှာပါ

ဥပမာ အနေနဲ့ပြောရရင်
ဖြူချင်ရင် ( Whitening Serum )
အရေးအကြောင်းတွက် ( Anti-Aging Serum )

ဒါမျိုးသိထားကြမယ်ထင်တယ်

အဲ့လိုသဘောပဲ ဖြူချင်တာလား အမဲစက်ပျောက်ချင်တာလား ကြည်ချင်တာလား အသားရေတင်ချင်တာလား

ကိုယ်လိုချင်တဲ့ Treatment မျိုးကို
Serum တွေ Essence တွေထဲက မရွေးတော့ပဲ

Ampoule ထဲက ရွေးလိုက်တာ
ပိုပြီး Concentrate ဖြစ်တယ်
ပိုကောင်းတယ် ပိုထိရောက်စေတယ်ပေါ့

Ampoule လိမ်းပြီး
Serum / Essence /Moisturizer
ဆိုတာတွေကိုလည်း လိုအပ်မယ်ဆို ထပ်
ထပ်လိမ်းလည်းရသလို

ဥပမာ ပြောရရင်

ကိုယ်ရွေးချယ်တဲ့ Ampoule က
Hydration အတွက်ဖြစ်နေမယ်ဆိုရင်
ကိုယ်ကလည်း နဂို အဆီပြန်တတ်တဲ့သူတွေအတွက်ဆို Moisturizer ထပ်မလိမ်းချင်တော့ရင်လည်းရပါတယ်
အသားခြောက်တဲ့သူဆိုရင်က ထပ်လိမ်းလို့ရတယ်

ကိုယ်ဆို အခု skincare Routine က အရမ်းရှင်းတယ်
➖➖➖➖➖➖➖➖➖➖
Morning Routine 🌅🌅🌅
➖➖➖➖➖➖➖➖➖➖
1. Cleanser ( မျက်နှာသစ် )
2. Toner
3. Ampoule
4. Eye Care
5. Sunblock
➖➖➖➖➖➖➖➖➖➖
Night Routine 🌌🌌🌌
➖➖➖➖➖➖➖➖➖➖
1. Makeup Remover + Cleanser
( မိတ်ကပ်လိမ်းထားမှ Remover သုံးရန်လို )
2. Toner
3. Ampoule
4. Eye Care
5. Sleeping Pack / Mask
( ၁ ရက်ခြား ၂ ရက်ခြားသာသုံးသည် )

ကိုယ်လက်တ‌လော သုံးဖြစ်တာနဲ့
နောက်ထပ်သုံးချင်တာတဲ့ Ampoule တွေကို
လေ့လာမိသလောက် ပုံတွေကို ထည့်ပေးလိုက်ပါတယ်

နီးစပ်ရာ Korea Skincare ဆိုင်တွေမှာ ရနိုင်ပါတယ်

အားလုံးပဲလှသထက်လှနိုင်ကြပါစေရှင်

Photos from Khaing MeMe Thinn - beauty & sfx's post 22/04/2020

Kiehl's Turmeric and Cranberry Seed Mask

အဆီဖု နဲ့ ဝက်ခြံအတွက် Recommend လုပ်တယ်
အရမ်းဆိုးတဲ့သူဆိုရင် ( ၁ ) ပတ် ၁ ကြိမ်လောက်
လုပ်လို့ရတယ်

ကိုယ်က (၁၀) ရက် ၁ ကြိမ်ပဲ သုံးတာ
5ml အထုတ်လေးတစ်ခုကို ၄ ကြိမ်သုံးရတယ်

၂ ကြိမ်မြောက်မှတင် တော်တော်သိသာတယ်

ခု မှ ၃ ကြိမ်‌မြောက်သုံးမှာ
နောက် ၁ ကြိမ်စာကျန်သေးတယ်

ဗူးကြီးဆို အကြာကြီး မကုန်ရင် Exp ဖြစ်တတ်လို့

အထုတ်သေး ဒါမှ မဟုတ် 14ml ဗူးသေးပဲဝယ်ဖို့သာ
အကြံပေးချင်ပါတယ်

ဒါလေးသုံးပြီးတာနဲ့မျက်နှာလေးက သိသိသာသာကို ကြည်ပြီးဝင်းတယ်

နနွင်း နဲ့ Cranberry Seeds အဓိကပါဝင်လို့
အဆီခဲ အဆီဖုနဲ့ ဝက်ခြံတွေကို အရောင်ကျပြီးသက်သာစေတယ်

နေလောင်ထားတဲ့အသားရေကိုလည်း အမြန်ဆုံးကုစားပေးနိုင်ပါတယ်
➖➖➖➖➖➖➖➖➖➖
အသုံးပြုပုံလေးကတော့⬇️⬇️
➖➖➖➖➖➖➖➖➖➖

➡️ မျက်နှာသန့်စင်အောင်သစ်ပြီးမှ

➡️ သူ့ကိုလိမ်းပြီး (၁၀) မိနစ်လောက်ထား
ခြောက်လာရင်ရေဆေးချလိုက်ရုံပဲ

➡️ သုံးနေကြ Skincare အတိုင်း ဒါမှမဟုတ်
Moisturizer ပြန်လိမ်းပေးရပါမယ်

( ညဘက်ပဲ သုံးသင့်ပါတယ် တစ်ပတ်ကို တစ်ကြိမ်
လိုအပ်လျှင် နှစ်ကြိမ်ထိ အသုံးပြုလို့ရပါတယ် )





's

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon