Eushido & Insin Myanmar

Eushido & Insin Myanmar

Share

This is Official Fan Page of "Eushido & Insin"

09/07/2026

💙 ပိုးသားလေးလို နူးညံ့ပျော့အိတဲ့ ဆံကေသာရရှိဖို့ လျှို့ဝှက်ချက်! ✨

ဆံပင်တွေ ပျက်စီးခြောက်သွေ့ပြီး ဖွာလန်နေလို့ စိတ်ညစ်နေတာလား?

ဆံသားအတွက် အဓိက လိုအပ်ချက်ဖြစ်တဲ့ ရေဓာတ်နဲ့ အာဟာရဓာတ်ကို ဖြည့်တင်းပေးဖို့ EUSHIDO ရဲ့ 01 Moisturizing Shampoo နဲ့ 0 Water Treatment Conditioner Haircare Combo ရှိတယ်နော်။

🧴01 Moisturizing Shampoo က ဆံသားကို အစိုဓာတ်ကို ဖြည့်ပေးတဲ့အတွက် ဆံသားခြောက်သွေ့မှုတွေကို လျှော့ချပေးပါတယ်။

🧴 0 Water Treatment Conditioner က ရေဓာတ်ဖြည့်တင်းပေးပြီး ဆံပင်အမျှင်တိုင်းကို နူးညံ့ချောမွေ့စေကာ ပျက်စီးနေတဲ့ ဆံသားတွေကို ပြန်လည်ပြုပြင်ပေးပါတယ်။

👉 ဒါ့အပြင် ဆံသားကျိုးပြတ်ခြင်းနှင့် အဖျားနှစ်ခွဖြစ်တာကိုလည်း လျော့နည်းစေပါတယ်။

ပြီးပြည့်စုံတဲ့ EUSHIDO Shampoo , Conditionerအစွမ်းနဲ့ တောက်ပ၊ ကျန်းမာ၊ လှပတဲ့ ဆံကေသာကို အခုပဲ ဖန်တီးလိုက်ပါ! ✨

06/07/2026

ဆံပင်တွေ တဖြည်းဖြည်းနည်းလာတာ၊ ခေါင်းလျှော်တိုင်း ဆံပင်တွေကျွတ်နေတာတွေကြောင့် စိတ်မသက်သာဖြစ်နေရပြီလား …. ❓

💁ဒီလို ဆံပင်ကျွတ်တဲ့ ပြဿနာကို ဖြေရှင်းဖို့ 𝐄𝐔𝐒𝐇𝐃𝐈𝐎 𝟎𝟕 𝐀𝐧𝐭𝐢 𝐇𝐚𝐢𝐫 𝐋𝐨𝐬𝐬 𝐒𝐡𝐚𝐦𝐩𝐨𝐨 ရှိနေပြီနော်။🤎

🤎 သဘာဝတိုင်းရင်းဆေးတွေနဲ့ အဓိက ထုတ်လုပ်ထားတာဖြစ်လို့ ဆံသားအရင်းအမြစ် အားနည်းလို့ ဆံပင်ကျွတ်တာပဲဖြစ်ဖြစ်၊

💢 ဆံပင်က အာဟာရဓါတ်ကောင်းကောင်းမရလို့ ဆံပင်ကျွတ်တာတွေကို 𝟗𝟔.𝟗% ထိရောက်သက်သာစေတဲ့အပြင်

ဆံပင်အမြစ်အား သွေးလည်ပတ်မှုကို အထောက်အပံ့ဖြစ်စေတာမို့ ဦးရေပြားကျန်းမာရေးကိုပါ အထူးဂရုစိုက်ပေးနိုင်တယ်။ ✨🧖🏻

🧴𝐄𝐔𝐒𝐇𝐃𝐈𝐎 𝟎𝟕 𝐀𝐧𝐭𝐢 𝐇𝐚𝐢𝐫 𝐋𝐨𝐬𝐬 𝐒𝐡𝐚𝐦𝐩𝐨𝐨 နဲ့ ခေါင်းလျှော်‌နေစဥ်အတွင်းမှာ
💆လက်ချောင်းထိပ်လေးနဲ့ ဦးရေပြားအနှံ့(၃) မိနစ်ခန့် နှိပ်နယ်ပြီး‌ လျှော်ပေးမယ်ဆိုရင်တော့
အနည်းဆုံး (တစ်လ) အတွင်းမှာ ဆံပင်ကျွတ်တာ သိသိသာသာ လျော့နည်းသွားတဲ့ results ကိုရရှိစေမှာပါ။ ✨😍

ဒါ့ကြောင့် ဖြေရှင်းဖို့ခက်တဲ့ ဆံပင်ကျွတ်တဲ့ပြဿနာအတွက် 𝟎𝟕 𝐀𝐧𝐭𝐢 𝐇𝐚𝐢𝐫 𝐋𝐨𝐬𝐬 𝐒𝐡𝐚𝐦𝐩𝐨𝐨က အားလုံးအတွက် အဖြေတစ်ခုဖြစ်လာမှာပါနော်။🤎✨

#𝐄𝐔𝐒𝐇𝐈𝐃𝐎 #𝟎𝟕𝐀𝐧𝐭𝐢𝐇𝐚𝐢𝐫𝐋𝐨𝐬𝐬𝐒𝐡𝐚𝐦𝐩𝐨𝐨

03/07/2026

ဆံသားပျက်စီးမှုတွေကို အဆုံးသတ်လိုက်တော့နော် ! 🛑💆‍♀️
ဆံသားတွေ ပျက်စီးလာပြီဆိုရင် -
💢 အလွယ်တကူ ကျွတ်လာမယ်
💢 ဆံသားတွေ ကြမ်းလာမယ်
💢 ဆံဖျားတွေ နှစ်ခွကွဲလာမယ်
💢 အရောင်တွေ မွဲခြောက်လာတတ်ပါတယ်…
ဒီလိုပြဿနာတွေကို လျော့နည်းစေဖို့နဲ့ ဆံသားကို ပြန်လည်သက်ဝင်လာစေဖို့ ခေါင်းလျှော်ပြီးတိုင်း Conditioner သုံးပေးဖို့ မမေ့ပါနဲ့နော်။ ✅

✨ Eushido 0 Moisturizing Conditioner ကတော့ ဆံသားတိုင်းနဲ့ သင့်လျော်ပြီး ပျက်စီးနေတဲ့ ဆံသားတွေကိုတောင် Rebound လုပ်ထားသလိုမျိုး အိစင်းပြီး ပိုးသားလေးလို နူးညံ့ပျော့ပျောင်းစေမှာပါ 💁‍♀️

03/07/2026

🌧မိုးရာသီမှာ ဆံကေသာကို အပြည့်အဝဂရုစိုက်နိုင်ဖို့ EUSHIDO ရဲ့ "Monsoon Promotion" ကြီးကို ရှိနေပြီနော်..။

✨ EUSHIDO,EUAVDO Products တွေ စုစုပေါင်း Net Amount ၅၀,၀၀၀ ကျပ်ဖိုး ဝယ်ယူရုံနဲ့...🛒

💚အသားအရေကို စိုပြေအေးမြစေမယ့် Dabo Avocado Soothing Gel (300ml) (သို့မဟုတ်) Dabo Cica Soothing Gel (300ml) တစ်ဗူးကို
🎁 လက်ဆောင် ရရှိမှာဖြစ်ပါတယ်။

ဒါဆို Promotion ကို လက်လွတ်မခံဘဲ အခုပဲ Page Messenger ကနေ မှာယူလိုက်တော့နော်။ 🛍

02/07/2026

ဆံသားခြောက်သွေ့တာ၊ ဖွာလန်ကြဲတာနဲ့ ပျက်စီးတာတွေအတွက် စိတ်မပူပါနဲ့တော့။😢

👉EUSHIDO S16 Composite Hair Coat က ဆံသားကို ပြန်လည်အသက်ဝင် လှပစေဖို့ ကူညီပေးနိုင်တယ်နော်..။🤩

S16 Composite Hair Coat က
🔹Vitamin E ပါဝင်လို့ ဆံသားအစိုဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပြီး ကျန်းမာတောက်ပတဲ့ ဆံကေသာကို ပိုင်ဆိုင်စေတယ်။ ✨

🌤️နေရောင်ခြည်၊ လေထုညစ်ညမ်းမှုနဲ့ အပူပေးစက်တွေရဲ့ ဒဏ်ကနေ ဆံသားကို အပြည့်အဝ ကာကွယ်ပေးတယ်။ 🛡️

အသုံးပြုပြီးတိုင်း ဆံပင်ကို တစ်နေ့တာလုံး သင်းပျံ့တဲ့ရနံ့လေးနဲ့ လန်းဆန်းနေစေပါတယ်။ 💐

💁‍♀️ ဒါဆို ဆံသားလေး ကျန်းမာလှပစေဖို့ EUSHIDO S16 Hair Coat ကို အခုပဲ ဝယ်ယူလိုက်တော့နော်..

29/06/2026

ဆံပင်တွေ ခဏခဏကျွတ်နေလို့ စိတ်ညစ်နေပြီလား❓

ဆံပင်ကျွတ်ရတဲ့ အကြောင်းရင်းတွေထဲမှာ ခေါင်းလျှော်ရည်၊ အာဟာရဓာတ် မပြည့်ဝတာတွေအပြင် "ကိုယ်သုံးနေတဲ့ ဘီး" ကလည်း အဓိက တရားခံ ဖြစ်နေတတ်ပါတယ်။

သွားစိပ်လွန်းတဲ့ဘီးတွေနဲ့ ခေါင်းဖြီးတဲ့အခါ ဆံသားကို ပွတ်တိုက်မှုများစေပြီး အမြစ်ကနေ ကျွတ်ထွက်တာ၊ ဆံပင်ပြတ်တောက်တာတွေကို ပိုမိုဖြစ်ပေါ်စေပါတယ်။

💡 ဆံပင်မကျွတ်အောင် ဘယ်လိုဘီးမျိုးကို ရွေးချယ်မလဲ?
အသွားကျဲဘီး : ဆံပင်ရှုပ်ထွေးတာတွေကို ရှင်းတဲ့အခါ ဆံသားအပေါ် အားသက်ရောက်မှု အနည်းဆုံးဖြစ်အောင် အသွားကျဲဘီးကို အရင်သုံးပေးပါ။

အဖျားလုံးဘီး : ဦးရေပြားကို မထိခိုက်စေဘဲ သွေးလည်ပတ်မှုကောင်းအောင် နှိပ်နယ်ပေးနိုင်တဲ့ အဖျားလုံးပါတဲ့ ဘီးမျိုးကို ရွေးချယ်ပါ။

ဆံပင်ရေစိုနေချိန် သတိထားပါ: ဆံပင်စိုနေချိန်ဟာ ဆံသားအားအနည်းဆုံးအချိန် ဖြစ်တာကြောင့် အသွားစိပ်ဘီးတွေနဲ့ အတင်းဆွဲဖြီးတာကို လုံးဝရှောင်ကြဉ်ရပါမယ်။

🌟ဒီတော့ မိမိဆံသားအမျိုးအစားနဲ့ ကိုက်ညီမယ့် ဘီးအမျိုးအစားကို သေချာရွေးချယ်ပြီး ဆံပင်ကျွတ်ခြင်းပြဿနာကို ဒီနေ့ပဲ အတူတူ ဖြေရှင်းလိုက်ရအောင်နော်။

#ဆံပင်ကျွတ်ခြင်း

27/06/2026

မိုးမိပြီး ပြန်လာရင် ဒါတွေ လုံးဝ မလုပ်ပါနဲ့! 🌧️❌

☔ မိုးရာသီမှာ မိုးမိပြီး အိမ်ပြန်ရောက်တဲ့အခါ ဆံသားနဲ့ ဦးရေပြား ကျန်းမာရေးအတွက် ရှောင်ကြဉ်ရမယ့် အချက်အလက်လေးတွေကို မျှဝေပေးချင်ပါတယ်။

ခေါင်းမလျှော်ဘဲ ဒီအတိုင်းမထားပါနဲ့။ 🚿
💁‍♀️ မိုးရေထဲမှာပါတဲ့ ဖုန်မှုန့်နဲ့ ညစ်ညမ်းမှုတွေကြောင့် ဦးရေပြား မပျက်စီးစေဖို့ ချက်ချင်း ခေါင်းလျှော်ပေးပါ။

ဆံပင်စိုနေတုန်း ဘီးနဲ့ အတင်းမဖြီးပါနဲ့။🪮
💁‍♀️ဆံပင်ရေစိုနေချိန်ဟာ ဆံသားအားအနည်းဆုံးဖြစ်လို့ အတင်းဖြီးရင် ဆံပင်ကျွတ်/ပြတ်လွယ်ပါတယ်။

ဆံပင်ရေမခြောက်ဘဲ ခေါင်းစည်းတာ၊ အိပ်တာ မလုပ်ပါနဲ့။ 💤
💁‍♀️ စိုထိုင်းဆကြောင့် ဗောက်ထခြင်းနဲ့ မှိုပိုးဝင်ခြင်းတို့ ဖြစ်ပွားနိုင်ပါတယ်။

ဒါကြောင့် မိုးမိတဲ့အခါတိုင်း ဒီအချက်လေးတွေကို ရှောင်ပြီး ဆံသားကို စနစ်တကျ ပြုစုစောင့်ရှောက်ဖို့ မမေ့ကြပါနဲ့နော်။

23/06/2026

ဆံပင်ပုံစံ ပြောင်းလိုက်တာနဲ့ သင့်တစ်နေ့တာလုံး Mood တွေပါ ပြောင်းသွားနိုင်တယ်ဆိုတာ သိပြီးပြီလား? 💇‍♀️✨
ရုံးသွားတဲ့နေ့ပဲဖြစ်ဖြစ်၊ ချစ်သူနဲ့ Date ရှိတဲ့နေ့ပဲဖြစ်ဖြစ်- လွယ်လွယ်ကူကူနဲ့ လှနေဖို့ ဒီ Hair Styles လေးတွေကို အခုပဲ try ကြည့်လိုက်တော့နော်! 💖🎀✨

23/06/2026

“ဆံပင်ဖြူတွေဖုံးချင်တယ်၊ အမဲရောင်တော့ မကြိုက်ဘူး...
သဘာဝဆန်ဆန် အညိုရောင်လေးကိုပဲ ကြိုက်တယ်” ဆိုသူတွေအတွက် 🤎

အန်တီမေသူ သုံးထားတဲ့ Eushido လျှော်ညို လေးရှိနေပါပြီနော်!

သဘာဝဆန်တဲ့ အညိုရောင်နဲ့
✔ ဖြူလာတဲ့ဆံပင်တွေကို သိသိသာသာဖုံးပေးနိုင်တယ်
✔ သဘာဝဆန်ဆန် အရောင်ကို အတိအကျရတယ်
✔ ဆံသားကို နူးညံ့ပျော့ပျောင်းစေတယ်
နုပျိုစတိုင်ကျဖို့ အမြဲအတူရှိမယ့် လျှော်ညိုလေး.. 🍂✨

#လျှော်ညို

22/06/2026

နေ့တိုင်း ခေါင်းလျှော်တာ တကယ်ပဲ ကောင်းရဲ့လား? 🚿✨

ခေါင်းခဏခဏ လျှော်တတ်တဲ့သူတွေ သိထားသင့်တဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးများ 👇

💙ကောင်းကျိုး

ဦးရေပြား အဆီပြန်တာနဲ့ ဗောက်ထခြင်းကို သက်သာစေတယ်။

ဦးရေပြားမှာရှိတဲ့ ချွေးနဲ့ ဖုန့်မှုန့်အညစ်အကြေးတွေကို သန့်စင်ပေးတယ်။

❌ ဆိုးကျိုး

သဘာဝအဆီဓာတ် ခမ်းခြောက်ပြီး ဆံသားခြောက်သွေ့ ကြမ်းတမ်းလာနိုင်တယ်။

ဆိုးထားတဲ့ ဆံပင်အရောင်တွေ မှိန်သွားတတ်တယ်။

ဆံပင်ကျွတ်လွယ်စေတယ်။

ဒါကြောင့်...ပုံမှန်ဆံသားဆိုရင် ၂ ရက် သို့မဟုတ် ၃ ရက်မှ တစ်ကြိမ် လျှော်တာ အကောင်းဆုံးပါပဲနော်..💁‍♀️✨

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Set Hmu. St3, Myittanyunt . Tamwe
Yangon