Pandora Hair Dressing & Nail Art
We make you Perfect Look!
29/07/2015
လက်လေးကလည်းလှ ဒီဇိုင်းလေးကလည်းလှ :-) :-)
21/07/2015
ဆံပင်ဖြောင့်
21/07/2015
Nail Art
ကျွန်မတို့ရဲ့ Pandora Hair & Beauty ဆိုင်မှာအထူး Discount တွေရှိပါတယ်...
အမြန်သာလာခဲ့ကြပါလို့ဖိတ်ခေါ်လိုက်ပါတယ်နော်...
29/10/2014
PANDORA မှ အထူး Special Discount
14/10/2014
11/10/2014
တစ်လ တစ်ကြိမ် မျက်နှာကို ဆေးကြောသင့်ပါတယ်
မျက်နှာ အသားအရေဟာ လူတစ်ယောက် အတွက် အရေးကြီးဆုံး ဖြစ်ပါတယ်။ ဒါ့ကြောင့် မည်သူမဆို မျက်နှာကို အလေးထား သင့်ပါတယ်။ ဆေးကြော တာက မိမိဘာသာ အိမ်မှာ မျက်နှာသစ်တာကို ဆိုလိုတာ မဟုတ်ပါဘူး။
မျက်နှာ အကြော များကို နှိပ်နယ်ပေးခြင်း မျက်ရိုးများကို နှိပ်နှယ်ပေးခြင်း မျက်နှာ ပေါင်တင်ခြင်း စသည်တို့ကို ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ မိမိ အဆင်ပြေမယ့် ဆိုင် (သို့) အိမ်မှာဖြစ်ဖြစ် လုပ်ပေးနိုင် ပါတယ်။ ခဏခဏ မျက်နှာကို ဆေးကြောဖို့ မသင့်ပါဘူး။ မျက်နှာ အသား
အရေဟာ ပါးလွှာတဲ့ အတွက် ခဏခဏ ဆေးကြောပါက အသားအရေကို ပျက်စီးနိုင် ပါတယ်။ ဒါကြောင့် တစ်လ တစ်ကြိမ်လောက် ဆေးကြော ပေးခြင်းဖြင့် လုံလောက် ပါတယ်။
ဒီလို ဆေးကြော သန့်စင်ပေး လိုက်သည့် အတွက်ကြောင့် စိတ်ပေါ့ပါး လွတ်လပ်စေရုံ သာမကဘဲ မိမိကိုယ်ကိုယ် ရုံကြည်မူပါ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ မျက်နှာနှင့် မျက်ရိုး တစ်ဝိုက်ကို နှိပ်နှယ် ပေးလိုက်ခြင်း ကလည်း ခန္ဓာကိုယ် အတွင်းပိုင်း အကြောတွေနဲ့ ဆက်စပ်နေလို့ သင့် ကျန်းမာရေးကို ထောက်အကူ ပြုစေမှာဖြစ် ပါတယ်။
လှပချင်သူပဲ ဖြစ်ဖြစ် ကျန်းမာရေး လိုက်စားသူပဲ ဖြစ်ဖြစ် လုပ်ပေး သင့်ပါတယ်။
လှပပျော် ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်။
Ref - healthandbeauty
ကျော်လင်းနိုင်
ကျွန်မတို့ရဲ့ Pandora Hair & Beauty ဆိုင်မှာသီတင်းကျွတ်အထူး Discount တွေရှိပါတယ်...
အမြန်သာလာခဲ့ကြပါလို့ဖိတ်ခေါ်လိုက်ပါတယ်နော်...
Pandora Hair Dressing & Nail Art We make you Perfect Look!
Pandora Hair Dressing & Nail Art We make you Perfect Look!
29/09/2014
ဗောက်ကင်းစင်တဲ့ ဆံကေသာဖြစ်ဖို့.......
ဦးရေပြားမှာဖြစ်တတ်တဲ့ ဦးရေပြားယားယံလာပြီး အဆက်မပြတ် ကုတ်ဖဲ့ချင်နေတတ်အောင်
လူကိုက သိကအောင့်ဖြစ်စေတာ ဗောက် ပါ။ ဗောက် ထခြင်းနဲ့ပတ်သတ်လို့ သိသလောက်ပြော
ပြလိုက်ပါတယ်။ ပူးပူး ကိုယ်တိုင်လဲ စင်္ကပူရောက်ပြီးနောက်ပိုင်း ဗောက်ထလိုက်.. ဆံပင်ကလဲခဏ
ခဏ ဆိုသလိုကျွတ်လိုက်တာ ကိုယ့်ဟာကိုယ့်တောင် ကင်ဆာများဖြစ်နေပီလား အောင့်မေ့ရတယ်.
ဒီက ရေတွေက ဆေးပါတယ် လို့ လဲ ပြောကျတယ် အဲဒါကြောင့်လဲဖြစ်မယ်ထင်ပါတယ် အသိမိတ်
ဆွေ သူငယ်ချင်းမိန်းကလေးတွေ မေးကြည့်တော့ သူတို့လဲ ကိုယ့်နည်းတူ မဟုတ်ရင်တောင် အနည်း
နဲ့အများ က ဆံပင်ကျွတ်တယ် ဗောက်ထတယ် ဖြစ်နေကျတယ်.... ဆံပင်မကျွတ်အောင် ကာကွယ်ဖို့
ကတော့ ခေါင်းလျှော်ရည်အပြင်းစားတွေမသုံးတာကောင်းပါတယ်.. .ဆံပင်ကျွတ်တာက လူသိပ်မသိ
ပေမဲ့ ဗောက် ထတာက အရမ်းကြည့်ရရုပ်ဆိုးစေပါတယ်။
ဗောက်ထခြင်းကလဲ တခါတည်းပျောက်သွားအောင်လုပ်နိုင်သူနည်းသလို ပြန်မထအောင်လုပ်ဖို့
ဆိုတာကလဲ ခက်ခဲပါတယ် ဒါပေမဲ့ တကယ်လုပ်ကြည့်မယ် သေချာ ဆံပင်ကို ဂရုတစိုက်လုပ်မယ်
ဆိုရင်တော့ လုပ်ရတာလွယ်ပါတယ် .....။
မိန်းကလေးတွေ အနေနဲ့ အပြင်ထွက်တဲ့ အခါ ဘဲဖြစ်ဖြစ် အပေါင်းသင်းမိတ်ဆွေတွေနဲ့ တွေ့ရင်လဲ ကိုယ့်ခေါင်းကလှုပ်လိုက်ခါလိုက်တာနဲ့ ကို တဖျက်ဖျက်နဲ့ ကျလာလိုက်တဲ့ အမှုန်တွေ အကျီင်္အနက်
များဝတ် မိသွားလို့က တော့ အရှက်ကိုကွဲရော......
အဲလို မဖြစ်ချင်တဲ့သူ တွေအတွက် နည်းလမ်းကောင်းလေးတွေ လမ်းညွှန်ပေးလိုက်ပါတယ်..........
စမ်းသပ်ကြည့်ပေါ့နော်.......
၁။နေ့စဉ်ခေါင်းလျှော်ပေးပါ။
ဦးရေပြားမှာ အဆီပြန်နေတာက ဗောက်ထစေတဲ့ အကြောင်းတခုပါ။ နေ့စဉ်ခေါင်းလျှော်ပေးတာက
အဆီပြန်ခြင်းကို ကာကွယ်ပေးတာမို့ ဗောက်မထအောင် တားဆီးပေးနိုင်ပါတယ်။
၂။သင့်တော်တဲ့ ခေါင်းလျှော်ရည်ကို ပြောင်းသုံးပါ။
နေ့စဉ်ခေါင်းလျှော်ပေမယ့် ဗောက်ထတာ ပျောက်မသွားဘူးဆိုရင် လက်ရှိသုံးနေတာကို ရပ်ပြီး
သင့်တော်တာကို ပြောင်းသုံးဖို့ လိုပါတယ်။ဦးရေပြား မှိုစွဲတာကို ရှင်းပေးနိုင်တဲ့ (zinc pyrithone)/
(salicylic acid)/(ketoconazole)/(selenium sulfide) စတာတွေပါဝင်တဲ့ ခေါင်းလျှော်ရည်ကို
ပြောင်းသုံးဖို့ လိုအပ်ပါတယ်။
၃။ခေါင်းလျှော်ရည် ၃ မျိုးလောက်ကို လှည့်သုံးပေးပါ။
ကိုယ်စွဲပြီးသုံးတဲ့ ဗောက်ပျောက်တဲ့ခေါင်းလျှော်ရည်က ကာလအတန်ကြာသုံးပြီးတဲ့နောက်မှာ
အာနိသင်မပြတော့သလို ဖြစ်တတ်ပါတယ်။ အဲဒီအတွက် ခေါင်းလျှော်ရည်ကို အပြစ်မတင်ပါနဲ့။
သူ့မှာပါဝင်တဲ့ ဓါတ်ပစ္စည်းတွေ မတိုးတော့ အောင်ရေရှည်သုံးစွဲလိုက်လို့ပါ။ အကောင်းဆုံးက
ကိုယ်နှစ်သက်ပြီး ပါဝင်ဓါတ်ပစ္စည်း ကွဲပြား တဲ့ ခေါင်းလျှော်ရည် ၃ခု လောက် ကို ၁ မျိုးကို
၁ လစီ အလှည့်ကျသုံးပေးဖို့ပါ။
၎။နှစ်ကြိမ် ဆက်တိုက် လျှော်ပါ။
ပထမအကြိမ် လျှော်တာက ဦးရေပြားက အဆီတွေ၊ အညစ်အကြေးအချပ်တွေကို ဖယ်ရှားပေး
ပါတယ်။နောက်တကြိမ် လျှော်တဲ့အခါ ခေါင်းလျှော်ရည် ဆပ်ပြာ ၅မိနစ်လောက်ကြာအောင်
ထားပေးပါ။ ဒါမှ ခေါင်းလျှော်ရည် က ဦးရေပြားထဲကို စိမ့်ဝင်ပြီး သူ့အာနိသင် ကို ထိထိ ရောက်
ရောက်ပေးစွမ်းနိုင်မှာပါ။
၅။ထပ်ပြီးတော့ ခေါင်းလျှော်ပါ။
ဘယ်ခေါင်းလျှော်ရည် အမျိုးအစား ဘယ်လောက်ကောင်းတာပဲဖြစ်ဖြစ် အနံ့အသက်တွေပျောက်
ဖို့ လီမွန်ရည်၊ ဆံပင်ပျော့ဆေး တို့နဲ့ ထပ်လျှော်ဖို့ လိုအပ်ပါတယ်။ ဘယ်ဗောက်ပျောက်တဲ့ ခေါင်း
လျှော်ရည်ကိုသုံးသုံး ဆံပင်ပျော့ဆေးနဲ့ ပြန်ထပ်လျှော်တာက အကောင်းဆုံးပါပဲ။
၆။ကိုယ်နဲ့ ဓါတ်မတည့်တာတွေကို သတိပြုပြီး ရှောင်ကြဉ်ပါ။
ဥပမာ အားဖြင့် တချို့သောဗောက်ပျောက်အပြင်းစားခေါင်းလျှော်ရည် တွေက မတည့်တဲ့အခါ
တချို့လူတွေမှာဦးရေပြား ပါးလွှာသွားပြီး သတိ မထားမိပဲ သုံးမိမယ်ဆိုရင်တော့ ဆံပင် အမြစ်
အိတ်လေးတွေ ရောင်လာတတ်ပါသေးတယ်။
၇။ခေါင်းကိုလက်နဲ့ မကုတ်ပါနဲ့။
ဗောက်ထလို့ယားနေတဲ့ ဦးရေပြားကို လက်နဲ့မကုတ်မိအောင် သတိထားပါ။ လက်သည်းက
ဦးရေပြားကို ပေါက်ပြဲစေပြီး အနာဖြစ်စေလို့ပါ။ အနာဖြစ်သွားပြီဆိုရင်လဲ ပိုးသတ်ဆေးပါတဲ့
ခေါင်းလျှော်ရည်ကို ဆက်မသုံးတော့ပဲ ကလေးခေါင်းလျှော်ရည်လိုမျိုး အပျော့စားကို ပဲ
အနာပျောက်တဲ့ အထိ သုံးစွဲပေးပါ။
၈။ချွေးထွက်ပြီးတာနဲ့ ရေအမြန်ချိုးပါ။
ချွေးက ဦးရေပြားကို ယားယံစေပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်ပြီးရင် ဖြစ်ဖြစ် အားစိုက်
ရတဲ့ အလုပ်တစ်ခုခု လုပ်ပြီးရင် ဖြစ်ဖြစ် မြန်မြန်လေး ရေချိုးလိုက်ပါ။ ချွေးက အရေပြားဆဲလ်
တွေကို လဲ မြန်မြန်ပျက်စီးစေတာကြောင့်ပါ။
၉။စေးကပ်ကပ် ဂျယ်၊ စပရေးတွေ သိပ်မသုံးပါနဲ့။
ဦးရေပြား မှာ အဆီတွေစုစေမယ့် စေးကပ်ကပ်ဂျယ်၊ စပရေးတွေကို လုံးဝရှောင်စရာမလိုပေ
မယ့် တတ်နိုင်သမျှ လျော့သုံးဖို့တော့ လိုပါတယ်။
ဗောက်ထတာကြောင့် လူအတော် များများ စိတ်ရှုပ်ရပါတယ် နည်းလမ်း တကျလုပ်ရင်တော့
အလွယ်တကူ ဖြေရှင်းနိုင်တဲ့ ပြသနာ တရပ်ဖြစ်တာကြောင့် ဂရုတစိုက် လိုက်နာဆောင်ရွက်
ဖို့တော့လိုတာပါတယ်။
ဆံပင်ကိုလေတိုးလို့ တချက်ခါလိုက်တိုင်း ဗောက်ကင်းစင်ပီး လှပတဲ့ ကျော့ရှင်းတဲ့ ဆံကေသာ
ကိုပိုင်ရှင်တွေဖြစ်နိုင်ပါစေနော်။………………
Posted by puupuu
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
#11, 146 Street, Tamwe Township
Yangon
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |
