Beauty Rhythm UK & USA Direct Products

Beauty Rhythm UK & USA Direct Products

Share

Health & Beauty Products

Photos from Beauty Rhythm UK & USA Direct Products's post 24/12/2025

’s
-FreeGel

Kiehl’s ရဲ့ Ultra Facial Oil-Free Gel Cream လေးကတော့ မျက်နှာမှာဘာလူးလူးမတည့်တာများတယ်၊ အမြဲလိုလိုအဆီပြန်တယ်ဆိုတဲ့သူတွေအတွက် ၂၄ နာရီကြာ ရေဓာတ်ဖြည့်ပေးနိုင်တဲ့အစွမ်းရှိလို့ မဖြစ်မနေရွေးချယ်သင့်တဲ့ Moisturizer လေးဖြစ်ပါတယ်။

အခုလိုပူပြင်းတဲ့နွေရာသီမှာ အဆီပြန်အသားအရေပိုင်ရှင်များသာမက ပုံမှန်အသားအရေရှိသူတွေအတွက်ပါ အရေပြားရဲ့အစိုဓာတ်ထိန်းညှိမှုနှင့် အဆီထုတ်လုပ်မှုတို့ကို ထိန်းသိမ်းကူညီပေးနိုင်ပါတယ်။ Oil-free ဆိုတဲ့အတိုင်း အဆီလုံးဝမပါဝင်တဲ့ gel type moisturizer အကြည်လေးပါ။

ဒါ့အပြင် Texture ကျဲကျဲလေးဖြစ်လို့ လိမ်းလိုက်တဲ့အခါ အသားထဲစိမ့်ဝင်ပြီး မျက်နှာကို ကပ်စေးစေးမဖြစ်စေဘဲ အေးစိမ့်စိမ့်လေးဖြစ်စေမှာပါ။ မျက်နှာမှာလိုအပ်နေတဲ့ ရေဓာတ်ကို ဖြည့်ပေးရုံသာမက ချွေးပေါက်ကျဉ်းပြီး အဆီပြန်ခြင်းကိုပါလျော့နည်းစေတာမို့ ၀က်ခြံအမာရွတ်တွေနဲ့ အမည်းစက်တွေအပြင် နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့တင်းတိပ်တွေကိုပါ ပျောက်ကင်းနိုင်တယ်လို့ review တွေအများကြီးရထားတဲ့ Moisturizer လေးပါ။

Non-comedogenic, allergy-tested စမ်းသပ်ပြီးသားဖြစ်တဲ့အပြင် Alcohol-free, fragrance-free, paraben-free ဖြစ်ပါတယ်။
သန့်စင်ပြီးမျက်နှာကို Toner သုံးပြီးတဲ့အခါ Gel Cream ကို ပမာဏအနည်းငယ်ယူပြီး အသားအရေကိုလိမ်းပေးပါ။

ပုံမှန်အသားအရေထိန်းသိမ်းမှုအဆင့်တွေအတွက် အကောင်းဆုံးဖြည့်စွက်တစ်ခုအဖြစ် နေ့ရောညပါ အသုံးပြုနိုင်ပါတယ်။

Packaging အသစ်လေးနဲ့ အရင်လိုမဟုတ်ဘဲ ကျစ်ကျစ်လစ်လစ်လေးဖြစ်သွားတဲ့ Jumbo Size 125 ml လေးက Regular Price US$70 + Tax မို့ ၃ သိန်းခွဲလောက်ကျမှာလေးကို Sale နဲ့ရထားလို့ 240,000Ks. နဲ့ယူကြပါရှင်။

#100%_Authentic_from_USA

Photos from Beauty Rhythm UK & USA Direct Products's post 04/12/2025

Toner ဆိုရင် Lancome မှ၊ Lancome Toner ထဲမှာတောင် ပန်းရောင်လေးနဲ့မှအဆင်ပြေတာ၊ ပန်းရောင်လေးကိုပဲသုံးချင်တာဆိုတဲ့ မမနဲ့ညီမလေးတွေအတွက် Pink Toner လေးတွေ ရန်ကုန် Instock ပြန်ရနေပါပြီရှင်။

USA Import အစစ်ကိုမှ မင်မင်ကိုယ်တိုင် Lancome Official နဲ့ Macy’s နှစ်နေရာတည်းကပဲ ဝယ်ပြီးပို့ထားတာပါလို့…

400ml - 240,000Ks.
200ml - 150,000Ks.

31/10/2025

Happy Halloween 🥳

Photos from Beauty Rhythm UK & USA Direct Products's post 26/09/2025

Advanced Génifique Youth Activating Concentrate 50ml

Lancôme ရဲ့ Advanced Génifique Serum 50ml old version လေးတွေ Instock ပါရှင်။

ဒီ Serum လေးက အသားအရေကို ငယ်ရွယ်ပျိုမျစ်မှုအဆင့်သို့ ပြန်လည်အသက်သွင်းပေးနိုင်တဲ့ ထူးခြားသည့် Bifidus Prebiotic Formula နဲ့ပြုလုပ်ထားလို့ အရေပြားအတွက် သဘာဝအတိုင်းကာကွယ်စွမ်းအားကို အားဖြည့်ပေးနိုင်ပါတယ်။

အသားအရေကို ပိုမိုတင်းရင်း စိုပြေစေတဲ့အပြင် အရေးအကြောင်းများကို လျော့နည်းစေနိုင်ပါတယ်။ ဒါ့အပြင် အသားအရေကြည်လင်တောက်ပမှုကို ပြန်လည်ထိန်းသိမ်းပေးနိုင်တာကြောင့် နာမည်ကြီး Serum တွေထဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

အသုံးပြုပြီး အနည်းဆုံး ၇ ရက်အတွင်း သိသာတဲ့ အပြောင်းအလဲကို သတိပြုမိနိုင်မှာပါနော်။

Photos from Beauty Rhythm UK & USA Direct Products's post 01/09/2025

ဒါလေး ၁ ဆက် ကြားညှပ်ပြီး ကျန်နေလို့ လိုအပ်တဲ့သူများ အားပေးကြပါဦးလို့…

27/08/2025

Cargo တွေကလည်းမထွက်လာတော့ ဈေးလဲရောင်းချင်စိတ်မရှိ၊ ဘာမှလုပ်ချင်စိတ်တောင်မရှိတော့ဘူး။

14/08/2025

Skincare နဲ့ ရေမွှေးချစ်သူများရှင့်… ကိုယ်အမြဲသုံးနေကျ ပစ္စည်းလေးတွေ မပြတ်လပ်ချင်တာမျိုးတွေရှိရင် ကြိုတင်ပြီး အပိုဝယ်ထားကြပါနော်။

Beauty Rhythm က ဝယ်မှမဟုတ်ပါဘူးနော်။ စိတ်ချရမယ့် ဘယ်ဆိုင်ကမဆို ကိုယ်သုံးနေကျပစ္စည်းတွေ မပြတ်လပ်ခင် ဝယ်စုထားကြပါလို့…

လက်ရှိ Shipments တွေမထွက်နိုင်သေးတဲ့ အပြင် နောက်ပိုင်းမှာလည်း Cargo တွေရဲ့ အခွန်အခတွေ ပိုစျေးကြီးပြီး အဝင်ခက်ခဲနိုင်တာကြောင့်ပါ။

အားလုံးပဲ စဉ်ဆက်မပြတ်လှနိုင်ကြပါစေရှင်။

Photos from Beauty Rhythm UK & USA Direct Products's post 08/08/2025

Gift Sets ထဲမှာပါတဲ့ Elizabeth Arden Deluxe Mini လေးတွေကို ခွဲပြီး မဲဖောက်ပေးမယ်ဆိုရင် လိုချင်ကြမလားလို့… ဒါမှမဟုတ် Set လိုက် ဝယ်ချင်သူတွေရော ရှိကြလားရှင်။

Gift Sets အသစ်တွေ ပေးတဲ့အချိန်ရောက်ပြီမို့ အဟောင်းလေးတွေကို လက်ကျန်ဖြတ်ချင်တာကြောင့် မထင်မှတ်ထားတဲ့စျေးလေးတွေနဲ့ ရောင်းပေးဦးမှာပါနော်။

Photos from Beauty Rhythm UK & USA Direct Products's post 07/08/2025

အရှေ့က Shipments တွေ ထုတ်မရသေးချိန်မှာ Macy’s 10 Days of Glam 50% Off တွေက စပြီဆိုတော့ ဝယ်ရမလို၊ မဝယ်ရမလိုနဲ့ ဘာလုပ်ရမှန်းမသိတော့ဘူး။

05/08/2025

Surprise and Lucky Money အတွက် Kpay number လေးတွေ Page Chatbox က လာပို့ပေးထားကြပါနော်။

ဒီပို့စ်ရဲ့အောက်မှာ

၁။ Beauty Rhythm ကိုဘယ်တုန်းကစသိခဲ့တာလဲ?
၂။ ဘယ်နှကြိမ်ဝယ်ယူအားပေးဖူးပါသလဲ?
၃။ ဘာကြောင့်အားပေးဖြစ်ခဲ့တာလဲ? (Admin တွေနဲ့ Personal ရင်းနှီးမှုဆိုင်ရာ comment များ ပါခဲ့ရင် ပယ်မဲပါရှင်။ Products ကို စိတ်ချယုံကြည်မှုနဲ့ အားပေးတဲ့အကြောင်းပြချက်ပဲ ဖြစ်ရပါမယ်။)

ဆိုတာလေးနဲ့ နံပါတ် ၁ ကနေ ၉၉ အတွင်း ကိုယ်နှစ်သက်ရာ ဂဏန်း ၁ လုံး (သို့မဟုတ်) ၂ လုံးမန့်သွားပေးနော်။

ကျေးဇူးပြုပြီး နံပါတ်မထပ်အောင်ကြိုးစားပေးကြပါ။ လာမယ့် ၅ ရက်နေ့ကို Random App သုံးပြီး Surprise Gifts လေးတွေ ဖောက်ပေးပါ့မယ်ရှင်။

ဝယ်နေကျ ကာစတန်မာ မဟုတ်သူတွေအတွက်ကတော့ သီးသန့်ပို့စ်တစ်ခုနဲ့ ပြန်တင်ပေးပါ့မယ်။

02/08/2025

ဒီပို့စ်ရဲ့အောက်မှာ

၁။ Beauty Rhythm ကိုဘယ်တုန်းကစသိခဲ့တာလဲ?
၂။ ဘယ်နှကြိမ်ဝယ်ယူအားပေးဖူးပါသလဲ?
၃။ ဘာကြောင့်အားပေးဖြစ်ခဲ့တာလဲ? (Admin တွေနဲ့ Personal ရင်းနှီးမှုဆိုင်ရာ comment များ ပါခဲ့ရင် ပယ်မဲပါရှင်။ Products ကို စိတ်ချယုံကြည်မှုနဲ့ အားပေးတဲ့အကြောင်းပြချက်ပဲ ဖြစ်ရပါမယ်။)

ဆိုတာလေးနဲ့ နံပါတ် ၁ ကနေ ၉၉ အတွင်း ကိုယ်နှစ်သက်ရာ ဂဏန်း ၁ လုံး (သို့မဟုတ်) ၂ လုံးမန့်သွားပေးနော်။

ကျေးဇူးပြုပြီး နံပါတ်မထပ်အောင်ကြိုးစားပေးကြပါ။ လာမယ့် ၅ ရက်နေ့ကို Random App သုံးပြီး Surprise Gifts လေးတွေ ဖောက်ပေးပါ့မယ်ရှင်။

ဝယ်နေကျ ကာစတန်မာ မဟုတ်သူတွေအတွက်ကတော့ သီးသန့်ပို့စ်တစ်ခုနဲ့ ပြန်တင်ပေးပါ့မယ်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon
11111

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00