Nature Queen Organic Cosmetics & Skincare

Nature Queen Organic Cosmetics  & Skincare

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nature Queen Organic Cosmetics & Skincare, Beauty, cosmetic & personal care, B1, B2, B3, B4, B5, B6, B7, B8 ဒုတိယထပ်၊ ဂျေဒိုးနပ် ကော်ဖီဆိုင်အနီး၊ ယုဇနပလာဇာ၊ရန်ကုန်မြို့, Yangon.

10/06/2025

လူတွေ ဘယ်လောက် ချစ်တတ်ကြောင်းကို

မင်း ချမ်းသာလာတဲ့ တနေ့ သိလိမ့်မယ် ☺

မိတ်ဆွေအစစ် ဘယ်လောက် နည်းပါးကြောင်းကိုတော့

မင်း ဆင်းရဲသွားမှ သိရမယ် ☺

#မသိမ့်

03/03/2024

စဥ်းစားတွေးခေါ်နိုင်စွမ်း မရှိတဲ့ သူ တစ်ယောက်ကို
အမှန်ပြင်ပေးရင်
သူက မင်းကို မုန်းပါလိမ့်မယ်...

ဉာဏ်အမျှော်အမြင် ရှိတဲ့ သူ တစ်ယောက်ကို
အမှန်ပြင်ပေးရင်
သူက မင်းကို အသိအမှတ်လည်း ပြုမယ်..
ကျေးဇူးလည်း တင်မယ်...

မင်းကတော့ စေတနာ အပြည့်နဲ့ နှစ်ယောက်လုံးကို
အမှန်ပြင်ပေးလိုက်ပေမယ့်လည်း
လက်ခံတဲ့သူတွေက မတူညီတဲ့ အတွက်
ရလာဒ်တွေကလည်း ကွဲပြားသွားရတာပေါ့ကွယ်...

စေတနာ က လူတိုင်းနဲ့ မတန်ဘူး တဲ့...
အဲ့စကားလေးကို ဘယ်တော့မှ မမေ့နဲ့ ကွဲ့...

#မသိမ့်
#မူရင်းအမည်ကိုဖြုတ်ပီးCopyယူခြင်းသီးခံပါရှင့်😊

17/08/2023

ဘာပဲဖြစ်ဖြစ် ဘယ်အခြေအနေပဲ ဖြစ်ဖြစ်
လုပ်စရာ ရှိတာတွေကိုတော့ လုပ်ကို လုပ်နေရမှာပါပဲ..

လူ့ဘဝဆိုတာက အခက်အခဲတွေနဲ့ မလွတ်ကင်းနိုင်တာ ကြောင့် ခံစားချက်ဖြစ်တဲ့
Personal ကို သီးသန့် ထားရမှာ ဖြစ်သလို

ကိုယ့်ရဲ့ လုပ်ငန်းတွေ တာဝန်တွေအတွက်
ခံယူချက်ဖြစ်တဲ့
Professional ကလည်း သီးသန့်ပါပဲရှင်..

သူတို့ နှစ်ခုကို လုံးဝ မရောနှောအောင်
ခွဲခြားထားတတ်မှသာ အရာရာကို အဆင်ပြေနိုင်မှာပါ..

#မသိမ့်
17.8.2023

25/07/2023

စားသောက်ဖို့ တခုခုမှာပြီးရင် စားပွဲခုံလေးကို
တစ်ရှူးလေးနဲ့ သေချာသုတ်လိုက်ရမှ နေသာထိုင်သာ
ရှိတဲ့ အကျင့်...

စားသောက်ပီးလို့ ထခါနီးတိုင်း
စားပွဲပေါ်မှာ ရှူပ်နေတာလေးတွေကို စနစ်တကျ စီထည့်ပေးပီးမှ ငွေထရှင်းတတ်တဲ့ အကျင့်...

ထိုင်ခုံတွေက ထလာရင်လည်း ထိုင်ခဲ့တဲ့ ခုံကို နေသားတကျ ပြန်ထားခဲ့ရမှ ကျေနပ်တတ်တဲ့ အကျင့်...

အိမ်ရှေ့ လှေကား အဝမှာ ဖိနပ်နှစ်ဘက်ကို နှစ်ဘက်
ညီနေအောင် ချွတ်ထားတာကိုမှ ကြိုက်တတ်တဲ့ အကျင့်.

တခုခုဝယ်ပြီးတိုင်းလည်း စျေးသည်ကို ကျေးဇူးတင်ပါ
တယ်လို့ ပြောတတ်တဲ့ အကျင့်....

ရေသောက်ပီးရင်လည်း ခွက်ကို ပြန်ဆေးပီး ထားမှ
ကြိုက်တတ်တဲ့ အကျင့်...

ထမင်းစားရင်း ရေသောက်ရင်လည်း တစ်သျှူးနဲ့ ပါးစပ်ကို သေချာသုတ်ပီးမှ ရေသောက်တတ်တဲ့ အကျင့်...

ဟင်းတခါ ချက်ပီးတာနဲ့ ဘေစင်ကိုပါ ရေနွေးနဲ့ အားလုံး
လောင်းပီး သန့်ရှင်းရ ဆေးလိုက်ရမှ ကျေနပ်တဲ့ အကျင့်

တစ်ခါအိပ်ယာဝင်ဖို့ အရေး မီးခလုတ်တွေ ရေစက်တွေအကြိမ်ကြိမ် စစ်ဆေးတတ်တဲ့ အကျင့်....

ညအိပ်ရင် ဖက်ခေါင်းအုံးကိုပါ စောင်ခြုံပေးလိုက်ရမှ ကျေနပ်တတ်တဲ့ အကျင့်...

အိပ်ခါနီးရင် မွှေးပွ အရုပ်လေးတွေကိုလည်း ဘေးတဘက်စီထား ဖက်အိပ်လိုက်ရမှ ဇိမ်ရှိတတ်တဲ့ အကျင့်

ပြောရရင်တော့ အများကြီးပဲ....😁

အင်မတန် အသန့်ကြိုက်ပီး စနစ်ကြီးလွန်းလို့
သူငယ်ချင်း တွေက စာအုပ်ကြီးလို့ ခေါ်ကြတဲ့
ကျမ မသိမ့် ကလေ
အသက်တွေသာ ကြီးလာပေမယ့်
ဇီဇာ​ကြောင်တဲ့ အကျင့်တွေက ပြင်မရသေးပါဘူးဟယ်..😞😞

#မသိမ့်

25/07/2023

ပြုံးပြုံးလေးနဲ့ စကားပြောပြီး
နွေးနွေးထွေးထွေးပဲ အိပ်ယာဝင်မယ်...

သိုသိုသိပ်သိပ်ပဲ တွေးတောပြီး
ကျစ်ကျစ်လစ်လစ်ပဲ လုပ်ကိုင်မယ်...

နောက်ကျောက ရန်သူတွေ ဝင်လာရင်လည်း
ခံနိုင်ရည်ရှိမယ့် သိုင်းမျိုးကျင့်ထားတယ်...

ကျမက သန်မာတယ်လေ...😊

#မသိမ့်

22/07/2023

အပြုံးက အားလုံးကို ပေးတယ်...
အကြည့်ကိုတော့ တချို့တဝက်ကို ပေးတယ်...
ဒါပေမယ့်
နှလုံးသားကိုတော့ တစ်ယောက်ထဲကိုပဲ
ပေးမယ်...
တသက်လုံး အတွက်....တစ်ယောက်ထဲပဲ...❤

#မသိမ့်
22.7.2023

22/07/2023

လောကကြီးကို အကြောတင်းတင်းနဲ့
ဖြတ်သန်းနေတဲ့ လူတယောက်ရဲ့အတိတ်မှာ သူ့ကို
ခေါင်းမထောင်နိုင်အောင် ဖိနှိပ်ခဲ့တဲ့ လက်တွေရှိတယ်...

အရင်းနှီးဆုံးပါဆိုတဲ့ လူတွေကိုတောင်
မယုံကြည်ပေးနိုင်တဲ့ လူတယောက်ရဲ့ နောက်ကျောမှာ
တချိန်က သူအရမ်းယုံခဲ့တဲ့သူတွေ
စိုက်ထားတဲ့ ဓားအပြည့်ရှိတယ်...

ခပ်ချေချေနေတတ်ပြီး လူတွေကို
အဖက်မလုပ်တတ်တဲ့ လူတစ်ယောက်ရဲ့အတိတ်မှာ
ကိုယ့်အကူအညီယူပြီးမှ အောင်မြင်သွားတဲ့
ကျေးဇူးကန်းတွေရှိတယ်...

တယောက်တည်း နေတတ်လာခြင်းရဲ့
နောက်ကွယ်မှာ သာပေါင်းညာစားပြီး
ကောင်းချင်ယောင် ဆောင်ထားတဲ့
သူငယ်ချင်းကောင်းတွေ ရှိခဲ့ဖူးတယ်...

တကောင်တည်းနေတဲ့ ခြင်္သေ့ဆိုတာ
လွယ်လွယ်နဲ့ ဖြစ်လာတာတော့ မဟုတ်ဘူး...

လောကကြီးထဲမှာ ကိုယ့်အပေါ်
မကောင်းတဲ့ သူတွေကို တိုက်ရင်းခိုက်ရင်း
သတ်ရင်းပုတ်ရင်း ဖြတ်သန်းပြီးမှ ခြင်္သေ့ဖြစ်လာတာ😊

#မသိမ့်

21/07/2023

အခုခေတ်က အတုအယောင်တွေ များတယ်..
ပိုင်းလုံးတွေ သိပ်များတယ်လေ...

မေတ္တာစစ် မေတ္တာမှန်ရဖို့ဆိုတာက ခက်ခဲတယ်..

ရုပ်ချောနေသူတွေအတွက်ဆို သိပ်ခက်ခဲတယ်...

ဥစ္စာပေါနေသူတွေအတွက် ပိုခက်ခဲတယ်....

ဥစ္စာပေါ ရုပ်ချောဖြစ်နေသူတွေအတွက်ဆိုရင်တော့
အခက်ခဲဆုံးပါပဲ...

ဒါကြောင့် အတုအယောင် များမှ ကင်းဝေးအောင်
ဘာသာရေးအလုပ်ကို...

နေ့စဥ်နေ့တိုင်း

မပျင်းမရိ လုပ်ပါ...
စိတ်ပါလက်ပါ လုပ်ပါ....
ဥစ္စာပေါ ရုပ်ချောနဲ့ အရာရာနီးပါးပြည့်စုံနေရင်တော့
အချိန်တိုင်း ကုသိုလ်ဖြစ်အောင်ကို နေပါ....

မိမိမှာ ကုသိုလ်ကံ မြင့်မားနေမှသာ
အတုအယောင်သမားများ အလိုလို ပျောက်ကွယ်သွားပြီး
အစစ်အမှန်သမားနဲ့သာ ဆုံစည်းခွင့်ရမှာပါ....

သစ်ပင်မှန်လျှင် အမြစ်နှင့်မကင်း သလို
လူမှန်ရင်လည်း အချစ်နှင့်မကင်း ကြတဲ့အတွက်

အချစ်နှင့် မကင်းနိုင်လို့ ချစ်ကြပီဆိုရင်လည်း
ချစ်ကြသူများအားလုံး မိမိအပေါ်မှာ မေတ္တာစစ်မှန်သော
ဘဝလက်တွဲဖော်နှင့်သာ ဆုံစည်းနိုင်ကြပါစေနော်...

မိန်းမသား များ အယုံမလွယ်ကြစေလိုတဲ့ စေတနာဖြင့်...
လူအချင်းချင်း လှည့်စားခံရခြင်းမှ ကင်းရှင်းကြပါစေရှင်...❤

#မသိမ့်
21.7.2023(Friday)

16/07/2023

ကျမ က အပိုတွေ ဟန်လုပ်ပြနေတာတွေ ကို
လုံးဝ မကြိုက်တဲ့ သူမို့ ခပ်ရှင်းရှင်းပဲ ပြောမယ်ရှင့်....

ဒီခတ်ကြီးကလေ ဂျင်းခတ်သိလား ...😊

အပိုတွေပြော ကြွား ဟန်လုပ်ပြ တဲ့သူတွေက
နေရာရတဲ့ခေတ် ...

ပိုက်ဆံထုတ်ကြီးတွေ ပြမယ်...

တနေ့ကို ဘယ်လောက်ဝင်တယ် ပြောမယ်..

ကားအကောင်းစားတွေနဲ့ ရိုက်ပြမယ်....

ကွန်ဒိုတွေမှာ ပုံရိုက်ပြမယ် ...

ဖုန်းအကောင်းစားကြီးတွေ ကိုင်ပြီး ရိုက်ပြ မယ် ..

စားသောက်ဆိုင်ကြီးတွေမှာ Check in
ဝင်ပီး ကြွယ်ပြမယ်..😁

အမှန်တကယ်
ပိုက်ဆံရှိတဲ့ အသိုင်းအဝိုင်းကို ဝင်ဖူးလား နေဖူးလား 😊

တကယ်တန်းကလေ ဘယ်ပိုက်ဆံရှိတဲ့သူမှ
အဲ့တာတွေ မပြဘူး မတင်ဘူး ...သိထားလိုက်...

အဲ့လိုတင်တာ အခွန်လိုက်လာမှာတို့ ပြိုင်ဘက်တွေ
သိမှာစိုးလို့ ဘယ်သူမှမလုပ်ဘူး ...

အဓိကက ပိုက်ဆံရှိတဲ့သူ အောင်မြင်တဲ့သူတွေက
လူ့အကြိုက် လိုက်မလုပ်ဘူး ...
သူတို့နေသာသလို နေပျော်သလိုပဲ နေနေကြတာ ...

လူတယောက် ဉာဏ်ရည်ဉာဏ်သွေးနဲ့
အရည်အချင်းရှိလား
အဆင့်အတန်းရှိလား ပိုက်ဆံရှိလားဆိုတာက
စကားပြောကြည့်ရင် သိသာတယ် ...

ရုပ်ရည်ဆိုတာကလည်း ရုပ်ဆိုးနေတောင်
မင်းသမီးလို လှအောင် အမျိုးစုံ ပုံပြင်တာတို့နဲ့ အဖက်ပိအောင်လုပ်လို့ရ‌တဲ့ခတ်ကြီးမှာ ဘယ်သူဘာပြောပြော
မယုံနေကြနဲ့ ...

လူတ‌ယောက်နဲ့ စကားပြောကြည့် ဆက်ဆံကြည့်ရင် အချိန်တခုရောက်ရင် အလိုလို သိလာမှာပါပဲ...

ကိုယ်ဘာလဲဆိုတာ ကိုယ့်ကိုကိုယ် သိရင် ရပြီလေ ..
သူတပါး သိစရာလည်း မလိုဘူးလေ...

အမှန်ဆို
အပေါ်ယံအမြင်တွေကို စိတ်ဝင်စားစရာကို
မလိုတာပါရှင်...😊

#မသိမ့်

16/07/2023

ကလဲ့စားက ပြန်ချေစရာ
မလိုပါဘူး
အသီးက ပုပ်သွားရင် အပင်ကနေ အလိုလိုကို ပြုတ်ကျသွားမှာပါပဲ..😊

12/07/2023

ထက်မြတ်တဲ့ မိန်းမတစ်ယောက် အတွက်
အချစ်ဆိုတာ ဦးစားပေးစာရင်းထဲမှာ မရှိမဖြစ်အနေနဲ့
မပါနေပါဘူး ...

အချစ်ထက် ရည်မှန်းချက်တွေကိုပဲ ဦးစားပေးကြတာ ...

ချစ်နေရင်တောင် နှလုံးသားကို
ဒုတိယထားပြီး ​ဖြစ်သင့်တာ ကိုပဲ ဦးစားပေး
ရွေးချယ်တတ်တဲ့ သူတွေ ...

ကိုယ့်ကိုယ်ကိုယ် လည်း တန်ဖိုး
ထားတတ်သလို ကိုယ့်ဘေးက လူတွေ
အပေါ်မှာလည်း လေးစားပေးတတ်တယ် ...

ကိုယ်အပေါ် မကောင်းလို့ ပြတ်သားပြီ
ဆိုရင်လည်း သွေးထားတဲ့ ဓားထက် ပိုပြတ်တဲ့ အထိကို
ပြတ်သားရဲကြတယ် ...

အဲ့လို အမျိုးသမီးမျိုးကို မှ ထက်မြက်တဲ့
မိန်းမသား‌ တွေလို့ ခေါ်တာ ...

မိန်းမသား တစ်ယောက် က သူ့အားသူကိုးပြီး
ပိုက်ဆံရှာနိုင်သွားရင် သူမ ဘ၀ အတွက်
ယောကျား ဆိုတာ က

အချစ်အတွက်သာ လိုအပ်ကောင်း လိုအပ်မယ်...
နှလုံးသား လိုအပ်ချက်အရသာ တွယ်ငြိကောင်း
တွယ်ငြိမယ်...

ငွေ အတွက်နဲ့ မှီခို အားထားဖို့ အတွက်ကိုတော့
ယောကျာ်းသား ဆိုတာ
တကယ် မ လိုအပ်တော့ပါဘူးကွယ်.....

#မသိမ့်
12.7.2023

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


B1, B2, B3, B4, B5, B6, B7, B8 ဒုတိယထပ်၊ ဂျေဒိုးနပ် ကော်ဖီဆိုင်အနီး၊ ယုဇနပလာဇာ၊ရန်ကုန်မြို့
Yangon
11111