Beauty Blend Cosmetics & Clothing Boutique
Authentic brand များကို စျေးနှုန်းမှန်ကန်စိတ်ချစွာဖြင့် Beauty Blend C&C မှ 100% အာမခံ၍ ရောင်းချပေးနေပါသည်။
10/03/2026
Singapore Only !!! 🇸🇬💕
Hello ညီမ Trinkora ကနေပြီးတော့ အင်္ကျီနဲ့ Dress လေးတွေ ရောင်းဖို့မှာထားတဲ့ကျန်တဲ့လက်ကျန် stock လေးတွေကို clearance sale လေးလူပ်ချင်လို့ပါ။ cargo စျေးတွေပါပြီးအကုန်လျှော့ပြီး
မူလစျေးထက်အများကြီးသက်သာတဲ့စျေးနဲ့ရောင်းပေးထားတာပါရှင့်။ 💕
ပုံထဲကအင်္ကျီလေးတွေကိုမှ ရသေးတဲ့ size နဲ့အရောင်နဲ့ပါ တခါတည်း ရေးပေးထားတာမလို့ ကြိုက်တာလေးတွေရှိရင် အားပေးနိုင်ပါတယ်ရှင့်။ ယူမယ့်ရက်နဲ့အချိန်ကို page cb မှာလာပြောပြီး အဆင်ပြေတဲ့အချိန်ညှိယူလို့ရပါတယ်နော်။ ✨
18/06/2025
Charles & Keith ထဲကဒီ design လေးက admin ကိုယ်တိုင်ကြိုက်လို့ဝယ်ထားတာလေး
လွယ်ရတာလဲသက်တောင့်သက်သာရှိပြီးတော့ သူ့ရဲ့ strap ကအပြားကြီးတော့ ပခုံးလဲမနာဘူး ✨
အိတ်နဲ့ကြိုးနဲ့တွဲချုပ်ထားတာမဟုတ်တဲ့ design ကြောင့် ကြိုးပြတ်မှာလဲမပူရဘူး❤️
အထဲမှာလဲအကန့်အကျယ်ကြီးပါပြီးတော့ pouch အသေးလေးတစ်ခုပါပါသေးတယ်။
ရုံးသွားကျောင်းသွားအတွက် အရမ်းသင့်တော်တဲ့အိတ်လေးပါရှင့် Singapore official counter မှာပဲသွားဝယ်ပေးမှာဖြစ်ပါတယ်။
မှာယူတဲ့နေ့ ငွေစျေးအတိုင်းတွက်ပေးမှာမလို့ စျေးအပြောင်းအလဲတော့ရှိပါမယ်ရှင့်
🌷 Prepaid to order
05/06/2024
Mielle rosemary hair oil 🌱💚
ဒီ hairoil လေးက USA ဖက်မှာ ဆံပင်အတွက်အရမ်းကောင်းလို့ review ကောင်းတွေအများကြီးရထားတဲ့ brand လေးနော်😚
- 🔖Rosemary ဆိုတဲ့ ဆံပင်နဲ့ဦးရေပြားအတွက်အားဖြည့်ပေးတဲ့ ingredient ပါတာကြောင့် ဆံပင်ကျွတ်တာ၊ ဆံပင်ပါးတာ၊ ဦးရေပြားကဆံပင်အထွက်နှေးတာ စတဲ့ပြဿနာတွေအတွက် အကောင်းဆုံးဖြေရှင်းပေးနိုင်ပါတယ်။
- 🔖Mint ပါတဲ့အတွက် အခုလိုပူတဲ့ရာသီမှာ ဦးရေပြားနဲ့ဆံပင်ကို လန်းဆန်းစေတယ်၊ အားဖြည့်ပေးတယ်။ အေးအေးလေးနဲ့ အခြား hair oil တွေလိုမပူဘူးနော်🤩
- 🔖Biotin ပါတဲ့အတွက်ကြောင့် ဆံပင်အသစ်ထွက်ရာမှာအရေးကြီးတဲ့ hair follicles တွေကို သန့်ရှင်းပေးတယ်၊ ဦးရေပြားကိုပိုပြီး ကျန်းမာစေတာကြောင့် ဆံပင်တော်ရုံနဲ့ မကျွတ်စေဘူး။ ဆံပင်ပြန်ပေါက်တာမြန်စေတယ်။
အခြားဆံပင်ပြဿနာတွေဖြစ်တဲ့ အဖျား နှစ်ခွဖြစ်တာ ၊ ဆံသားခြောက်သွေ့တာတွေကိုလဲသိသိသာသာသက်သာစေပါတယ်ရှင့်😚 essential oil ၃၀ ကျော်ပါသေးတာမလို့ ဆံပင်ကိုအမြစ်ကနေ အားဖြည့်ပေးပါတယ်🫶🏻
🏷️အသုံးပြုပုံ
- နေ့စဉ်အသုံးပြုမယ်ဆိုရင် ဆီ တစ်စက် ၊ နှစ်စက်လောက်ကို ဦးရေပြားပေါ် လိမ်းပြီး နှိပ်နယ်ပေးပြီးဘီးလေးနဲ့ဆံပင်အဖျားထိဖြီးချပြီးအသုံးပြုပေးပါရှင့်။
- ခေါင်းမလျှော်ခင်သုံးမယ်ဆိုရင်တော့ ဆံပင်ကို ၄ပိုင်းလောက်ခွဲပြီး ဆီလေးလိမ်းပြီး နှိပ်နယ်ပြီး 2 နာရီခန့် နှပ်ထားပေးပါ။ ပြီးရင် ပုံမှန်ခေါင်းလျှော်နေကျအတိုင်းလျှော်ချရုံပါပဲရှင့်။
Price - 47000ks
Pre-order/ prepaid ပါရှင့်❤️
Waiting time - 3 to 4 weeks 🏷️
11/05/2024
Torriden New Modeling Mask 🩵💚
ခုနောက်ပိုင်း torriden က product တွေက tiktok ရော၊ blogger တွေရော နာမည်ကြီးနေတာ🩵 အခုလဲ သူကအသစ်ထွက်တဲ့ modeling mask လေးက packaging ကလဲ ice cream 🍦 ဘူးလေးလိုမျိုးနဲ့ ချစ်စရာလေးမလို့ စမ်းသုံးကြည့်နော်💕
အပြာလေးက dive in series ကဖြစ်တဲ့အတွက် dry, dry sensitive skin တွေအတွက် အစိုဓာတ်ပေးပြီး အသားအရေကိုကြည်လင်အေးမြစေပါတယ်။ ဒါလေးသုံးပြီးရင် နေရောင်ဒဏ်နဲ့ လေထဲကဖုန်တွေကြောင့် ညစ်နေတဲ့မျက်နှာက အေးအေးလေးနဲ့ စိုစိုအိအိလေးဖြစ်နေရော🧊🩵
အစိမ်းလေးက balanceful series ကဖြစ်ပြီးတော့ cica ပါဝင်တာကြောင့် ဝက်ခြံနဲ့အဆီဖုတွေကိုသက်သာစေပါတယ်။ Dead skin cells တွေကိုဖယ်ရှားပေးတာကြောင့် အသားအရည်ကိုကြည်စေတယ်။ soothing and calming effect ကိုလိုချင်ရင် ဒါလေးသုံးပေးနော် 🌱💚
သူ့မှာပါတဲ့အထူပ်လေးကိုဘူးလေးထဲထည့်ဖျော်ပြီးသုံးပေးရမှာပါရှင့်✨🤍
Price - 22000ks
Preorder/ Prepaid 🔖
Waiting time - 4-6 weeks
04/05/2024
Nard Hair loss control Shampoo 🌿🤎
Nard ဆိုတာKorea ရဲ့ hair care products တွေထုတ်တဲ့ brand ဖြစ်ပါတယ်၊ သူ့မှာ ကိုယ့်ရဲ့ဆံသားအလိုက်ရွေးချယ်စရာ product တွေအများကြီးရှိတယ်၊ shampoo, conditioner, treatment, oil ကစလို့ hair tonic အထိ ရွေးချယ်စရာတွေတကယ်အများကြီး🥳
လွန်ခဲ့တဲ့ ၅ လလောက်က admin ဆံပင်အနက်ပြန်ဆိုးမိတာနဲ့ တသက်လုံးမကျွတ်ဖူးတဲ့ဆံပင်တွေရက်ရက်စက်စက်ကိုကျွတ်တာ၊ ကိုင်လိုက်ရင်ကို အပင် ၂၀ လောက်ပါပါလာတာ🥲 အဲ့တာနဲ့ review တွေ၊ product တွေလိုက်ရှာရင်းနဲ့ Himalaya herb တွေကိုသုံးပြီးထုတ်ထားတဲ့ Nard တံဆိပ်ကိုစသုံးကြည့်ဖြစ်ခဲ့ပါတယ်။
Nard ကထုတ်တဲ့ ဒီ Himalaya series hair care products တွေမှာ ဟိမဝန္တာတောင်တန်းကနေရတဲ့ ဆေးဖက်ဝင် Nardostachys Jatamansi Rhizome Root Extract အပြင် ဆံပင်အတွက်အားဖြည့်ပေးတဲ့ hydrolyzed keratin, olive oil, jojoba seed oil တွေပါ ပါတာကြောင့် ဆံပင်ကျွတ်တာသက်သာပြီးတော့ ဆံပင်ကို အရင်းကနေ တချောင်းချင်းစီကျန်းမာသန်စွမ်းစေပါတယ်🤩
Admin personal experience အရတော့ သူ့မှာ အနံ့ကတော့ ဆေးနံ့နည်းနည်းရတယ်ပေါ့နော် ၊ သူကသဘာဝဆေးဖက်ဝင်ပစ္စည်းတွေနဲ့ ဆံပင်ကျွတ်တာသက်သာအောင်လုပ်ပေးထားတာကြောင့်လျှော်နေတုံးမှာ နည်းနည်းကြမ်းသလိုခံစားရပေမယ့် လျှော်ပြီးရင် salicylic acid ကြောင့်ဦးရေပြားမှာရှိတဲ့အညစ်အကြေးတွေ ဆဲလ်အသေတွေရှင်းသွားသလိုခံစားရပြီးတော့ argan oil နဲ့ seed oil ပါဝင်တာကြောင့်လျှော်ပြီးတဲ့အခါမှာ ဆံပင်လေးက အစိုဓာတ်ပြန်ရပြီးဝပ်ဝပ်လေးနဲ့ပုံကျနေရော😚 admin 3 လလောက်သုံးကြည့်အပြီး ဆံပင်ကျွတ်တာတွေသိသိသာသာနည်းသွားတာ အခုဆို ဆံပင်မကျွတ်သလောက်နီးပါးကိုဖြစ်နေပြီမလို့ အရမ်းစိတ်ချမ်းသာရ🥰 ဘူးကလဲ 500ml size ကြီးတွေမလို့ အကြာကြီးအသုံးခံပြီး budget save ဖြစ်တယ်။ အနံ့လေးတွေပါတာလဲရှိတာကြောင့် မိမိကြိုက်နှစ်သက်တာကိုရွေးလို့ရပါတယ်နော်🫶🏻
Price -28000ks
Waiting time- 1month
Direct from korea ✨
30/04/2024
Flower Knows Lip mud 🌸✨💓
Flower knows က lip mud လေးတွေက အိအိလေးနဲ့ packaging ကလဲဆန်းဆန်းလေးထုတ်ပေးထားတာ😻
ဒါလေးကအသစ်ထွက်တဲ့ design လေးနော်~
အရုပ်လေးနဲ့အရမ်းချစ်ဖို့ကောင်းတာကြောင့် flower knows girly တွေတစ်ဘူးလောက်တော့ယူကိုယူထားသင့်တယ် 🥳🫶🏻
Lip mud မလို့ဆိုးလိုက်ရင် နှုတ်ခမ်းမှာ matte လိုမျိုးဖြစ်သွားမှာဆိုပေမယ့် နှုတ်ခမ်းသားကိုခြောက်မသွားစေဘူးနော်😚
blend လုပ်ဖို့အတွက် blush လေးတချောင်းလဲပါပါမယ်ရှင့်✨
Price - 41000ks
📍preorder/prepaid
Waiting time 2-3weeks
အမြန်ရတဲ့ cargo နဲ့ချိတ်ထားတာမလို့ အကြာကြီးမစောင့်ရပါဘူးရှင့်🩷
30/04/2024
Flower Knows Blusher 🌸✨💓
Flower knows brand ကတော့ packaging နဲ့တင် အရမ်းလှပြီး သုံးရက်စရာမရှိဘူးကွယ်😩🫶🏻
အရောင်လေးတွေလဲအများကြီးစုံပြီးတော့ သူ့ရဲ့ ဘူးdesign တွေကအရမ်းလှတာမလို့ မိန်းကလေးဆန်ဆန်ကောင်မလေးတွေ တစ်ခုလောက်တော့ရှိထားသင့်တာနော်😚
Pacakaging လဲအရမ်း girly ဖြစ်ပြီး quality နဲ့ pigmentation ကလဲမှန်တော့ review တွေလဲ အရမ်းကောင်းတယ်နော်💓 အပြင်ပုံနဲ့ website ပုံတွေနဲ့လဲတပုံစံတည်းပဲရှင်🥳
Design လေးတွေကပုံစံနည်းနည်းကွဲတာမလို့ လိုချင်တဲ့ပုံစံနဲ့ အရောင်ကို admin ကို cb မှာလာမေးလို့ရပါတယ်ရှင့်✨
Price -49500 ks
Preorder/prepaid 📍
မြန်မြန်ရတဲ့ cargo နဲ့ချိတ်ထားလို့ အရမ်းအကြာကြီးမစောင့်ရပါဘူးရှင့် 🫶🏻
29/04/2024
Collagen eye zone mask ✨🩵
ဖုန်းနဲ့အလုပ်လုပ်ရတဲ့သူတွေ၊ computer ရှေ့အကြာကြီးထိုင်ရတဲ့သူတွေအနေနဲ့
မျက်လုံးနားက skin မှာ
-အရေးအကြောင်းတွေ၊
-မျက်အိတ်တွဲကျတာတွေ ၊
- အိပ်ရေးမဝတဲ့အခါဖြစ်လာတဲ့ မျက်ကွင်းညိုတာတွေကို eye mask လေးကပ်ပြီး သေချာ care ပေးရတယ်နော် 😚🩷
Collagen ပါလို့ မျက်လုံးအောက်အရေးအကြောင်းဖြစ်တာတွေကို သက်သာစေပြီးတော့ အသားအရည် တင်းရင်းစေပါတယ်🫶🏻
Price - 5000 for 1 (တထုပ်မှာအခု 30 ပါပါတယ်ရှင့်)
Preorder available 📍
Direct from Korea 🇰🇷
28/04/2024
Bubble Former (Facial Cleanser / ShampooFoam Maker) 🌟🩷
မျက်နာသစ်ရင် ဆပ်ပြာကိုမျက်နှာပေါ်တိုက်ရိုက်တင်ပြီးပွတ်တာထက် လက်ထဲ အမြှုပ်ထအောင်လုပ်ပြီးမှသစ်ရတာကပိုပြီး အသားထဲစိမ့်ဝင်စေပါတယ်😚
အဲ့လိုပဲ ခေါင်းလျှော်ရင်လဲ shampoo ကိုတိုက်ရိုက် ဆံပင်ပေါ်တင်တာထက် အမြှုပ်ထအောင်လုပ်ပြီးမှ လျှော်တာက ဦးရေပြားအတွက်ပိုကောင်းတယ်နော်🫶🏻
Admin skincare video တွေကြည့်ရင်းသူတို့သုံးတဲ့ ဒီ bubble former လေးကို ကြိုက်နေတာ..
သူက ဘူးလေးထဲ မျက်နှာသစ်ဆပ်ပြာ(သို့) shampoo ကိုထည့်
ပြီးတော့ ရေနည်းနည်းထည့် ပြီးရင် သူ့မှာပါတဲ့ တုတ်လေးနဲ့ mix သလိုလုပ်ပေးလိုက်ရုံပါပဲ..
အမြုပ်အိအိလေးတွေနဲ့ သစ်ရတာလည်း ဇိမ်တခုပဲနော်✨
Quality ကောင်း အသားထူ ဒီဇိုင်းလေးလဲချစ်စရာကောင်း 🫣💛
Price - 8500 ks
Colors - 3 colors available
Preorder ပါရှင့် ၊ ၂/၃ပတ်လောက်ပဲစောင့်ရပါမယ်နော်✨🫶🏻
#
25/04/2024
MediAnswer Vita Collagen Mask (Firming and Glowing Effect ) 🍋💛
Biodance collagen mask ကစျေးများလို့မ try ချင်သေးရင် ဒီ MediAnswer က Collagen mask လေးတွေ try ကြည့်နော်။
-သူ့မှာလဲအသားအရည်အတွက်အထောက်အကူပြုတဲ့ retinol, Pathenol, 500 Daltons molecular weight ရှိတဲ့ french collagen တွေပေါင်းထားတာမလို့ ချွေးပေါက်ကျယ်တာသက်သာပြီး မျက်နှာကိုရေဓာတ်ဖြည့်ပေးတယ်၊ ကြည်လင်တဲ့ glowy look လေးဖြစ်စေတယ်နော်✨😽
-Collagen ပါတဲ့အတွက် firming effect ပိုရစေပြီးတော့ VitaminC က အမဲစက် အမာရွတ်တွေကို သက်သာစေတာကြောင့်ကပ်ပြီးတာနဲ့ နုပျိုတင်းရင်းပြီး မျက်နှာကစိုစိုအိအိလေးဖြစ်ကျန်နေမှာပါ🤩💕
-Overnight mask ဖြစ်လို့ တညလုံးကပ်ထားလဲရတယ်နော်၊ တညလုံးကပ်ပြီးတာနဲ့ mask ထဲမှာပါတဲ့ အရည်တွေကမျက်နှာထဲကိုစိမ့်ဝင်ပြီး mask ကအကြည်ရောင်ပြောင်းသွားမှာပါ၊ မနက်လင်းတာနဲ့ treatment ယူထားသလို မျက်နှာလေးက glow glass skin လေးဖြစ်နေမှာ😻🩷
Price - 9500ks
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |
