Shwe Bon Thar Thu USA Online Store

Shwe Bon Thar Thu USA Online Store

Share

USA Products with Best Quality & Best Price

19/03/2026

🍀Magnesium Glycinate

💌ဆရာမကြီး ရဲ့ အကြံပြု​ဆွေး​နွေးချက် များ
နှင့် ​လေ့လာနိုင်ရန် မျှ​​ဝေလိုက်ပါတယ်

🛍မှာယူမယ်ဆို...

💌Page messanger မှ မှာပါ

Tik.tok :

📮Telegram Link 👇

https://t.me/+8-VvJ68b0YkyOGQ1

မေးလေ့ရှိတဲ့ နောက်မေးခွန်းတစ်ခုကတော့ ——

🍀Magnesium Glycinate သောက်နေရင် Glycine သောက်စရာ လိုပါသေးလားတဲ့။

🍀Magnesium Glycinate သောက်တဲ့ dosage or ပမာဏက 400mg a day in divided doses ဖြစ်ပါတယ်။ ဆိုလိုချင်တာက 400mg ကို အချိန်ခွဲပြီး သောက်တာဖြစ်
ပါတယ်။

🍀Glycine သောက်တဲ့အခါ လဖက်ရည်ဇွန်းတစ်ဇွန်း ဖြစ်ပါတယ်။
1 teaspoon or လဖက်ရည်ဇွန်းတစ်ဇွန်းက 5 gram or 5000mg ရှိပါတယ်။
Magnesium Glycinate မှာပါနေတာ 400mg ပဲနော်။

စဉ်းစားသာကြည့်ကြပါတော့။

Glycineကလဲ သောက် မသောက်ဆိုတာ မိမိတို့သဘောအတိုင်းပါ။
နားလည်အောင်သာ ရှင်းပြနေခြင်းဖြစ်ပါတယ်။
ကိုယ့်သဘောပါ။

🔖ယခုခေတ်ကာလမှာ ပေါင်းသတ်ဆေး exposure က ပြေးမလွတ်ပါ။
ပေါင်းသတ်ဆေးမှာ အဓိကပါနေတဲ့ ဓာတုဆေး က Glyphosate ဖြစ်ပါတယ်။

💢Glyphosate ရဲ့ ဓာတုတည်ဆောက်မှုဟာ (chemical structure) Glycine amino acid နဲ့ အတော်လေးတူနေတာကြောင့် Glyphosate ဟာ Glycine နေရာတွေကို
ယူလိုက်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။
💢Glyphosate ဟာ Glycine အတုအယောင်ပါပဲ။
အတုဟာ အစစ်လို ခန္ဓာကိုယ်အတွက်အကျိုးမပြုနိုင်ပါ။

Glycine ဟာ ခန္ဓာကိုယ်အတွက် အရေးကြီးပါတယ်။

✅️ဒါ့ကြောင့် သူ့ကို ပြန်ဖြည့်ပေးသင့်တယ်လို့ ထင်ပါတယ်။
ပြန်ဖြည့်လိုက်တဲ့အခါ ရောဂါလက္ခဏာတွေမှ သိသိသာသာကြီးသက်သာလာတာကို လည်း တွေ့နေရပါတယ်။
အတော်လေးကို သိသာလှပါတယ်။
Crt: To a better health

💞ချစ်မိတ်​ဆွေများ အားလုံးချမ်း​မြေ့ကြပါ​စေ 🙏

Telegram: Join Group Chat

17/03/2026

Milk Frother ​တွေ လက်ကျန် နည်း​နေပြီ​နော်...☕️

16/03/2026

D-RIBOSE ဆိုတာ ဘာကြီးလဲ?
​(ဆရာမကြီး၏ ဗဟုသုတလက်ဆောင်)

​၁။ ကလာပ်စည်းတွေရဲ့ စွမ်းအင်အတွက်
​ကလာပ်စည်းများအတွင်း ထုတ်လုပ်သည့် စွမ်းအင် ATP ဟာ လူတစ်ယောက် အသက်ရှင်သန်နေဖို့ အလွန်အရေးကြီးပါတယ်။ ကလာပ်စည်းတွေ စွမ်းအင်မထုတ်လုပ်နိုင်တော့တဲ့နေ့ဟာ သေတဲ့နေ့ပါပဲ။
​အဲဒီတော့ ATP ရဲ့ structure ဖွဲ့စည်းပုံကို ကြည့်ကြရအောင်။ စွမ်းအင်ဟာ D-Ribose ရယ်၊ Phosphate သုံးလုံးရယ်၊ Adenine လို့ခေါ်တဲ့ ပရိုတင်းဓာတ်တစ်မျိုးရယ်နဲ့ တည်ဆောက်ထားပါတယ်။
​Ribose Sugar: ကားတစ်စီးရဲ့ main frame လို ATP ရဲ့ main frame ဖြစ်ပါတယ်။ သူ မရှိရင် စွမ်းအင်လို့ခေါ်တဲ့ ATP လုံးဝ မဖြစ်နိုင်ပါ။
​Phosphates: Ribose တည်းဟူသော main frame ကို စွမ်းအင်တွေပေးမယ့် Phosphate bonds ၃ ခုက လာပြီးတွယ်ရပါတယ်။ (Three high energy phosphates are attached to the main frame and serve as a gas tank of the car.)
​Adenine (သြဇာဓာတ်): ပရိုတင်းဓာတ်တစ်မျိုးဖြစ်ပြီး ဒီ main frame ရဲ့ ကားစတီယာရင် (Steering wheel) ဖြစ်ပါတယ်။

​၂။ ဗီဇ (DNA, RNA) များအတွက်
​ကလာပ်စည်းတွေထဲမှာရှိတဲ့ ဗီဇလို့ခေါ်တဲ့ DNA (Deoxyribonucleic acid) နဲ့ RNA (Ribonucleic acid) တွေမှာ ပါနေတဲ့ အဓိကဓာတ်လည်း ဖြစ်ပါတယ်။ ကျွန်မတို့ ဗီဇတွေရဲ့ အဓိက main frame လည်း ဖြစ်ပါတယ်။ ဒီပေါ်မှာမှ protein sequences တွေက လာဆက်တာ ဖြစ်ပါတယ်။
​ထူးခြားချက်နှင့် အကျိုးကျေးဇူးများ
​ထုတ်လုပ်မှုနှုန်း: ခန္ဓာကိုယ်ထဲမှာ D-ribose ကို ထုတ်လုပ်နိုင်ပေမယ့်လို့ သူ့ရဲ့ ထုတ်လုပ်နိုင်တဲ့နှုန်းဟာ နှေးကွေးတာမို့ အရေးပေါ်လိုလာတဲ့အခါ ထုတ်လုပ်ရေးဟာ လိုအပ်ချက်ကို အမှီမလိုက်နိုင်ပါ။
​နှလုံးကျန်းမာရေး: နှလုံးသွေးကြောပိတ်ပြီး heart attack ရတဲ့အခါ အောက်စီဂျင်ဓာတ်နည်းနေပြီဖြစ်တဲ့အတွက် နှလုံးကြွက်သားများ ဆက်လက်အလုပ်လုပ်ရန် စွမ်းအင်အရေးတကြီးလိုပါတယ်။ အဲဒီအခါ D-ribose အိမ်မှာရှိခြင်းအားဖြင့် အရေးပေါ်အနေနဲ့ ဖျော်သောက်မယ်ဆိုရင် နှလုံးကြွက်သားများ ပျက်စီးခြင်းမှ အတော်လေးကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ (Damage to the heart muscle will be limited.) ပျက်စီးမှုနည်းရင် recovery လည်း ပိုကောင်းမှာ ဖြစ်ပါတယ်။
​အကြံပြုချက်: Stent ထည့်ထားသူတွေ၊ နှလုံးရောဂါသမားတွေ အမြဲမှီဝဲ သို့မဟုတ် ဆောင်ထားသင့်ပါတယ်။
​ဦးနှောက်နှင့် အာရုံကြော: ဦးနှောက်နဲ့ အာရုံကြောရောဂါသမားတွေအတွက်ကတော့ ရှယ်ပါပဲ။ နှလုံး၊ ဦးနှောက်နဲ့ ကြွက်သားများဟာ ခန္ဓာကိုယ်ထဲမှာ အလုပ်လုပ်ရဆုံးဆိုတော့ စွမ်းအင်အလိုဆုံးဖြစ်ပါတယ်။
​အားကစားသမားများ: အားကစားသမားတွေဟာ ကြွက်သားတွေကို အလွန်အသုံးပြုကြရတာမို့ သူတို့အတွက်ဆိုရင်လည်း အကောင်းဆုံးဖြစ်ပါတယ်။
​သက်ကြီးရွယ်အိုများ: အသက်အရွယ်ကြီးသူများမှာ အာဟာရဓာတ်များ ချို့တဲ့လာတာကြောင့် D-ribose ထုတ်နှုန်းကျဆင်းပြီး အားမရှိဖြစ်လာတတ်ပါတယ်။ ဥပါဒ်ဖြစ်မယ့် သကြားဖျော်ရည်များ (Fructose, Sucrose) တိုက်မယ့်အစား D-ribose ဖျော်တိုက်မယ်ဆိုရင် အင်အားတွေပြန်ပြည့်လာမှာ ဖြစ်ပါတယ်။

​အနှစ်ချုပ်
​ရောဂါကြီးကြီးကျယ်ကျယ် မရှိဘူးဆိုရင် အသက်ရှည်ဆေးလို့လည်း ခေါ်နိုင်ပါလိမ့်မယ်။ သူက Carbon ၅ လုံးပါတဲ့ သကြားမို့ Carbon ၆ လုံးပါတဲ့ သကြားတွေနဲ့ လုံးဝမတူပါ။ ဆီးချိုသမားတွေလည်း သောက်လို့ရပါတယ်။
​သက်ရှည်ကျန်းမာစွာနဲ့ မိမိခန္ဓာကိုယ်ကို စောင့်ရှောက်နိုင်ကြပါစေ။ ဗဟုသုတဉာဏ်မျက်စိတွေလည်း ပွင့်ကြပါစေ။
Credit To A Better Health

ဖြည့်စွက်စာမှာလို့ရပါပြီ...🛒

#ပစ္စည်းမှန်

15/03/2026

👉PROBIOTICS

⛳️ရနိုင်သော အစားအစာများ
Milk kefir (အချဉ်ဖောက်ထားသော နွားနို့)၊ ဂေါ်ဖီထုပ်ချဉ်)၊ Kombucha (အချဉ်ဖောက် လက်ဖက်)၊ အုန်းနို့ ကီဖာ၊ Natto (အချဉ်ဖောက် ပဲပိစပ်)၊ ဒိန်ချဉ်၊ ချိစ့်အကြမ်း (ပိုးမသတ်ထားသောနို့ဖြင့် ပြုလုပ်ထားသော ချိစ့်)၊ ပန်းသီး ရှာလကာရည်၊ သခွားသီး ဆားရည်စိမ် (Salted Gherkin Pickles)၊ သံလွင်သီး ဆားရည်စိမ်၊ တိုဖူးချဉ်၊ မီဆို စွပ်၊ ကင်ချီ၊ အော်ဂဲနစ် ချောကလက်ညို

⛳️Probiotic အကျိုးကျေးဇူးများ
(၁) ပဋိဇီဝဆေး (ပိုးသတ်ဆေး) ကြောင့် ဝမ်းလျောခြင်းကို ကာကွယ်ကုသပေးသည်။
(၂) ကျန်းမာကောင်းမွန်သော ကိုလက်စထရောကို အားပေးသည်။
(၃) စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်ပူပန်မှုတို့ကို ကင်းဝေးစေသည်။
(၄) ကိုယ်ခံအားကို တိုးတက်စေသည်။
(၅) ဝမ်းဗိုက် နာခြင်း၊ အောင့်ခြင်း (အူသိမ်အူမ ရောဂါ လက္ခဏာများ) ကိုသက်သာစေသည်။
(၆) ကိုယ်တွင်း ပြည်တည်နာဖြစ်ခြင်းကို အမြစ်ဖြတ် သုတ်သင်သည်။
(၇) ဆီးချိုရောဂါ မဖြစ်အောင် တားဆီးပေးသည်။
(၈) ဒိုင်ဝါတီခရူလာ ရောဂါ (အူတွင်း၌ အိတ်ငယ်ကလေးများ ဖြစ်ပေါ်ခြင်းနှင့် ၎င်းတို့ရောင်ရမ်းခြင်း (သို့) သွေးယိုခြင်း) ကိုထိန်းချုပ်ပေးသည်။
(၉) ပိုနေသော ဝမ်းဗိုက်အဆီကို လျော့ကျစေသည်။
(၁၀) အစာကြေညက်စေသည် ဝမ်းမှန်စေသည်။
(၁၁) အကျိုးပြုပိုးများ ပြန်လည်ဖြည့်တင်းပေး၍ ရောင်ရမ်းမှုကို ထိန်းချုပ်ပေးသည်။
(၁၂) မှိုရောဂါ ကူးစက်ဖြစ်ပွားမှု ပမာဏကို လျော့ကျစေသည်။
(၁၃) ဗိုက်တာမင်များအား စုပေါင်း ညှိနှိုင်း ဆောင်ရွက်မှု စွမ်းရည်ကို တိုးမြှင့်ပေးသည်။

⛳️Probiotic ကို ဝယ်သည့်အခါမှာ ပိုးအမျိုးအစား များများ ပါသော တံဆိပ်ကို ဝယ်သင့်ပါတယ်။ ဘူးမှာ ရေးထားတဲ့ Probiotic 10 ဆိုတာ ပိုးအမျိုးအစား ၁၀ မျိုး ပါတာကို ပြောတာပါ၊ 20 billion, 30 billion ဆိုတာ serving size မှာ ပါတဲ့ ပိုးကောင်ရေကို ပြောတာပါ၊

အသက်အလိုက် သောက်ရမည့်နှုန်း
1 နှစ် 2 billion
2 နှစ် 4 billion
4 နှစ် 8 billion
10 နှစ် 12 billion
16 နှစ် 15 billion
16 နှစ် အထက် 20 billion, 30 billion
လိုအပ်ပါက 50 billion, 100 billion အထိ သောက်လို့ရပါတယ်

အစာမရှိချိန် (Empty Stomach) သောက်ပါ လို့ ရေးထားတာ ရှိသလို အစာနဲ့အတူ (with meal) လို့ ရေးထားတဲ့ အမျိုးအစားလဲ ရှိပါတယ်

‼️ပိုးသတ်ဆေး (antibiotic) သောက်ရင်တော့ ၄ နာရီ ခြားပြီး သောက်ရပါတယ်

Crt to a better health

🧚‍♀️HO probiotic 30billion နှင့် ဖြည့်စွက်စာ များ မှာလို့ရပါပြီ...🛒

Tik tok 👉

#ပစ္စည်းမှန်

15/03/2026

👉“Why Antibiotics Sometimes Fail”
ပိုးသတ်ဆေးတွေနဲ့ ကုသခြင်းဟာ “တစ်ခါတရံ”မှာ
မအောင်မြင်ပါ။

A senior monk was treated with multiple antibiotics for lung infection.
But the cough kept returning.
Why?
ဘုန်းတော်ကြီးတစ်ပါးကို ပိုးသတ်ဆေးမျိုးစုံနဲ့ ကုသနေပေမဲ့ သလိပ်ထွက်နေတာကို မတားနိုင်သေးပါ။

Because antibiotics kill bacteria —
but they cannot repair damaged lungs.
ပိုးသတ်ဆေးတွေဟာ ဘက်တီးရီးယားပိုးကို နှိမ်နင်းနိုင်စွမ်း ရှိပေမဲ့ ပျက်စီးနေသော လေလမ်းကြောင်းများကို မပြုပြင်နိုင်ပါ။

Join our Zoom session this Sunday to learn the real root causes.
လာမည့်တနင်္ဂနွေနေ့ Zoom session မှာ လေ့လာကြည့်ကြရအောင်ပါ။

👉Zoom Session

Date : March 15, 2026.
Day: Sunday.
Time: 9:30 a.m US Eastern standard time
8:00p.m Myanmar time

Topic: Health

ID: 9024218439
Passcode: 425106

Crt to Dr. ​ဒေါ်ခင်နွယ်ဝင်း

🏕ညဖက် join ဖို့ ဖိတ်​ခေါ်ပါတး်...

#ကျန်းမာရေးဗဟုသုတ

14/03/2026

👉Oxalates ​တွေ စားမိရင်

အစာစားပြီး နွားနို့တခွက် (သို့) ဒိန်ချဥ်တခွက် (သို့) Cheese တတုံး (သို့) Calcium Citrate 500mg ​သောက်လိုက်ရင် Oxalates ​တွေ ဝမ်းထဲက ပြန်ပါသွားပါမယ်

Crd:ဆရာမကြီး Zoom

Calcium Citrate နဲ့ ဖြည့်စွက်စာများမှာယူနိုင်ပါပြီ...🛒

Tiktok

13/03/2026

🏃‍♂️ လှုပ်ရှားမှုတိုင်းမှာ လန်းဆန်းတက်ကြွနေဖို့...
​အသက်အရွယ်ရလာလို့ပဲဖြစ်ဖြစ်၊ ကိုယ်လက်လှုပ်ရှားမှု များလို့ပဲဖြစ်ဖြစ် အဆစ်အမြစ်တွေ တောင့်တင်းတာ၊ လှုပ်ရှားရခက်တာမျိုးတွေ ကြုံနေရပြီလား?
⛳️​Move Free Ultra Triple Action က သင့်ရဲ့ နေ့စဉ်လူနေမှုဘဝကို ပိုမိုပေါ့ပါးသွက်လက်လာအောင် ကူညီပေးမှာပါ။ အလုံးကြီးကြီးတွေ အများကြီးသောက်စရာမလိုဘဲ တစ်နေ့တစ်လုံး သေးသေးလေး သောက်ရုံနဲ့တင် ထိရောက်မှုရှိတာက သူ့ရဲ့ အားသာချက်ပါပဲ။
​✨ ဘာတွေ ပါဝင်လဲ?
​UC-II Ultra (Type II Collagen): အဆစ်အမြစ်တွေရဲ့ ပျော့ပျောင်းမှုကို ထိန်းညှိပေးတယ်။
​Boron: အရိုးတွေကို ပိုမိုခိုင်မာစေတယ်။
​Hyaluronic Acid: အဆစ်အမြစ်တွေ ကြားမှာ ချောဆီသဖွယ် အထောက်အကူပြုပေးတယ်။
​✅ ဘယ်လိုသောက်ရမလဲ?
​လူကြီးများအတွက် တစ်နေ့လျှင် (၁) လုံး ပုံမှန်သောက်ပေးရုံပါပဲ။
​နေရထိုင်ရ ပေါ့ပါးပြီး လွတ်လပ်စွာ လှုပ်ရှားနိုင်ဖို့ Move Free နဲ့အတူ ဒီနေ့ပဲ စတင်လိုက်ပါ။ 🦴💪
​ #ကျန်းမာရေးဗဟုသုတ #အရိုးအဆစ်

🧚‍♀️Tik tok ()မှာ ပုံ​လေး​တွေ တင်ထားတယ်
အား​ပေးမှု အတွက် ​ကျေးဇူးကာ...🥳

12/03/2026

သစ်သီး​​တွေ စားဖိုအကောင်းဆုံးအချိန်

၁။ ပန်းသီး... မနက်ခင်း
အစာခြေနှစ်ကို ကူညီပြုပြီး စွမ်းအင်တည်ငြိမ်းရှိနိုင်ပါတယ်။

၂။ ငှက်ပျောသီး...မနက်ခင်း ဒါမှုမဟုတ် လေ့ကျင့်ခန်း မလုပ်ခင်း
စွမ်းအင်အမြန်ရရှိနိုင်ပြီး ကြွက်တက်အောင် ကာကွယ်နိုင်ပါတယ်။

၃။ သင်္ဘောသီး... မနက်ခင်း ဗိုက်ထဲ အစာရှိခင်း
အစာခြေနှစ်ကို အတော်အကိုးပြုပြီး လေပြုတာ သက်သာနိုင်ပါတယ်။

၄။ လိမ္မော်သီး...မနက်ခင်း ဒါမှုမဟုတ် နေ့လယ်
အအေးနှင့်တွေ့မှာ ဗီတာမင် C ကို အနာကိုယ်က စုပ်ယူမှု အကောင်းဆုံးပါ။

၅။ ဖရဲသီး...မနက်ခင်း
ရေဓာတ်ပါဝင်မှု အလွန်များပြုပြီး နေ့တစ်နေ့ရဲ့ ဓာတ်တိုးပြောင်းလဲမှုကို အစပြုနှင့် ပိုမို
လွယ်ကူစေကောင်းပါ။

၆။ ဘယ်ရီသီး... မနက်ဒါမှုမဟုတ် နေ့ခင်း
ဇီဝဖြစ်စဉ် တက်ကြွနေတဲ့ အချိန်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းရဲ့ လုပ်အားက
အကောင်းဆုံးဖြစ်တာကောင်းပါ။

၇။ နာနတ်သီး... အစာစားပြီး
ပရိုတင်းကို ချေဖျက်စွဲ ကူညီနိုင်တာကောင်းပါ။

၈။ သရက်သီး...နေ့လယ်နေ့ခင်း
ကယ်လိုရီများတဲ့ သစ်သီးဖြစ်တဲ့အတွက် အစာခြေနှင့် သန်မတဲ့အချိန်မှာ စား
သုံးတာက အကောင်းဆုံးပါ။

#ခရက်တစ်

#ကျန်းမာရေး

11/03/2026

Natrol Melatonin 250 tabs အသစ်​တွေ ​ရောက်ပါတယ်...🛀

11/03/2026

👉Hydroxyapatite

သွေးလွှတ်ကြောတွေ ပိတ်ဆို့ကုန်သည့် နံရံမှာ တည်နေသည့် ကျောက်အမျိုးအစား ဖြစ်ပါတယ်။
အံ့ဩဖို့ကောင်းလှပါတယ်။

အမျိုးအစားအနေနဲ့က —-
Calcium phosphate in the form of hydroxyapatite ဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က အခုလို ဒြဗ်မျိုးဟာ အရိုးမှာရှိနေတဲ့ အရိုးကို မာကြောစေတဲ့ ဒြဗ်နဲ့ အတူတူပဲ ဖြစ်နေပါတယ်။
A crystalline mineral similar to bone.

Hydroxyapatite အကြောင်း အဓိက သိသင့်သောအချက်အလက်များ —-

တည်ဆောက်မှု အနေနဲ့ = calcium, phosphate, and hydroxide ions ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။

ဆောင်ရွက်သည့်ကိစ္စ = သဘာဝအားဖြင့် သွားနဲ့ အရိုးကို အားရှိစေ၊ တောင့်တင်းစေသည့် ဒြဗ် ဖြစ်ပါတယ်။

သွားဘက်ဆိုင်ရာ အနေနဲ့ သွားတိုက်ဆေးထဲမှာ သွားရဲ့ ကြွေဓာတ်ကို ပြန်ပြီး သတ္တုဓာတ်တွေနဲ့ ပြန်လည်ဖြည့်စီးပေးရန် အသုံးပြုပါတယ်။

ခန္ဓာကိုယ်ကြီးက
“One unified metabolic natural system” ဖြစ်နေတာကြောင့် အံ့ဩဖို့ကောင်းလှပါတယ်။

“တစ်ခုတည်းသော မက်တာဘောလစ် ဂေဟစနစ်”
Metabolic = ဇီဝကမ္မဖြစ်စဉ်
Ecosystem = ဂေဟစနစ်

👉Zoom session မှာ အသေးစိတ်ပါမယ်။

သွေးကြောပိတ်ဆို့စ ပြုနေသူတွေ / ပိတ်လို့ ကုသမှု ယူနေသူတွေ ဘာတွေ ရှောင်သင့်သလဲဆိုတာကို ဦးတည် ပြီး လေ့လာကြည့်ကြပါမယ်။

👉Zoom session နားမထောင်လိုက်ရသောမိတ်ဆွေများအတွက် ——

သွေးကြောနံရံ ကျောက်တည်ရာမှာ တွေ့လေ့ရှိသည့် ဖန်ကျောက်က
Hydroxyapatite (Ca₁₀(PO₄)₆(OH)₂) ဖြစ်ပါတယ်။
အရိုးမှာ ရှိနေတဲ့ သတ္တုဓာတ်နဲ့ အတူတူပါပဲ။

Calcium + Phosphate + Hydroxyl group
Calcium တစ်မျိုးတည်း မဟုတ်ဘူး ဆိုတာကို သတိပြုစေချင်ပါတယ်။

ဒါဆိုရင် Phosphate တွေက ဘယ်ကလာနေတာပါသလဲ?

1️⃣ Dietary Phosphate (The Biggest Source )
Processed meats (sausages, deli meats)
Cola beverages (phosphoric acid) အချိုရည်ဘူးတွေ
Fast food
Packaged processed foods (phosphate additives)
Baking powders with phosphate
Industrial food preservatives

Phosphate additives are highly absorbable (90–100%), much more than natural food phosphate.
စက်ရုံထုတ် ပြုပြင်ပြီး အစားအသောက်မှာ ပါနေတဲ့ Phosphate တွေဟာ သဘာဝအားဖြင့် အစားအသောက်တွေမှာ ပါနေတဲ့ Phosphate တွေထက် အူမှ စုတ်ယူအား အလွန်ကောင်းပါတယ်။
ခေတ်မီတိုးတက် နေတဲ့ခေတ်မှာ Phosphate တွေ ရလာနိုင်သည့် မူရင်း source ဖြစ်ပါတယ်။

2️⃣ Natural Food Phosphate
သဘာဝအစားအသောက်တွေမှာလဲ Phosphate ဓာတ်က ရှိနေပါတယ်။
• Meat
• Eggs
• Dairy
• Nuts
• Grains
အူမှ ဖြေးဖြေး နဲ့ အနည်းအကျဉ်းသာ စုတ်ယူပါတယ်။

3️⃣ Kidney Function and Phosphate Retention
ကျောက်ကပ် လုပ်ဆောင်မှု ကျဆင်းသည့်အခါ Phosphate တွေကို ဆီးထဲမှ ထုတ်ပစ်နိုင်စွမ်း ကျဆင်းနေတတ်ပါတယ်။

အသက်ကြီးလာသည့်အခါ
Insulin ယဉ်ပါးမှု ဖြစ်သည့်အခါ
Metabolic syndrome ဖြစ်နေသည့်အခါ
သွေးထဲမှာ Phosphate ဓာတ် တက်လာပါတယ်
သွေးကြောနံရံ ကျောက်တည်နိုင်ချေ ရှိလာပါတယ်။

4️⃣ Cellular Injury Releases Phosphate
ကလာပ်သည်းတွေ ပျက်စီးယိုယွင်းသည့်အခါ
Phosphate တွေ ထွက်လာပြန်ပါတယ်။

5️⃣ Bone–Vessel Crosstalk
စိတ်ဝင်စားဖို့ကောင်းသည့်အချက်ကတော့ —
သွေးကြောနံရံကလာပ်စည်းတွေဟာ အခြေအနေအလိုက် အရိုးကလာပ်စည်းတွေကဲ့သို့
Osteocalcin
Bone matrix proteins
Hydroxyapatite crystals တို့ကို ထုတ်လုပ်လာနိုင်ပါတယ်။
သွေးကြောနံရံ မာကြောကျစ်လစ်လာရခြင်းရဲ့ အဓိကအကြောင်းတစ်ပါး ဖြစ်ပါတယ်။

Inflammation သွေးကြောနံရံ ရောင်ကိုင်းခြင်း
High phosphate level Phosphate ပမာဏ များနေခြင်း
Vitamin K deficiency Vitamin K လျော့နည်းနေခြင်း

6️⃣ What About Oxalates?
Oxalates တွေကတော့ရော?
သွေးကြောနံရံ ကျစ်လစ်မာကြောခြင်းဟာ အဓိက အားဖြင့် Phosphate တွေကြောင့် ဖြစ်ပါတယ်။
Oxalates တွေက အနည်းအကျဉ်းလောက်ပါပဲ။

🔬 The Bigger Picture
မြင်ကွင်းကျယ်အနေနဲ့ကတော့ —-
Calcium + Phosphate + Inflammation + Cellular injury
→ Hydroxyapatite deposition
→ Calcified plaque

Phosphate excess + metabolic dysfunction is often the silent driver

🧠 Root Cause Map အခြေခံအကြောင်းတရား
Insulin resistance Insulin ယဉ်ပါးခြင်း
→ Inflammation ရောင်ကိုင်းခြင်း
→ Cellular injury ကလာပ်စည်းများ ယိုယွင်းခြင်း
→ Phosphate release Phosphate တွေ ထွက်လာခြင်း
→ Vascular smooth muscle transformation သွေးကြောနံရံ ကလာပ်စည်းတွေက အရိုးကလာပ်စည်းတွေကဲ့သို့ hydroxyapatite ထုတ်လုပ်နိုင်ခြင်း
calcification ကျောက်တည်ခြင်းတို့ ဖြစ်ပါတယ်။

Crt to Dr. ​ဒေါ်ခင်နွယ်ဝင်း

10/03/2026

🧚‍♀️လှုပ်လှုပ်ရှားရှားနဲ့ တက်ကြွတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ဖို့ဆိုရင် အရိုးအဆစ်တွေ ကျန်းမာနေဖို့က အဓိကပါပဲ။ ခေတ်မီတဲ့ လူနေမှုပုံစံမှာ အချိန်ကုန်သက်သာပြီး ထိရောက်မှုရှိတဲ့ အထောက်အပံ့ကောင်းကို ရှာနေပါသလား?
⛳️​Move Free Ultra Triple Action က သင့်အတွက် အကောင်းဆုံး အဖော်မွန်ဖြစ်လာမှာပါ။
💌​ဘာကြောင့် Move Free Ultra ကို ရွေးချယ်သင့်သလဲ?
​UC-II® Type II Collagen: အရိုးအဆစ်တွေရဲ့ ကြံ့ခိုင်မှုကို အထူးအားဖြည့်ပေးပါတယ်။
​Boron: အရိုးထုထည်သိပ်သည်းဆကို ထိန်းညှိပေးပြီး ဗီတာမင် D နဲ့ ကယ်လ်စီယမ် စုပ်ယူမှုကို ကူညီပေးပါတယ်။
​Hyaluronic Acid: အဆစ်အမြစ်များကြား ချောမွေ့စွာ လှုပ်ရှားနိုင်ဖို့ အားဖြည့်ပေးပါတယ်။
​ထူးခြားချက်
​✅ Tiny Tablet: သောက်ရခက်တဲ့ ဆေးလုံးကြီးတွေအစား သေးငယ်ပြီး သောက်ရလွယ်ကူတဲ့ Tablet ပုံစံပါ။
✅ Triple Action: အဆစ်၊ အရိုးနု နဲ့ အရိုး အားလုံးကို တစ်ပြိုင်နက် ထောက်ပံ့ပေးတာပါ။
✅ Efficiency: တစ်နေ့ကို တစ်လုံးတည်း သောက်ရုံနဲ့တင် လုံလောက်တဲ့ အာနိသင်ကို ပေးစွမ်းနိုင်ပါတယ်။
​"ကျန်းမာတဲ့ လှုပ်ရှားမှုက ပျော်ရွှင်တဲ့ ဘဝကို ဖန်တီးပေးပါတယ်။"
​မိမိကိုယ်တိုင်အတွက်ဖြစ်စေ၊ ချစ်ခင်ရတဲ့ မိဘဘိုးဘွားတွေအတွက်ဖြစ်စေ ယုံကြည်စိတ်ချစွာ ရွေးချယ်နိုင်ပါတယ်။
​📩 အသေးစိတ် သိရှိလိုပါက Chat Box တွင် မေးမြန်းနိုင်သလို ဖုန်းဖြင့်လည်း ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ။
​မှတ်ချက်။ ။ ဤသည်မှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ရောဂါကုသရန်အတွက် ရည်ရွယ်ထားသော ဆေးဝါးမဟုတ်ဘဲ ဖြည့်စွက်စာအဖြစ်သာ အသုံးပြုရန်ဖြစ်သည်။ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နှင့် ရောဂါအခံရှိသူများ ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါသည်။
​






ဖြည့်စွက်စာ မှာလို့ ရပါပြီ...🛵

ပုံကြည့် မှာချင်သူများ အတွက်
Tik tok 👉

09/03/2026

🌟 လူတိုင်းအတွက် မရှိမဖြစ်
👉Magnesium Citrate (250 mg) 🌟
​တစ်နေ့တာလုံး လန်းဆန်းတက်ကြွပြီး ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်ဖို့ Magnesium က အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာ သင်သိပါသလား?
👉Nature Made Magnesium Citrate က သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရကို အထိရောက်ဆုံး ဖြည့်ဆည်းပေးမှာပါ။

​✅ Magnesium Citrate ရဲ့ ကောင်းကျိုးများ
​ကြွက်သားများကို ပြေလျော့စေခြင်း: ကြွက်တက်တာ၊ ကြွက်သားတွေ တောင့်တင်းတာတွေကို သက်သာစေပြီး အကြောပြေစေပါတယ်။
​နှလုံးနှင့် အာရုံကြော ကျန်းမာရေး: နှလုံးခုန်နှုန်းကို မှန်ကန်စေပြီး အာရုံကြောစနစ်ကို ကောင်းမွန်စွာ အလုပ်လုပ်စေပါတယ်။
​အရိုးများကို သန်မာစေခြင်း: Calcium စုပ်ယူမှုကို အားပေးလို့ အရိုးနဲ့ သွားတွေကို ပိုမိုခိုင်မာစေပါတယ်။
​စွမ်းအင်တိုးပွားစေခြင်း: ခန္ဓာကိုယ်ရဲ့ ဓာတုဖြစ်စဉ် (Enzymatic Reactions) ၃၀၀ ကျော်မှာ ပါဝင်ကူညီပေးလို့ တစ်နေ့တာကို လန်းဆန်းစေပါတယ်။
​High Absorption: Citrate ပုံစံဖြစ်လို့ ခန္ဓာကိုယ်က စုပ်ယူရလွယ်ကူပြီး ထိရောက်မှု မြန်ဆန်ပါတယ်...

​💊 အသုံးပြုပုံ (Directions for Use)
​တစ်နေ့လျှင် (၂) လုံး သောက်သုံးပေးရန် ဖြစ်ပါတယ်...
💊အလုံး ၁၈၀ ပါတာမို့ တွက်​ချေ ကိုက်ပါတယ်...
​အစာနှင့်အတူ သို့မဟုတ် ရေတစ်ဖန်ခွက်ဖြင့် သောက်ပေးတာက အကောင်းဆုံးပါ။
​💡 ဘယ်သူတွေ သောက်သင့်သလဲ?
​ကြွက်သားတွေ ခဏခဏ နာကျင်တတ်သူများ...
​အိပ်မပျော်တာ ဒါမှမဟုတ် စိတ်ဖိစီးမှု များနေသူများ...
​နှလုံးနဲ့ အရိုးကျန်းမာရေးကို ကြိုတင်ကာကွယ်ချင်သူများ...
​⚠️ မှတ်ချက်: ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များနှင့် နာတာရှည်ရောဂါရှိသူများ ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါသည်...

🧚‍♀️​ကိုယ်တိုင်အတွက်ဖြစ်စေ၊
💌ချစ်ရတဲ့သူတွေအတွက် လက်ဆောင်ပေးဖို့ဖြစ်စေ

💌Nature Made Magnesium Citrate ကို အခုပဲ မှာယူလိုက်ပါ! 🛒✨

ပုံ​တွေ ကြည့်လိုရင် tik tok မှာ ကြည့်ရှူ့ အား​ပေးပါ 👇


​

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00