Royal Princess USA Brand Shop
100% Authentic USA Brand ပစ္စည်းများအား ဈေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူနိုင်ပါသည်။
30/09/2025
မျက်နှာတစ်ခြမ်းရွဲ့ခြင်းကို သဘာဝဆေးဝါးများ၊ ဖြည့်စွက်ဆေးဝါးများဖြင့် ကုသခြင်း
(၁) အိုမီဂါ-၃ ဖက်တီးအက်ဆစ် (Omega-3 fatty acids)
အိုမီဂါ-၃ တွင် အရောင်ကျစေသောအာနိသင်နှင့် ခန္ဓာကိုယ်ခုခံအားကို ထိန်းညှိပေးသော အာနိသင်တို့ပါရှိပါသည်။ အဆိုပါအာနိသင်များက အာရုံကြောထိခိုက်မှုများ၊ ရောင်ရမ်းမှုများကို သက်သာစေသည့်အပြင် မျက်နှာအာရုံကြောကို ပြန်လည်ကောင်းမွန်စေရန် အထောက်အကူပေးနိုင်ပါသည်။ အိုမီဂါ-၃ ကို ငါးကြီးဆီမှ ရရှိနိုင်သလို့ အပင်ထွက် အိုမီဂါ-၃ အဖြစ် နှမ်းကြတ်စေ့ဆီ (Flaxseed oil)၊ သစ်ကြားသီး (Walnuts) စသော အစေ့အဆံများတွင်လည်း တွေ့ရသည်။ ဖြည့်စွက်ဆေးဝါးအနေနှင့် အိုမီဂါ-၃ ကို အိုမီဂါ-၆၊ အိုမီဂါ-၉ တို့နှင့် အချိုးကျပေါင်းစပ်ထားသော ဆေးဝါးများကိုလည်း ပုံမှန်မှီဝဲပေးနိုင်ပါသည်။
(၂) ကမ္ဘာဦးပင် (Ginkgo biloba)
ကမ္ဘာဦးပင်၏အရွက်သည် အာရုံကြောကျန်းမာရေးအတွက် အလွန်အစွမ်းထက်သည်။ အာရုံကြောများကို ကာကွယ်ပေးသောအာနိသင်၊ အာရုံကြောရောင်ရမ်းမှုကို ကျဆင်းစေသော အာနိသင်နှင့် အာရုံကြောထိခိုက်မှုများကို ပြန်လည် ပြုပြင်ပေးနိုင်သောအာနိသင်များရှိကြောင်းတွေ့ရသည်။ ထို့ကြောင့် မျက်နှာတစ်ခြမ်းရွဲ့ခြင်းဖြစ်စဉ်တွင် သေချာပေါက်အကျိုးပြုနိုင်ပါသည်။
(၃) နနွင်း/ကာကူမင် (Turmeric/curcumin)
မျက်နှာတစ်ခြမ်းရွဲ့ခြင်းသည် မျက်နှာအာရုံကြော ရောင်ရမ်းမှုနှင့် ဆက်စပ်ကြောင်း ယခင် post များတွင် ဖော်ပြပြီးဖြစ်ပါသည်။ နနွင်းနှင့် နနွင်းတွင်ပါဝင်သော ဆေးဖက်ဝင်ဒြပ်ပေါင်း ကာကူမင်သည် ရောင်ရမ်းမှုကြောင့် ဖြစ်ရသော အာရုံကြောထိခိုက်မှုကို သက်သာစေသည်။ ထို့ကြောင့် နနွင်း/ကာကူမင်သည် မျက်နှာတစ်ခြမ်းရွဲ့ခြင်းကို သက်သာအောင် ကူညီပေးနိုင်ပါသည်။
(၄) လက်ဖက်စိမ်းနှင့် အီးဂျီစီဂျီ (Green tea and EGCG)
လက်ဖက်စိမ်းနှင့် ပါဝင်သော အဓိကဆေးဖက်ဝင်ဒြပ်ပေါင်း အီးဂျီစီဂျီတို့တွင် ဓာတ်တိုးဆန့်ကျင်အာနိသင်နှင့် အရောင်ကျစေသော အာနိသင်တို့ပါရှိသည်။ ထို့ပြင် အာရုံကြောစနစ်ကို ဖွံ့ဖြိုးစေသော Brain-derived neurotrophic factor (BDNF) ကိုလည်း ထွက်လာအောင်လှုံ့ဆော်ပေးနိုင်သည်။ ထို့ကြောင့် အာရုံကြောရောဂါများနှင့် မျက်နှာတစ်ခြမ်းရွဲ့ခြင်းတို့ကို သက်သာစေနိုင်သည်။
(၅) ဗီတာမင် ဘီအုပ်စုဝင်များ
ဗီတာမင် ဘီအုပ်စုဝင်များအနက် ဗီတာမင် ဘီ-၁၂ (Vitamin B12/ Methyl cobalamin) နှင့် ဗီတာမင် ဘီ-၃ (Niacin) တို့သည်လည်း မျက်နှာတစ်ခြမ်းရွဲ့သော လူနာများကို သက်သာစေနိုင်သည်။ ဗီတာမင် ဘီ-၁၂ သည် အာရုံကြောကျန်းမာရေးနှင့် အာရုံကြောများအလုပ်ကောင်းကောင်းလုပ်စေရန် မရှိမဖြစ် အရေးပါသည်။ နိုင်င်ယာစင်ခေါ် ဗီတာမင် ဘီ-၃ သည်လည်း အာရုံကြောကို ထောက်ပံ့ပေးသော သွေးကြောများကို ကျယ်စေခြင်းဖြင့် အာရုံကြောသို့ သွေးရောက်ရှိမှုကို ကောင်းမွန်စေသည်။
(၆) အဆီတိုင်း-အယ်လ်-ကာနတင်း (Acetyl-L-carnitine)
အဆီတိုင်း-အယ်လ်-ကာနတင်းသည် အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်ပြီး ဆဲလ်အတွင် စွမ်းအင်ထုတ်လုပ်ပေးသော မိုင်တိုခွန်ဒရိယ အတွင်းသို့ ဖက်တီးအက်ဆစ်များကို ပို့ဆောင်ပေးသည်။ အဆီတိုင်း-အယ်လ်-ကာနတင်းတွင် အာရုံကြောထိခိုက်မှုများမှ ကာကွယ်ပေးသော အာနိသင်နှင့် အရောင်ကျစေသော အာနိသင်များပါဝင်သည်။
(၇) အခြားဖြည့်စွက်ဆေးဝါးများ
နွယ်ချို (Licorice)၊ ဇင့် (Zinc)၊ လိုင်စင်း (Lysine)၊ လင်ဇီးမှို (Ganoderma lucidum) တို့သည်လည်း ဗိုင်းရပ်စ်ပိုးကူးစက်မှုနှင့် ဆက်စပ်သော မျက်နှာတစ်ခြမ်းရွဲ့ခြင်း (Bell’s palsy) တွင် အရေးပါသည်။ အဆိုပါ ဆေးဝါးများ၌ ဗိုင်းရပ်စ်ပိုးများကိုနှိမ်နင်းနိုင်သောအာနိသင်၊ အရောင်ကျစေသော အာနိသင်နှင့် ခန္ဓာကိုယ်ခုခံအားကို ထိန်းညှိပေးသော အာနိသင်တို့ ပါဝင်သောကြောင့်ဖြစ်ပါသည်။
ဒေါက်တာခင်မောင်လွင် (FAME)
References:
https://www.lifeextension.com/protocols/neurological/bells-palsy
https://www.regenerativenutrition.com/natural-supplements-cure-bells-palsy.asp
https://www.naturalherbsclinic.com/product/bells-palsy/
https://healthfully.com/vitamin-b12-treatment-for-bells-palsy-7450974.html
🍃ဆရာမကြီး ပြောပြသည့် Autoimmune ရောဂါတွေအကြောင်း အပိုင်း ၁၊ ၂၊ ၃ အနှစ်ချုပ်
✨အပိုင်း (၁) အစာလမ်းကြောင်း
၁။ (က) Oral lichen planus ဆိုတာ ခံတွင်း ရဲ့အပေါ်ဆုံးလွှာ mucous membranes အလွှာဟာ နာတာရှည် အမြဲရောင်ကိုင်းနေတာဖြစ်တယ်။
ခံတွင်း သွားဖုံးတို့မှာ အဖြူရောင်အကွက်၊ နီပြီးရောင်နေခြင်း၊ အနာတွေ တွေ့ရတတ်ပါတယ်။ ပူပြီး စပ်နေတတ်တယ်။ နာနေတတ်တယ်။ အစပ် လုံးဝ မစားနိုင်တော့၊ ဖြစ်တတ်ပါတယ်။ (အရင်က အစပ်စားနိုင်ပြီး နောက်ပိုင်း အစပ် လုံးဝ မစားနိုင်တော့သူများ ရှိတယ်နော်)
(ခ) Sjögren Syndrome
မျက်စိတွေ ခြောက်နေမယ်၊ အသားတွေ ခြောက်မယ်၊ ခံတွင်းလဲ ခြောက်ပြီပေါ့။ အင်မတန် နေလို့ထိုင်လို့ ခက်တဲ့ အခြေအနေတရပ်ပါ။ မျက်စိခြောက်ရင် မျက်စဉ်းတွေ ခပ်ကြရပါတယ်။ (မပျောက်ပါဘူး၊ ခေတ္တ သက်သာရုံဘဲ ရှိပါတယ်)။ ပါးစပ်ခြောက်နေရင်လဲ နေရတာ ခက်တဲ့အပြင် အစာစားလဲ အဆင်မပြေတော့ပါ။ အသားခြောက်ရင်လဲ နေရခက်တဲ့အပြင် ဘာ lotion, cream လိမ်းလိမ်း ခဏဘဲ ရပါတယ်။ ယားယံ နေတတ်ပါတယ်။
(ဂ) Behcet's disease, also called Behcet's syndrome
သွေးကြောတွေ ရောင်ကိုင်းခြင်းဖြစ်တယ်။ ခံတွင်းထဲမှာ အနာတွေ အများကြီး ရှိနေတတ်တယ်။ မျက်လုံးနီပြီး ရောင်နေတတ်တယ်။ မျက်လုံးအဖြူပိုင်း နီရဲပြီး သွေးကြောပေါက်နေသကဲ့သို့ အနီပြင်ကြီး ဖြစ်နေတာ ဖြစ်တယ်။ Autoimmune process ကြောင့် သွေးကြောရောင်ပြီး ပေါက်တာ ဖြစ်တယ်။ အရေပြားလဲ အဖုအပိန့် ထွက်တတ်တယ်။ မ/ကျား အင်္ဂါတွေမှာလဲ အနာတွေ ရှိနေတတ်တယ်။
၂။ အစာမျိုလမ်းကြောင်း (esophagus) မှာ ဖြစ်ရင်
အစာသီးတတ်တယ်။ ရင်ဘတ်နာတယ် အထူးသဖြင့် အစာစားပြီးရင် ခါးနာ၊ ဂုတ်နဲ့ လက်မောင်း နာတတ်ပါတယ်။ ချောင်းဆိုးတယ်၊ အဖတ်၊ အရည် မြိုချရ ခက်တယ်၊ ရင်ပူတယ်၊ ကိုယ်အလေးချိန်ကျနေတတ်တယ်။
✨အပိုင်း(၂) အစာအိမ် (stomach)
Autoimmune gastritis, Pernicious anemia
၁။ အစာကောင်းကောင်း မချေနိုင်တော့ပါ အထူးသဖြင့်အသားတွေပါဘဲ။
၂။ အသားမှာ ပါနေတဲ့ Vitamin B12 လဲ ကောင်းကောင်း မရနိုင်တော့ပါ။
B12 deficiency and pernicious anemia က တော့ ရလာဘ်ပါဘဲ။ သွေးအားနည်းခြင်းပါ။
Vitamin B12 အားနည်းနေလို့ ဖြစ်လာတဲ့ သွေးအားနည်းနေခြင်းကို Pernicious anemia လို့ခေါ်ပါတယ်။
✨အပိုင်း (၃) အူလမ်းကြောင်း
(က) Celiac Disease
အစာစားပြီးရင် မအီမလည် ဖြစ်နေခြင်း၊ ဝမ်းလျောခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းက ဖြူဖတ်ဖြူရော်ဖြစ်နေတတ်၊ အနံ့ပြင်း၊ ဆီတွေလဲ ဝေ့နေတတ်ပါတယ်။
အချို့လူတွေမှာ သွေးအားနည်းခြင်း၊ နွမ်းလျခြင်း၊ ကျီးပေါင်းတက်ခြင်း(arthritis)၊ ကလေးမရနိုင်၊ ကိုယ်ဝန်ပျက်ကျတတ်၊ ရာသီမမှန်၊ စိတ်ဓာတ်ကျဆင်းခြင်း၊ စိတ်ပူပန်မှုများခြင်း၊ တက်တတ်ခြင်း၊ ပါးစပ်ထဲမှာအနာများပေါက်ခြင်း၊ အရိုးပါးခြင်း၊ အရေပြားမှာ ယားယံ၊ အရည်ကြည်ဖုများ ပေါက်ပြီး နီရဲနေတတ်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ လက်ထိပ် ခြေထိပ် ထုံကျင်နေတတ်ခြင်းတွေ ဖြစ်တတ်ပါတယ်။
ဒီလူတွေဟာ ရောဂါပျောက်ချင် သက်သာချင်တယ်ဆိုရင် gluten ကို ရှောင်ရပါလိမ့်မယ်။ နာတာရှည်အနေနဲ့ နှစ်ပေါင်းများစွာ ဖြစ်နေမယ်ဆိုရင် အူသိမ်မှာရှိတဲ့ ပြန်ရည်ကြောကင်ဆာ Intestinal lymphoma ဖြစ်နိုင်ခြေ ရှိပါတယ်။ Gluten ကို လုံးဝ ရှောင်နိုင်မယ်ဆိုရင် ကင်ဆာဖြစ်လာခြင်းမှ ရှောင်ကြဉ် နိုင်ပါလိမ့်မယ်လို့ ဆိုပါတယ်။
ဒီလိုဖြစ်နေကြတဲ့ လူနာတွေဟာ အာဟာရဓာတ်တွေချို့တဲ့နေတတ်တာမို့ ပြန်ဖြည့်စွက်ပေးဖို့လိုနေပါတယ်။
ပြန်လည် ဖြည့်ပေးသင့်တဲ့ ဓာတ်တွေကတော့
1. Calcium
2. Vitamin B12
3. Folate
4. Vitamin A
5. Vitamin E
6. Vitamin D
7. Vitamin K
“အရေးကြီးတဲ့အချက်ကတော့ Gluten free supplements“တွေကို သတိပြုပြီး သောက်ကြရပါမယ်။
ရောဂါကို ကောင်းမွန်စွာ ထိန်းမထားနိုင်ဘူးဆိုရင်
အာဟာရဓာတ် ချို့တဲ့ခြင်း၊ သွေးအားနည်းခြင်း၊ အရိုးပါးခြင်း၊ ကိုယ်ဝန်မရှိနိုင်ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ အူသိမ်ပြန်ရည်ကြောကင်ဆာ၊ အရေပြားယားယံပြီး အရည်ကြည်ဖုများ ထွက်တတ်ပါတယ်။
(ခ) Crohn's Disease
ဗိုက်နာမယ်၊ ဝမ်းလျောမယ်၊ နွမ်းလျမယ်၊ အချို့လူတွေဆိုရင် “သွေးဝမ်း” ပါတတ်ပါတယ်။ အသက်ငယ်တဲ့အပိုင်းမှာ အဖြစ်များပါတယ် (၁၅နှစ်၊ ၃၅ နှစ်)
(ဂ) Ulcerative Colitis
အူမကြီးမှာလဲ အူမကြီးအတွင်းနံရံ ရောင်ကိုင်းပြီး အနာတွေလဲ ဖြစ်နေတတ်ပါတယ်။ ရောဂါလက္ခဏာတွေက အတူတူလိုပါဘဲ။ သွေးဝမ်းတွေလဲ သွားတတ်ပါတယ်။
အူရောင်နေတာမို့ အာဟာရတွေ စုတ်ယူနိုင်ခြင်း မရှိတာကြောင့် အာဟာရတွေ ချို့တဲ့ ပါတယ်။ အားမရှိ။ အရိုးတွေလဲ အားပျော့ ၊ အားမရှိ တစ်ကိုယ်လုံးလဲ နာနေတတ်ပါတယ်။
-ရှောင်ရမဲ့ အစားအစာတွေကတော့
ပေါင်မုန့်၊ နံပြား၊ ဂျုံခေါက်ဆွဲ၊ ထမင်း၊ ကိတ်မုန့်၊ ဘီစကွတ်မုန့်၊ ရွှေကြည်၊ ပြုပြင်ပြီး အစားအသောက်များ၊ နွားနို့ (ရောဂါပြင်းထန်နေချိန်မှာ အူလမ်းကြောင်း ရောင်ကိုင်းနေတာမို့ အရွက်စိမ်းရည် မသောက်ရသေးပါ။ သောက်မယ်ဆိုရင် အဖတ်တွေ မပါစေရပါ)
-စားသောက်သင့်သော အစားအစာများ
1. အရိုးပြုတ်ရည် အဓိက ဖြစ်ပါတယ်။
2. အရွက်စိမ်းများ ခေတ္တရှောင်ပါ
3. ကြက်ဥနှစ် စားပါ။
4. အုန်းဆီ/MCT oil သောက်၊ Omega3
5. အရေးအကြီးဆုံး က probiotics 60/100 billion per day သက်သာလာရင် ပြန်လျော့ပါ။
6. Vitamin D3 level ကို မြှင့်တင်ပေးဖို့ အလွန်အရေးကြီးပါတယ်။ (70-100 ng/mL)
7. Collagen,
8. vitamin C,
9. Glycine သောက်ဖို့ လိုပါတယ်။ အလွန်အရေးကြီးပါတယ်။
To A Better Health (Dr.Daw Khin Nwe Win)
01/04/2023
သင်္ကြန် အထူး Promotion😍
ချစ်ရတဲ့မိတ်ဟောင်း၊မိတ်သစ်ကာကာလေးအတွက် သင်္ကြန်အထူး Promotion အနေနဲ့ မင်မင်တို့ရဲဲ့ Royal Princess USA Collection မှာ ဝယ်ယူသူတိုင်းကို Discount ပေးမှာမို့ ရရှိနိုင်မည့်Dis Items လေးတွေကို မင်မင်ကနေပုံလေးတွေနဲ့ တင်ပေးလိုက်ပါတယ်ရှင့် ❤
သင်္ကြန်နှစ်ကူးမှာမိသားစုအတွက်ကန်တော့တာဖြစ်ဖြစ်၊မိတ်ဆွေအပေါင်းအသင်းတွေကိုလက်ဆောင်ပေးတာဖြစ်ဖြစ်အဆင်ပြေတာမို့ "Hello "လုပ်လိုက်တာနဲ့အိမ်အထိမင်မင်တို့ကလာရောက်ပို့ပေးမှာပါနော်😇
ကာကာတို့အတွက် ရနိုင်မယ့် "Directly USA Supplements" တွေကို "Royal Princess USA Brand Shop "မှာအခုပဲဝယ်ယူအားပေးလို့ရပါပြီရှင်....
100% (Authentic) 🇱🇷
Phone-09 887 112 452
Viber (or) page messenger မှ ဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်
20/02/2022
" အိုမီခရွန်ကလဲဖြစ်နေကြပြီဆိုတော့အားလုံးဂရုစိုက်သတိထားကြဖို့လိုအပ်ပါတယ်နော်"...
- ကာကာတို့အတွက် ရနိုင်မယ့် "Directly USA Supplements" တွေကို "Royal Princess USA Brand Shop "မှာအခုပဲဝယ်ယူအားပေးလို့
ရပါပြီရှင်....
100% (Authentic) 🇱🇷
☎Phone-09 887 112 452
Viber (or) page messenger မှ ဆက်သွယ်မေးမြန်းမှာယူနိုင်ပါပါတယ်ယ်ရှင်
19/02/2022
🦋Date အသစ်လေးတွေနဲ့ supplement stock တွေရောက်ပါပီ...
🦋ချစ်customer လေးတွေ လိုအပ်ရင် ဆက်သွယ်လို့ရပီနော်...
100% USA 🇺🇸 Authentic
☎️09 887 112 452 (or)
cb please📌
05/02/2022
Omicron ကူးစက်ပါက
1. ဖျားခြင်း ချမ်းတုန်ခြင်း
2. လည်ချောင်းခြောက်ခြင်း /လည်ချောင်း နာ ခြင်း /ချောင်းခြောက်ဆိုးခြင်း
3. ခန္ဓာကိုယ်နဲ့ ကြွက်သားများ ကိုက်ခဲခြင်း
4. မောပန်းနွမ်းနယ်ခြင်း
5. နှာခေါင်းပိတ်ခြင်း /နှာစေးခြင်း
6. ည တွေ အေးမြသောအခန်းတွင်ရှိသော်လည်း ဇောချွေး များ ထွက်ခြင်း
7. အရင် လိုအနံ့အရသာ ပျောက် ခြင်း သိပ်မရှိသောကြောင့် တုပ်ကွေးလက္ခဏာများ နှင့် ဆင်တူပါသဖြင့် မိမိတွင်ကူးစက်မိပါက သတိမထားမိ လျှင် ဆိုးဝါးသော အဆင့်ကို ရောက် သွားနိုင်ပါသဖြင့် လက္ခဏာများအား မိမိကိုယ် တိုင်သံသယဖြစ်လျှင် နီးစပ်ရာ ဆရာဝန်နှင့် စနစ်တကျ စစ်ဆေး ကုသမှုခံယူပါရန်
တိုက်တွန်း အပ်ပါသည်
Crd: Samitivej Hospital
အထက်ပါအချက်များကို မျှဝေပေး သော
ကူးစက်ရောဂါ အထူးကု ဆရာဝန်ကြီး
Dr. On-Umar Banpamaiအား
အထူးပင်ကျေးဇူးတင်ပါသည်
30/01/2022
❤🐯Happy Chinese New Year🐯❤
✨✨✨✨✨✨✨✨✨✨✨✨✨✨
-2022 ရဲ့ကျားနှစ်လေးမှာ ကျန်းမာချမ်းသာပြီးစီးပွားလာဘ်လာဘများဒီရေအလားတိုးတက်ကြီးပွားကြပါစေလို့
"Royal Princess USA Brand Shop "မှဆုမွန်ကောင်းတောင်းပေးပါတယ်ရှင့်....❤
-တရုတ်နှစ်သစ်ကူးအတွက် "Promotion Sale "လေးမှာရနိုင်မည့် Products လေးတွေကိုမင်မင်ကနေပုံလေးတွေနဲ့တကွတင်ပေးလိုက်ပါတယ်နော်❤
100% (Authentic) 🇱🇷
☎Phone-09 887 112 452
Viber (or) page messenger မှ ဆက်သွယ်မေးမြန်းမှာယူနိုင်ပါပါတယ်ယ်ရှင်
15/01/2022
🧡Nature Made Diabetes (USA )💛
ဆီးချိုသမားတွေက သာမာန်လူတွေထက်ပိုပြီး Multivitamins and minerals ပိုပြီးလိုအပ်ပါတယ်နော်...
ဘာလို့လဲဆိုတော့ အဓိကအကြောင်းရင်းက အစားရှောင်ရလို့ပါပဲ...
အစားရှောင်ရတဲ့အတွက် လိုအပ်တဲ့အဟာရဓါတ်တွေ စုံလင်စွာမရနိုင်တော့လူက တခါတလေဆို နုံးချိနွမ်းနယ်နေသလိုခံစားရမယ်...
အာဟာရဓါတ်စုံလင်စွာမရရှိနိုင်တဲ့နောက်ဆက်တွဲကတော့ ကိုယ်ခံအားနည်းသွားပြီး ရောဂါများဖြစ်လွယ်ပြီး ကျန်းမာရေးချူချာနိုင်ပါတယ်..
ရောဂါဖြစ်လာရင်လည်း ပျောက်ဖို့လည်း ကြာတတ်ပါတယ်...
အာဟာရဓါတ်စုံလင်အောင်စားဖို့အတွက်လည်း အစားက ရှောင်ပြီးစားနေရပြန်တော့ လိုအပ်တဲ့အဟာရဓါတ်တွေ စုံလင်စွာပါဝင်တဲ့ USA မှာ ဆီးချိုသမားတွေ သောက်သုံးရန်အတွက် highly recommended ဖြစ်တဲ့
Nature Made Diabetes Packs Multivitamins and Minerals Supplements ကို သောက်သုံးနိုင်ပါတယ်
Nature Made Diabetes Pack တဘူးမှာ အထုပ်သေးလေး အထုပ် ၆၀ ပါပါတယ်...
တစ်နေ့ကို အထုပ်သေး တထုပ် သောက်ရမှာဆိုတော့ ၂လစာသောက်သုံးနိုင်ပါတယ်ရှင်...
အထုပ်သေးတစ်ထုပ်မှာ ဆီးချိုသမားများအတွက် ပြည့်စုံလုံလောက်တဲ့ အဟာရဓါတ်တွေ အပြည့်အစုံပါဝင်တဲ့ ဆေးလုံး ၆လုံး ပါဝင်ပါတယ်...
ပါဝင်တဲ့ဆေးလုံး ၆လုံးအကြောင်း အနည်းငယ်ရှင်းပြပေးထားပါတယ်ရှင့်...
1. အခြားသာမာန်အားဆေးတွေလိုပဲ လူတယောက်မှာ လိုအပ်တဲ့ အဟာရဓါတ်တွေစုံလင်စွာပါဝင်တဲ့ Multivitamin and minerals
2. ဒုတိယတလုံးကတော့ ငါးကြီးဆီပါ... အသက်ရှည်လိုတဲ့ -မည်သူမဆို ငါးကြီးဆီစားသင့်တယ်ဆိုတာ ဟိုးရှေးယခင်တည်းက ကျွန်မတို့တွေ နားလည်ခဲ့ကြပြီးသားပါ..
-ငါးကြီးဆီက ကော်လစထရော ကို ကောင်းမွန်အောင်ထိန်းသိမ်းပေးပြီး နှလုံးရောဂါ မဖြစ်အောင်ကာကွယ်ပေးပါတယ်..
-ဒါပေမယ့် ဒီ Nature Made Diabetes packs မှာ ပါဝင်တဲ့ ငါးကြီးဆီက Vitamin D3 ပါ ပါဝင်ပြီးသားဖြစ်နေတာက ထူးခြားချက်တခုပါ...
-Vitamin D3 ဆိုတာ လူတယောက်ရဲ့ ရောဂါတွေကိုခုခံနိုင်စေနဲ့ မရှိမဖြစ် ဗီတာမင်တွေထဲက အရေးပါဆုံးတစ်ခုပါ...😇
- ဒါ့အပြင် Vitamin D3 က အရိုးများသန်မာစေဖို့လည်း လုပ်ဆောင်ပေးပါသေးတယ်...
3. တတိယဆေးတလုံးကတော့ Magnesium ပါ..
-ယခင်ကလူသိသိပ်မများသော်လည်း ယခုအခါမှာ 0% magnesium ဆိုတာ ရုတ်တရက်သေဆုံးခြင်းတွေထဲက အကြောင်းရင်းတခုဆိုတာ လူသိများလာတဲ့နောက်မှာ အလွန်တရာမှ အရေးပါတဲ့အဟာရဓါတ်တစ်ခုဆိုတာ လက်ခံလာကြပါပြီ...
-Magnesium ဓါတ်ဟာဆိုရင် ကိုယ်ခန္ဓာတစ်ခုလုံးမှာရှိတဲ့ အာရုံကြော ကြွက်သား နှလုံးများ မှန်ကန်စွာလုပ်ဆောင်နိုင်စေဖို့ ပံ့ပိုးပေးတဲ့ အဟာရဓါတ် ဖြစ်ပါတယ်...
-Magnesium ဆိုတာ ကိုယ်ခန္ဓာတခုလုံးအတွက် လုပ်ဆောင်ချက်ပေါင်း ၃၀၀ ကျော် လုပ်ဆောင်ပေးနေရတဲ့အရေးကြီးဆုံးအဟာရဓါတ်တခုပါနော်
4. ကိုယ်ခံအားအတွက် အရေးအပါဆုံး အဟာရဓါတ်တခုဖြစ်တဲ့ Vitamin C
5. Alpha Lipoic Acid with Green Tea -ဆီးချိုရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်ပေးမယ့် မရှိမဖြစ်ကတော့ Alpha Lipoic Acid ပါ...
-ကိုယ်ခန္ဓာဇီဝဖြစ်စဉ်တွေကိုဂပျက်ဆီးစေတဲ့ free radicals တွေကို တိုက်ထုတ်နိုင်ဖို့ antioxidant ဖြစ်တဲ့ green tea က ကင်ဆာ ကာကွယ်ပြီးအိုမင်းရင့်ရော်မှာနှေးကွေးစေပါတယ်
6. နောက်ဆုံးတလုံးကတော့ Chromium ပါ..
-Chromium ဟာဆိုရင် ဆီးချိုသမားတွေအကြောက်ဆုံးဖြစ်ရတဲ့ ကာဗိုဟိုက်ဒရိတ်ကို ဖြိုခွဲနိုင်ဖို့ metabolism ကို အမြင့်ဆုံးအထောက်အပံ့ပေးနိုင်တဲ့အတွက် သင့်ရဲ့ glucose level ကို အကောင်းဆုံး ထိန်းညှိပေးထားနိုင်မှာဖြစ်ပါတယ်
ဒီလိုပြည့်စုံကောင်းမွန်စွာ ဖန်တီးထုတ်လုပ်ထားတဲ့ Nature Made Diabetes pack ကို ဆီးချိုရှိနေပြီးသားသူများသာမက ဆီးချိုဖြစ်စပြုနေတဲ့သူတွေပါ သောက်သုံးနိုင်ပါတယ်နော်...
ဆီးချိုသမားများအတွက် ပိုမိုကျန်းမာတဲ့ result ရရှိနိုင်မှာဖြစ်သလို ဆီးချိုဖြစ်စပြုနေသူများလည်း ပိုမိုဆိုးဝါးတဲ့ result မျိုးမဖြစ်ရအောင် hold ထားနိုင်မှာဖြစ်တဲ့အတွက် Nature Made Diabetes pack ကို ဒီနေ့ပဲ စမ်းသောက်ကြည့်လိုက်ရအောင်....
Authentic (100%) 🇱🇷
Phone-09 887 112 452
viber(or)page messenger မှာဆက်သွယ် မေးမြန်း မှာယူနိုင်ပါတယ်ရှင်။
25/12/2021
🎄Christmas & New Year အတွက်🎄
Promotion Sale လေးတွေရှိတာမို့ အမြန်ဆုံးလိုချင်တာလေးတွေမေးပြီးဝယ်ယူအားပေးလို့ရပါပြီရှင့်❤
100% (Authentic) 🇱🇷
☎Phone-09 887 112 452
Viber (or) page messenger မှ ဆက်သွယ်မေးမြန်းမှာယူနိုင်ပါပါတယ်ယ်ရှင်
24/12/2021
❤Merry Christmas for Sale ❤
1ဗူး ကိုအလုံး (60)ပါပြီး 19000ks နဲ့ရမည့်
Goli လေး
Expireလည်းဝေးတာမို့တန်တန်လေးရဖို့မြန်မြန်လေးဝယ်ထားလိုက်တော့နော်❤
Goli(Apple Cider Vinegar Gummy) ၏အကျိုးကျေးဇူးများ...
ခန္ဓာကိုယ်ရဲ့ Immune Function ကို ထောက်ပံ့ပေးခြင်း...
ကောင်းမွန်တဲ့အစာအိမ်နဲ့အူကျန်းမာရေးကို ထောက်ပံ့ပေးနိုင်ပြီးဝမ်းမှန်စေခြင်း...
ခန္ဓာကိုယ်အတွက်လိုအပ်တဲ့(Energy)တွေကိုလည်းထုတ်လုပ်ပေးပြီး နှလုံးကျန်းမာရေးအတွက်လည်းအထူးကောင်းမွန်တဲ့အပြင်
ကိုယ်အလေးချိန်ကိုထိန်းညှိ့ပေးရုံမကအစားစာချင်စိတ်ကိုလည်းထိန်းပေးထားနိုင်တဲ့အတွက်...
ခန္ဓာကိုယ်အတွင်းကျန်းမာလှပပြီး အသားအရေစိုပြေလာမယ့်အပြင်
အစားအသောက်ရှောင်စရာမလို အဆီပိုမရှိ Side Effects မရှိပဲ ...Goli ရဲ့ချစ်စရာ Gummy လုံးလေးတွေကို တစ်နေ့သုံးကြိမ်နဲ့ တစ်ခါစား(2)လုံး အစာနှင့်စားရုံနဲ့ ...သိသာတဲ့ ရလဒ်ကို ရနိုင်မှာပါ
ဒီလို Good Review တွေအများကြီးရထားတဲ့ Goli လေးဟာ ဝိတ်ထိန်းချင်တဲ့ နို့တိုက်မိခင်တွေပါ ...စိတ်ချလက်ချသောက်သုံးလို့ရတာမို့...
ကဲအခုပဲလက်မနှေးပဲဝယ်လိုက်ကြတော့နော်😉
Authentic (100%) 🇱🇷
Phone-09 887 112 452
page messenger မှာဆက်သွယ် မေးမြန်း မှာယူနိုင်ပါတယ်ရှင်။
24/12/2021
🎄❤ "Merry Christmas" 🎄❤
-ချစ်ခင်ရတဲ့မိသားစုနှင့်အတူပျော်ရွှင်စရာခရစ်စမတ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေလို့❄♥
-"Royal Princess USA Band Shop"မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်❄♥
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Yangon
11231
Opening Hours
| Monday | 09:00 - 19:00 |
| Tuesday | 09:00 - 19:00 |
| Wednesday | 09:00 - 19:00 |
| Thursday | 09:00 - 19:00 |
| Friday | 09:00 - 19:00 |
| Saturday | 09:00 - 19:00 |
| Sunday | 09:00 - 13:00 |
