CIEL Skincare Lounge
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CIEL Skincare Lounge, Health/Beauty, 231/235, Shwe Gone Daing Road , Bahan Township, Yangon.
13/05/2026
လူတော်တော်များများက Whitening Drip ဆိုတာ “အသားဖြူဖို့ပဲ” လို့ ထင်တတ်ကြပါတယ်။ Whitening drip ဟာအသားဖြူဖို့ တစ်ခုတည်းမဟုတ်ပဲ အသာရည်ညစ်နွမ်းပြီး Skin အကြည်ဓာတ် မရှိတော့တဲ့သူတွေ၊ နေလောင်ဒဏ်ကြောင့် Skin Tone မညီတဲ့သူတွေ အတွက် သင့်တော်တဲ့ Treatment တစ်ခုပါ။
💎 Whitening Drip ကဘာတွေကောင်းလဲ?
• Skin Tone ကို ကြည်လင်ဝင်းပစေပြီး Glow စေတယ်။
• တင်းတိပ်၊ အမဲစက်၊ နေလောင်ကွက်နှင့် ဝက်ခြံများကို သက်သာစေတယ်။
• Antioxidant effect ပါဝင်လို့ အသားအရေကို Fresh & Healthy Look ရစေတယ်။
• Collagen & Vitamins ပါဝင်တာကြောင့် Skin Elasticity ကို Support ပေးတယ်။
• ပင်ပန်းနွမ်းနယ်မှုကိုလည်း အနည်းငယ် သက်သာစေပြီး Body Fresh ဖြစ်စေတယ်။
💉 ဘာလို့ Whitening Drip သွင်းသင့်လဲ?
နေ့စဉ် UV ဒဏ်၊ အိပ်ရေးပျက်ခြင်း၊ Stress နဲ့ Pollution တွေကြောင့် Skin က မှိုင်းပြီးညိုညစ်ညစ် ဖြစ်သွားတတ်ပါတယ်။ Whitening Drip က Skin ကို အတွင်းကနေ Support ပေးပြီး ကြည်လင်ဝင်းပတဲ့ Healthy Glow Look ကို ရရှိစေဖို့ ကူညီပေးနိုင်ပါတယ်။
💡Consistency is Key
Whitening Drip သွင်းတော့မယ်ဆိုလျှင် မိမိ အသက်အရွယ်၊ ကြုံတွေ့နေရတဲ့ အသားရေပြဿနာပေါ်မူတည်ပြီး Treatment Plan ဆွဲရပါတယ်။ ၁ ကြိမ် ၁ ခါထိုးရုံနဲ့ ချက်ချင်း ဖြူမှာမဟုတ်သလို လိုအပ်တာထက် ပိုသွင်းမိလျှင်လဲ တန်ဆေးလွန်ဘေးပါ။ ဒါကြောင့် မိမိအတွက် တစ်ပတ် ဘယ်နှကြိမ်၊ တစ်လ ဘယ်နှကြိမ်နဲ့ ဘယ်လောက်ကြာကြာသွင်းမလဲ ? Dosage အတိုးအလျော့ကို ဒေါက်တာနဲ့ တိုင်ပင်ပြီး ရေရှည် Plan ရပါမယ်။
⚠️ Whitening Drip တွေက လူတိုင်းအတွက် Result တူတူမဖြစ်နိုင်ပါဘူး။ Licensed Clinic / Professional တွေကပဲ သွင်းသင့်ပြီး Pregnancy, Breastfeeding, ကျန်းမာရေးပြဿနာရှိသူတွေဆို ကျွမ်းကျင်ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှသာ သွင်းသင့်ကြောင်း သတိပေးပါရစေ။
📌CIEL Skincare Lounge
09447515511
No 231/ 235, ရွှေဂုံတိုင်လမ်းမကြီးပေါ်၊ အလယ်ရွှေဂုံတိုင်ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
12/02/2026
ချစ်ရတဲ့ Angel လေးတို့အတွက်
Valentine Day Promotion လေးရောက်ရှိလို့လာပါပြီရှင့်🦋💜
10% ကနေ 20% ထိချပေးထားတာမို့ သဲလေးတို့စိတ်ကြိုက် အခုပဲအမြန်ရွေးဝယ်လိုက်ကြတော့နော်🤟✨
✅ Promo Date Feb 12 - 17
ရနိုင်မည့် Brand လေးတွေကတော့
✅ Herbox
✅ Venus Skin Lux
✅ Ze Beauty
✅ Mirror
Promotion Price
Jelly Wash 170g - 16000ks
Jelly Wash 210g - 20000ks
Sunblock Lotion 30ml - 2800ks
Sunblock Lotion 70ml - 6800ks
Sunblock Lotion 100ml - 12000ks
Perfume 30ml - 2400ks
Perfume Lotion 70ml - 6400ks
Perfume Lotion 100ml - 11200ks
Promotion Price
Bath Bomb - 8800ks
Bath soak 250g - 8000ks
Promotion Price
Mirror Shampoo 300ml - 16650ks
Mirror serum 50ml - 13500ks
Promotion Price
Ze Beauty ( Wine Date ) - 32400ks
Ze Beauty ( Be My Valentine ) - 32400ks
Ze Beauty ( Me & My Bitch ) - 32400ks
Ze Beauty ( Love You Mommy ) - 32400ks
25/01/2026
Rejuran Soothing Mask Instock 💙
ချွေးပေါက်ကျယ်ခြင်း၊ အသားရေညစ်နွမ်းခြင်း၊ မျက်နှာအသားရေက အရေးအကြောင်းများပေါ်ခြင်း၊ ရေဓာတ်မပြည့်ဝပြီး အသားရေ ခြောက်သွေ့နေတာတွေ အတွက် ထိရောက်စွာ ဖြေရှင်းပေးနိုင်မဲ့ Rejuran Soothing Mask လေး ရှိတယ်နော် 😍😍
Rejuran ကုသမှုဟာဆိုရင် Korea နိုင်ငံရဲ့ Best seller Treatement ဖြစ်ပြီး official distributor ဆီမှ Quality စိတ်ချရတဲ့ product တွေကို တိုက်ရိုက်မှာယူပေးထားတာ ဖြစ်လို့ စိတ်ချ နိုင်ပါတယ်😍
26/12/2025
https://www.facebook.com/share/p/1K6gfbjWgD/
Dr.organic December promotionလေးကိုလကုန်ထိPromo ရက်လေးထပ်တိုးပေးထားပါတယ်နော်သဲလေးတို့ရေ မမှီလိုက်တဲ့သဲလေးတွေထပ်ပြီးဝယ်ယူလို့ရပါပြီနော်🥰🎄
14/12/2025
ဆောင်းရာသီမှာရေချိုးဖို့ပျင်းနေတဲ့သူတွေတောင်ရေချိုးချင်စိတ်ဖြစ်သွားစေမဲ့ Herbox Series လေးကို တစ်လလုံး 10% off Promotion လေးချပေးမယ်ဆို စိတ်ဝင်စားကြလား သဲလေးတို့ရေ😍🧖♀️
Herbox ရဲ့ Jelly Wash လေးရယ် Lotion လေးတွေရယ်ကို December လကုန်ထိ Promotionလေးပေးထားပါတယ်နော်❄️
Promotion ချပြီး Price လေးတွေပါရှင့်
Jelly Wash 170g - 18000ks
Jelly Wash 210g - 22500ks
Sunblock Lotion 30ml - 3150ks
Sunblock Lotion 70ml - 7650ks
Sunblock Lotion 100ml - 13500ks
Perfume 30ml - 2700ks
Perfume Lotion 70ml - 7200ks
Perfume Lotion 100ml - 12600ks
07/12/2025
သွားကျဉ်တာ သွားပိုးစားတာ သွားကိုက်တာ စတဲ့ ပြသနာတွေဖြေရှင်းဖို့ Sensodyne သွားတိုက်ဆေးလေး ရှိတယ်နော် .
ခံတွင်းနံ့လဲကောင်းစေပြီး သွားပိုးစားခြင်း သွားပျက်ဆီးခြင်းမှ ကာကွယ်ပေးတဲ့ Sensodyne လေးကို 20% promo လေး ချပေးလိုက်ပါပြီရှင့်
Sensodyne - 12800ks (20% off)
07/12/2025
ဒီရာသီ ဥတုလေးမှာ အသုံးဝင်တဲ့ Uk brand လေးတခု ကို promotion လေး ချမယ်ဆို စိတ်ဝင်စား ကြမလား နော် 🥰🥰🥰
အရေပြားအတွက် စိတ်ချရပြီး ဆောင်းတွင်းအသားခြောက်တာ အသားပတ်တာ အတွက် သက်သာစေတယ်
ခေါင်းအစခြေအဆုံး organic တွေနဲ့ ထုတ်လုပ်ထားတဲ့ products လေး 🍀🍀
Dr organic က products လေးတွေကို #20% Promoလေး နဲ့ ရမှာမို့ အတန်ဆုံးပဲနော်
20% ချပြီးသား price လေးတွေပါနော်
Body butter - 28800 ks
Vitamin e shampoo - 19200ks
Vitamin e conditioner - 17600ks
Moroccan oil shampoo - 19200ks
Moroccan oil conditioner - 17600ks
Lips balm - 10000ks
Pro collagen moisturizer - 32000ks
07/12/2025
December လရဲ့ Buy 1 Get 1 တန် တန် တန် Promotion လေးလာပါပြီနော်❄️❄️
❄️ဆောင်းတွင်းကတဖြေးဖြေးဝင်လာပြီဆိုတော့ ❄️
ဗောက်တွေထလို့စိတ်ညစ်နေကြပြီလား...😞
ဦးရေတွေအဆီပြန်ပြီး ဆံသားအဖျားနှစ်ခွတွေဖြစ် ခြောက်သွေ့လို့ စိတ်ပျက်နေပြီလား...😔
🤩 မြန်မာပြည်မှာ ပထမဦးဆုံး ဦးဦးဖျားဖျား ထုတ်လုပ်ထားတဲ့ Aromatherapy Treatment Products လေးတွေဖြစ်တဲ့ Much&More ရဲ့hair care လေးတွေက ⤵️⤵️⤵️
🪻လာဗင်ဒါပန်းမှရတဲ့ Lavender Essential Oil ပါဝင်လို့ (ဆံသားအတွက်အကျိုးပြုပုံ) ⤵️
✅ဆံပင်အုံထူလာစေခြင်း
✅ဗောက်များကိုပျောက်ကင်းစေခြင်း
✅ဆံပင်ကျွတ်ခြင်းကိုလျော့ချပေးခြင်း
✅ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းကိုတားဆီးပေးခြင်း..ဆိုတဲ့အာနိသင်တွေပါဝင်ပါတယ်။
💬(ရနံ့ကုထုံးစွမ်းဆောင်ပုံ)💬
🧘စိတ်ဖိဆီးမှုကိုလျော့ချပေးပြီး ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်သည်။
----------
🍋🫚 Orange and Ginger Treatment Shampoo(500ml)
Sweet Orange Essential Oil ပါဝင်လို့ ⤵️
✅ဆံသားကိုအစိုဓါတ်ထိန်းပေးခြင်း
✅ဆံသားကြမ်းတမ်းမွဲခြောက်ခြင်းနှင့်
ကြွပ်ဆတ်ခြင်းမှကာကွယ်ပေးနိုင်သည်။
✅ဆံပင်အကျွတ်သက်သာစေပြီးအုံထူလာစေသည်။
Ginger Essential Oil ပါဝင်လို့ ⤵️
✅ဦးရေပြားသွေးလည်ပတ်မှုအားကောင်းစေတယ်
✅ဗီတာမင်၊ ဖက်တီးအက်ဆစ်နှင့် သတ္တုဓါတ်တို့ ကြွယ်ဝစွာပါရှိသောကြောင့် ဆံသားကိုအရင်းမှအဖျားထိသန်စွမ်းကျန်းမာစေတယ်
✅အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကိုလည်းတားဆီးပေးနိုင်တယ်
💬Orange & Ginger (ရနံ့ကုထုံးစွမ်းဆောင်ပုံ)💬
စိုးရိမ်ပူပန်မှု၊ ဝမ်းနည်းမှု၊ ပင်ပန်းနွယ်းနယ်မှုတို့ကို ဖျေဖျောက်ပေးပြီး နေ့စဥ်လူနေမှုဘဝမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိနှင့် တတ်ကြွလန်းဆန်းစွာ ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။
---------
🪻 Lavendar Hair Lotion 120ml
🤗 Styling လုပ်တဲ့နေရာမှာ Hair Dryer သို့မဟုတ် ဖြောင့်စက်၊ ကောက်စက်တွေရဲ့ အပူဒါဏ်ကို Layer တစ်ခုအနေနဲ့ကာပေးထားပြီး ဆံပင်ကိုသာမာန်ထက် ပုံကျလှပစေတယ်
🤗 Lavender Essential Oil ပါဝင်လို့ အပူဒဏ်ကြောင့် ဖြစ်ပေါ်လာမဲ့ ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းနှင့် ဆံပင်ပျက်ဆီးခြင်းတို့မှ အပြည့်အဝကာကွယ်ပေးထားနိုင်တဲ့ မြန်မာ့ပထမဦဆုံး Thermal Detect Hair Lotion လေးပဲဖြစ်ပါတယ်
🤗 ပုံမှန်ခေါင်းလျှော်ပြီး ဆံပင်မစိုမခြောက်အချိန်တွင်လိမ်းပြီး ပုံသွင်းရင် ⤵️
✅ဆံသားကို Shinning ဖြစ်ကာပျော့ပျောင်းစေတယ်
✅ ဆံသားပျက်ဆီးခြင်းမှကာကွယ်ပေးပြီး ပုံကျလှပစေပါတယ်
Promotion - Buy 1 Get 1
Lavendar Shampoo 500ml - 20000ks
Orange&Ginger Shampoo 500ml - 20000ks
Lavendar Hair Lotion - 20000ks
07/12/2025
💎 Manager Position > Female ( 1 Post )
✅ Beauty Industry တွင် Manager position ဖြင့်လုပ်သက်အနည်းဆုံး ( ၃ ) နှစ်အထက်ရှိရမည်။
✅ PR & HR skills ကောင်းကောင်းဖြင့် Team ကို ဦးဆောင်ပြီး Manage လုပ်နိုင်ရမည်။
✅ရုံးနှင့် ပတ်သက်သော အစည်းအဝေးများ၊ အပြင်သို့ Outside marketing သွားနိုင်ရပါမည်။
✅ရေရှည်လက်တွဲဖို့ မျှော်မှန်းထားသည့်အတွက် အနည်းဆုံး စာချုပ် (၂) နှစ်သက်တမ်းချုပ်ရပါမည်။
✅တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားပြီး English (Basic - Intermediate )၊ Computer Excel အသုံးပြုတတ်ရမည်။
✅အလှအပနှင့် ပတ်သတ်၍ စူးစမ်းလေ့လာတတ်သူ၊ အသင်းအဖွဲ့အား ပူးပေါင်း ဦးဆောင်နိုင်သူ ၊ သင်ယူမှုအားကောင်းသူ အလိုရှိပါသည်။ အသက် (၂၈-၃၈ နှစ်အတွင်း) ဖြစ်ရမည်။
————————————
💁🏼♀️Beauty Therapist > Female ( 3 posts )
🏆Basic salary + Bonus
✅အသက် ၁၈ မှ ၃၅ အတွင်း
✅အထက်တန်းအောင်၊ အဝေးသင် တက္ကသိုလ်ဘွဲ့ရ
✅ဆေးပညာအခြေခံနားလည်သူ/ Nurse Aid သင်တန်းပြီးသူ
✅ရုပ်ရည်ပြေပြစ်ပြီး တစ်ကိုယ်ရည်သန့်ရှင်းသပ်ရပ်သူ
✅အလှအပရေးရာနှင့် Customer Service ပိုင်း အထူး စိတ်ဝင်စားသူ
✅Aesthetic Clinic များတွင် လုပ်ကိုင်ဖူးသူ/ အတွေ့အကြုံရှိသူ ဦးစားပေးမည်။ အတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်သည်။
အတွေ့အကြုံနှင့် အရည်အချင်းပေါ်မူတည်၍ လစာညှိနှိုင်းပေးပါမည်
✨အလုပ်လျှောက်ထားလိုသူများ
- CV form အပြည့်အစုံ
- မှတ်ပုံတင်
-သန်းခေါင်စာရင်း
-မျှော်မှန်းလစာတို့ကို
Viber 09447515511 သို့ပေးပို့ လျှောက်ထားနိုင်ပါတယ်။
Work Place :
No 231/ 235, 2 ( A ) Shwe Gone Daing Road, Bahan Township, Yangon.
Working Hours : 9am - 6 pm
( Regular Off days & Public Holiday off days များရှိပါသည်။)
အစမ်းခန့်ကာလ (၃) လနှင့် Salary Adjustment ရှိပါသည်။ Performance & Workload ပေါ်မူတည်၍ Bonus ရှိပါသည်။
အသေးစိတ်အား 09447515511 ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။
30/09/2025
Spa လုပ်တိုင်းသုံးပေးတဲ့ မီးလင်း Mask အကြောင်း
CIEL မှာ Facial Spa လာလုပ်ဖူးသူတွေဆိုရင် ဒီ LED Light-Therapy Mask လေးနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ သူက ဘာတွေလုပ်ပေးလဲ ဆိုတာရော သိပြီးကြပြီလား? 🤔
သူ့ရဲ့အလုပ်က အသားအရေကိုအလင်းစွမ်းအင်ပေးတာပါ။ အဲ့ဒီ Light Energy ကိုမှအရေပြားဆဲလ်ထဲက Mitochondria တွေကနေ စုပ်ယူလိုက်တဲ့အခါ ဆဲလ်အသစ်တွေ ပြန်ဖြစ်ဖို့ တွန်းအားပေးပြီးသားဖြစ်သွားတာပေါ့! 💪 အဲ့ဒီအခါမှာ Angel လေးတို့လုပ်ထားတဲ့ Facial Treatment ရဲ့ အကျိုးကို Boost လုပ်ပေးလိုက်သလိုဖြစ်လို့ Results တွေပိုသိသာစေပါတယ်။ ဒါကြောင့်လည်း သူ့ကို Facial Spa ရဲ့ Last Step မှာ နောက်ဆုံးပိတ်အိတ်နဲ့လွယ် တဲ့အနေနဲ့ထည့်သုံးပေးဖြစ်တာပေါ့
🌈 သင့်အသားအရေအတွက်က ဘယ်အရောင်လဲ?
ဘယ်သူလာလာ ဒီတစ်ရောင်တည်း ပေးသုံးတာမျိုး မဟုတ်ပါဘူးနော်။
🔴 Red Light
အသားအရေ ပြန်တင်းရင်းဖို့နဲ့ အိုမင်းတာကို တားဆီးဖို့။
🔵 Blue Light
ဝက်ခြံတွေ မဖြစ်အောင် ကာကွယ်ဖို့နဲ့ ရောင်ရမ်းတာ လျှော့ချဖို့။
🟡 Yellow Light
အသားအရေ ကြည်လင်ဝင်းပပြီး စိုပြေလန်းဆန်းစေဖို့။
🟢Green Light
အမဲစက်၊ အသားရောင် မညီတာတွေ သက်သာစေဖို့။
🟣 Near Infrared
ပျက်စီးနေတဲ့ အသားအရေတွေကို Deep Healing ပြန်လုပ်ပေးဖို့ ဆိုပြီးကိုယ့်ရဲ့ Skin Concern အပေါ်မူတည်ပြီး လိုအပ်တဲ့ အရောင်ကို ရွေးချယ်ပေးပါတယ်။
အနာနဲ့ဆေးနဲ့တစ်ထပ်တည်းကျသလို အသားအရေနဲ့ Treatment တစ်ထပ်တည်းကျစေဖို့ CIEL Skincare Lounge ကိုအခုပဲလာခဲ့လိုက်တော့နော်! ❤️
🏡 Address: အမှတ် ၂၃-/၂၃၅၊ ရွှေဂုံတိုင်လမ်းကြီးပေါ်၊ အလယ်ရွှေဂုံတိုင်ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
📞 Phone: 09425979798
⏱️ Opening Hours: 9 am to 5 pm (တနင်္လာနေ့တိုင်း ဆိုင်ပိတ်ပါတယ်)
14/09/2025
💫After care tips 101💫
Facial Treatment / Spa တွေလုပ်ပြီးပြီဆိုရင် အသားအရေက ပိုလည်းကောင်းလာသလို ပိုလည်းနူးညံ့သွားတတ်တယ်ဆိုတာသိပြီးသားဖြစ်ကြမှာပါ 🪞💖
အဲ့လိုအချိန်မျိုးမှာ ကိုယ်ငွေကုန်ကြေးကျခံပြီး Treatment ယူထားရတဲ့ အသားအရေလှလှလေးကို ပိုပြီးကြာကြာထိန်းသိမ်းချင်တယ်ဆိုရင်တော့ ဒီ After Care Steps လေးတွေကိုလိုက်နာဖို့လိုပါလိမ့်မယ်နော်။
1. ကျန်းမာအောင်နေထိုင်ပါ။ 🥗
✅ ခန္ဓာကိုယ်ထဲထည့်တဲ့ အစားအစာတွေထဲမှာအသားအရေကို ကျန်းမာစေဖို့ Vitamin C, Omega-3 နဲ့ Collagen တို့လို အာဟာရဓာတ်တွေပါဝင်တဲ့ အစားအစာတွေကို များများထည့်စားပေးပါ
✅ အိပ်ရေးဝဝအိပ်ပြီး အနားယူခြင်းကလည်း အသားအရေကို ပြန်လည်ကောင်းမွန်စေဖို့ အရေးကြီးပါတယ်။
2. နေရောင်ကာကွယ်ပါ။ ☀️
Spa လုပ်ပြီးတဲ့အခါ သင့်အသားအရေက နေရောင်ခြည်ဒဏ်ကို ပိုပြီး ထိခိုက်လွယ်ပါတယ်။ အဲ့ဒီအတွက် အပြင်သွားသည်ဖြစ်စေ၊ အိမ်မှာနေသည်ဖြစ်စေ Sunscreen ကို မဖြစ်မနေလိမ်းပေးသင့်ပါတယ်။ ဒါမှသာ အသားအရေပျက်စီးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါလိမ့်မယ်။
3. ရေဓာတ်ဖြည့်တင်းပါ။ 💧
Facial Treatment တွေလုပ်ပြီးတဲ့နောက် အသားအရေမှာ ဖြစ်ပေါ်လာတဲ့ Cells အသစ်တွေကို ရေဓာတ်ပြည့်ဝအောင်ထားပေးဖို့ အင်မတန်အရေးပါလှပါတယ်။ ဒါကြောင့် ရေများများသောက်ပေးပါ။ Hyaluronic Acid ပါတဲ့ Hydration Skincare မျိုးတွေကို ပိုသုံးပေးခြင်းအားဖြင့်လည်း အသားအရေကို အတွင်းရောအပြင်မှာပါ စိုပြေလှပစေမှာပါ။
4. မလိုအပ်ရင် မိတ်ကပ်မလိမ်းပါနဲ့။ 🚫
Treatment လုပ်ပြီးတဲ့အချိန်မှာ အသားအရေကို အနားပေးတာ အကောင်းဆုံးပါပဲ။ မလိုအပ်ဘဲ မိတ်ကပ်ထူထူလိမ်းတာကို ရှောင်ပြီး အသားအရေကို လေဝင်လေထွက်ကောင်းအောင် ထားပေးပါ။ ဒီလိုလုပ်ခြင်းက အသားအရေကို ပိုမိုကောင်းမွန်စေပါတယ်။
ကဲ... ဒီလိုရိုးရှင်းလွယ်ကူတဲ့အချက်လေးတွေကို လိုက်နာပြီး Treatment/Spa ရဲ့ ရလဒ်ကောင်းတွေကို အချိန်ကြာကြာထိန်းသိမ်းကာ ကျန်းမာလှပတဲ့အသားအရေကို ပိုင်ဆိုင်လိုက်ရအောင်နော်။
🏡 Address: အမှတ် ၂၃-/၂၃၅၊ ရွှေဂုံတိုင်လမ်းကြီးပေါ်၊ အလယ်ရွှေဂုံတိုင်ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
📞 Phone: 09425979798
⏱️ Opening Hours: 9 am to 5 pm (ဗုဒ္ဓဟူးနေ့တိုင်း ဆိုင်ပိတ်ပါတယ်)
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
231/235, Shwe Gone Daing Road , Bahan Township
Yangon
11012
Opening Hours
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |
