Shwe Nadi Hair & Beauty Salon

Shwe Nadi Hair & Beauty Salon

Share

အမျိုးသား/ အမျိုးသမီး ဆံပင်နှင့် အလှအပပြုပြင်ရေး

Photos from Shwe Nadi Hair & Beauty Salon's post 19/08/2024

🤎 ဆံသားတွေ ချောမွေ့တောက်ပြောင်စေမယ့် အိမ်တွင်းကုထုံး 🤎

ကဲ မင်မင်က ချစ်လေးတို့အတွက် လွယ်ကူသက်သာ အိမ်တွင်းကုထုံးလေး ထပ်ပေးချင်လို့ 😉

လိုအပ်တဲ့ပစ္စည်းတွေကလည်း ရိုးရှင်းတယ်
1️⃣ ပျားရည် စားပွဲတင်ဇွန်း (၄) ဇွန်း
2️⃣ သံလွင်ဆီ စားပွဲတင်ဇွန်း (၁) ဇွန်း

ပြုလုပ်ရမယ့်နည်းလမ်းလေးက
🤎 ပန်းကန်လုံးထဲကို ပါဝင်ပစ္စည်းတွေထည့်ပြီး သမအောင်ရောမွှေပါ
🤎 ခေါင်းမလျှော်ခင် မိနစ် (၃၀) လောက်အလိုမှာ ဆံသားအနှံ့သုတ်လိမ်းပြီး နှပ်ထားပါ
🤎 အချိန်ပြည့်ရင် ခေါင်းလျှော်ရည်နဲ့ သေချာပြောင်အောင်လျှော်ပေးပါ
🤎 တစ်ပတ်ကို (၂) ကြိမ် ပုံမှန်လေးလုပ်ပေးသွားရင် ချစ်တို့ရဲ့ဆံသားတွေ ချောမွေ့တောက်ပြောင်လာမှာ အသေချာပဲနော်

မင်မင်ပေးတဲ့ အိမ်တွင်းနည်းလမ်းလေးတွေ အသုံးဝင်တယ်ဆိုရင် Comment မှာ YES လို့ ဖြေပေးခဲ့ပါဦး

Photos from Shwe Nadi Hair & Beauty Salon's post 14/08/2024

မင်မင်တို့ဆီမှာ လျှော်/ ညှပ် ပုံသွင်းလေးလုပ်သွားတဲ့ ညီမလေးပါ 😍

မင်မင်တို့က စေတနာအပြည့်နဲ့ ပေါင်းဆေး Free လေး ထည့်လျှော်ပေးပါလိုက်ပါတယ် 💁

လျှော်ညှပ်ကိုမှ 10,000 ထဲပါနော် ချစ်တို့ရေ

🏩 ဆိုင်လိပ်စာလေးကတော့ အမှတ် (၅၄-အေ)၊ ဇေယျသုခလမ်း၊ (က) ရပ်ကွက်၊ စုပေါင်းမှတ်တိုင်၊ သင်္ကန်းကျွန်း

📲 ဖုန်းနံပတ်လေးက 09779482285 ပါရှင့်

Photos from Shwe Nadi Hair & Beauty Salon's post 06/08/2024

💚 ချောမွေ့တဲ့ဆံသားလေးတွေ ပိုင်ဆိုင်ချင်သူချစ်တို့အတွက် အလွယ်ကူဆုံး အိမ်တွင်းကုထုံး 💚

ချစ်တို့ရေ

မင်မင်တို့မိန်းကလေးတွေဟာ Skincare ကိုတော့ ပုံမှန်လုပ်ဖြစ်နေပေမယ့် ဆံသားလေးတွေကို ဂရုစိုက်ဖို့တော့ မေ့နေတတ်ကြပါတယ်... ချစ်တို့ရဲ့ နေ့စဉ်နေထိုင်မှုပုံစံနဲ့ အစားအသောက်တွေကြောင့် ဆံသားလေးတွေဟာလည်း မကျန်းမမာဖြစ်လာတတ်ပါတယ်

ဆံသားလေးတွေ ပျက်စီးလာမယ်၊ ကြမ်းတမ်းလာတယ်ဆိုရင် Hair Care Product လေးတွေသုံးပေးတာမျိုး၊ Hair Salon တွေသွားပြီး Treatment ယူတာမျိုးတွေ လုပ်ရတတ်ပါတယ်

ဒီလိုမဟုတ်ပဲ အချိန်ကုန်၊ ငွေကုန်သက်သာချင်တယ်ဆိုရင် မင်မင်က အလွယ်ကူဆုံး အိမ်တွင်းကုထုံးလေးတစ်ခု ပြောပြချင်ပါတယ်

မင်မင်ပြောပြမှာကတော့ 💚 ရှားစောင်းလက်ပတ်ဂျယ်စပရေး 💚 လုပ်နည်းလေးပဲ ဖြစ်ပါတယ်... လိုအပ်တာတွေကတော့
1️⃣ ရှားစောင်းလက်ပတ်
2️⃣ ရေသန့်

လုပ်နည်းလေးကတော့
💚 ရှားစောင်းလက်ပတ်ဂျယ်လေးတွေကို ဇွန်းလေးနဲ့ခြစ်ယူပါ
💚 ကြိတ်စက်ထဲမှာ ရေသန့်လေးနည်းနည်းရောထည့်ပြီး သေချာကြိတ်ပါ
💚 စပရေးဗူးလေးထဲကို ပြောင်းထည့်ပြီး သေချာလေးလှုပ်ခါပြီးမှ ဆံပင်ကိုဖြန်းပေးပါ
💚 တစ်ပတ်မှာ (၃) ကြိမ်၊ (၄) ကြိမ်လောက် ဆံသားကိုဖြန်းပေးရင် ဆံသားတွေချောမွေ့စေပါတယ်

ကဲ မင်မင်ကတော့ ဒီနေ့မှာ အိမ်တွင်းကုထုံးလေးတစ်ခုကို Sharing လေးလုပ်ပေးလိုက်ပြီနော်

နောက်ထပ်ဒီလို ဆံပင်နဲ့ပတ်သတ်တဲ့ Sharing လေးတွေ အမြဲဖတ်ချင်ရင်တော့ မင်မင်တို့ Page လေးကို Follow & See First လေး လုပ်ပေးထားကြပါနော်

01/08/2024

ဆံပင်ဖယောင်းဖြောင့် Giveaway ရသွားတဲ့ ညီမလေးနှစ်ယောက်ပါ 💗

Congratulations ပါနော် 🎉🎉🎉

Aye Su Mon
Htut Htut Lay

ဖုန်းတစ်ရက်ကြိုဆက်ပြီး ဘိုကင်လေးယူပေးပါနော် သဲလေးတို့ 😍

မင်မင်တို့ ဆိုင်လိပ်စာကတော့

🏩 အမှတ် (၅၄-အေ)၊ ဇေယျသုခလမ်း၊ (က) ရပ်ကွက်၊ သင်္ကန်းကျွန်း
📱 09779482285

Photos from Shwe Nadi Hair & Beauty Salon's post 31/07/2024

ဆံပင်ဖယောင်းဖြောင့် 30,000 ကျပ်နဲ့အတူ ဆက်ရှိနေဦးမယ့် မိုးရာသီပရိုမိုးရှင်း ☔☔☔

July တစ်လလုံးချပေးခဲ့တဲ့ Promotion လေးလိုပဲ သြဂုတ်လမှာလည်း ထပ်တိုး Promotion တွေ ချပေးထားပါတယ်ရှင့် 😱

လျှော်၊ ပေါင်း၊ လေဆာ 3 in 1 Package
=============================
မူရင်းဈေး - 26,000
လျှော့ဈေး - 15,000

ဆံပင်ဖယောင်းဖြောင့်
================
မူရင်းဈေး - 45,000
လျှော့ဈေး - 30,000

ဆံပင်လေဆာဖြောင့်
===============
မူရင်းဈေး - 50,000
30% off - 35,000

ဆံပင် Rebound
============
မူရင်းဈေး - 80,000
30% off - 56,000

ဆံပင်အအေးကောက်
===============
မူရင်းဈေး - 70,000
30% off - 49,000

ဆံပင် Digital ကောက်
===============
မူရင်းဈေး - 100,000
30% off - 70,000

📲ယခုကာလ လျှပ်စစ်မီးအခြေအနေကြောင့် ဖုန်းကြိုဆက်ပြီး Booking တင်ပေးပါနော် သဲတို့ရေ 😍

🏩 ဆိုင်လိပ်စာလေးကတော့ အမှတ် (၅၄-အေ)၊ ဇေယျသုခလမ်း၊ (က) ရပ်ကွက်၊ သင်္ကန်းကျွန်းမြို့နယ်

📱 Booking တင်မယ်ဆို ဆက်သွယ်ရန်ဖုန်းနံပတ်လေးက 09779482285 ကို ဆက်သွယ်လို့ရပါတယ်ရှင့်...

30/07/2024

မင်မင့် Page လေးမှာ အမြဲ Active ဖြစ်နေတဲ့သူလေးတွေပါ နောက်ဆို Top Fan လေးတွေအတွက် လစဉ် Promotion လုပ်ပေးသွားမှာပါ 🍀🍀🍀
May Thet Htar Cho , Shwe Yati, Win War War Htay, Hay Man Nway Oo, Phyu Thazin Oo, Kabyar Moe Myint, Wai Lar Ri, Yoon Thiri Cho, Nyo Mi Mi Khin, Khine Zarchi Moe

26/07/2024

3️⃣ in 1️⃣ လေဆာ Treatment လေးကိုမှ 15,000 ပဲဗျို့ 📣

ဒီ Package လေးတွေက ဘယ်သူတွေအတွက်လဲ❓
👉 ဆံသားခြောက်သွေ့သူတွေ
👉 ဆံသားအဆီဓာတ်ခမ်းနေသူတွေ
👉 ဆေးဆိုးထားတဲ့ ပျက်စီးဆံသားရှိသူတွေ

3 in 1 Package ဆိုတော့ ဘာတွေပါမှာလဲ❓
1️⃣ ခေါင်းနှိပ်လျှော်မယ်
2️⃣ ပေါင်းဆေးနဲ့ဆံပင်ကိုနှပ်ထားမယ်
3️⃣ လေဆာပစ်ပေးမယ်

ဒီ Package လေးက ဘယ်နေ့ထိပေးမှာလဲ❓
🗓 အားလုံးအတွက်အဆင်ပြေအောင် သြဂုတ်လကုန်ထိပေးသွားမှာပါ။

လျှပ်စစ်မီးအခြေအနေကြောင့် အဆင်မပြေတာမျိုးမဖြစ်ဖို့ ကြိုတင် ဘိုကင်ယူရန် 09779482285 ကို ဆက်သွယ်ပါရှင် 💕

⏰ဆိုင်ဖွင့်ချိန်ကတော့ မနက် (၉) နာရီကနေ ည (၇) နာရီ

🏩 ဆိုင်လိပ်စာလေးကတော့ အမှတ် (၅၄-အေ)၊ ဇေယျသုခလမ်း၊ (က) ရပ်ကွက်၊ သင်္ကန်းကျွန်းမြို့နယ်။

18/07/2024

Free ရမယ့် အခွင့်အရေး 📣

မင်မင်တို့ Shwe Nadi Hair & Beauty Salon မှာ ဆံပင်ဆေးဆိုးခံမယ့် ယောက်ျားလေးမော်ဒယ် (၃) ဦး အလိုရှိပါတယ်။

✅ ဆံပင်အရောင်ဆိုးဖို့အတွက် (၂) ဦး
✅ ဆံပင်ဟိုက်လိုက်ဖောက်ဖို့အတွက် (၂) ဦးပါ

ဒီအခမဲ့အစီစဉ်လေးမှာ ပါဝင်မယ့်သူတွေက
1️⃣ ခုလာမယ့် July (19/20/21) မှာ ဆိုင်ကိုလာနိုင်သူဖြစ်ရမယ်
2️⃣ Before/ After ပုံရိုက်ပြီး Page မှာပြန်တင်တာကို လက်ခံနိုင်ရမယ်
3️⃣ Page မှာ Review လေးတစ်ခု ဝင်ရေးပေးရပါမယ်

ဒီ (၃) ချက်ကို လက်ခံနိုင်တယ်ဆိုရင် ခုထဲကဖုန်းဆက်ပြီး စာရင်းပေးနိုင်ပါတယ်နော် 💁

📲 09779482285
🏩 အမှတ် (၅၄-အေ)၊ ဇေယျသုခလမ်း၊ (က) ရပ်ကွက်၊ သင်္ကန်းကျွန်း

Photos from Shwe Nadi Hair & Beauty Salon's post 18/07/2024

ချွတ်ဆေးထိဆံသားတွေကို ဘယ်လိုပြန်ဂရုစိုက်မလဲ❓

ခုခေတ်မှာ လူငယ်တော်တော်များများ ဆံပင်ကို Crazy Color အမျိုးမျိုးဆိုးကြပါတယ်... Crazy Color ဆိုးမယ်ဆိုတာနဲ့ ဆံပင်ကိုချွတ်ဆေးကတော့ သုံးရပါပြီ...

ချွတ်ဆေးထိထားတဲ့ဆံပင်တွေက သေချာဂရုမစိုက်ရင် ခြောက်သွေ့ပျက်စီးလာနိုင်ပါတယ်... ဒါကြောင့် ကိုယ့်ဆံပင်ကို ချွတ်ဆေးထိထားပြီဆိုတာနဲ့ ပုံမှန်လေးဂရုစိုက်ဖို့တော့ လိုလာပါပြီ...

မင်မင်က ချွတ်ဆေးထိဆံသားတွေကို အိမ်မှာဂရုစိုက်ဖို့ ဆီ (၄) မျိုးအကြောင်း ပြောပြပေးချင်ပါတယ်။

✨ မင်မင်တို့ Shwe Nadi မှာ ချွတ်ဆေးထိထားတဲ့ ဆံသားတွေအတွက် 3 in 1 package လေးရှိပါတယ်။

1. ခေါင်းလျှော်
2. လေဆာ treatment
3. ခန္ဓာကိုယ်အပေါ်ပိုင်းနှိပ်

ပုံမှန်ဈေး 👉 20,000
မိုးရာသီပရိုမိုးရှင်း 💥 15,000 Ks 💥

⏰ဆိုင်ဖွင့်ချိန်ကတော့ မနက် (၉) နာရီကနေ ည (၇) နာရီ

🏩 ဆိုင်လိပ်စာလေးကတော့ အမှတ် (၅၄-အေ)၊ ဇေယျသုခလမ်း၊ (က) ရပ်ကွက်၊ သင်္ကန်းကျွန်းမြို့နယ်။

📲 Booking တင်မယ်ဆို ဆက်သွယ်ရန်ဖုန်းနံပတ်လေးက 09779482285 ကို ဆက်သွယ်လို့ရပါတယ်ရှင့်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. (54-A), Zaya Thukha Street, Thingangyun
Yangon
11071

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00